← Chapters

ဓား ထွက်လာစမ်း

Vol. 5 Ch. 459

ဓား ထွက်လာစမ်း

Vol. 5 Ch. 459

တုန်းဟယ်ပြည်နယ် အန်မိသားစုမှာ တရုတ် မြောက်ပိုင်း ဒေသ၌ အလွန် လွှမ်းမိုးနိုင်သော မိသားစုကြီး ဖြစ်သည်။

ယခု အန်မိသားစု တွေ့ဆုံပွဲသို့ ရောက်ရှိနေသော လူများမှာလည်း တုန်းဟယ် ပြည်နယ်၏ ထိပ်တန်း မိသားစုများမှ ဖြစ်သည်။ ဥပမာ သူဌေးဟောင် ဟောင်ဟယ်ရှင်း ဆိုလျှင် ပြည်နယ်၏ ထိပ်တန်း သူဌေး ဆယ်ဦးတွင် တစ်ဦး အပါအဝင် ဖြစ်သည်။

ဤကဲ့သို့ လူများ အရှေ့တွင်ပင် ချန်းမိသားစုမှ လူငယ်လေးက  အန်မိသားစုဝင် အားလုံးကို သတ်ဖြတ်ရန် ခြိမ်းခြောက်နေသည်။ ထိုအရာက မမျှော်လင့် ထားသော အရာပင်။

"ဒီကောင်လေးနဲ့ ပတ်သက်ပြီး ငါတွေးတာတွေက မှားခဲ့တယ် ထင်တယ်… အနှစ် နှစ်ဆယ်လောက် ကြိုးစားရင် အန်မိသားစုကို ဝင်နိုင်လိမ့်မယ်… ဟင်း ငါ့စကားက တော်တော်လေး အဓိပ္ပာယ်မဲ့တာပဲ…"

ဟောင်ဟယ်ရှင်းမှာ လူအုပ်ထဲမှ ချန်းဖန်အား ငေးကြည့်ရင်း တွေးနေမိသည်။ ထိုကောင်လေးကား သခင်ကြီးအန်၏ ရှေ့တွင်ပင် အန်ထျန်းဖန်၏ ခြေထောက်များကို ချိုးဖဲ့ ပစ်ခဲ့သည်။ ထို့အပြင် ပြိုင်ဘက်ကင်း ရှင်းမှာလည်း သူ၏ ရှေ့၌ အလိုအလျောက် ဒူးထောက်ခဲ့သည်။ တုန်းဟယ် ပြည်နယ်၌ ထိုကဲ့သို့သော လွှမ်းမိုးနိုင်စွမ်းနှင့် ဩဇာအာဏာကို ပိုင်ဆိုင်သူ အခြားတစ်ယောက် မရှိနိုင်ပေ။

"ဗိုလ်ချုပ်ချန်း… ဒါက ဘာအဓိပ္ပာယ်လဲ ရှင်းစမ်းပါဦး…"

အန်ကျိုက်ချင်က ချန်းဖန်အား တင်းမာစွာ မေးလိုက်၏။ သခင်ကြီးအန်ကား တစ်မိသားစုလုံး အသတ်ခံရရန် ခြိမ်းခြောက်ခံ ရပြီးချိန်၌ ဒေါသများကို ချုပ်တီး ထားနိုင်ပုံ မပေါ်တော့ချေ။

"ပထမဆုံး အန်မိသားစုက အန်တီ ကျင်းရှို့ကို သေတဲ့ အထိ ပစ်ပယ်ခဲ့တယ်… နောက် အစ်မအန်ကို ငါ့မိဘတွေ ဆီကနေ ခေါ်ထုတ်သွားခဲ့တယ်… အခုလည်း မင်းတို့က အစ်မအန်ကို မင်းတို့ မိသားစု အကျိုးအမြတ်အတွက် အရုပ်တစ်ရုပ်လို သုံးချင်နေပြန်ပြီ… ဟမ့် ဒါတောင် မင်းတို့က ငါ့ကို ပြန်ပြီး ရှင်းခိုင်း နေသေးတယ်…"

ချန်းဖန်က နှားခေါင်းရှုံ့ရင်း ရွံရှာစွာ ပြောလိုက်၏။

"တကယ်ပဲ လေးစားထိုက်သူကြီး ပါလား…"

