← Chapters

အဲ့ဒါ သူမလား?

Vol. 11 Ch. 151

အဲ့ဒါ သူမလား?

Vol. 11 Ch. 151

"ချိုးယွဲ့!"

ချိုးယုံခန်းက သူ့ညီမနာမည်ကို စိုးရိမ်တကြီး လှမ်းအော်လိုက်ပြီး သူ့‌ရှေ့မှ လမ်းကို ပိတ်ဆို့နေသည့်လူများအား တွန်းထုတ်လိုက်သည်။ ထိုအတောအတွင်း ချိုးယွဲ့က စစ်သည်များရှေ့သို့ ရောက်သွားတော့မည်ကို မြင်နေရသောကြောင့် သူ့၏နဖူးတွင် ချွေးအေးများ ဖုံးလွှမ်းနေခဲ့သည်။

သို့သော်လည်း သူ မထင်မှတ်ထားဘဲ ချိုးယွဲ့၏ရှေ့တွင် ပိန်ပိန်ပါးပါးအရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုလူက ရိုးရှင်းသော မျက်နှာအသွင်အပြင်ရှိသည့် သာမာန်လယ်သမားတစ်ယောက်ဖြစ်သည်။ ချိုးယုံခန်းက ထိုလူ့ကို မသိသော်လည်း သူ့ညီမကို တားဆီးပေးရန် ထိုလူ့ကို လှမ်းအော်ပြောလိုက်သည်။

"နောင်ကြီး၊ သူ့ကို တားထားပေးပါလား?!"

ချိုးယွဲ့က သူမ သွားနေသည့်လမ်းကို ပိတ်ဆို့နေသော ရိုးသားသည့်အသွင်အပြင်သည့်လူတစ်ဦးကို မြင်လိုက်ရသောကြောင့် သူမ၏မျက်နှာက မည်းမှောင်သွားကာ "လမ်းဖယ်ပေးစမ်း!"

သူမက ထိုစကားကို ပြောနေရင်း ထိုလူကို တွန်းဖယ်ကာ စစ်သည်ခေါင်းဆောင်ဆီသို့ တိုးသွားရန် ကြိုးစားနေခဲ့သည်။

သူမ အဲ့ဒီမိန်းမယုတ်စူးချင်းကို လျန်ငွေငါးရာနဲ့ လဲလှယ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ဒီငွေနဲ့ဆိုရင် သူမ အစ်ကိုရွှေရှန့်နဲ့အတူ ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းနိုင်လိမ့်မယ်။

ချိုးယွဲ့က ထိုစစ်သည်များက ကျိရွှေရှန့်ကိုလည်း အလိုရှိနေပြီး သူ့ကိုပါ ဖမ်းသွားနိုင်သည်ကိုပင် မတွေးမိလောက်အောင် စူးချင်းကို ဖယ်ရှားရန် ဆန္ဒစောနေခဲ့သည်။

သိုသော်လည်း သူမက ထိုမျှလောက်သော ခြေတစ်လှမ်းအကွာအဝေးကိုပင် မဖြတ်ကျော်နိုင်ဘဲ ဆုလာဘ်ကို မရနိုင်ကြောင်းကို သူမ ကြိုမသိနိုင်ခဲ့ပေ။

"မင်းက ငါ့မိန်းမကို ကြာခိုရဲတယ်ပေါ့”

သူမ ရှေ့မှ လူက ရုတ်တရက် ချိုးယွဲ့ကို တိုက်ခိုက်လိုက်ပြီး ချိုးယွဲ့တစ်ယောက် ကြယ်များကို မြင်လိုက်ရသည်အထိ ပြင်းပြင်းထန်ထန် ထိုးကြိတ်ခံလိုက်ရသည်။ ချိုးယွဲ့က သွေးများ စီးကျလာသော သူမ၏နှာခေါင်းကို ဖုံးအုပ်ကာ ဒေါသတကြီးဖြင့် သူမ၏လမ်းကို ပိတ်ဆို့နေသည့် ထိုလူ့ကို လှမ်းကြည့်လိုက်သည်။

