← Chapters

နတ်ဘုရား သတ်မှတ်ချက်

Vol. 5 Ch. 462

နတ်ဘုရား သတ်မှတ်ချက်

Vol. 5 Ch. 462

မတ်လ ငါးရက်…

ချန်းဖန်သည် ရုရှား ခြေလျင်တပ်မ ၁၁၆ အား အနိုင်ယူခဲ့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်ချုပ်ကြီးကို ခါဘာရို့မြို့တွင် သတ်ဖြတ်ခဲ့၏။

ထိုမှ နောက်ငါးရက် အတွင်း မော်စကိုသို့ ဦးတည်ကာ လမ်းတစ်လျှောက်လုံးရှိ KGB အဖွဲ့ခွဲ ဆယ့်ခုနစ်ခုကို ရှင်းလင်း ပစ်ခဲ့သည်။

ထို့နောက် ဆက်လက်၍ သွေးဝံပုလွေ ဘုရင် အိုလက်ကို အနိုင်ယူကာ ရုရှားအား အရှုံးပေး ဒူးထောက်စေခဲ့၏။

မတ်လ ဆယ်ရက်…

ချန်းဖန်သည် ကျန်းနန်နယ်သို့ ပြန်ရောက်လာခဲ့ကာ စွန်းမိသားစုအား အပြတ်ရှင်းခဲ့၏။ ထို့နောက် ကျင်းမြို့တော် အတွင်းမှ မိသားစု ဆယ့်ခြောက်ခု၏ ခေါင်းဆောင်များအား သတ်ဖြတ်ခဲ့၏။

ထိုတစ်ညတည်းတွင်ပင် သူသည် ကျန်းပေ့နယ်သို့ သွားရောက်ခဲ့ကာ လင်းတရှန်းနှင့် ဟောင်ဂိုဏ်း အမှောင်လမင်း အဖွဲ့ အပါအဝင် လူငါးရာခန့်အား သတ်ဖြတ်ခဲ့၏။

နောက်တစ်ရက်၌ သူသည် အန်မိသားစုသို့ ဆက်လက် ခရီးနှင်ကာ ဖူကျန့်ထင်အား သတ်ဖြတ်ခဲ့၏။

ခြောက်ရက် အတောအတွင်းမှာပင် ချန်းဖန်သည် ဆိုက်ဘေးရီးယားမှ မော်စကို၊ မော်စကိုမှ ကျင်းမြို့တော်၊ ကျင်းမြို့တော်မှ တုန်းဟယ် ပြည်နယ် မိုင်ပေါင်း တစ်သောင်းမကသော ခရီးကို နှင်ခဲ့ပြီး ဖြစ်၏။ သူသွားရောက်ခဲ့သည့် နေရာတိုင်းကား သွေးစွန်းထင်း ရစမြဲပင်။

သူလုပ်ခဲ့သော လုပ်ရပ်များမှာ ဖုံးကွယ်၍ မရနိုင်သော အရာများဖြစ်ရာ သတင်းများမှာလည်း လျှင်မြန်စွာ ပျံ့နှံ့နေတော့သည်။

***

ခွန်းလွန် လျှို့ဝှက် အခြေစိုက်စခန်း အတွင်း...

"သူက နိုင်ငံကြီး တစ်နိုင်ငံကိုတောင် အရှုံးပေး စေခဲ့တာပဲ… ပျံလွှားနီလေးရဲ့ မျက်လုံးနဲ့ မြင်ခဲ့တာသာ မဟုတ်ရင် ငါယုံမိမှာ မဟုတ်ဘူး"

ဒါရိုက်တာရှောင်က လက်ထဲရှိ စာဖိုင်များအား စားပွဲပေါ်သို့ ချရင်း ရေရွတ်လိုက်၏။ ချန်းဖန် အကြောင်း တင်ပြထားသော အရာတိုင်းက သူ့အား အချိန်တိုင်း လိုလို အံ့အားသင့် စေသည်။ ချန်းဖန် ရုရှားတွင် ပြုလုပ်ခဲ့သော အရာတိုင်းက တန်ခိုးရှင် အဆင့်များ၏ တန်ဖိုးကို ပေါ်လွင်စေသည်။ ရုရှား အနေဖြင့် ချန်းဖန်ကို အရှုံးပေးခဲ့ခြင်းတွင် အခြား အကြောင်းပြချက်များ ရှိသည့်တိုင် ချန်းဖန်၏ စွမ်းအားကို ကြောက်ရွံ့ခြင်းမှာလည်း အဓိက အချက်တစ်ချက် ဖြစ်သည်။

