← Chapters

စိတ်ကြောင့်ဖြစ်တဲ့ရောဂါကို စိတ်နဲ့ပဲ ကုစားပေးနိုင်လိမ့်မယ်

Vol. 11 Ch. 152

စိတ်ကြောင့်ဖြစ်တဲ့ရောဂါကို စိတ်နဲ့ပဲ ကုစားပေးနိုင်လိမ့်မယ်

Vol. 11 Ch. 152

ချိုးယွဲ့က သူမနှင့် ရင်းနှီးနေသည့် အသက်ရှုကြပ်သည့် ခံစားချက်နှင့် လည်ပင်းရိုး ကျိုးလုမတက် စူးစူးရှရှ နာကျင်သည့်ဝေဒနာတို့ကို ခံစားလိုက်ရသည်။ သူမက သူမ၏လက်များကို လေထဲတွင် ဝှေ့ယမ်းနေပြီး သူမ အသက်ရှင်ခွင့်ရရန် အသဲအသန် ရုန်းကန်နေခဲ့သည်။ သူမ၏ခြေနှစ်ချောင်းက လေထဲတွင် တွဲလောင်းကျနေပြီး အဆက်မပြတ် ကန်ကျောက်ရုန်းကန်နေခဲ့သော်လည်း နောက်ဆုံးတွင် သူမ၏ ရုန်းကန်လှုပ်ရှားမှုများက တဖြည်းဖြည်းနှေးကွေးလာသည်။ သိပ်မကြာမီမှာပင် သူမ၏ လက်များကလည်း အင်အားမဲ့စွာ တွဲလောင်းကျလာခဲ့သည်။

ချိုးယွဲ့၏မျက်လုံးအိမ်များက သွေးယောင်လွှမ်းနေပြီး သူမ၏မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ သူမက ဆန္ဒမရှိဘဲ မကျေမနပ် သေဆုံးသွားပုံရသည်။

စူးချင်းက ချိုးယွဲ့၏ရုန်းကန်မှုကို အေးတိအေးစက် စောင့်ကြည့်နေခဲ့သည်။

သူမက ချိုးယွဲ့ရဲ့အသက်ကို ချမ်းသာပေးမယ်လို့ ရွာလူကြီးချိုးကို ကတိပေးခဲ့ပြီး သူမ ချိုးယွဲ့ကို အခွင့်အရေး နှစ်ကြိမ်ပေးခဲ့တယ်။ ဒါပေမယ့် တတိယအကြိမ်တော့ အခွင့်အရေး မပေးနိုင်တော့ဘူး။

ဒီနေ့ စုကျိုးရဲ့အပြင်ဘက်မှာ ရှိနေခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုကိုသာ သူမ အပျော်အနေနဲ့ ဝင်မကြည့်ဖြစ်ခဲ့ရင် ချိုးယွဲ့က သူမကို သတင်းပို့လိုက်မှာ သေချာနေတယ်။ အဲ့တာကြောင့် သူမက ချိုးယွဲ့ကို မဆိုင်းမတွသတ်ပစ်လိုက်တာပါ။

စူးချင်းက လမ်းလျှောက်လာပြီး ချိုးယွဲ့၏လက်ကို လှမ်းကိုင်လိုက်ကာ သူမ၏သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။ ချိုးယွဲ့သေဆုံးသွားကြောင်း အတည်ပြုပြီးမှသာလျှင် သူမက အေးစက်သောမျက်နှာဖြင့် သူမလက်ကို ပြန်ချကာ တောထဲမှ ပြန်ထွက်ခွာသွားခဲ့သည်။

ချိုးယုံခန်းက တောအုပ်၏အပြင်ဘက်တွင် စောင့်ဆိုင်းနေဆဲဖြစ်ပြီး သူ၏အမူအရာက နာကျင်သလို စိတ်ရှုပ်ထွေးနေပုံလည်းရသည်။ သူ့၏မျက်လုံးများထဲတွင် တွန့်ဆုတ်မှုများနှင့် ပဋိပက္ခများ ပြည့်နှက်နေသော်လည်း စိတ်ပိုင်းဖြတ်ထားသော အရိပ်အယောင်များလည်း အများအပြား ရှိနေသေးသည်။

"သူ(မ) သေသွားပြီ"

