← Chapters

စူးသခင်မနှင့် ပထမအကြိမ် တွေ့ဆုံခြင်း

Vol. 13 Ch. 186

စူးသခင်မနှင့် ပထမအကြိမ် တွေ့ဆုံခြင်း

Vol. 13 Ch. 186

"ရှောင်ချန်၊ အဲ့လို မရိုင်းရဘူးလေ!"

စူးဟန်ရွှမ်က သူ့သားကို ဟန့်တားလိုက်သည်။ ရှောင်ချန်က သူ့၏ ပွင့်ချပ်လေးများနှင့်တူသော နှုတ်ခမ်းလေးများကို စူလိုက်ပြီး သူ့အဖေကို မကျေမနပ်လေး ပြန်ကြည့်ကာ မျက်မှောင်ကြုတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ရှောင်ချန်က အစ်ကိုနဲ့ သူငယ်ချင်းဖြစ်ချင်လို့ပါ!"

ဤချစ်စရာအရုပ်က စူးချင်းကို ရယ်မောစေခဲ့ပြီး သူမက ထိုင်ချလိုက်ကာ ကလေးလေး၏လက်ဖောင်းဖောင်းကလေးကို ဆွဲကိုင်လိုက်ပြီး "‌ရှောင်ချန်က မောင်လေးလား? ညီမလေးလား?"

"ရှောင်ချန်က လူကြီးပါ!"

ရှောင်ချန်က ဤချောမောသောအစ်ကိုကြီးကို ကြည့်ပြီး သူ့ကိုယ်သူ ဂုဏ်ယူနေဟန်ဖြင့် ပြန်ဖြေလိုက်သည်။ သူ၏ အနက်ရောင် မျက်လုံးလေးများက ယခုမှ ဆေးကြောထားသည့် လတ်လတ်ဆတ်ဆတ် စပျစ်သီးများနှင့်ဆင်တူလှပြီး သူ၏တောက်ပသော ထိုမျက်လုံးများက ကမ္ဘာပေါ်ရှိ အလှပဆုံး ကျောက်မျက်ရတနာများနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုမျက်လုံးလေးများက ဖြူစင်ပြီး အပြစ်ကင်းစင်မှန်း သိသာနေပြီး သူ့၏ဂုဏ်ဝင့်နေဟန် အသွင်အပြင်လေးက စူးချင်းကို ရယ်မောစေပြန်သည်။

"ဒါဆို ရှောင်ချန်က တကယ့်ကို လူကြီးပေါ့!"

ရှောင်ချန်လေးက ခဏလောက်စဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။ သူ့၏ခေါင်းငုံလိုက်သော အသွင်အပြင်လေးကြောင့် စူးချင်း၏ သူ့နုငယ်သော မျက်နှာလေးကို နမ်းချင်လာခဲ့သည်။

အဲ့လို နမ်းလိုက်ရင် သူက အရွယ်ရောက်ပြီးသားသူတစ်ယောက်လို ဟန်ဆောင်နိုင်ပါ့မလားဆိုတာ ကြည့်ချင်တယ်။

စူးချင်းက သူမ၏ မကောင်းဆိုးဝါး အစီအစဥ်ကို မကောင်အထည် မဖော်နိုင်ခဲ့သော်လည်း ရှောင်ချန်၏မျက်နှာဖောင်းဖောင်းလေးကို မနေနိုင် မထိုင်နိုင် လှမ်းညှစ်လိုက်မိသည်။

ရှောင်ချန်၏ချောမွေ့ပြီး နူးညံ့သော အသားအရည်က အလွန်ကောင်းမွန်သည်ဟု ခံစားရသောကြောင့် စူးချင်းက သူမ၏လက်ကို ပြန်မခွာချင်တော့ပေ။

"အစ်ကိုကလည်း ရှောင်ချန့်ကို သဘောကျတယ်!"

