← Chapters

ကြီးမားသော ပုံရိပ်

Vol. 5 Ch. 464

ကြီးမားသော ပုံရိပ်

Vol. 5 Ch. 464

ချန်းဖန်သည် စစ်သည် တစ်သောင်း ပါဝင်သော စစ်တပ်ကြီးကို အနိုင်ယူနိုင် ခဲ့သည့်တိုင် နျူကလိယဗုံး၊ ဟိုင်ဒရိုဂျင်ဗုံး၊ လေဆာ လက်နက် စသည့် သူ စိုးရိမ်ရသည့် အရာများ ရှိခဲ့၏။

အကယ်၍ အမျိုးမျိုးသော ဓမ္မ ရတနာများ၊ ဓမ္မ အစီအရင်များနှင့် ဆန်းကြယ် စွမ်းအားတို့သာ မရှိခဲ့ပါက ချန်းဖန်သည် စစ်မှီ လက်နက်များ၏ တိုက်ခိုက်မှုအောက်၌ သေဆုံးခဲ့လောက်ပြီ ဖြစ်သည်။ သူ၏ အဇူရာ သက်ရှည် ခန္ဓာပင်လျှင် ခုခံနိုင်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် ချန်းဖန်သည် တတ်နိုင်သမျှ သိုသိုသိပ်သိပ် နေခဲ့ခြင်း ဖြစ်၏။ ရုရှားအား လက်စားချေခြင်း၊ အန်မိသားစုနှင့် ဖူမိသားစု တို့ကို အပြစ်ပေးခြင်း စသည့် ကိစ္စများတွင်ပင် သူ့ကိုယ်သူ ထိန်းချုပ်ခဲ့ရသည်။ အကယ်၍ သူသာ အန်မိသားစု၌ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပါက တရုတ် အစိုးရ၏ အမျက်ဒေါသကိုပင်လျှင် ရင်ဆိုင်ရနိုင်သည်။

သို့သော်လည်း ယခုတွင်မူ သူကား ဝိညာဉ်ပင်လယ် (တန်ခိုးရှင်) အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အရာရာကား ခြားနား သွားချေပြီ။

"ဝိညာဉ်ပယ်လယ် အဆင့်ရဲ့ ဝိညာဉ် စွမ်းအားနဲ့ နတ်ဘုရား စွမ်းအားက ပင်လယ်ကြီးလိုပဲ ကျယ်ပြန့်လွန်းတယ်…"

ချန်းဖန်က လက်တစ်ဖက်ကို ပျင်းရိစွာ ဆန့်ထုတ်လိုက်ရာ လက်ဝါး အလယ် တည့်တည့်၌ လျှပ်စီး အလင်းလုံး တစ်ခု ဖြစ်ပေါ်လာခဲ့၏။

ထိုလျှပ်စီး အလင်းလေးမှာ ချန်းဖန် သာမန်ကာ လျှံကာ ဖန်တီးလိုက်သော စွမ်းအား ဖြစ်သည့်တိုင် တန်ခိုးရှင် တစ်ပိုင်း အဆင့်ကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ချန်းဖန် ဝိညာဉ်ပင်လယ် အဆင့်သို့ မရောက်ခင်က အလားတူ စွမ်းအားမျိုးကို အစီအရင်များ ရေးဆွဲခြင်း၊ နတ်ဘုရား စွမ်းအား ထုတ်ဖော်ခြင်း တို့မှသာ ရနိုင်သည်။ သို့သော်လည်း ယခုတွင်မူ ထိုစွမ်းအားမျိုးကို အလွယ်တကူ လက်ဝှေ့ယမ်းရုံဖြင့် ဖော်ထုတ်နိုင်ပြီ ဖြစ်သည်။ ထိုအလုပ်က အသက်ရှူရ သကဲ့သို့ လွယ်ကူလွန်းသည်။

