← Chapters

ဒီမိန်းကလေး စူးချင်းက ဘာတွေ ထပ်လုပ်နိုင်ဦးမှာလဲ?

Vol. 12 Ch. 167

ဒီမိန်းကလေး စူးချင်းက ဘာတွေ ထပ်လုပ်နိုင်ဦးမှာလဲ?

Vol. 12 Ch. 167

“အင်း”

စူးချင်းက ယဥ်ကျေးမနေဘဲ လက်ခံလိုက်သည်။ တစ်စုံတစ်ဦးက ကူညီပေးဖို့ ကမ်းလှမ်းနေမှတော့ သူမက လက်ခံရမှာပေါ့။ သူမ တစ်ယောက်တည်း လုပ်ရတာထက် ပိုမြန်တယ်လေ။

ကျိရွှေရှန့်က ကြိတ်ဆုံကျောက်ကို တွန်းကာ လှည့်ပေးနေပြီး စူးချင်းက စိမ်ထားသော ပဲပိစပ်များကို ကြိတ်ဆုံကျောက်၏အလယ်ထဲသို့ ထည့်ပေးနေခဲ့သည်။ ကြိတ်ဆုံကျောက်ကို တွန်းလှည့်နေသည်နှင့်အမျှ ပဲနို့ဖြူဖြူများ စီးဆင်းလာပြီး ရေစိမ်ထားသော ပဲပိစပ်အိုးကြီးတစ်လုံးမှ အိုးသုံးလုံးစာ ပဲနို့ရည်များ ရလာခဲ့သည်။

စူးချင်းက ထိုပဲနို့များကို မွှေးပြီး ပျစ်လာသည်အထိ ပြန်ကျိုလိုက်ပြီးမှ အဝတ်ပါးဖြင့် ပြန်စစ်ထုတ်လိုက်သည်။ ထို့နောက် သူမက လူတိုင်းသောက်နိုင်ရန် ပဲနို့များ ပြင်ဆင်ပေးလိုက်ပြီး အစားအသောက် ကောင်းကောင်းများကို စားဖူးနေသော ချင်ဖုန်းပင်လျှင် ပန်းကန်လုံးကြီးတစ်လုံးသောက်ပြီး မကျေနပ်နိုင် ဖြစ်နေဆဲပင်။

စူးချင်းက သကြားမထည့်ထားသော်လည်း လူတိုင်းက နှစ်နှစ်ခြိုက်ခြိုက် သောက်နေကြဆဲပင်။

စူးချင်းက တိုဟူးပူတင်းအတွက် နောက်ထပ် ပဲနို့တစ်အိုး ထပ်တည်ထားလိုက်သည်။ နူးညံ့သော အဖြူရောင် တို့ဟူးပူတင်းက အိတုန်အိတုန် ဖြစ်နေပြီး မည်သည့် ပါဝင်ပစ္စည်းများမှ မပါလျှင်ပင် အရသာရှိနေပြီ ဖြစ်သည်။

တောင်ပိုင်းသားများက ချိုသော တို့ဟူးပူတင်းကို နှစ်သက်ကြပြီး မြောက်ပိုင်းသားများက အငန်ရှိသော တို့ဟူးပူတင်းကို နှစ်သက်ကြသည်။ ထိုတိုဟူးပူတင်းဖြူဖြူလေးကို နံနံစေ့၊ ကြက်သွန်မြိတ်တို့နဲ့ ရောနယ်ပြီး နှမ်းဆီနှစ်စက်လောက် ရောမွှေလိုက်လျှင် အလွန်အရသာရှိလှသည်။