ရှောင်ချန်က သူ့ပါးပေါ်မှ စူးချင်း၏လက်ကို ပုတ်ထုတ်လိုက်ပြီး စူးဟန်ရွှမ်ကို ဝမ်းသာအားရ အော်ပြောလိုက်သည်။

"အဖေ၊ အစ်ကိုကလည်း ကျွန်တော့်ကို သဘောကျတယ်တဲ့"

ရှောင်ချန်၏နှလုံးသားထဲတွင် လူကြီးများက သူ့ကို နမ်းခြင်း၊ သူ့မျက်နှာကို ဖိညှစ်ခြင်းနှင့် ပွေ့ဖက်ခြင်းတို့က သူ့ကို နှစ်သက်သဘောကျသည်ဟု မှတ်သားထားခဲ့သည်။

စူးချင်းက သူ့မျက်နှာလေးကို ဖိညှစ်လိုက်ချိန်တွင် ဤအစ်ကိုလေးက သူ့ကို သဘောကျနေသည်ဟု သူ သတ်မှတ်လိုက်သည်။

စူးဟန်ရွှမ်က သူ့သားလေးကို ဖခင်တစ်ယောက်၏ချစ်ခြင်းမေတ္တာများ ပါဝင်သည့် အကြည့်ဖြင့် ကြည့်နေရင်း စူးချင်း စိတ်အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်သောကြောင့် သူ့သားကို လက်ဟန်ဖြင့် လှမ်းခေါ်လိုက်သည်။

"ရှောင်ချန်... ဒီကိုလာ!"

"အစ်ကို.... ခဏလောက် ဖက်လို့ရမလား?"

ရှောင်ချန်က သူ့အဖေ၏လက်ကို ရှောင်လိုက်ပြီး စူးချင်းကို မော့ကြည့်ကာ ချစ်စဖွယ် လှမ်းမေးလိုက်သည်။

ဒီလိုချစ်စရာကောင်းတဲ့ ကလေးလေးကို ဘယ်သူက ငြင်းနိုင်မှာလဲ?

စူးချင်းက လုံးဝ သည်းမခံနိုင်တော့ဘဲ ရှောင်ချန်ကို လှမ်းဖက်လိုက်ကာ ကလေးလေး၏ နို့ရနံ့သင်းနေသော ပါးပြင်လေးကို နမ်းလိုက်တော့သည်။

"အစ်ကို၊ အစ်ကိုရဲ့အနံ့က အရမ်းကောင်းတယ်"

ရှောင်ချန်ကလည်း သူ့၏နူးညံ့သော လက်ဖောင်းဖောင်းလေးများနှင့် စူးချင်း၏ ပါးပြင်ကို ကိုင်ကာ သူမ၏ပါးပြင်ကို ပြန်နမ်းလိုက်သည်။ ထိုသို့နမ်းပြီးနောက် သူက ချစ်စရာ အသံလေးဖြင့် စူးချင်းကို ချီးကျူးလိုက်ပြီး တခစ်ခစ် ရယ်မောနေလေသည်။

ဤမျှချစ်စဖွယ်ကောင်းသော ကလေးလေးကို မြင်လိုက်ရသောကြောင့် စူးချင်း၏နှလုံးသားက အရည်ပျော်ကျသွားရသည်။

ရှောင်ဟူလေးနဲ့ တခြားကောင်လေးတွေက ချစ်စရာကောင်းပေမယ့် ရှောင်ချန်လောက်‌တော့ ချစ်ဖို့ မကောင်းတယ်။ ရှောင်ချန် ပြုံးလိုက်တဲ့အချိန်မှာ သူရဲ့ကြီးမားပြီး တောက်ပနေတဲ့ မျက်လုံးလေးတွေက ကောင်းကင်ပေါ်က လမင်းကြီးလိုမျိုး ကွေးညွတ်သွားတယ်။ ပန်းသီးလို မျက်နှာဖောင်းဖောင်းလေးရဲ့တစ်ဖက်စီမှာလည်း လှပတဲ့ ပါးချိုင့်လေးတွေက ပေါ်လာပြီး သူ့ကို ပိုပြီး ချစ်စရာကောင်းစေတယ်။