"သူက အိုလက်ကိုတောင် အနိုင်ယူ လိုက်တာပေါ့… ချန်းပေ့ရွှမ်းရဲ့ စွမ်းအားက တစ်နှစ်ထက် တစ်နှစ် တိုးလာတာပဲ"

ကျားဖြူ သက်ပြင်းတစ်ချက်ချရင်း ခေါင်းခါလိုက်သည်။

"လွန်ခဲ့တဲ့ တစ်နှစ်… ဂျပန် ဆယ့်လေးခုမြောက် ကြည်းတပ်နဲ့ တိုက်တုန်း ကတည်းက သူ့ကို တန်ခိုးရှင် အဆင့်လို့ ငါတို့ မခန့်မှန်းခဲ့ဘူး… ဒါပေမဲ့ အခု ပျံလွှားနီလေးရဲ့ အစီရင်ခံချက် အရဆို သူက တန်ခိုးရှင် အများစုထက် ပိုပြီး အစွမ်းထက်နေပြီ…"

"သူသုံးခဲ့တဲ့ ရွှေရောင် ဓားပျံ နည်းစနစ်က ပျောက်ကွယ်နေတာ ကြာခဲ့ပြီ… သူ့လို ဓားပျံကို သုံးနိုင်တာ ဆိုလို့ ကမ္ဘာပေါ်မှာ လင်းမိသားစုက တစ်ယောက်ပဲ ရှိတော့တယ်… ချန်းပေ့ရွှမ်းက အဲဒီ ပညာကို ဘယ်က သင်ခဲ့တာလဲ"

တစ်ယောက်က မေးလိုက်၏။

"ချန်းပေ့ရွှမ်း ဟောင်ကောင်ကို သွားတုန်းက ဓားလျှို့ဝှက်ချက်ရဲ့ အမွေအနှစ် တစ်ခုကို လက်ခံရခဲ့တယ် တဲ့… သူ အခုသုံးနေတဲ့ ဓားပျံ နည်းစနစ်က အဲဒီ အမွေအနှစ် ဖြစ်နိုင်တယ်"

ပျံလွှားနီလေးက ဝင်ရောက် အဖြေပေးလိုက်သည်။

"သူက ပိုပြီး အစွမ်းထက်လာတာနဲ့ အမျှ ပိုပြီး မောက်မာ လာတယ်… နောက်ပြီး သူ တရုတ်ကို ပြန်ရောက်တာနဲ့  ပြဿနာတွေ တစ်သီတစ်တန်းကြီး ရှာတော့တာပဲ…  ဒါရိုက်တာရှောင် ကာကွယ် ပေးထားတာကြောင့်သာ မဟုတ်ရင် နိုင်ငံ ခေါင်းဆောင်တွေက သူ့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက် ချပြီးလောက်ပြီ…"

"သူက ဂန္တဝင် ပုဂ္ဂိုလ် တစ်ယောက်ပဲ… ဒါကို ငါတို့ ထည့်တွက်ရမယ်… သူ့မိသားစုကို ကောင်းကောင်း မကာကွယ်ပေးခဲ့တာ ငါတို့ အမှားပဲ… သူက ငါတို့ကို သတိပေးဖို့ ခုလောက် လူတွေ အများကြီး သတ်လိုက်တာ"

ဒါရိုက်တာရှောင်က ခေါင်းခါရင်း ပြောလိုက်၏။ သူ၏ စကားကို ပျံလွှားနီလေးက နှာခေါင်းရှုံ့ရင်း...

