မက်မွန်ပွင့်ကံတရား
Vol. 12 Ch. 173
ဤရတနာဆိုင်၏ပိုင်ရှင်က အသက်လေးဆယ်ကျော်အရွယ် လူလတ်ပိုင်းတစ်ယောက် ဖြစ်ပြီး သူက ခရမ်းရောင်ပိုးဖဲဝတ်ရုံရှည်ကို ၀တ်ဆင်ထားသည်။ သူ့၏မျက်နှာအသွင်အပြင်က အနည်းငယ် ပိန်ရှည်သော မျက်နှာကျပုံစံမျိုးဖြစ်ပြီး ဖြူဖွေးသော အသားအရည်နှင့် အလွန်လိမ္မာပါးနပ်သော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။
သူက အခန်းထဲသို့ ဝင်လာသည်နှင့်တပြိုင်နက် ကျယ်လောင်စွာ ရယ်မောလာရင်း “ဂုဏ်သရေရှိ ဧည့်သည်တော်က ကိုယ်တိုင်ရောက်လာတယ်လို့ ကြားသိရတယ်။ ဒါက ငါတို့အတွက် ဝမ်းသာဝမ်သာ ဖြစ်ရတဲ့ အခိုက်အတန့်ပါ”
ဤလူက လက်ရှိအခြေအနေကို နားလည်သူဖြစ်ပြီး အခြားသူအနေဖြင့် ပထမဆုံးအမြင်တွင်ပင် သူ့အပေါ် အကောင်းမြင်လာစေရန် ကြိုးစားနေခြင်းဖြစ်သည်။
"သူဌေး၊ ခင်ဗျားက အရမ်း ယဉ်ကျေးလွန်းနေပါပြီ"
စူးချင်းက တည်ငြိမ်သော အမူအရာဖြင့် မတ်တပ်ထရပ်လိုက်ပြီး လေးစားသမှုပြုသည့်အနေဖြင့် ပြန်နှုတ်ဆက်လိုက်သည်။
"ကျေးဇူးပြုပြီး ထိုင်ပါ"
ရှယုံချန်းက စူးချင်းကို ထိုင်ရန် လက်ဟန်ဖြင့် ဖိတ်ခေါ်လိုက်ပြီးမှ သူ့၏ဝတ်ရုံရှည်အစကို ရုတ်သိမ်းလိုက်ပြီး စူးချင်း၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးက ပို၍ပင် ပီပြင်လာပြီး "သခင်လေးမှာ ပုလဲလည်ဆွဲတစ်ကုံး ရောင်းချင်တယ်လို့ ပြောတာကို ဆိုင်တာဝန်ခံဆီကနေ ကြားခဲ့တယ်"
“မရောင်းချင်ပါဘူး။ ကျူပ်က လက်ဝတ်ရတနာထည့်တဲ့ သေတ္တာဝယ်ဖို့ ခင်ဗျားတို့ ဆိုင်ကို လာခဲ့တာ၊ ဒါပေမယ့် ခင်ဗျားရဲ့ဆိုင်တာဝန်ခံက အဲဒါကို ဝယ်ဖို့ အခိုင်အမာ တောင်းဆိုနေတာ"
စူးချင်းက အေးတိအေးစက် ပြန်ဖြေလိုက်သည်။
ဒီစီးပွားရေးသမားတွေက အရေခြုံကောင်တွေ ဖြစ်ပြီး ကြောင်သူတော်ဆန်လွန်းတယ်။ သူတို့က ဝယ်ချင်နေပေမယ့် ဈေးသက်သက်သာသာနဲ့ ရဖို့ တဖက်လူက ရောင်းချင်နေတယ်လို့တောင် လာပြောနေသေးတယ်။
"သြော်...အဲ့လိုလား?!"