သို့သော် ယခုအချိန်တွင် သူမတို့ထံတွင် အရင်းအမြစ်က အကန့်အသတ်ရှိနေသေးသည်။ ပိုအရသာရှိစေရန် ပဲငံပြာရည်ဖြင့် နှပ်ထားနိုင်သော်လည်း ရှောင်ချီက ပဲပိစပ်ပြုတ်ရသော ပထမအဆင့်ကိုသာ ပြီးစီးသေးသည်။ ထိုအဆင့်က ခရီးရှည်ကြီး၏ပထမခြေလှမ်းသာ ဖြစ်ပြီး ပဲငံပြာရည် စားချင်လျှင် အနည်းဆုံး ဆယ်ရက်ကမှ တစ်ဝက်လောက်အထိ စောင့်ရပေလိမ့်မည်။

ထို့ကြောင့် စူးချင်းက ထိုတို့ဟူးပူတင်းအတွက် ဘာမှ ထည့်မပေးနိုင်တော့ပေ။ ထိုအစား သူမက လူတိုင်းကို ဇွန်းသေးသေးလေးဖြင့် မြည်းစမ်းကြည့်ရန် လက်ဆင့်ကမ်းပေးလိုက်သည်။

“အရမ်း အရသာရှိတယ်။ စူးချင်းက တော်ဝင်စားဖိုမှူးရဲ့မျိုးဆက် ပီသပါပေတယ်။ ငါ ဒီလိုဟင်းမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ စားလည်း မစားဖူးဘူး။ ပဲပိစပ်ကို ဒီလောက်အရသာရှိတဲ့ အစားအစာအဖြစ် ဖန်တီးနိုင်တယ်ဆိုတာကို ငါ လုံးဝ မသိခဲ့ဘူး”

ရွာလူကြီးချိုးက နူးညံ့ပျော့ပျောင်းသော တို့ဟူးပူတင်းကို စားနေရင်း ချင်ဖုန်းရှေ့တွင် စူးချင်းကို ချီးကျူးနေခဲ့သည်။ ထိုပူနွေးသော တို့ဟူးပူတင်းက ဝါးပင်မဝါးရဘဲ သူ့လည်ချောင်းအောက်သို့ လျှောဝင်သွားပြီး အရသာရှိသလို အနံ့ကလည်း မွှေးလွန်းလှသည်။

“ခင်ဗျား သမီးရဲ့ဟင်းချက်စွမ်းရည်က အရမ်းကောင်းတယ်၊ ခင်ဗျားရဲ့ဟင်းချက်လက်ရာဆိုရင် ပိုတောင် ကောင်းမှာပေါ့"

ရွာလူကြီးချိုးက မေးပြီးသည်နှင့်တပြိုင်နက် ချင်ဖုန်းကို မျှော်လင့်တကြီး ကြည့်နေခဲ့သည်။ သူ့စကားသံကြောင့် ထောင်ဟွားဝူမှ ရွာသူရွာသားများက အားလုံးကလည်း ချင်ဖုန်းကို တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် မျှော်လင့်နေသောအရိပ်အယောင်များ ပြည့်နှက်နေလေသည်။

ရွာလူကြီးချိုး၏စကားက တို့ဟူးပူတင်းတစ်ဇွန်းကို ခပ်ယူနေသော ချင်ဖုန်း၏ရင်ဘတ်ကို တင်းကျပ်သွားစေခဲ့သည်။

“အဟမ်း .... အဟမ်း.... အဟမ်း…”

ဒီလိုမျိုးတွေ ရှိခဲ့တာလား?

ဒါပေမယ့် သူက စူးချင်းရဲ့အဖေအတုလေ။ သူက ဘယ်လိုလုပ်ပြီး ဟင်းချက်ကျွမ်းကျင်နိုင်မှာလဲ?

