စီးပွားရေးအကြောင်း ဆွေးနွေးခြင်း
Vol. 12 Ch. 175
စူးချင်းက လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်း ငုံ့သောက်နေပြီး စူးဟန်ရွှမ်က သူမကို အကဲခတ်နေခဲ့သည်။ သို့သော်လည်း သူမ၏မျက်နှာက အေးစက်မြဲအေးစက်နေသောကြောင့် သူမ ထိုလက်ဖက်ရည်အား ကြိုက်မကြိုက်ကို သူ မခန့်မှန်းနိုင်ခဲ့ပေ။
"ဒီကသခင်လေး၊ ဒီရွှေပိုးမျှင်မုန့်ကို မြည်းကြည့်ပါဦး"
စူးဟန်ရွှမ်က စူးချင်းကို အပြုံးဖြင့် တိုက်တွန်းလိုက်ချိန်တွင် စူးချင်းက သူ့ကို ခေါင်းမော့ကြည့်လာပြီး သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားလိုက်သည့်အခိုက်တွင် စူးဟန်ရွှမ်၏နှလုံးက ခပ်မြန်မြန် ခုန်ပေါက်လာခဲ့သည်။
သူ ပြန်ထပ်ကြည့်လိုက်ချိန်တွင် စူးချင်းက ခေါင်းပြန် ငုံသွားပြီး ရွှေပိုးမျှင်မုန့်ကို ကောက်ယူကာ စတင်စားနေပြီ ဖြစ်သည်။ သူမ မုန့်စားနေသည့်ပုံစံက တိမ်တိုက်ပေါ်မှ ကြိုးကြားငှက်ကဲ့သို့ တင်တယ်လွန်းလှသည်။ စူးဟန်ရွှမ်က သူမကို ကြည့်နေရင်း အနည်းငယ် ထပ်ပြုံးလိုက်သော်လည်း သူ့အပြုံးတွင် နာကျင်နေသောအရိပ်အယောင်များ ရှိနေခဲ့သည်။
တကယ်တော့ သူ့ရှေ့က လူက သခင်ငယ်လေးတစ်ယောက်ပဲလေ။ သူက သူ့သမီးလေးကို တမ်းတလွန်းလို့ ယောက်ျားလေးကိုတောင် သူ့သမီးလေးလို့ ထင်နေမိတယ်။
"အရသာ ရှိတယ်"
စူးချင်းက မုန့်ကို ချီးကျူးလိုက်သည်။
ဒါက အရသာရှိတယ်လို့ သူမ တကယ်ခံစားရတယ်။ ချိုပေမယ့် အဆီမပြန်ဘဲ ပါးစပ်ထဲမှာ အရည်ပျော်သွားတယ်။ နားနေတည်းခိုဆောင်က အဆာပြေမုန့်တွေထက်တောင် ပိုအရသာရှိသေးတယ်။
စူးချင်းက မုန့်နှစ်တုံးကို ဆက်တိုက်စားလိုက်ပြီးမှ စူးဟန်ရွှမ်ကို မော့ကြည့်လိုက်ကာ “ဒီမုန့်က မဆိုးဘူး။ ဘယ်မှာ ဝယ်လို့ရမလဲလို့ သခင်ကြီးကို မေးပါရစေ”
“ဒါကို ငါတို့မိသားစုရဲ့စားဖိုမှူးက လုပ်ထားတာပါ။ တခြား ဘယ်မှာမှ ဝယ်လို့ မရလောက်ဘူး။ သခင်ငယ်က စားရတာ ကြိုက်တယ်ဆိုရင် ဆိုင်အကူတစ်ယောက်ကို မုန့်နှစ်ဗူးစာလောက် ထုတ်ပိုးခိုင်းလိုက်မယ်”
စူးချင်းက မုန့်ကို သဘောကျကြောင်း သိလိုက်ရသဖြင့် စူးဟန်ရွှမ်က အလွန်ဝမ်းသာသွားပြီး စူးချင်းအတွက် မုန့်နှစ်ဗူး ထည့်ပေးရန် ကမ်းလှမ်းလိုက်သည်။