စူးချင်းက ချိုးယုံခန်း၏အနားမှ ဖြတ်လျှောက်သွားရင်း သူ့ကို ပေါ့ပေါ့ပါးပါး သတင်းပေးကာ ဆက်လျှောက်သွားခဲ့သည်။

ချိုးယုံခန်းက ချိုးယွဲ့၏ခန္ဓာကိုယ်ကို နဂိုအတိုင်းထားရန် တောင်းဆိုခဲ့ပြီး စူးချင်းကလည်း ဘဘောတူခဲ့ကာ သူမ၏ကတိအတိုင်း လိုက်နာပေးခဲ့သည်။

ချိုးယုံခန်း၏အာဒမ်ပန်းသီးက လှိမ့်တက်လာပြီး အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ သူက စကားစလိုက်သည်။

"ကျေးဇူးတင်ပါတယ်!"

စူးချင်းက သူ့ကို ဘာသိဘာသာ တစ်ချက်ကြည့်လိုက်ပြီး ခပ်အေးအေး ဆက်လျှောက်သွားခဲ့သည်။

သူမ ချိုးယွဲ့ကြောင့် အချိန်တွေ အများကြီး ဖြုန်းတီးခဲ့မိတယ်။ သူမ ကုသပေးဖို့ ကတိပေးထားတဲ့ လူနာကို ကုသပေးဖို့ မြို့ထဲကို သွားရဦးမယ်။

ချိုးယုံခန်းက တောထဲသို့ လျှောက်သွားလိုက်ပြီး သူ့ညီမ၏ရုပ်အလောင်းက သစ်ပင်ပေါ်တွင် တွဲလောင်းကျနေသည်ကို တွေ့လိုက်ရသည်။ သူ့၏မျက်လုံးများမှ မျက်ရည်များ စီးကျလာကာ သူက သူ့ညီမလေးဆီသို့ လျှောက်သွားလိုက်ပြီး သူမကို သစ်ပင်ပေါ်မှ ပြန်ချပေးလိုက်သည်။ ချိုးယွဲ့၏မျက်လုံးများက ပြူးကျယ်နေသည်ကို မြင်လိုက်ရချိန်တွင် သူက သူမ၏မျက်ခွံများကို ဆွဲချပေးလိုက်ပြီး တိုးတိုးလေး ရေရွတ်ကာလိုက်သည်။

"ချိုးယွဲ့၊ မင်းရဲ့နောက်ဘဝမှာ အချစ်ကို ဒီလောက်အရမ်းစွဲလမ်းမနေပါနဲ့။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘာကိုမှ ဂရုမစိုက်တက်တဲ့သူတစ်ယောက်အဖြစ် ရှင်သန်ပါ”

စူးချင်းက တောထဲမှ ထွက်သွားပြီးနောက် စုကျိုးမြို့ထဲသို့ ဦးတည်လိုက်သည်။ မြို့တံခါးတွင် လူများ ပိုများလာသည်ကို သူမ မြင်လိုက်ရပြီး လူတိုင်းက လူသုံးယောက်၏ပုံတူများကို ကြည့်နေသည်။ သူတို့က သူတို့ကိုယ်တိုင် သူရဲကောင်းတစ်ယောက်ဖြစ်လာပြီး ထိုလူသုံးယောက်ကို ဖမ်းဆီးကာ လျန်ငွေငါးရာ ရရန် ဆန္ဒပြုရင်း တံတွေးမျိုချနေကြသည်။

စုစုပေါင်းလျန်တစ်ထောင့်ငါးရာဆိုရင် အိမ်တွေ၊ လယ်မြေတွေ ဝယ်ပြီး ဇနီးတစ်ယောက် ယူလို့ရပြီ။

စူးချင်းက ထိုလူအုပ်ကို အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်ပြီးမှ မြို့ထဲသို့ လျှောက်သွားလိုက်သည်။ မြို့စောင့်တပ်သားများ၏နေရာတွင် သံချပ်ကာတပ်မှ လူများကို အစားထိုးလိုက်ကြောင်း သူမ တွေ့လိုက်ရသည်။

အကယ်၍ မူလက ဤနေရာတွင် စောင့်ကြပ်နေသူများက သံချပ်ကာဝတ်တပ်ဖွဲ့မှ လူများဖြစ်နေခဲ့လျှင် ချိုးယွဲ့က သူမကို လွယ်လွယ်ကူကူ ဖော်ထုတ်နိုင်ပေလိမ့်မည်။ အသေချာဆုံးသော ဖြစ်နိုင်ချေမှာ သူမတို့ကို ဖမ်းစီးသွားခြင်းမျိုး ဖြစ်နိုင်သည်။ သူမက သူမ၏မျက်နှာကို ဖုံးကွယ်ထားခဲ့သော်လည်း သူမ၏အမျိုးသမီးခန္ဓာကိုယ်ကို မဖုံးကွယ်ထားခဲ့ပေ။

