← Chapters

အခန်း (၁၈၂)

Vol. 13 Ch. 182

အခန်း (၁၈၂)

Vol. 13 Ch. 182

တံခါးစောင့်က သိပ်မကြာခင် ပြန်ရောက်လာပြီး ပင်ပန်းနေသောအမူအရာရှိနေသည့် စူးဟန်ရွှမ်က သူ့နောက်မှ လိုက်ပါလာခဲ့သည်။ တံခါးအပြင်ဘက်တွင် ရပ်နေသည့် ကျိရွှေရှန့်ကို မြင်လိုက်ချိန်တွင် စူးဟန်ရွှမ်က အဝေးကတည်းက လက်သီးအုပ်ကာ တောင်းပန်စကားဆိုလိုက်သည်။

"ညီလေးကျိကို စောင့်ခိုင်းမိတဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါ"

“အစ်ကိုစူး၊ ကျွန်တော်က မရီး နေမကောင်း ဖြစ်နေတယ်လို့ ကြားမိလို့ လာခဲ့တာပါ။ ကျွန်တော် ရုတ်​တရက် ​​ရောက်​လာတာ​ကြောင့်​ အစ်ကိုစူး စိတ်အနှောက်အယှက် မဖြစ်ဖို့ ​မျှော်​လင့်ပါတယ်"

ကျိရွှေရှန့်ကလည်း လက်သီးပြန်အုပ်ပြီး အမြန် ပြန်ပြောလိုက်သည်။ သူ့၏ဘယ်လက်ရော ညာလက်တွင်ပါ လက်ဆောင်များကို ကိုင်ဆောင်ထားသောကြောင့် သူက သူ့ရင်ဘတ်ရှေ့သို့ လက်သီးအုပ်လိုက်ချိန်တွင် ပစ္စည်းများကြောင့် အလွန်ကို့ယို့ကားယား ဖြစ်သွားခဲ့သည်။

စူးဟန်ရွှမ်က အနည်းငယ် အံ့သြနေခဲ့သည်။ သူ့ဇနီးရဲ့ရောဂါအကြောင်း ဒီညီလေးကို ဘယ်သူပြောလိုက်တာလဲ?

သို့သော်လည်း သူက အလွန် ယဉ်ကျေးသူ ဖြစ်ပြီး ကျိရွှေရှန့်ကို ဘာမှ ထပ်မမေးဘဲ အပြုံးဖြင့် ကျေးဇူးတင်လိုက်သည်။

"ညီလေးကျိက အရမ်း စဉ်းစားပေးတက်တာပဲ၊ ကျေးဇူးပြုပြီး ဝင်ပါ"

စူးဟန်ရွှမ်က ကျိရွှေရှန့်ကို ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး အစေခံများကို လက်ဖက်ရည်ပြင်ဆင်ပေးရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက ကျိရွှေရှန့်ကို ထိုင်ခိုင်းပြီး တောင်းပန်စကား ဆိုလိုက်သည်။

"တောင်းပန်ပါတယ်၊ မင်းရဲ့မရီးက ဆေးသောက်ပြီး အိပ်ပျော်သွားတယ်။ ဧည့်သည်တွေ့ဖို့ အဆင်မပြေလောက်ဘူး”

စူးသခင်မက ဆေးသောက်ပြီး အိပ်ပျော်သွားကြောင်း ကြားလိုက်သောအခါ ကျိရွှေရှန့်က စူးသခင်မက စူးချင်း ညွှန်ကြားပေးသော ဆေးကို သောက်ခဲ့သည်ဟု တွေးလိုက်မိသည်။ သို့သော် စူးချင်း စူးအိမ်တော်တွင် ရှိနေပါက တံခါးစောင့်က စူးဟန်ရွှမ်အား သတင်းပို့သည့်အချိန်တွင် သူမ ကြားနိုင်ပေလိမ့်မည်။

ဒါပေမယ့် သူမက ဘာလို့ ထွက်မလာတာလဲ? အခု သူမက ယောက်ျားလေးတစ်ယောက်လို ၀တ်ဆင်ထားတာကြောင့် စူးဟန်ရွှမ်က သူမကို အတွင်းခန်းထဲမှာ တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူး။ သူမ ထွက်သွားပြီလား?

