← Chapters

ပုန်ကန်မှု

Vol. 11 Ch. 159

ပုန်ကန်မှု

Vol. 11 Ch. 159

ထိုအဖွဲ့က “ကောင်းကင်ဘုံကိုယ်စား တရားမျှတအောင် ဆောင်ရွက်မယ်” ဟူသော စကားလုံးများ ရေးသားထားသည့် စုတ်ပြတ်သတ်နေသော အလံကို ကိုင်ဆောင်ထားသည့် သာမန်လူများသာ ဖြစ်သည်။ သူတို့က သာမန်လူများကဲ့သို့ ဝတ်ဆင်ထားပြီး ထိုစာများ ရေးသားထားသည့် အလံကပင် မည်သည့်နေရာမှ ကောက်ယူထားမှန်း မသိနိုင်သလို ဖြစ်နေပြီး ဓားပြများ အသုံးပြုသော အလံနှင့်ပင် ဆင်တူနေလေသည်။

ခေါင်းဆောင်လာသူက အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်ပြီး သူ့ထံတွင် ထူထဲသော မျက်ခုံးများ၊ ကျားသစ်ကဲ့သို့သောမျက်လုံးများနှင့် မုတ်ဆိတ်မွေးအပြည့်ရှိနေသည်။ အဝေးမှကြည့်လျှင် ကျိရွှေရှန့်၏မုတ်ဆိတ်မွေးအပြည့်မျက်နှာကြီးနှင့်ပင် ခပ်ဆင်ဆင် တူ‌နေခဲ့သည်။

ထိုအဖွဲ့တွင် လူရာဂဏန်းခန့်ရှိပြီး ၎င်းတို့အားလုံးက လူမွဲများဖြစ်ကြသည်။ အများစုက ဒုက္ခသည်များဖြစ်ကာ ဓားပြများပင် ရောနှောပါဝင်နေသေးသည်။

မုတ်ဆိတ်မွေးရှိသည့် ခေါင်းဆောင်က ကျယ်လောင်သောအသံဖြင့် “တော်ဝင်ရုံးတော်က အဓိပ္ပာယ်မဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့တယ်။ သူတို့က ငါတို့ရဲ့အသက်တွေနဲ့ ဘဝတွေကို ဂရုမစိုက်ကြဘူး။ အရည်အချင်းမရှိဘဲ ရာဇပလ္လင်ကို သိမ်းပိုက်ထားတဲ့ ခွေးဧကရာဇ်ကို ဖြုတ်ချပြီး အိမ်ရှေ့စံမင်းသားမင်ဟန်ကို ပြန်လည်တင်မြှောက်ကြမယ်။ အဲ့အချိန်ကြရင် ငါတို့က နဂါးမျိုးဆက်ရဲ့နောက်လိုက်တွေ ဖြစ်လာပြီး ဘိုးဘေးတွေကို ဂုဏ်တက်စေလိမ့်မယ်”

ထိုနှုတ်ခမ်းမွှေးနှင့်လူက သိုင်းပညာ လေ့ကျင့်ထားသူဖြစ်ကြောင်း သိသာနေပြီး သူ့အသံကပင် ကျားဟိန်းသံကဲ့သို့ ဖြစ်နေကာ မြေကြီးများကို တုန်ခါစေခဲ့သည်။ ကျိရွှေရှန့်နှင့် သူ့အဖွဲ့မှလူများက အရပ်ရှည်ပြီး သန်မာသော ယောက်ျားများ ဖြစ်ကြသည်ကို မြင်သောအခါ ထိုလူက သူတို့ကို သဘောကျသွားပြီး လက်သီးအုပ်ကာ "ညီနောင်တို့၊ ငါတို့နဲ့ ပူးပေါင်းပါ။ အိမ်ရှေ့စံမင်းသားမင်ဟန် နန်းပြန်တက်နိုင်အောင် ကူညီပေးကြမယ်”

"တောင်းပန်ပါတယ်၊ အစ်ကိုကြီး။ ကျွန်တော်တို့အဖွဲ့ထဲက တော်တော်များများက လူငယ်တွေနဲ့ လူကြီးတွေ ဖြစ်နေကြတယ်၊ ဒီမှာရှိတဲ့လူလောက်ပဲ သန်မာတာဆိုတော့ ခင်ဗျားတို့ရဲ့အဖွဲ့ကို မပါဝင်နိုင်သေးပါဘူး”

