← Chapters

သခင်လေး

Vol. 5 Ch. 466

သခင်လေး

Vol. 5 Ch. 466

လင်းပို့ကျွင်း ပျောက်ကွယ်သွားသည်နှင့် ချမ့်တန့်ချင်က အဘိုးအို ဟွာရန်ဖန်းကို ကြည့်ရင်း…

"ဆရာ… အစီရင်ခံစာတွေ အရဆို လင်းပို့ကျွင်းက ကျိမိသားစုမှာ တည်းနေတယ်တဲ့… သူက ဘယ်ဘက်မှာ ရှိနေလဲ ဆိုတာ ထင်ရှားနေပြီပဲ"

ဟွာမိသားစုမှာ ကျောင်းဟိုင်းအား ဆယ်စုနှစ် များစွာ လွှမ်းမိုးနိုင်ခဲ့ရာ သူတို့ လိုချင်သည့် အချက်အလက်များကို စုံစမ်းရန်မှာ မခက်ခဲလှချေ။

"ဒါက မျှော်လင့်ထားပြီးတဲ့ အရာတွေပါပဲ… ကျိမိသားစုရဲ့ အထူးချွန်ဆုံး မိသားစုဝင် တွေထဲက တစ်ယောက်ဟာ တရုတ် အရှေ့တောင်ပိုင်းမှာ အလုပ်လုပ်တယ် ဆိုကတည်းက သူတို့နဲ့ လင်းမိသားစုရဲ့ ပတ်သက်မှုကို ခန့်မှန်းနိုင်နေပြီ"

ဟွာရန်ဖန်းက တည်ငြိမ်စွာ ပြောလိုက်၏။

"ဆရာ… ကျွန်မတို့က ဒီလိုပဲ လင်းမိသားစုကို စိုးမိုးဖို့ ခွင့်ပြု လိုက်ရမှာလား"

ချမ့်တန့်ချင်က စိတ်မသက်မသာ မေးလိုက်သည်။

"အင်းပေါ့…"

ဟွာရန်ဖန်းက ကျယ်လောင်စွာ ရယ်မော လိုက်သည်။

"သိုင်းပညာရှင်တွေ အတွက် အဓိက လက်နက်က ကိုယ်ပိုင် အင်အားပဲ… ငါသာ တန်ခိုးရှင် အဆင့်ကို ရောက်ရင် ကျောင်းဟိုင်က ငါ့အပိုင် ဖြစ်လာလိမ့်မယ်…"

"ဘာမှ မရှိတဲ့ ဘဝကနေ အင်ပါယာ တစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့ ဟွာဂိုဏ်း တည်ထောင်တဲ့သူကို နင် မှတ်မိသေးတယ် မလား… အခု ဆိုရင် နဂါး ခန်းမကလည်း ကိုယ်ပိုင် နိုင်ငံ တစ်ခုကို ဖန်တီးဖို့ ကြိုးစားနေပြီ… ငါလည်း အဲဒီလိုပဲ… ဘာမှ ကြီးကြီးကျယ်ကျယ် မလုပ်နိုင်သေးခင် ကျောင်းဟိုင်မှာပဲ နှိမ့်ချပြီး နေရတာပေါ့"

ဟွာရန်ဖန်းက တည်တံ့စွာ ပြောလိုက်သည်။

သူကား တရုတ်၏ အကျော်ကြားဆုံး အထွတ်အထိပ် ပညာရှင် တစ်ယောက် အဖြစ် ဆယ်စုနှစ်များစွာ ရပ်တည်ခဲ့သည်။ ထိုအဘိုးကြီး မည်မျှ အစွမ်းထက်ကြောင်း ခန့်မှန်းနိုင်သူ မရှိချေ။

"ဆရာ… ဆရာက တန်ခိုးရှင် အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပါ… ဆရာ တစ်နေ့မှာ တန်ခိုးရှင် အဆင့်ကို တက်လှမ်းပြီး ဟွာမိသားစုရဲ့ ကြီးကျယ် ခမ်းနားမှုတွေကို ပြန်ဆောင်ကျဉ်းပေးနိုင်မယ် ဆိုတာ ကျွန်မယုံကြည်တယ်"