ကျိရွှေရှန့်က သူ့အဘိုးကို ကူညီရန် ‌ရောက်လာပြီး "စူးချင်းက သူ့(မ)ရဲ့အဖိုးဆီကနေ ဟင်းချက်နည်းကို သင်ယူခဲ့တာ"

“အဟမ်း၊ အဲ့တာ ဟုတ်တယ်။ ငါက ဟင်းချက်ဖို့ စိတ်မဝင်စားခဲ့ဘူး၊ စူးချင်းကတော့ သူ(မ)ရဲ့အဖိုးဆီကနေ စိတ်ရှည်လက်ရှည် သင်ယူခဲ့တယ်”

သူ့မြေး၏ စကားကို ကြားလိုက်ချိန်တွင် ချင်ဖုန်းက သူ့မြေးကို ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး အခြေအနေထိန်းသိမ်းရန် အခွင့်အရေးကို အလျင်အမြန် ရယူလိုက်သည်။

“အဲလိုဆိုရင်တော့ စိတ်မကောင်းစရာပဲ”

ရွာလူကြီးချိုးက သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်ပြီး သူ့၏ပန်းကန်လုံးအလွတ်ကို ဝမ်းနည်းစွာ ပြန်ချလိုက်သည်။ ထို့နောက် သူက စူးချင်း၏ဟင်းအသစ်ကို လှမ်းမျှော်ကြည့်နေပြန်သည်။

ဒီ့ထက်ပိုပြီး အရသာရှိတဲ့ တစ်ခုခု ထပ်စားရဦးမှာလား?

ရွာလူကြီးချိုးသာမက ချင်ဖုန်းကလည်း ထိုအရာကို စောင့်မျှော်နေခဲ့သည်။

စူးချင်းက ဘာတွေ ထပ်ပြီး လုပ်နိုင်ဦးမှာလဲ?

စူးချင်းက ရှောင်ချီ့ကို သူမအတွက် ဆားရည်ချက်ပေးရန် အကူအညီတောင်းခဲ့သည်။ ဆားရည်ဖြင့် ပြုလုပ်ထားသော တို့ဟူးက အကောင်းဆုံးဖြစ်ပြီး ဂျစ်ပဆမ်(ထုံးဓာတ်ပါသော သတ္တု တစ်မျိုး)ဖြင့် ပြုလုပ်သော တို့ဟူးထက်ပို၍ အရသာ ရှိသည်။

(T/N: ဒီမှာ တို့ဟူးလို့ သုံးနေတာကလေ တို့တွေ ကျိုစားနေကျ အဝါရောင်တို့ဖူးကို ပြောတာ မဟုတ်ပါဘူး မြန်မာအခေါ် ပဲပြားလို့ခေါ်တဲ့ အဖြူရောင် ပဲပြားကို ပြောတာပါ၊ အဲ့တာကြောင့် အချဥ်ဖောက်ဖို့ လိုတာပါ)

တိုဟူးပြုလုပ်ရန် အထူးပုံစံခွက်များ လိုအပ်သော်လည်း သူမတို့ထံတွင် တစ်ခုမျှ မရှိပေ။ ထို့ကြောင့် စူးချင်းက တို့ဟူးပြုလုပ်ရန် အင်တုံကိုသာ အသုံးပြုခဲ့ရသည်။ ဤနည်းဖြင့် ပြုလုပ်ထားသော တိုဟူးက အဝိုင်းဖြစ်နေပြီး လှီးဖြတ်ထားသော အတုံးများက ပုံစံခွက်မှ ထုတ်ယူသည်လောက် မသပ်ရပ်သော်လည်း အရသာကတော့ အတူတူပင်ဖြစ်သည်။

တိုဟူးခြောက်ပြုလုပ်ရန်က ပိုရှုပ်ထွေးပြီး အဝတ်စများစွာ လိုအပ်သည်။ စူးချင်းက တိုဟူးခြောက်များ ပြုလုပ်ရန် ကျိရွှေရှန့်ဝယ်လာခဲ့သော အဝတ်ပါးများကို ထုတ်ယူလိုက်သည်။