တော်ဝင်ရုံးတော်ကို ဆန့်ကျင်ရန် သတ္တိရှိရှိ ဦးဆောင်ရဲသည့် ဤပုဂ္ဂိုလ်အား ကျိရွှေရှန့်က ချီးကျူးနေမိသည်။

သူတို့က အကျင့်ပျက်အရာရှိတွေကို လက်အောက်ခံပြီး သွေးမရှိတဲ့သူတွေထက် အများကြီး သာလွန်တယ်။ ဒါပေမယ့် သူကတော့ ဒီအဖွဲ့ထဲကို မဝင်နိုင်ဘူး။ သူတို့ အများစုက ဒုက္ခသည်တွေ ဖြစ်နေပြီး တချို့က ဓားပြတွေတောင် ဖြစ်နေကြသေးတယ်။ ဒီလူတွေနဲ့ တော်ဝင်ရုံးတော်ရဲ့ စစ်တပ်ကို ပြန်တိုက်ခိုက်မယ်ဆိုတာက ကျောက်တောင်ကြီးကို ကြက်ဥနဲ့ ပစ်ပေါက်နေသလိုမျိုး ဖြစ်နေမှာ မဟုတ်ဘူးလား?

“ဖူရှန့်ကို သိမ်းပိုက်ပြီးတာနဲ့ ငါတို့အတွက် နေစရာနေရာတစ်ခု ရလာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ဘေးဒုက္ခကယ်ဆယ်ရေးအတွက် စပါးကျီတွေကို ဖွင့်ပေးတော့မှာ၊ အဲ့တာဆို မင်းတို့လည်း အေးချမ်းတဲ့ဘဝကို ဖြတ်သန်းနိုင်မှာပါ”

ကောလုံကျန်းက ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကို စည်းရုံးချင်နေပြီး အထူးသဖြင့် သူက ကျုံးယုံကို ဆွဲခေါ်ချင်နေခဲ့သည်။ သူတို့အဖွဲ့တွင် ထိုကဲ့သို့သန်မာသော စစ်သူကြီးများ နည်းပါးနေသောကြောင့် ဖြစ်သည်။

"တောင်းပန်ပါတယ်"

ကျိရွှေရှန့်က ထပ်မံငြင်းဆိုလိုက်သည်။ ကောလုံကျန်းက သူ့ကို နှမြောတသစွာ ကြည့်နေပြီး “အခုအချိန်က ကိုယ့်အတွက် နာမည်တစ်ခု ရဖို့ အခွင့်အရေးအများဆုံးအချိန်ဆိုတော့ လက်လွတ်မခံသင့်ဘူး၊ ညီလေး”

ကျိရွှေရှန့်က ပြုံးလိုက်ပြီး လက်ခုပ်အုပ်ကာ "အစ်ကိုကြီးတို့ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်"

ကျိရွှေရှန့်က သူတို့ မပါဝင်နိုင်ကြောင်း အခိုင်အမာပြောနေသည့်အတွက် ကောလုံကျန်းက လက်လျှော့လိုက်ပြီး သူ့လူများကို ခေါ်ဆောင်ကာ မြို့တံခါးဆီသို့ ဦးတည်လိုက်သည်။ သူ့လူများက သစ်သားတုံးကြီးများကို သယ်ဆောင်ကာ သူ့နောက်မှ ပြေးလိုက်သွားကြသည်။

"သတ်ကြ! ဖူရှန့်ကို ဖြုတ်ချပြီးရင် အသားစားပြီး အရက်သောက်နိုင်ပြီ”

ကျိရွှေရှန့်က အဝေးသို့ ပြေးသွားနေကြသော အဖွဲ့ကြီးကို ကြည့်ကာ သူတို့၏ သတ္တိကို ချီးကျူးရုံသာ တက်နိုင်တော့သည်။

"ရွှေရှန့်၊ သူတို့အောင်မြင်မယ်လို့ မင်း ထင်လား?" ချိုးယုံခန်းက ကျိရွှေရှန့်ကို တိုးတိုးလေး မေးလိုက်သည်။

“စစ်သူကြီးတွေနဲ့ စစ်သည်တွေမရှိတဲ့ ဒုက္ခသည်အနည်းငယ်က ဆာလောင်လွန်းလို့ စွန့်စားကြတာလေ၊ သူတို့အတွက် ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ရရှိဖို့က ခက်ခဲလိမ့်မယ်၊ ဒါပေမယ့် ဒီဖူရှန့်ကိုတော့ သိမ်းပိုက်နိုင်မယ် ထင်တယ်”

ကျိရွှေရှန့်က ထိတ်လန့်ကြောက်ရွံ့နေသော မြို့တံခါးမျှော်စင်ပေါ်မှ စစ်သည်များကို ကြည့်နေရင်း ပြန်ဖြေလိုက်သည်။

သူက တိုက်ပွဲမစခင်ကတည်းက ကြောက်လန့်နေကြတယ်။ အဲဒီလို စစ်သည်တို့က မြို့ကို ဘယ်လို ကာကွယ်နိုင်ပါ့မလဲ?

