← Chapters

သခင်... အန္တရာယ်ရှိတယ်!

Vol. 11 Ch. 160

သခင်... အန္တရာယ်ရှိတယ်!

Vol. 11 Ch. 160

ဖူရှန့်၏မြို့တံခါး ကျိုးပေါက်သွားပြီးနောက် ကောလုံကျန်းက ဒုက္ခသည်များနှင့်အတူ ဖူရှန့်၏အတွင်းပိုင်းထဲသို့ ပြေးဝင်သွားခဲ့သည်။

“ဒီလူကို မလေးစားဘဲ မနေနိုင်ဘူး”

ကျိရွှေရှန့်က နောက်သို့ လှည့်ကြည့်လိုက်ပြီး နွေဦးစမ်းချောင်းကဲ့သို့ ဖူရှန့်ထဲသို့ စိမ့်ဝင်သွားသော ပုန်ကန်သူများကို ကြည့်နေရင်း ချိုးယုံခန်းကို လှမ်းပြောလိုက်သည်။

တကယ်တော့ သူ့ခန္ဓာကိုယ်ထဲက သွေးတွေ ပွက်ပွက်ဆူနေပြီး ဘာကိုမှ ဂရုမစိုက်ဘဲ တိုက်ခိုက်ချင်နေတာပါ။

"အင်း"

ချိုးယုံခန်းကလည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူနဲ့ ရွှေရှန့်တို့က အဲ့လိုကြီးကျယ်တဲ့ အရာတွေကို လုပ်ချင်သလို လုပ်နိုင်စွမ်းလည်း ရှိပေမယ့် ထောင်ဟွားဝူက ရွာသူရွာသား‌တွေက သူတို့ရဲ့အလေးလံဆုံး ဝန်ထုပ်ဝန်ပိုး ဖြစ်နေခဲ့တယ်။ သူတို့ကို ဘေးလွတ်ရာရောက်အောင် အရင် ပို့ဆောင်ပေးရဦးမယ်။

"သွားကြရအောင်။ ဒါက မျက်စိတမှတ်ကြည့်တဲ့အမြင်တွေပဲ”

ကျိရွှေရှန့်က သူ့၏စိတ်ကို ပြန်ထိန်းလိုက်သည်။

သူက မြို့တစ်မြို့လောက်ကို ဖြုတ်ချချင်တာ မဟုတ်ဘဲ တာ့ရှားတစ်ပြည်လုံးကို ဖြုတ်ချချင်တာပါ။

သူအတွက် စစ်သည်တွေ၊ မြင်းတွေနဲ့ လက်နက်တွေ စုဆောင်းဖို့ လိုနေသေးတယ်။ ပြီးရင် လက်ရွေးစင်တပ်ဖွဲ့တွေ ဖွဲ့ပြီး စစ်သူကြီးတွေ ခန့်အပ်ရမယ်၊ အဲ့အရာတွေ အားလုံး ပြည့်စုံလာဖို့က အချိန်နဲ့ ငွေ လိုအပ်တယ်။

ကျိ‌ရွှေရှန့် ရွေးချယ်ထားသောလမ်းက မြို့များနှင့် အလှမ်းဝေးပြီး အများစုက တောင်တက်လမ်းများ ဖြစ်နေခဲ့သည်။ ထိုလမ်း၏ပြသနာက စားနပ်ရိက္ခာနှင့်ဆားဝယ်ရန် နေရာမရှိသောကြောင့် သူတို့ ပထမဆုံး ထွက်လာသည့် အချိန်ကကဲ့သို့ပင် အစားအစာနှင့် ရေကို သူတို့ဘာသာ ရှာဖွေစားသောက်ကြရသည်။

