← Chapters

နောက်ယောင်ခံလိုက်လာခြင်း

Vol. 11 Ch. 154

နောက်ယောင်ခံလိုက်လာခြင်း

Vol. 11 Ch. 154

"သန့်စင်ခန်း သွားမယ်၊ သန့်စင်ခန်း"

သခင်ကြီးချူက အလောတကြီး အော်လိုက်သည်။ သူက အမြဲတမ်း တည်ငြိမ်အေးဆေးစွာ နေတက်ပြီး ခန့်ထည်သည့်ဟန်ပန် ရှိသော်လည်း ဤသည်မှာ သူ ပထမဆုံးအကြိမ် တည်ငြိမ်မှု ပျောက်ဆုံးသွားခြင်းဖြစ်သည်။

အိမ်တော်ထိန်းက ညနံ့သာအိုး(အိမ်သာအိုး)ကို အဆောတလျင် ယူဆောင်လာခဲ့သော်လည်း အချိန်နှောင်းသွားခဲ့သည်။ သခင်ကြီးချူက ထိုနေရာတွင် ကသိကအောက် ဖြစ်နေသော အမူအရာဖြင့် ရပ်နေပြီး ကြမ်းပြင်ပေါ်တွင် အညိုရောင်အညစ်အကြေးများ ဖုံးလွှမ်းနေသည်။ အနံအသက်က ပြင်းလွန်းပြီး နှစ်ပေါင်းများစွာ အချဉ်ဖောက်ထားသော မြေဩဇာနံနှင့်တူနေကာ အငွေ့များက အလျှံတငြီးငြီး ဖြစ်နေပြီး တခြားလူများကို မျက်လုံးစပ်စေသောကြောင့် တစ်ချို့က မျက်ရည်များ ကျလာကြသည်။

စူးချင်းက သက်ပြင်းချရင်း အခန်းထဲမှ ထွက်သွားခဲ့သည်။ ထို့နောက် အခန်းထဲမှ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်အသံများကို ကြားလိုက်ရပြီး အိမ်တော်ထိန်းပင် အော်ဟစ်နေခဲ့သည်။

“အမြန်သွားပြီး ညနံ့သာအိုးတစ်အိုး ထပ်ယူလာခဲ့၊ ပြီးတော့ သခင်ကြီး ရေချိုးဖို့ ရေနွေး အဆင့်သင့် ကျိုခိုင်းထားလိုက်”

လီမိသားစု၏ကျေးကျွန်များအားလုံး ပြေးလွှားလှုပ်ရှားနေချိန်တွင် စူးချင်းက အပန်းဖြေနားနေဆောင်တွင် ထိုင်နေကာ လေညှင်းခံနေခဲ့သည်။ အပန်းဖြေနားနေဆောင်၏ဘေးတွင် လှပသောကြာပန်းများပြည့်နေသည့် ရေကန်ငယ်တစ်ခုရှိသည်။ ကြာရွက်များ၏အောက်တွင် ရွှေငါးနီနီးလေးများက အေးအေးဆေးဆေး ကူးခတ်နေကြပြီး စူးချင်းက ထိုအနီရောင်ရွှေငါးများနှင့် အစိမ်းရောင် ကြာရွက်များ၏ တွဲဖက်မှုကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။ သို့သော်လည်း သူမ တွေးနေသည်က ပန်းနှင့်လ အကြောင်းကို မဟုတ်ဘဲ ငါးကြော်၊ ငါးချိုချဉ်၊ ငါးကင်၊ ကြာစွယ်၊ ကြာစွယ်အသားညှပ်ပေါင်မုန့်နှင့် ကြာပန်းကစီအေးတို့အကြောင်းသာ ဖြစ်နေခဲ့သည်။