ချမ့်တန့်ချင်မှာ အဘိုးအို၏ လမ်းညွှန်မှု အောက်တွင် ဆယ်စုနှစ် တစ်ခုခန့် လေ့ကျင့်ခဲ့ရာ ထိုအဘိုးအို မည်မျှ အစွမ်းထက်ကြောင်း ရိပ်မိနေသည်။ အဘိုးအိုဟွာသည် လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ခန့် ရဲ့နန်ထင်း မမွေးဖွားခင်ကပင် အထွတ်အထိပ် အဆင့်သို့ တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤနှစ်ပေါင်း လေးဆယ် အတွင်း သူ မည်မျှ အစွမ်းထက်လာကြောင်း မည်သူမျှ တိတိကျကျ မခန့်မှန်းနိုင်ချေ။

"အဲဒါက နင်တွေးတာထက် ပိုခက်တယ်"

ဟွာရန်ဖန်းက ခေါင်းကို ခါလိုက်သည်။

"ငါ့ရဲ့ အဆင့်က လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်မှာ အထွတ်အထိပ်ရဲ့ ထိပ်ဆုံးကို ရောက်ရှိခဲ့တယ်… အဲဒီနောက် ဘယ်လိုပဲ ကြိုးစား ကြိုးစား တိုးတက်မလာခဲ့ဘူး… ငါ့ရဲ့ စွမ်းအားက အမှောင် သတ်မှတ်ချက် ထိပ်ဆုံး သုံးယောက်ထက် သာတယ် ဆိုပေမဲ့လည်း နောက်ဆုံး ခြေလှမ်းကို ဘယ်လိုမှ မလှမ်းနိုင်ခဲ့ဘူး…"

"နင်ပြောသလောက်သာ လွယ်မယ် ဆိုရင် နှစ်ငါးဆယ်လောက် အတွင်းမှာ ချန်းပေ့ရွှမ်း တစ်ယောက်ပဲ ပေါ်လာခဲ့မှာ မဟုတ်ဘူး… တန့်ချင်း…  မွေးရာပါ ပါရမီ ကြောင့်သာ နင့်ရဲ့ ကျင့်ကြံခြင်းက ချောမွေ့နေတာ… ဒါပေမဲ့ တန်ခိုးရှင် အဆင့်ကို ရောက်ဖို့ ဆိုတာက ပါရမီ တစ်ခုနဲ့တင် မရဘူး… စိတ်ရှည်မှု၊ ကံတရား၊ ဉာဏ်ပညာ ဒါတွေပါ လိုတယ်"

အဘိုးအိုက ရှင်းပြလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ ကျွန်မ မှတ်သား ထားပါ့မယ်…"

ချမ့်တန့်ချင်က ရိုသေစွာ ဦးညွှတ်လိုက်၏။

ထို့နောက် သူမက နားမလည်စွာဖြင့် အဘိုးအိုအား မေးလိုက်ပြန်သည်။

"ဆရာ… ကျိမိသားစုရဲ့ လုပ်ရပ်တွေကို သိတာတောင် လင်းပို့ကျွင်းက ဘာလို့ ဆက် ကူညီနေတာလဲ… ချန်းပေ့ရွှမ်း ဘယ်လောက် မောက်မာလဲ ဆိုတာ သူမသိဘူးလား…"

"လင်းမိသားစု တရုတ်မှာ အစွမ်းအထက်ဆုံး ဖြစ်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိတယ်… သူတို့ရဲ့ ခေါင်းဆောင်ကြီးကလည်း တန်ခိုးရှင် အဆင့်တွေ ထဲမှာတောင် အစွမ်း အထက်ဆုံးပဲ… နောက် လင်းမိသားစု ဘယ်လောက် မောက်မာလဲ ဆိုတာကလည်း တိုင်းသိ ပြည်သိပဲလေ…"

ဟွာရန်ဖန်းက ခေါင်းခါရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့…"