ထို့အပြင် တောင်ပေါ်လမ်းများ၏အကြီးမားဆုံး အန္တရာယ်က တောင်ပြိုကျခြင်း ဖြစ်သည်။ မြေကြီးများနှင့် ကျောက်တုံးများ ပြိုကျမှုကြောင့် တောင်တက်လမ်းများ ပိတ်ဆို့နေပြီး မည်သူတစ်ဦးတစ်ယောက်မှ ရှေ့မတိုးနိုင်စေသော ကြီးမားသောအန္တရာယ်များကို ဖြစ်ပေါ်စေခဲ့သည်။

ထိုသို့ဖြစ်လာသည့်အခါတိုင်း ကျုံးယုံနှင့် လီတာ့နျိုတို့က အဓိကလုပ်သားအင်အားစုများ ဖြစ်လာကြသည်။ သူတို့နှစ်ဦးတွင် ကောင်းကင်မှပေးအပ်ထားသော ခွန်အားများ ရှိကြပြီး သူတို့နှစ်ယောက်စလုံးက ကျင်းရာဂဏန်းအလေးချိန်ရှိသော ကျောက်တုံးကြီးများကို မတင်ကာ အေးအေးဆေးဆေး လမ်းလျှောက်နိုင်ကြသည်။

စူးချင်းက သူတို့ အတားအဆီးများ ရှင်းလင်းနေသည့်အချိန်ကို အသုံးချကာ ထောင်ဟွားဝူမှ မိန်းကလေးများကို လေ့ကျင့်ပေးရန် စတင်ခဲ့သည်။

ထိုမိန်းကလေးများကလည်း စူးချင်းကို လေးစားအားကျနေသောကြောင့် သင်ယူရန် စိတ်အားထက်သန်နေကြသည်။

စူးချင်းက ရိုးရှင်းသော ပစ်မှတ်တစ်ခုကို ပြုလုပ်လိုက်ပြီး သစ်ပင်၏ပင်စည်တွင် ချည်နှောင်လိုက်သည်။ ထို့နောက် မိန်းကလေးများအား ပစ်မှတ်၏ အလယ်ဗဟိုကို သူမတို့၏ဒူးလေးများ ချိန်ရွယ်ပစ်ခတ်ရန် လမ်းညွှန်သင်ကြားပေးလိုက်သည်။ ထိုဒူးလေးအတွက် မြှားတံများ အားလုံးကို ဝါးဖြင့် ပြုလုပ်ထားပြီး ဝါးမရှိသော တောင်ဟူ၍ မရှိသောကြောင့် ကုန်ကြမ်းများကို အဆုံးမရှိ ထောက်ပံ့ပေးနိုင်သည်။

ကျိရှောင်ယင်၊ လီရွှမ်းအာနှင့် ကျန်းယွိရန်တို့က လုံ့လအရှိဆုံးနှင့် ဥာဏ်အကောင်းဆုံးလူများ ဖြစ်ကြသည်။ မည်သည့်အရာကိုမဆို တတ်မြောက်ရန် သင်ယူရာတွင် မိမိ၏အရည်အချင်းကိုသာ အားကိုးရသောကြောင့် မိန်းခလေးများအားလုံး ဒူးလေးပစ်တက်ရန် သင်ယူနေကြသော်လည်း သူမတို့သုံးဦးက နွားမျက်လုံး(ပစ်မှတ်၏ဗဟို)ကို ထိမှန်ရန် သင်ယူရာတွင် အလျင်မြန်ဆုံးသူများ ဖြစ်လာကြသည်။

စူးချင်းက မိန်းကလေးများကို ဒူးလေးပစ်နည်း သင်ကြားပေးသည့်အခါတိုင်းတွင် ချင်ဖုန်းက ဘေးတွင် ထိုင်ကာ စောင့်ကြည့်နေတက်ပြီး သူက စူးချင်းကို ပိုကြည့်မိလေလေ သူမကို ပိုသဘောကျလေလေဖြစ်နေခဲ့သည်။ သူမက သူ့မြေးအတွက် လိုက်ဖက်သော လက်တွဲဖော်ဟု သူ ခံစားနေရသည်။