"ငါလည်း မလွယ်ဘူးလို့ တွေးမိတယ်"

ကောလုံကျန်းက သူ့လူများအား မြို့တံခါးကို တွန်းတိုက်ဖျက်ဆီးရန် အမိန့်ပေးနေကြောင်း သူတို့ မြင်လိုက်ရပြီး မြို့တံခါးပေါ်ရှိ စစ်သည်များက မြှားများဖြင့် ပစ်ခတ်ကြသဖြင့် ပုန်ကန်သူအများအပြား သေဆုံးနေကြသည်။

“အားလုံးပဲ မကြောက်ကြနဲ့။ ငါတို့က ဘယ်နည်းနဲ့မဆို သေရမှာ သေချာနေပြီပဲ။ တကယ်လို့ ငါတို့အသက်ကို စွန့်ပြီး အောင်မြင်အောင် ကြိုးစားနိုင်ခဲ့ရင် ငါတို့ ဝဝလင်လင် စားနိုင်ကြလိမ့်မယ်”

ကောလုံကျန်းက လူအများ၏နှလုံးသားကို လှည့်ဖြားရာတွင် အလွန်တော်လှပြီး ဆာလောင်မွတ်သိပ်နေသူတစ်ယောက်က အစားအသောက်အတွက် သူ့ဘဝကို စွန့်လွှတ်ရန် ဆန္ဒရှိကြောင်း သူ နားလည်နေခဲ့သည်။

သူတို့အဖွဲ့တွင် လူရာဂဏန်းမျှသာ ရှိသော်လည်း မကြာမီမှာပင် နောက်ထပ်ရာနှင့်ချီသော ဒုက္ခသည်များ စုရုံးရောက်ရှိလာကြသည်။ လူအများအပြား သေဆုံးသွားသော်လည်း အဖွဲ့တွင်ပါဝင်သူ အရေအတွက်က မနည်းသွားရုံသာမကဘဲ တိုးများလာခဲ့သည်။

“မြန်မြန် သွားကြရအောင်။ ဘာပဲဖြစ်ဖြစ် ငါတို့ လမ်းမကြီးတွေပေါ်ကနေ ဖြတ်သွားဖို့ မဖြစ်နိုင်တော့ဘူး”

ကျိရွှေရှန့်၏အကြည့်များက လေးနက်လာသည်။

ဒုက္ခတွေ စပုန်ကန်ပြီဆိုတာနဲ့ တော်ဝင်ရုံးတော်က သူတို့ကို သွေးထွက်သံယိုဖြစ်အောင် ဖိနှိပ်တော့မှာ သေချာတယ်။ အဲ့အချိန်ရောက်ရင် ပုန်ကန်တဲ့ ဒုက္ခသည်ပဲဖြစ်ဖြစ် မပုန်ကုန်တဲ့ ဒုက္ခသည်ပဲဖြစ်ဖြစ် အလွတ်ပေးတော့မှာ မဟုတ်ဘူး။

လူဆိုးကို လွှတ်ပေးမိတာထက် လူမှားပြီး သတ်လိုက်တာက ပိုကောင်းတယ်လေ။

“ကောင်းပြီ”

ချိုးယုံခန်းက ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား အဖွဲ့ဘက်သို့ လှည့်ကာ ချက်ခြင်း ထွက်သွားရန် အမိန့်ပေးလိုက်သည်။

"ရွှေရှန့်!"

ချင်ဖုန်းက ကျိရွှေရှန့်ကို လှမ်းခေါ်လိုက်သည်။ ထူးထူးခြားခြား ပုံစံမျိုး မပေါ်စေရန် ချင်ဖုန်းက ထောင်ဟွားဝူမှ လူများနှင့်အတူ လှည်းပေါ်တွင် အတူတူထိုင်နေခဲ့သည်။ ယခု သူက ကျိရွှေရှန့်နှင့် စကားပြောရန် လှည်းပေါ်မှ ခုန်ဆင်းလာပြီး ကျိရွှေရှန့် ဘေးသို့ ရောက်လာသောကြောင့် ကျိရွှေရှန့်က သူ့ကို ရထားခုံပေါ် ဆွဲတင်ပေးလိုက်ပြီး သူ့ဘေးနားတွင် ထိုင်ခိုင်းလိုက်သည်။

မည်သူမျှမရှိသောနေရာသို့ ရောက်သောအခါ သူက စမေးလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ?”