သူမ ဖော်ထုတ်ခံရမှာ သေချာတာပေါ့။ အဲဒါက နီးစပ်လွန်းတယ်။

စူးချင်းက လူအုပ်ကြားမှ လျှောက်သွားလိုက်ပြီး မြို့တံခါးထဲမှ ဝင်သွားလိုက်သည်။ အစောင့်နှစ်ယောက်က သူမကို တားဆီးလိုက်ပြီး “ရပ်စမ်း၊ မင်းက ဘယ်သူလဲ? မင်း မြို့ထဲကို ဘာသွားလုပ်မှာလဲ?"

“လူကြီးမင်း၊ ကျွန်တောိမျိုးက ဆွေးမျိုးတွေကို ရှာဖို့ ဒီကို ရောက်လာတာပါ။ ဒါက ကျွန်တော်မျိုးရဲ့ခရီးသွားလက်မှတ်ပါ”

စူးချင်းက သူမ၏ ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းကို ထိုအစောင့်များအား ပေးလိုက်ပြီး ယောက်ျားတစ်ယောက်၏ လေသံကို ပြီးပြည့်စုံအောင် တုပကာ ပြန်ဖြေလိုက်သည်။

"ဆွေမျိုးတွေကို သွားရှာမှာလား? မင်းရဲ့ဆွေမျိုး နာမည်က ဘာလဲ? စုကျိုးမှာ ဘာလုပ်တဲ့သူတွေလဲ?"

မြို့စောင့်တပ်မှ အစောင့်များက ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းကို လှမ်းယူကာ စစ်ဆေးလိုက်သည်။ ထိုလက်မှတ်များက အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးသည့်တိုင် သူတို့က ဆက်လက်မေးမြန်းနေသေးသည်။

“ကျွန်တော်မျိုးရဲ့ ‌ဆွေမျိုးတွေက သခင်ကြီးချူရဲ့အိမ်မှာ အစေခံလုပ်နေတာပါ”

စူးချင်းက ခေတ္တလောက် တုံ့ဆိုင်းနေပြီးမှ ကြောက်ကြောက်ရွံ့ရွံ့ ပုံစံဖြင့် ထပ်ပြောလိုက်သည်။

"ကျွန်တော်မျိုးလည်း အလုပ်တစ်ခုလောက် လုပ်ချင်လို့ပါ"

ဤကပ်ဘေးဆိုက်နေသော နှစ်များအတွင်းတွင် ဇာတိကို စွန့်ခွာလာသူတိုင်းက မိတ်‌ဆွေများနှင့် မိသားစုများထံ ခိုလှုံရန် ရောက်လာလေ့ရှိကြသည်။ ထို့ကြောင့် အစောင့်တပ်သားနှစ်ဦးက စူးချင်းကို သံသယမရှိတော့ဘဲ ခရီးသွားလက်မှတ်နှင့် အိမ်ထောင်စုစာရင်းကို ပြန်ပေးလိုက်သည်။

စူးချင်းက မြို့ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး သခင်ကြီးချူ၏အိမ်တော်အကြောင်းကို ချက်ချင်း စုံစမ်းမေးမြန်းလိုက်သည်။ သူမက သခင်ကြီးချူ၏ရောဂါကို ကုသပေးကာ လျန်နှစ်ထောင်ကို ယူပြီး ဤဒုက္ခများသောနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာရန် တွေးထားခဲ့သည်။

မူလပိုင်ရှင်၏မိသားစုကို ရှာဖွေရန် အတွက်ကတော့ တည်ငြိမ်အေးချမ်းသွားမည့်အချိန်အထိ စောင့်ဆိုင်းရန် သူမ တွေးလိုက်မိသည်။ ယခုတွေ့လျှင်ပင် သူမက ကျိရှောင်ယင်နှင့် အခြားလူများကို ကျင့်ရှီလျိုမြောင်အထိ ဘေးကင်းအောင် စောင့်ရှောက်ပေးချင်သောကြောင့် သူမ၏မိသားစုနှင့် အတူ နေနိုင်ဦးမည် မဟုတ်ပေ။

