← Chapters

မျှော်စင်ဒုတိယအထပ်ကို ကြိုးစားခြင်း....

Vol. 28 Ch. 422

မျှော်စင်ဒုတိယအထပ်ကို ကြိုးစားခြင်း....

Vol. 28 Ch. 422

စစ်မြေပြင် B0001 ၏ အစွန်တွင် လင်းယွမ်က ပေါ်လာပြီး ရှေ့မှ စစ်မြေပြင်ကို ကြည့်လိုက်သည်။

" လေဟာနယ်လှိုင်းတွေက သိသာထင်ရှားတယ်။ ထိုက်ယင်မူလစိတ်ဝိညာဉ်ရှိတဲ့ အလတ်စားစစ်မြေပြင်ထက်ကို လေဟာနယ်လှိုင်းတွေ ပိုထူထပ်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

အခြားစစ်မြေပြင်များရှိ လေဟာနယ်လှိုင်းများက အင်အားကြီးမားသူများ၏ တိုက်ခိုက်မှုများနှင့် ထာဝရလေဟာနယ်အက်ကြောင်းများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

မျိုးနွယ်ခြားများ၏ စစ်မြေပြင်များထဲတွင် သက်တမ်းအကြာဆုံးဖြစ်သည့်အတွက် ရှေးအချိန်များတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ကြီးမြတ်ခြင်းလက်နက်ကိုင်ဆောင်ထားသည့် ဒသမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

ထို့အပြင် အခြားစစ်မြေပြင်များထက် ကျယ်ဝန်းသည့်အတွက် ထာဝရလေဟာနယ်အက်ကြောင်းများလည်း ပိုမို များပြားလေသည်။

စစ်မြေပြင်ငယ်များတွင် လေဟာနယ်အက်ကြောင်းများက မီတာဆယ်ဂဏန်းအထိ ကျယ်ဝန်းကြသည်။ အလတ်စားစစ်မြေပြင်များတွင် အက်ကြောင်းများက မီတာတစ်သောင်းမှ နှစ်သောင်းထိ ကျယ်ဝန်းလေသည်။

စစ်မြေပြင် B0001 မှ အကြီးဆုံး ထာဝရလေဟာနယ်အက်ကြောင်းမှာမူ မီတာသုံးသောင်းထိ ရောက်နေခဲ့သည်။ ၎င်းက သာမန်ကွဲအက်မှုမဟုတ်ဘဲ စကြာဝဠာ၏ သဘာဝကုသမှုဖြင့်ပင် ကောင်းမွန်နိုင်ခြင်းမရှိသော ထာဝရလေဟာနယ်အက်ကြောင်းဖြစ်လေသည်။

" အရင်ဆုံး မီတာသုံးသောင်းရှည်တဲ့ ထာဝရလေဟာနယ်အက်ကြောင်းကို သွားကြည့်ရမယ်။ " လင်းယွမ်က ဦးတည်ချက်တစ်ခုသို့ ရွေ့လျားသွားသည်။

လေဟာနယ်လှိုင်းများရှိသော စစ်မြေပြင်များတွင် လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ထားလျှင်တောင် မဟာရွှေ့ပြောင်းခြင်းနည်းစနစ်ကို အသုံးမပြုခြင်းက ပိုကောင်းလေသည်။ အကြောင်းမှာ လေဟာနယ်လှိုင်းများကြောင့် ပစ်မှတ်နေရာက သွေဖယ်သွားနိုင်ပြီး လေဟာနယ်အလွှာများ၏ အနက်ရှိုင်းဆုံးနေရာတွင် ပိတ်မိသွားနိုင်လေသည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အစိမ်းရောင်မီးတောက်များက ပြင်းထန်စွာ လောင်ကျွမ်းပြီးနောက် ငြိမ်သက်သွားခဲ့သည်။

" နောက်ဆုံးတော့ စုပ်ယူတာ ပြီးသွားပြီ။ "

လင်းယွမ်၏ စိတ်အသိက သူ၏ အတွင်းကမ္ဘာထဲသို့ ဆင်းသက်သွားပြီး မိုင် ၁.၃၃၂ ဘီလီယံကျယ်ဝန်းလာသော အတွင်းကမ္ဘာကို ကြည့်ပြီး ကျေနပ်သွားသည်။