စူးဟန်ရွှမ်က သူ့သားကို အပြုံးဖြင့် စောင့်ကြည့်နေခဲ့သည်။

မိတ်ဆွေဖွဲ့တဲ့နေရာမှာ သူက ရှောင်ချန်ကို မယှဉ်နိုင်တော့ဘူးပဲ။ ရှောင်ချန်က သူစိမ်းတွေကို လုံးဝ မကြောက်ဘဲ ဝယ်သူတွေရဲ့အကြိုက်ကို မြန်မြန်ရအောင် ဆွဲဆောင်နိုင်လိမ့်မယ်။

စူးချင်းက ကောင်လေး၏ မြှောက်ပင့်သံကြောင့် အလွန် ပျော်ရွှင်နေပြီး ရှောင်ချန်၏လည်ပင်းတွင် သူမ၏မျက်နှာကို မြှုပ်ကာ သူ့ကို ထပ်နမ်းလိုက်သည်။ ထို့နောက် သူမက အပြုံးဖြင့် "ရှောင်ချန်ရဲ့အနံ့က ပိုတောင် ကောင်းသေးတယ်!"

စူးချင်း၏အနမ်းက ရှောင်ချန်ကို ကလိထိုးသလို ဖြစ်နေသောကြောင့် ကလေးလေးက သူ့လည်ပင်းလေးကို ကျုံလိုက်ပြီး တခစ်ခစ် ရယ်မောနေပြန်သည်။

ကလေးတစ်ယောက်၏ ရယ်မောသံက ကမ္ဘာပေါ်မှ အကောင်းဆုံးဂီတသံဖြစ်သည်ဟု စူးချင်း ခံစားလိုက်ရသည်။

သို့သော်လည်း စူးချင်းက သူမ ဤနေရာသို့ ရောက်လာရသည့် ရည်ရွယ်ချက်ကို မှတ်မိနေသေးသည်။ သူမက ရှောင်ချန်ကို သဘောကျမိသောကြောင့် ဤချစ်စရာကောင်းသော ကလေးလေးအတွက် သူ့အမေ၏ရောဂါကို ကုသပေးရန် ထပ်ဆုံးဖြတ်လိုက်သည်။ သူမက သူမ၏ခေါင်းကို ပြန်မော့လိုက်ပြီး စူးဟန်ရွှမ်ကို လှမ်းပြောလိုက်သည်။

"ဒုတိယသခင်ကြီး... သခင်မကို သွားကြည့်ရအောင်!"

စူးချင်းက ရှောင်ချန်ကို ပြန်လွှတ်ပေးရန် တွန့်ဆုတ်နေမိသည်။

ဘာပဲဖြစ်ဖြစ် ဒီကလေးလေးရဲ့လက်ကို ဆုပ်ကိုင်ထားရင်တောင် ဆေးကုနိုင်သေးတယ်။

စူးချင်းက သူ့ဇနီးကို ကုသပေးရန် စိတ်အားထက်သန်နေသည်ကို မြင်လိုက်ရသောကြောင့် စူးဟန်ရွှမ်က ခေါင်းညိတ်လိုက်ပြီး "ဒါဆို ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ... ညီလေးစူး"

"အစ်ကို၊ သားတို့ ဘယ်ကို သွားမလို့လဲ?"

ရှောင်ချန်က စူးချင်း၏ရင်ခွင်ထဲတွင် ပုန်းနေရင်း တိုးတိုးလေး မေးလိုက်သည်။ သူ၏ ထိုချစ်စဖွယ်အသွင်အပြင်ကလည်း စူးချင်း၏ နှလုံးသားကို အရည်ပျော်စေပြန်သည်။

စနစ်ထဲမှ ရှောင်-ဖက်တီးလေး-ချီကလည်း အလုပ် လုပ်ရန် စိတ်မ၀င်စားနိုင်တော့ပေ။ သူမ၏ ရှောင်ချန်၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီး သူမ၏အာရုံစိုက်မှုက ရှောင်ချန်အပေါ်တွင်သာ ရှိနေတော့သည်။

ချစ်ဖို့ ကောင်းလိုက်တာ! သူ့ကို နမ်းပြီး သူ့နဲ့ ကစားချင်တယ်။

ထိုအချိန်တွင် စနစ်အတွင်းရှိ စခရင်က ရုတ်တရက် လင်းလက်သွားသောကြောင့် ရှောင်ချီက သူမ၏ ခြေသလုံးတိုတိုဖြင့် စခရင်ရှေ့သို့ ပြေးသွားရပြန်သည်။ မီးခိုးရောင်စခရင်က ရုတ်တရက် ဖရဲသီးအနီရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး စူးရှသော အသံများ ထွက်လာသောကြောင့် ရှောင်ချီတစ်ယောက် ထိတ်လန့်သွားရသည်။

စနစ်က ချွတ်ယွင်းသွားတာလား?