အန်ထျန်းရှု့၏ မျက်နှာ၌ ရုပ်ဆိုးသော အပြုံးတစ်ခု ပေါ်လာခဲ့၏။ ယွမ်ထရီလျံ ချီသော လုပ်ငန်းစု၏ ဥက္ကဌကြီးကား အကြီးအကျယ် ဒေါသ ထွက်နေခဲ့ပြီ ဖြစ်သည်။

"ချန်းပေ့ရွှမ်း… မင်းက ထန်လုံ တပ်ဖွဲ့တဲ့ ဗိုလ်ချုပ်ဆိုတာ ငါ သိတယ်… မင်းရဲ့ လွှမ်းမိုးမှုက ကျန်းနန်နယ်မှာ ကြီးမားချင် ကြီးမားမယ်… ဒါပေမဲ့ ခုက မင်းရောက်နေတာက ကျန်းနန်နယ်မှာ မဟုတ်ဘူး… ငါတို့ အန်မိသားစုရဲ့ ပိုင်နက်ထဲမှာ…"

အန်ထျန်းရှု့က တင်းမာစွာဖြင့် ပြောလိုက်၏။

အန်မိသာစုကား တုန်းဟယ် ပြည်နယ်၏ ထိပ်ဆုံးတွင် ရပ်တည်နေသော မိသားစု ဖြစ်သည်။ ရန်ကျင်းမှ ထိပ်တန်း မိသားစုများပင် ထိုခွေးကောင်ကဲ့သို့ အန်မိသားစုကို မခြိမ်းခြောက်ရဲပေ။

"ဟမ့်…"

ချန်းဖန်က နှာခေါင်းတစ်ချက် ရှုံ့ရင်း အန်ကျိုက်ချင်အား ကြည့်လိုက်၏။ သူ့အနေဖြင့် ထိုအဘိုးကြီး မည်သို့ ဆုံးဖြတ်မည်ကိုသာ သိလိုသည်။ အန်ကျိုက်ချင်မှာမူ မျက်မှောင်ကြုတ်ရင်း တွက်ချက် နေဆဲပင်။ သူကား ချန်းဖန် အကြောင်းကို အန်ထျန်းရှု့ထက် ပိုမို သိသည်။ သို့သော်လည်း တရုတ်နိုင်ငံ ပြင်ပရှိ ချန်းဖန်၏ အောင်မြင်မှုများကိုမူ အပိုင်းအစ လောက်သာ သိသည်။

ပြောစကားများ အရဆိုလျှင် လွန်ခဲ့သည့် တစ်နှစ်ခန့်က ချန်းပေ့ရွှမ်းမှာ ဟန်ဟုန်ကုံအား ဒူးထောက်ရန် တွန်းအား ပေးခဲ့သည်ဟု ဆိုသည်။ ဟန်ဟုန်ကုံ၏ နောက်ခံမှာ ရန်ကျင်းမြို့၏ ဟန်မိသားစု ဖြစ်သည်။ အန်မိသားစုမှာ ဒေသခံ အင်အားစုသာ ဖြစ်ရာ ဟန်မိသားစုအား မယှဉ်နိုင်ပေ။

"ဟန်မိသားစုက အထွတ်အထိပ် အဆင့် တစ်ယောက်ကိုတော့ ဦးညွှတ်မှာ မဟုတ်ဘူး… ချန်းပေ့ရွှမ်းရဲ့ နောက်ကွယ်မှာ ဘယ်လို ဂုဏ်ပုဒ်တွေ ရှိနေလဲ… သူ့ရဲ့ လျှို့ဝှက်ချက်က ဘာလဲ… ဘာကြောင့် သူက ခုလောက် ဩဇာအာဏာ ကြီးမားရတာလဲ…"

အန်ကျိုက်ချင်၏ စိတ်များကား ရှုပ်ထွေးနေတုန်းပင်။

ထိုအချိန်၌ ရှင်းလျှိုချုံးကမူ အန်မိသားစုအား အလျှော့ပေးလိုက်ရန် အရိပ်အယောင်များ ပြနေခဲ့သည်။ ချန်းပေ့ရွှမ်းကား စစ်တပ်ကြီး တစ်ခုလုံးကိုပင် အနိုင်ယူခဲ့သူ ဖြစ်သည်။ အန်မိသားစု မဆိုထားနှင့် ဂျပန် ခေါင်းဆောင်များ ပင်လျှင် ချန်းပေ့ရွှမ်းအား ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရသည်။