ဒါက သူ့သမီးလေး အကြိုက်ဆုံးမုန့်လေ။ ဒီသခင်ငယ်လေးကလည်း နှစ်သက်လိမ့်မယ်လို့ သူ မမျှော်လင့်ထားမိဘူး။
“ကောင်းပြီလေ”
စူးချင်းက အသာတကြည် လက်ခံလိုက်သည်။
သူမ ဒီရွှေပိုးမျှင်မုန့်ကို ဘယ်မှာ ဝယ်လို့ရမလဲလို့ မေးချင်တာက သူမ ရှောင်ယင့်အတွက် မုန့်တစ်ချို့ ဝယ်သွားချင်လို့ပါ။ ဒါပေမယ့် သူတို့ရဲ့စာဖိုမှူးကိုယ်တိုင် လုပ်ထားတဲ့ မုန့်ဖြစ်မယ်လို့တော့ သူမ မမျှော်လင့်ထားမိဘူး။ စူးဟန်ရွှမ်က သူမကို မုန့်နှစ်ဘူး ထပ်ပေးမယ်ဖို့ ကမ်းလှမ်းတဲ့အချိန်မှာ သူမ အားနာသလို ခံစားလိုက်ရတာကြောင့် သူ့ရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်တာပါ။
ကျိရွှေရှန့်နှင့်ချိုးယုံခန်းတို့က ရှက်ရွံ့စွာဖြင့် သူတို့၏မျက်ခုံးမွှေးများကို ကုတ်ခြစ်နေကြသည်။
စားတဲ့အပြင် ထည့်ပါ ထည့်သွားဦးမှာလား?
သို့သော်လည်း စူးချင်း၏ပင်ကိုယ်စရိုက်က ဤကဲ့သို့ဖြစ်ပြီး သူမက ယဉ်ယဥ်ကျေးကျေး ကျိုးကျိုးနွံနွံ မဟုတ်မှန်း သူတို့ သိနေခဲ့သည်။
"ကျေးဇူးတင်ပါတယ် သခင်ကြီးစူး"
ကျိရွှေရှန့်က စူးချင်းကိုယ်စား စူးဟန်ရွှမ်ကို ကျေးဇူးတင်လိုက်ပြီး စူးဟန်ရွှမ်က အပြုံးဖြင့် သူ့လက်ကို ပြန်ဝှေ့ယမ်းပြလိုက်သည်။
"ရပါတယ်၊ ဒါက သရေစာနည်းနည်းပါပဲ စျေးကြီးတာ မဟုတ်ဘူး”
စူးဟန်ရွှမ်က သူ့လက်ကို ဝှေ့ယမ်းကာ ပြုံးပြနေချိန်တွင် ဆိုင်အကူတစ်ယောက်က အဝတ်နမူနာနှင့်အတူ ပြန်ရောက်လာခဲ့သည်။ သူ သယ်ဆောင်လာသော ဗန်းပေါ်တွင် ချည်သားအ၀တ်တစ်စုံစာ အစုံအလင် ပါလာခဲ့သည်။
"သခင်လေးတို့.... ကျေးဇူးပြုပြီး အထည်တွေကို စစ်ကြည့်ပါဦး"
စူးဟန်ရွှမ်က ချည်သားအင်္ကျီများကို ကျိရွှေရှန့်အား ပြသရန် ဆိုင်အကူကို လက်ဟန်ဖြင့် စေခိုင်းလိုက်သည်။
ချိုးယုံခန်းက ထောက်ပံ့ပို့ဆောင်ရေးတာဝန်ခံဖြစ်သောကြောင့် ကျိရွှေရှန့်က ချည်သားအ၀တ်အထည်များ၏အရည်အသွေးကို စစ်ဆေးရမည့်တာဝန်အား ချိုးယုံခန်းထံသို့ လွှဲပေးလိုက်သည်။
ချိုးယုံခန်းက အဝတ်အထည်များကို အနီးကပ်ကြည့်နေပြီး သူက တင်ပါးနှင့် ဒူးနေရာကို သေသေချာချာ စစ်ဆေးနေခဲ့သည်။ ထိုနေရာများသာမက လည်ပင်းနှင့် အနားသတ်နေရာများတွင်ပါ ဝါဂွမ်းထူထူများ ဖြည့်ထားသည်ကို သူ တွေ့လိုက်ရပြီး အသုံးပြုထားသော အထည်စများကလည်း ခိုင်ခံပြီး ချုပ်ရိုးများက သေသပ်ကောင်းမွန်သလို လက်ရာကလည်း အဆင်ပြေနေခဲ့သည်။