အဋ္ဌမအလွှာတွင် မိုင်သန်းတစ်ရာထက် ကျော်လွန်ခြင်းက အလွန်ရှားပါးသည့် အထူးသက်ရှိများသာ အောင်မြင်နိုင်ကြသည်။ စကြာဝဠာက သက်ရှိများကို မျှတစွာ ဆက်ဆံလေသည်။ သက်ရှိတစ်မျိုး၏ စွမ်းရည်နှင့် သွေးမျိုးဆက်က အားကောင်းလာသည်နှင့် သူတို့၏ မျိုးပွားနိုင်စွမ်းကလည်း အားနည်းလာသည်။

လူသားမျိုးနွယ်က ကြောက်မက်ဖွယ်ရာ မျိုးပွားနိုင်စွမ်းကို ပိုင်ဆိုင်ထားသော်လည်း အရည်အချင်းအများစုမှာ သာမန်သာ ဖြစ်သည်။

ကြယ်ပင်လယ်ခွန်များ၏ အရည်အချင်းနှင့် သွေးမျိုးဆက်က အားကောင်းသော်လည်း မျိုးပွားရန် အလွန်ခက်ခဲလေသည်။ သို့သော် သူတို့က မျိုးနွယ်တစ်ခုကိုတော့ ဖွဲ့စည်းထားနိုင်သေးသည်။

အချို့ထားခြားသည့် သက်ရှိများက အလွန်ရှားပါးပြီး မျိုးနွယ်တစ်ခုပင် ဖွဲ့စည်းထားနိုင်ခြင်းမရှိဘဲ သူတို့၏ အရည်အချင်းများကတော့ ကြောက်စရာကောင်းလှသည်။

" နောက်တစ်ခုက အပြာရောင်အရည်..." လင်းယွမ်က သူ၏ လက်ထဲမှ ဘူးသီးခြောက်ကို ကြည့်လိုက်ရာ အစိမ်းရောင်မှ အပြာရောင်သို့ ဖြည်းညင်းစွာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

" စုပ်ယူမယ်။ " လင်းယွမ်က ဘူးသီးခြောက်ကို ပြောင်းပြန်လှန်လိုက်ရာ အပြာရောင်အရည်တစ်စက်က အပြင်သို့ ကျဆင်းလာသည်။

အပြာရောင်အရည်စက်ကို သောက်လိုက်သည်နှင့် သန့်စင်သော အပြာရောင်မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်၏ အတွင်းအင်္ဂါများကို လောင်ကျွမ်းသွားသည်။

ရက်အချို့ကြာသွားခဲ့သည်။ လင်းယွမ်က အကြိမ်ရေများစွာ ကြိုးစားခဲ့ပြီး သူ၏ အတွင်းကမ္ဘာက မိုင် ၁၄၅သန်းအထိ ကျယ်ဝန်းလာခဲ့သည်။

" နောက်ထပ်က ဒီလောက်မြန်မြန် တိုးတက်လာတော့မှာမဟုတ်ဘူး။ " လင်းယွမ်က ယခင်ကြိုးစားထားသောကြောင့်သာ ထိုမျှမြန်မြန် တိုးတက်လာခြင်းဖြစ်သည်။ ယခု အပြာရောင်အရည်ကို စုပ်ယူချိန်တွင် အပြာရောင်မီးတောက်နှင့် လိုက်လျောညီထွေဖြစ်အောင် ဖြည်းဖြည်းချင်း မြှင့်တင်ရတော့မည်ဖြစ်သည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကလည်း ၃၀ မျှင်ထိ စုဆောင်းမိလာပြီ။ " လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား အရေအတွက်ကို စစ်ဆေးလိုက်သည်။

ရှစ်ကြိမ်မြောက်ဆင်းသက်ခြင်းမပြုမီ လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ၃၆မျှင်ကို စုဆောင်းခဲ့သည်။ စိတ်ဝိညာဉ်ကမ္ဘာသို့ ဆင်းသက်ခြင်းက ၁၀မျှင် ကုန်ခဲ့ပြီး ဘူးသီးခြောက်နှင့် ယွမ်ရှန်းကျင်းကို ယူဆောင်ခြင်းက ၂မျှင် ကုန်ခဲ့လေသည်။

ရှစ်ကြိမ်မြောက် ဆင်းသက်ပြီးနောက် သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ၂၄မျှင်သာ ကျန်ခဲ့သည်။ ယခု နှစ်အချို့ကြာပြီးနောက် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက ၃၀မျှင်သို့ တဖန်ပြန်ရောက်လာခဲ့သည်။