"ဒါဆို သူ တရုတ်မှာ ဘာလုပ်လုပ် ကျွန်မတို့က လက်ပိုက်ကြည့်နေရမှာလား… တကယ်လို့ သူဒီထက် ပိုဆိုးလာရင် အဘိုးကြီးကို…"

"တော်လောက်ပြီ ယုနန်… ဗိုလ်ချုပ်ရဲ့က ငါတို့ နိုင်ငံရဲ့ ကာကွယ်သူပဲ… သူ့ကို သွားမနှောက်ယှက်သင့်ဘူး… နောက်ပြီး ဗိုလ်ချုပ် ချန်းပေ့ရွှမ်းက နိုင်ငံအတွက် အများကြီး အကျိုးပြုခဲ့တယ်… မင်း သူ့အကြောင်း စကားပြောတာ ဆင်ခြင်ပါ"

ဒါရိုက်တာရှောင်က ပျံလွှားနီလေး၏ စကားကို ဖြတ်ကာ ပြောလိုက်၏။

"ဟွန့်…"

ပျံလွှားနီလေးမှာ နှာခေါင်း တစ်ချက် ရှုံ့ပြီးနောက် ငြိမ်ကျ သွားတော့သည်။

သူမ အနေဖြင့် ဗိုလ်ချုပ်ရဲ့၏ တရုတ်အတွက် အရေးကြီးပုံကို သိရှိထားသည်။ ဗိုလ်ချုပ်ရဲ့၏ ကျေးဇူး ကြောင့်သာလျှင် တရုတ်မှာ နှစ်ခြောက်ဆယ်တိုင် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ခဲ့ခြင်း ဖြစ်သည်။

"ချန်းပေ့ရွှမ်း ပြန်ပေါ်လာကတည်းက တန်ခိုးရှင် အဆင့်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ခဏခဏ တက်လာခဲ့တယ်… ကျွန်တော်တို့ မိသားစုက အဘိုးကြီးရဲ့ ပြောပုံအရဆိုရင် တရုတ်မှာ စုဝေးပွဲ တချို့တောင် ရှိခဲ့တယ် တဲ့"

အစည်းအဝေးပွဲ၌ လိပ်နက်က ပထမဆုံး အကြိမ်အဖြစ် ဝင်ရောက် ဆွေးနွေး တင်ပြသည်။ အထူးဌာန၏ ကပ္ပတိန် လေးယောက်မှာ မတူကွဲပြားသည့် စရိုက်များအား ပိုင်ဆိုင်ထားကြ၏။

ကျားဖြူဆိုလျှင် အပြောအဆို ကြမ်းတမ်းပြီး ကြွားဝါတတ်သည်။

ပျံလွှားနီလေးမှာ စိတ်တိုကာ ပြတ်သားသည့် သဘောထားရှိပြီး အဇူရာနဂါးမှာမူ တည်တံ့ပြီး ခန့်ညားသော သူ ဖြစ်သည်။ သို့သော်လည်း လိပ်နက်မှာ သူ၏ ခံစားချက်များကို အမြဲ သိမ်းဆည်းထားတတ်သူ ဖြစ်ကာ လျှို့ဝှက်ချက်များ ရှိသူ ဖြစ်သည်။ သူ့အကြောင်းအား လုပ်ဖော်ကိုင်ဖက်များပင် အလုံးစုံ မသိကြချေ။

"သူတို့က တရုတ်ကို လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် တုန်းက အတိုင်း ထင်နေတာလား…"

ဒါရိုက်တာရှောင်က ပြုံးရင်း ဆက်ပြောလိုက်၏။

"လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် တုန်းက ဗိုလ်ချုပ်ရဲ့ကြောင့်ပဲ တရုတ်က အသက်ဆက်နိုင်ခဲ့တာ… ဒါပေမဲ့ ခုတော့ မတူတော့ဘူး… တရုတ်က ကိုယ့်အင်အားနဲ့ကိုယ် ရပ်တည် နေနိုင်စွမ်း ရှိနေပြီ"

ဒါရိုက်တာရှောင်၏ စကားက ယုံကြည်မှုနှင့် ဂုဏ်ယူခြင်းများ ပြည့်နှက်နေခဲ့၏။ သန်းချီသော စစ်အင်အား၊ နျူကလိယ လက်နက်နှင့် အင်အားကြီး စီးပွားရေး အဆောက်အအုံကို ပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံသာ ထိုကဲ့သို့ ဂုဏ်ယူနိုင်စွမ်း ရှိသည်။ ချန်းဖန်၏ သတင်း ကမ္ဘာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်နှင့် အချို့သော လူအိုကြီးများမှာ သတင်း အငွေ့အသက်ကို ခံစားရင်း နိုးထလာကြတော့သည်။

