← Chapters

အခန်း (၁၅၆)

Vol. 11 Ch. 156

အခန်း (၁၅၆)

Vol. 11 Ch. 156

သူတို့ ထောင်ဟွားဝူမှ ထွက်လာစအချိန်ကတည်းက ခေါ်ဆောင်လာခဲ့သော နွားအိုကြီးက သေဆုံးသွားခဲ့သည်။ ဤနွားအိုကြီးက သူတို့အတွက် နွေဦးထွန်ရက်ခြင်းနှင့် ဆောင်းဦးရိတ်သိမ်းခြင်းများ အပါအဝင် ကောင်းကျိုးများစွာ ဆောင်ရွက်လုပ်ကိုင်ပေးခဲ့သည်။ ယခု ကပ်ဘေးဒုက္ခမှ ထွက်ပြေးတိမ်းရှောင်ကြချိန်တွင်လည်း လှည်းဆွဲရန် အားကုန် ကြိုးပမ်းပေးခဲ့ပြီး နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်မှုကြောင့် လမ်းပေါ်တွင် သေဆုံးသွားခဲ့သည်။

ထောင်ဟွားဝူ ရွာသူရွာသားများက နွားအိုကြီး သေသွားသည်ကို သိလိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်သွားကြသည်။ ထို့အပြင် နွားအိုကြီးက သူတို့အတွက် အလုပ်ပေါင်းများစွာ လုပ်ပေးခဲ့သောကြောင့် သူတို့က နွားအိုကြီး၏အသားကို စားရန် ဝန်လေးနေကြသည်။

သို့သော်လည်း သူတို့ မစားဘဲနေလျှင်ပင် တခြားသောဘေးဒုက္ခသည်များ ယူငင်စားသောက်မည်ကို မတားနိုင်ကြပေ။ ယခုပင်လျှင် ဘေးဒုက္ခသည်များက နွားအိုကြီး၏ခန္ဓာကိုယ်ကို တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်နေကြပြီ ဖြစ်သည်။

"သားရေကို ခွာယူပြီး အသားကို စားကြမယ်"

ရွာလူကြီးချိုးက မျက်ရည်များ ဝဲနေသည့် မျက်လုံးထဲဖြင့် အမိန့်ပေးလိုက်သည်။ ဤအရာက ထောင်ဟွားဝူမှ လူအများအတွက် နွားအိုကြီး၏ နောက်ဆုံး အကျိုးဆောင်မှု ဖြစ်သည်။

“အရိုးတွေကို သေသေချာချာ မြှုပ်ပေးပြီး သူ ငြိမ်ငြိမ်သက်သက် အနားယူနိုင်အောင် လုပ်ပေးလိုက်ပါ”

ရွာလူကြီးချိုးက လူငယ်များကို သတိထပ်ပေးလိုက်ပြီး ဆက်မကြည့်ရက်တော့သော ပြန်ထွက်သွားခဲ့သည်။ ထို့အပြင် ထောင်ဟွားဝူမှ ငွေများကို ချိုးယွဲ့ ခိုးယူသွားခဲ့သည့် အဖြစ်အပျက်၏နောက်ပိုင်းတွင် ရွာလူကြီးချိုးက ရွာသားများ၏ရှေ့တွင် စကားပြောရန် လုံလောက်သော ယုံကြည်မှု မရှိတော့သလို အမြဲခံစားနေရသည်။

စူးချင်းကတော့ နွားအိုကြီး၏ခန္ဓာကိုယ်ကို မြင်လိုက်သည်နှင့် နွားအရွတ်ကို ချက်ချင်း တွေးလိုက်မိသည်။ ဆံပင်နှင့် ပြုလုပ်ထားသည့် ဒူးလေးများက တစ်ကြိမ် အသုံးပြုပြီးသည်နှင့် ဆံကျစ်ကြိုးများ ပြတ်တောက်သွားနိုင်သည်။ ထို့ကြောင့် အကြမ်းခံသောနွားအရွတ်က အကောင်းဆုံးပစ္စည်းဖြစ်သည်။