ချင်ဖုန်းက စူးချင်း၏အခြေအနေကို တဖြည်းဖြည်း သိလာခဲ့ရပြီး သူမက ကွာရှင်းပြတ်စဲခံထားရပြီး စွန့်ပစ်ခံထားရသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရှိလာခဲ့သည်။ သို့သော် လူအိုကြီး၏အမြင်က ထိုအောက်ခြေလူတန်းစား၏အမြင်နှင့် ကွဲပြားသည်။

အဲ့လူဆိုးကောင်က စူးချင်းရဲ့ကြင်နာမှုတွေကို ဘယ်လို တန်ဖိုးထားရမှန်း မသိတာက သူ့မြေးအတွက် အခွင့်အရေးပဲ။ သူ့မြေးအတွက်တော့ စူးချင်းလို မိန်းကလေးကောင်းလေးတစ်ယောက်နဲ့ တွေ့ခွင့်ရတာက ကံကောင်းခြင်းပဲ။

သူမက ခန်းမထဲမှာ ဝင့်ဝင့်ထည်ထည် ထိုင်နေနိုင်သလို မီးဖိုချောင်လည်း ဝင်နိုင်တယ်၊ လူတွေကို ကယ်တင်နိုင်သလို လူသတ်တဲ့နေရာမှာလည်း လက်နက်တွေတောင် ပြုလုပ်နိုင်တယ်။ ဒါက ရိုးရှင်းတဲ့ ပြီးပြည့်စုံမှုပဲ။

"ငါ မင်းတို့ကို အနီးကပ် တိုက်ခိုက်တဲ့နည်းစနစ်တချို့ သင်ပေးမယ်"

မိန်းကလေးများက ဒူးလေးအသုံးပြုနည်းကို ကောင်းမွန်စွာ သင်ယူနိုင်ခဲ့ကြကြောင်း တွေ့ရှိလိုက်ရသောကြောင့် စူးချင်းက သူမတို့ကို အနီးကပ်တိုက်ခိုက်ရေးနည်းများကို သင်ကြားပေးရန် စတင်အကြံပြုလိုက်သည်။ သူမက တစ်ဖက်လူကို တစ်ချက်တည်းဖြင့် အသေသတ်နိုင်မည့် နည်းစနစ်တချို့ကို မိန်းခလေးများအားလုံးအား သင်ကြားပေးနေခဲ့သည်။

ကျိရွှေရှန့်က ကျောက်တုံးများကို ရွှေ့နေရင်း သူမတို့ကို တစေ့တစောင်း စောင့်ကြည့်အကဲခတ်နေခဲ့သည်။ သူမ၏သင်ကြားမှုကို မြင်လိုက်ရပြီးနောက် ဤလှုပ်ရှားမှုများက ပုံမှန်သိုင်းပညာများထက် ပို၍ လက်တွေ့ကျသည်ဟု သူ ခံစားလာရသည်။ လုပ်ဆောင်ချက်တစ်ခုကပင် လူတစ်ယောက်ကို သတ်ရန် လုံလောက်နေပြီး စိတ်ကူးယဥ်လှည့်ကွက်များကို သုံးနေစရာ မလိုပေ။

လမ်းပိတ်ဆို့မှုကို ရှင်းလင်းပြီးနောက်တွင် မိန်းကလေးများက သူမတို့၏ ဒူးလေးများကို ပြန်ချရန် တွန့်ဆုတ်နေကြပြီး လှည်းများက တောအုပ်ထဲမှ ဖြတ်သွားစဥ်တွင် တောယုန်ရိုင်းများ ပြေးထွက်လာမည်ကို မျှော်လင့်လျက် သူမတို့၏မျက်လုံးများက စိတ်လှုပ်ရှားမှုများကြောင့် တောက်ပနေခဲ့သည်။

