ပြန်လည်ဆုံစည်းခြင်း (၁)
Vol. 13 Ch. 188
"ရှီအာ?"
ထိုခြူပါသည့်ခြေကျင်းက သူမသမီးလေး၏ပစ္စည်းဖြစ်ကြောင်း ယန်ရုရွှယ်က မှတ်မိသွားပြီး ကြေကွဲနေသောနှလုံးသားဖြင့် ရှီအာဟု အော်ဟစ်လိုက်သည်။ ထို့နောက် သူမ၏ပါးစပ်ထဲမှ သွေးများ ထွက်ကျလာပြီး ကြမ်းပြင်ပေါ်သို့ စိုက်ကျသွားသည်။
စူးချင်းက ယန်ရုရွှယ်ကို အလျင်အမြန် ဖမ်းထိန်းပေးလိုက်ပြီး သူမ၏ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ပွေ့ဖက်ထားလိုက်သည်။ ထိုအချိန်တွင် သူမ၏ရင်ဘတ်က အနည်းငယ် နာကျင်လာသောကြောင့် စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။
ဒီခံစားချက်က သူမအတွက်တော့ လုံးဝ မရင်းနှီးတဲ့အရာပါပဲ။
"သမားတော်လျန်ကို မြန်မြန်သွားရှာ"
သူ့မိန်းမ သွေးများ အန်ထုတ်လိုက်သည်ကို မြင်လိုက်သည်နှင့် စူးဟန်ရွှမ်က အစေခံများအား အလောတကြီး အမိန့်ပေးလိုက်သည်။
ယခုအချိန်တွင် သမားတော်လျန်က ယန်ရုရွှယ်ကို ကုသပေးနေသည်မှာ တစ်နှစ်နီးပါး ရှိပြီ ဖြစ်သောကြောင့် စူးဟန်ရွှမ်က သူ့ကို အလွန်ယုံကြည်နေခဲ့သည်။
"အဖေ၊ ကျွန်မကို ကုသခွင့်ပြုပါ"
စူးချင်းက စူးဟန်ရွှမ်ကို လှမ်းပြောလိုက်သည်။
သူ့ကို အဖေလို့ ခေါ်ရတာက ထင်သလောက် ခက်ခဲပုံမပေါ်ဘူး။ ဒါပေမယ့် သူမ နည်းနည်းတော့ ရှက်နေမိတယ်။
“ကောင်းပါပြီ”
စူးဟန်ရွှမ်က သူ့ဇနီးအတွက် သူ့နှလုံးသားတစ်ခုလုံး နာကျင်နေရသော်လည်း စူးချင်းက သူ့ကို ‘အဖေ’ဟုခေါ်ကာ တောင်းဆိုလိုက်သောကြောင့် သူ စိတ်လှုပ်ရှားနေမိသည်။ စူးချင်း၏ အေးဆေးတည်ငြိမ်သော အမူအရာနှင့် ခိုင်မာသောလေသံကို ခံစားမိလိုက်ချိန်တွင် စူးဟန်ရွှမ်က သူ့သမီးက မိခင်ဖြစ်သူကို ကုသပေးနိုင်မည်ဟု ရုတ်တရက် ယုံကြည်ချက်လာခဲ့သည်။
စူးဟန်ရွှမ်က စူးချင်းလက်ထဲမှ သူဇနီး ပွေ့ယူကာ အိမ်ထဲသို့ ခေါ်သွားချင်သော်လည်း သမီးဖြစ်သူက သူမ၏မိခင်ကို အားစိုက်သယ်ထားပြီး အိပ်ခန်းထဲသို့ ပြေးဝင်သွားသည်ကို သူ မြင်လိုက်ရသည်။ စူးဟန်ရွှမ်က သူမတို့နောက်မှ ကမန်းကတန်း လိုက်သွားပြီး ရှောင်ချန်ကလည်း သူ့အဖေနောက်မှ လိုက်ပါသွားခဲ့သည်။ သူတို့နှစ်ယောက်က စူးချင်း ယန်ရုရွှယ်အား ကုသပေးနေသည်ကို စောင့်ကြည့်နေခဲ့ကြသည်။