ထို့အပြင် သားရေကိုလည်း သားရေဖိနပ် ချုပ်ရာတွင် အသုံးပြုနိုင်သည်။ ကျင့်ရှီလျိုမြောင်က အလွန်အေးသောနေရာ ဖြစ်ပြီး သားရေဖိနပ်များအတွင်းတွင် ချည်ခြေအိတ်များ ဝတ်ဆင်ထားပါက အအေးဒဏ်ကို ခံနိုင်ရည်ရှိမည် ဖြစ်သည်။

ကျိရွှေရှန့်ကလည်း စူးချင်း ရထားလုံးတစ်စီး ပြန်မောင်းလာသည်ကို မြင်လိုက်ရသောကြောင့် နောက်ဆုံးတွင် ချိတ်ဆွဲခံထားရသလို ဖြစ်နေသည့် သူ့နှလုံးသားက သက်တောင့်သက်သာဖြစ်သွားခဲ့သည်။

စူးချင်းက ရထားလုံးကို သစ်ပင်တွင် ချည်ထားလိုက်သည်။ သခင်ကြီးချူက အလွန် တွေးတောဆင်ခြင်တက်ပြီး ရထားလုံးပေါ်တွင် အစားအစာ၊ ဆားနှင့် အများသုံး ဆေးဘက်ဝင်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ လမ်းပေါ်တွင် စားနိုင်ရန် မုန့်ပေါင်း(မန်ထို)ဒါဇင်ပေါင်းများစွာနှင့် လက်ရာမြောက်သော အချိုပွဲနှစ်ဘူးကိုလည်း ထည့်ပေးလိုက်သေးသည်။

စူးချင်းက သေနေသော နွားအိုကြီးကို လှမ်းကြည့်လိုက်ပြီး အမဲသားချက်ပြုတ်နည်းများကို စတင်တွေးတောနေပြီ ဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမက အသားအချို့ကို ချက်ပြုတ်ပြီး ကျန်အသားများကို အမဲခြောက်ဖြစ်အောင် ပြုလုပ်ပြီး လမ်းတွင် စားနိုင်ရန် သယ်ဆောင်သွားဖို့ တွေးတောပြီးပြီ ဖြစ်သည်။

သူမ၏သခင် အမဲသားကို ချက်ပြုတ်ချင်နေကြောင်း သိလိုက်သည်နှင့် တပြိုင်နက် ရှောင်ချီက သူမကို ဘာမှ မေးစရာပင် မလိုဘဲ ချက်ပြုတ်နည်းများ ရှာရန် ချက်ချင်း ပြေးထွက်သွားခဲ့သည်။ ရှောင်ချီက အလွန် ဂရုစိုက်ပေးထက်သော အနွေးအင်္ကျီလေးဖြစ်သလို ဘာမှ အထွန့်မတက်ဘဲ ကြိုးကြိုးစားစားလုပ်ကိုင်ပေးသည့် လက်အောက်ငယ်သားကောင်းတစ်ဦးဖြစ်ကြောင်း စူးချင်းက ခံစားလိုက်မိသည်။

"အစ်မ၊ မြန်မြန်လာပါ၊ မွေးစားအမေကို ကြည့်ပေးပါဦး"

ကျိရှောင်ယင်က စူးချင်းကို တွေ့သည်နှင့်တပြိုင်နက် ကယ်တင်ရှင်ကို တွေ့လိုက်သလို သူမထံသို့ ပြေးလာကာ သူမကို အလောတကြီး ဆွဲခေါ်နေတော့သည်။

"ခဏနေဦး၊ ငါ တစ်ခုခု ယူလိုက်ဦးမယ်"