[ဂုဏ်ယူပါတယ် Host... သခင်ကြီးချူကို ကုသပေးခဲ့တဲ့အတွက် သင့်ရဲ့ကုသိုလ်ရမှတ်တွေက အဆင့်တစ်ဆင့် တိုးလာခဲ့ပါတယ်။ သင့်ရဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကလည်း အဆင့်တစ်ဆင့် ထပ်တိုးခဲ့တယ်၊ သင့်ရဲ့ကုသိုလ်ရမှတ်တွေက အဆင့်ရှစ်အထိ တိုးသွားပြီး သင့်ရဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက အဆင့်ခုနစ်အထိ တိုးတက်သွားပါပြီ။ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အား၊ စိတ်ပိုင်းဆိုင်ရာခွန်အား၊ တိုက်ခိုက်ရေးစွမ်းအားနဲ့ စစ်နတ်ဘုရားစွမ်းရည်တွေအားလုံးက အဆင့် ၃၀ အထိ တိုးတက်သွားပါပြီ။ ကျေးဇူးပြုပြီး ပိုကောင်းအောင် ဆက်လက်လုပ်ဆောင်ပါ။ ပဲငံပြာရည် ပြုလုပ်နည်းက မင်းအတွက် ကျပန်းချီးမြှင့်ပေးတဲ့ ဆုရလာဒ်ပါ]

အဆင့်မြှင့်တင်မှုများအကြောင်း ကြားနေချိန်တွင် စူးချင်းတစ်ယောက် အလွန်ဝမ်းသာသွားသော်လည်း စနစ်က သူမအတွက် ပဲငံပြာရည်ချက်နည်း ဆုချလိုက်ကြောင်း ကြားရချိန်တွင် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။

သူမက ပဲငံပြာရည်ရောင်းတဲ့ ကုန်သည်တစ်ဦးအဖြစ် ရပ်တည်ရတော့မှာလား?

သူမက သူမရဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို အဆင့်မြှင့်တင်နိုင်လိုက်တာကြာင့် ခွဲစိတ်ခန်းသုံးပစ္စည်းတွေ၊ ပိုးသတ်ထားတဲ့ခွဲစိတ်ခန်း ဒါမှမဟုတ် ဆေးပညာတဲ့ဆိုင်တဲ့တစ်ခုခုကို ဆုချီးမြှင့်ပေးသင့်တာ မဟုတ်ဘူးလား?

သူမရဲ့စနစ်က နည်းနည်းတော့ စိတ်မချရဘူးပေါ့။

စူးချင်းက စနစ်က အားမကိုးရဘူးဟု ဝေဖန်နေချိန်တွင် စနစ်က ထပ်ပြောလိုက်သည်။

"Host အတွက် ခွဲစိတ်ခန်းသုံးဓား၊ အပ်၊ ချည်ထုံးအနည်းငယ်၊ အရက်ပြန်တစ်ပုလင်း၊ အိုင်အိုဒင်းတစ်ပုလင်းနဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဆေးပမာဏတချို့ကို ဆုချီးမြှင့်ပါမယ်"

စူးချင်းက မျက်ခုံးပင့်ရင်း ထပ်တွေးလိုက်သည်။ အဲဒါကမှ ဟုတ်နေ‌သေးတယ်။

ထို့နောက် စနစ်၏ငြီးငြူသံကို သူမ ကြားလိုက်ရသည်။

"Host ကျေနပ်ပြီလား?"

"မဆိုးပါဘူး"

စူးချင်းက ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။ ဒီအရာတွေက သူမ ရသင့်တာတွေပဲ မဟုတ်ဘူးလား?

နောက်ဆုံးတွင် စနစ်က ဆွံ့အသွားသလို စကားသံ ရပ်သွားပြီး လုံးဝ အသံတိတ်သွားတော့သည်။

သူ စကားရပ်မှ ဖြစ်တော့မယ်။ မဟုတ်ရင် သူ ဒီHost ကြောင့် သေတဲ့အထိ ဒေါသထွက်ရတော့မယ်။ တခြားသူတွေက သူပေးတဲ့အရာတွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြပေမယ့် ဒီတစ်ယောက်ကတော့ သူ့ကို ငြင်းပယ်ခဲ့တယ်။

"သခင်.... သခင်က အရမ်းတော်တာပဲ! အဆင့် ၃၀ ရောက်သွားပြီ"

ရှောင်ချီ၏ ချစ်စဖွယ်အသံချိုချိုလေး ထွက်ပေါ်လာပြီး သူမ၏အသံမှတဆင့် သူမ အလွန်စိတ်လှုပ်ရှားနေသည်ကို တစ်ချက်နားထောင်ရုံဖြင့် သိနိုင်သည်။ ရှောင်ချီလေး၏ ပျော်ရွှင်နေသော မျက်နှာကို မြင်ယောင်လိုက်မိသောကြောင့် စူးချင်းလည်း မပြုံးဘဲ မနေနိုင်တော့ပေ။