"ဒီလို စွမ်းအားမျိုးနဲ့ ဆိုရင် ငါ့နတ်ဘုရား စိတ်အာရုံကလည်း သုံးဆယ် ကီလိုမီတာလောက် အထိ ဖြန့်ကျက်နေနိုင်ပြီ … ကျင်းမြို့လောက်ကိုတော့ ငါ့ရဲ့ နတ်ဘုရား စိတ်အာရုံ အလွယ်လေး လွှမ်းခြုံ ထားနိုင်တယ်"

ချန်းဖန်က တွေးလိုက်မိ၏။

"နောက်ပြီး 'ဝိညာဉ် ပြည့်စုံခြင်း' စွမ်းအားကို ငါ လက်ခံ ရရှိခဲ့တယ် … ဒီနတ်ရား စွမ်းအားနဲ့ဆို ခန္ဓာကိုယ်ကို တစ်ချက် မလှုပ်ပဲနဲ့ မိုင်ပေါင်းထောင်ချီကို ငါ သွားနိုင်နေပြီ… နောက်ပြီး ငါ့ကို ပြန်လည် မွေးဖွားစေနိုင်တဲ့ လျှို့ဝှက် စွမ်းအား တစ်ခုကိုလည်း အဲဒီ အရာက ဖန်တီးပေးလိမ့်မယ်"

သို့သော်လည်း ထိုကဲ့သို့သော လျှို့ဝှက် နည်းစနစ်မှာ နောက်ဆုံး အခိုက်အတန့် အတွက်သာ သိမ်းဆည်း ထားသင့်သည်။

ချန်းဖန် အနေဖြင့် လုံခြုံနေသမျှ ကာလပတ်လုံး အခု ခန္ဓာကိုယ်အား စွန့်လွှတ်မည် မဟုတ်ပေ။ သူ၏ ယခု အဇူရာ သက်ရှည် ခန္ဓာမှာ နေ့ရက်ပေါင်း များစွာ သန့်စင် ထားခဲ့သော ခန္ဓာ ဖြစ်သည်။ ထို့အပြင် ခန္ဓာကိုယ် တစ်ခုမှ တစ်ခုသို့ ပြောင်းလဲခြင်းမှာ ကျင့်ကြံခြင်း လမ်းစဉ် အတွက် အတားအဆီး တစ်ခု ဖြစ်သည်။ မူလ ခန္ဓာကိုယ်ကသာ ကျင့်ကြံသူများ အတွက် အသင့်တော်ဆုံး ဖြစ်သည်။

"အဆင့်တက်သွားတဲ့ အတွက် ဂုဏ်ယူပါတယ် ဆရာ…"

ယူကီရှိရိုဆာက ဒူးထောက်ရင်း လေးစားစွာ ဆိုလိုက်၏။

ချန်းဖန်က မိန်းကလေးအား ခေါင်းညိတ်ပြရင်း လူသန်ကြီးကို ကြည့်လိုက်သည်။ ထုံရှန်းကား စက်ရုပ်ကြီး တစ်ရုပ်ကဲ့သို့ အူကြောင်ကြောင် ရပ်နေဆဲပင်။

"ထုံရှန်းကို အသိဉာဏ် တချို့ ထည့်ပေးဦးမှပဲ… မဟုတ်ရင် သူက အမြဲတမ်း အသိစိတ် မရှိတဲ့ စက်ရုပ် ဖြစ်သွားလိမ့်မယ် ထုံရှန်းသာ တွေးတတ်မယ် ဆိုရင် ငါမရှိတဲ့ အချိန် ချန်းမိသားစုကို အလိုအလျောက် ကာကွယ်ပေးမှာ"

ချန်းဖန်က တွေးရင်း ဒူးထောက်နေဆဲ ဖြစ်သော ယူကီရှီ ရိုဆာကို ပြန်ကြည့် လိုက်၏။

"ထလို့ရပြီ…"

ယူကီရှီရိုဆာက ထရင်း တိတ်ဆိတ်စွာပင် ရပ်နေလိုက်၏။

ချန်းဖန်ကမူ မျက်လုံးများကို နောက်တစ်ကြိမ် ပိတ်ရင်း သူ၏ ကျင့်ကြံခြင်း အကြောင်းကို ပြန်တွေး လိုက်မိသည်။

