← Chapters

အားဖြည့်ခြင်းနတ်စွမ်းရည်....

Vol. 28 Ch. 423

အားဖြည့်ခြင်းနတ်စွမ်းရည်....

Vol. 28 Ch. 423

" ဘယ်လောက်ထိသွားနိုင်မလဲ ကြည့်ရတာပေါ့။ " လင်းယွမ်က အနက်ရောင်မျှောင်စင်၏ ဒုတိယအထပ်ကို ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ချက်များစွာမရှိပေ။

လေဟာနယ်နိယာမကို အပြည့်အဝ ကျွမ်းကျင်သွားပြီးနောက် သူ၏ ခွန်အားကို စမ်းသပ်ကြည့်ချင်ရုံသာဖြစ်သည်။ အောင်မြင်လျှင် ကောင်းပြီး မအောင်မြင်လည်း ပြဿနာမရှိပေ။

လင်းယွမ်က သူ၏ ခွန်အားကို စမ်းသပ်ရန်အတွက် အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်ကို စံနှုန်းတစ်ခုအဖြစ် အသုံးပြုခြင်းဖြစ်သည်။ ကျောက်ရုပ်တုရှန်းကျိ၏ စကားအရ နဝမအလွှာ အင်အားကြီးသူများသာ အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်ကို ဖြတ်ကျော်နိုင်မည်ဖြစ်သည်။

နဝမအလွှာများ၏ နည်းလမ်းများက နိယာမအမျိုးမျိုးနှင့် စကြာဝဠာစွမ်းအားများကို ကျွမ်းကျင်ခြင်းသက်သက် မဟုတ်သော်လည်း ၎င်းတို့က အရေးကြီးသော ရှုထောင့်တစ်ခုဖြစ်လေသည်။

လင်းယွမ်က အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်ကို ဖြတ်ကျော်နိုင်လျှင် သူက နဝမအလွှာ အသန်မာဆုံးများထဲမှ တစ်ယောက်ဟု မဆိုနိုင်သော်လည်း သူတို့၏ တစ်ဝက်ကျော်ထက် ပိုမိုအားကောင်းလေသည်။

မျှော်စင်၏ အပြင်ဘက်တွင် ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်၏ စွမ်းဆောင်ရည်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။ လင်းယွမ်က အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်ကို စိန်ခေါ်ရန် လာရောက်သည့်အကြိမ်တိုင်း သူက စိတ်အားထက်သန်စွာ ကြည့်ရှုခဲ့ပြီး သူ၏ ပျင်းရိမှုကို ပြေပျောက်စေသော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

သို့သော် လင်းယွမ်က မည်သည့်စကြာဝဠာစွမ်းအားမှ မသုံးဘဲ ရပ်နေရုံဖြင့် ဒုတိယအထပ်၏ ဖိအားကို ခုခံနိုင်သည်ကို မြင်သောအခါ သူက ရုတ်တရက် အံ့အားသင့်သွားသည်။

" ဒါက..." ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို ဂရုတစိုက်ကြည့်ပြီးနောက် သူ၏ပတ်လည်မှ လေဟာနယ်က တွန့်လိမ်နေသည်ကို သတိပြုမိသွားသည်။

" ဒီကောင်လေးက လေဟာနယ်နိယာမကို အပြည့်အဝ နားလည်သွားပြီလား။ " ကျောက်ရုပ်တုရှန်းကျိက စိတ်ရှုပ်သွားသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က လင်းယွမ်၏ လေဟာနယ်နိယာမအပေါ် နားလည်မှုက သာမန်ဟု မဆိုနိုင်သော်လည်း အပြည့်အဝ နားလည်မှုနှင့် ဝေးကွာနေဆဲ ဖြစ်သည်။

ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို အလွန်အမင်း အထင်ကြီးထားပြီဖြစ်သည်။ အသက်နှစ်ထောင်ကျော်နှင့် အဋ္ဌမအလွှာထိ ကျင့်ကြံနိုင်ခဲ့သည့်အပြင် စကြာဝဠာစွမ်းအားများ၊ အဆင့်မြင့်စကြာဝဠာစွမ်းအား ဆယ်ခုကျော်နှင့် ရင်းမြစ်အဆင့် စကြာဝဠာစွမ်းအားတစ်ခုကိုလည်း နားလည်ထားခဲ့သည်။

