← Chapters

သူ ဒီနေရာကို လာခဲ့တာက နောက်ထပ်အရေးကြီးတဲ့ ရည်ရွယ်ချက်ရှိနေလို့ပါ

Vol. 10 Ch. 145

သူ ဒီနေရာကို လာခဲ့တာက နောက်ထပ်အရေးကြီးတဲ့ ရည်ရွယ်ချက်ရှိနေလို့ပါ

Vol. 10 Ch. 145

လုယွဲ့က ဒေါသထွက်နေသော ဝမ်ယွိလင်ကို ကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။ ဝမ်ယွိလင်က ဒေါသထွက်နေပြီး သားကောင်ကို အချိန်မရွေး ခုန်အုပ် ကိုက်သတ်တော့မည့် ခြင်္သေ့ကြီးကဲ့သို့ မှုန်ကုပ်ကုပ်ဖြင့် သူ့ကို ပြန်စိုက်ကြည့်လိုက်သည်။ လုယွဲ့က သူ့မျက်လုံးများကို အောက်စိုက်ချလိုက်ပြီး ခေါင်းငုံ့ကာ အမိန့်ကို စောင့်နေလိုက်သည်။

“သူခိုးကောင်ချင်မျိုးရိုးကို စောင့်ကြပ်ဖို့ စေလွှတ်လိုက်တဲ့ သံချပ်ကာဝတ်တပ်သားတွေက ဧကရာဇ်ရဲ့လူတွေ လက်ထဲမှာ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်နိုင်တယ်။ သူက ဒီကစားပွဲမှာ အနိုင်ရသွားပေမယ့် ဒါက ယာယီပဲ။ အဲ့သူခိုးကောင် သေသွားပြီဆိုတာကို ငါ မယုံဘူး။ သူ့ကို ရှာနိုင်သရွေ့ ဧကရာဇ်ရဲ့ခြေလှမ်းတွေ နောက်ကျသွားမယ်ဆိုတာ ငါ မြင်နိုင်တယ်။ သူက သစ္စာဖောက်အတွက် ဘွဲ့တစ်ခုကိုတောင် လွန်လွန်ကဲကဲ ပေးချင်နေသေးတယ်။ အသက်အိုးအိမ်ကို ဆုံးရှုံးခဲ့ရတဲ့ တိုင်းသူပြည်သားတွေ သဘောတူမယ်တဲ့လား? သူတို့ သဘောမတူရင် တော်လှန်ကြလိမ့်မယ်။ အပြင်ဘက်မှာ လူရိုင်းတွေက ကျူးကျော်ဝင်ရောက်နေပြီး အတွင်းဘက်က ပုန်ကန်ကြလိမ့်မယ်။ ဟား... ဟား၊ ယုံချီ၊ မင်း အေးအေးဆေးဆေး အိပ်မပျော်နိုင်အောင် ငါ လုပ်ပေးမယ်။ အချိန်တန်ရင် မင်းက ခွေးလေခွေးလွင့်နဲ့ တူသွားလိမ့်မယ်"

ဝမ်ယွိလင်က သူ့ခေါင်းကို မော့လိုက်ရင်း ရယ်မောနေသော်လည်း သူ့၏မျက်လုံးများက အဆိပ်ပြင်းပြီး ရက်စက်ကြမ်းကြုတ်သော မြွေတစ်ကောင်ကဲ့သို့ ဆိုးဆိုးရွားရွား ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

"စစ်သူကြီး၊ ဧကရာဇ်ရဲ့အမိန့်တော်အရဆိုရင် ချင်ဖုန်း ကွယ်လွန်သွားပြီလို့ သတ်မှတ်လိုက်ပြီ။ သူ့ကို တွေ့ရင်တောင် ဧကရာဇ်က ချင်းဖုန်း အစစ်လို့ ဝန်ခံမှာ မဟုတ်ဘူး”