စနစ်ထဲမှ ဖြစ်ပျက်နေသည့်အခြေအနေကို မသိသော စူးချင်းကတော့ စူးဟန်ရွှမ်နှင့်အတူ အတွင်းဆောင်ထဲသို့ လိုက်ပါသွားခဲ့သည်။

အတွင်းဆောင်က ပြင်ပအဆောင်များထက် ပို၍ ဆိတ်ငြိမ်နေပြီး ထိုယွဲ့ဟွာအဆောင်၏ ဘယ်ဘက်တွင် ကြာကန်ငယ်လေးတစ်ခု ရှိနေသည်။ ကြာရွက်စိမ်းစိမ်းများ၏ အောက်မှ ရွှေငါးနီလေးများက ရေမျက်နှာပြင်ပေါ်သို့ ပျော်ရွှင်စွာ ကူးခတ်နေကာ ဆော့ကစားနေကြသောကြောင့် ရေလှိုင်းများ ဖြစ်ပေါ်နေလေသည်။

ထိုကြာရေကန်ပေါ်တွင် သစ်သားခုံးတံတားလေးတစ်ခု တည်ဆောက်ထားပြီး တံတားပေါ်မှ လမ်းလျှောက်နေချိန်နေတွင် နှစ်ဖက်စလုံးမှ ရှုခင်းများကို မြင်နိုင်သည်။ ကြာရေကန်ဘေးတွင် ရှေးဟောင်းအဋ္ဌဂံပုံစံ နားနေဆောင်တစ်ခုရှိပြီး ထိုနားနေဆောင်ထဲတွင် ကျောက်စားပွဲငယ်တစ်ခုနှင့် ကျောက်ခုံလေး လေးလုံး နေရာချထားသည်။

"အစ်ကို၊ အထဲမှာ ငါးလေးတွေ ရှိတယ်"

စူးအိမ်တော်၏သခင်ငယ်လေးအနေဖြင့် ရှောင်ချန်က အလွန်တာဝန်ယူတက်သူ ဖြစ်ပြီး သူက ကြာရေကန်ထဲတွင် ရေကူးနေသည့် ရွှေငါးလေးများကို လက်ညှိုးထိုးပြပြီး စူးချင်းကို မိတ်ဆက်ပေးနေခဲ့သည်။

"ရှောင်ချန်ကြိုက်လား? အစ်မက ရှောင်ချန်အတွက် ဖမ်းပေးရမလား?"

ချစ်စရာရှောင်ချန်က စူးချင်းကို သဘောကျနေစေခဲ့ပြီး လူကြီးလိုဟန်ဆောင်နေသော သုံးနှစ်အရွယ် ကလေးလေးက အလွန်အမင်း ချစ်စရာကောင်းနေခဲ့သည်။

ရလဒ်အနေဖြင့် သူမက စိတ်အေးလက်အေး ဖြစ်နေခဲ့ပြီး သူမ ယောက်ျားအဖြစ်ဟန်ဆောင်ထားသည်ကို မေ့သွားခဲ့သည်။

စူးချင်းက ရှောင်ချန်ကို အလွန်အာရုံစိုက်နေသောကြောင့် သူမ စကားမှားသွားသည်ကို မသိလိုက်ပေ။

စူးဟန်ရွှမ်၏ ခြေလှမ်းများက သူ့၏အံ့အားသင့်မှုကြောင့် ရပ်တန့်သွားခဲ့ပြီး သူက စူးချင်း၏နောက်ကျောကို စိုက်ကြည့်နေခဲ့သည်။