ထောင်ဟွားဝူမှ လူငယ်များက မိန်းကလေးများ၏ ဒူးလေးများကို မနာလိုစိတ်ဖြင့် လှမ်းကြည့်နေကြသည်။ စူးချင်းက သူတို့ကို သင်ပေးစေလိုသော ဆန္ဒများလည်း ရှိနေကြသည်။

အဒေါ်ချိုးက ကိုယ်ခံပညာကို သင်ယူပြီးနောက် စိတ်ဓာတ်တက်ကြွနေသော မိန်းကလေးများကို ကြည့်ကာ သူမသမီး၏အကြောင်းများကို တွေးနေမိသည်။ သို့သော်လည်း မျက်ရည်များကို သုတ်ရုံမှတပါး သူမ ဘာမှ မတက်နိုင်ပေ။

"မငိုပါနဲ့တော့"

အဖေချိုးက သူ့မိန်းမ ငိုနေသည်ကို မြင်လိုက်ရသေကြောင့် နှစ်သိမ့်ပေးလိုက်သည်။

"ယောကျာ်း၊ ချိုးယွဲ့က ဘယ်မှာရှိမယ်လို့ ထင်လဲ? သူ(မ) အသက်ရှင်ပါဦးမလား? ကျွန်မရဲ့နှလုံးသားက အရမ်းနာကျင်နေပြီ!'”

အ‌ဒေါ်ချိုးက မျက်များများ ဝဲနေပြီး သူမ၏ခင်ပွန်းကို ပြန်မေးလိုက်သောကြောင့် အဖေချိုးက သက်ပြင်းချလိုက်သည်။

"ယုန်၊ ယုန်"

ဒူးလေးပစ် သင်ယူပြီးနောက်တွင် ကျိရှောင်ယင်က ရထားလုံးထဲတွင် မထိုင်တော့ပေ။ သူမက ရထားလုံးရှေ့တွင် ထိုင်နေခဲ့ပြီး ယုန်ကို တွေ့သည်နှင့် သူမက စိတ်လှုပ်ရှားသွားပြီး ရထားလုံးပေါ်မှ ခုန်ဆင်းသွာသည်။ သူမက တောထဲမှ ပြေးထွက်လာသော မီးခိုးရောင်ယုန်ရိုင်းကို ပစ်သတ်ရန် ဒူးလေးကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ မြှားက လေ၏အရှိန်ဖြင့် ယိုင်သွားပြီး ယုန်ရိုင်း၏နောက်ခြေထောက်ကိုသာ စိုက်ဝင်သွားသည်။ ယုန်က ဒဏ်ရာရနေသော ခြေထောက်ကို တရွတ်ဆွဲရင်း ကျောက်ဆောင်များဆီ ပြေးသွားသောကြောင့် ကျိရှောင်ယင်က နောက်မှ ပြေးလိုက်သွားသည်။

"ရှောင်ယင်"

ကျိရွှေရှန့်က သူ့ညီမ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်ပြီး မြင်း၏ဇက်ကြိုးကို အမြန်ဆွဲထားလိုက်သည်။ သူကလည်း ရထားလုံးပေါ်မှ ခုန်ဆင်းပြီး တောထဲသို့ ပြေးဝင်သွားခဲ့သည်။ သူတို့နှစ်ဦးလုံး ကျောက်ဆောင်နောက်သို့ ပြေးလိုက်သွားကြသော်လည်း ကျိရွှေရှန့်က သူ့၏ညီမကို ရှာမတွေ့တော့ပေ။

"ရှောင်ယင်.... မင်း ဘယ်မှာလဲ?"