လုယွဲ့က ဝမ်ယွိလင်ကို သတိထပ်ပေးလိုက်သည်။ ဝမ်ယွိလင်က မောက်မာလွန်းသော အမူအရာဖြင့် "ငါတို့ ချင်ဖုန်းကို ရှာတွေ့တာနဲ့ ဧကရာဇ်ကို ဝန်ခံခိုင်းဖို့ နည်းလမ်းတွေ ငါ့မှာ ရှိတယ်"

“ကျွန်‌တော် နားလည်ပါပြီ”

လုယွဲ့က ခေါင်းညိတ်ကာ နားလည်ကြောင်း တုံ့ပြန်လိုက်ပြီး ဝမ်ယွိလင်ထံသို့ သတင်းအသစ်များ ထပ်မံအစီရင်ခံလိုက်သည်။

“သံရိုင်းသတ္တုတွင်းကို ရှာဖွေဖို့ သစ်သားအဖွဲ့ကို စေလွှတ်လိုက်ပေယ့် သူတို့အားလုံး ပျောက်နေကြတယ်။ ဒီလက်အောက်ငယ်သားက သူတို့ကို ရှာဖွေဖို့ လူတွေ ထပ်လွှတ်လိုက်ပေမယ့် အခုချိန်ထိ သူတို့ကို ရှာမတွေ့သေးပါဘူး၊ သူတို့ အသက်ရှင်နေသေးလား သေဆုံးသွားပြီလားဆိုတဲ့ သဲလွန်စကိုတောင် မရှာနိုင်ခဲ့ပါဘူး”

သံရိုင်းသတ္တုတွင်းကို ရှာဖွေရန် ဝမ်ယွိလင် စေလွှတ်ထားသော အဖွဲ့ငါးဖွဲ့က ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးဟူသော အမည်ငါးမျိုးကို အသုံးပြုကာ လှုပ်ရှားနေကြခြင်း ဖြစ်သည်။ ထိုအဖွဲ့များက သူတို့၏နေ့စဉ်တိုးတက်မှုကို အစီရင်ခံရန် စာပို့ခိုများ ပုံမှန် စေလွှတ်လေ့ရှိပြီး ယခုအခါတွင် သူတို့နှင့် အဆက်အသွယ်ပျက်နေသည်မှာ ရက်အနည်းငယ်ကြာနေပြီဖြစ်ကာ သူတို့ ပျောက်ဆုံးနေသည်ဟု ယူဆရသည်။ သူတို့နောက်ဆုံးပေးပို့ခဲ့သော သတင်းအရ သူတို့က ကျင့်ချန်မှ ကျူးရှန်းတောင်သို့ ဦးတည်သွားနေပြီး ထိုနောက်ပိုင်းတွင် သူတို့နှင့် အဆက်အသွယ်ပြတ်တောက်သွားခြင်း ဖြစ်သည်။

ဝမ်ယွိလင်က မျက်မှောင်ကြုတ်လိုက်ပြီး လုယွဲ့ကို ပြန်မေးလိုက်သည်။

"ငါတို့ သတ္တုတွင်း ရှာနေတာကို ဧကရာဇ်က သိနေပြီလို့ထင်လား?"

“သိသွားပြီလို့တော့ ခန့်မှန်းရပါတယ်၊ နန်းတော်ကနေ ပေးပို့လာတဲ့ သတင်းအချက်အလက်တွေအရ ဧကရာဇ်က အသေခံတပ်သားတစ်စုကို လျှို့ဝှက်လေ့ကျင့်ထားပုံရတယ်။ အဲဒါတွေက ဘာအတွက်လဲဆိုတာ စဥ်းစားရတော့မယ်”

ဧကရာဇ်က သံရိုင်းသတ္ထုတွင်းအကြောင်း သိသွားသည်ဟု လုယွဲ့က ခံစားနေရသည်။ ထို့ကြောင့်သာလျှင် သူက သူတို့ကို သတိပေးသည့်အနေဖြင့် သစ်သားအဖွဲ့ကို သုတ်သင်ခဲ့ခြင်း ဖြစ်သည်။

"အန်းမိသားစုဘက်မှာရော လှုပ်ရှားမှုတွေ ရှိသေးလား?"