မိန်းကလေးများက စူးချင်း၏ဘေးနားတွင် ဝိုင်းထိုင်ကာ သေသေချာချာ ကြည့်ရှုရင်း သင်ယူနေကြသည်။ သူမတို့က နှစ်သစ်ကူထက်ပင် ပို၍ ပျော်ရွှင်နေကြသေးသည်။

စူးချင်းက အချိန်အတော်ကြာအောင် အလုပ်လုပ်ရဦးမည်ကို မြင်လိုက်ရသဖြင့် ကျိရွှေရှန့်က ချိုးယုံခန်းကို ရှာရန် ထွက်သွားခဲ့သည်။

“ယုံခန်း၊ ရှေ့က လမ်းက ကျဉ်းလွန်းတယ်။ လှည်းတွေကို ဒီအတိုင်း မစွန့်ပစ်ရအောင် တစ်ဘီးတည်းပါတဲ့ လက်တွန်းလှည်းတွေအဖြစ် ပြောင်းဖို့ ငါ တွေးထားတယ်၊ အဲ့တာဆို ငါတို့ ပစ္စည်းတွေ တင်ဖို့ နေရာရှိလာလိမ့်မယ်”

“ကောင်းတယ်၊ အဲဒါက အကြံကောင်းပဲ။ မြို့ပေါ်ကို ပြန်ရောက်ရင်လည်း လှည်းပုံစံ ပြန်ပြောင်းလို့ ရတယ်။ ငါ မနေ့ကတည်းက ဒီကိစ္စကို စိတ်ပူနေတာ။ ဒီလှည်းတွေအတွက် ပိုက်ဆံတွေ အများကြီး ကုန်ခဲ့တာ။ ငါမှာ ဒါတွေကို စွန့်ပစ်နိုင်တဲ့ နှလုံးသား မရှိဘူး”

ကျိရွှေရှန့်၏အကြံပြုချက်ကို ကြားလိုက်ချိန်တွင် ချိုးယုံခန်း၏မျက်လုံးများက ပို၍ တောက်ပလာခဲ့သည်။

ကျိရွှေရှန့်က သူ ပြောသည့်အတိုင်း ချက်ချင်း လုပ်ဆောင်ခဲ့ပြီး စမ်းသပ်ရန်အတွက် လှည်းတစ်စီးကို ပထမဆုံး ဖျက်ချလိုက်သည်။ လှည်းတစ်စီးတွင် ဘီးနှစ်ဘီးပါသောကြောင့် အလေအလွင့်မရှိအောင် တစ်ဘီးလှည်းနှစ်စီး ပြန်လုပ်ရမည် ဖြစ်သည်။

ကျိရွှေရှန့်က လှည်းများ ဖျက်ချနေချိန်တွင် စူးချင်းက ဒုတိယ ပဲနို့အိုးကို ဆက်လက် ချက်ပြုတ်နေပြီး ကျိရှောင်ယင်က မီးပြေးကြည့်ပေးနေသည်။ မီးက မပြင်းသော်လည်း ပဲနို့ကို အဆက်မပြတ် မွှေပေးရန်တော့ လိုအပ်နေသေးသည်။ ထိုသို့မဟုတ်ပါက အိုးအောက်ခြေတွင် ကပ်သွားပြိး တူးနံ့ထွက်နေသော ပဲနို့များက စားမကောင်းတော့ပေ။

လီရွှမ်းအာက သူမ၏ အင်္ကျီလက်များကို လှိမ့်တင်ကာ အိုးထဲမှ ပဲနို့ကို ဇွန်းဖြင့် မွှေနေခဲ့သည်။ သူမက ကျိရှောင်ယင်နှင့်အတူ ပဲနို့ကို ကျိုပေးနေခဲ့သည်။

စူးချင်းက ကျိရွှေရှန့် ဖမ်းမိခဲ့သော တောယုန်ရိုင်းနှင့် မနေ့ညက သူ ပစ်သတ်ခဲ့သော ဝံပုလွေလေးကောင်ကို ကိုင်တွယ်ရန် ထွက်သွားခဲ့သည်။