" ကိုးကြိမ်မြောက် ဆင်းသက်ဖို့ အလျင်မလိုသေးဘူး။ " လင်းယွမ်က တွေးလိုက်သည်။

သူက နိယာမများ ပေါင်းစပ်ခြင်း၏ အရေးကြီးသော အချိန်တွင် ရှိနေပြီး ထိုအချိန်တွင် ဆင်းသက်ခြင်းက နဝမအလွှာသို့ တက်ရောက်မည့်အချိန်ကိုသာ ထိခိုက်စေပေလိမ့်မည်။

နဝမအလွှာသို့ တက်လှမ်းပြီးနောက် သူ၏ ကျင့်ကြံခြင်းတွင် အတားအဆီးတစ်ခုနှင့် ကြုံတွေ့မှသာ ထပ်မံဆင်းသက်ရန် စဉ်းစားခြင်းက ပိုကောင်းလေသည်။ နောက်ဆုံးတွင် လင်းယွမ်က အခြားကမ္ဘာတွင်ဖြစ်စေ မူလကမ္ဘာတွင်ဖြစ်စေ လျင်မြန်စွာ တိုးတက်နိုင်လေသည်။

လင်းယွမ်က ကမ္ဘာများကို ဆင်းသက်ခြင်း၏ အကြီးမားဆုံး အကျိုးကျေးဇူးမှာ မူလကမ္ဘာထက် ကျော်လွန်သော ကျင့်ကြံခြင်းစနစ်များနှင့် အခွင့်အလမ်းများကို ကြုံတွေ့နိုင်ခြင်းတို့ဖြစ်သည်။

ဥပမာ စိတ်ဝိညာဉ်ကမ္ဘာတွင် စကြာဝဠာစွမ်းအားကို ဖိနှိပ်ခြင်းမရှိပေ။ လင်းယွမ်က စကြာဝဠာစွမ်းအားများစွာ၊ အဆင့်မြင့်စကြာဝဠာစွမ်းအား ဆယ်ခုကျော်နှင့် မူလစွမ်းအားကိုပင် နားလည်နိုင်ခဲ့သည်။

၎င်းက မူလကမ္ဘာတွင် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အတင့်အကျပ်ကြိုးစားခဲ့လျှင်တောင် အချိန်များစွာ ကုန်ဆုံးနိုင်ပြီး နောက်ပိုင်ကျင့်ကြံမှုကိုပင် နှောင့်နှေးစေနိုင်လေသည်။

" အခု ငါက လေဟာနယ်နိယာမကို အပြည့်အဝ နားလည်သွားပြီဆိုတော့ အနက်ရောင်မျှော်စင်ရဲ့ ဒုတိယအလွှာကို ကြိုးစားကြည့်ရမယ်။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူက အနက်ရောင်မျှော်စင်၏ ဒုတိယအလွှာကို စိန်ခေါ်ခြင်းမှာ စကြာဝဠာစွမ်းအား အသုံးပြုခြင်းကို မြှင့်တင်ရန်သာ ဖြစ်သည်။

ယခုတော့ သူက ဖြတ်ကျော်ရန် ကြိုးစားကြည့်ချင်လေသည်။ လေဟာနယ်နိယာမကို အပြည့်အဝ နားလည်သွားခြင်းက လင်းယွမ်ကို အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ဖြစ်ပေါ်စေလေသည်။ သတ်ဖြတ်ခြင်း၊ ခုခံကာကွယ်ခြင်းနှင့် ရှင်သန်နိုင်စွမ်းတို့က တိုးတက်လာခဲ့သည်။

အဋ္ဌမအလွှာ တစ်ယောက်က လေဟာနယ်နိယာမကို အပြည့်အဝ နားလည်သွားလျှင် အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကိုပင် အခက်တွေ့စေနိုင်လေသည်။ အဋ္ဌမအလွှာ တားဆီးမရသူများက ပူးပေါင်းတိုက်ခိုက်ခဲ့လျှင်တောင် လေဟာနယ်နိယာမကို ကျွမ်းကျင်သူ လွတ်မြောက်နိုင်လေသည်။

လင်းယွမ်၏ စိတ်အသိက နတ်ဆိုးကျောက်စိမ်းအမှတ်အသားနှင့် ပေါင်းစပ်ပြီး နတ်ဆိုးကျောက်စိမ်းနေရာသို့ ရောက်သွားခဲ့သည်။

အနက်ရောင်မျှော်စင်၏ ရှေ့တွင် ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို ပြုံး၍ ကြည့်နေသည်။ " ဒုတိယအထပ်ကို စိန်ခေါ်မလို့လား။ "