ဝမ်ယွိလင်က သူ့၏မျက်ခုံးများကို တင်းတင်းကျပ်ကျပ် စုကျုံထားသော်လည်း သူ၏နက်ရှိုင်းသော အသံ ရှုပ်ယှက်ခတ်မနေတော့ဘဲ ပြန်တည်ငြိမ်သွားပြီ ဖြစ်သည်။ သူက ဘာမှ မဖြစ်ခဲ့သလို အေးစက်နေပြီး သူ့၏ မူလပုံရိပ်နှင့် ဘာမှ မကွဲပြားသောအသွင်အပြင်သို့ ပြန်ရောက်နေပြီ ဖြစ်ကာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းက အလွန် ပြင်းထန်လှသည်။

“အပေါ်ယံမှာ‌တော့ ငြိမ်သက်နေပြီး အရာအားလုံးက အေးချမ်းနေပုံပါပဲ၊ ဒါပေမယ့် သူလျှိုတွေ ဆီကနေ ပို့ပေးလာတဲ့သတင်းတွေအရတော့ သူတို့က သူတို့က တော်ဝင်သက်တော်စောင့်အဖွဲ့ကို လာဘ်ထိုးထားပြီး သူတို့နဲ့ ဆက်ဆံရေး တော်တော် ကောင်းနေပြီတယ်။ တော်ဝင်သက်တော်စောင့်အဖွဲ့ကို စေလွှတ်ထားတဲ့ သူလျှိုတွေ အားလုံးလည်း ဖယ်ရှားခံလိုက်ရတယ်။ ဒီတစ်ခေါက် စစ်သူကြီး မြို့တော်ကို ဝင်မယ်ဆိုရင် အန္တရာယ် များနိုင်တယ်”

လုယွဲ့က ဝမ်ယွိလင်ကို မြို့တော်သို့ မပြန်ရန် အကြံပေးလိုက်သည်။ ဧကရာဇ်နှင့် အဝေးတွင် ရှိနေချိန်၌ ဧကရာဇ်က စစ်သူကြီးကို လက်လှမ်းမီနိုင်မည် မဟုတ်ပေ။ စစ်သူကြီးက စစ်စခန်းသို့ ပြန်သွားနိုင်သရွေ့ ဧကရာဇ်က သတိကြီးကြီးထားပြီး ကမောက်ကမ ပြုမူဝံ့မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်မိသားစုကသာ သူတို့အတွက် အလုံခြုံဆုံးဖြစ်ပေလိမ့်မည်။

"ကောင်းပြီလေ၊ ဒါဆို ငါ မနက်ဖြန် စခန်းကို ပြန်သွားလိုက်မယ်။ မင်းက စတုတ္ထညီလေးရဲ့ရုပ်အလောင်းကို မြို့တော်ရောက်အောင် ပြန်သယ်သွားပေးပါ”

ဝမ်ယွိလင်က သူကိုယ်တိုင် လျှို့ဝှက်ကြံစည်တက်သူဖြစ်သောကြောင့် သူက လူတိုင်းကို သတိထားနေတက်ပြီး အထူးသဖြင့် ဧကရာဇ်ကို ပို၍ သတိထားနေတက်သည်။

“ကောင်းပါပြီ”

လုယွဲ့က လက်ခုပ်အုပ်ကာ အမိန့်ကို နာခံကြောင်း တုံ့ပြန်လိုက်သည်။

ဝမ်ယွိလင်က “ချင်ဖုန်းဘက်ကိုတော့ သူ့နာမည်ကို မသုံးတော့ဘဲ သူလျှိုတွေဆိုတဲ့ စွပ်စွဲချက်နဲ့ နားနေဆောင်မှာ တွေ့ခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးရဲ့ပုံတူတွေအတိုင်း စုံစမ်းဖို့ ရှာဖွေရေးအဖွဲ့ကို အမိန့်ပေးလိုက်”