ချမ့်တန့်ချင်က ခေါင်းညိတ်လိုက်တော့သည်။

***

ကျောင်းဟိုင်မြို့၌ တိမ်မည်းများ စုစည်း နေချိန်၌ ချန်းဖန်ကမူ ဖန့်ချုံးနှင့် အဓိပ္ပာယ် ရှိသော နေ့ရက်များကို ဖြတ်သန်းနေခဲ့သည်။

ဖန့်ချုံးမှာ ဂျီကျသော မိန်းကလေး တစ်ယောက် မဟုတ်သည်က ကံကောင်းသည်ဟု ဆိုနိုင်သည်။ သူမကား ချန်းဖန်၏ အမှီအခို မပါဝင်ပဲ ကိုယ်ပိုင် အစွမ်းအစဖြင့် ရှင်သန်လိုသူ ဖြစ်သည်။

"ငါ စုမိသားစုနဲ့ ဝေ့မိသားစုတို့ကို သွားပြီးရင် ကျန်းနန်နယ်က ထွက်ပြီး တရုတ် တစ်နိုင်ငံလုံးကို ပတ်ရမယ်…"

"နောက်ပြီး လင်းမြို့တော်၊ ဟောင်ကောင်နဲ့ ဆေးနတ်ဘုရား ချိုင့်ဝှမ်းတို့ကို သွားရဦးမယ်… ငါ့တပည့် အားရှို့ဆီလည်း သွားရမယ်… နောက် ရှု့အို သေထားတာ ဆိုတော့ ရှု့ယုံဖေး ဆီကိုပါ သွားသင့်တယ်"

ချန်းဖန်က ကျောင်းဟိုင်သို့ ဦးတည် မှောင်းနှင်နေသည့် အနီရောင် ဖာရာရီကားလေး ပေါ်တွင် ထိုင်ရင်း တွေးနေခဲ့၏။

ထိုကားမှာ ရမ်မိသားစုက ချန်းဖန် အတွက် ပေးထားခြင်း ဖြစ်သည်။ ချန်းဖန်က ထိုကားကို ယူကီရှီရိုဆာသို့ တဖန် လက်ဆောင် ပြန်ပေးခဲ့သည်။

"ဆရာ… ကျွန်မတို့ ကျောင်းဟိုင် ကျိမိသားစုကို တန်းသွားမှာလား"

ကားမောင်းနှင်နေသည့် ယူကီရှီရိုဆာက မေးသည်။

"ဟင့်အင်း… ကျင်းရှို့ လုပ်ငန်းစုဆီ အရင် သွားရအောင်… တံခါးပိတ် ကျင့်ကြံတာက ထွက်လာ ကတည်းက အမေတို့၊ အစ်မတို့နဲ့ မတွေ့ရသေးဘူး…"

ချန်းဖန်က ပျင်းရိစွာ ပြောလိုက်သည်။ ကျိမိသားစုမှာ ဤခရီး၏ အဓိက အကြောင်းရင်း မဟုတ်ပေ။

ပျံလွှားနီလေးကလည်း သူ့အား ကျိမိသားစုကို အပြစ်ပေးရာတွင် ဓားပျံ စသည့် သိသာ ထင်ရှားသော လက်နက်များကို မသုံးပဲ ကျိန်စာကဲ့သို့သော အစီအရင်များကိုသာ သုံးရန် မှာကြားခဲ့သည်။ ထို့အပြင် သူ ကျောင်းဟိုင်သို့ ရောက်ကြောင်း ကြားသိသည်နှင့် ကျိမိသားစုက ချက်ချင်း လာရောက် တောင်းပန်လိမ့်မည် ဟု ချန်းဖန် ယုံကြည်ချက် ရှိသည်။

"ဟုတ်ကဲ့…"

ယူကီရှီရိုဆာက ခေါင်းညိတ်ရင်း ကား၏ အရှိန်ကို တစ်နာရီ ကီလိုမီတာ နှစ်ရာအထိ တင်လိုက်သည်။

