← Chapters

ရှောင်းမိသားစုစစ်တပ် ပြန်လာပြီ

Vol. 12 Ch. 169

ရှောင်းမိသားစုစစ်တပ် ပြန်လာပြီ

Vol. 12 Ch. 169

ကျိရွှေရှန့်က သူနှင့်အတူ ပါလာသည့် စူးချင်း၏အနီရောင်ဆေးကို အသုံးပြုပြီး ကျန်းချမ်၏ဒဏ်ရာကို ကုသပေးခဲ့သည်။ ဤဆေးက သွေးထွက်ခြင်းကို တားဆီးရာတွင် အလွန်ထိရောက်လှပြီး မြှားကို ဆွဲထုတ်လိုက်သည်နှင့် သွေးများ စီးကျလာသော်လည်း အနီရောင်ဆေးကို လိမ်းလိုက်ပြီးနောက် သွေးများက ချက်ချင်း ရပ်တန့်သွားခဲ့သည်။

ကျိရွှေရှန့်က အနာကျက်ရန် ရွှေရောင်ဆေးတချို့ကို ထပ်လိမ်းပေးလိုက်ပြီး ၎င်းက ရောင်ရမ်းမှုကို ဆန့်ကျင်သည့် အာနိသင်ရှိကာ ဒဏ်ရာကို အလျင်အမြန် ပျောက်ကင်းစေနိုင်သည်။ ထိုရွှေရောင်ဆေးကလည်း စူးချင်းက သူ့ကို ပေးထားသောဆေး ဖြစ်သည်။

ကျန်းချမ်၏ဒဏ်ရာကို ကုသပေးပြီးနောက်တွင် ချွီတာ့က ကျိရွှေရှန့်ကို ကုလားထိုင်ပေါ်တွင် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

ကျိရွှေရှန့်က လှည့်ပတ်အကဲခတ်ကြည့်လိုက်ရာ ထိုခန်းမထဲရှိ ကုလားထိုင်များအားလုံးကို သူတို့ဘာသာလုပ်ထားကြောင်း တွေ့လိုက်ရသည်။ သူတို့က စားပွဲနှင့်ကုလားထိုင်များအပေါ်သို့ တိရိစ္ဆာန်အရေခွံများဖြင့် အုပ်ထားသောကြောင့် ကြီးကျယ်ခမ်းနားဟန်ပေါ်နေခဲ့သော်လည်း ထိုပရိဘောဂများက အကြမ်းထည်လက်ရာမှန်း သိသာလွန်းလှသည်။

ယခုန သူ ရောက်ရောက်ချင်းတွင် စခန်း၏အနောက်ဘက်မှ တောင်ကုန်းပေါ်တွင် စပါးစိုက်ရန် ‌မြေယာဖော်ထားသည်ကိုလည်း သူ တွေ့ခဲ့ရသည်။ ထိုကဲ့သို့သော စိုက်ပျိုးနည်းကို မည်သူ ဖန်တီးထားမှန်း သူ မသိသော်လည်း ၎င်းတို့အားလုံးက တစ်ဆက်တည်း လယ်ကွင်းများ ဖြစ်နေပြီး သီးနှံများကလည်း ရင့်မှည့်နေကာ ရိတ်သိမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ကျိရွှေရှန့်က လောကကြီး၏တစ်ဘက်ခြမ်းရှိ ဤသုခဘုံလေးကို လှည့်ပတ်ကြည့်ရှုခဲ့ပြီး ဤနေရာက ထောင်ဟွားဝူနှင့် အလွန်ဆင်တူသည်ဟု ခံစားနေရသည်။ ဦးလေးချွီနှင့် ကျန်သူများက လယ်ယာလုပ်ငန်းနှင့် အမဲလိုက်ခြင်းအပေါ် မှီခိုနေထိုင်ကာ အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေကြပုံရသည်။

"ယွိအာ... ဒီနှစ်တွေမှာ မင်းတို့ ဘယ်ကို ရောက်နေတာလဲ? အဲ့တုန်းက ဦးလေးချွီတို့က မင်းနဲ့ မင်းရဲ့ညီမလေးကို လိုက်ရှာခဲ့ကြတယ်။ ဒါပေမယ့် သံချပ်ကာဝတ်တပ်ဖွဲ့ဆီကနေ မင်းတို့ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသွားတယ်လို့ ငါတို့ ကြားခဲ့တယ်။ ငါတို့က မင်းတို့ မရှိတော့ဘူးလို့ တွေးခဲ့ကြပေမယ့် တစ်ဖက်ကလည်း လက်လျှော့ဖို့ကို ငြင်းဆန်နေမိကြသေးတယ်။ အစ်ကိုကြီးရဲ့မျိုးဆက်တွေက အဲဒီလို ပျောက်ကွယ်သွားမယ်လို့ ငါတို့ မယုံနိုင်ခဲ့ကြဘူး!"