ရှယုံချန်းက စူးချင်း ဤမျှလောက် ပြတ်သားလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် သူ့အပြုံးများက ခပ်တောင့်တောင့် ဖြစ်သွားခဲ့သည်။ သို့သော် စီးပွားရေးသမားများက မည်သည့်အချိန်တွင် နောက်ပြန်ဆုတ်ရမည်ကို အသေအချာ သိကြပြီး တစ်ဖက်လူက မြင့်မြတ်သောမိသားစုမှ ကြယ်ဝသူ ဖြစ်နိုင်ပြီး ထိုဆွဲကြိုးကို ရောင်းချရန် မလိုအပ်သောကြောင့် အနည်းငယ် မာနကြီးနေခြင်းကို သူ နားလည်ပေးနိုင်သည်။
သူက ထပ်ပြုံးလိုက်ပြီး "ဒါဆို ငါ လည်ဆွဲကို တစ်ချက်လောက် ကြည့်လို့ ရမလား?"
ရှယုံချန်းက သူ့အမူအရာကို ဆက်လက် ထိန်းထားပြီး စူးချင်းကို ဆက်ပြုံးပြနေလေသည်။ စူးချင်းက လည်ဆွဲထည့်ထားသော လက်ဝတ်ရတနာသေတ္တာကို သူ့ဘက်သို့ ပေါ့ပေါ့ပါးပါး တွန်းပေးလိုက်သည်။
“ဒါက ပြီးပြည့်စုံလွန်းတယ်။ ဘယ်လောက်နဲ့ ရောင်းချင်လဲလို့ မေးပါရစေ”
လည်ဆွဲကို မြင်လိုက်သည်နှင့် ရှယုံချန်း၏မျက်လုံးများက တောက်ပလာသည်။
သူရဲ့ဆိုင်တာဝန်ခံက တကယ်ပဲ မျက်စိကောင်းလွန်းတယ်။ ဒါက ကံကောင်းလွန်းမှသာ ရှာတွေ့နိုင်တယ့် အရည်အသွေးမြင့် လည်ဆွဲတစ်ကုံးပဲ။
အဲ့တာကြောင့် သူ လှည့်ပတ်နေလို့ မဖြစ်ဘူး။ ပြီးတော့ သူ့ရှေ့က လူငယ်လေးကလည်း သူ လှည့်စားဖို့ တက်နိုင်တဲ့သူမျိုး မဟုတ်ဘူး။ အဲ့တာကြောင့် သူ ရိုးရိုးသားသားနဲ့ စျေးမေးရုံကလွဲပြီး ဘာမှ မတက်နိုင်ဘူး။
“လျန်သုံးထောင်”
ရွှေနှင့်ကျောက်စိမ်းတို့က အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ပြီး ပုလဲများကလည်း အလားတူ တန်ဖိုးရှိသောအရာများ ဖြစ်သည်။ ပုလဲကောင်းများဖြစ်နေလျှင် အဖိုးပင် မဖြတ်နိုင်သောကြောင့် စူးချင်းက လက်သုံးချောင်းကို အေးအေးဆေးဆေး ဆန့်ထုတ်လိုက်သည်။
"လျန်သုံးထောင်?"
ရှယုံချန်းက ထိန့်လန့်သွားပုံရသောကြောင့် စူးချင်းက မျက်ခုံးပင့်လိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်လိုက်ကာ "သူဌေးအနေနဲ့ ဈေးကြီးတယ်လို့ ထင်ရင်လည်း မဝယ်လို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျူပ်က ရောင်းချင်နေတာမှ မဟုတ်တာ"
စူးချင်းက သူမ၏လည်ဆွဲကို ပြန်ယူရန် လက်ဆန့်လိုက်ချိန်တွင် ရှယုံချန်းက သူမ လည်ဆွဲကို ပြန်သိမ်းသွားမည်ကို စိုးရိမ်သောကြောင့် လည်ဆွဲကို အမှတ်တမဲ့ လှမ်းဖိထားလိုက်သည်။
"ဘာဖြစ်လို့လဲ? လူယူချင်တာလား?"