“ဒီဂွမ်းအင်္ကျီတွေက အရမ်းကောင်းတယ်။ တခြားအထည်တွေကရော ဒီတစ်ထည်နဲ့ အရည်အသွေး တူရဲ့လားလို့ မေးပါရစေ”
ချိုးယုံခန်းက စေ့စပ်လွန်းသူ ဖြစ်ပြီး နမူနာက အရည်အသွေး ကောင်းမွန်သော်လည်း သူက သတိထားနေဆဲဖြစ်ကာ သေချာအောင် ထပ်မေးလိုက်သည်။ မရိုးသားသောကုန်သည်များစွာက သူတို့၏ဖောက်သည်များအား နမူနာ ပြသရာတွင် အရည်အသွေးကောင်းမွန်သော ကုန်စည်များကို ပြသတက်ပြီး ပေးပို့သောအခါ လုံးဝပြောင်းလဲသွားသည်ကို သူ ကြားဖူးခဲ့သည်။
“အားလုံးက အတူတူပါပဲ။ ငါတို့ ကုန်ပစ္စည်းတွေ ထုတ်ပိုးရင်လည်း သခင်လေးတို့ စစ်ဆေးလို့ ရပါတယ်။ ဒီအထည်တွေနဲ့ တခုခု လွဲနေတာမျိုး ရှိရင် ငွေတစ်စတောင် ပေးဖို့ မလိုပါဘူး”
စူးဟန်ရွှမ်က ယုံကြည်မှုအပြည့်ဖြင့် ကတိပေးလိုက်သည်။ စူးမိသားစု၏လုပ်ငန်းက သူတို့၏ ရိုးသားသောဂုဏ်သတင်းကြောင့် နာမည်ကျော်နေခြင်း ဖြစ်သည်။ သူတို့က မည်သည့်အခါမှ ညံ့ဖျင်းသော ထုတ်ကုန်များကို ကောင်းမွန်သည်ဟု လိမ်လည်ရောင်းချမည် မဟုတ်ပေ။
"ကောင်းပြီ၊ဒါဆို ဈေးနှုန်းနဲ့ပတ်သတ်ပြီး ပြောကြရအောင်"
ချိုးယုံခန်းအတွက် သူ ကျေနပ်လောက်စေမည့် အဖြေကို ရရှိသွားခဲ့ပြီး နောက်တစ်ဆင့်က စျေးနှုန်းကို မေးမြန်းရန် ဖြစ်သည်။
ယန်ကျစ်က အနိမ့်ဆုံးဈေးဖြင့် ရရှိရန် ကူညီပေးမည်ဟု ကတိပေးခဲ့ပြီး စူးဟန်ရွှမ်ကလည်း သူတို့ကို အနိမ့်ဆုံးဈေးဖြင့် ပေးမည်ဟု ကတိပြုထားသော်လည်း ချိုးယုံခန်းက စျေးဆစ်ရန် တွေးထားခဲ့သေးသည်။
“ဒီဝါဂွမ်းအပြည့်ပါတဲ့ အင်္ကျီနဲ့ ဘောင်းဘီတစ်စုံကို ငွေသုံးလျန်စီ ကျသင့်တယ်”
စူးဟန်ရွှမ်က သူ ပေးနိုင်သည့် အနိမ့်ဆုံးစျေးနှုန်းကို ပြောပြလိုက်သည်။ ယခုနှစ်တွင် ကပ်ဘေးများကြောင့် ဝါဂွမ်း၏တန်ဖိုးက နှစ်ဆတိုးလာခဲ့သည်။ သူတို့ပင်လျှင် မနှစ်က သိမ်းထားသော ဝါဂွမ်းများကို အသုံးပြုထားခြင်းကြောင့်သာ ဤစျေးဖြင့် ပေးနိုင်ခြင်းဖြစ်ပြီး ထိုသို့မဟုတ်လျှင် အနည်းဆုံး ငွေငါးလျန်ရမှသာ ရောင်းချနိုင်ပေလိမ့်မည်။
"ငွေသုံးလျန်?"