ဝံပုလွေအသားက အရသာရှိလှသည် မဟုတ်ပေမယ့် လမ်းတစ်လျှောက်တွင် စားနိုင်ရန် အသားခြောက်လှုပ်နိုင်သေးသည်။ စူးချင်းက ယုန်ကို ကိုင်တွယ်နေရင်း ဝံပုလွေများကို အရေခွံခွာပေးရန် ကျုံးယုံကို တောင်းဆိုလိုက်သည်။

သူမက ဤယုန်ကို ယုန်ကင် လုပ်ရန် တွေးထားပြီး ယုန်ကို ဆားဖြူးကာ ငှက်ပျောရွက်နှင့် ထုပ်လိုက်ပြီး အပေါ်မှ ရွှံ့များ ပြန်အုံလိုက်သည်။ ထို့နောက် မီးဖိုအောက်သို့ ထည့်ကာ ကင်ထားလိုက်သည်။

သူမ ထိုကဲ့သို့ လုပ်ခြင်းက ပထမဆုံးအကြိမ် မဟုတ်ဘဲ လူတိုင်းက အသားကင်၏အရသာကို မှတ်မိနေပြီး စောင့်မျှော်နေကြသည်။ အထူးသဖြင့် ကလေးများဖြစ်ပြီး သူတို့က အပြင်ထွက်ဆော့ရန်ပင် မဝံ့မရဲဖြစ်နေကြသည်။

စူးချင်း ယုန်ကို ကိုင်တွယ်ပြီးချိန်တွင် ကျုံးယုံက ဝံပုလွေကို အရေခွံခွာပြီးသွားပြီ ဖြစ်သည်။ စူးချင်းက ထိုနေရာသို့ သွားလိုက်ပြီး ဝံပုလွေတစ်ကောင်ကို ကောက်ယူကာ ထိုဝံပုလွေ၏ဦးခေါင်းနှင့် ခြေထောက်များကို ဖြတ်တောက်ပြီး ရေထဲသို့ ပစ်ချလိုက်သည်။

ဝံပုလွေ၏နှလုံးနှင့် အဆုတ်များကလည်း မသတီစရာအကောင်းဆုံးသော အရာများ ဖြစ်သည်။

ထိုသို့ ပြုလုပ်နေရင်း စူးချင်းက ရုတ်တရက် ထူးဆန်းသော အကြံတစ်ခုကို တွေးမိသွားသည်။ သူမက ဤဝံပုလွေအသားများဖြင့် ဝက်အူချောင်းခြောက်ဖြစ်အောင် လုပ်ရန် တွေးလိုက်မိခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူမမှာ ဝံပုလွေအူတွေလည်း ရှိနေသေးတယ်လေ။

လေဖြင့် အခြောက်ခံရသော ဝက်အူချောင်းများ ပြုလုပ်ရန် အသားများကို ကျေမွနေအောင် စဥ်းကောလုပ်ရမည် ဖြစ်သည်။ ထို့ကြောင့် စူးချင်းက ထိုတာဝန်ကို လီတာ့နျိုအား ပေးအပ်လိုက်ပြီး သူမက ဒုတိယဝံပုလွေကို ကိုင်တယ်နေခဲ့သည်။ သူမက ဝံပုလွေကို ရှည်လျားသော အသားအမြှောင်းလေးများအဖြစ် လှီးဖြတ်ကာ ဝံပုလွေအသားခြောက် ပြုလုပ်ရန် ကြံရွယ်ထားခဲ့သည်။

အ‌ဒေါ်လီနှင့် ထောင်ဟွားဝူမှ အမျိုးသမီးကြီးများပင် ကူညီစရာမလိုအောင် ကောင်မလေးများ အားလုံးက အလုပ်ကြိုးစားနေကြသည်။