ချွီတာ့က ကျိရွှေရှန့်ကို ပင်မခန်းမထဲတွင် ထိုင်ခိုင်းထားပြီး ဘာပဲဖြစ်ဖြစ် ပြန်မလွှတ်ချင်တော့ပေ။ ကျိရွှေရှန့်၏မျက်နှာက သူ့အစ်ကိုကြီး၏မျက်နှာနှင့် လုံးဝ တူညီခြင်း မရှိသလို သူ့မရီးနှင့်အသွင်အပြင်နှင့်လည်း မတူပေ။ သို့သော်လည်း သူ့၏မျက်လုံးများက သူတို့အစ်ကိုကြီး၏မျက်လုံးများနှင့် အတိအကျ တူနေပြီး အပြူအမူများကလည်း အတူတူပင် ဖြစ်သည်။

“ကျွန်တော်ရဲ့မွေးစားအဖေက သံချပ်ကာဝတ်တပ်ဖွဲ့ကို လှည့်စားဖို့ ကျွန်တော်နဲ့ ညီမလေးကို ခေါ်ပြီး ချောက်ကမ်းပါးကနေ အတူတူ ခုန်ချခဲ့ကြတယ်။ မွေးစားအဖေက သံချပ်ကာဝတ်တပ်ဖွဲ့တွေ ကျွန်တော်တို့ သေသွားပြီလို့ ထင်အောင် အလောင်းသုံးလောင်းကို အတု လုပ်ခဲ့တယ်”

"သူ အခု ဘယ်မှာလဲ?"

ကျိရွှေရှန့်က ချန်ကျင့်ရှန်း၏အကြောင်းကို ပြောသောအခါ ချွီတာ့က စိတ်လှုပ်ရှားဟန်ဖြင့် ပြန်မေးလိုက်သည်။

ကျိရွှေရှန့်က ဝမ်းနည်းသွားသည့် အမူအရာဖြင့် ခေါင်းငုံ့လိုက်ပြီး "မွေးစားအဖေ ဆုံးသွားပြီ"

"အစ်ကိုချန် မရှိတော့ဘူးလား?"

ချန်ကျင့်ရှန်း ကွယ်လွန်သွားသည်ကို သိလိုက်ရချိန်တွင် ချွီတာ့နှင့် ကျန်းချမ်တို့နှစ်ယောက်စလုံးက ဝမ်းနည်းသည့်အမူအရာဖြင့် ခေါင်းငိုက်စိုက်ကျသွားကြသည်။

အဲ့ဒိတုန်းက သူတို့ညီအစ်ကိုခုနစ်ယောက် မြေပြင်ပေါ်မှာ အတူ ဒူးထောက်ပြီး ညီအကိုတွေအဖြစ် မိုးကောင်းကင်ကို တိုင်တည်သစ္စာပြုခဲ့ကြတယ်။ အခု နှစ်ပေါင်းများစွာ ကြာပြီဆိုပေမယ့် သူတို့ညီအစ်ကိုခုနစ်ယောက် စစ်မြေပြင်မှာ အတူတကွ တိုက်ပွဲဝင်ခဲ့တဲ့နေ့ရက်တွေကို ပြန်သတိနေဆဲပါပဲ။

ကျိရွှေရှန့်က ချွီတာ့နှင့် ကျန်းချမ်တို့၏မျက်လုံးများမှ ဝမ်းနည်းမှုကို မြင်နိုင်ပြီး သူတို့က ခင်မင်ရင်းနှီးမှုကို တန်ဖိုးထားသူများဖြစ်ကြောင်းလည်း သိနေခဲ့သည်။

“ဦးလေးချွီ... ကျွန်တော်နဲ့ လိုက်ခဲ့ပါ”