ယန်ရုရွှယ်၏သွေးခုန်နှုန်းက အားနည်းပြီးရင်း အားနည်းလာပြီ ဖြစ်သောကြောင့် သူမက ကြိုး၏အဆုံးတွင် ရှိနေပြီဖြစ်ကာ သာမာန်ဆေးများဖြင့် သူမကို ကုသပေးရန် မဖြစ်နိုင်တော့ပေ။
သူမ ပြန်လည်သက်သာလာစေရန် ပုံမှန်ဆေးညွှန်းများကို သုံးစွဲလျှင် အချိန်နှောင်းသွားပေလိမ့်မည်။ ယခု စူးချင်း လုပ်နိုင်သည်က ယန်ရုရရွှယ်၏အပြင်းအထန် ပျက်စီးနေသော အတွင်းအင်္ဂါများကို ကုသရန်အတွက် အတွင်းအင်္ဂါပြုပြင်ဆေးကို အသုံးပြုရန်သာ ဖြစ်သည်။
သို့သော်လည်း သူမ၏စနစ်တွင် အရည်အသွေး ညံဖျင်းသော လင်ဇီးတစ်ခုတည်းသာ ကျန်နေပြီး ထိုလင်ဇီးဖြင့် ပြုလုပ်သော အတွင်းအင်္ဂါပြုပြင်ဆေးက သာမန် အတွင်းဒဏ်ရာ အနည်းငယ်ရှိသော လူနာများကိုသာ ကုသပေးနိုင်မည် ဖြစ်သည်။ ယန်ရုရွှယ်ကဲ့သို့ အပြင်းအထန် နေမကောင်း ဖြစ်နေသော လူနာများကို ကယ်တင်နိုင်မည် မဟုတ်ပေ။
စူးဟန်ရွှမ်နှင့် ရှောင်ချန်တို့က ကုတင်ဘေးတွင် ရပ်နေပြီး သူမတို့ကို ကြည့်နေကြသည်။ စူးဟန်ရွှမ်က သူ့သမီး၏အမူအရာကို တချိန်လုံး စိုက်ကြည့်နေပြီး သမီးဖြစ်သူက မျက်မှောင်ကြုတ်လိုက်သည်ကို မြင်လိုက်ရသောကြောင့် သူ့နှလုံးခုန်သံက ပိုမြန်လာခဲ့သည်။
"အဖေ့ဆီမှာ အနှစ်တစ်ထောင်လင်ဇီးတစ်ခုလောက် ရှိလား?"
စူးချင်းက ခေါင်းမော့ပြီး စူးဟန်ရွှမ်ကို မေးလိုက်သည်။ စူးမိသားစုက ချမ်းသာသော်လည်း အနှစ်တစ်ထောင်သက်တမ်းရှိသော လင်ဇီးက ရှာဖွေရ ခက်ခဲသောကြောင့် သူမထံတွင် မျှော်လင့်ချက် အများကြီး မရှိခဲ့ပေ။ အဆင်မပြေပါက ယန်ရုရွှယ်၏အသက်ကို ကယ်တင်နိုင်ရန်အတွက် ရှောင်ချီအား သာမာန်ပြန်လည်ထူထောင်ရေးဆေးကို အရင် ပြင်ဆင်ခိုင်းပြီး သူမက အနှစ်တစ်ထောင်လင်ဇီးကို အမြန် ထပ်ရှာရတော့မည် ဖြစ်သည်။
“အနှစ်တစ်ထောင်လင်ဇီးလား? အနှစ်တစ်ရာဆိုရင်ရော သုံးလို့ရနိုင်လား?”