ချန်းဖန်မှာ လွန်ခဲ့သည့် နှစ်ခြောက်ဆယ် အတွင်း ပေါ်ပေါ်ထင်ထင် ထွက်ပေါ်ခဲ့သည့် တစ်ဦးတည်းသော တန်ခိုးရှင် အဆင့် ဖြစ်သည်။ သူ၏ ပေါ်ထွက်လာမှုက စစ်တပ်ကြီး တစ်တပ်ကို အနိုင်ယူနိုင်စွမ်း ရှိသည့် လူများ ရှိသေးကြောင်း နှိုးစက်တစ်လုံး သဖွယ် အချက်ပေးခဲ့သည်။ ထိုကဲ့သော စွမ်းအားရှင်များကို လူအများ မေ့လျော့နေကြသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

"ဒါက တန်ခိုးရှင် အဆင့် ဆိုတာရဲ့ အဓိပ္ပာယ် ဖြစ်သလို ဂန္တဝင် ပုဂ္ဂိုလ် တစ်ယောက်ရဲ့ အဓိပ္ပာယ်ပဲ…"

များစွာသော လူများက စိတ်ထဲမှ ကြိတ်၍ တွေးမိကြသည်။

အချို့ကဆိုလျှင် ချန်းပေ့ရွှမ်းမှာ ဤဂြိုလ်ကမ္ဘာပေါ်၌ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်ဟုပင် ဆိုကြသည်။ ဧဒင်၊ ရဲ့နန်ထင်း၊ အဇူရာနဂါး စသူတို့၏ စွမ်းအားက ချန်းပေ့ရွှမ်းနှင့် လုံးဝ မနှိုင်းယှဉ်နိုင်သော အဆင့်တွင် ရှိသည်။

***

လန်ဒန်မြို့…

၂၀၁၀၊ မတ်လ ၁၂ ရက်…

ရေဖယ်မှာ တိုက်ခန်းအို တစ်ခု အတွင်းတွင် ထိုင်ရင်း ကော်ဖီခွက် တစ်ခွက်နှင့် စီအိုင်အေ ဖိုရမ်၏ ပို့စ် (post) အသစ်ကို စောင့်မျှော်လျှက် ရှိ၏။ သူကား  သွေးတောင်ပံ အဖွဲ့မှ ခန့်အပ်ထားသည့် ဟက်ကာ (hacker) တစ်ယောက် ဖြစ်သည်။

သူတို့ သွေးတောင်ပံ အဖွဲ့၏ ခေါင်းဆောင် ကားလ်မှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က ရေခဲဝံပုလွေ ချိုင့်ဝှမ်းတွင် အသတ်ခံလိုက် သော်လည်း ယခုတွင်မူ အဖွဲ့ခေါင်းဆောင် အသစ် တစ်ယောက်ကို ရွေးကောက် တင်မြှောက်ခဲ့ပြီး ဖြစ်သည်။

"ဆယ်စုနှစ် တစ်ခု အတွင်းမှာ ဒီနှစ်က ပညာရှင် အများဆုံး ပေါ်ထွက်ခဲ့တဲ့ နှစ်ပဲ…"

ရေဖယ်မှာ စီအိုင်အေ ဖိုရမ်၏ စာမျက်နှာ အသစ်များကို လှန်ကြည့်ရင်း ရေရွတ်လိုက်သည်။

"အမှောင်သတ်မှတ်ချက်က ဆယ်စုနှစ် တစ်ခုလောက် အထိ မပြောင်းလဲခဲ့ပေမဲ့ ခုတော့ လတိုင်းကို ပြောင်းနေတော့တာပဲ… အချို့ ရွက်ပုန်းသီး ပညာရှင်တွေ ဆိုရင် လူမြင်ကွင်းမှာတောင် ပေါ်ပေါ်ထင်ထင် လှုပ်ရှားရဲ နေကြပြီ.."

"ငါတို့ရဲ့ ခေါင်းဆောင် အသစ်ဆိုရင်လည်း အရင်က အဖွဲ့ထဲမှာ မထင်မရှား လူတစ်ယောက်ပဲ… ဒါပေမဲ့ သူက ရုတ်တရက်ကြီး အရင် ခေါင်းဆောင်လောက်ကို အစွမ်းထက် သွားခဲ့တယ်… ဒီ အပြောင်းအလဲတွေ အားလုံးက ချမ်းပေ့ရွှမ်းကြောင့်လား…"