သူ ဒီသခင်ငယ်လေးက စတွေ့တုန်းက အရမ်းချောတယ်လို့ တွေးခဲ့မိတယ်။ ပြီးတော့ မိန်းခလေးနဲ့ဆင်တူတဲ့ ယောက်ျားလေးတွေ ရှိနေတက်တာကြောင့် အဲ့အချိန်တုန်းက သူ အများကြီး မတွေးခဲ့မိဖူး။

သို့သော်လည်း စူးဟန်ရွှမ်က သူမ မိန်းခလေးဖြစ်နေသည့်အတွက် ဒေါသမထွက်ခဲ့ပေ။ သူ့ဇနီးနှင့် တွေ့ရန် မိန်းခလေးတစ်ယောက်ကို ခေါ်လာရခြင်းက သူ့ကို ပို၍ သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။ သို့သော် ဤမျှ ငယ်ရွယ်သော မိန်းကလေးတွင် ထူးချွန်သော ဆေးပညာ ရှိနိုင်မည်ကိုတော့ သူ လုံးဝ မယုံကြည်နိုင်ခဲ့ပေ။

"ရှောင်ရှီ ပြန်လာတယ်လို့ ငါ အိပ်မက်မက်တယ်။ ငါ့ကို မြန်မြန် အဝတ်လဲပေးဦး။ ရှောင်ရှီက ငါ့ကို ဒီလိုမျိုး မမြင်သွားစေချင်ဘူး။ ရှောင်ရှီလေးက ငါ့ကို ကြောက်နေလိမ့်မယ်!"

စူးချင်းက စူးဟန်ရွှမ်နှင့်အတူ အတွင်းအိမ်တော် တံခါးဆီသို့ လိုက်သွားခဲ့ပြီး အတွင်းမှ ယန်ရုရွှယ်၏အလောတကြီး အသံကို ကြားလိုက်ရသည်။

"အဖေ၊ အမေ နိုးနေပြီလား?"

ရှောင်ချန်က သူ့အမေ၏အသံကို ကြားသွားပြီး သူ့အဖေကို ပျော်ပျော်ရွှင်ရွှင် လှမ်းပြောလိုက်သည်။

စူးဟန်ရွှမ်ကလည်း သူ့မိန်းမ မြန်မြန် နိုးလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။

အရင်တုန်းက ဆေးသောက်ပြီးရင် သူ့မိန်းမက တစ်ရက်လုံး အိပ်ပျော်သွားတက်တယ်။ ပြန်နိုးလာရင်လည်း သူမက မငို၊ မရယ်တဲ့အပြင် လုံးဝ စကားမပြောဘဲ ထင်းတစ်တုံးလို ငိုင်တွေနေတက်တယ်။ သူမရဲ့မျက်လုံးတွေက တစ်နေရာတည်းကို အချိန်အကြာကြီး စိုက်ကြည့်နေလိမ့်မယ်။

စူးချင်းက ထိုအသံကို နားထောင်းရင်း သိသိသာသာ ပျော်ရွှင်လာခဲ့သည်။

ဒါက ရူးသွပ်နေတဲ့ လူနာတစ်ယောက် ဟုတ် မဟုတ် သူမ မပြောနိုင်သေးပေမယ့် သေချာတာကတော့ သမီးကို လွမ်းဆွတ်နေတဲ့ မိခင်တစ်ယောက်ပဲ။

စူးဟန်ရွှမ်က သူ့ဇနီးအတွက် စိတ်ပူနေသောကြောင့် တံခါးကို အမြန် တွန်းဖွင့်လိုက်သည်။ စူးချင်းက ရှောင်ချန်ကို ပွေ့ချီရင်း အတွင်းထဲသို့ ဝင်လာခဲ့သည်။ အပြင်မှ နေရောင်က အတွင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာပြီး တောက်ပလာသောကြောင့် ယန်ရုရွှယ်က စိတ်မသက်မသာ ဖြစ်နေသွားပြီး သူမ၏မျက်လုံးများကို ပိတ်ဆို့ကာကွယ်ရန် သူမ၏လက်ကို မြှောက်လိုက်သည်။