“ကောင်းပါပြီ”

လုယွဲ့က အမိန့်ကို နာခံကြောင်း တုံ့ပြန်လိုက်ပြီး ပြန်ထွက်သွားခဲ့သည်။ နောက်ဆုံးတွင် ဝမ်ယွင်လင်ကလည်း မည်းမှောင်သောအကြည့်ဖြင့် ထရပ်ကာ အခန်းတွင်းမှ ပြန်ထွက်သွားသည်။ သူကို ကြည့်ရသည်မှာ နှောင်းနှေးမနေရဲ‌တော့ဘဲ အရှိန်မြှင့်ရန် ကြိုးစားတော့မည့်ပုံပေါ်သည်။

သံချပ်ကာဝတ်တပ်သားများက လမ်းမကြီးပေါ်တွင် ရှာဖွေနေဆဲဖြစ်ကာ သူတို့တပ်သားမျာကို တင်းတင်းကြပ်ကြပ် အစောင့်ချထားဆဲဖြစ်သည်။ ဘေးဒဏ်ခံရပြီး ထွက်ပြေးလာသူတိုင်းက အစစ်ဆေးခံရန် လိုအပ်ပြီး စုကျိုးနှင့် ကျင်းကျိုးသို့ သွားသည့်လမ်းတစ်လျှောက် စစ်ဆေးရေးစခန်းများ ဖွင့်လှစ်ထားခဲ့သည်။

ထောင်ဟွားဝူမှ ဒုက္ခသည်အဖွဲ့ကလည်း စုကျိုးသို့ သွားရာလမ်းတွင် ပိတ်ဆို့တားဆီးခံလိုက်ရပြီး အစစ်ဆေးခံနေကြရသည်။ အ‌ရှေ့တွင် သံချပ်ကာဝတ်တပ်သားများက လူရိုင်းများ၏သူလျှိုများကို ရှာဖွေဖမ်းဆီးရန် ဟူသော အကြောင်းပြချက်ဖြင့် ပုံတူများကို ကိုင်ကာ တစ်ယောက်ချင်းစီကို နှိုင်းယှဉ်စစ်ဆေးနေခဲ့သည်။

ချိုးယွဲ့က သေခြင်းမှ ပြန်လွတ်မြောက်လာပြီးကတည်းက နာနာခံခံ ရှိလာခဲ့သည်။ သူမ၏လည်ပင်းကို အညှစ်ခံခဲ့ရသောကြောင့် သူမက စကားမပြောနိုင်သေးဘဲ သူမ၏ဝိညာဉ်ကို ဆုံးရှုံးသွားသလိုမျိုး ငိုင်တွေနေခဲ့သည်။ သံချပ်ကာဝတ်တပ်သားများ ရှာဖွေစစ်ဆေးနေသည်ကိုပင် သူမ မမြင်နိုင်သလိုဖြစ်နေပြီး သူမ၏ဝမ်းနည်းမှုထဲတွင်သာ နှစ်မြှုပ်နေပုံရသည်။

တကယ်တော့ သူမက စုကျိုးရောက်တာနဲ့ အိမ်ထောင်ပြုဖို့ အတင်းအကျပ် ဖိအားပေးခံရမှာကို မလိုချင်ပါဘူး၊ သူမက အစ်ကိုရွှေရှန့် ပြန်ရောက်လာမယ့် အချိန်ကို စောင့်ဆိုင်းနေခဲ့တာပါ။ သူ ပြန်ရောက်တာနဲ့ သူမက သူ သူမကို လက်ထပ်ဖို့ အတင်းအကြပ် ဖိအားပေးနိုင်မယ့် နည်းလမ်းတချို့ကို သုံးဖို့ တွေးထားခဲ့တယ်။ ဒါပေမယ့်လည်း သူမ သစ်ပင်ပေါ်မှာ ကြိုးဆွဲချခံခဲ့ရတဲ့ ဆိုးရွားလှတဲ့ မြင်ကွင်းကို ပြန်တွေးမိလိုက်တာကြောင့် သူမနည်းနည်းတော့ လန့်သွားမိတယ်။ သူမရဲ့အစ်ကိုက တရားမျှတမှုအတွက်ဆိုပြီး သူမကို ထပ်သတ်ဦးမှာလား?