ရှင်းလျှိုချုံးမှာ ထိုအကြောင်းအရာများကို အန်မိသားစုအား ရှင်းပြနေချင်သည့်တိုင် ချန်းဖန်၏ ခွင့်ပြုချက် မရဘဲ မလုပ်ရဲချေ။

အန်ကျိုက်ချင် မည်သို့ ဆုံးဖြတ်ရမည်ကို ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခြဲ၏။

"ဘယ်သူက တုန်းဟယ်ရဲ့ အန်မိသားစုကို နှောင့်ယှက် ရဲတာလဲကွ…"

လူတိုင်းက အသံလာရာသို့ လှမ်းကြည့်လိုက်ရာ လူတစ်အုပ်အား တွေ့ရသည်။ ထိုအုပ်စု၏ ခေါင်းဆောင်က အရပ်ရှည်ရှည်၊ ပိန်ပိန် လူငယ် တစ်ယောက် ဖြစ်သည်။

သူကား လျှင်မြန်စွာပင် အခန်းထဲရှိ လူများစွာ၏ အာရုံများအား ဖမ်းစားလိုက်သည်။

"ဖူကျန့်ထင်… သူ ဘယ်လို ရောက်လာတာလဲ"

တစ်ယောက်က ထိုလူငယ်အား ကြည့်ရင်း တီးတိုး ရေရွတ်လိုက်၏။

"တရုတ် အနောက်မြောက်ပိုင်းက ဖူမိသားစု… ဟဟ ပွဲကြီး ပွဲကောင်းတော့ ကြည့်ရတော့မယ်"

လူများစွာမှာ အသစ် ရောက်လာသော လူငယ်အား ကြည့်ရင်း စိတ်လှုပ်ရှား သွားကြသည်။

တရုတ် အနောက်မြောက်ပိုင်း၏ ဖူမိသားစုကား နှစ်ရာချီ တည်တံ့ခဲ့သည့် ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့၏ ခေါင်းဆောင်များ ဖြစ်သည်။ ယခု လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည့်တိုင် သူတို့၏ လွှမ်းမိုးမှုက တည်တံ့နေဆဲ ဖြစ်၏။

ကောလာဟလများ အရ ဖူမိသားစု၏ လွှမ်းမိုးမှုမှာ အရှေ့ အလယ်ပိုင်းနှင့် ရုရှား အထိပင် ရောက်သည်ဟု ဆိုသည်။ သူတို့က လက်နက်များ အပါအဝင် အရာရာကို နယ်စပ် ဒေသများအား ဖြတ်ကျော်ကာ ကုန်သွယ်ကြသည်။

ထို့အပြင် ဖူမိသားစုမှာ တရုတ် နိုင်ငံ တစ်လွှားရှိ အင်အားကြီး သိုင်းပညာ မိသားစုများနှင့် လက်ထပ် မဟာမိတ်များ ပြုထားသေးသည်။

သူတို့ကား နယ်ပယ် ဒေသ နှစ်ခုကို အုပ်စိုး၏။ တစ်ခုမှာ အစိုးရ၏ ဥပဒေ အောက်မှ စီးပွားရေး ကမ္ဘာဖြစ်ပြီး အခြား တစ်ခုကား တရုတ်၏ မြေအောက် ကမ္ဘာဖြစ်သည်။ သူတို့၏ လွှမ်းမိုးမှုကို အန်မိသားစု အနေဖြင့် လုံးဝ မနှိုင်းယှဉ်နိုင်ပေ။

"ကျန့်ထင်… တူမောင် ရောက်လာပြီလား…"

အန်ထျန်းရှု့က ဖူကျန့်ထင်အား တွေ့သည်နှင့် ပျာပျာသလဲ ပြုံးပြ နှုတ်ဆက်လိုက်သည်။

ဖူကျန့်ထင်မှာ တကယ့် အကြပ်အတည်း အချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဖူမိသားစု ပါဝင်လာမှုက အခြေအနေများအား ကျိန်းသေ ပြောင်းလဲ စေလိမ့်မည်။ တရုတ်၌ ဖူမိသားစုအား ဒူးထောက်စေနိုင်သူမှာ လက်တစ်ဆုပ်စာပင် မရှိချေ။