ထိုအခိုက်အတန့်တွင် စူးချင်း မြင်လိုက်ရသည်က အဖြူရောင်အတွင်းခံဝတ်ထားသော ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦးက ကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေသော ပုံရိပ်တစ်ခု ဖြစ်သည်။

သူမက အလွန်ဖြူဖျော့နေပြီး သူမ၏နှင်းဖြူရောင်အသားအရေက အလွန်နူးညံ့သိမ်မွေ့မှန်းသိသာနေပြီး ဖောက်ထွင်းမြင်နေရလုနီးပါး ဖြစ်နေကာ သွေးရောင်ပင် မတွေ့ရပေ။ သူမ၏နှုတ်ခမ်းများကပင် ဖြူဖျော့နေခဲ့ပြီး သူမ၏လက်များက အရိုးများကဲ့သို့ ပိန်ပါးလွန်းလှသည်။ သူမ၏လက်မောင်းတွင် ပတ်ထားသော အဖြူရောင်အ၀တ်စကပင် အထူး တုန်လှုပ်စရာကောင်းလှသည်။

"ရုရွှယ်"

စူးဟန်ရွှမ်က သူ့ဇနီး ကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေသည်ကို မြင်လိုက်သောကြောင့် သူ့ဇနီးကို ကြမးပြင်ပေါ်မှ အမြန်ပွေ့ချီလိုက်သည်။ ဇနီးသည်က သူ့ရင်ခွင်ထဲသို့ ငှက်မွှေးတစ်ခုလို ပေါ့ပေါ့ပါးပါး ပါလာခဲ့သည်။

ခင်ပွန်းဖြစ်သူကို မြင်လိုက်ရချိန်တွင် ယန်ရုရွှယ်က ကလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး သူမခင်ပွန်း၏အင်္ကျီစကို ဆွဲကိုင်ကာ ဝမ်းသာအားရ ပြောလိုက်သည်။

"အစ်ကိုဟန်ရွှမ်၊ ကျွန်မတို့ရဲ့ရှီအာ ပြန်လာပြီ။ ရှီအာက ကျွန်မကို အမေလို့ ခေါ်တယ်။ ကျွန်မကို အောက်ကို မြန်မြန် ပြန်ချပေး။ ကျွန်မ အဝတ်လဲ ချင်တယ်၊ ကျွန်မတို့ သမီးလေးကို မလန့်သွားစေချင်ဘူး!"

စူးဟန်ရွှမ်က သူ့မိန်းမကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။

သူ့ဇနီးရဲ့ရောဂါက ပိုဆိုးလာပြီလား? သူ့နှလုံးသားကို ဓားနဲ့ အခုတ်ခံနေသလို ခံစားလိုက်ရပေမယ့် သူ့အတွက်တော့ ဇနီးသည်ကို စိတ်ရှည်လက်ရှည် ချော့မော့ပေးရဦးမှာပါပဲ။

"ရုရွှယ်၊ ခဏလောက် ထပ်အိပ်လိုက်ပါဦးလား။ ပိုပြီး နေကောင်းအောင် နေရမယ်လေ!"

“မဟုတ်ဘူး၊ ကျွန်မ အိပ်လို့ မရဘူး။ သမီးလေး ပြန်ရောက်ပြီး အမေ့ကို ရှာမတွေ့ရင် ငိုလိမ့်မယ်။ ကျွန်မရဲ့ ရှီအာ... ရှီအာ… အမေ ဒီမှာ!”

သူ့ဇနီးကို ချော့မော့နေသော စူးဟန်ရွှမ်၏မျက်လုံးများကလည်း နီရဲလာခဲ့သည်။

“ရှီအာ” ဟူသောအမည်ကို ကြားလိုက်ရချိန်တွင် စူးချင်း၏နှလုံးခုန်နှုန်းက မြင့်တက်လာခဲ့သည်။

ဒီလို တိုက်ဆိုင်မှုမျိုးတော့ မရှိနိုင်ဘူး မဟုတ်လား?

သူမက သမီးဖြစ်သူကြောင့် သနားစဖွယ် ရူးသွပ်နေတဲ့ ဒီအမျိုးသမီးက အခုချက်ချင်း သေသေချာချာ ကြည့်ချင်သွားပြီ.....

All Chapters