ကျိရွှေရှန့်က စူးဟန်ရွှမ် လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်သည်ကိုပင် မကြားရလောက်အောင် အတွေးထဲနစ်ဝင်နေခဲ့သည်။

စူးဟန်ရွှမ်က ကျိရွှေရှန့်၏အတွေးများကို မသိသောကြောင့် သူ မကြားလိုက်ဘူးဟု ထင်ကာ နောက်တစ်ခါ ထပ်ပြောလိုက်သည်။

"ညီလေးကျိ၊ လက်ဖက်ရည် သောက်ပါဦး"

"ကျေးဇူးတင်ပါတယ်" ထိုအခါမှ ကျိရွှေရှန့်က သူ့ကို ကျေးဇူးတင်ကြောင်း ပြန်ပြောလိုက်ပြီး လက်ဆောင်များကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

"ဒါက မရီးအတွက် ဖြည့်စွက်စာတွေ ဝယ်ခဲ့တာပါ"

"ညီလေးကျိ၊ မင်းက အရမ်းယဉ်ကျေးလွန်းနေပြီ"

စူးဟန်ရွှမ်က သူ့ကို အလျင်အမြန် ကျေးဇူးတင်လိုက်ပြီး စကားစမြည် ပြောလိုက်သည်။ ထို့နောက် ကျိရွှေရှန့်က မမေးဘဲ မနေနိုင်တော့ဘဲ "ကျွန်တော်နဲ့ အတူပါလာတဲ့ လူငယ်လေးက စူးသခင်မကို ကုသပေးပြီး ပြန်ထွက်သွားတာလား?"

"ကုသပေးတာလား? အဲ့ညီလေးက မလာပါဘူး!"

စူးဟန်ရွှမ်ကလည်း စိတ်ရှုပ်နေခဲ့သည်။

အပြာရောင်ဝတ်ထားတဲ့လူငယ်လေးက သမားတော်လား? ဒါပေမယ့် သူဆီမှာ သမားတော်တစ်ယောက်ရဲ့ဟန်ပန်မျိုးတွေ လုံးဝ မရှိဘူး။

စူးချင်း မရောက်လာကြောင်း ကြားလိုက်ချိန်တွင် ကျိရွှေရှန့်က ငြိမ်မနေနိုင်တော့ဘဲ "ဘာလဲ? သူ မလာဘူးလား?"

"မလာဘူး၊ ငါ သူ့ကို မတွေ့ဘူး"

စူးဟန်ရွှမ်က ခေါင်းယမ်းလိုက်သည်။ ကျိရွှေရှန့်၏စိုးရိမ်တကြီး ဖြစ်နေသော အမူအရာအကြည့်ကို မြင်လိုက်သောကြောင့် စူးဟန်ရွှမ်က "သူ ရောက်မလာသေးတာ ဖြစ်နိုင်မလား?"

“မဟုတ်ဘူး၊ သူ ထွက်သွားတာ ကြာနေပြီ။ သူ ကျွန်တော့်ရှေ့ကနေ ရောက်လာသင့်တယ်”

ကျိရွှေရှန့်က စိတ်မသက်မသာဖြစ်သွားပြီး မတ်တပ်ထရပ်ကာ စူးဟန်ရွှမ်ကို လက်သီးအုပ် နှုတ်ဆက်လိုက်ပြီး “အစ်ကိုစူး၊ ကျွန်တော် သူ့ကို သွားရှာလိုက်ဦးမယ်။ သူက အစ်ကိုစူးရဲ့အိမ်ကို ရှာမတွေ့တာလဲ ဖြစ်နိုင်တယ်"

"မင်းနဲ့အတူ လိုက်ရှာပေးဖို့ တစ်ယောက်ယောက်ကို ထည့်ပေးလိုက်မယ်!"