“ကောင်းပြီ၊ ငါတို့ ဒီမှာ နေ နေတာလည်း ယာယီဖြေရှင်းချက်တစ်ခုပါပဲ။ ငါတို့က မင်းအဖေနဲ့ မင်းရဲ့မွေးစားဖခင်အတွက် လက်စားချေဖို့ အခွင့်အရေးကို စောင့်နေခဲ့တာ၊ ပြီးတော့ မင်းနဲ့ မင်းညီမလေးလည်း ရှာချင်ခဲ့တယ်။ အခု မင်း အသက်ရှင်နေမှတော့ ငါတို့ ဒီမှာနေစရာ အကြောင်းမရှိတော့ဘူး။ မင်းအဖေနဲ့ ငါတို့ရဲ့ညီအစ်ကိုတွေအတွက် လက်စားချေဖို့ မင်းနောက်ကို လိုက်ခဲ့မယ်"

သံမဏိစိတ်ဓာတ်နဲ့ ရဲရဲနီတဲ့သွေးတွေ ရှိနေတဲ့ သူတို့လို လူတွေက ဒီတောင်ကြီးပေါ်မှာ ဘယ်လို အချိန်ဖြုန်းချင်မှာလဲ? ဒီနေရာမှာ ပျော့ပျော့ညံ့ညံ့ ပုန်းခိုနေရတာထက်စာရင် စစ်မြေပြင်မှာ သေရတာကမှ ပိုကောင်းဦးမယ်။

“ကောင်းပြီ”

ကျိရွှေရှန့်က သူရဲကောင်းဆန်ဆန် သဘောတူလိုက်ပြီး ချွီတာ့၊ ကျန်းချမ်တို့နှင့် မိတ်ဆက်ပေးရန် ကျုံးယုံကို လှမ်းခေါ်လိုက်သည်။

"သူက ကျုံးယုံ... ဦးလေးကျုံးရဲ့သား"

"ကျုံးကျန်းဖုန်းရဲ့သား?"

ချွီတာ့နှင့် ကျန်းချမ်တို့က ပို၍ပင် စိတ်လှုပ်ရှားသွားပုံရသည်။

သူတို့ရဲ့ ညီအစ်ကိုကောင်း နှစ်ယောက်ရဲ့ သားကောင်းလေးတွေက အသက်ရှင်နေသေးတယ်။ ကောင်းကင်က သူတို့ကို ပစ်မထားပဲ ပျော်ရွှင်စေခဲ့တယ်။

ကျုံးယုံက သူတို့ကို ကြောင်တောင်တောင်ကြည့်နေပြီး ကျိရွှေရှန့်ကို ပြန်မေးလိုက်သည်။ "အကိုကြီး၊ ကျုံးကျန်းဖုန်းက ဘယ်သူလဲ?"

"မင်းအဖေ"

ကျိရွှေရှန့်က သူ့ညီလေး၏ တုံးအအအကြည့်ကို မြင်လိုက်ပြီး ရယ်မောလိုက်သည်။

ဦးလေးကျုံးက စစ်သူရဲကောင်းတစ်ဦးဖြစ်ခဲ့သလို သူ့သားကလည်း စစ်သူရဲကောင်းတစ်ဦး ဖြစ်လာလိမ့်မယ်။

"ကျွန်တော့် အဖေလား? အဖေ၊ ယုံအာ အဖေ့ကို အရမ်းလွမ်းတယ်”

ကျုံးယုံက သူ့ပါးစပ်ကို ခပ်ကျယ်ကျယ်ဖွင့်ကာ အော်ဟစ်လိုက်သည်။

သူ ငယ်ငယ်လေးကတည်းက သူ့အဖေကို မမြင်ဖူးခဲ့ပေမယ့် သူ့အဖေက သူရဲကောင်းကြီး ဖြစ်ကြောင်းနဲ့ ကောင်းကင်နဲ့ မြေကြီးကို ထောက်ပံ့ပေးနိုင်တဲ့ သူရဲကောင်းကြီးလို့ သူ့အမေက သူ့ကို အမြဲ ပြောပြခဲ့တယ်။

"ယုံအာ"