ကျောင်းဟိုင်သည် နိုင်ငံတစ်ရာ စီးပွားရေး အချက်အချာမြို့ တစ်ခု ဖြစ်ကာ လူဦးရေ နှစ်ဆယ် မီလျံကျော် ရှိသည်။ မြို့တော်၏ အရွယ်အစားမှာလည်း ကျင်းလင်မြို့ထက် များစွာ ပိုမို ကြီးမားသည်။

ချန်းဖန်သည်ပင် ကျောင်းဟိုင်မြို့သို့ အကြိမ်များစွာ ရောက်ဖူးသော်လည်း နေရာ မစုံသေးပေ။

"ဝါး… မိုက်လိုက်တာ တိုကျိုကိုတောင် ပြန်ရောက်သွား သလိုပဲ…"

ယူကီရှီရိုဆာက ဟိုဟိုသည်သည် ကြည့်ရင်း ရေရွတ်လိုက်သည်။

"နောက် ဆယ်နှစ်လောက်ဆို တိုကျိုထက်တောင် ပိုစည်ကား မလားပဲ…"

ချန်းဖန်က အသာအယာ ပြုံးလိုက်သည်။

သူ၏ အတိတ်ဘဝ၌ ကမ္ဘာဂြိုလ်ခန့် ကြီးမားပြီး နည်းပညာ အဆင့်အတန်း မြင့်မားသော မြို့ကြီးများစွာကို တွေ့ခဲ့ဖူးရာ ကျောင်းဟိုင်က မပြောပလောက်ချေ။

နောက်တစ်နာရီခန့် မောင်းနှင်ပြီးသည်နှင့် ကျင်းရှို့ လုပ်ငန်းစု ရှိရာ နေရာသို့ သူတို့ ရောက်လာခဲ့သည်။ အကြီးမားဆုံး အိမ်ခြံမြေ ကုမ္ပဏီကြီး ဖြစ်သည့် ကျင်းရှို့ လုပ်ငန်းစုကား ကျင်းရှို့ ပလာဇာဟု အမည်ပေးထားသည့် အထပ်မြင့် အဆောက် အဦကြီးကို ဆောက်လုပ်နေခဲ့သည်။ ချန်းဖန်က ထိုအဆောက်အဦကြီးကို မော့ကြည့်ရင်း ရေရွတ်လိုက်၏။

"ကျင်းရှို့ကတော့ အကြီးအကျယ် လုပ်နေတာပဲ… ဒီ အဆောက်အဦက အနည်းဆုံး တစ်ဘီလျံလောက် ကုန်လောက်တယ်"

"ဒါပေါ့ … ဒီလို မြို့လယ်ခေါင်မှာ ရင်းနှီးမြှုပ်နှံနိုင်တာ ဆိုလို့ ကျင်းရှို့ လုပ်ငန်းစုပဲ ရှိတယ်…"

အနီးရှိ ကားထဲမှ လူငယ်တစ်ယောက်က ဆင်းလာရင်း ပြောလိုက်သည်။

"ဟုတ်လား… ခင်ဗျားက ကျင်းရှို့ လုပ်ငန်းစု အကြောင်း တော်တော်လေး သိနေတာပဲ"

ချန်းဖန်က မျက်ခုံးပင့်ရင်း ထိုလူငယ်ကို ကြည့်လိုက်သည်။

"ကျွန်တော်တို့ ကုမ္ပဏီနဲ့ ကျင်းရှို့ လုပ်ငန်းစုက လက်တွဲ အလုပ်လုပ် နေတာလေ… ဒါကြောင့်ပဲ သူဌေးဝမ် လက်ထောက် အန်တို့နဲ့ ရင်းနှီးနေတာ"

လူငယ်က ဂုဏ်ယူစွာ ပြုံးရင်း အဖြေပေးလိုက်၏။

အကယ်၍ ချန်းဖန်သာ ကျောင်းဟိုင်နယ်ခံ ဖြစ်ပါက ထိုလူငယ်မှာ ကျောင်းဟိုင် အချမ်းသာဆုံး သူဌေး တစ်ဦး၏ မျိုးဆက် သခင်လေးဖုန့် ဖြစ်ကြောင်း တန်းသိပေလိမ့်မည်။ သခင်လေးဖုန့်က စကားပြောရင်း ယူကီရှီရိုဆာအား သတိထားမိလိုက်သည်။