"လူကြီးမင်း၊ လူကြီးမင်း"

စူးချင်းက ရှောင်ချီနှင့် စကားပြောရန် ပြင်ဆင်လိုက်ချိန်တွင် အိမ်တော်ထိန်းက အပြေးရောက်လာပြီး စူးချင်းကို ခေါ်လိုက်သည်။

“လူကြီးမင်း၊ ကျွန်တော်ရဲ့သခင်ကြီးက အနက်ရောင်အညစ်အကြေးတွေ အများကြီး ထွက်ကြခဲ့ပြီး အခု သူက သွေးတောင်ထွက်နေပြီ။ သခင်ကြီးအတွက် အန္တရာယ်ရှိလား?"

စူးချင်းက ရှောင်ချီကို မေးခါနီးမှာပင် ရှောင်ချီက “သခင်၊ အဲဒါက ရောဂါကို ဖယ်ရှားနိုင်လိုက်တာပဲ”

“အဆင်ပြေတယ်၊ အကုန် သန့်ရှင်းသွားပြီးရင် သူ အဆင်ပြေသွားမှာပါ"

စူးချင်းက ရှောင်ချီ၏စကားကို အလေးအနက် ပြန်ပြောပြလိုက်ပြီး သူမက အလွန်တည်ငြိမ်စွာ ပြုမူနေခဲ့သည်။ အိမ်တော်ထိန်းက သူမ အလွန်တည်ငြိမ်ပြီး ယုံကြည်မှုရှိနေသည်ကို မြင်လိုက်ရသောကြောင့် အနည်းငယ် စိတ်သက်တောင့်သက်သာ ဖြစ်သွားပုံရသည်။

သို့သော် သူ စိုးရိမ်နေသေးသဖြင့် နောက်သို့ ပြန်လှည့်ကာ သူ့၏သခင်အိုကြီးကို ပြုစုစောင့်ရှောက်ပေးရန် ပြန်သွားတော့သည်။

စူးချင်းက ထိုအိမ်တော်ထိန်း၏ ကျောပ့င်ကို ကြည့်နေပြီး သူမက သူ့ကို သဘောကျနေခဲ့သည်။ သူက သစ္စာစောင့်သိတဲ့ လက်အောက်ငယ်သားတစ်ယောက်ဖြစ်ပြီး အထင်ကြီးဖို့ကောင်းတဲ့ အရည်အချင်းလည်း ရှိတယ်။

အိမ်တော်ထိန်းက သူမ၏သဘောကျမှုနှင့် ထိုက်တန်အောင် အကွက်မြင်တတ်သူလည်း ဖြစ်သည်။ သူက သူ့သခင်ကြီးကို ပြုစုစောင့်ရှောက်ပေးနေစဉ်မှာပင် စူးချင်းအတွက် လက်ဖက်ရည်နှင့် အဆာပြေများ ယူဆောင်သွားရန် အစေခံများအား အမိန့်ပေးလိုက်သေးသည်။

စူးချင်းက နားနေဆောင်တွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း အဆာပြေမုန့်များကို မြည်းစမ်းနေခဲ့သည်။ ရွှေငါးနီနီကြီးများက သူမ စားနေသည်ကို မြင်သွားပြီး အစာတောင်းရန် ရေထဲမှ ကူးလာပြီး ထိုမျှလောက် အသိဥာဏ်ကောင်းနေကြသည်။

စူးချင်းက မုန့်တစ်ပိုင်းကို ဖဲ့လိုက်ပြီး ချိုးခြေကာ ရေထဲသို့ ကြဲချပေးလိုက်သည်။ ရွှေငါးနီနီကြီးများက ထိုသရေစာမုန့်ကို လုစားရန် ကြိုးစားနေကြပြီး ရေထဲတွင် ရှည်လျားသော အနီရောင်နဂါးကြီးတစ်ကောင် ကူးခတ်နေသကဲ့သို့ လှပနေခဲ့သည်။