စူးချင်းက ရှယုံချန်းကို တင်းမာစွာ စိုက်ကြည့်လိုက်ပြီး သူမ၏မျက်နှာက ပိုအေးစက်လာသည်။
ဒီဆိုင်က မတရားလုပ်တက်တဲ့ ဆိုင်ဖြစ်နေရင်တော့ သူမအတွက် နောက်ထပ်ပစ္စည်းတစ်သုတ် ထပ်ရနိုင်တယ်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါတို့က သခင်လေးတောင်းဆိုတဲ့ တန်ဖိုးအတိုင်း ပေးချေမှာပါ”
စူးချင်း ဒေါသထွက်သွားသည်ကို မြင်လိုက်သောကြောင့် ရှယုံချန်းက ခပ်မြန်မြန် ရှင်းပြလိုက်ပြီး ငွေစက္ကူများ သွားယူရန် ဆိုင်တာဝန်ခံကို အမိန့်ပေးလိုက်သည်။
"သခင်လေးက လျန်တစ်ထောင်တန် ငွေစက္ကူလက်မှတ်ကို လိုချင်လား? ဒါမှမဟုတ် တန်ဖိုးနိမ့်တဲ့ငွေစက္ကူတွေ လိုချင်လား?"
ဆိုင်တာဝန်ခံက စူးချင်းကို မေးရန် ရောက်လာပြန်သည်။
ဒီသခင်ငယ်လေးက ဒေါသကြီးတဲ့လူငယ်လေးတစ်ယောက်ဆိုတာကို သူ ခံစားမိနေတာကြောင့် သေချာအောင် ဂရုတစိုက် မေးမှ ဖြစ်မယ်လေ။
"ဖြစ်နိုင်ရင် အားလုံးကို လျန်တစ်ရာတန် ငွေစက္ကူတွေ လိုချင်တယ်"
စူးချင်းက ခဏလောက် စဉ်းစားလိုက်ပြီး လျန်တစ်ရာတန်ငွေစက္ကူများက သုံး၍ ပိုအဆင်ပြေကြောင်း တွေးမိလိုက်သောကြောင့် ထိုအဖြေကို ပေးလိုက်ခြင်း ဖြစ်သည်။ တန်ဖိုးမြင့်သောငွေစက္ကူများက သာမန်စျေးဆိုင်များတွင် ရှားပါးပြီး ၎င်းတို့ကို ပေးချေရန် ငွေလဲလှယ်ခပေးရခြင်းက အဆင်မပြေလှပေ။
“ကောင်းပြီ၊ ငါ သွားပြီးတော့ ပြင်ဆင်ပေးပါ့မယ်။ သခင်လေးက လက်ဖက်ရည်သောက်ရင်း ခဏလောက် စောင့်ပေးပါ”
ဆိုင်တာဝန်ခံက တလေးတစား သဘောတူလိုက်ပြီး ငွေစက္ကူများ ပြင်ဆင်ရန် ထွက်သွားခဲ့သည်။
ရှယုံချန်းက စူးချင်းထဲတွင် ပိုကောင်းသော အရာများ ရှိနေနိုင်သေးသည်ဟု ခံစားမိသောကြောင့် အပြုံးဖြင့် ထပ်မေးလိုက်သည်။
“သခင်လေး... သခင်လေးမှာ ဒီလည်ဆွဲလိုမျိုး လက်ဝတ်ရတနာတွေ ရှိသေးလားလို့ မေးချင်တယ်။သခင်လေးမျာ ရှိရင် ငါတို့ ဝယ်ပါ့မယ်"