ချိုးယွဲ့က “ခင်ဗျား လူမှားနေတယ်” ဟု ပြောရန် ပြင်ဆင်လိုက်သော်လည်း တစ်ဖက်လူ၏ အေးစက်သောမျက်လုံးများကို မြင်လိုက်ရပြီး သူမ အလွန့်အကျွံ ကြောက်ရွံ့တုန်လှုပ်သွားရသည်။ ဤမျက်လုံးများထဲမှ အမူအရာများက စူးချင်း၏သွေးဆာနေသော ရက်စက်ကြမ်းကြုတ်မှုများနှင့် ဆင်တူလွန်းလှပြီး သနားညှာတာမှုကင်းမဲ့သည့်ပုံစံကပင် အတူတူဖြစ်နေခဲ့သည်။

ချိုးယွဲ့က အန္တရာယ်ကို သတိပြုလိုက်မိပြီး ပုံတူပန်းချီကားချပ်များကို စောင့်ကြပ်နေသည့် စစ်သည်နှစ်ဦးထံမှ အကူအညီတောင်းနိုင်ရန် အသည်းအသန်ကြိုးစားလိုက်သည်။ သို့သော် သူမ ပါးစပ်ဖွင့်လိုက်သည်နှင့် သူမ ထပ်မံထိုးကြိတ်ခံလိုက်ရပြန်သည်။ ထိုထိုးနှက်ချက်က သူမ၏သွားများကို ကျွတ်ထွက်သွားစေပြီး သူမပါးစပ်ထဲမှ သွားများက သွေးများနှင့်အတူ ထွက်ကျလာသည်။

သူမကို ပို၍ ကြောက်လန့်သွားစေသည့်အရာက ထိုယောက်ျားက သူမကို ရိုက်နှက်ပြီးနောက် သူမ၏ပါးစပ်ထဲကို တစ်ခုခု ထိုးထည့်လိုက်ခြင်း ဖြစ်သည်။ ချိုးယွဲ့က ထိုအရာကို ပြန်အော့အန်ထုတ်ရန် ကြိုးစားလိုက်သော်လည်း နောက်ထပ် ပြင်းထန်သည့် လက်သီးတစ်ချက်က သူမကို မြေပြင်ပေါ်သို့ လဲကျသွားစေပြီး ထိုအရာကို မျိုချလိုက်ပြီးသားဖြစ်သွားစေခဲ့သည်။

သူမ အလွန်ကြောက်လန့်သွားပြီး လက်ထိုးအန်ရန် ကြိုးစားလိုက်သော်လည်း ထိုလူက သူမကို လက်မောင်းမှ ဆွဲကိုင်ကာ လူအုပ်ထဲမှ တွန်းထုတ်လိုက်သည်။

စစ်သည်များက ထိုရုန်းရင်းဆန်ခတ်အခြေအနေကို သတိပြုမိသွားပြီး အခြေအနေကို စစ်ဆေးရန် လမ်းကို ပိတ်ဆို့နေသည့် လူအုပ်ကို မောင်းထုတ်လိုက်ကြသည်။ စစ်သည်ခေါင်းဆောင်က ထိုအမျိုးသား တားဆီးကာ စစ်ဆေးမေးမြန်းလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ”

“လူကြီးမင်း၊ သူက ကျွန်တော်မျိုးရဲ့မိန်းမကို လှည့်စားပြီး ခိုးယူခဲ့ပါတယ်။ သူ အရိုက်ခံရသင့်တယ်လို့ မထင်ဘူးလား?"

ထိုအမျိုးသားက ဒေါသထွက်နေပုံဖြင့် ပြန်ဖြေလိုက်သည်။

ချိုးယွဲ့ကလည်း စစ်သည်များရောက်လာသည်ကို မြင်လိုက်ရပြီး ပို၍ပင် စိုးရိမ်လာခဲ့သည်။

ဒီအရူးက သူမကို ဝေးရာကို ခေါ်သွားမှာကို သူမ ဘယ်လိုမှ ခွင့်မပြုနိုင်ဘူး။

ချိုးယွဲ့က စစ်သည်ခေါင်းဆောင်ထံမှ အကူအညီတောင်းရန် ပြင်ဆင်လိုက်ပြီး မျှော်လင့်ချက်အပြည့်နှင့် သူမ၏ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း သူမစကား မပြောနိုင်တော့ပေ။ သူမ ဆွံ့အသွားသလိုဖြစ်သွားသောကြောင့် ချိုးယွဲ့က ထိုလူ့ကို ထိတ်လန့်တကြား ထပ်ကြည့်လိုက်မိသည်။

သူ သူမကို ဘာကျွေးလိုက်တာလဲ?