အိမ်ထဲတွင်လည်း သခင်ကြီးချူက ညနံ့သာအိုးနှစ်အိုးစာ စွန့်ထုတ်ခဲ့သည်။ အစပိုင်းတွင် လေးလံနေသော သူ့၏ခန္ဓာကိုယ်က ပေါ့ပါးလာပြီး အစပိုင်းတွင် အားနည်းနေသော သူ့၏ခန္ဓာကိုယ်က လန်းဆန်းတက်ကြွမှုများ ပြည့်လာသည်။ သူက ပုပ်သိုးဆွေးမြေ့နေသောသစ်သားကဲ့သို့ သေလုမြောပါးဖြစ်နေရာမှ နွေဦးတွင် ဖူးပွင့်သော သစ်ပင်ပေါက်စအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သခင်ကြီးချူက အလွန်ဝမ်းသာနေခဲ့သည်။ အိမ်တော်ထိန်းကပင် သူ့ကို ကူတွဲပေးစရာ မလိုတော့သောကြောင့် သူက ရေချိုးသန့်စင်လိုက်ပြီး သန့်ရှင်းသောအဝတ်များ ၀တ်ကာ အိမ်ထဲတွင် ပတ်လမ်းလျှောက်ရန် မစောင့်နိုင်တော့ပေ။

ဆရာကြီးချူက ဆယ်နှစ်ကျော်ကြာ ဖျားနာနေခဲ့သောကြောင့် ထိုကဲသို့ ပေါ့ပေါ့ပါးပါး လျှောက်မရသည်မှာ ကြာနေပြီ ဖြစ်သည်။ သူက အိမ်တော်ထိန်းကို ဝမ်းသာအားရ လှမ်းပြောလိုက်သည်။

“ဟား ဟား၊ လောင်မူ၊ နောက်ဆုံးတော့ ငါ အသက်ပြန်ရှင်လာပြီ။ အံ့ဖွယ်သမားတော်က ငါတို့အတွက် ကောင်းကင်ကပေးတဲ့ နတ်ဆေးသမားတော်ပဲ။ ဟင်းပွဲကောင်းတွေ ပြင်ဆင်ဖို့ မီးဖိုချောင်ကို အမြန်သွားလိုက်။ နတ်ဆေးသမားတော်ကို ညစာနဲ့ ဧည့်ခံချင်တယ်”

“ဟုတ်ကဲ့ပါ သခင်ကြီး”

ဤသည်မှာ ဆယ်နှစ်ကျော်အတွင်း သူ့သခင်ကြီး ပြုံးလိုက်သော ပထမဆုံး အကြိမ်ဖြစ်သည်။ ထို့ကြောင့် အစေခံအိုကြီးကလည်း သူ့သခင်ကြီးအတွက် ဝမ်းသာနေမိသည်။

“နတ်ဆေးသမားတော်ကို ပင်မအခန်းကို ဖိတ်ခေါ်လိုက်ပါ”

သခင်ကြီးချူက အိမ်တော်ထိန်းကို စူးချင်းအား အဓိကဧည့်ခန်းသို့ ဖိတ်ခေါ်ရန် တောင်းဆိုလိုက်သည်။ ဤအခန်းက အနံ့ဆိုးထွက်နေသောကြောင့် အံ့ဖွယ်သမားတော်ကို ဧည့်ခံရန် အသုံးမပြုနိုင်တော့ပေ။ လူအိုကြီးမူက ပြုံးပြီး ထွက်ခွာသွားခဲ့သည်။

“လူကြီးမင်း၊ လူကြီးမင်း ပင်မအခန်းမှာ အနားယူဖို့ သခင်ကြီးက ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်”

လူအိုကြီးမူက နားနေဆောင်သို့ ရောက်လာပြီး ငါးစာကျွေးနေသော စူးချင်းကို မြင်သောအခါ အပြုံးဖြင့် ဦးညွှတ်လိုက်သည်။

"သူ အဆင်ပြေသွားပြီလား?"

စူးချင်းက သူမ၏လက်ထဲမှ အမှုန်များကို ခါချလိုက်ပြီး အိမ်တော်ထိန်းကို ပြန်မေးလိုက်သည်။

“အဆင်ပြေသွားပါပြီ၊ အားလုံး အဆင်ပြေသွားပြီ။ ဆရာကြီးက အရမ်း ပျော်နေတယ်။ သခင်ကြီးက ဆယ်နှစ်ကျော်ကြာအောင် ဒီပြင်းထန်တဲ့ ရောဂါဝေဒနာကို ခံစားခဲ့ရပြီး အခု ပျောက်ကင်းသွားခဲ့ပြီ။ လူကြီးမင်း၊ လူကြီးမင်းက နတ်ဆေးသမားတော်ပါပဲ။ ဒါက တကယ်ကို ပျော်ရွှင်စရာကောင်းတဲ့ ကိစ္စပါ”