စူးဟန်ရွှမ်က စူးချင်း အနှစ်တစ်ထောင်လင်ဇီးတစ်ခု လိုချင်နေသည်ကို သိလိုက်ရသောကြောင့် အံသြတကြီး ပြန်မေးလိုက်သည်။
အနှစ်တစ်ထောင်လင်ဇီးဆိုတာက ပိုက်ဆံ ရှိရင်တောင် ဝယ်လို့မရဘူး။ ဒါပေမယ့် အနှစ်တစ်ရာလင်ဇီးကတော့ ရဖို့ နည်းနည်း ပိုလွယ်လိမ့်မယ်။
“လောလောဆယ်တော့ အဆင်ပြေပါတယ်၊ ရေရှည်အတွက်တော့ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီးကို မဖြစ်မနေ ရှာရမယ်”
စူးချင်းက ခေါင်းညိတ်သည်။
အနှစ်တစ်ရာသက်တမ်းရှိတဲ့ လင်ဇီးက အနှစ်တစ်ထောင် လင်ဇီးလောက် မကောင်းပေမယ့် လူတစ်ယောက်ရဲ့အသက်ကိုတော့ အချိန်အတိုင်းအတာတစ်ခုအထိ ဆွဲဆန့်နိုင်သေးတယ်။ အဲ့အတောအတွင်းမှာ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီးတစ်ခုကို ရှာတွေ့နိုင်ရင် သူမရဲ့အမေကို ကယ်တင်နိုင်မှာပါ။
"အိမ်တော်ထဲမှာ အနှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ လင်ဇီးတစ်ခု ရှိတယ်"
သူ့သမီးမှ အနှစ်တစ်ရာလင်ဇီးလည်း အဆင်ပြေကြောင်း သိလိုက်ရချိန်တွင် စူးဟန်ရွှမ်က အပြင်သို့ ထွက်သွားပြီး သူ့လူများကို လင်ဇီးသွားယူရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။ သူ အိမ်ထဲသို့ ပြန်ရောက်လာချိန်တွင် စူးချင်းက ယန်ရုရွှယ်၏လက်ကောက်ဝတ်မှ ဒဏ်ရာကို ကုသနေပြီဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။
စူးချင်းက ယန်ရုရွှယ်၏ အမာရွတ်များ ပြည့်နေသော လက်ကောက်ဝတ်ကို စိုက်ကြည့်နေခဲ့သည်။ သူမက သွေးအေးတက်သူ ဖြစ်သော်လည်း ယန်ရုရွှယ်၏ ကြီးမားသော မိခင်မေတ္တာက သူမကို တုန်လှုပ်စေခဲ့သည်။
စနစ်ထဲတွင် ရှိနေသည့် ရှောင်ချီကလည်း ယန်ရုရွှယ်၏လက်ကောက်ဝတ်မှ ဒဏ်ရာကို မြင်နေရပြီး ဆေးဖော်ရန် စတင်လိုက်သည်။
သခင့်ရဲ့အမေအတွက် အကောင်းဆုံး ဆေးအဆီကို ပြင်ဆင်ပေးရမယ်။
စူးချင်းက ရှောင်ချီကို အမိန့်ပေးရန်ပင် မလိုဘဲ ရှောင်ချီက စူးချင်းထံသို့ ဆေးအဆီကို လှမ်းပေးပြီးနေပြီ ဖြစ်သည်။
“သခင်၊ အဖွားအတွက် ရှောင်ချီရဲ့ ကျောက်စိမ်းဖြူဆေးဆီမွှေးကို သုံးသင့်တယ်။ အမာရွတ် လုံးဝ ကျန်မှာ မဟုတ်ဘူး”
အဖွား?
စူးချင်း၏ နှုတ်ခမ်းထောင့်က လှုပ်ယမ်းသွားခဲ့သည်။
ရှောင်ချီက ဒီဝေါဟာရကို ဘယ်လို ထင်နေလို့ သုံးလိုက်တာလဲ?
ရှောင်ချီက သူမသခင်၏အတွေးကို ကြားနေရသည်။
သူမက သူမရဲ့သခင်ကို သူမရဲ့အမေလို သဘောထားတယ်ဆိုတာကို သူမရဲ့သခင်ကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ပါဘူး။
စူးချင်းက အစိမ်းရောင်ဂျယ်လီနှင့်တူသော လိမ်းဆေးဗူးကို ယူလိုက်ပြီး ဒဏ်ရာများပေါ်တွင် လိမ်းပေးရန် ယန်ရုရွှယ်၏လက်ကောက်ဝတ်ပိန်ပိန်လေးကို ဆွဲယူလိုက်သည်။ အေးမြသောဆေးအဆီတွင် အကိုက်အခဲပျောက်စေသည့် အာနိသင် ပါရှိပြီး ဒဏ်ရာပေါ်သို့ လိမ်းလိုက်လျှင် အေးမြသွားစေပြီး နာကျင်မှုကို သက်သာစေမည် ဖြစ်သည်။
ယခုတွင်မူ ယန်ရုရွှယ်က သတိလစ်နေပြီး ဘာကိုမှ မခံစားနိုင်ပေ။ ဆေးအဆီကို လိမ်းပေးပြီးနောက် စူးချင်းက သူမ၏ဒဏ်ရာကို ပတ်တီးပြန်စည်းပေးလိုက်သည်။ ယခု သူမ စိုးရိမ်နေသည့်အရာက ဆေးက အလုပ်မဖြစ်မည်ကို စိုးရိမ်နေခြင်း မဟုတ်ဘဲ အကျိုးသက်ရောက်မှုက အရမ်းကောင်းနေမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
ဒီဒဏ်ရာတွေက တစ်ညထဲနဲ့ ပျောက်သွားလိမ့်မယ်။ ဒီလောက်အထိ မှော်ဆန်တဲ့ အံ့ဖွယ်အကျိုးသက်ရောက်မှုကို သူမ ဘယ်လို ရှင်းပြရမှာလဲ?