ကျန်းယွိရန်က စူးချင်းဖြတ်ထားသော အသားတစ်ပိုင်းကို ယူကာ သစ်သားတုံးတစ်တုံးကို ရှာလိုက်ပြီး ထိုဝံပုလွေသားတစ်ပိုင်းကို အထူအပါးညီညီ အမြှောင်းလေးများဖြစ်အောင် လှီးဖြတ်နေခဲ့သည်။

အခြားမိန်းကလေးများကလည်း ကျန်းယွိရန် ပြုလုပ်သည့်ပုံစံကို အတုယူလိုက်ကြပြီး စူးချင်းအတွက် အသားလှီးပေးရန် ကူညီပေးခဲ့ကြသည်။

အသားများအားလုံးကို လှီးဖြတ်ပြီးနောက်တွင် စူးချင်းက ထိုအသားများကို ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြုတ်ထားလိုက်သည်။ သူမ၏ဟင်းခတ်အမွှေးအကြိုင် အသုံးပြုမှုက အလွန်မြန်ဆန်ပြီး သိပ်မကျန်တော့ပေ။ သူမ၏ဟင်းခတ်အမွှေးအကြိုင်များ၊ ကြက်သွန်ဖြူ၊ သကြား၊ ဝိုင်၊ ငရုတ်ကောင်းနှင့် အခြားအမွှေးအကြိုင်များအားလုံးကို ကျိရမ်ထန်ထံမှ လုယူလာခဲ့ခြင်း ဖြစ်သည်။

အများအားဖြင့် အသားခြောက်လုပ်ရန် အသားများထဲသို့ မြေပဲဆီထည့်ကြသော်လည်း သူမတို့တွင် မြေပဲဆီ လုံးဝ မရှိပေ။ ထို့ကြောင့် စူးချင်းက မနေ့က တောဝက်မှ ရထားသည့် ဝက်ဆီများကို အပူပေးပြီး ဝံပုလွေအသားများပေါ်သို့ လောင်းချလိုက်သည်။ ထိုအဆီများက အေးခဲလျှင် အနည်းငယ်မာသွားတက်သော်လည်း မြေပဲဆီထက်တော့ ပိုမွှေးနေလေသည်။ ထို့အပြင် ဝံပုလွေသားများတွင် မူလကတည်းက ဆီများများစားစားမရှိသောကြောင့် ဝက်ဆီက ပိုထိရောက်ပုံရသည်။

စူးချင်းက ဝံပုလွေအသားများကို အိုးကြီးသုံးလုံးစာလောက် နှပ်ထားပြီးမှ ပြုတ်ထားလိုက်သည်။ ထိုနောက်တွင် အခြောက်ခံရန် လိုအပ်နေပြီး ထိုအသားခြောက်ကို လမ်းတွင် နေရောင်ဖြင့် အခြောက်ခံနိုင်ပေလိမ့်မည်။ တစ်ရက်လောက် နေလှန်းပြီး အိုးထဲသို့ ထည့်ကာ ပြန်သိမ်းထားလိုက်လျှင် နောက်ထပ် အနားယူမည့် နေရာများ၌ မီးအနည်းငယ်ဖြင့် ဖုတ်ကာ အလွယ်တကူ စားနိုင်ပေလိမ့်မည်။

လုပ်ငန်းစဉ်က အလွန်များပြားသော်လည်း စူးချင်းက ချက်ပြုတ်ရခြင်းကို နှစ်သက်သောကြောင့် လုံးဝ စိတ်အနှောက်အယှက် မဖြစ်ပေ။ သူမ၏အသားအိုးကြီးသုံးလုံးက နေ့လယ်အထိ မကျက်သေးပေ။

အသားများကို ကိုင်တွယ်ပြီးချိန်တွင် စူးချင်းက လေဖြင့် အခြောက်ခံရသော ဝက်အူချောင်းများကို အစာသွပ်ရန် အလုပ်ရှုပ်နေပြန်သည်။ သူမက အလွန်အလုပ်များနေပြီး သူမ၏ခြေထောက်များက မြေကြီးကိုပင် မထိတော့သလို ဖြစ်နေခဲ့သည်။