ချိုးယုံခန်းက တုံ့ဆိုင်းသွားသည်။
အဝတ်တစ်စုံအတွက် ငွေသုံးလျန်... လူတစ်ရာနှစ်ဆယ်အတွက်ဆိုရင် စုစုပေါင်း သုံးရာခြောက်ဆယ်လျန်ပေါ့။ အဲ့လို ရုတ်တရတ် ပိုက်ဆံတွေ အများကြီး ထုတ်ပေးလိုက်ရတာက သူ့ကို ရင်နာစေတယ်။
“ဒါက အနိမ့်ဆုံးစျေး ဖြစ်နေပါပြီ။ ဒီထက် ထပ်လျော့ရရင် ငါတို့ အရှုံးပေါ်လိမ့်မယ်။ ဒီနှစ်မှာ ဝါဂွမ်းတစ်ထုပ်ကို ငွေတစ်လျန်ကျော် ပေးရတယ်။ အဝတ်တစ်စုံအတွက် ဝါဂွမ်းနှစ်ထုပ်ကျော်ကျော်လောက် သုံးထားပြီး အထည်စကိုလည်း အကောင်းဆုံး ချည်သားနဲ့ ပြုလုပ်ထားတော့ ခိုင်ခံ့ပြီး အကြမ်းခံတယ်။ လုပ်အားခပါ ထည့်တွက်ရင် ငွေသုံးလျန်နီးပါး ကုန်ကျတယ်”
ချိုးယုံခန်း၏ တုံ့ဆိုင်းမှုကို ကြည့်ပြီး ဆိုင်တာဝန်ခံက အထည်များ၏လက်ရှိစျေးနှုန်းကို တွက်ချက်ကာ ရှင်းပြလိုက်သည်။
“ပုံမှန်ဆိုရင် ကျွန်တော်တို့ အထည်ဆိုင်မှာ တစ်စုံကို ငွေလေးလျန်နဲ့ ရောင်းချတာပါ”
“စျေးနှုန်းက သင့်တင့်ပါတယ်။ လျှော့စျေးနဲ့ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"
ချိုးယုံခန်းက သူတို့ နားလည်မှု လွဲနေသည်ကို မြင်သွားပြီး အမြန်လက်ခုပ်အုပ်ကာ အပြုံးဖြင့် ကျေးဇူးတင်စကား ပြန်ပြောလိုက်သည်။
"ဒီစျေးနဲ့ဆိုရင် ကျွန်တော်တို့ အင်္ကျီနဲ့ ဘောင်းဘီရှည် အစုံ တစ်ရာ့နှစ်ဆယ်လောက် ယူမယ်၊ ငါးရက်အတွင်း အဆင်သင့်ဖြစ်နိုင်မလား?”