သခင်ကြီးချူက စုကျိုးတွင် အလွန်ကျော်ကြားသူ ဖြစ်ပြီး စူးချင်းက ဈေးသည်တစ်ယောက်ကိုသာ မေးလိုက်ရပြီး သူ့အိမ်၏တည်နေရာကို သိခဲ့ရသည်။

သူမက ထိုစျေးသည် လမ်းညွှန်လိုက်သော လမ်းအတိုင်းလျောက်သွားကာ သခင်ကြီးချူ၏အိမ်သို့ ရောက်လာခဲ့သည်။ သူမက သခင်ကြီးချီ ပေးလိုက်သော မိတ်ဆက်စာကို တံခါးစောင့်ထံ ပေးပြီးနောက် တံခါးအပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

ခဏအကြာတွင် တံခါးစောင့်က ပြန်ပြေးထွက်လာပြီး စူးချင်းကို တလေးတစား ဖိတ်ခေါ်လိုက်သည်။

“ကျေးဇူးပြုပြီး ဝင်လာပါ လူကြီးမင်း”

စူးချင်းက တံခါးစောင့်နောက်မှ လိုက်ပါသွားပြီး ချုမိသားစု၏ခြံဝင်းထဲသို့ လိုက်ဝင်သွားခဲ့သည်။ ချူမိသားစု၏ခြံဝင်းတွင် ဝင်ပေါက်ငါးပေါက်ရှိပြီး မြင့်မားသောနံရံများကြောင့် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

လမ်းတစ်လျှောက်တွင် ခြံဝင်းနံရံများ၏ဘေး၌ ဝါးစိမ်းပင်များ စိုက်ထားသည်ကို တွေ့လိုက်ရပြီး ရေကန်ထဲတွင် ကြာပန်းများ ပြည့်နှက်နေသည်ကိုလည်း တွေ့လိုက်ရသည်။ အရာရာတိုင်းက ကျက်သရေရှိနေပြီး ချမ်းသာသူများ၏ ဆိုးသွမ်းလွန်ကဲသောအကြိုက်နှင့်မတူဘဲ ခပ်လျိုလျိုပုံစံဖြစ်သော်လည်း စည်းစိမ်ဥစ္စာ ကြွယ်ဝမှန်း သိသာစေသည်။

ခြံဝန်းရှည်ကြီးကို ဖြတ်ကျော်ပြီးနောက် တံခါးစောင့်က စူးချင်းကို ခြံအလယ်ရှိ ပင်မအခန်းဆီသို့ ခေါ်ဆောင်သွားကာ တလေးတစား ဖိတ်ခေါ်နေသည့် အမူအရာကို ပြသနေခဲသည်။

“ကျေးဇူးပြုပြီး ကြွပါ လူကြီးမင်း၊ ကျွန်တော်တို့သခင်ကြီးက လူကြီးမင်းကို အခန်းထဲမှာ စောင့်နေပါတယ်!"

စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ပင်မအခန်းကို တစ်ချက်လှည့်ကြည့်လိုက်သည်။ တံခါးဝတွင် “ယိရှီခန်းမ” ဟု ရေးသားထားသည့် ကမ္ဗည်းပြားတစ်ခု ချိတ်ဆွဲထားသည်။ တံခါးချပ်နှစ်ခုလုံးတွင် လက်ရေးလှစာလုံးများ ချိတ်ဆွဲထားပြီး ပထမစာကြောင်းတွင် “အိမ်မက်ဟောင်းတွေက နွေးထွေးဖို့ ခက်ခဲပြီး ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျစေတယ်” ဟု ရေးသားထားပြီး ဒုတိယအပိုင်းတွင် “ကွဲအက်သွားတဲ့ စိတ်နှလုံးက ဘယ်တော့မှ ပြန်မကောင်းနိုင်တော့ဘူး” ဟု ရေးသားထားသည်။

ထိုစကားက စူးချင်းကို မျက်ခုံးပင့်သွားစေပြီး ထူးဆန်းသော ထိုစာသားများက မည်သို့မျှ ပြန်ရှာမတွေ့နိုင်တော့သည့် ပျောက်ဆုံးနေသော ဆွေမျိုးတစ်ဦးကို ရည်ညွှန်းနေကြောင်း သူမ ခန့်မှန်းလိုက်သည်။