စူးဟန်ရွှမ်ကလည်း အမြန်ထရပ်လိုက်သည်။

လူငယ်လေးက သူ့အိမ်ကို လာတဲ့လမ်းမှာ ပျောက်သွားခဲ့တယ်။ အဲ့တာကြောင့် သူက ကူညီပေးဖို့ ချက်ချင်း တောင်းဆိုလိုက်တာပါ။

"ရပါတယ်၊ ကျွန်တော် သူ့ကို တွေ့ရင် ဒီကို ပြန်ခေါ်လာခဲ့ပေးမယ်။ သူ့ရဲ့ဆေးပညာက အရမ်း အစွမ်းထက်တယ်၊ သူက မရီးကို ကူညီပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်”

ကျိရွှေရှန့်က စူးဟန်ရွှမ်၏ကောင်းမွန်သောရည်ရွယ်ချက်ကို ငြင်းပယ်လိုက်သည်။

သူက အစကတည်းက လူနာဆီကို အလည်လာဖို့ ဒီနေရာကို ရောက်လာခဲ့တာပါ၊ အခု သူက ဘယ်လိုလုပ်ပြီး လူ ကူရှာပေးဖို့ စူးဟန်ရွှမ်ကို နှောက်ယှက်နိုင်မှာလဲ?

စူးဟန်ရွှမ်က စူးချင်း ဆေးပညာ ကျွမ်းကျင်သည်ဆိုသော အချက်ကို အများကြီး ဂရုမစိုက်ခဲ့ပေ။ ဤနှစ်များတစ်လျှောက်တွင် သူက မရေမတွက်နိုင်သော နာမည်ကြီးသမားတော်များကို ရှာဖွေကာ ဖိတ်ခေါ်ခဲ့သော်လည်း မည်သူကမျှ သူ့ဇနီး၏ရောဂါကို မကုသပေးနိုင်ခဲ့ပေ။ ဤကဲ့သို့သော သခင်ငယ်လေး သူ့ဇနီးကို မည်သို့မျှ ကုသပေးနိုင်မည် မဟုတ်ပေ။

သို့သော် သူက ကျိရွှေရှန့်၏ကြင်နာမှုကို တန်ဖိုးထားခဲ့သည်။ ကျိရွှေရှန့်က သူ့ကို ငြင်းဆိုခဲ့သော်လည်း သူက ထိုသခင်လေးကို ရှာဖွေပေးရန် ကျိရွှေရှန့်နှင့်အတူ လိုက်ပါမည့် အစေခံများအား စေလွှတ်ပေးခဲ့သေးသည်။

ကျိရွှေရှန့်အတွက်လည်း စူးဟန်ရွှမ်၏ကြင်နာမှုကို လက်ခံရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ သူက စူးအိမ်တော်မှ ထွက်လာခဲ့ပြီး တလမ်းဝင် တစ်လမ်းထွက် လိုက်ရှာနေခဲ့သည်။ သူ လမ်းကြားလေး တစ်ခုသို့ ရောက်လာချိန်တွင် ဓားခုတ်သံများကို ကြားလိုက်ရသောကြောင့် ကျိရွှေရှန့်က စူးချင်း၏ ပင်ကိုယ်စရိုက်ကို တွေးတောရင်း ထိုလမ်းကြားထဲသို့ ဝင်လာသွားသည်။

သူမကို ရန်စတဲ့သူ ရှိရင် သူမက တိုက်ခိုက်လိမ့်မယ်။ အဲ့လိုမှ မဟုတ်ရင် သူမ အချိန်တွေ အများကြီး ဖြုန်းနေမှာ မဟုတ်ဘူး။ သူ သွားကြည့်ရမယ်။

“မင်းတို့ တခြားနေရာကို သွားကြည့်လိုက်။ ငါ ဒီကို ဝင်ပြီး ချက်ချင်း ပြန်ထွက်လာခဲ့မယ်"

ကျိရွှေရှန့်က စူးချင်း အခြားသူများနှင့် တိုက်ခိုက်ချိန်တိုင်း စူးချင်း၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်ဖူးနေသောကြောင့် ထိုအစေခံများက ၎င်းကို မြင်သွားပြီး ‌ကြောက်ရွံ့သွားမည်ကို စိုးရိမ်သောကြောင့် သူတို့ကို နှင်လွှတ်လိုက်သည်။