“တခြားဘာမှ မရှိတော့ဘူး”
စူးချင်းက ခေါင်းယမ်းလိုက်သည်။
သူမ ဒီလည်ဆွဲကို လုပ်ဖို့ အကောင်းဆုံးပုလဲတွေကို အသုံးပြုခဲ့ပြီပြီ။ နောက်ထပ် တစ်ခုထပ်လုပ်ရင် ရိုးရိုးလည်ဆွဲပဲ ဖြစ်လိမ့်မယ်။
“အဲ့လိုဆိုလည်း ရပါတယ်”
ရှယုံချန်းကလည်း ကံကြမ္မာကို စမ်းသပ်ရန် ကြိုးစားနေခြင်းဖြစ်ပြီး စူးချင်းထံမှ ရနိုင်မည်ဟုတော့ အတိအကျ မမျှော်လင့်ထားခဲ့ပေ။
ဒီလောက် အရည်အသွေးမြင့်တဲ့ ပုလဲတွေက ဘယ်လိုလုပ်ပြီး ပေါပေါများများ ရနိုင်မှာတဲ့လဲ? အထူးသဖြင့် အလယ်က ပန်းရောင်ပုလဲကြီးက ပိုပြီးတောင် ရှားပါးဦးမယ်။ အဲဒါနဲ့ ယှဉ်နိုင်တဲ့ လက်ဝတ်ရတနာကို ရှာဖို့ဆိုရတာက မလွယ်ကူနိုင်တော့ဘူး။
ရှယုံချန်းက စူးချင်းနှင့် စကားဆက်ပြောနေချင်နေပြီး သူမ၏မွေးရပ်မြေ၊ သူမ၏အလုပ်အကိုင် စသည်တို့ကို စူးစမ်းချင်နေခဲ့သည်။ သို့သော်လည်း စူးချင်း၏မျက်နှာက အလွန်အေးစက်နေပြီး မေးခွန်းဆယ်ခုတွင် ကိုးခုကို မဖြေသောကြောင့် သူ မေးခွန်းဆက်မထုတ်နိုင်တော့ဘဲ စကားဝိုင်းက အလျင်အမြန် တိတ်ဆိတ်သွားရသည်။
ရှယုံချန်းက မရေမတွက်နိုင်သောလူများနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ဤမာနကြီးသော လူငယ်လေးရှေ့တွင်တော့ ဘာမှ မတတ်နိုင်တော့ဘဲ သူနှင့်အတူ ထိုင်ကာ လက်ဖက်ရည်သောက်နေရသည်။
ခဏအကြာတွင် ဆိုင်တာဝန်ခံက လျန်ငွေသုံးထောင်အတွက် ငွေစက္ကူများကို ယူဆောင်လာခဲ့ပြီးက စူးချင်းက ငွေလက်မှတ်များကို တစ်ရွက်ချင်း စစ်ဆေးလိုက်သည်။ စနစ်ထဲမှ ရှောင်ချီကလည်း အလုပ်ရှုပ်နေပြီး သူမ၏သခင်အတွက် ငွေလက်မှတ်များကို တစ်ခုချင်းစီ ကူစစ်ဆေးပေးနေလေသည်။
"သခင်၊ အားလုံးက အစစ်တွေပါ"
တခဏအတွင်းမှာပင် ရှောင်ချီက ငွေစက္ကူများ အားလုံးကို စစ်ဆေးပြီးသွားပြီး သူမက စူးချင်းကို သူမ၏ချစ်စဖွယ်အသံလေးဖြင့် သတင်းပို့လိုက်သည်။
“နှုတ်ဆက်ပါတယ်”