လွန်ခဲ့သည့် နှစ်အနည်းအတွင်း လင်းယွမ်က အနားယူသည့်အချိန်တိုင်း အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်ကို စိန်ခေါ်ရန် လာလေ့ရှိပြီး ကျောက်ရုပ်တုရှန်းကျိက ၎င်းကို အသားကျနေပြီဖြစ်သည်။ လင်းယွမ်၏ ဒုတိယအထပ်အား စိန်ခေါ်သည်ကို ကြည့်ခြင်းဖြင့် သူက အပျင်းပြေလေသည်။

" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ထိုနောက် လင်းယွမ်က အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်သို့ ရောက်သွားပြီး ဒုတိယအထပ်၏ မြင်ကွင်းများကလည်း ကျောက်ရုပ်တုရှန်းကျိ၏ ရှေ့တွင် ပေါ်လာသည်။

" ဒီကောင်လေး သူ့ရဲ့စကြာဝဠာစွမ်းအားကို ဘယ်လောက်ထိ မြှင့်တင်ဖို့ စဉ်းစားထားတာလဲမသိဘူး။ " ကျောက်ရုပ်တုရှန်းကျိက တိတ်ဆိတ်စွာ တွေးလိုက်သည်။

ဝုန်း....

လင်းယွမ်က ဒုတိယအထပ်သို့ ရောက်သည်နှင့် ပြင်းထန်သော ဖိအားက သူ့အပေါ်သို့ ကျဆင်းလာသည်။

ယခင်ကဆိုလျှင် လင်းယွမ်က ခုခံရန်အတွက် စကြာဝဠာစွမ်းအားများကို အသက်သွင်းမိမှာ အမှန်ပင် ဖြစ်သည်။ ဒုတိယအထပ်မှ ဖိအားက လှုပ်ရှားမှုအနည်းငယ်ဖြင့် ခုခံနိုင်သော အရာမဟုတ်ပေ။

လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ပြီးနောက် လင်းယွမ်က အတွေးတစ်ချက်နှင့် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် သီးခြားလေဟာနယ်တစ်ခု ပေါ်လာသည်။

သီးခြားလေဟာနယ်က အဆင့်မြင့် လေဟာနယ်နည်းစနစ်တစ်ခုဖြစ်ပြီး ပြင်ပမှ ဖိအားများကို ဖယ်ရှားပေးသည်။ လင်းယွမ်၏ ပတ်လည်တွင် ၎င်းက မီတာအနည်းငယ်သာ ကျယ်ဝန်းပုံရသော်လည်း လေဟာနယ်အလွှာပေါင်းများစွာ ကွာခြားနေသည်။

သာမန်အဋ္ဌမအလွှာတစ်ယောက်က သီးခြားလေဟာနယ်နှင့် ရင်ဆိုင်ရချိန်တွင် တိုက်ခိုက်ရန်မပြောနှင့် အနားကပ်ရန် မဖြစ်နိုင်ပေ။

လေဟာနယ်နိယာမကို ကျွမ်းကျင်သော အဋ္ဌမအလွှာတစ်ယောက်က အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို မသတ်နိုင်လျှင်တောင် ပြဿနာပေးနိုင်လေသည်။

" စကြာဝဠာစွမ်းအားတောင် သုံးစရာမလိုဘူးလား။ " လင်းယွမ်က မျက်ခုံးများပင့်သွားသည်။ ယခု သူက ဒုတိယအထပ်တွင် ရပ်နေပြီး သူ၏ ပတ်ပတ်လည်မှ လေဟာနယ်က တွန့်လိမ်ကာ သူအပေါ်သို့ ကျရောက်လာသော ဖိအားများကို ပျောက်ကွယ်သွားစေသည်။ သို့သော် လင်းယွမ်က လှေကားနက်ဆီသို့ နီးကပ်လာသည်နှင့်အမျှ ဖိအားက ပိုမိုပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။

နောက်ဆုံးတွင် လင်းယွမ်က သီးခြားလေဟာနယ်ကို အသုံးပြုပြီး ဖိအားကို ခုခံရန် ခက်ခဲသွားပေလိမ့်မည်။ အထူးသဖြင့် အလယ်သို့ ရောက်လျှင် အဆုံးမဲ့ဖိအားများက သတ္တဝါများအဖြစ် စုစည်းပြီး လင်းယွမ်ကို တိုက်ခိုက်ကြပေလိမ့်မည်။

All Chapters