မိန်းကလေး၏ အလွန် လှပသော အသွင်အပြင်အား မြင်သည်နှင့် သူ ရုတ်တရက် မှင်သက် မိသွားသည်။ ထိုမျှ လှပသော မိန်းကလေး တစ်ယောက်က သာမန်လူတစ်ယောက်နှင့် တွဲနေခြင်း။ ထိုအရာကား ရာဇဝတ်မှုကြီး ဖြစ်သည်။ သို့သော်လည်း သခင်လေး ဖုန့်က ထိုအတွေးကို စိတ်ထဲတွင်သာ သိမ်းဆည်းရင်း ချန်းဖန်တို့နှင့် အတူ အဆောက်အဦဆီသို့ လျှောက်လာခဲ့သည်။

"ဘယ်သူ့ကို တွေ့ချင်လို့လဲ ရှင်…"

ဧည့်ကြိုနေရာသို့ ရောက်သည်နှင့် ဝန်ထမ်း ဝတ်စုံနှင့် မိန်းကလေး တစ်ယောက်က မေးလိုက်သည်။

"ငါ မင်းတို့ သူဌေးနဲ့ အစ်မအန်ကို တွေ့ချင်တယ်…"

ချန်းဖန်က ပြန်ဖြေလိုက်သည်။

"စိတ်မကောင်းပါဘူး ဆရာ သူတို့က ချိန်းဆိုထားတာ မရှိဘဲ မတွေ့ကြပါဘူး"

မိန်းကလေးက ပြန်ဖြေသည်။

ချန်းဖန် ပြန်မပြောရသေးခင်မှာပင် သခင်လေးဖုန့်က ချန်းဖန်၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။

"မိတ်ဆွေ… ခင်ဗျား ဒီကို ဘာလို့လာခဲ့တာလဲ ဆိုတာ ကျွန်တော် သိပါတယ်… ခင်ဗျားက အမအန်ကို လိုက်နေတာ မဟုတ်လား… အဲဒါဆို လက်လျှော့လိုက်တော့ ကိုယ့်လူ… သူ့ရဲ့ လက်တွဲဖော် ဖြစ်ချင်နေတဲ့သူတွေ မနည်းဘူးကွ"

"တင်…"

ထိုစဉ်မှာပင် ဓာတ်လှေကား တံခါး ပွင့်လာပြီး အသက်လတ် မန်နေဂျာ တစ်ယောက် ထွက်လာခဲ့၏။ သူက ဧည့်ကြိုနေရာသို့ သွက်လက်စွာ လျှောက်လာရင်း ပြုံးရွှင်စွာ နှုတ်ဆက် လိုက်သည်။

"သခင်လေးဖုန့်… ရောက်လာပြီလား… ရုံးခန်းထဲမှာ စကား သွားပြောရအောင်"

"နှုတ်ဆက်ပါတယ် မန်နေးဂျင်း ဒါရိုက်တာ ဟယ်…"

"နှုတ်ဆက်ပါတယ် မန်နေးဂျင်း ဒါရိုက်တာ ဟယ်…"

ဧည့်ကြို ကောင်မလေး နှစ်ယောက်က အနည်းငယ် ဦးညွှတ်ရင်း နှုတ်ဆက်လိုက်သည်။

"ဒါရိုက်ဟယ်… မိန်းကလေးအန် ဒီနေ့ အားလား… ကျွန်တော် သူနဲ့ ဆွေးနွေးစရာ နည်းနည်း ရှိလို့…"

သခင်လေးဖုန့်က အနည်းငယ် ပြုံးရင်း မေးလိုက်သည်။ သူ၏ စိတ်အတွင်းတွင်မူ ချန်းဖန်အား ကျိတ်၍ လှောင်ပြောင်နေမိသည်။

"အမ်… ဟိုဟာ… သခင်လေးဖုန့် သိတဲ့ အတိုင်း မိန်းကလေးအန်က အလုပ်တွေ ပိနေတာ… ဒါပေမဲ့ သခင်လေးက တွေ့ချင်တယ် ဆိုတော့ ကျွန်တော် စီစဉ်ပေးပါ့မယ်… နည်းနည်းတော့ စောင့်ရမယ် ထင်တယ်"