ကျိရွှေရှန့်၏ လှည်းပြုပြင်မွမ်းမံခြင်းကလည်း မပြီးသေးသောကြောင့် ဤနေရာတွင် နောက်ထပ် တစ်ရက် ထပ်နေရန် ဆုံးဖြတ်လိုက်ကြရသည်။ အပြည့်အ၀ ပြင်ဆင်ပြီးမှသာ ရှေ့ကို ဆက်သွားနိုင်မည် ဖြစ်သည်။

ထောင်ဟွားဝူရှိ လူတိုင်းက ပျင်းရိသူများ မဟုတ်ကြပေ။ မနေ့က သူတို့စားသော ဂုံးများက အလွန်အရသာရှိနေသောကြောင့် ယနေ့တွင် မည်သူမျှ အမိန့်ပေးစရာမလိုဘဲ ဂုံး တူးရန် ရွှံ့ထဲသို့ ဆင်းသွားကြသည်။

ထိုမြစ်ဂုံးများကတော့ ကံမကောင်းဘဲ ဤတောထဲတွင် မိသားစုတစ်ခုလုံး အသတ်ခံရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ကြတော့ပေ။

ချင်ဖုန်းကလည်း ပုလဲညှစ်ခြင်းကို စွဲလန်းနေခဲ့ပြီး ပို ညှစ်လေလေ ပိုစွဲလမ်းလေလေ ဖြစ်နေခဲ့သည်။ ကျန်းလောင်ချီနှင့် အခြားလူများက ဂုံးများကို အခွံခွာနေပြီး သူက ပုလဲညှစ်ရန် ကူညီပေးနေခဲ့သည်။

ဒီလိုလုပ်ရတာက မပင်ပန်းဘူးလေ။ ပြီးတော့ သူ့ရှေ့မှာ အံ့သြစရာတွေ အမြဲရှိနေတယ်။ ဒါက သူ မျှော်လင့်ထားတဲ့ အလုပ်တစ်ခုပါပဲ။

လက်ရှိမှ‌တော့ ဒါက ကမ္ဘာမြေပြင်ရဲ့ သုခဘုံတစ်ခုပါပဲ။ ပြေးလွှားရတာတွေ သတ်ဖြတ်တာတွေ မရှိသလို အန္တရာယ်တွေနဲ့ စစ်သည်တွေလည်း မရှိဘူး။ ဆာလောင် ငတ်မွတ်နေတဲ့ ဒုက္ခသည်တွေလည်း မရှိဘူး။

ထောင်ဟွားဝူရှိ လူတိုင်းက စိတ်အေးလက်အေး အနားယူနေကြပြီး ဤသို့ ခက်ခက်ခဲခဲ ရထားခဲ့သသည့် ပျော်ရွှင်မှုကို ခံစားနေခဲ့ကြသည်။

သို့သော်လည်း နှစ်ရက်လောက် ကြိုတင်ပြင်ဆင်ပြီးနောက်တွင် ခရီးပြန်စခဲ့ကြရသည်။ ယခုတစ်ကြိမ်တွင် ထိုင်ရန် လှည်းများ မရှိတော့သဖြင့် သက်ကြီးရွယ်အိုများနှင့် အားနည်းသူများကို စောင့်ခေါ်နေရပြီး သူတို့၏အရှိန်ကို ပိုနှေးသွားစေခဲ့သည်။

သူအဖွဲ့ တောင်ပေါ်မှ ထွက်ခွာခါနီးတွင် လက်နက်များပစ်ခတ်သည့်အသံများ၊ တိုက်ပွဲသံများနှင့် ‌အော်ဟစ်သံများကို ကြားလိုက်ရသည်။

All Chapters