ကျိရွှေရှန့်က ဘေးမှ ဝင်ပြောလိုက်သည်။ သူက စျေးနှုန်းကို လက်ခဲလိုက်ပြီး ချည်သားအ၀တ်အထည် အစုံ ၁၂၀ အတွက် အချိန်ငါးရက် ရွှေ့ဆိုင်းပေးလိုက်သည်။ ဤနည်းအားဖြင့် သူတို့က လမ်းပေါ်တွင် ယန်ကျစ်တို့နှင့် တွေ့ဆုံတော့မည် မဟုတ်ပေ။
“ကျွန်တော် အပြင် ခဏသွားဦးမယ်။ ဝယ်ဖို့ တစ်ခုခု မေ့ကျန်ခဲ့တယ်"
သူတို့၏ညှိနှိုင်းသံများကို နားထောင်နေသော စူးချင်းက သူမ ဟင်းခတ်အမွှေးအကြိုင်များ ဝယ်ရန် မေ့လာခဲ့သည်ကို သတိရသွားပြီး ထရပ်လိုက်ကာ ကျိရွှေရှန့်ကို လှမ်းပြောလိုက်သည်။
“သွားလေ။ ငါတို့ မင်းကို ဒီမှာ စောင့်နေမယ်"
ကျိရွှေရှန့်က စူးချင်းကို ဂရုစိုက်ရန် မျက်လုံးအကြည့်ဖြင့် သတိပေးလိုက်ပြီး စူးချင်းက ခေါင်းညိတ်ပြကာ ပြန်ထွက်သွားခဲ့သည်။
"ဒီသခင်လေးက ဘာဝယ်ချင်လို့လဲ?"
စူးဟန်ရွှမ်က စူးချင်းကို မသွားစေချင်သည့်အတွက် သူလည်း မတ်တပ်ထရပ်ကာ လှမ်းမေးလိုက်သည်။
"ကျုပ် ဟင်းခတ်အမွှေးအကြိုင် သွားဝယ်မလို့"
စူးချင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ သူမက တခြားအထည်ဆိုင်များသို့ သွားကာ ဈေးနှုန်း မေးမည်ဟု ထင်နေသောကြောင့် ဒုတိယသခင်ကြီးက ထိုသို့ မေးသည်ဟု သူမ သတ်မှတ်လိုက်သောကြောင့် ထိုသို့ ပြန်ဖြေပေးလိုက်ခြင်း ဖြစ်သည်။
စူးဟန်ရွှမ်က စူးချင်း ဟင်းခတ်အမွှေးအကြိုင်အချို့ဝယ်မည်ဟု ကြားလိုက်ချိန်တွင် အကူအညီပေးရန် စိတ်ပါလက်ပါ ကမ်းလှမ်းလာပြန်သည်။
“ဒါဆိုရင်တော့ သခင်လေး ကိုယ်တိုင် သွားဝယ်ဖို့ လိုပါ့မလား? သခင်လေး လိုချင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ချရေးပေးလိုက်ပါ။ သခင်းလေးအတွက် သွားဝယ်ပေးဖို့ ငါ့ရဲ့လက်အောက်ငယ်သားတွေကို လွှတ်လိုက်လို့ရပါတယ်"
စူးဟန်ရွှမ်က သူ့၏လက်ထောက်အား စူးချင်း ဝယ်လိုသည်များကို ရေးသားပေးနိုင်ရန် စုတ်တံနှင့် စက္ကး ယူဆောင်ပေးဖို့ အမိန့်ပေးလိုက်သည်။
“သခင်ကြီး ကျုပ်က ပစ္စည်းတွေ အများကြီး ဝယ်ချင်တာပါ၊ တခြားပစ္စည်းတွေကိုလည်း ကြည့်ချင်သေးတယ်။ အဲ့တာကြောင့် ကိုယ်တိုင်သွားလိုက်ပါ့မယ်!"