ချန်းပေ့ရွှမ်း ဆိုသော နာမည်က အတွေးထဲ ပေါ်လာသည်နှင့် ရေဖယ်မှာ ကြက်သီးပင် ထမိသွားသည်။

"ဘာပဲဖြစ်ဖြစ်လေ… ငါတို့ ခေါင်းဆောင်အသစ် အပါအဝင် ပညာရှင်တိုင်းက ချန်းပေ့ရွှမ်းကို ဘယ်လိုမှ မယှဉ်နိုင်ကြဘူး…"

ရေဖယ်က ဖြူရော်စွာ ပြုံးရင်း ခေါင်းခါလိုက်သည်။

ရုတ်တရက် စီအိုင်အေ ဖိုရမ်၌ သတိပေးချက် အသစ်တက်လာကြောင်း ရေဖယ် သတိထားမိလိုက်သည်။

"အမှောင် သတ်မှတ်ချက်အား စစ်ဆေးပါ ထိုအရာက အပြောင်းအလဲ ရှိသည်"

"မြန်လှချည်လားဟ… ထင်တောင် မထားဘူး"

ရေဖယ်က ရေရွတ်၍ ခပ်မြန်မြန်ပင် သတိပေးချက်ကို ဝင်ကြည့်လိုက်သည်။

"ချန်းပေ့ရွှမ်း ပြန်လာတာကြောင့် စီအိုင်အေက အပြောင်းအလဲ လုပ်တာလား… လွန်ခဲ့တဲ့ တစ်နှစ်လောက်တည်းက ချန်းပေ့ရွှမ်းကို သေပြီဆိုပြီး သူတို့ ဖယ်ရှားထားကြတာ… ဒါကြောင့် ခုပြန်ထည့်တာ နေမယ်"

"ချန်းပေ့ရွှမ်းသာ ပြန်ပါလာရင် ထိပ်ဆုံး နေရာက သူ့အတွက်ပဲ… ဧဒင်နဲ့ အိုဒင်တို့တော့ ထိပ်ဆုံးမှာ ဆက်ရပ်တည် နိုင်တော့မယ် မထင်ဘူး…"

ရေဖယ်က တီးတိုး ရေရွတ်ရင်း ကွန်ပြူတာ စခရင်အား စူးစိုက်ကြည့်လိုက်၏။

"နံပါတ် ၁၆ ဂျပန်က အီရီကာ… ဟမ် သူက လွန်ခဲ့တဲ့ တစ်နှစ်ကနဲ့ ယှဉ်ရင် အဆင့်တွေ ခုန်ပေါက် တက်လာခဲ့တာပဲ"

" … "

"နံပါတ် ၁၀ လုံဖန်အဖွဲ့ရဲ့ ရဲ့နန်ထင်း… အင်း ရဲ့နန်ထင်းက တံခါးပိတ် ကျင့်ကြံနေတာ… သူ့ အဆင့်က မူလနေရာမှာပဲ ရှိတာ မထူးဆန်းပါဘူး"

"နံပါတ် ၃ တရုတ်က အဇူရာ နဂါး… ဝါး… သူက ခပ်မြန်မြန် တိုးတက် လာတာပဲ"

"နံပါတ် ၂ ဧဒင်… ဟင် ဒါက နည်းနည်း ထူးဆန်းတယ်... ဧဒင်က အဆင့် နှစ်ဆို အိုဒင်ကရော…"

"နံပါတ် ၁ အိုဒင် … "

ရေဖယ်မှာ ထိုမြင်ကွင်းကြောင့် ရူးသွပ်သွားသည်။

"ဘာကြီးတုန်း… ချန်းပေ့ရွမ်းက ဘယ်နေရာမှာလဲ… သူက ပညာရှင် အများကြီးကို သတ်ပြီး ရုရှားကိုတောင် ဒူးထောက်စေခဲ့တဲ့ သူလေ… ဒါတောင် ဘာလို့ သတ်မှတ်ချက်ထဲ မပါရတာလဲ… ဒီသတ်မှတ်ချက်က ချီးထုပ်ပဲ"

ရေဖယ်က မျက်မှောင်ကြုတ်ရင်း အမှောင် သတ်မှတ်ချက်အား အစအဆုံး နောက်တစ်ကြိမ် စစ်ဆေးလိုက်၏။ သို့သော်လည်း ချန်းပေ့ရွှမ်း ဆိုသော နာမည်အား သူမတွေ့ရချေ။