ရှောင်ချန်က စူးချင်း၏ဘေးတွင် ရပ်နေပြီး သူ့အမေအတွက် ဆေးလိမ်းပြီးသွားကြောင်း သိသွားချိန်တွင် ကလေးလေးက သူ့ပါးစပ်လေးမှ လေများ မှုတ်ထုတ်နေပြီး "အမေ၊ ရှောင်ချန် မှုတ်ပေးလိုက်ပြီ၊ မနာတော့ဘူး"
စူးချင်းက သူမ၏မောင်ငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး ကျဆင်းနေသော သူမ၏စိတ်အတွေးများက ချက်ချင်း ပြန်တောက်ပလာခဲ့သည်။ သူမက ပြုံးလိုက်ပြီး ရှောင်ချန်၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
"ရှောင်ချန်က အရမ်းတော်တယ်။ ဟုတ်တယ် မှုတ်ပြီးရင် မနာတော့ဘူး”
"ရှီအာ...သမီး ဒီနှစ်တွေမှာ ဘယ်လိုနေခဲ့ရလဲ? အဖေ့ကို ပြောပြပါဦး”
စူးဟန်ရွှမ် စူးချင်း အလုပ်ပြီးသွားသည်ကို မြင်လိုက်ပြီး အစေခံများကလည်း ပြန်မလာသေးသောကြောင့် သူ့ရင်ထဲတွင် အချိန်အတော်ကြာ ရှိနေသည့် မေးခွန်းကို ထုတ်မေးလိုက်သည်။
သူ့သမီးလေး ဒီနှစ်တွေတစ်လျှောက်လုံး ဘယ်လို ရှင်သန်လာခဲ့ရတယ်ဆိုတာကို သူ သိလိုစိတ်ပြင်းပြနေခဲ့တယ်။ သူမ ဘာတွေ ကြုံတွေ့ခဲ့ရလဲ? သူမရဲ့ဆေးပညာကို ဘယ်သူတွေဆီက သင်ယူခဲ့တာလဲ?
ဆယ်နှစ်ကျော်ကြာအောင် ပျောက်ဆုံးနေခဲ့တဲ့ သူ့သမီးလေးအပေါ်မှာ သူ လေးလေးနက်နက် အကြွေးတင်နေခဲ့ပြီ။ သူမ ကြီးပြင်းလာတာကိုလည်း သူ လုံးဝ မမြင်ခဲ့ရဘူး။
စူးဟန်ရွှမ်၏ စကားကြောင့် စူးချင်း၏မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားပြီး သူမက ရှုပ်ထွေးသောအကြည့်ဖြင့် စူးဟန်ရွှမ်ကို ပြန်ကြည့်နေခဲ့သည်။
သူရဲ့အဖိုးတန်သမီးလေး သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာကို သိသွားရင် သူ ဘယ်လောက်တောင် ကြေကွဲနေလိမ့်မလဲ?
စူးဟန်ရွှမ်ကလည်း စူးချင်း၏အမူအရာကို မြင်နေရပြီး ပို၍ပင် စိတ်မသက်မသာ ဖြစ်လာမိသည်။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလအတွင်းမှာ သူ့သမီးလေးက ဘဝကို ကောင်းကောင်းမွန်မွန် မဖြတ်သန်းနိုင်ခဲ့တာ ဖြစ်နိုင်လား?