"ပုန်ကန်နေကြတာ"

ကျိရွှေရှန့်က အတိုချုံး ရှင်းပြလိုက်ပြီး ချင်ဖုန်း ခေါင်းညိတ်လိုက်ကာ လေးနက်သောအမူအရာဖြင့် “ဒါဆို ဖရိုဖရဲတွေ စဖြစ်တော့မှာပေါ့။ ဧကရာဇ်ရဲ့နေ့ကောင်းလေးတွေကတော့ ကုန်ဆုံးသွားတော့မဘ်။ ငါတို့ကတော့ ဒီလို ဒုက္ခပေးနိုင်တဲ့​နေရာတွေကနေ ချက်​ချင်း ​ရှောင်​ကြရမယ်​"

တကယ်တော့ သူလို ပြည်သူတွေကို သားသမီးတွေလို ချစ်မြတ်နိုးတဲ့ အရာရှိကောင်းတစ်ယောက်အနေနဲ့ကတော့ တိုင်းပြည်ကို ဖရိုဖရဲ မဖြစ်စေချင်ဘူးပေါ့။ နောက်ဆုံးတော့ ဒုက္ခရောက်ရမှာက ဆင်းရဲတဲ့ ပြည်သူတွေပဲ။ ချမ်းသာပြီး အာဏာရှိတဲ့သူတွေက စစ်ရဲ့အရိပ်အယောင်ကို မြင်လိုက်တာနဲ့ သူတို့ကို အကာအကွယ်ပေးဖို့ သန်မာတဲ့လူတွေကို ခေါ်ဆောင်ပြီး ထွက်ပြေးကြလိမ့်မယ်။ ဘယ်အချိန်မဆို သာမာန်ပြည်သူတွေကပဲ ဒုက္ခရောက်ရတာလေ။

“ဟုတ်တယ်၊ ကျွန်တော်လည်း အဘိုးနဲ့ အတွေးတူတယ်။ ကျွန်တော်တို့ ချက်ချင်း ထွက်သွားရမယ်”

ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။ ပတ်ဝန်းကျင်တွင် တခြားသူများ မရှိမှသာ သူက ချင်ဖုန်းကို အဘိုးဟု ခေါ်တက်ပြီး အခြားလူများ ရှိနေလျှင် အခေါ်အဝေါ်ကို ‌ရှောင်ကာ ပြောစရာရှိသည့် စကားကိုသာ ပြောလေ့ရှိသည်။

“တိုင်းပြည်က ကမောက်ကမ ဖြစ်လာတော့ သူရဲကောင်းတွေ ထွက်ပေါ်လာလိမ့်မယ်။ ဒါက မင်းအတွက် နာမည်ရဖို့ အခွင့်အရေးဆိုလည်း ဟုတ်တယ်”

ချင်ဖုန်းက မြေးဖြစ်သူ၏ပခုံးကို ပုတ်လိုက်သည်။

နောက်ဆုံးတော့ သူလုပ်ရမယ့်အရာက မြေးဖြစ်သူရဲ့ဆန္ဒတွေကို နောက်ကနေ ဖြည့်ဆည်းပေးဖို့ပါပဲ။

“ကျွန်တော် နားလည်ပါပြီ”

ကျိရွှေရှန့်က ခေါင်းညိတ်ပြလိုက်သောကြောင့် ချင်ဖုန်းက သူ့မြေးကို ကျေနပ်နေသည့်အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

တကယ်တော့ စိတ်သဘောထားကွဲလွဲမှုတွေ ကြဲချတဲ့ နည်းဗျူဟာက တော်တော်လေး ကောင်းတယ်။

ဝမ်မိသားစုအပြင် ကျိရွှေရှန့်ဆိုတဲ့ သူ အမုန်းဆုံးက အန်းမိသားစုပဲ။ အဲ့အချိန်တုန်းက အန်းမိသားစုက ရှောင်းမိသားစုစစ်တပ်သို့ ဆောင်းတွင်ဝတ်တွေ ပို့ပေးရတယ်။ သူတို့ပို့ပေးလိုက်တဲ့ ဆောင်းတွင်းဝတ်တွေထဲမှာ ထည့်ထားတာတွေက ဂွမ်းသားတွေ မဟုတ်ဘဲ မှို့တွေ ဖြစ်နေ‌တာကြောင့် ရှောင်းမိသားစုစစ်တပ်ရဲ့ စစ်သည်တော်တော်များများကို အေးခဲပြီး သေသွားစေခဲ့တယ်။