အစေခံများ ထွက်သွားပြီးနောက်တွင် ကျိရွှေရှန့်က လမ်းကြား၏အတွင်းထဲသို့ ထပ်ဝင်သွားခဲ့ပြီး ပိတ်ထားသော လေးထောင့်တံခါးလေးတစ်ခုကို တွေ့လိုက်ရသည်။ ထိုနေရာရှိ ခြံဝင်းထဲမှ ဓားသံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"မိန်းမတစ်ယောက်လား?"

သူ နံရံကို မော့ကြည့်နေချိန်တွင် အထဲမှ ခပ်အုပ်အုပ် အသံတစ်သံကို ကြားလိုက်ရပြီး ထိုစကားက ကျိရွှေရှန့်ကို ထိတ်လန့်သွားစေခဲ့သည်။

မိန်းမတစ်ယောက်တဲ့လား? စူးချင်းတော့ မဟုတ်ဖူးမလား?

ကျိရွှေရှန့်က နံရံပေါ်သို့ ချက်ချင်း ခုန်တက်လိုက်ပြီး ခြံဝင်းအတွင်းရှိ အခြေအနေကို ငုံ့ကြည့်လိုက်သည်။

အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူလေးယောက်က စူးချင်းကို ဝိုင်းထားကြပြီး သူမက သည်းထန်သော ဓားမိုး၏အလယ်မှ အပြာရောင်လိပ်ပြာလေးနှင့် ဆင်တူနေခဲ့သည်။ သူမကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားကြသော်လည်း သူမက ကြောက်ရွံ့နေမှုမျိုး မရှိခဲ့ပေ။ သူမက လုံးဝ တည်ငြိမ်နေပြီး အေးအေးဆေးဆေး လှုပ်ရှားနေကာ ဟာကွက်ပင် မရှိသေးပေ။ သို့သော် သူမထံတွင် လက်နက် မရှိသောကြောင့် သူမက အနည်းငယ် ဖိအားပေးခံထားရပြီး ထိုဓားမိုးထဲမှ ခဏတာအတွင်း မရုန်းထွက်နိုင်သေးပေ။

အနက်ရောင်ဝတ်လူများက စူးချင်းကို ဝိုင်းရံထားပြီး ဓားများက သူမအပေါ်သို့ အချိန်မ‌ရွေး ဆင်းသက်လာနိုင်သည်ကို မြင်လိုက်ချိန်တွင် ကျိရွှေရှန့်က ဘာကိုမှ မစဉ်းစားတော့ဘဲ သူ့၏ရတနာဓားကို ဆွဲထုတ်လိုက်သည်။ ကျိ‌ရွှေရန့်က ခြံဝင်းထဲသို့ သိမ်းငှက်တစ်ကောင်ကဲ့သို့ ဆင်းသက်လာပြီး သူ့လက်ထဲမှ ရတနာဓားက စူးချင်းကို အပြင်းအထန်သော တိုက်ခိုက်နေသော အနက်ရောင်ဝတ်လူများထံ ဝေ့ဝဲရောက်ရှိသွားခဲ့သည်။

အနက်ရောင်ဝတ်လူများကလည်း သိုင်းပညာ ကျွမ်းကျင်သူများ ဖြစ်ပြီး ပြင်းထန်သော လူသတ်ရောင်ဝါကို ခံစားလိုက်ရသောကြောင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် သူတို့၏ဓားများဖြင့် ခုခံကာ ဆုတ်ခွာသွားကြသည်။ ထိုကြောင့် စူးချင်းဆီသို့ ကျရောက်နေသော ဖိအားများထဲမှ တစ်ဝက်လောက်က လျော့သွားသွားပြီး သူမက လေထဲသို့ ခုန်တက်သွားကာ အနက်ရောင်၀တ်စုံဝတ်ထားသည့် လူတစ်ဦးကို နှစ်ကြိမ်ဆက်တိုက် ကန်ထုတ်လိုက်သည်။ သူမက ကိုယ်ခံပညာ ကျွမ်းကျင်မှုနှင့် သူမ၏ခွန်အား တစ်ရာရာခိုင်နှုန်းကို ပေါင်းစပ်ကာ အရိပ်သက်တော်စောင့်ကို ကန်ထုတ်လိုက်သောကြောင့် ထိုလူက ပါးစပ်ထဲမှ သွေးများ ထွက်ကျလာပြီး လဲကျသွားတော့သည်။