“ကျွန်မ အဆင်ပြေပါတယ်။ ဆရာက ကျွန်မကို ဆေးပညာသင်ဖို့ ခေါ်သွားခဲ့တယ်”
စူးချင်းက စူးဟန်ရွှမ်၏ကိုယ့်ကိုယ်ကို အပြစ်တင်နေပြီး နာကျင်နေသည့်အကြည့်များကို မြင်လိုက်ရသောကြောင့် မူလပိုင်ရှင်၏အဖြစ်ဆိုးများကို မပြောပြတော့ဘဲ ဖြူစင်သောမုသားကို အသုံးပြုလိုက်သည်။
"တကယ်လား?"
စူးဟန်ရွှမ်က သူ့သမီး၏မျက်လုံးထဲမှ အရိပ်အယောင်များကို စောင့်ကြည့်နေခဲ့ပြီး ထိုမျှမရိုးရှင်းကြောင်း ခံစားနေရသည်။
သူ့သမီးလေးက သူ့အတွက် စိတ်ပူနေတာလား? အဲ့ဒါကြောင့် သူမ ခံစားခဲ့ရတဲ့ အရာတွေအကြောင်းကို ပြောပြဖို့ ငြင်းဆန်နေခဲ့တာလား?
"တကယ်ပါ၊ မဟုတ်ရင် ကျွန်မက ဘယ်လိုလုပ်ပြီး ဆေးပညာကို သင်နိုင်ခဲ့မှာလဲ?”
စူးချင်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။ သူမက မူလပိုင်ရှင်၏ဝေဒနာများကို မထိန်းချုပ်နိုင်တော့မည်ကို စိုးရိမ်သဖြင့် ဤအကြောင်းအရာကို ဆက်မပြောချင်တော့ပေ။
“ဒါဆို သမီးရဲ့ဆရာသခင်ကို ကောင်းကောင်း ကျေးဇူးဆပ်ရမယ်။ သူ ဘဝတစ်လျှောက်လုံး ကောင်းကောင်းနေနိုင်ဖို့ သူ့ကို အိမ်တော်ကို ဖိတ်ခေါ်သင့်တယ်”
စူးဟန်ရွှမ်က စူးချင်း ပြောပြခဲ့သည် ဆရာသခင်ကို အလွန်ကျေးဇူးတင်နေခဲ့ပြီး သူ့ကို ကျေးဇူးပြန်ဆပ်ချင်နေပြန်သည်။
"သူ မရှိတော့ဘူး"
စူးချင်းက ဘာအမူအရာမှ မပြောင်းဘဲ ပြန်ပြောလိုက်သည်။ ထိုငြိမ်သက်နေသည့်ခံစားချက်က စူးဟန်ရွှမ်ကို သံသယဖြစ်စေခဲ့သည်။
"သမီးရဲ့ဆရာသခင်က သမီးကို ကောင်းကောင်း မဆက်ဆံခဲ့ဘူးလား?"
စူးဟန်ရွှမ်က သူ၏တပည့်များကို ညှင်းပန်းနှိပ်စက်တက်သော ဆရာသခင်တစ်ယောက်အကြောင်းကို မတွေးဘဲ မနေနိုင်တော့ပေ။ သူက စူးချင်းကို နာကျင်မှုအပြည့်ဖြင့် စိုက်ကြည့်နေလေသည်။
"ဆရာတစ်ယောက်က ဘယ်လိုလုပ်ပြီး ကောင်းနိုင်မှာလဲ?"
စူးချင်းက စူးဟန်ရွှမ်ကို မော့ကြည့်ရင်း ပြန်ဖြေလိုက်သည်။
သူမရဲ့ကမ္ဘာမှာရှိတဲ့ သူမရဲ့ဆရာတွေအားလုံးက အေးစက်ပြီး နှလုံးသားမဲ့တဲ့သူတွေပဲ။ လေ့ကျင့်မှု မအောင်မြင်ရင် တုတ်တန်းပေါ်မှာ ကြိုးနဲ့ ဆွဲထားပြီး ရိုက်နှက်တက်ကြတယ်။ သူတို့က သူမကို နွေးထွေးမှုတစ်စုံတစ်ရာတောင် မပေးခဲ့တာကြောင့် သူမရဲ့မျက်လုံးထဲမှာတော့ သူမရဲ့ဆရာတွေအားလုံးက အတူတူပဲ။ လူကောင်းတစ်ယောက်မှ မရှိဘူး။
"သူ...သူ သမီးကို ဘာတွေ လုပ်ခဲ့သေးလဲ?"