"နှုက်ဆက်ပါတယ် သခင်ကြီးအန်နဲ့ ဦးလေးအန်… အန်မိသားစု အကြပ်အတည်း ဖြစ်နေတယ် ကြားလို့ မီးငှက်မြို့ကို ရောက်ရောက်ချင်း ကျွန်ဝောာ် တန်းလာခဲ့တာ… အကူအညီများ ပေးနိုင်မလား လို့ပါ…"

ဖူကျန့်ထင်က ယဉ်ကျေးစွာပင် နှုတ်ဆက်လိုက်၏။

ထို့နောက် သူက ချန်းဖန်အား စူးရဲစွာ ကြည့်ရင်း မေးလိုက်၏။

"မင်းက ပြဿနာ ရှာတဲ့သူလား…"

ဖူကျန့်ထင် နောက်တွင် ရပ်နေသော လူကြီး တစ်ယောက်မှာမူ ချန်းဖန်အား မျက်တောင် မခပ်ဘဲ ကြည့်နေခဲ့၏။ ထိုကောင်လေးမှာ တစ်ယောက်ယောက်နှင့် တူနေသလို သူခံစားနေမိသည်။

"သူက ကျင်းမြို့တော် ချန်းမိသားစုဝင် တစ်ယောက်ပါ… သူ ရောက်လာတာက ရှောင်ရာကို ပြန်ခေါ်ဖို့ တဲ့ … ဦးတို့ သူ့ကို တားဖို့ ကြိုးစားပေမဲ့ ရှောင်ရာ ဦးလေးရဲ့ အဖြစ်ကိုသာ ကြည့်တော့…"

အန်ထျန်းရှု့က သက်ပြင်းချရင်း ပြောလိုက်၏။

"ကျင်းမြို့တော် ချန်းမိသားစု…"

ဖူကျန့်ထင်က ခဏမျှရပ်ရင်း စဉ်းစားလိုက်၏။

"ချန်းမိသားစုက ကျဆင်းသွားပြီ မဟုတ်ဘူးလား… ချန်းပေ့ရွှမ်း သေကတည်းက သူ့နေရာကို ဆက်ခံနိုင်တဲ့သူ…"

ဖူကျန့်ထင် တွေးတောနေစဉ်မှာပင် သူ၏ နောက်ရှိ အသက်လတ်လူက ရှေ့သို့ တိုးထွက်ရင်း ချန်းဖန် အနားသို့ သွားကာ ဦးညွတ်လိုက်၏။

"ကျွန်တော်က ဝူမိသားစုက ဝူရှန့်ဟူပါ ခင်ဗျာ… ဆရာချန်းကို တွေ့ရတာ အလွန်ပဲ ဂုဏ်ယူမိပါတယ်… ကျွန်တော်ရဲ့ နှောင့်နှေးမှု အတွက် ခွင့်လွှတ်ပေးပါ ခင်ဗျာ…"

"ဦးလေးဝူ… ခင်ဗျား ဘာလုပ်တာလဲ"

ဖူကျန့်ထင်မှာ သူမြင်တွေ့ရသည့် အရာကို နားမလည်နိုင်ချေ။

ဆရာဝူမှာ သူ၏ သက်တော်စောင့်ဟု ပြောနိုင်သည့်တိုင် ထိုပုဂ္ဂိုလ်၏ လွှမ်းမိုးမှုက ဖူမိသားစုတွင် သူ့ထက်ပင် ကြီးမားသည်။

ဆရာဝူကား တရုတ် အရှေ့မြောက်ပိုင်း ဝူမိသားစုမှ လူဖြစ်သည်။ လက်ထပ် မဟာမိတ်ပွဲ၏ ကတိကဝတ်ကြောင့်သာ မဟုတ်လျှင် ဆရာဝူမှာ သူ၏ သက်တော်စောင့် အဖြစ် တာဝန်ယူပေးလိမ့်မည် မဟုတ်ချေ။

"ဝူမိသားစုက ဝူရှန့်ဟူ…"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ဦးညွှတ်နေသော လူကြီးအား ကြည့်လိုက်၏။