လူအိုကြီးမူက အပြုံးဖြင့် ပြန်ဖြေလိုက်ပြီး သူက စူးချင်းကို လေးလေးစားစားကြည့်နေကာ ကျေးဇူးတင်ကြောင်း ဖော်ပြနေသည်။

"အဲဒါ ကောင်းတယ်။ ကျွန်တော်အတွက် ဆေးကုခပေးပါ။ ကျွန်တော်မှာ အလေတကြီး လုပ်စရတွေ ရှိနေသေးတယ်"

စူးချင်းက မတ်တပ်ထရပ်လိုက်သည်။ လူနာက သက်သာလာပြီဆိုတော့ သူမ ပိုက်ဆံယူပြီး ထွက်သွားတော့မယ်လေ။

အိမ်တော်ထိန်းက အနည်းငယ် စိုးရွံ့သွားခဲ့သည်။ ဒီလူကြီးက လုံးဝ စိတ်မရှည်ဘူးပဲ။

“လူကြီးမင်း၊ သခင်ကြီးက လူကြီးမင်းရဲ့ကုသပေးမှုအတွက် ကျေးဇူးတင်ဖို့ စားသောက်ပွဲကို ပြင်ဆင်ထားပြီးပြီ။ ဆေးကုခအတွက်လည်း စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော်တို့ သခင်ကြီးက လူကြီးမင်းကို ပိုပေးပါလိမ့်မယ်"

လူအိုကြီးမူက စူးချင်းကို အပြုံးဖြင့် ရှင်းပြလိုက်သည်။

"စားသောက်ပွဲလား?"

စူးချင်းက ခဏလောက် စဉ်းစားနေခဲ့သည်။

ဒါလည်း ကောင်းတာပဲ။ ချင်ဖုန်းကို ကယ်တင်ဖို့ စထွက်ကတည်းက ငါ ကောင်းကောင်းမွန်မွန် ဘာမှ မစားခဲ့ရသေးဘူး။ ကောင်းမွန်တဲ့ အစားအသောက်နဲ့ အရက်တွေ ဆိုတာက ဖြုန်းတီးဖို့ မသင့်တော်ဘူး။ ငါ့ရဲ့ဗိုက်ကို ငါ ပြုစုပေးသင့်တယ် သူက ငါနဲ့အတူ ဒုက္ခခံပေးခဲ့တယ်။

ရှောင်ချီက ပိုးများကို အစာကျွေးရန်အတွက် ခြင်းတောင်းကြီးရှေ့တွင် ထိုင်နေခဲ့သည်။ သူမသခင်၏အတွေးသံကို ကြားရချိန်တွင် သူမက သူမ သခင်၏ဝမ်းဗိုက်ကို မနာလို ဖြစ်နေမိသည်။

သူမရဲ့သခင်က သူမအတွက်တောင် အဲ့လိုမတွေးပေးဖူးဘူး။

ငါ ရှောင်ချီအတွက် အစားအသောက်ကောင်းတွေ များများ လုပ်ပေးရမယ်။ ငါ ပိုက်ဆံများများ ရှာရမယ်!

ရှောင်ချီ စိတ်ဓာတ်ကျနေချိန်မှာပင် သူမသခင်၏အတွင်းစိတ်မှ အသံကို ကြားလိုက်ရသောကြောင့် ရှောင်ချီတစ်ယောက် စနစ်ထဲတွင် ပျော်ရွှင်စွာ ကခုန်လိုက်တော့သည်။

သခင်က ရှောင်ချီကို အရမ်းချစ်တယ်လို့ တခြားစနစ်ကလေးတွေကို ပြောပြချင်လိုက်တာ....