ထိုမှသာ စူးချင်းက ဒဏ်ရာရရှိသူ သုံးဦးလည်း ရှိနေသည်ကို ပြန်မှတ်မိသွားခဲ့သည်။ ယခုအခါ စနစ်မှပေးသော ခွဲစိတ်ကိရိယာများကို အသုံးပြုရတော့မည် ဖြစ်သည်။ သူမက ရထားလုံးပေါ်သို့ ပြန်တက်သွားပြီး ကျိရှောင်ယင်က စူးချင်း နောက်ထပ်ရထားလုံးတစ်စီး ပြန်သယ်လာသည်ကို သိသွားကာ အံ့သြနေခဲ့သည်။

စူးချင်းက ရထားလုံးထဲသို့ ၀င်သွားပြီး စနစ်မှ ပေးထားသော ခွဲစိတ်ခန်းသုံးကိရိယာများနှင့် ဆေးဝါးများကို ထုတ်ယူလိုက်သည်။ ထို့နောက် သခင်ကြီးချူပေးလိုက်သော မုန့်များကို ကျိရှောင်ယင်အတွက် ယူပေးလိုက်သည်။

"ကျွန်မ မစားချင်ဘူး"

ကျိရှောင်ယင်က ခေါင်းယမ်းလိုက်ပြီး အချိုပွဲများကို ရထားလုံးပေါ်သို့ ပြန်တင်လိုက်ကာ သူမ မစားချင်ကြောင်း ငြင်းဆန်လိုက်သည်။

စူးချင်းက အမျိုးသမီးလီ လဲလျောင်းနေသည့် ရထားလုံးဆီသို့ ကျိရှောင်ယင်နှင့်အတူ လိုက်ပါသွားခဲ့သည်။ အမျိုးသမီးလီက သတိလစ်နေပြီး သူမ၏မျက်နှာက ဖြူဖျော့နေသည်။ သူမ၏ဒဏ်ရာ ဘေးပတ်ဝန်းကျင်မှ အသားများက အရောင်ပြောင်းနေပြီး ခရမ်းရောင်ဖျော့ဖျော့ ဖြစ်နေပြီ ဖြစ်သည် ။ ကျိရွှေရှန့်က ဒဏ်ရာကို ဆေးထည့်ပေးခဲ့သော်လည်း ထိုဆေးက ပေါ့ပါးသောဒဏ်ရာများအတွက်သာ သုံးနိုင်သည့် သာမန်ဆေးတစ်မျိုးသာ ဖြစ်သည်။ ရောင်ယမ်းနေသောဒဏ်ရာများအတွက် မသုံးမဝင်နိုင်ပေ။

"ရှောင်ယင်၊ အပြင်ထွက်ပြီး ငါ့အတွက် ကူစောင့်ကြည့်ပေးဦး။ ငါ့ကို ဘယ်သူမှ လာမနှောက်ယှက်စေနဲ့"

စူးချင်းက အမျိုးသမီးလီ၏ဒဏ်ရာကို ပြန်ချုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူမ၏ခေတ်မီခွဲစိတ်ခန်းသုံးကိရိယာများကို ပြင်ပလူများ မမြင်သွားစေချင်သောကြောင့် သူမ ရထားလုံးပေါ်ရှိ အမျိုးသမီးလီ၏ဒဏ်ရာကို ချုပ်ပေးနေစဉ် ကျိရှောင်ယင်ကို အပြင်ထွက်စေကာ စောင့်ကြည့်ပေးရန် တောင်းဆိုလိုက်ခြင်းခဲ့သည်။

ယခုအခါ သူမ၏ ဆေးပညာကျွမ်းကျင်မှုက အဆင့်ခုနစ်သို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် ဒဏ်ရာချုပ်ခြင်းကဲ့သို့သော အသေးစားပြဿနာများကို ကိုင်တွယ်ဖြေရှင်းရသည်မှာ သူမအတွက် လွယ်ကူလွန်းလှသည်။ အမျိုးသမီးလီ၏ ဒဏ်ရာက နက်လွန်းနေပြီး အပြင်တစ်လွှာတည်းကို ချုပ်လျှင်ပင် မလုံလောက်တော့ဘဲ အတွင်းအဆီလွှာကိုပါ ပြန်ချုပ်ထားရန် လိုအပ်နေသည်။ ထို့အပြင် သူမ၏ဒဏ်ရာကို ပိုးသတ်ရန်လည်း လိုအပ်နေပြီး ထိုသို့မလုပ်ပါက အတွင်းရော အပြင်ပါ ပုပ်သွားပြီး ပြင်းထန်သော ရောဂါပိုးများ ဝင်ရောက်စေလိမ့်မည်။