"ကျင့်ကြံသူ တစ်ယောက်ရဲ့ လမ်းက ပိုပြီး မြင့်မားလာတာနဲ့ အမျှ ပိုပြီး ခက်ခဲလာတယ်"

"ငါ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်မှာ ရှိတုန်းက အစိမ်းရောင် နဂါး အစီအရင်က ငါ့အတွက် လုံလောက်ခဲ့တယ်… ခုဝိညာဉ်ပင်လယ် အဆင့်ကို တက်လှမ်း ခဲ့ပြီးတဲ့နောက် အဲဒါတွေက ငါ့အတွက် မလုံလောက်တော့ဘူး… ငါတရုတ် အပြင်ဘက်ကို ထွက်ပြီး ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရှာရတော့မယ်…"

"ဒီကမ္ဘာမှာ ရေခဲ ဝံပုလွေ ချိုင့်ဝှမ်းလိုမျိုး လူသားတွေ မတွေ့ရှိသေးတဲ့ နေရာတွေ ရှိမှာပါ"

ထိုအတွေးဖြင့် ချန်းဖန်က အစိမ်းရောင် နဂါး အစီအရင်မှ ထွက်ကာ အိမ်သို့ ဦးတည်လိုက်၏။ သူသည် သုံးလခန့် တံခါးပိတ်၍ ကျင့်ကြံခဲ့ခြင်း ဖြစ်ရာ အပြင်၌ အဆုံးမသတ်ရသေးသော ကိစ္စရပ်များ ရှိနေသေးသည်။ ဟောင်ဂိုဏ်း၊ ဝေ့မိသားစု၊ ကျောင်းဟိုင်၏ ကျိမိသားစု၊ ဝူကျိုး၏ စုမိသားစု စသည့် သစ္စာဖောက်များအား ကိုင်တွယ် ဖြေရှင်း ရပေဦးမည်။

"ရှောင်ဖန်... မင်း တံခါးပိတ် ကျင့်ကြံတာ အောင်မြင်ရဲ့လား"

ချန်းဖန် အစိမ်းရောင် နဂါး အစီအရင်၏ အပြင်ဘက်သို့ ရောက်သည်နှင့် ထိုက်ကျိ လေ့ကျင့်နေသော ချန်းဟွိုက်အန်းနှင့် တည့်တည့်ပင် ဆုံသည်။

ထိုအဘိုးအိုမှာ ထိုက်ကျိ ပညာကို ချန်းဖန်ထံမှ သင်ကြားထားခဲ့ခြင်း ဖြစ်သည်။ ချန်းဖန်သည် ကိုယ်ပိုင် အတွေ့အကြုံများကို ပေါင်းစပ်၍ မူလ ထိုက်ကျိပညာရပ်ကို အဆင့်မြှင့်တင်ကာ သူ့အား သင်ကြား ပေးထားခဲ့ခြင်း ဖြစ်သည်။

"အဘိုးကို ကြည့်ရတာ လွန်ခဲ့တဲ့ တစ်နှစ် အတွင်း စက္ကန့်မလပ် ကြိုးစား ကျင့်ကြံခဲ့ပုံပဲ…"

ချန်းဖန်က အဘိုးအိုအား အကဲခတ်ရင်း ပြောလိုက်၏။ ယခု ချန်းဟွိုက်အန်း၏ ပုံသဏ္ဌာန်မှာ အဘိုးအို တစ်ဦးနှင့် လားလားမျှ မတူတော့ချေ။ သူကား သွက်လက် ချက်ချာနေကာ လူငယ် တစ်ဦးအလားပင် ထင်ရသည်။

"အဘိုးရဲ့ အဆင့်က မြေးနဲ့ မယှဉ်နိုင် သေးပါဘူးကွာ"

ချန်းဟွိုက်အန်းက လေ့ကျင့်နေရာမှ ရပ်ကာ ချန်းဖန်ထံ နွေးထွေးသော အပြုံးဖြင့် လျှောက်လာခဲ့၏။