ချွီတာ့နှင့် ကျန်းချမ်တို့ကလည်း ကျုံးယုံနှင့်အတူ ငိုကြွေးနေခဲ့သည်။

အဲ့တုန်းက ကျုံးကျန်းဖုန်းက သူတို့ အစ်ကိုကြီးနဲ့အတူ မြို့တော်ကို လိုက်ပါသွားခဲ့တယ်။ ဒါပေမယ့် ဧကရာဇ်က အကြောင်းပြချက် အမျိူးမျိုး ပေးပြီး သူ့ကို မြို့တော်ထဲကို ဝင်ခွင့်မပေးဘဲ မြို့ပြင်ကနေ စောင့်ခိုင်းခဲ့တယ်။ ပြသနာတွေ ဖြစ်လာတဲ့အချိန်မှာ ကျုံးကျန်းဖုန်းက လွတ်မြောက်နိုင်ခဲ့ပေမယ့် သူက သူတို့ရဲ့အစ်ကိုကြီးကို သွားပြန်ကယ်ဖို့ ရာဇ၀တ်မှုကြီးကို ကျူးလွန်ခဲ့တယ်။ ကျုံးကျန်းဖုန်းက သူ့တပ်တွေနဲ့အတူ မြို့တော်ကို ဖောက်ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် ဝမ်မိသားစုစစ်တပ်ရဲ့ထောင်ချောက်ထဲကို ကျရောက်သွားခဲ့ပြီး သူတို့အစ်ကိုကြီးနဲ့အတူ ပုန်ကန်တယ်လို့ အတည်ပြုခံလိုက်ရတယ်။ အဲ့အတွက် သူတို့အကိုကြီးနဲ့အတူတူ သေဆုံးသွားခဲ့ရတယ်။

အဲ့သတင်း နယ်စပ်ကို ပျံ့နှံ့လာတဲ့အချိန်မှာ သူတို့တွေ တစ်နေကုန် ငိုကြွေးခဲ့ကြပြီး သူတို့ရဲ့အစ်ကိုကြီးနဲ့ ညီအစ်ကိုတွေအတွက် စက္ကူပိုက်ဆံတွေကို မီးရှို့ပေးခဲ့တယ်၊ သူတို့ကို ချည်ထည်အတုတွေ ပို့ပေးခဲ့တဲ့ လက်ထောက်စစ်သူကြီးအန်းကို သတ်ပြီး ရှောင်းမိသားစုစစ်တပ်တစ်ခုလုံး လူစုခွဲခဲ့ကြတယ်။ သူတို့က အဲဒီလို အုပ်စိုးရှင်ကို အကာအကွယ် မပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

နောက်တော့ နန်းတွင်းက သူတို့ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ရဲ့ ကလေးတွေကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ သတင်းရပြီး သူတို့ လိုက်ရှာခဲ့ကြပေမယ့် ကံမကောင်းစွာနဲ့ပဲ လူပင်လယ်ကြီးမှာ သူတို့ ကလေးတွေကို မရှာနိုင်ခဲ့ကြဘူး။

နောက်တော့ သူတို့က လမ်းပေါ်မှာ တွေ့တဲ့ ဝမ်မျိုးနွယ်ကလူတွေ သတ်ခဲ့တာကြောင့် ဝမ်မျိုးနွယ်ရဲ့ မိသားစုစစ်တပ်က သူတို့ကို လိုက်ရှာခဲ့တယ်။ နောက်ဆုံးမှာတော့ တောင်တွေပေါ်မှာ ပုန်းခိုဖို့ကလွဲရင် ရွေးစရာ မရှိတော့ဘူး။

အခု သူတို့ ညီအကိုနှစ်ယောက်ရဲ့သားတွေကို ရှာတွေ့ပြီဆိုမှတော့ သူတို့အတွက် အသုံးမ၀င်တော့တဲ့ ဒီစခန်းကို ဒုက္ခသည်တွေအတွက် ထားပေးခဲ့မယ်။ သူတို့ လမ်းခရီးမှာ စားသောက်ဖို့ အစားအစာတချို့ကို ယူသွားရင်တောင် ကျန်ခဲ့မယ့် စားစရာတွေက ဒီဒုက္ခသည်တွေ လာမယ့်နွေဦးအထိ အသက်ရှင်နေထိုင်ဖို့ လုံလောက်လိမ့်မယ်။

အခု သူတို့ ထိန်းသိမ်းထားခဲ့တဲ့ ‌ရှောင်းမိသားစုရဲ့စစ်တပ်အလံကို ကျိရွှေရှန့်ကို တရားဝင် လွှဲပြောင်းပေးဖို့ အချိန်ရောက်ပြီ။

ရှောင်းမိသားစုစစ်တပ် ပြန်လာပြီ။

"ယွိအာ၊ မင်း ဘယ်ကို သွားမလို့လဲ?"