သတိလစ်နေသော အမျိုးသမီးလီက အပ်ဖြင့် အချုပ်ခံရသည့် နာကျင်မှုကြောင့် သူမ၏မျက်ခုံးများကို တင်းတင်းကျပ်ကျပ် စုကျုံထားကာ တိုးတိုးလေး ညည်းတွားနေခဲ့သည်။ အပြင်ဘက်တွင် ရှိနေသည့် ကျုံးယုံက သူ့မိခင် နာနာကျင်ကျင် ညည်းညူနေသည်ကို ကြားသွားပြီး သူ့အမေနှင့် အတူနေပေးရန် ရထားလုံးထဲသို့ သွားချင်နေသော်လည်း ကျိရှောင်ယင်က သူ့ကို တားထားလိုက်သည်။

“အစ်မစူးချင်းက မွေးစားအမေကို ကယ်တင်ပေးနေတယ်။ မနှောင့်ယှက်နဲ့"

ကျုံးယုံက စူးချင်းကို မနှောင့်ယှက်ရဲသောကြောင့် ရထားလုံးရှေ့တွင် စက်ဝိုင်းပုံစံ လှည့်ပတ်လမ်းလျှောက်နေခဲ့သည်။

တစ်ဖက်တွင်တော့ အ‌ဒေါ်ချိုးက သူမ၏သားကို မည်သူမျှ မရှိသည့်နေရာတစ်ခုသို့ ဆွဲခေါ်သွားပြီး သူ့ကို ထပ်မေးမြန်းနေခဲ့သည်။

"ယုံခန်း၊ မင်း ချိုးယွဲ့ကို တကယ် မတွေ့ခဲ့ဘူးလား?"

ချိုးယုံခန်းက သူ့မိခင်၏စိုးရိမ်သောက ရောက်နေသည့် မျက်လုံးများကို မမြင်ရက်တော့ပေ။ သို့သော်လည်း သူ့ညီမ သေသွားကြောင်း သိသွားခဲ့လျှင် သူ့အမေက ပို၍ စိတ်မကောင်းဖြစ်သွားပေလိမ့်မည်။ မျှော်လင့်ချက်တစ်ခုရှိနေခြင်းက သူမအတွက် ပိုကောင်းသောကြောင့် သူက လိမ်ညာရန်သာတက်နိုင်တော့သည်။

“ဟုတ်ကဲ့”

“မိန်းကလေးတစ်ယောက်က ဒီလိုဖရိုဖရဲကာလမှာ ဘယ်လို ရှင်သန်နိုင်မှာလဲ? ချိုးယွဲ့က သေဖို့ တောင်းဆိုနေတာ မဟုတ်ဘူးလား?"

အ‌ဒေါ်ချိုးက ဂရုဏာဒေါသော ဆူပူနေသော်လည်း ချိုးယုံခန်းက ခေါင်းငုံ့နေပြီး စကားတစ်ခွန်းမှ ထပ်မပြောတော့ပေ။

"ထားလိုက်ပါတော့။ သူ(မ)ကြောင့် လူတိုင်းကို ကျောခိုင်းလို့ မဖြစ်ဘူး။ သူ့(မ)ရဲ့အသက်နဲ့ သေခြင်းက ငါတို့နဲ့ မဆိုင်တော့ဘူး။ ဒါက သူ(မ) တောင်းဆိုတဲ့ အရာပဲ”

ခဏအကြာ ငိုပြီးနောက် အ‌ဒေါ်ချိုးက သူမ၏ မျက်ရည်များကို ပြတ်ပြတ်သားသား ပြန်သုတ်လိုက်သည်။