အဲ့တာကြောင့် အန်းမိသားစုကိုလည်း သူ ဖယ်ရှားပစ်ရမယ်။ အခုတော့ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရတဲ့အထိ အချင်းချင်း ရန်ဖြစ်ခွင့် ပေးထားလိုက်မယ်။

ထောင်ဟွားဝူအဖွဲ့က တချိန်လုံး ခရီးဆက်ခဲ့ကြပြီး စူးချင်းက သူမ မျှော်လင့်ထားသည့်အတိုင်း နွားအရွတ်ကို အသုံးပြုကာ ဒူးလေးရှစ်ချောင်းပြုလုပ်ရန် ထိုအချိန်ကို အသုံးပြုခဲ့သည်။

"အစ်မ၊ ဒါက အရမ်းကောင်းတယ်"

ကျိရှောင်ယင်က သူမ၏လက်ထဲမှ သစ်သားဒူးလေးကို လက်ထဲမှ ပြန်မချနိုင်ဖြစ်နေပြီး သူမ၏လှပသော မျက်လုံးကြီးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။

"မိန်းခလေးစူးရဲ့လက်တွေက တကယ်ကို သွက်လက်တယ်"

အမျိုးသမီးလီကလည်း စူးချင်းကို ချီးကျူးလိုက်သည်။ ဒီမိန်းကလေးက အလုံးစုံ အစွမ်းထက်ပုံရတယ်။ သူမက ရောဂါတွေကို ကုသနိုင်သလို လူတွေကို သတ်နိုင်တဲ့ လက်နက်တွေကိုလည်း ဖန်တီးနိုင်တယ်။ နောက်ဆုံး ပြီးပြည့်စုံတဲ့ အဆိပ်ကိုတောင် အသုံးပြုနိုင်တယ်။

သူတို့အဖွဲ့ထဲမှာ ဒီလိုအစွမ်းထက်တဲ့လူတစ်ယောက်ရှိနေတာက သူတို့ရဲ့ ကံကောင်းခြင်းပါပဲ။

“...”

စူးချင်းက ခေါင်းမော့လိုက်ပြီး အမျိုးသမီးလီ၏မျက်နှာကို ကြည့်လိုက်သော်လည်း ဘာမှ ပြန်ပြောပေ။ လက်ရှိအချိန်တွင် အမျိုးသမီးလီ၏မျက်နှာက ဖြူဖပ်ဖြူရော် မဟုတ်တော့ဘဲ နီမြန်းသော အသွင်အပြင် ဖြစ်သွားပြီ ဖြစ်သည်။

အမျိုးသမီးလီက စူးချင်း၏ထိုအမူအရာကို ကျင့်သားရနေပြီဖြစ်သည်။

အများအားဖြင့် ဒီလိုသာမန်ထက်ထူးကဲတဲ့ အရည်အချင်းတွေ ရှိနေတဲ့သူတွေက စကားများများပြောရတာ မကြိုက်ကြဘူးလေ။

အမျိုးသမီးလီက ပန်းထိုးခွေကို ကောက်ယူလိုက်ပြီး ကျိရှောင်ယင်အား ပန်းထိုးနည်းကို သင်ပေးရန် တွေးလိုက်မိသည်။ သူမက ကျိရှောင်ယင်တစ်ယောက် ဓားနှင့် လေးများကို မသုံးသင့်ဟု ခံစားနေမိသေးသည်။

အဲ့တာတွေထက် ပန်းထိုးနည်းတစ်ခုခု သင်ယူတာက ပိုကောင်းမှာ မဟုတ်ဘူးလား?

သို့သော်လည်း သူမ မမျှော်လင့်ထားဘဲ စူးချင်းက ရုတ်တရက် ပြန်မေးလိုက်သည်။

"ကျုံးယုံက ဘယ်လိုဖြစ်လာတာလဲ?"