"သြော်... အဲ့လိုလား? ဒါဆို သူ အရိုက်ခံရသင့်တယ်။ ဒီလူယုတ်မာရဲ့အရိုးတွေကို ချိုးပြီး သေတဲ့အထိ ရိုက်နှက်ပစ်သင့်တယ်”

ထိုလူက ဇနီးသည် အခိုးခံလိုက်ရ၍ ရိုက်နှက်နေကြောင်း သိလိုက်ရချိန်တွင် စစ်သည်ခေါင်းဆောင်က သူက ထိုလက်သီးချက်ကို အားပေးထောက်ခံလိုက်သည်။

သူလည်း အဲ့လိုခံစားမှုကို ခံစားခဲ့ဖူးတာကြောင့် စာနာပေးနိုင်တယ်။ အဲ့ဒါကြောင့် သူက ဒီလူကို မတားခဲ့ရုံသာမကပဲ ထောက်ခံပေးလိုက်တာပါ။

ချိုးယွဲ့၏မျက်လုံးများက ပြူးကျယ်သွားပြီး သူမ၏ ပါးစပ်ကို ဖွင့်နိုင်ရန် အသည်းအသန် ကြိုးစားနေသော်လည်း လုံးဝ အသံမထွက်နိုင်ပေ။ သူမက ထိုလူ့ကို လက်ညှိုးထိုးပြလိုက်ပြီး စစ်သည်ခေါင်းဆောင်ကို လက်ဝှေ့ယမ်းပြကာ သူမနှင့် ဘာမှမဆိုင်ကြောင်း ရှင်းပြနေခဲ့သည်။

ထိုလူက အေးစက်သောမျက်နှာဖြင့် သူမ၏လက်နှစ်ဖက်ကို ဆွဲလိမ်ကာ သူမ၏နောက်ကျောဘက်သို့ ပြန်ဆွဲလိုက်သောကြောင့် အရိုးကျိုးသွားသည့်သောအသံကို ပီပီပြင်ပြင် ကြားလိုက်ရသည်။ ချိုးယွဲ့၏မျက်လုံးများက နာကျင်မှုကြောင့် နီရဲလာပြီး သူမ၏များလုံးများက သူမ၏မျက်နှာမှ ထွက်ကျလာတော့မလို ဖြစ်နေကာ သွေးရောင်မျက်ရည်များ ရောထွေးနေသည့် မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းလှသည်။

“အဲ့ဒါက မင်းနဲ့ ထိုက်တန်တဲ့အရာပဲ”

ဇနီးဖြစ်သူကို ကြာခိုခံရဖူးသော စစ်သည်ခေါင်းဆောင်က အလွန် ကျေနပ်သွားပုံဖြင့် ချိုးယွဲ့ကို ကြိမ်းမောင်းလိုက်ပြီး ထိုလူ၏ပုခုံးကို အားရပါးရ ပုတ်ပေးလိုက်သည်။

"လုပ်တာ တော်တယ်"

ချိုးယွဲ့က အလွန်နာကျင်နေသဖြင့် သူမ၏မျက်နှာက ရှုံတွနေလေသည်။ သူမ စစ်သည်များထံမှ အကူအညီ မတောင်းနိုင်တော့သည်ကို နားလည်သွားချိန်တွင် သူမက သူမ၏အစ်ကိုကို တွေးမိသွားသည်။ သူမက သူမ၏ခေါင်းကို မော့လိုက်ပြီး လူအုပ်ထဲမှ ချိုးယုံခန်းကို ရှာဖွေလိုက်သည်။ သူမ၏အစ်ကိုကို တွေ့လိုက်ရချိန်တွင် သူမ၏မျက်နှပေါ်မှ မျက်ရည်များက စီးကျလာပြန်သည်။