သို့သော်လည်း သူမက ထိုပညာရှင်များ၏ညည်းညူသံများကို စိတ်မဝင်စားခဲ့ပေ။ သူမက အကြည့်ပြန်လွှဲလိုက်ပြီး မြင့်မားသော တံခါးခုံကို ကျော်ဝင်လိုက်သည်။

အခန်းအတွင်းပိုင်းကို ရှေးဟောင်းပုံစံဖြင့် အလှဆင်ထားပြီး အခန်းထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် နက်မှောင်သော စန္ဒကူးသား လက်ဖက်ရည်စားပွဲကို တွေ့လိုက်ရသည်။ အနက်ရောင်ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးကြီးတစ်ယောက်က ထိုလက်ဖက်ရည်စားပွဲ၏ဘယ်ဘက်ခြမ်းတွင် ထိုင်နေပြီး သူ၏မျက်နှာက ချောင်ကျနေကာ သူ့ကို ကြည့်ရသည်မှာ စိတ်မချမ်းမသာ ဖြစ်နေပုံရသည်။

“ထိုင်ပါဦး လူကြီးမင်း”

စူးချင်း အခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်သည်နှင့် အဘိုးအိုက သူ့၏ညာဘက်မျ ကုလားထိုင်ပေါ်ကို ညွှန်ပြကာ လက်ဟန်ဖြင့် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ သူက မတ်တပ်မရပ်ဘဲ သူ့လက်တစ်ဖက်ကို ဒူးပေါ်တင်ထားပြီး နဖူးပေါ်တွင် ချွေးသီးများ ရှိနေခဲ့သည်။

စူးချင်းက အဘိုးအို၏ အမူအရာကို သတိပြုပြီး သူက အားနည်းနေမှန်း သိလိုက်သည်။ သူက စကားအနည်းငယ်သာ ပြောလိုက်သော်လည်း သူ့အတွက် လေးလံသောဝန်ထုပ်ဝန်ပိုးကို ရုတ်သိမ်းလိုက်သလိုဖြစ်နေပုံလည်းရသည်။

စူးချင်းက အဘိုးအို၏ခန္ဓာကိုယ်မှ ပြင်းထန်းသော ဆေးနံကို အာရုံခံလိုက်မိသည်။ ဤသည်မှာ ကုသ၍မရနိုင်သည့် ရောဂါရှိနေသော လူနာဖြစ်နိုင်ပြီး သခင်ကြီးချီ ပြောလိုက်သည့် သခင်ကြီးချူ ဖြစ်နိုင်သည်ဟု သူမ တွေးလိုက်သည်။

"အဲ့လောက် ယဥ်ကျေူနေဖို့ မလိုပါဘူး၊ သခင်ကြီး"

ထိုစကားကို ပြောပြီးနောက် စူးချင်းက အဘိုးအိုကို လက်ခုပ်အုပ်ကာ နှုတ်ဆက်လိုက်ပြီး ကုလားထိုင်ပေါ်တွင် အေးအေးဆေဆေး ထိုင်နေလိုက်သည်။

"အစ်ကိုချီက သူ့စာထဲမှာ လူကြီးမင်းကို လေးလေးနက်နက် အကြံပြုထားတယ်၊ လူကြီးမင်းနဲ့ တွေ့ရတာ ကျွန်တော်ရဲ့ကံကောင်းခြင်းပါပဲ"

အမှန်တကယ်တွင် သခင်ကြီးချူက စူးချင်းနှင့် စကားပြောနေရင်း ထိတ်လန့်နေခဲ့သည်။ ဤသာမန်ပုံသဏ္ဍာန်ရှိသောလူက သူ့ရောဂါကို ကုသပေးနိုင်မည်ဟု သူ မယုံကြည်သော်လည်း သူက ကောင်းမွန်စွာ ကြီးပြင်းလာခဲ့သူဖြစ်သောကြောင့် စူးချင်းအပေါ် အလွန်ယဉ်ကျေးနေဆဲဖြစ်သည်။

အစေခံများက လက်ဖက်ရည်နှင့် အဆာပြေမုန့်များကို သယ်ဆောင်ကာ ဝင်လာကြသည်။ သခင်ကြီးချူက စူးချင်းကို ပြုံးပြလိုက်ပြီး "လူကြီးမင်းက ခရီးရှည်ကြီး ဖြတ်သန်းလာရတော့ ပင်ပန်းနေမှာ သေချာတယ်။ လက်ဖက်ရည်တစ်ခွက်လောက် သောက်ပြီး အနားယူလိုက်ပါဦး"