စူးချင်းက ငွေစက္ကူများကို သိမ်းလိုက်ပြီး ရှယုံချန်းကို လက်ခုပ်အုပ်ကာ နှုတ်ဆက်လိုက်သည်။ သူမက ငွေ ရသည်နှင့် စကားတစ်ခွန်းပင် ထပ်မပြောတော့ဘဲ ထွက်သွားခဲ့သည်။
“ဂရုစိုက်ပါ သခင်လေး၊ ကျေးဇူးပြုပြီး မကြာခဏ လာလည်ပါ”
စူးချင်း ထွက်သွားသည်ကို မြင်လိုက်ရမှ ရှယုံချန်းတစ်ယောက် စိတ်သက်သာရာရသွားခဲ့သည်။
ဒီလောက် အေးစက်တဲ့ ဧည့်သည်ကို ဧည့်ခံနေရတာကို သူ့ကို နှိပ်စက်နေသလိုပဲ။ ဘာမှ မပြောပြန်ရင်လည်း ဧည့်သည်ကို ပစ်ထားသလို ဖြစ်နေလိမ့်မယ်။ သူ စကားပြောတော့လည်း သူပဲ လစ်လျူရှုခံရတယ်။ ဘာကမှ အဆင်မပြေဘူး။
သူ ဒီလူငယ်လေးဆီကနေ အသုံးဝင်တဲ့ တစ်စုံတစ်ရာကို ရအောင်လည်း မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဒီသခင်လေးက ဘယ်သူဘယ်ဝါဆိုတာကိုလည်း သူ မသိလိုက်ရဘူး။ ဘာလုပ်ငန်းလုပ်လဲ ဆိုတာလဲ မသိရဘူး။ နားမလည်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။ တစ်ခါတစ်လေမှာ မှူးမတ်တွေနဲ့ အရာရှိတွေက သူတို့ရဲ့အမည်ကို လူသိမခံချင်ပဲ ဘိုးဘွားစဉ်ဆက် အမွေပစ္စည်းတွေကို ရောင်းချတာမျိုးတွေတော့ ရှိတက်တယ်။
စူးချင်းက လက်ဝတ်ရတနာဆိုင်မှ ထွက်သွားပြီးနောက် လမ်းတစ်လျှောက် လှည့်လည်သွားလာနေကာ သူမ မြင်သမျှထဲမှ လိုချင်သမျှကို ဝယ်ယူနေခဲ့သည်။
အဘိုးအိုတစ်ဦးက သူ့လက်ကို လှုပ်ယမ်းနေကာ တောင်ပေါ်ရှိ တိမ်များကဲ့သို့ သကြားမျှင်မုန့်ဖောင်းဖောင်းကြီး(သကြားငှက်သိုက်)များကို ပြုလုပ်နေသည်။ စူးချင်းက ထိုနေရာသို့ အတန်ကြာအောင် စိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် ကလေးများက ထိုသကြားမျှင်မုန့်ကို ဝယ်နေကြောင်း သူမ သဘောပေါက်လိုက်သည်။
သူမက စနစ်ထဲမှ ရှောင်-ဖက်တီးလေး- ချီ အတွက် ဝယ်ပေးရန် တွေးနေခဲ့သည်။
သခင်က ရှောင်ချီ့အတွက် အရသာရှိတဲ့ အစားအစာတွေ ဝယ်ပေးချင်နေတယ်။ သခင်က အရမ်းကောင်းတယ်!