ကျိရွှေရှန့်က အော်ခေါ်နေသေည်လည်း တောင်ပေါ်မှ တောတန်းထဲတွင် မည်သူ့ကိုမျှ မတွေ့ရပေ။ ရှောင်ယင်အပြင် ထိုယုန်ရိုင်းပင် မရှိတော့ပေ။

စူးချင်းကလည်း တစ်ခုခု ဖြစ်သွားသည့်အသံကို ကြားလိုက်သောကြောင့် ရထားလုံးပေါ်မှ ခုန်ဆင်းလာပြီး ချိုးယုံခန်းနှင့်အတူ ကျောက်ဆောင်နောက်သို့ ပြေးလိုက်သွားကြသည်။ ချိုးယုံခန်းက ကျိရွှေ့ရှန့်ကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် "ရှောင်ယင် ဘယ်မှာလဲ?"

"သူ(မ) ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်"

ကျိရွှေရှန့်က ကျောက်တုံးကြီးတစ်တုံး၏အနောက်တွင် ရှိနေပြီး နိမ့်ဝင်နေသော အပေါက်တစ်ပေါက်ကို စစ်ဆေးရန် မြေပြင်ပေါ်တွင် ဝပ်နေခဲ့သည်။

ထို့နောက် ကျိရွှေရှန့်က သစ်ပင်ပေါ်မှ နွယ်ကြိုးကြီးများကို ဆွဲချကာ အလျှင်အမြန် ထုံးဆက်လိုက်သည်။ စူးချင်းနှင့် ချိုးယုံခန်းတို့ကို စကားပြောနေစဉ်အတွင်း သူက နွယ်ကြိုးတစ်စကို သူ့ခါးတွင် ချဉ်ကာ နောက်တစ်ဖက်ကို သစ်ပင်တွင် ချည်နှောင်လိုက်သည်။

"ငါ အရင် ဆင်းကြည့်လိုက်မယ်။ ငါ့နောက်ကို မလိုက်ခဲ့ကြနဲ့"

“ဒီဂူက ကျဥ်းလွန်းတယ်။ ကျွန်မ ဝင်ရင် ပိုကောင်းလိမ့်မယ်!"

စူးချင်းက လှိုဏ်ဂူ၏အတွင်းပိုင်း အခြေအနေကို တည်တည်ငြိမ်ငြိမ် စစ်ဆေးလိုက်ပြီး ကျဉ်းမြောင်းသော အက်ကွဲကြောင်းက ကလေးတစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦးသာ ဝင်ရန် လုံလောက်ကြောင်း တွေ့သွားခဲ့သည်။

အကယ်၍ ဂူဝင်ပေါက်ကို ချဲ့လိုက်ပါက ပြိုကျပျက်ဆီးကာ ကျိရှောင်ယင် ထိခိုက်မည်ကို စိုးရိမ်သောကြောင့် အပေါက်ကိုလည်း မချဲ့ရဲကြပေ။

"သတိထားနော်"

ကျိရွှေရှန့်က ဂူဝင်ပေါက်၏အရွယ်အစားကို ကြည့်ကာ သူ မဝင်နိုင်မှန်း သိလိုက်သည်။ သူ့အတွက် ရွေးချယ်စရာ မရှိတော့သောကြောင့် သူက နွယ်ကြိုးကို စူးချင်းအား လှမ်းပေးလိုက်ပြီး သူမကို စိုးရိမ်တကြီး စိုက်ကြည့်နေသည်။

"ကျွန်မ သိပါတယ်"

စူးချင်းက အောက်သို့ ငုံ့ကြည့်လိုက်ပြီး "ရှောင်ယင် ဆီကိုရောက်ရင် ကျွန်မ နွယ်ကြိုးကို လှုပ်ပြီး အချက်ပေးမယ်"

“အင်း”

ကျိရွှေရှန့်က ခေါင်းညိတ်ပြလိုက်ပြီး စူးချင်း ဘေးကင်းစေရန် ချိုးယုံခန်းနှင့်အတူ နွယ်ကြိုးကို ဆွဲထားလိုက်ကြသည်။

စူးချင်း၏ပါးလွှာသော ခန္ဓာကိုယ်က မြွေတစ်ကောင်ကဲ့သို့ ပျော့ပျောင်းနေပြီး သူမက ဂူပေါက်ကျဥ်းကျဥ်းလေးထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