ချိုးယုံခန်းက ချိုးယွဲ့ကို ခံစားချက်များ ရောထွေးနေသည့်အမူအရာဖြင့် ကြည့်နေခဲ့သည်။ သူမက သူ ငယ်စဉ်ကတည်းက ချစ်ခင်ခဲ့ရပြီး တစ်သက်လုံး ကာကွယ်စောင့်‌ရှောက်ပေးချင်ခဲ့တဲ့ သူ့ညီမလေးပါ။

ဒီလူက နည်းနည်း ရက်စက်တယ်ဆိုပေမယ့် ချိုးယွဲ့ အမှားမလုပ်မိအောင် တားဆီးပေးနိုင်ခဲ့တာကြောင့် သူ မတားချင်တဲ့အပြင် ဒီထိုလူနဲ့ပတ်သက်ပြီး ရှုပ်ထွေးတဲ့ ခံစားချက်တွေကို သူ ခံစားနေရတယ်။

ချိုးယုံခန်းက လူအုပ်ကြားထဲသို့ တိုးဝင်ကာ ထိုလူ့ကို စကားပြောရန် ပြင်ဆင်လိုက်သော်လည်း ထိုလူ၏အေးစက်သော မျက်လုံးများကို မြင်လိုက်ရခြင်းက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။

ချိုးယုံခန်း တွေဝေမှင်သက်နေချိန်မှာပင် ထိုလူက ချိုးယွဲ့ကို လူအုပ်ထဲမှ တွန်းထုတ်သွားပြီဖြစ်သောကြောင့် ချိုးယုံခန်းက ထိုလူ့နောက်သို့ လိုက်ပါသွားခဲ့သည်။

ထိုလူက ချိုးယွဲ့ကို လူအုပ်ထဲမှ တွန်းထုတ်သွားပြီး ချိုးယုံခန်းက သူ့နောက်ကို လိုက်လာကြောင်း မြင်လိုက်ချိန်တွင် သူ့၏မျက်လုံးများက ပိုအေးစက်လာသည်။ သူက ချိုးယွဲ့၏လက်မောင်းကို ဆွဲကိုင်ထားရင်း လမ်းဘေးသို့ ဆင်သွားကာ တောအုပ်ထဲသို့ လျှောက်ဝင်သွားခဲ့သည်။

ချိုးယုံခန်းက သူတို့နောက်သို့ လိုက်ပါသွားခဲ့သော်လည်း ဘာကြောင့်လိုက်လာမိမှန်းကို သူ အသေအချာ မသိပေ။ ထိုလူ၏မျက်လုံးများကို အလွန်ရင်းနှီးနေသည်ဟု သူ ခံစားမိသောကြောင့် အမီလိုက်ကာ မေးမြန်းချင်တာမျိုးလည်း ဖြစ်နိုင်ပေသည်။

ထိုလူက ချိုးယွဲ့အား တောထဲသို့ ခေါ်ဆောင်သွားပြီး ရပ်တန့်လိုက်ကာ ချိုးယုံခန်းကို အေးစက်စွာ စိုက်ကြည့်နေလေသည်။

ချိုးယုံခန်းက ထိုလူ၏ဖိနှိပ်ချုပ်ချယ်နိုင်သောအကြည့်ကြောင့် ထိတ်လန့်သွားခဲ့သည်။

သူသာ ရှေ့ကို တစ်လှမ်းလောက် တိုးလိုက်တာနဲ့ အဲ့လူက ချိုးယွဲ့၏လည်ပင်းကို ဖမ်းညှစ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးဆိုတာကို သူ နားလည်နေတယ်။

"နောင်ကြီး၊ ခင်ဗျား သူ့ကို ကျွန်တော်ဖြေရှင်းဖို ချန်ထားပေးလို့ရမလား?"

ချိုးယုံခန်းက သူ့ညီမကို တခြားသူ၏လက်ထဲတွင် မသေစေချင်သောကြောင့် တခြားတစ်ဖက်နှင့် ညှိနှိုင်းရန် ဆုံးဖြတ်လိုက်သည်။

"သူ(မ)ကို သတင်းပေးဖို့ မင်း အမိန့်ပေးခဲ့တာလား?"