"မြေးက တံခါးပိတ် ကျင့်ကြံတဲ့ သုံးလအတွင်း အများကြီးကို တိုးတက် သွားတာပဲ… မြေး အသက်ရှူလိုက်တိုင်းက ပတ်ဝန်းကျင်ရဲ့ စွမ်းအားတွေကို စုပ်ယူနေသလို အဘိုးခံစားလို့ ရတယ်"

"အင်း… ကျွန်တော်က တန်ခိုးရှင် အဆင့်ကို ရောက်သွားခဲ့ပြီလေ… ခု ကျိမိသားစုကို ထင်သလို လုပ်နိုင်သွားပြီ"

ချန်းဖန်က ပြန်ပြောလိုက်၏။

"ကျိမိသားစု…"

ချန်းဟွိုက်အန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။

"မြေး တံခါးပိတ် ကျင့်ကြံနေတုန်းက တန်မိသားစုနဲ့ နင်းမိသားစု နှစ်ခုလုံး ရောက်လာခဲ့တယ်… သခင်ကြီးတန်နဲ့ သခင်ကြီးနင်း တို့က သူတို့ရဲ့ ကျိုးနွံမှုကို ပြဖို့ ငါတို့ အိမ်အပြင်ဘက်မှာ ဒူးထောက်ခဲ့တယ်… ဒါပေမဲ့ ကျိမိသားစုကတော့ ပေါ်မလာခဲ့ဘူး… သူတို့က ငါတို့နဲ့ မျက်နှာချင်း ဆိုင်ဖို့ အတော့်ကို ကြောက်နေတာ ဖြစ်ရမယ်"

အဘိုးအိုချန်းက ချန်းဖန်အား ပြောလိုက်၏။

"ဟုတ်လား… ကျောင်းဟိုင်ရဲ့ မိသားစုကြီးတွေက ဘာလို့ ဒီလောက်တောင် ကြောက်သွားရတာလဲ… သူတို့ သတင်း တစ်ခုခု ကြားလို့များလား…"

ချန်းဖန်က တွေးလိုက်မိသည်။

သူ၏ လက်အောက်၌ ကျန်းနန်နယ်နှင့် ကျန်းပေ့နယ်တို့ သွေးလွှမ်း ခဲ့ရသည့်တိုင် ထိုအရာလောက်က ကျောင်းဟိုင်၏ မိသားစုကြီးများ ယခုလောက်ထိ ကြောက်ဒူး မတုန်စေလောက်ပေ။

"တန်မိသားစုနဲ့ နင်းမိသားစုတို့က ဗိုလ်ချုပ်ချန်းနဲ့ ဘယ်ယှဉ်ရပါ့မလဲ… မသေခင် လာတောင်းပန်တာက သူတို့ရဲ့ လိမ္မာ ပါးနပ်မှုပဲလေ"

ရုတ်တရက် ရှင်းလင်း ပြတ်သားသော အသံတစ်ခု သူတို့၏ နောက်မှ ထွက်လာခဲ့၏။ ချန်းဖန်က အေးဆေးစွာပင် ပြုံးရင်း နောက်သို့ လှည့်ကြည့် လိုက်သည်။

ရောက်လာကြသူများကား ပျံလွှားနီလေးနှင့် ယုချင်တို့ ဖြစ်ကြသည်။ စောစောက ချန်းဖန်ကို လှမ်းပြောလိုက်သူမှာ ပျံလွှားနီလေး ဖြစ်သည်။ သူမ၏ အသံက ပုံမှန်ကဲ့သို့ပင် ချန်းဖန်အား မကျေနပ်ခြင်းများ ရောစွက် နေသည်။

"ငါ မရှိတဲ့ သုံးလမှာ ဘာတွေ ဖြစ်သွားသေးလဲ"

ချန်းဖန်က ယုချင်အား ကြည့်ရင်း မေးလိုက်သည်။ သူကား ပျံလွှားနီလေးကို လုံးလုံးလျားလျားပင် လျစ်လျူထားခဲ့၏။