"မင်းက ဝူရှန့်ဟယ်နဲ့ အမျိုးတော်တာလား… ငါ အမှတ်မမှားရင် သူက ကောင်းကင် သတ်မှတ်ချက် နံပတ်ရှစ်ကို ရောက်နေပြီ… ဟုတ်တယ် မဟုတ်လား"

"သူက ကျွန်တော့်ရဲ့ အစ်ကိုပါ ခင်ဗျာ…"

ဝူရှန့်ဟူက လေးစားစွာ ဖြေလိုက်၏။

ဝူမိသားစုမှာ တရုတ် အနောက်မြောက်ပိုင်း၏ ကျော်ကြားသော သိုင်းပညာ မိသားစုကြီး ဖြစ်သည်။ သူတို့ကား ကူမိသားစု၊ လုမိသားစုများထက်ပင် ပိုမို အင်အားကြီးမားသည်။ ထို့အပြင် ဝူမိသားစုမှာ များစွာသော မိသားစုကြီးများ၏ စောင့်ရှောက်သူ အဖြစ် တာဝန်ယူထားသည်။ ထို့ကြောင့်ပင် သူတို့သည် တစ်နိုင်ငံလုံးမှ အင်အားကြီး မိသားစု၊ ကလန်များစွာနှင့် နက်နဲသော ပတ်သက်မှု ရှိသည်ဟု ဆိုနိုင်ပေသည်။

"ဦးလေးဝူ… သူက ဘယ်သူလဲ"

ဖူကျန့်ထင်ကား တစ်ခုခု လွဲချော်နေကြောင်း သဘောပေါက် နေခဲ့၏။ သူက ဝူရှန့်ဟူကို မေးရင်း ချန်းဖန်အား သေသေချာချာ အကဲခတ် လိုက်သည်။

ထိုလူငယ်လေး၏ ရှေ့၌ အထွတ်အထိပ် ပညာရှင် တစ်ယောက်ပင် ဦးညွှတ်ရသည်။ ဖြစ်နိုင်သည်ကား...

"ဒါက မဖြစ်နိုင်ပါဘူး… သူက ရုရှားမှာ သေသွားပြီပဲဟာ…"

အံ့အားသင့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းက ဖူကျန့်ထင်၏ နှလုံးသား၌ စိုးမိုးလာသည်။ သူ၏ ခန္ဓာကိုယ်ပင်လျှင် အနည်းငယ် တုန်ခါလာခဲ့၏။

"ဒါက…"

ဖူကျန့်ထင်နှင့် ဝူရှန့်ဟူတို့၏ အမူအရာများအား ကြည့်ရင်း လူများစွာမှာ ဆွံ့အ သွားကြတော့၏။ ထိုချန်းပေ့ရွှမ်း ဆိုသော ကောင်လေးမှာ မည်သူနည်း။ အန်ယုချင်၏ မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် ဂဏာမငြိမ် ဖြစ်လာခဲ့၏။

"ဆရာချန်းက ရုရှား ခြေလျင်တပ်မ ၁၁၆ ကို အနိုင်ယူခဲ့ပြီး ရုရှား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးကို သတ်ဖြတ်ခဲ့တယ်… ရုရှား ခေါင်းဆောင်တွေတောင် သူ့ရှေ့မှာ ဒူးထောက်ခဲ့ရတယ်…"

ဝူရှန့်ဟူက ရိုသေလေးစွာဖြင့် ဆက်ပြောလိုက်၏။

"ဆရာချန်း ပြန်လာမယ့် သတင်းကို ကျွန်တော် စောင့်မျှော်နေခဲ့တာပါ… ခုလို ပြန်ရောက်နေမယ်လို့ မထင်ထားမိခဲ့ဘူး…"

ဝူရှန့်ဟူမှာ မိသားစု ခေါင်းဆောင် တစ်ယောက် ဖြစ်သလို အထွတ်အထိပ် အဆင့်လည်း ဖြစ်သည်။ ထို့ကြောင့်ပင် ချန်းဖန်၏ သတင်းတိုင်းကို သူကြားသိရသည်။

"အန်ရာက ငါ့အစ်မပဲ… အခု သူ့ကို ဖူမိသားစုနဲ့ လက်ထပ် မဟာမိတ်လုပ်ဖို့ တွန်းအား ပေးနေကြတယ်… ငါဘာလုပ်သင့်တယ်လို့ မင်းထင်လဲ"