စူးချင်းက သူတစ်ပါး၏ အလွန်အကျွံ စိတ်အားထက်သန်မှုကို အသားမကျသည့်အပြင် သူမက အမှန်တကယ်လည်း ဟင်းခတ်အမွှေးအကြိုင် အများအပြား ဝယ်ရန် တွေးထားခဲ့သည်။
သူမ နောက်ဆုံးအကြိမ် ကျိရမ်ထန်မှ လုယူလာခဲ့သော ဟင်းခတ်အမွှေးအကြိုင်များအားလုံးကို သုံးပြီးပြီ ဖြစ်သောကြောင့် ပြန်ဖြည့်တင်းရမည့်အချိန် ဖြစ်သည်။
ထို့အပြင် သူမတို့ ဆက်သွားမည့် လမ်းပေါ်တွင် စားနပ်ရိက္ခာများ ဝယ်ရန် အဆင်မပြေနိုင်တော့သောကြောင့် လောချန်တွင် အစားအစာများ ထပ်မံဝယ်ယူကာ ထိုအရာများကို အရေးပေါ်အခြေအနေတွင် သုံးနိုင်ရန် သူမ၏စနစ်ထဲတွင် သိမ်းထားရန် တွေးထားခဲ့သည်။
“သြော် ငါ သိပြီ။ အဲဒါလည်း အဆင်ပြေပါတယ်။ သခင်လေး လိုအပ်တာတွေ ဝယ်လို့ပြီးရင် ဒီကို ပြန်လာခဲ့ပါ။ အားလုံး အတူတူ သောက်ဖို့ ငါ ဖိတ်ခေါ်ပါရစေ"
စူးဟန်ရွှမ်က စူးချင်း မကျေမနပ် ဖြစ်သွားသည်ကို နားလည်လိုက်ပြီး အတင်းအကြပ် မပြောတော့သော်လည်း သူမ ပြန်လာရန် မျှော်လင့်နေဆဲ ဖြစ်သည်။
“ကောင်းပြီလေ”
စူးချင်းက စူးဟန်ရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။
သူက ဒီအရောင်းအဝယ်ကနေ အမြတ်တွေ အများကြီးရခဲ့တာလား? သူက နည်းနည်းတော့ စိတ်အားထက်သန်လွန်းနေတယ်။
ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က မတ်တတ်ထရပ်လိုက်ပြီး ယဉ်ကျေးစွာ ပြန်ပြောလိုက်ကြသည်။
“ဒုတိယသခင်ကြီး၊ ခင်ဗျား အဲ့လောက်ယဉ်ကျေးနေစရာ မလိုပါဘူး။ ကျူပ်တို့ ညီအစ်ကိုတွေလည်း အရေးကြီးကိစ္စတွေ ရှိနေသေးတယ်၊ အဲ့တာကြောင့် ခင်ဗျားကို မနှောက်ယှက်တော့ပါဘူး”
"အဲဒါက ပစ္စည်းတွေ သယ်ဖို့ပဲ မဟုတ်လား?"