အောက်တွင် လေပြင်းများ အပြင်းအထန် တိုက်ခတ်နေသည့်အပြင် မှောင်လွန်းသဖြင့် လက်ချောင်းများကိုပင် မမြင်နိုင်ပေ။ စူးချင်းက မီးတိုင်ကို ထွန်းညှိလိုက်သော်လည်း အားနည်းသောအလင်းရောင်က အဝေးသို့ မရောက်နိုင်ဘဲ အောက်ခြေကို မမြင်နိုင်သေးပေ။

"ရှောင်ယင်?"

စူးချင်းက ကျိရှောင်ယင်၏အမည်ကို အော်ခေါ်လိုက်သည်။ သူမက ကျောက်နံရံကို ခပ်ပြင်းပြင်း ထပ်ကန်လိုက်ပြီး သူမ၏လက်ထဲမှ နွယ်ကြိုးနှင့်အတူ အမြန် လျောဆင်းလာခဲ့သည်။

ဂူထဲတွင် စူးချင်း၏အသံများ ပဲ့တင်ထပ်နေသော်လည်း ကျိရှောင်ယင်ထံမှ တုံ့ပြန်မှုကို မရှိခဲ့ပေ။

ဆယ်မီတာကျော်ကျော်လောက် လျောဆင်းလာပြီးနောက် စူးချင်းက အောက်ခြေကို မြင်နိုင်သွားပြီး ကျိရှောင်ယင်က မြေပြင်ပေါ်တွင် လဲကျနေကာ သတိလစ်သွားနေသည်ကို တွေ့လိုက်ရသည်။ ကျိရှောင်ယင်ကို ဆွဲဆောင်ခဲ့သော ယုန်ကလည်း သူမဘေးတွင် လဲကျ သေဆုံးနေခဲ့သည်။

စူးချင်းက ကျိရှောင်ယင်ကို တွေ့ရှိကြောင်း ကျိရွှေရှန့်ကို အသိပေးရန်အတွက် နွယ်ကြိုးမှ အမြန်ခုန်ဆင်းကာ ကြိုးကို ဆွဲခါလိုက်သည်။

"ရှောင်ယင်"

ကျိရွှေရှန့်ကို အချက်ပြပြီးနောက် စူးချင်းက ကျိရှောင်ယင်ကို ကူညီရန်နှင့် သူမ၏ဒဏ်ရာကို စစ်ဆေးရန် ပြေးသွားလိုက်သည်။ သူမက အလွန်ဆိုးဆိုးရွားရွား ပြုတ်ကျခဲ့ပုံရပြီး ကျိရှောင်ယင်၏ မျက်နှာငယ်လေးက ဖြူဖျော့နေကာ သူမ၏နဖူးတွင် သွေးများ ဖုံးလွှမ်းနေသည်။ သူမ၏ အရိုးတစ်ချို့လည်း ကျိုးပဲ့နေပြီး အတွင်းအင်္ဂါများကလည်း အမျိုးမျိုးသော ဒဏ်ရာများ ရရှိနေခဲ့သည်။

"ရှောင်ချီ"

စူးချင်းက စနစ်ထဲတွင် အလုပ်ရှုပ်နေပြီဖြစ်သော ရှောင်ချီ့ကို လှမ်းခေါ်လိုက်သည်။ “သခင်၊ ရှောင်ချီက အခု ဆေးလုပ်နေပါပြီ။ အရိုးတွေ ပြန်ဆက်ဖို့ အရွတ်နဲ့အရိုးဆေးပြား၊ ခေါင်းက ဒဏ်ရာတွေကို ကုသဖို့ ဦးနှောက်ရှင်းလင်းဆေးလုံးနဲ့ အတွင်းဒဏ်ရာတွေကို ကုသဖို့အတွက် ပြန်လည်ထူထောင်ရေးဆေးပြားတွေ လိုအပ်ပါတယ်”