ရှောင်ချီက သူမ၏သခင် သူမအကြောင်းတွေးနေသည်ကို ခံစားမိသောကြောင့် စိတ်လှုပ်ရှားနေပြီး စနစ်ထဲတွင် ကျွမ်းပစ်နေခဲ့သည်။
စူးချင်းကလည်း စနစ်ထဲမှ ပျော်ပျော်ရွှင်ရွှင် ကျွမ်းထိုးလေ့ကျင့်နေသော ရှောင်ချီကို မြင်သွားပြီး မထိန်းနိုင်တော့ဘဲ ပြုံးလိုက်မိသည်။ သို့သော်လည်း သူမ၏အပြုံးက လမ်း၏တစ်ဖက်ခြမ်းရှိ လက်ဖက်ရည်ဆိုင်ထဲမှ အမျိုးသားတစ်ဦးကဲ့သို့ ၀တ်စားထားသည့် လှပသော အမျိုးသမီးတစ်ဦးကို စွဲဆောင်ခဲ့မိမှန်း သူမ မသိခဲ့ပေ။
"အဲဒီသခင်ငယ်လေးက ဘယ်သူ့ရဲ့မိသားစုက လူချောလေးပါလိမ့်"
ထိုမိန်းခလေးက ဤစီရင်စုရှိ မိသားစုကြီးတစ်ခုထဲမှ လွမ်ဟုန်ဟု အမည်ရသော သမီးပျိုလေးဖြစ်သည်။ သူမက ယောက်ျားလေးကဲ့သို့ ၀တ်စားကာ လှည်ပတ်သွားလာရခြင်းကို နှစ်သက်သူ ဖြစ်သည်။ ယခုလည်း သူမ လျောက်သွားနေရင်း ပင်ပန်းနေလာကြောင့် လက်ဖက်ရည်သောက်ရန် ဤလက်ဖက်ရည်ဆိုင်သို့ ရောက်နေခြင်း ဖြစ်ပြီး သူမ ပြတင်းပေါက်ဘက်သို့ လှမ်းကြည့်လိုက်ချိန်တွင် စူးချင်းကို အမှတ်မထင် တွေ့သွားခြင်း ဖြစ်သည်။
လွမ်ဟုန်က စူးချင်းကို အရူးအမူး စိုက်ကြည့်နေပြီး သူမအတွေးဖြင့် သူမ ယောက်ယက်ခတ်နေခဲ့သည်။
သူက အရမ်းချောတယ်။ သူရဲ့အပြုံးက သူမကို အရမ်းရင်ခုန်စိတ်လှုပ်ရှားစေတယ်။ သူရဲ့ပြေပြစ်တဲ့ အမူအရာတွေကလည်း အရမ်းကို ချစ်စရာကောင်းလွန်းလှတယ်။
"ကျွန်မ မသိဘူး"
ရှောင်ရန်က ပြတင်းပေါက်ကို မှီထားရင်း အပြင်ဘက်သို့ အချိန်အတော်ကြာ ဂရုတစိုက်ကြည့်နေပြီး သူမ တစ်ခါမှ မြင်ဖူးသော သခင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ ရှောင်ရန်က သူ့၏အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး သူမ၏မိသားစုမှ သခင်မလေးကို ခေါင်းခါပြလိုက်သည်။
"ကျွန်မ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး"
လွမ်ဟုန်က မြင့်မြတ်သောမိသားစုများမှ သခင်ငယ်လေးကို တွေ့ဆုံဖူးသူ ဖြစ်သည်။ လောချန်ရှိ ဂုဏ်သိက္ခာရှိသော မိသားစုများမှ သခင်လေးများအားလုံးကို သူမ တွေ့ဖူးသည်ဟု ဆိုနိုင်သည်။
သူမ သူတို့အားလုံးကို မြင်ခဲ့ရသည့် အကြောင်းမှာ လွမ်ဟုန်က တစ်ဦးတည်းသောသမီး ဖြစ်ပြီး သူမ၏ဖခင်က သူမကို အလိုလိုက်လွန်းသောကြောင့်ဖြစ်သည်။ သူမ၏ဖခင်က အရာအားလုံးကို သူမ၏ သဘောအတိုင်း ခွင့်ပြုထားပြီး လွမ်ဟုန်က သူမ အရွယ်ရောက်လာချိန်တွင် ပေါ့ပေါ့ဆဆ လက်မထပ်ချင်ခဲ့ပေ။ သူမက သူမ သဘောကျသော သခင်လေးတစ်ယောက်နှင့်သာ လက်ထပ်ရန် ဆန္ဒရှိနေခဲ့သည်။