"တွေ့ရတာ ဝမ်းသာပါတယ် အဘိုးချန်း…"

ယုချင်က ချန်းဖန်၏ အမေးကို ပြန်မဖြေသေးဘဲ ချန်းဟွိုက်အန်းကို နှုတ်ဆက်လိုက်သည်။

"အင်း… မင်းတို့ ပြောကြလေ… နောက်မှ တွေ့ကြတာပေါ့"

ချန်းဟွိုက်အန်းက အလိုက်တသိပင် နှုတ်ဆက်ကာ ရှောင်ပေးလိုက်၏။

အဘိုးအိုချန်း ထွက်ခွာသွားပြီးနောက် ချန်းဖန်က မိန်းကလေး နှစ်ယောက်ကို လေးနက်စွာ ကြည့်လိုက်သည်။ တန်မိသားစုနှင့် နင်းမိသားစုတို့ ဒူးထောက်ခဲ့ခြင်း ကိစ္စတွင် ပိုမို လေးနက်သည့် အကြောင်းပြချက် တစ်ခု ရှိနေကြောင်း သူ ရိပ်မိနေသည်။

"ဒီကို ကြည့်ပါ ဗိုလ်ချုပ်ချန်း…"

ယုချင်က သူမလက်ထဲရှိ ကွန်ပြူတာအား ဖွင့်ပြလိုက်သည်။

"နတ်ဘုရား သတ်မှတ်ချက်…"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

"ဒါက ဘာလဲ… ငါ့နာမည်က ဘာလို့ ဒီမှာ ရှိနေတာလဲ"

"ဒါက နတ်ဘုရား သတ်မှတ်ချက်လေ… စီအိုင်အေက တန်ခိုးရှင် အဆင့်တွေ အတွက် အမှောင် သတ်မှတ်ချက်လို သတ်မှတ်ချက် တစ်ခု ဖန်တီးထားတာ…"

ပျံလွှားနီလေးက ဝင်၍ စိတ်ရှည်စွာ ဆုံးဖြတ်လိုက်၏။

"စစ်အေးတိုက်ပွဲ အပြီးတည်းက တန်ခိုးရှင် အဆင့်တွေဟာ ကမ္ဘာ့စင်မြင့်ထက်ကနေ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ် သွားခဲ့တယ်… ဒါကြောင့်မလို့ပဲ နတ်ဘုရား သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ရတယ်… လွန်ခဲ့တဲ့ သုံးလတုန်းက စီအိုင်အေက နတ်ဘုရား သတ်မှတ်ချက်ကို ပြန်ဖွင့်ခဲ့တယ်… အဖွဲ့ဝင်ကတော့ ရှင်တစ်ယောက်တည်းပဲ"

"ဒါကြောင့် မလို့ပဲ တန်မိသားစုနဲ့ နင်းမိသားစုတို့က ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့တာ…"

ပျံလွှားနီလေး၏ စကားကြောင့် ချန်းဖန်၏ ခေါင်းအတွင်းသို့ မေးခွန်းများစွာမှာ တစ်သီတစ်တန်းကြီး ဝင်လာတော့သည်။

"စီအိုင်အေ … နတ်ဘုရား သတ်မှတ်ချက်…"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။

"သူတို့က ငါတစ်ယောက်တည်းကိုပဲ ထည့်ထားတာလား"

"ဟုတ်ပါတယ်… ရှင့်အပြင် ဗိုလ်ချုပ် အိုလက်တို့လို တန်ခိုးရှင် အဆင့်တွေ ရှိသေးပေမဲ့ သူတို့က ရှင့်ကိုပဲ ထည့်ထားတာပါ… ကျွန်မ အထင် ရှင့်ကို လူတိုင်းရဲ့ ပစ်မှတ် ဖြစ်စေချင်တာ ထင်တယ်"