ကျိရွှေရှန့်၏ဘေးနားမှ အရိပ်သက်တော်စောင့်ကတော့ သူ့၏ရတနာဓားဖြင့် ထိုးသတ်ခံလိုက်ရသည်။ ထိုအနက်ရောင်ဝတ်လူက ကိုင်ဆောင်ထားသည့် ဓားပျော့က အလွန်တကူ ကွေးညွတ်နိုင်မည့် အကောင်ဆုံးသံဖြင့် ပြုလုပ်ထားပြီး အလွန်ထက်မြက်နေသော်လည်း ကျိရွှေရှန့်၏ရတနာဓားကြောင့် အလွယ်တကူ ဖြတ်တောက်ခံလိုက်ရသည်။

ထိုအနက်ရောင်ဝတ်လူက ခဏတာ မှင်သက်သွားသည့်အပြင် သူ့၏ဓားကလည်း ဓားကျိုးအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် သူ၏ လှုပ်ရှားမှုများမှ အ‌ရေးကြီးသော အရှိန်အဟုန်က ပျောက်ဆုံးသွားခဲ့သည်။ သို့သော်လည်း ကျိရွှေရှန့်က ရှေ့တိုးလာပြီး သူ့ကို ဓားဖြင့် လှမ်းထိုးလိုက်သည်။ ဓားက ထိုလူ၏ပခုံးကို ထိုးဖောက်ဝင်ရောက်သွားချိန်တွင် ကျိရွှေရှန့်က ဓားကို အလျားလိုက် ဆွဲလှန်လိုက်ပြီး ဓားက သူ့ပခုံးမှ လည်ပင်းအထိ ရက်ရက်စက်စက် ဆွဲဖြတ်သွားခဲ့သည်။

လူလေးယောက်ထဲမှ နှစ်ယောက်လဲကျသွားပြီး ကျန်နှစ်ယောက်က ဓားဖွဲ့စည်းပုံ ခင်းနိုင်လျှင်ပင် ကျိ‌ရွှေရှန့်နှင့်စူးချင်းကို ယှဉ်နိုင်မည် မဟုတ်ပေ။ ထိုနှစ်ယောက်က ကျန်နေသည့် အနက်ရောင်၀တ်လူနှစ်ယောက်ကို ခပ်မြန်မြန် ဖြေရှင်းလိုက်ကြသည်။

"လွမ်တောင်?"

ကျိရွှေရှန့်က တိုက်ပွဲတွင် ပါဝင်လာသည်ကို မြင်နေ‌ရသော်လည်း သခင်ကြီးလုက သူ့ကို သိပ်ဂရုမစိုက်ပေ။ သို့သော် သူ့လက်ထဲမှ လွမ်တောင်ကို မြင်လိုက်ရချိန်တွင် သခင်ကြီးလုက လုံးဝ တုန်လှုပ်သွားခဲ့သည်။ သူက သူ့လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သောကြောင့် အနက်ရောင်ဝတ်စုံဝတ်လူဆယ်ယောက်က အမှောင်ထဲမှ ပြေးထွက်လာပြန်သည်။

သခင်ကြီးလုက ကျိရွှေရှန့်ကို လက်ညှိုးထိုးပြလိုက်ပြီး အနက်ရောင်၀တ်လူများအား အမိန့်ပေးလိုက်သည်။

"သူ့ကို အရှင်မိအောင် ဖမ်းကြစမ်း"

"ရှင့်ကို ကြိုဆိုတဲ့အဖွဲ့က ပိုကြီးတာပဲ!"