စူးချင်းက အိမ်တော်ထိန်းနှင့်အတူ အရှေ့ဘက်ခြံမှ ပင်မဧည်းခန်းသို့ လိုက်သွားခဲ့သည်။ ထိုခြံဝင်းထဲမှ အိမ်က တခြားအိမ်များထက် ပိုကောင်းနေပြီး အိမ်အတွင်းရှိ ပရိဘောဂများကလည်း သပ်ရပ်ပြီး ခန့်ထည်ကာ လှပနေသည်။ ရှေးဟောင်းပစ္စည်းစင်ပေါ်ရှိ ရှေးဟောင်းပစ္စည်းများအားလုံးက အဖိုးတန်လှသည်။

သခင်ကြီးချူက ခရမ်းရောင်ဝတ်ရုံတစ်ထည် ပြောင်းလဲဝတ်ဆင်ထားပြီး ယခင်က ညှိုးငယ်နေသော သူ့မျက်နှာက ယခုအချိန်တွင် စိတ်ဓာတ်ကြံ့ခိုင်ပြီး ကျန်းမာရေးကောင်းမွန်သော လူတစ်ယောက်၏မျက်နှာနှင့်ဆင်တူနေပြီး သွေးရောင်သန်းနေသည်။ သူက သမားတော် ရောက်လာမည်ကို စောင့်မျှော်နေရင်း စိတ်လှုပ်ရှားနေမိသည်။

“ဒီအဘိုးကြီးကို ကုသပေးတဲ့အတွက် နဆ်ဆေးသမားတော်ကို ကျေးဇူးတင်ပါတယ်”

စူးချင်းကို လူအိုကြီးမူမှ ဖိတ်ခေါ်လာသည်ကို မြင်လိုက်ချိန်တွင် သခင်ကြီးချူက လက်သီးအုပ်ကာ ကြိုဆိုလိုက်သည်။ သူ့အသံတွင်ပင် အားအင်များ ပြည့်ဝနေပြီး ပျော့ညံ့သော အရိပ်အယောင်ဟူ၍ တစ်စိုးတစိမျှ မရှိတော့ပေ။

စူးချင်းက မှိုင်းမှုံနေသော မျက်လုံးများမှ အသက်ပြန်ဝင်လာခဲ့သည့် သခင်ကြီးချူကို တစ်ချက်ကြည့်လိုက်သည်။ အဘိုးအိုက ကြင်နာသောဟန်ပန် ရှိပြီး သူ့အပြုံးက နွေဦးကဲ့သို့ နွေးထွေးနေသည်။

"သခင်ကြီးချူက အရမ်း ယဥ်ကျေးလွန်းနေပါပြီ”

စူးချင်းက သခင်ကြီးချူကို တစ်ချက်ကြည့်လိုက်ပြီး သူ ပြန်ကျန်းမာလာပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထို့နောက် သူမက လက်သီးအုပ်ကာ ယဥ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်လိုက်သည်။

"ကျေးဇူးပြုပြီး ထိုင်ပါ"

သခင်ကြီးချူက ဤသာမန်ပုံသဏ္ဍာန်ရှိသော နတ်ဆေးဆရာကို အလွန်လေးစားနေလေသည်။

အမှန်တော့ လူတစ်ယောက်ကို ကြည့်ရတာက စာအုပ်တစ်အုပ်ကို ကြည့်ရတာနဲ့အတူတူပဲ။ အဖုံးကို ကြည့်ရုံနဲ့ အကဲဖြတ်နိုင်တာမျိုး မဟုတ်ဘူး။

စူးချင်းက စုကျိုးတွင် လူနာကို ကုသပေးခြင်းဖြင့် ငွေရှာနေချိန်တွင် ချိုးယုံခန်းက တောထဲမှ သူ့ညီမ၏အလောင်းကို ကြည့်ကာ မျက်ရည်များဝဲနေရင်း သစ်ပင်ပေါ်မှ ကြိုးကို ဖြုတ်ချလိုက်သည်။

ဆာလောင်နေသော ဘေးဒုက္ခသည်များက သူ့ညီမ၏အလောင်းအား ချက်ပြုတ်စားသောက်မည်ကို စိုးရိမ်သောကြောင့် ချိုးယုံခန်းက သူ့ညီမလေးကို သင်္ဂြိုဟ်ပေးရန် လှပသော နေရာတစ်ခု ရှာဖွေရင်း သူမ၏အလောင်းကို တောနက်ထဲသို့ သယ်ဆောင်သွားလိုက်သည်။

သို့သော်လည်း တစ်စုံတစ်ယောက်က သူ့ကို တွေ့သွားခဲ့ပြီး သူ့နောက်မှ နောက်ယောင်ခံလိုက်လာသည်ကိုတော့ သူ သတိမပြုမိခဲ့ပေ။

All Chapters