ယုချင်က စိတ်ပူစွာ ဝင်ပြောလိုက်သည်။

"စိတ်မပူပါနဲ့… သူတို့ရဲ့ လှည့်ကွက်လေးက ငါ့ကို မထိခိုက် စေနိုင်ပါဘူး"

ချန်းဖန်ကမူ မည်သို့မျှ စိတ်ပူ မနေခဲ့ချေ။ သူ၏ အသစ် ရရှိထားသော စွမ်းအားများနှင့် ဆိုပါက ဤကမ္ဘာ၌ သူ့အား ခြိမ်းခြောက်နိုင်သော အရာ မရှိတော့ချေ။

"ကျိမိသားစုက ငါ့ကို လာတောင်းပန်ဖို့ ပျက်ကွက်ခဲ့တယ်… သူတို့က သူတို့ကိုယ် သူတို့ ယုံကြည်ချက် ရှိရှိနဲ့ ငါ အလည်လာတာကို စောင့်နေကြပုံပဲ"

ချန်းဖန်က ပြုံးရင်း ရေရွတ်လိုက်၏။

ယုချင်နှင့် ပျံလွှားနီလေး တို့ကမူ တစ်ယောက်ကို တစ်ယောက်သာ ကြည့်လိုက် မိကြသည်။ ကျိမိသားစုကား ရူးသွပ်လွန်းသည်။ ချန်းဖန် နတ်ဘုရား သတ်မှတ်ချက်သို့ ဝင်ပြီးကြောင်း သိသည့်တိုင် သူတို့ကား တိတ်ဆိတ် နေသေးသည်။ သို့သော်လည်း ပျံလွှားနီလေးမှာ သူတို့ အတွက် လက်မလျှော့သေးပေ။

"ဗိုလ်ချုပ်ချန်း… ရှင့်ရဲ့ စိတ်ကိုတော့ နည်းနည်း လျှော့ပေးပါ… ကျောင်းဟိုင်က ကြီးမားတဲ့ မြို့ကြီးပဲ… ရှင် တစ်ခုခု လုပ်ပြီးရင် ကျွန်မတို့ အတွက် ရှင်းလင်းဖို့ ခက်တယ်… ရှင်သိပါတယ်"

"အင်း… ငါမှတ်ထားပါ့မယ်"

ချန်းဖန်က ခေါင်းညိတ်ရင်း ကျောင်းဟိုင်ရှိရာ အရပ်သို့ လှမ်းမျှော်ကြည့် လိုက်တော့သည်။

***

ထိုအချိန်၌ …

အဘိုးတစ်ယောက်နှင့် လူငယ် တစ်ယောက်တို့မှာ စစ်တုရင် ဆော့ကစား နေကြ၏။ ကစားပွဲမှာ တဖြည်းဖြည်း အရှိန်တက်လာသလို အဖြူ၊ အနက် ကျောက်တုန်းများမှာလည်း ယင်ယန် နဂါးများ ကဲ့သို့ ကခုန်ကာ တစ်ဦးကို တစ်ဦး စားသုံးကြသည်။

"အဘိုးဟွာက လက်ရည်ကျ မသွားဘူးပဲ… ဒီတစ်ပွဲတော့ ကျွန်တော် မနိုင်တော့ဘူး"

အဆုံး၌ လူငယ်က အရှုံးကို ဝန်ခံလိုက်၏။

သူ၏ စကားကြောင့် အဘိုးအိုက ပြုံးကာ ရှည်လျားသော မုတ်ဆိတ်ဖြူ ကြီးများကို သပ်လိုက်ရင်း…

"အသက် သုံးဆယ်နဲ့တင် ဒီလောက် ထူးချွန်နေတာ မင်းအတွက် ဂုဏ်ယူရပါတယ်…"

အဘိုးအိုမှာ လွတ်လပ် ပေါ့ပါးနေဟန် ရသည့်တိုင် သူ၏ မျက်လုံးထဲတွင်မူ စိုးရိမ် ကြောင့်ကြခြင်းများ ကြီးစိုးနေခဲ့၏။

***

All Chapters