စူးချင်းက ကျိရွှေရှန့်ကို လှမ်းကြည့်လိုက်သည်။ သူမက အင်အားများသော ရန်သူတစ်ဒါဇင်ကျော်ကိုပင် လုံးဝမကြောက်ရွံ့ဘဲ ကျိရွှေရှန့်နှင့် ဟာသလုပ်နေခဲ့သည်။

“အင်း သိပ်မဆိုးဘူး”

ကျိရွှေရှန့်က စူးချင်းကို အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ သူက ပေါ့ပေါ့ဆဆ ပြန်ဖြေလိုက်ပြီး သူ့၏အသံတွင် တုန်လှုပ်ချောက်ချားနေသော အရိပ်အယောင် တစိုးတစီမျှပင် မတွေ့ရပေ။

အနက်ရောင်ဝတ်လူဆယ်ယောက်က ယခင်လေးယောက်နှင့် ထပ်တူထပ်မျှ တူညီသော ဓားပျော့အရှည်များကို ကိုင်ဆောင်ထားကြပြီး ၎င်းတို့က ငါးယောက်တစ်ဖွဲ့စီ ဖွဲ့ကာ စူးချင်းနှင့်ကျိရွှေရှန့်တို့ကို ခွဲထုတ်လိုက်ပြီး တစ်ယောက်စီကို အနိုင်ယူရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် စူးချင်းနှင့် ကျိရွှေရှန့်တို့က တစ်ယောက်ကို တစ်ယောက် ကျောပေးထားပြီး စူးချင်းကလည်း လက်ဗလာနှင့် မဟုတ်တော့ဘဲ သူမ ကန်ထုတ်ခဲ့သော အရိပ်သက်တော်စောင့်၏ဓားက သူမ၏လက်ထဲတွင် ရှိနေပြီ ဖြစ်သည်။

လက်နက်တစ်ခုရှိနေခြင်းက ကျားတစ်ကောင်ကို အတောင်ပံတပ်ပေးလိုက်သလို ဖြစ်နေပြီး သူတို့က စူးချင်း လက်ဗလာဖြစ်နေချိန်တွင်ပင် ဘာမှ မတတ်နိုင်သောကြောင့် လက်နက်တစ်ခု ရှိနေသည့် သူမကို ပို၍ပင် မဖိနှိပ်နိုင်တော့ပေ။

ကျိရွှေရှန့်၏လွမ်တောင်ကတော့ ထိုလူများ၏ဓားပျော့အတွက် အိပ်မက်ဆိုးသာ ဖြစ်နေခဲ့ပြီး ထိတွေ့မိသည်နှင့် အဖြတ်တောက် ခံလိုက်ရသည်။ အနက်ရောင်ဝတ်လူများကလည်း ထိုရလဒ်ကို မလွဲမသေ ကြိုတင်ခန့်မှန်းနိုင်ပုံရပြီး သူတို့ ကြောက်ရွံ့နေသည်နှင်အမျှ သူတို့၏လက်‌များက တုံ့ဆိုင်းနေကာ သူတို့၏ဓားများက မည်သည့် စွမ်းအားကိုမျှ မထုတ်ဖော်နိုင်သေးပေ။

သူ့ဘေးမှ ကျွမ်းကျင်သူများက စူးချင်းနှင့် ကျိရွှေရှန့်တို့ကို မယှဉ်နိုင်ကြောင်း သိလိုက်ရချိန်တွင် သခင်ကြီးလုက ယနေ့တွင် သူ သူတို့ကို မဖမ်းနိုင်တော့ဘဲ သူတို့၏ဓားများအောက်တွင် ဝိညာဉ် ဖြစ်သွားတော့မည်ကို နားလည်လာခဲ့သည်။

ကျိရွှေရှန့်၏လွမ်တောင်က နောက်ဆုံးအရိပ်သက်တော်စောင့်ဆီသို့ တိုးဝင်သွားသည်ကို မြင်လိုက်ချိန်တွင် သခင်ကြီးလုက နောက်သို့ လှည့်ကာ ပြန်ပြေးသွားတော့သည်။

All Chapters