ချွီတာ့က ကျိရွှေရှန့်နှင့်အတူ တောင်အောက်သို့ ဆင်းလာရင်း မေးမြန်းလိုက်သည်။

“မွေးစားအဖေက ကျွန်တော့်ကို ကျင်းရှီလျိုမြောင်ကို အရင် သွားပြီး အခြေချခိုင်းတယ်။ ပြီးမှ ဖြည်းဖြည်းချင်း အစီအစဉ် ဆွဲဖို့ မှာခဲ့တယ်”

ကျိရွှေရှန့်က သူ့၏မွေးစားဖခင် ပြောခဲ့သမျှကို ဤလူများအား မပြောပြနိုင်သေး‌ပေ။ မည်သို့ပင် ဖြစ်စေ သူတို့က ယခုမှ ပြန်တွေ့ကြပြီး တစ်ယောက်နှင့် တစ်ယောက် မရင်းနှီးသေးသောကြောင့် သတိထားရဦးမည် ဖြစ်သည်။

“ကောင်းပြီလေ၊ မင်း ဘာလုပ်ချင်လဲဆိုတာကို ငါ ဂရုမစိုက်ဘူး။ ငါတို့ လုပ်နိုင်သမျှက မင်း ဘာလုပ်လုပ် ထောက်ခံပေးဖို့ပဲ။ ဒီကလူတွေ အားလုံးက ‌ရှောင်းမိသားစုစစ်တပ်က လူဟောင်းတွေပဲ၊ သူတို့အားလုံးက ရှောင်းမိသားစုက မျိုးဆက်တွေရဲ့အမိန့်ကိုပဲ နာခံလိမ့်မယ်”

ချွီတာ့က ခေါင်းညိတ် ထောက်ခံလိုက်ပြီး ကျိရွှေရှန့်ကို အခုချက်ချင်း ပုန်ကန်ရန် အတင်းအကြပ် မတိုက်တွန်းခဲ့ပေ။ သူတို့၏ လက်ရှိကိန်းဂဏန်းဖြင့် အင်အားတောင့်တင်းသော နန်းတွင်းနှင့် တော်ဝင်ရုံးတော်၏ စစ်တပ်များကို ဆန့်ကျင်တိုက်ခိုက်ခြင်းက ကျောက်တောင်ကြီးကို ကြက်ဥဖြင့် ပစ်ပေါက်သလိုသာ ဖြစ်နေပေလိမ့်မည်။

ရှောင်းမိသားစု၏စစ်တပ်မှ လက်အောက်ငယ်သားဟောင်းများအားလုံးကလည်း သူတို့သခင်လေး၏နောက်သို့ လိုက်ရန် ဆန္ဒရှိနေကြပြီး သူတို့က ကျိရွှေရှန့်၏ ရှေ့တွင် တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

“ဒီလက်အောက်ငယ်သားက သခင်လေးနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်”

"အားလုံးကို ကျေးဇူးတင်ပါတယ်"

ကျိရွှေရှန့်၏မျက်လုံးများက နီရဲလာပြန်သည်။ သူ့ဖခင် တည်ထောင်ခဲ့တဲ့ စစ်တပ်က လူတွေက တောတောင်ထဲမှာ လယ်လုပ်ပြီး အမဲလိုက်ရင် အေးအေးဆေးဆေး နေနိုင်ပေမယ့် သူရဲကောင်းစိတ်ဓာတ်က သူတို့ရဲ့အရိုးတွေထဲမှာ ကိန်းအောင်းနေတုန်းပဲ။ သူတို့ရဲ့ကြွေးကြော်သံတွေကတောင် အားမန်အပြည့်နဲ့ တက်ကြွနေဆဲပဲ။

ချင်ဖုန်းနှင့် ထောင်ဟွားဝူမှ ရွာသားများက တောင်ခြေရင်းတွင် စောင့်နေကြပြီး ကျန်သူများအားလုံးက အလွန်စိုးရိမ်နေကြသော်လည်း စူးချင်းကတော့ ပုလဲများကို ကြိတ်ရန်အတွက် ကျောက်ဆုံအသေးလေးကို ထုတ်ယူနေခဲ့သည်။ ဤကျောက်ဆုံလေးကိုလည်း ကျိရမ်ထန်ထံမှ လုယူခံခြင်းဖြစ်ပြီး ပုလဲကြိတ်ရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။

"စူးချင်း ငါ လုပ်ပေးမယ်?"