“အဲ့တုန်းက ကပ်ဘေးကနေ ထွက်ပြေးတဲ့လမ်းမှာ သူ အပြင်းအထန် ဖျားနာခဲ့တယ်။ သူ ပြန်ကောင်းလာပြီးတဲ့နောက်မှာ အရင်ကနဲ့ မတူဘူး။ အဲဒီတုန်းက အဒေါ်က ခင်ပွန်းဖြစ်သူ သေဆုံးမှုနဲ့ပတ်သက်ပြီး ဝမ်းနည်းကြေကွဲနေတော့ ကလေးရဲ့ပြောင်းလဲမှုကို သတိမထားမိဘဲ ကုသဖို့ နှောင့်နှေးစေခဲ့တယ်”

အမျိုးသမီးလီက သူမ၏သားကို ဤကဲ့သို့ ပြုစုပျိုးထောင်ပေးခဲ့မိခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခဲ့သည်။

အစ်ကိုဖုန်းကို သွားတွေ့ဖို့တောင် သူမမှာ မျက်နှာမရှိတော့ပါဘူး။

"မိန်းခလေးစူး၊ မင်း ယုံအာ့ကို ကုသပေးနိုင်သေးလား?"

အမျိုးသမီးလီက စူးချင်း၏ ဆေးပညာ ကျွမ်းကျင်မှုကို တွေးမိသောကြောင့် မျှော်လင့်တကြီး မေးမြန်းလိုက်သည်။ စူးချင်းကို မျှော်လင့်တကြီး ကြည့်နေရင်း သူမ၏မျက်တောင်များပင် တဆတ်ဆတ် တုန်ကာ မျက်ရည်များဝဲနေလေသည်။

ကျိရှောင်ယင်ကလည်း သူမ၏မွေးစားအမေနှင့်အတူ စူးချင်းကို ကြည့်နေခဲ့သည်။ အစ်မရဲ့မျက်နှာက အေးစက်နေပေမယ့် နှလုံးသားက နူးညံ့တယ်။ အစ်မစူးချင်းက မွေးစားအမေကို သူမဘက်ကနေ စမေးခဲ့တာဆိုတော့ ဒုတိယအစ်ကိုကို ကုသပေးချင်လို့ပဲ ဖြစ်ရမယ်။

"ကျင့်ရှီလျိုမြောင်ရောက်ရင် စမ်းကြည့်ပေးမယ်"

စူးချင်းက ဘာကတိမှ အတိအကျ မပေးခဲ့ပေ။

သူမက ကျုံးယုံကို ချက်ချင်း မကုသပေးချင်သေးဘူး။ သူမ သူ့ကို အရင်ဆုံး စောင့်ကြည့်ချင်သေးတယ်။ တကယ်လို့ သူ့ကို ကုသပေးပြီးတဲ့နောက်ပိုင်းမှာ သူက သစ္စာမရှိဘဲ ကြင်နာမှုလည်း မရှိရင် ထောင်ဟွားဝူက လူတွေအတွက် အန္တရာယ်ရှိတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မယ်။

"ကျေးဇူးတင်ပါတယ်၊ မိန်းခလေးစူး"

အမျိုးသမီးလီက စူးချင်းကို ကျေးဇူးတင်စွာ စိုက်ကြည့်နေပြီး ကျေးဇူးတင်စကားဆိုလိုက်ကာ သူမ၏မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

ကျိရွှေရှန့်က မြေပုံကို ဖွင့်ကြည့်နေပြီး လမ်းသေးသေးလေးများကို လိုက်ရှာနေခဲ့သည်။ တောင်များနှင့် တောတန်းများ များစွာရှိနေပြီး လမ်းက အနည်းငယ်သာ ရှိနေသည်။ ကြမ်းတမ်းသော တောင်တက်လမ်းများက သူတို့၏ခရီးသွားနှုန်းကို ထိခိုက်စေနိုင်သော်လည်း ယခုအချိန်တွင် သိပ် ဂရုမစိုက်နိုင်တော့ပေ။ သူက သူတို့အဖွဲ့ကို လမ်းမကြီးပေါ်မှ ချက်ချင်း ခေါ်ထုတ်သွားရမည် ဖြစ်သည်။

တောင်ပေါ်လမ်းများမှ ဖြတ်သန်းသွားလာခြင်း၏အားနည်းချက်က ဓားပြများနှင့် ကြုံတွေ့ရနိုင်သော်လည်း လက်ရှိတွင် စစ်သည်များက ဓားပြများထက် ပို၍ ကြောက်စရာကောင်းနေပြီ ဖြစ်သည်။ ကျယ်လောင်သော ဆူညံသံများ စတင်ထွက်ပေါ်လာချိန်တွင် ထောင်ဟွားဝူအဖွဲ့က ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

All Chapters