ချန်းဖန်က ဝူရှန့်ဟူအား ကြည့်ရင်း အေးစက်စွာ မေးလိုက်၏။

"ဘယ်လို…"

ဝူရှန့်ဟူ၏ မျက်နှာက မည်းမှောင်သွားသည်။

သူကား ဖူမိသားစု လက်ထပ် မဟာမိတ်ပွဲ၏ အရေးပါမှုကို သိရှိထား၏။ အထူးသဖြင့် ယခု လက်ထပ်ပွဲမှာ ဖူကျန့်ထင် ကိုယ်တိုင် ရွေးချယ်ထားသော လက်ထပ်ပွဲ ဖြစ်သည်။ သို့သော်လည်း ထိုမိန်းကလေးမှာ မထိသင့်သော အရာ ဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

"ဘုန်း…"

ဝူရှန့်ဟူက ဒူးထောက်ရင်း ချန်းဖန်အား ဦးခိုက်လိုက်၏။

"ကျွန်တော် တောင်းပန်ပါတယ် ခင်ဗျာ… ဖူမိသားစု မှားခဲ့တာတွေ အတွက် ကျွန်တော် ပြန်ပေးဆပ် ခိုင်းပါ့မယ်…"

ဝူရှန့်ဟူက တုန်ရီစွာဖြင့် တောင်းပန်လိုက်သည်။

ချန်းပေ့ရွှမ်းမှာ နတ်ဘုရားကဲ့သို့ တည်ရှိနေသည့် တန်ခိုးရှင် အဆင့် ဖြစ်သည်။ သူကား ရုရှား ကဲ့သို့သော မဟာအင်အားကြီး နိုင်ငံကိုပင် ဦးခိုက်စေခဲ့သူ ဖြစ်သည်။

"ဦးလေးဝူ…"

ဖူကျန့်ထင်က ဝူရှန့်ဟူအား နားမလည်နိုင်စွာ လှမ်းခေါ်လိုက်သည်။ သူ့ အနေဖြင့် ဝူရှန့်ဟူ၏ ရှင်းပြမှုကို လိုသည်။

"ဖောင်း…"

သို့သော်လည်း ဖူကျန့်ထင် မမေးရသေးခင်မှာပင် ဝူရှန့်ဟူ၏ လက်ဝါးက သူ့မျက်နှာသို့ ရောက်လာခဲ့သည်။ ထိုရိုက်ချက်၌ အထွတ်အထိပ် တစ်ယောက်၏ ဒေါသများ ပါဝင်ရာ အရိုးများပင် ကျိုးကြေ သွားလောက်သည်။

"အရူးကောင်… မင်းက ကိုယ့်မိသားစုရဲ့ သေတွင်းကို တူးနေတာပဲ… ဒီတစ်ချက်က မင်းကို အပြစ်ပေးတာပဲ"

ဝူရှန့်ဟူက အော်ဟစ် ဆူပူလိုက်သည်။

လူတိုင်းကား ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံအ သွားကြတော့သည်။

ထိုစဉ်မှာပင် ချန်းဖန်၏ အေးစက်သော အသံက ထွက်ပေါ်လာခဲ့၏။

"ရတယ်… ဖူမိသားစုကို ငါကိုယ်တိုင်သွားပြီး သူတို့ ရှင်းပြတာ နားထောင်လိုက်မယ်"

စကားအဆုံး၌ ရွှေရောင် အလင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအရာက အလင်း၏ အမြန်နှုန်းကို သယ်ဆောင်ကာ ဖူကျန့်ထင်၏ လည်ပင်းအား စက်ဝိုင်း သဏ္ဌာန် ဝိုင်းပတ်သည်။

"ဘုတ်…"

လူငယ်လေး၏ ဦးခေါင်းကား ခန္ဓာကိုယ်မှ ကင်းကွာသွားပြီ ဖြစ်သလို အခန်းတစ်ခု လုံးမှာလည်း အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ် သွားတော့သည်။

ချန်းပေ့ရွှမ်း၏  လက်အောက်၌ ဖူမိသားစု၏ သခင်လေးကား သေဆုံးခဲ့ရချေပြီ။

***

All Chapters