ထိုလူက ဖြည်းညှင်းစွာ ပြောနေပြီး သူ့အသံက တိုးတိုးလျလျနှင့် အက်တက်တက် ဖြစ်နေကာ သူ ပြောသမျှစကားလုံးတိုင်းတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေခဲ့သည်။

ထိုလူ၏စကားကို ကြားလိုက်ချိန်တွင် ချိုးယုံခန်း၏နှလုံးခုန်သံက အလွန်မြန်ဆန်လာခဲ့သည်။ အဲ့လူရဲ့မျက်လုံးတွေကြောင့် ဘာကြောင့် ဒီလောက်ရင်းနှီးနေလဲဆိုတာကို သူ ရုတ်တရက် သဘောပေါက်သွားပြီ။ ဒါက တစ်စုံတစ်ယောက်ရဲ့ထူးခြားတဲ့ အပြုအမူတစ်ခုပဲ။

သူက ခပ်မြန်မြန် ရှင်းပြလိုက်သည်။

"မဟုတ်ဘူး၊ ငါ သူ(မ)ကို တားဖို့ လိုက်လာတာ"

ထိုလူက မျက်ခုံးပင့်ကာ ချိုးယုံခန်း၏မျက်လုံးများကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ ချိုးယုံခန်း အမှန်အတိုင်း ပြောနေကြောင်း သေချာစေပြီးနောက်တွင် ထိုလူက အေးအေးဆေးဆေး ထပ်မေးလိုက်သည်။

"ငါ အခု သူ့ကို သတ်မယ်။ မင်း ငါ့ကို တားဖို့ ကြိုးစားမှာလား?"

သူမ၏အစ်ကိုကြီးကို ကြည့်နေသော ချိုးယွဲ့၏မျက်နှာတွင် မျက်ရည်များ ပြည့်နှက်လာပြန်သည်။

သူမက အစ်ကိုရွှေရှန့်ရဲ့သတို့သမီးအဖြစ် ဆက်ပြီး အသက်ရှင်ချင်နေသေးတယ်။

“....”

ချိုးယုံခန်းက ဘာပြောရမှန်း မသိဖြစ်နေခဲ့သည်။

သူ့ညီမကို ဒီလိုသနားစရာကောင်းတဲ့ အခြေအနေနဲ့ မြင်နေရတာ သူ သည်းမခံနိုင်ပေမယ့် သူ့ညီမကို အသက်ရှင်ခွင့်ပေးလိုက်ရင် ထောင်ဟွားဝူက ရွာသူရွာသားတွေအားလုံးကို သင်္ဂြိုဟ်လိုက်ရတော့မယ်ဆိုတာကိုလည်း သူ သိနေတယ်။

ထိုအရာက ခက်ခဲသောရွေးချယ်မှုဖြစ်ပြီး ချိုးယုံခန်းက သူ့ညီမလေး၏အသနားခံနေသော မျက်လုံးများကို ကြည့်ကာ ဆက်သည်းမခံနိုင်တော့ပေ။

သူ သူ့ညီမကို သူကိုယ်တိုင်သတ်မယ့်အစား တခြားသူကို လုပ်ခိုင်းလိုက်ရင် ကောင်းမလား?

အဆုံးတွင် ချိုးယုံခန်းက ​​ထိုခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ခုအတွက် အဖြေတစ်ခုကို ရွေးချယ်ခဲ့သည်။

“ကျေးဇူးပြုပြီး သူ(မ)ကို မြန်မြန် အဆုံးသတ်ပေးပါ၊ သူ(မ)ကို အများကြီး ဒုက္ခမခံခိုင်းပါနဲ့တော့”

ထိုလူက သူ ဤကဲ့သို့ပြောလာမည်ဟု မျှော်လင့်ထားပုံမရဘဲ သူ့ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီးမှ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ၊ ငါ သူ(မ)ရဲ့အလောင်းကို နဂိုအတိုင်း ထားပေးမယ်"

ချိုးယုံခန်း၏အာဒမ်ပန်းသီးက လိမ့်တက်သွားပြီး သူက လက်ခုပ်အုပ်အရိုအသေပေးကာ တောထဲနှ ပြန်ထွက်သွားခဲ့သည်။

“....”