ဒါရိုက်တာ ဟယ်က ပြန်ပြောလိုက်သည်။

"အာ… ရပါတယ်"

သခင်လေးဖုန့်က ပြောရင်း ဒါရိုက်တာဟယ်နှင့် အတူ ထွက်ခွာ သွားတော့သည်။

သူတို့ နှစ်ယောက် ဓာတ်လှေကား စောင့်နေစဉ်မှာပင် ဧည့်ကြိုမလေးများ ထံမှ တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။

"အဲဒါက သခင်လေးဖုန့် မဟုတ်လား…"

"သူ့အဖေက ပေါင်လုံ လုပ်ငန်းစုရဲ့ ပိုင်ရှင် ကျန့်ချိုက် လို့ ကြားတယ်… သူက ကျောင်းဟိုင်ရဲ့ အချမ်းသာဆုံး တွေထဲက တစ်ယောက်ပဲလေ…"

"ဟဲ့… သူ့ကို စိတ်ကူးယဉ် မနေနဲ့… သူက လက်ထောက်အန်ကို လိုက်နေတာ…"

သခင်လေးဖုန့်မှာ ထိုမိန်းကလေး နှစ်ယောက်၏ တီးတိုး စကားများကို ကြားသည့်တိုင် မကြားဟန်သာ ဆောင်နေခဲ့သည်။ သို့သော်လည်း သူ၏ မျက်နှာက ပြုံးဖြီး နေခဲ့တော့၏။

ထိုစဉ်မှာပင် သူတို့ စောင့်နေသည့် ဓာတ်လှေကား ဘေးနားမှ ရွှေရောင် အထူး ဓာတ်လှေကားမှာ ကြမ်းပြင်သို့ ဆင်းလာခဲ့၏။

"ဘယ်သူများလဲ…"

သခင်လေးဖုန့်က မန်နေးဂျင်း ဒါရိုက်တာ ဟယ်ကို ကြည့်ရင်း မေးလိုက်သည်။

မန်နေးဂျင်း ဒါရိုက်တာ ဟယ်က အနည်းငယ် အံ့အားသင့်သွားသော ပုံစံဖြင့် ရွှေရောင် ဓာတ်လှေကားကို ကြည့်လိုက်သည်။

"ဒါက သူဌေးရဲ့ သီးသန့် ဓာတ်လှေကားပါ… သူဌေးနဲ့ လက်ထောက်အန်တို့ ဆင်းလာတာ များလား… မဖြစ်နိုင်ပါဘူး..  အပေါ်မှာ အစည်းအဝေး ရှိနေတာပဲ…"

"တင်…"

ဒါရိုက်တာဟယ် ခန့်မှန်းနေတုန်းမှာပင် ဓာတ်လှေကား တံခါး ပွင့်လာကာ မိန်းမလှ နှစ်ယောက် ထွက်ပေါ်လာခဲ့၏။

"မိန်းကလေးအန်… ကျွန်တော်က ဖုန့်…"

သခင်လေးဖုန့်က အန်ရာကို ပြုံးပြ၍ နှုတ်ဆက်ဟန် ပြင်လိုက်သော်လည်း အန်ရာက သူ့အား သတိပြုမိပုံပင် မရပေ။

ထိုအလှပဂေးက ခပ်မြန်မြန်ပင် ဓာတ်လှေကားမှ ထွက်ကာ ဧည့်ကြိုနေရာရှိ လူငယ်လေးအား ပြေးဖက် လိုက်သည်။

"အမေ…"

လူငယ်လေးက အန်ရာကို ပွေ့ဖက်ရင်း ဝမ်ရှောက်ယွင်အား နှုတ်ဆက်လိုက်သည်။

"ဘာကြီး…"

ထိုမြင်ကွင်းကြောင့် ဒါရိုက်တာဟယ်မှာ ဆွံ့အသွားတော့သည်။

"သူ… သူက သခင်လေးချန်းလား"

***

All Chapters