သူမက ထိုအရာကို လက်ခံရန် ဆန္ဒမရှိခဲ့ပေ။ ဓားပြများထံမှ ဖမ်းဆီးခံရနီးပါးဖြစ်ခဲ့ပြီးနောက် ချိုးယွဲ့က သူမဖခင်၏အဝတ်အစားများကို ပြုပြင်ထားသော ယောက်ျားဝတ်စုံကို ၀တ်ဆင်ထားခဲ့သည်။

ချိုးယွဲ့က အကျပ်ရိုက်နေပြီး စုကျိုးက သူမရှေ့တွင် ရှိနေပြီဖြစ်သောကြောင့် သူမ ထွက်မြောက်ရန် အကြိမ်ကြိမ် တွေးခဲ့မိသော်လည်း ဤအငတ်ဘေးတွင် နေရာတိုင်း၌ အန္တရာယ်များ ပြည့်နှက်နေခဲ့သည်။ ထောင်ဟွားဝူအဖွဲ့မှ ထွက်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် သူမက မည်သူမဆို တက်နင်းနိုင်သော သစ်ရွက်ကြွေတစ်ရွက်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ သူမ ယောက်ျားလေးဝတ်စုံကို ဝတ်ထားလျှင်ပင် လုံခြုံမည် မဟုတ်ပေ။

သံချပ်ကာဝတ်တပ်သားများက သူတို့အနီးသို့ ရောက်ရှိလာပြီး သူတို့၏ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းတွင် မိန်းကလေးများ၏အမည်များကို တွေ့သွားပြီး ယောကျာ်းလေးဝတ်စုံများ ၀တ်ဆင်ထားသော မိန်းကလေးများကို စစ်ဆေးရန် အတူတူ စုရပ်ခိုင်းထားခဲ့သည်။

သူတို့က မိန်းကလေးများကို တွန်းတိုးနေကြပြီး သူမတို့၏ဆံပင်များကို ချည်နှောင်ထားသည့် ကြိုးကွင်းများကိုပါ ဆွဲဖြုတ်ကာ မိန်းခလေးများ၏အသွင်အပြင်ကို ပေါ်လွင်စေပြီး ပုံတူထဲမှ မိန်းကလေးများနှင့် နှိုင်းယှဥ်ကြည့်နေကြသည်။

ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့က စူးချင်း၏ပုံတူကို ချက်ချင်း မှတ်မိသွားကြသည်။ ကျိရှောင်ယင်၏ ပထမဆုံး အတွေးက ချိုးယွဲ့အနားတွင် ရပ်နေရန် ဖြစ်သည်။ လီရွှမ်းအာက သူမနှင့် အတွေးတူနေပြီး သူမနောက်မှ လိုက်လာကာ ချိုးယွဲ့၏နံဘေးတွင် ရပ်လိုက်ပြီး သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

ချိုးယွဲ့ကလည်း စူးချင်း၏ပုံတူကို မြင်လိုက်သည်။

ခုန သူလျှိုရှာနေတယ်လို့ သူမ ကြားလိုက်တယ်၊ အဲ့တော့ စူးချင်းက သူလျှိုလား? သူမ ဒီလူတွေကို စူးချင်းအကြောင်း ပြောပြလိုက်ရင် သူတို့က စူးချင်းကို ခေါ်သွားကြမှာလား?