လီတာ့နျိုက ကျိရွှေရှန့်အတွက် စိုးရိမ်နေခဲ့သော်လည်း စူးချင်း ပုလဲကြိတ်နေသည်ကို မြင်သောအခါတွင် သူက ကူညီရန် ကမ်းလှမ်းလိုက်သည်။

“အင်း”

စူးချင်းက သူ့ထံသို့ ကျောက်ဆုံကို လွှဲပေးခဲ့ပြီး မိန်းကလေးများနှင့်အတူ ဆေးပင်နှင့် ဟင်းချက်ရန် လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များကို ရှာဖွေရန် ထွက်သားခဲ့သည်။ ကျိရွှေရှန့်နှင့် ကျန်သူများ ပြန်ရောက်လာချိန်တွင် စူးချင်းနှင့် ကောင်မလေးများကလည်း ဝန်အပြည့်ဖြင့် ပြန်ရောက်လာခဲ့ကြသည်။

လီတာ့နျို၏ပုလဲများကလည်း ကြေမွနေပြီ ဖြစ်ကာ အ‌ဒေါ်ချိုးနှင့် တခြားသူများက ပုလဲမှုန့် ထုပ်ပိုးရန် ကူညီပေးခဲ့ကြသည်။

မနေ့ညက ဝံပုလွေ၏အော်ဟစ်သံက ရှောင်ဟူလေးကို ထိတ်လန့်စေခဲ့ပြီး သူက စိတ်မငြိမ်ဖြစ်နေသော်လည်း စူးချင်းက သူ့ကို ပုလဲမှုန့်နည်းနည်း စားခွင့်ပေးလိုက်သည်။ ပုလဲများတွင် စိတ်ငြိမ်စေသော အာနိသင်ရှိပြီး ကြောက်စိတ်ကို ကုသရာတွင် အလွန်ထိရောက်လှသည်။

ချင်ဖုန်းက ကျိရွှေရှန့်၏နံဘေးမှ ချွီတာ့ကို မြင်လိုက်ပြီး ပထမအကြည့်တစ်ချက်တွင် သူ့ကို မမှတ်သေးပေ။ သို့သော် သူက သူ့မျက်လုံးများကို ပွတ်သပ်ပြီး အနီးကပ်ကြည့်လိုက်ချိန်တွင် ထိုလူ့ကို မှတ်မိသွားခဲ့သည်။ အဘိုးအိုက အလွန်စိတ်လှုပ်ရှားသွားပြီး မျက်လုံးများပင် နီရဲလာလေသည်။

"အဖိုး၊ သူတို့အားလုံးက ကျွန်တော့်အဖေရဲ့ လက်အောက်ငယ်သားဟောင်းတွေပါ"

ကျိရွှေရှန့်က သူ့အဘိုးဆီသို့ လျှောက်လာပြီး အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။ ချင်ဖုန်းက ရယ်မောလိုက်ပြီး "ငါ သူတို့ကို သိတယ်။ မင်းအဖေက မင်းအမေကို လက်ထပ်တုန်းက သူတို့က ငါ့အိမ်ကို လိုက်လာဖူးတယ်လေ။ အဲဒီတုန်းက သူတို့လည်း ငယ်ရွယ်နုပျိုနေကြတုန်းပဲ၊ ဒါပေမယ့် အခုချိန်မှာတော့ သူတို့ရဲ့ ဆံပင်တွေက ဘဝရဲ့ကံကြမ္မာဆိုးတွေကြောင့် အရောင်တွေ စွန်းထင်းနေခဲ့ပြီ”

"ယွိအာ.... သူက?"

ချွီတာ့က အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ကျော် အရွယ်ရှိ ရွာသားကြီးတစ်ဦးနှင့် စကားပြောနေသည့် ကျိရွှေရှန့်ကို မြင်လိုက်သောကြောင့် မမေးဘဲ မနေနိုင်ခဲ့ပေ။

"သူက ကျွန်တော့်အဖိုး"

ကျိရွှေရှန့်က ရိုးရိုးရှင်းရှင်း အတိုးချုံး မိတ်ဆက် ပေးလိုက်သည်။ ထောင်ဟွားဝူမှ ရွာသူရွာသားများက သူတို့ထဲမှ မည်သူ့ကိုမျှ မသိသေးသလို သူကလည်း လောလောဆယ် မသိစေချင်သေးပေ။

“ဒါဆို ဧကရာဇ်ရဲ့မင်းဆရာလား?”

ချွီတာ့၏အမူအရာက အေးခဲသွားပြီး သူ့၏လေသံတွင် ရှုတ်ချမှုနှင့် မထီမဲ့မြင်ပြုချင်သော အရိပ်အယောင်များ ပြည့်နေလေသည်။

All Chapters