ချိုးယွဲ့ ပြန်ရောက်လာရင်တောင် သူမက ထောင်ဟွားဝူအဖွဲ့မှာ နေနိုင်တော့မှာ မဟုတ်ပါဘူး။ သူမက အများပိုင်ငွေတွေကို ခိုးယူသွားတာကြောင့် သူမ ပြန်လာလည်း တံတွေးခွက်ထဲမှာ ပက်လက်မျောရလိမ့်မယ်။ သူမ ကောင်းမွန်တဲ့ မိသားစုနဲ့ တွေ့ဆုံပြီး အေးချမ်းတဲ့ ဘဝနဲ့ နေထိုင်နိုင်ဖို့ပဲ မျှော်လင့်နိုင်တော့တယ်။

စူးချင်းက အမျိုးသမီးလီ၏ ဒဏ်ရာကို ချုပ်ပေးပြီး ပတ်တီးစည်းပေးလိုက်ကာ ရောင်ရမ်းမှုကို သက်သာစေမည့်ဆေးနှင့် သွေးအားဖြည့်ဆေးတချို့ ထပ်တိုက်လိုက်သည်။ အမျိုးသမီးလီ၏အသားအရေက ပိုကောင်းလာပြီး သူမ နာကျင်ခံစားနေသည်ကို မမြင်ရတော့ပေ။ သူမက အလွန်အေးချမ်းစွာ အိပ်ပျော်သွားပုံရသည်။

"ရှောင်ယင်၊ မင်း သူ(မ)ကို ဂရုစိုက်​​နော်​"

စူးချင်းက ရထားလုံး၏ကန့်လန့်ကာကို ဖွင့်လိုက်ပြီး အမျိုးသမီးလီကို စောင့်ရှောက်ပေးရန် ကျိရှောင်ယင်ကို တောင်းဆိုလိုက်သည်။ ထို့နောက် သူမက ကျန်းလောင်ချီနှင့် ဝမ်ယို့လျန်တို့၏ဒဏ်ရာများကို သွားစစ်ဆေးလိုက်သည်။ သူတို့ထံတွင် ဒဏ်ရာများ အများကြီး ရှိနေသော်လည်း အမျိုးသမီးလီ၏ဒဏ်ရာလောက် မပြင်းထန်ပေ။ သူတို့က သွေးအလွန်အကျွံ ဆုံးရှုံးခဲ့ခြင်းကြောင့် သတိလစ်နေကြခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ကျိရှောင်ယင်က သူတို့ကို အနီရောင်ဆေးများ အချိန်မီ ထည့်ပေးခဲ့သောကြောင့် သွေးထွက်လွန်သွားသော်လည်း အသက်အန္တရာယ်ကိုတော့ မစိုးရိမ်ရပေ။ ကျိရွှေရှန့်က သူတို့၏ဒဏ်ရာများကို ကုသပြီးသားဖြစ်သော်လည်း စူးချင်းက ထပ်မံကုသပေးခဲ့သည်။ ဒဏ်ရာနက်သော အစိတ်အပိုင်းများကို နှစ်ချက်ခန့် ချုပ်ပေးလိုက်ပြီး ဒဏ်ရာများကို ဆေးကြောသန့်စင်ကာ ရောင်ရမ်းမှု သက်သာစေမည့်ဆေးများ ထပ်လိမ်းပေးလိုက်ပြီး သန့်ရှင်းသော အဝတ်အသစ်ဖြင့် ဒဏ်ရာများကို ပြန်စည်းပေးလိုက်သည်။

လီရွှမ်းအာနှင့် ကျန်းယွိရန်တို့က အဝတ်ဟောင်းများကို မစွန့်ပစ်ဘဲ ရေလျှော်ရန် ယူသွားကြသည်။