စူးဟန်ရွှမ်က ဘာမှ ဝင်မပြောသော ယန်ကျစ်ကို တစ်ချက်ကြည့်ကာ ထပ်မေးလိုက်သည်။
ကုန်စည်ပို့ဆောင်ပေးတဲ့ အာမခံလုပ်ငန်းတွေရဲ့ အကူအညီ မပါရင် ဒီလိုအင်္ကျီတွေ အမြောက်အမြားကို ကျင့်ရှီလျိုမြောင်အထိ ပို့ဖို့က ခက်ခဲမှာ သေချာတယ်။
"အဲဒါ ဟုတ်တယ်"
ကျိရွှေရှန့်က သူစကားကို ခေါင်းညိတ်အဖြေပေးလိုက်သည်။
စူးဟန်ရွှမ်က ရယ်မောလိုက်ပြီး "ဒါဆို လွယ်ပါတယ်၊ သောက်ရင်းစားရင်း ပြောကြတာပေါ့။ ဒီစူးမျိုးရိုးက မင်းတို့သုံးယောက်နဲ့ မိတ်တွေဖွဲ့ချင်လို့ပါ"
"ဒါဆို ခင်ဗျားရဲ့ဖိတ်ခေါ်ချက်ကို လက်ခံပါ့မယ်"
စူးဟန်ရွှမ်က စိတ်ရင်းမှန်ဖြင့် တောင်းဆိုနေကြောင်း ကျိရွှေရှန့်က မြင်နိုင်ခဲ့ပြီး သူလည်း စူးဟန်ရွှမ်နှင့် မိတ်ဆွေဖွဲ့ချင်နေသောကြောင့် လက်ခံလိုက်သည်။
သူက အနာဂတ်မှာ ကြီးကျယ်တဲ့ကိစ္စတွေကို လုပ်ရဦးမယ်။ အဲ့အချိန်ရောက်လာရင် အဝတ်အထည်တွေနဲ့ တခြားလိုအပ်တဲ့အရာတွေအတွက် ကြီးမားတဲ့ လိုအပ်မှုတွေ ရှိလာမှာ သေချာတယ်။ အဲ့တာကြောင့် သူက အခုကတည်းက စူးဟန်ရွှမ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို အရင် တည်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
သူတို့နှစ်ဦးနှစ်ဖက် အဆင်ပြေသွားချိန်တွင် စူးချင်းက ဟင်းခတ်မွှေးအကြိုင်များနှင့် ဝါဂွမ်းများ ဝယ်ရန် ထွက်လာခဲ့သည်။ သို့သော် သူမထံတွင် တရားဝင်ရောင်းဝယ်ခွင့်စာရွက်စာတမ်းများ မရှိသောကြောင့် လောလောဆယ်တွင် သူမ ဝါဂွမ်း ရနိုင်မည်မဟုတ်ပေ။
သို့သော်လည်း စူးချင်းထံတွင် ထိုအရာကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှိနေသေးသည်။ သူမက ဖိနပ်အတွက် ဝါဂွမ်း အနည်းငယ်နှင့် အထည်စအနည်းငယ်ကိုသာ လိုအပ်ခြင်းဖြစ်သည်။ ထို့ကြောင့် သူမက ဝါဂွမ်း ဖြည့်ထားသော အဝတ်တစ်စုံ ဝယ်ပြီး ဖိနပ်အဖြစ်သို့ ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ ထိုအရာက အနည်းငယ် အလွန်အကျွံ ဖြစ်နေသည်ဟု ထင်ရသော်လည်း သူမထံတွင် တခြားရွေးချယ်စရာ မရှိပေ။
သူမ အထည်မှ ထွက်လာချိန်တွင် အစေခံမလေးတစ်ယောက် ပြေးလာသည်ကို တွေ့လိုက်ရပြီး သူမက မျက်ရည်များ ကျနေကာ စိုးရိမ်တကြီး ပုံစံဖြင့် ဆိုင်ထဲသို့ ပြေးဝင်လာသည်။
ထိုနောက် သူမက ဆိုင်အကူတစ်ယောက်ကို စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။
"ဒုတိယသခင်ကြီး ဘယ်မှာလဲ?"
"ဒုတိယသခင်ကြီးက အရေးကြီးတဲ့ ဧည့်သည်တွေကို ဧည့်ခံဖို့ အနောက်ဘက်အခန်းကို ရောက်နေတယ်!"
စိုးရွံ့နေပုံရသော အစေခံမိန်းကလေးကို မြင်လိုက်ရသောကြောင့် ဆိုင်အကူက ခန်းမ၏အနောက်ဘက်သို့ အလျင်အမြန် ညွှန်ပြရင်း ပြန်ဖြေလိုက်သည်။ ထိုစကားကြားပြီးနောက် အစေခံမိန်းကလေးက စိုးရိမ်တကြီးဖြင့် “ငါတို့ ဘယ်လို လုပ်ကြမလဲ? ဒုတိယသခင်ကြီးကို မြန်မြန်ခေါ်ပေးလို့ရမလား?!”