"စီအိုင်အေက တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလား"

ရေဖယ်က မှတ်ချက်များ ရှိရာ နေရာသို့ ဝင်ကြည့်လိုက်ရာ ထိုသတ်မှတ်ချက်အား မကျေမနပ် ဖြစ်နေသော လူများစွာအား သူတွေ့လိုက်ရ၏။

"ဟဟ… သူတို့ အယောက်နှစ်ဆယ်လုံး ဝိုင်းတိုက်ရင်တောင် ချန်းပေ့ရွှမ်းကို နိုင်မှာ မဟုတ်ဘူး…"

တစ်ယောက်က လှောင်သလို ရေးသည်။

"ဘာတွေ ဖြစ်နေတာတုန်း… ဘာ စီအိုင်အေလဲဟ… သူတို့က ကိုယ့်အလုပ်ကို သေချာ မလုပ်ကြဘူးလား… ငပျင်းတွေပဲ"

များစွာသော ဖိုရမ် အသုံးပြုသူများကလည်း စီအိုင်အေ၏ ထိုသတ်မှတ်ချက်အား အပျက် သဘောဆောင်သော မှတ်ချက်များ ပေးကြသည်။

ရေဖယ်မှာလည်း ထိုလူများနှင့် ထပ်တူပင် ခံစားရသည်။

"ဟေ့ အပေါ်ကို တစ်ချက် ကြည့်လိုက်ကြဦး…"

တစ်ယောက်က ဝင်ရောက်၍ မှတ်ချက် ရေးလိုက်သည်။

"ဟဟ… ငါအကြိမ်ကြိမ် စစ်ဆေးပြီးနေပြီ ဘာမှကို မရှိတာ"

ရေဖယ်က ထိုမှတ်ချက်ကို ပြုံးရင်း ပြန်ရေးလိုက်၏။ သို့သော်လည်း များပြားသော မှတ်ချက်များက မိနစ်ပိုင်း အတွင်း တက်လာခဲ့သည်။

"အိုးမိုင်ဂေါ့… ဘာကြီးတုန်း"

"မူလ စာမျက်နှာရဲ့ ထပ်ဆုံးကို ကြည့်ကြဟေ့ မြန်မြန်"

"ဘုရားရေ … ငါတို့က သမိုင်း အသစ်ကို တွေ့နေရတာပဲ ငါ့ အဘိုးရဲ့ ဆယ်ကျော်သက် ဘဝကိုတောင် ပြန်ရောက် သွားသလိုပဲ"

ရေဖယ်မှာ အခြားသူများ၏ အံ့အားတကြီး မှတ်ချက်များကို ဖတ်ရင်း စိတ်ဝင်စား သွားခဲ့သည်။ ထို့ကြောင့်ပင် မူလ စာမျက်နှာသို့ သွားကာ အမှောင် သတ်မှတ်ချက်အား စစ်ဆေးလိုက်၏။ သို့သော်လည်း ထူးခြားချက် တစ်ခုတစ်လေပင် မရှိချေ။

"ဘာမှလည်း မရှိပါဘူး အရင် အတိုင်းပဲဟာ…"

ရေဖယ်က မကျေမချမ်း ရေရွတ်ရင်း အမှောင် သတ်မှတ်ချက်မှ ထွက်လိုက်၏။ ထို့နောက် အပေါ်ဘက်အား အမှတ်မထင် ဆွဲကြည့်လိုက်သည်။

ရုတ်တရက်ပင် ရွှေရောင် စာလုံးဖြင့် ရေးထားသော စကားလုံးအား တစ်ခုအား သူတွေ့လိုက်ရ၏။

"ချန်းပေ့ရွှမ်း…"

"ဟမ် ဒါက နတ်ဘုရား သတ်မှတ်ချက်"

ရေဖယ်ကား ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အ သွားတော့သည်။

***

၂၀၁၀ မတ်လ ၁၂ ရက်၊ နံနက်ခင်းတွင် …

စီအိုင်အေသည် နတ်ဘုရား သတ်မှတ်ချက်အား စတင် ဖွင့်လှစ်ခဲ့၏။ ထိုသတ်မှတ်ချက် ဝင်သော လူပုဂ္ဂိုလ်မှာမူ တစ်ဦးတည်းသာ ရှိ၏။ သူကား ချန်းပေ့ရွှမ်းပင်။

***

All Chapters