ကုသမှုနဲ့ ပတ်သက်ရင်‌တော့ သမားတော်ပေါင်းများစွာကို တွေးဖူးတဲ့ သခင်ကြီးချူက စူးချင်းက သူရဲ့နာတာရှည်ရောဂါကို ကုသပေးနိုင်မယ်လို့တော့ မယုံကြည်နိုင်ပါဘူး။ ကမ္ဘာပေါ်မှာ သူ့ကို ကုသပေးနိုင်တဲ့ သမားတော်ရှိလာမယ်လို့လည်း သူ မထင်ထားတော့ဘူး။

တကယ်တော့ စိတ်ကြောင့် ဖြစ်တဲ့ရောဂါကို စိတ်နဲ့ပဲ ကုသနိုင်လိမ့်မယ်။

အဘိုးအို၏ မျက်လုံးများက မှိန်သွားသွားပြီး သူ့နှလုံးသားကလည်း နာကျင်လာသည်။ သူ့လက်ကို ဒူးပေါ်တင်ပြီး လဲကျမသွားအောင် ထောက်ထားလိုက်တယ်။

စူးချင်းက သခင်ကြီးချင်၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီလာသည်ကို သတိပြုမိပြီး သူ့မျက်နှာက ရုတ်တရက် နီရဲလာကာ အသက်ရှုသံက တိုလာကြောင်း သူမ သိလိုက်ရသည်။ သူ့အဝတ်အစားများတွင် ချွေးများ ရွှဲနစ်နေပြီး သူက မူးလဲလုနီးဖြစ်နေပြီ ဖြစ်သည်။

အိမ်တော်ထိန်းက သူ့သခင်ကြီးကို ကူညီပေးရန် အမြန်တိုးသွားလိုက်ပြီး စိုးရိမ်စိတ်ဖြင့် နှစ်သိမ့်ပေးလိုက်သည်။

“သခင်ကြီး၊ ဘာကြောင့် လှဲချလိုက်ပြီး ဒီလူကြီးမင်းကို ကုသခွင့်မပေးတာလဲ?”

“မလိုပါဘူး၊ လူကြီးမင်းက ဒီအဘိုးကြီးအတွက် လာပေးတဲ့အတွက်ပဲ ကျေးဇူးတင်နေပါပြီ၊ လူကြီးမင်းကို လျန်နှစ်ထောင် ပေးလိုက်ပါ”

သခင်ကြီးချူက သူ့လက်ကို အားမရှိသလို ဝှေ့ယမ်းလိုက်ပြီး စူးချင်းအတွက် ပိုက်ဆံယူလာပေးရန် ညွှန်ကြားလိုက်သည်။

"သခင်ကြီးချူ၊ ကျွန်တော်က ဘာမှ မလုပ်ဘဲနဲ့ ဆုလာဘ်ကို လက်ခံမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ဆေးပညာကို မယုံရင် ဒီကစ္စကို မေ့ပစ်လိုက်ပါ"

ဆရာကြီးချူ၏စကားကြောင့် စူးချင်း၏မျက်နှာက မည်းမှောင်သွားပြီး မတ်တပ်ထရပ်ကာ လက်ခုပ်အုပ်ပြီး နှုတ်ဆက်လိုက်သည်။

"ကျေးဇူးပြုပြီး ခဏစောင့်ပါဦး သမားတော်လေး။ ငါက မင်းရဲ့ဆေးပညာကို မယုံတာ မဟုတ်ပါဘူး။ ဒီလူအိုကြီးရဲ့ ခန္ဓာကိုယ်ကို ကုသနိုင်တဲ့ ဆေးဝါး မရှိလို့ပါ။ ကုသဖို့က အချိန်လွန်နေပါပြီ”

သခင်ကြီးချူက စူးချင်းကို အမြန် လှမ်းတားလိုက်သည်။ သူက စိတ်လှုပ်ရှားသွားပြီး အဆောတလျင် ​ပြောလိုက်သောကြောင့် သူ့ပါးစပ်ထဲမှ ​သွေးများ ထွက်ကျ​လာသည်​။ သူ့မျက်နှာက စက္ကူစာရွက်ကဲ့သို့ ဖြူဖျော့နေပြီး လဲကျသွားတော့သည်။

All Chapters