ထိုအတွေးကြောင့် ချိုးယွဲ့က တုန်လှုပ်သွားပြီး သူမ၏မျက်လုံးများက ထူးထူးခြားခြား တောက်ပလာခဲ့သည်။ ကျိရှောင်ယင်က သူမ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားပြီး အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

"နင် အစ်မစူးချင်းအကြောင်း ပြောလိုက်ရင် ငါတို့အားလုံးကို သူလျှိုတွေဆိုပြီး ဖမ်းသွားလိမ့်မယ်"

ချိုးယွဲ့က ကျိရှောင်ယင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏စကားကြောင့် ထိတ်လန့်သွားခဲ့သည်။

ဟုတ်တယ်... သူလျှိုတွေနဲ့ အတူရှိနေတဲ့သူတွေကလည်း သူလျှိုတွေပဲ။ ဒီသံချပ်ကာဝတ် စစ်သည်တွေက လူတွေကို ဘယ်လို သတ်ဖြတ်ခဲ့တယ်ဆိုတာကို သူမမျက်လုံးနဲ့ကိုယ်တိုင် မြင်ဖူးခဲ့တယ်။ သူမ ပြောလိုက်ရင် စူးချင်းသာမကဘဲ သူမကိုယ်တိုင်လည်း သေသွားရလိမ့်မယ်။ သူမက စူးချင်းကိုပဲ သေစေချင်တာလေ၊ သူမ ကိုယ်တိုင်တောင် အသေမခံနိုင်ဘူး။

ချိုးယွဲ့က တုံ့ဆိုင်းနေစဥ်မှာပင် သံချပ်ကာဝတ်တပ်သားများက ပုံတူနှင့် နှိုင်းယှဥ် စစ်ဆေးခြင်း ပြီးဆုံးသွားပြီး ပြန်ထွက်ခွာသွားကြသည်။ သူတို့ ထွက်သွားသည်ကို ကြည့်နေပြီးနောက် ကျိရှောင်ယင်နှင့် လီရွှမ်းအာက ချိုးယွဲ့ကို အနီးကပ် စိုက်ကြည့်ကာ စောင့်ကြည့်နေကြသည်။

"ရှောင်ယင်၊ မင်းအစ်ကိုလည်း အဲဒီပုံတူထဲမှာ ရှိနေတယ်လေ။ ငါ သူ့ကို ဘယ်လိုလုပ်ပြီး ဒုက္ခပေးရမှာလဲ?"

ချိုးယွဲ့က ကျိရှောင်ယင်ကို ကူကယ်ရာမဲ့ ရှင်းပြလိုက်သည်။ အရင်တုန်းက ဖိအားတွေကြောင့် သူမ နည်းနည်း ကြောက်နေတဲ့အပြင် အစ်ကိုရွှေရှန့်ရဲ့ပုံတူကိုလည်း ချိတ်ဆွဲထားသေးတယ်။ စူးချင်းတစ်ယောက်တည်းဆိုရင် သူမ မဆိုင်းမတွ သတင်းပို့ပြီးတာ ကြာလှပေါ့။

ကျိရှောင်ယင်က ချိုးယွဲ့၏စကားကို လုံးဝ မယုံကြည်တော့ပေ။

ဘာပဲဖြစ်ဖြစ် ငါ သူမကို အနီးကပ် စောင့်ကြည့်ရတော့မယ်။

ချိုးယုံခန်းက စူးချင်းနှင့်ကျိရွှေရှန့်တို့ကို အစိုးရက အလိုရှိနေသည်ကို မြင်သွားပြီး သူတို့ ဘာဖြစ်သွားသည်ကို တွေးနေမိသည်။ သူက စုကျိုးသို့ သွားသော လမ်းခရီး၏အရှိန်ကို မြှင့်တင်လိုက်ပြီး ထိုနေရာတွင် သူတို့ကို တွေ့ဆုံနိုင်ရန် မျှော်လင့်နေမိသည်။