စူးချင်းက ဒဏ်ရာရသူများကို ဆေးကုသပေးပြီးချိန်တွင် တခြားသူများကလည်း နွားအိုကြီး၏အရေခွံကို ခွာပြီး ၎င်း၏အတွင်းအင်္ဂါများကို ဖယ်ရှားကာ အသားကိုလည်း သီးခြား ဖယ်ထုတ်ထားပြီး ဖြစ်သည်။

တချို့လူများက နွားခေါင်းနှင့် အရိုးများကို ယူသွားပြီး သွားမြှုပ်ရန် ပြင်နေကြသည်။ ၎င်းတို့ကို ဘေးဒုက္ခသည်များ ပြန်လည်တူးဖော်စားသောက်ခြင်းမှ ကာကွယ်ရန် ကျိရွှေရှန့်က ၎င်းတို့အား တောနက်ထဲတွင် မြှုပ်နှံရန် သူ့လူများအား အမိန့်ပေးခဲ့သည်။ တောနက်သည့် တောင်တန်းများပေါ်တွင် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များ ရှိနေသောကြောင့် သာမာန် ဘေးဒုက္ခသည်များက ထိုနေရာသို့ မသွားရဲကြပေ။

နွားအိုကြီးက အိုမင်းနေပြီ ဖြစ်ကာ ပိန်လွန်းသောကြောင့် အသားလည်း သိပ်မရှိတော့ပေ။ စူးချင်းက နံရိုးအားလုံးကို လှီးဖြတ်ပြီး အိုးကြီးတစ်လုံးဖြင့် ပြုတ်ထားလိုက်သည်။ နွားအိုကြီးက ပြုတ်ရန် မလွယ်ကူသောကြောင့် တောရိုင်းဘယ်ရီသီး အများအပြား ထပ်ထည့်လိုက်သည်။

နွား၏နောက်ခြေထောက်များနှင့် ဦးနှောက်၏အပေါ်ပိုင်းက အသားကင်အတွက် အကောင်းဆုံး ဖြစ်သော်လည်း တခြားဒုက္ခသည်များ၏ လောဘကြီးသောမျက်လုံးများအောက်တွင် ၎င်းကဲ့သို့သော ဆွဲဆောင်မှုရှိသော အစာကို ပြလုပ်ရန် မဖြစ်နိုင်ပေ။

စူးချင်းက အိုးတစ်လုံးစာ အသားပြုတ်ထားပြီး နောက်အိုးတစ်လုံးကို ရေနွေးငွေ့ဖြင့် ရိက္ခာခြောက်ဖြစ်အောင် ပေါင်းထားခဲ့သည်။ အလျင်စလို ခရီးထွက်ရသည့်အချိန်မျိုးတွင် ချက်ပြုတ်ရန် အချိန်မရှိသောကြောင့် လမ်းပေါ်တွင် စားရန် ရိက္ခာခြောက်များ များများ လုပ်ထားရပေမည်။

ကျန်အမဲသားများအတွက်မူ စူးချင်းက ရှောင်ချီပေးသော နည်းလမ်းအတိုင်း အားလုံးကို လှီးဖြတ်ပြီး အမဲခြောက် လုပ်ရန် စီစဉ်ထားခဲ့သည်။ သို့သော် ရှုပ်ထွေးသော အမဲသားချောင်းခြောက် ပြုလုပ်ပုံအဆင့်ဆင့်ကို မြင်ပြီးနောက်တွင် စူးချင်းက ထိုအရာကို စွန့်လွှတ်လိုက်တော့သည်။

သူမ အဲဒါကို လုပ်နိုင်ပေမယ့် အခြေအနေတွေက ခွင့်မပြုဘူး။ သူမ ဒီလိုလုပ်မယ်ဆိုရင် ဒီနေ့ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ အချိန်တွေ အများကြီးကုန်သွားလိမ့်မယ်။

ထို့ကြောင့် သူမက အမဲသားအားလုံးကို ရေမကျန်အောင် ပြုတ်လိုက်သည်။ အမဲသားပြုတ်က လမ်းပေါ်တွင် စားရ အဆင်ပြေသလို အရသာလည်း ကောင်းပေလိမ့်သည်။ ဟင်းပွဲအသစ်အဖြစ်လည်း သတ်မှတ်နိုင်သည်။