သူမ၏ဖခင်က သူ့သမီးကို အလိုလိုက်ရာတွင် ပြိုင်ဘက်ကင်းသူ ဖြစ်ပြီး သူမ၏အိမ်ထောင်ရေးကိစ္စကိုပင် သူမ၏အကြိုက် ရွေးချယ်ခွင့်ပြုသည်အထိ ဖြစ်ခဲ့သည်။ သူက သူ့သမီး ရွေးချယ်ရ လွယ်ကူစေရန် သူတို့ ခရိုင်အတွင်းရှိ သူ့သမီး၏အသက်အရွယ်နှင့် သင့်တော်သော သခင်လေးများအားလုံးကို သူ့အိမ်သို့ ဖိတ်ခေါ်ခဲ့ပြီး လွမ်ဟုန်ကို ရွေးချယ်စေခဲ့သည်။ သူက သူ့သမီး ထိုလူငယ်လေးများကို ကြည့်နိုင်ရန် အပေါ်ထပ်မှ ပြတင်းပေါက်ငယ်တစ်ခုကို ဖွင့်လှစ်ပေးထားခဲ့သည်။
ထို့ကြောင့် လွမ်ဟုန်က လောချန်ရှိ ဂုဏ်သိက္ခာရှိမိသားစုများမှ သခင်ငယ်လေးများအားလုံးကို သိထားခြင်း ဖြစ်သည်။
"ရှောင်ရန်၊ အဲ့သခင်လေးကို ဒီအပေါ်ထပ်ကို လာဖို့ သွားဖိတ်ခေါ်လိုက်"
လွမ်ဟုန်က ရဲရင့်ပြီး ပွင့်လင်းသော မိန်းကလေးဖြစ်သည်။ သူမက စူးချင်းကို ပိုင်ဆိုင်ရန် စိတ်ကူးယဉ်နေပြီ ဖြစ်သောကြောင့် သူမက ထိုသခင်လေး၏အကြောင်းကို ပိုသိချင်လာပြီ ဖြစ်သည်။ ထိုမှသာ သူမ၏အဖေကို အောင်သွယ်စေလွှတ်ပေးရန် တောင်းဆိုနိုင်မည် ဖြစ်သည်။
"သခင်မလေး၊ ဒါက မကောင်းဘူး မဟုတ်လား?"
ရှောင်ရန်က သူမ၏သခင်လေးကို မဝံ့မရဲ ပြန်ကြည့်နေလေသည်။
ဒါက အရမ်းရဲတင်းလွန်းပြီး ထိတ်လန့်စရာ ကောင်းလွန်းတယ်။ သခင်ကြီး သိသွားရင် သခင်ကြီးက သူမကို အပြစ်ပေးမှာ မဟုတ်ဘူးလား?
"မြန်မြန်လုပ်... သူ ထွက်သွားတော့မယ်"
စူးချင်း ထွက်သွားတော့မည်ကို မြင်လိုက်သောကြောင့် လွမ်ဟုန်၏နူးညံ့သိမ်မွေ့သော မျက်နှာလေးတွင် စိုးရိမ်မှုများ ပြည့်နှက်လာပြီး သူမက ရှောင်ရန်ကို အမြန်သွားရန် တိုက်တွန်းလိုက်သည်။
သူမ၏သခင်မလေးက သူ့ကို တွန်းထုတ်လိုက်သောကြောင့် ရှောင်ရန်က စူးချင်းကို သွားရှာရန်အပြင် ရွေးချယ်စရာ မရှိတော့ပေ။
စူးချင်းက ရှောင်ချီအတွက် သကြားမျှင်မှုန့်(သကြားငှက်သိုက်) ဝယ်ပေးလိုက်ပြီး ကျိရွှေရှန့်နှင့်ချိုးယုံခန်းတို့ အကောက်ခွန်စာရွက်စာတမ်းများ ရလောက်ပြီဟု တွေးကာ သူတို့ကို သွားရှာရန် ခြေလှမ်းစလိုက်သည်။
“သခင်လေး၊ ခဏနေပါဦး။ ကျွန်တော်တို့သခင်လေးက သခင်လေးနဲ့ စကားပြောဖို့ အပေါ်ထပ်ကို ဖိတ်ခေါ်ချင်လို့ပါ”