ရှောင်ချီက အလုပ်များလွန်းနေပြီး သူမ၏ခန္ဓာကိုယ်တုတ်တုတ်လေးက ဂျင်လုံးလေးကဲ့သို့ လည်ပတ်နေသည်။ ထို့အပြင် ဂူအတွင်း၌ အဆိပ်ရှိသော အင်းဆက်ပိုးမွှားများ ရှိနေမည်ကို စိုးရိမ်သောကြောင့် ရှောင်ချီက စူးချင်း၏ညွှန်ကြားချက်မပါဘဲ အင်းဆက်ပိုးမွှားပြေးစေမည့် ဆေးမှုန့်ကိုပါ ပြုလုပ်ခဲ့သည်။

စူးချင်းက ကျိရှောင်ယင်ကို မြေပြင်ပေါ်သို့ သေသေချာချာ လှဲချပေးလိုက်ပြီး ချမ်းစိမ့်စိမ့်ဖြစ်အောင် တိုက်ခတ်နေသော လေပြင်းများကို ခံစားရင်း ပတ်ဝန်းကျင်ကို ကြည့်ရန် မီးထပ်ထွန်းလိုက်သည်။

လှိုဏ်ဂူကြီးက ကြီးမားလှပြီး တစ်ဖက်တစ်ချက်စီတွင် လူများဝင်နိုင်သည့် ဂူများပင် ရှိနေခဲ့သည်။ လေက ညာဘက်ခြမ်းမှ တိုက်ခတ်နေသည်။

စူးချင်းက ဂူကို လေ့လာရန် စိတ်မ၀င်စားပဲ ကျိရှောင်ယင်ကို အရင်ဆုံး နှိုးရန်သာ စိတ်စောနေသည်။ သူမက ကျိရှောင်ယင်၏နဖူးရှိ ဒဏ်ရာကို ပိုးသတ်ဆေးသုံးကာ ပိုးသတ်သန့်ရှင်းပေးလိုက်ပြီး ဒဏ်ရာက အလွန်နက်ကြောင်း သိလိုက်ရသည်။ သူမ သန့်ရှင်းပေးပြီးသည့်တိုင် သွေးများ ထွက်ကြနေသောကြောင့် သွေးတိတ်စေရန် အနီရောင်ဆေးမှုန့်ကို ထည့်ပေးလိုက်သည်။ သွေးတိတ်သွားပြီးနောက် စူးချင်းက ဒဏ်ရာကို ချုပ်ပေးလိုက်သည်။ ထိုကဲ့သို့သော ဒဏ်ရာမျိုးက အမာရွတ်များ ကျန်နေမည်ဖြစ်သော်လည်း သူမ မဖြစ်မနေ စုစုပေါင်း ငါးချက် ချုပ်ပေးခဲ့ရသည်။

မိန်းကလေးများက အလှအပကို မြတ်နိုးကြပြီး ရုပ်ရည်ချောမောလှပခြင်းကို သဘောကျကြသည်။ ကျိရှောင်ယင်က သူမ၏ဒဏ်ရာကို မြင်သွားပြီး ဝမ်းနည်းသွားမည်ကို စိုးရမ်သောကြောင့် စူးချင်းက ရှောင်ချီကို နောက်ထပ် အလုပ်တစ်ခု ထပ်ပေးလိုက်သည်။

"ရှောင်ချီ... အမာရွတ် ဖယ်ရှားပေးနိုင်တဲ့ ခရင်မ်လေး လုပ်ပေးပါဦး"

“ကောင်းပါပြီ”

ရှောင်ချီက နာနာခံခံ သဘောတူလိုက်ပြီး ရုတ်တရက် ထအော်လိုက်သည်။

"သခင်... အန္တရာယ်ရှိတယ်.."

All Chapters