စုကျိုးက ကျင်းချန်ထက် များစွာ ချမ်းသာပြီး ၎င်း၏မြို့ဧရိယာကလည်း ကျင့်ချန်ထက် သုံးဆလောက် ပိုကျယ်သည်။ ၎င်းက လွင်ပြင်တစ်ခုတွင် တည်ရှိပြီး တာ့ရှား၏စပါးကျီနှင့် ကုန်သွယ်မှုအချက်အချာလည်း ဖြစ်သည်။ မြောက်ဘက်နှင့် တောင်ဘက်မှ ကုန်သည်များအားလုံးက ကုန်သွယ်မှုအတွက် စုကျိုးသို့ လာရောက်ရသည်ကို နှစ်သက်ကြပြီး လီချန်နှင့်လည်း ဝေးကွာနေသောကြောင့် ပို၍ လုံခြုံသည်ဟု ဆိုနိုင်သည်။ ထို့အပြင် ရေလမ်းနှင့် ကုန်းလမ်း နှစ်ခုစလုံး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သောနေရာ ဖြစ်သောကြောင့် ရတနာမြေဖြစ်လာခဲ့သည်။

စူးကျိုးက ယခင်မြို့များကဲ့သို့ သဘာဝဘေးဒုက္ခသည်များကို အပြင်းအထန် ငြင်းဆန်ခြင်း မရှိသော်လည်း ဘေးဒုက္ခခံရသူအများအပြား တပြိုင်တည်း ဝင်ရောက်ခြင်းကိုတော့ ခွင့်မပြုခဲ့ပေ။ မြို့ထဲသို့ ဝင်နိုင်သူများက သူတို့၏ အိမ်ထောင်စုလက်မှတ်များ၊ ခရီးသွားလက်မှတ်များနှင့် ငွေကြေးပမာဏအတန်အသင့်ကို ပြသနိုင်သူများဖြစ်ရမည်ဟု သတ်မှတ်ထားခဲ့သည်။ ဤသည်မှာ ဆာလောင်မွတ်သိပ်သော ဘေးဒဏ်ခံရသူများက မြို့သူမြို့သားများကို လုယက်ပြီး မငြိမ်မသက်မှုများ ပြူလုပ်မည်ကို တားဆီးရန်ဖြစ်သည်။

ချင်ဖုန်း၊ ကျိရွှေရှန့်နှင့် စူးချင်းတို့၏ပုံတူများကို မြို့တံခါးတွင် ချိတ်ဆွဲထားသည်။ စုကျိုးသို့ ဝင်ရောက်လာသူများကလည်း ၎င်းတို့၏ပုံတူများနှင့် နှိုင်းယှဉ်ခံရမည်ဖြစ်သည်။

ချိုးယုံခန်းက သူတို့အားလုံး မြို့ထဲသို့ ဝင်သွားလျှင် သူတို့က လူများလွန်းသောကြောင့် စောင့်ကြည့်ခံရမည့် ပစ်မှတ်ဖြစ်လာမည်ကို ကြောက်ရွံ့သောကြောင့် သူနှင့် လီတာ့နျိုတို့သာ စားစရာဝယ်ရန် လှည်းကို မြို့ထဲသို့ မောင်းသွားလိုက်သည်။ သူက ထောင်ဟွားဝူမှ ရွာသူရွာသားအတွက် ဘေးကင်းလုံခြုံမည့်နေရာ တစ်ခုရှာပေးခဲ့ပြီး သူ ပြန်လာသည်အထိ စောင့်နေရန် မှာကြားထားခဲ့သည်။

သူ ဒီတကြိမ် ဒီကို ရောက်လာတဲ့ ရည်ရွယ်ချက်က အရေးကြီးတဲ့ကိစ္စတစ်ခုကိုလည်း လုပ်ဆောင်ချင်တာကြောင့်ပါပဲ။

All Chapters