စူးချင်းက လီတာ့နျိုကို နွား၏ကလီစာများ သန့်စင်ပေးရန် တောင်းဆိုလိုက်သည်။ ထို့နောက် သူမက ထိုကလီစာများကို အိုးကြီးထဲ ထည့်လိုက်ပြီး အနံ့အသက်ပျောက်စေရန် ဟင်းခတ်အမွှေးအကြိုင်များ ထပ်ထည့်လိုက်သည်။

ဒါက လုံးဝ ရိုးရှင်းပြီး တိုက်ရိုက်ဆန်တဲ့ ချက်ပြုတ်နည်းတစ်ခုပဲ။ ငတ်မွတ်ခေါင်းပါးတဲ့ ဒီလိုကာလကြီးမှာ ဘယ်အရာကိုမှ အလဟဿ အဖြစ်မခံနိုင်ဘူးလေ။

သို့သော်လည်း စူးချင်းက စိတ်မကောင်းဖြစ်နေသေးသည်။

အခု ပြေးလွှားနေရလို့ပေါ့... မဟုတ်ရင်၊ ဒီအရာတွေကနေ လုပ်ထားတဲ့ဟင်းလျာကောင်းကောင်းနဲ့ အရက်ကောင်းကောင်းက တွဲဖက်ညီနေလိမ့်မယ်။

တခြားဒုက္ခသည်များကလည်း ဆာလောင်နေကြပြီး သူတို့၏ဗိုက်များက တဟုန်ထိုး အသံမြည်နေကြသည်။ သူတို့က ဤစွဲဆောင်မှုရှိသော ရနံ့ကို စွဲစွဲမက်မက် အနံ့ခံကာ လာရောက် လုယူချင်ကြသော်လည်း ကျုံးယုံက တခြားသူ၏ခေါင်းကို သံတူကြီးဖြင့် ရိုက်ခွဲနေသော ကြောက်စရာကောင်းသည့် မြင်ကွင်းကို ပြန်တွေးလိုက်မိသောအခါတွင် မည်သူမျှ မလာရဲကြတော့ပေ။

တစ်ရှီးချန်(နှစ်နာရီ)ကျော်ကြာအောင် ပြုတ်ပြီးနောက် အသားက အဆင်သင့် ဖြစ်သွားခဲ့သည်။ နွားအိုကြီးအတွက် ခံစားချက်ရှိသော ထောင်ဟွားဝူမှ လူတစ်ချို့ကတော့ ထိုအသား မစားနိုင်သည့်အတွက် သူတို့၏အစာခြောက်များကို ထုတ်ယူစားသောက်နေကြသည်။

စူးချင်းနှင့်ကျုံးယုံတို့ကတော့ နွားအိုကြီးအတွက် ခံစားချက် မရှိသော်လည်း စူးချင်းက သခင်ကြီးချူ၏အိမ်တွင် စားပြီးပြီဖြစ်သောကြောင့် ထပ်မစားတော့ပေ။ သို့သော် သူ့အမေ အန္တရာယ် မရှိတော့သည်ကို မြင်လိုက်ရသည့် ကျုံးယုံ၏အစာစားချင်စိတ်ကတော့ တရိပ်ရိပ် တိုးလာပြီး သူက သူ့ပါးစပ်ကို အကျယ်ကြီး ဖွင့်ဟလိုက်သည်။

ချိုးယုံခန်းက အမဲသားပြုတ်များ အများကြီး ကျန်နေသေးသည်ကို မြင်သွားပြီး ရောင်းရန် ဆိုင်တစ်နေစာ ရှင်းလင်းလိုက်သည်။ သို့သော် သူ ဆိုင်မဖွင့်မသေးမိမှာပင် အနောက်ဘက်က ပရမ်းပတာ ဖြစ်လာခဲ့သည်။

All Chapters