ချိုးယွဲ့က သူမ၏အစ်ကိုဖြစ်သူက သူမကို စွန့်ပစ်သွားပြီဖြစ်ကြောင်း နားလည်လိုက်ပြီး မျက်ရည်များ ထပ်ကျလာပြန်သည်။ သူမက သူမ၏အစ်ကိုဖြစ်သူကို သူမအား ကယ်တင်ပေးရန် အစွမ်းကုန် ကြိုးစားရုန်းကန်ကာ အော်ဟစ်နေခဲ့သော်လည်း အသံမထွက်နိုင်သေးပေ။ သူမက ထိုလူကို စိတ်ပျက်အားငယ်စွာကြည့်နေပြီး သူမ အသက်ရှင်နိုင်ရန် မျှော်လင့်ကာ ကရုဏာသက်ဖွယ်မျက်လုံးများဖြင့် တောင်းပန်နေခဲ့သည်။

ထိုအမျိုးသားက သူမကို အေးစက်စွာ စိုက်ကြည့်နေရင်း သူ့အသံက ယောက်ျားလေးတစ်ယောက်၏အသံမှ မိန်းခလေးတစ်ယောက်၏အသံအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။

"မင်းက ငါ့ကို ဒုက္ခပေးဖို့ ကြိုးစားပြီးမှ မင်းကို ခွင့်လွှတ်ပေးစေချင်နေသေးတာလား?"

ထိုအသံကို ကြားလိုက်ချိန်တွင် ချိုးယွဲ့၏မျက်လုံးများမှ အံ့အားသင့်နေသောအရိပ်အယောင်များ ထွက်ပေါ်လာပြီး သူမကို မယုံကြည်နိုင်စွာ မော့ကြည့်လိုက်မိသည်။

အဲ့ဒါက သူ(မ)ပဲလား?

သူမတွေးလိုက်မိသူသာ ဖြစ်နေခဲ့လျှင် သူမ အသက်ရှင်ရန် ဘယ်သောအခါမှ အခွင့်မသာတော့ကြောင့် သိလိုက်ရသောကြောင့် ချိုးယွဲ့က ပို၍ပင် ပြင်းပြင်းထန်ထန် ရုန်းကန်စပြုလာခဲ့သည်။

သူမ ထွက်ပြေးပြီး သူတို့ ဖမ်းချင်နေတဲ့သူက ဒီမှာရှိနေတယ်လို့ စစ်သည်တွေကို ပြောပြချင်တယ်။

ကံမကောင်းစွာဖြင့် အရာရာက အလွန်နောက်ကျသွားပြီ ဖြစ်ကာ တစ်ဖက်လူက သူမ၏ ခါးပတ်ကြိုးပြားကို ဖြုတ်ကာ ကြီးမားသော သစ်ပင်၏ သစ်ကိုင်းထူထူပေါ်သို့ ပစ်တင်လိုက်သည်။ ချိုးယွဲ့က ရင်းနှီးနေသော ကြိုးကွင်းကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေကာ သူမ၏ ခေါင်းကို အပြင်းအထန် ခါယမ်းနေခဲ့သည်။ သူမ၏ခြေထောက်များက ပျော့ခွေသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ချကာ သူမရှေ့မှ လူကို ဦးတိုက်တောင်းပန်နေခဲ့သည်။

စူးချင်းက အေးစက်နေသည်အမူအရာဖြင့် ချိုးယွဲ့၏ဆံပင်များကို ဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ်မှ ဆွဲမြှောက်လိုက်သည်။ သူမက ချိုးယွဲ့၏ခုခံမှုကို ဆန့်ကျင်ကာ ချိုးယွဲ့အား ခါးပတ်ကြိုးဖြင့် ချည်ထားသော ကြိုးကွင်းထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် သူမက ချိုးယွဲ့ကို လွှတ်ပေးလိုက်ပြီး သူမကို လေထုထဲမှာ တွဲလောင်းချထားလိုက်တော့သည်။

All Chapters