သူ့သမီးက တည်ငြိမ်နေပြီး အေးအေးဆေးဆေး ပြုမူနေသော်လည်း စူးဟန်ရွှမ်က သူမ ခံစားခဲ့ရမည့် ညှဉ်းပန်းနှိပ်စက်မှုများ အားလုံးကို တွေးလိုက်မိပြီး သူ့နှလုံးသားမှ သွေးများပင် ပွက်ပွက်ဆူလာသလို ခံစားနေရသည်။
စူးချင်းက စူးဟန်ရွှမ်၏မျက်လုံးများမှ နာကျင်ရိပ်များကို အတိုင်းသား မြင်နေရသည်။
တစ်စုံတစ်ယောက်က သူမကို ဂရုစိုက်ပေးပြီး သူမအတွက် နာကျင်ပေးနေတယ်။ မိဘရှိရတာက ကောင်းလိုက်တာ။
စူးဟန်ရွှမ်တစ်ယောက် သူ့ကိုယ်သူ အပြစ်မတင်စေချင်တော့သည့်အတွက် စူးချင်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
"ကျွန်မ သူ့ကို သတ်လိုက်ပြီ"
အရင်က သူမကို မတော်မတရားလုပ်ဖို့ ကြိုးစားခဲ့ဖူးတဲ့ နည်းပြတွေအားလုံးကို သူမ သတ်ခဲ့ဖူးတယ်။ ဘာများ ဝမ်းနည်းစရာ ရှိလို့လဲ?
"သတ်လိုက်ပြီ? သတ်လိုက်တာလား?”
စူးဟန်ရွှမ်တစ်ယောက် အကြီးအကျယ် အံ့သြသွားရပြန်သည်။
သူ့သမီးက ကြက် ဒါမှမဟုတ် ဘဲတစ်ကောင်ကို သတ်သလိုမျိုး 'သတ်လိုက်တာ' လို့ ပေါ့ပေါ့တန်တန် ပြောလိုက်တာလား?
“အင်း”
ချစ်စရာကလေးလေးတွေက လူတွေရဲ့စိတ်ကို ကုသပေးနိုင်တယ်။ သူတို့ရဲ့အပြစ်ကင်းစင်ပြီး ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကို မြင်နေရရင် ကမ္ဘာကြီးရဲ့ ဆင်းရဲဒုက္ခတွေကို မေ့ထားနိုင်တယ်။ နာကျင်စရာအတိတ်တွေ သတ်ဖြတ်မှုတွေက ကလေးတွေရှေ့မှာ လေနဲ့အတူ ပျောက်ကွယ်သွားလိမ့်မယ်။
စူးချင်းက ထိုအကြောင်းအရာများကို မပြောချင်တော့သည့်အတွက် ရှောင်ချန်နှင့် ကစားရန် ပြန်လှည့်လိုက်သည်။
စူးဟန်ရွှမ်ကတော့ မြို့တံခါးတွင် ချိတ်ဆွဲထားသော ပုံတူပန်းချီကို ပြန်တွေးနေမိသည်။ အရင်က ဒါက သူ့သမီး မဟုတ်ဘဲ သူတို့ လူမှားနေတာလည်း ဖြစ်နိုင်တယ်လို့ သူ တွေးခဲ့ဖူးတယ်။ အခု သူ့သမီးက သတ်ဖြတ်တာကို ဟာသတစ်ခုလို ပြောနေတာကို မြင်လိုက်ရတာကြောင့် သူ ငြိမ်သက်မနေနိုင်တော့ဘူး။ အဲ့တာက သူ့သမီးလေး ဖြစ်ကောင်းဖြစ်နိုင်တယ်။
“မြို့တံခါးက ပုံတူက တကယ်ပဲ သမီးလား? သမီး ဘာတွေ လုပ်ခဲ့လို့လဲ?"