ထိုပုဂ္ဂိုလ်မျိုးက မည်သည့်ကမ္ဘာတွင် ရှိနေသည်ဖြစ်စေ အလွန်ထူးချွန်သော ပါရမီရှင်အဖြစ် သတ်မှတ်ကြပေလိမ့်မည်။

သို့သော် သူက လေဟာနယ်မိယာမကို ဘယ်လိုလုပ် ထိုမျှမြန်မြန် နားလည်နိုင်သွားတာလဲ။ ၎င်းက သာမန်နိယာမမဟုတ် အဓိကနိယာမတစ်ခုဖြစ်သည်။

ကျောက်ရုပ်တုရှန်းကျိအတွက် ၎င်းက မယုံကြည်နိုင်စရာ ကောင်းလှသည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ချန်ထားခဲ့သော လေဟာနယ်အနက်ဖွင့်ဆိုချက်က လင်းယွမ်အတွက် ကြီးမားသော အကူအညီအား ပေးနိုင်မည်ကို သူသိလေသည်။ သို့သော် ၎င်းက အကူအညီများသာ ဖြစ်သည်။ လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်မဟုတ်ပေ။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ကျောက်ရုပ်တုရှန်းက လင်းယွမ်ကို ဖော်ပြရန် စကားလုံးမရှိတော့ပေ။

အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်။

လင်းယွမ်က ဖိအားကို ခုခံရန် သီးခြားလေဟာနယ်ကို အသုံးပြုခဲ့သည်။ သူက အကွာအဝေး၏ သုံးပုံတစ်ပုံကို လျင်မြန်စွာ ဖြတ်ကျော်လာသည်။ သူက ရှေ့သို့ ရောက်လာသည်နှင့်အမျှ ဖိအားက ပိုမိုပြင်းထန်လာပြီး ကြောက်စရာကောင်းလာသည်။ ဖိအားမှ သတ္တဝါများက တစ်ကောင်ပြီးတစ်ကောင် စုစည်းလာပြီး လင်းယွမ်ထံသို့ ခုန်ဝင်လာကြသည်။

" ငါထိန်းမထားနိုင်တော့ဘူး။ " လင်းယွမ်က စကြာဝဠာစွမ်းအားကို ထုတ်ဖော်ရန် ပြင်လိုက်သည်။

အဆုံးမဲ့ဖိအားတစ်ခုက သူ့အပေါ်သို့ ဖုံးလွှမ်းလာပြီး သီးခြားလေဟာနယ်နှင့် ခုခံရန် ခက်ခဲသောကြောင့် ပိုမိုအားကောင်းသော နည်းလမ်းများကို အသုံးပြုရန် လိုအပ်လေသည်။

စကြာဝဠာစွမ်းအားများက ပေါင်းစပ်သွားပြီး အဆင့်မြင့်စကြာဝဠာစွမ်းအား ဆယ်ခုကျော်က ကိုယ်ထည်အဖြစ်ထားကာ မူလစွမ်းအားက အဓိကနေရာတွင် နေပြီး စကြာဝဠာစွမ်းအားအားလုံးက လျင်မြန်စွာ ပေါင်းစည်းသွားကြသည်။

လင်းယွမ်က အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်ကို အကြိမ်များစွာ စိန်ခေါ်ခဲ့သောကြောင့် သူ့အတွက် အကျိုးအမြတ်များ ရရှိခဲ့သည်။ စကြာဝဠာစွမ်းအား အားလုံးကို ပေါင်းစည်းသည့် ထိုနည်းလမ်းက လင်းယွမ်၏ အကြီးမားဆုံး အောင်မြင်မှုဖြစ်သည်။ ၎င်းက စကြာဝဠာစွမ်းအားတစ်ခုစီ၏ စွမ်းအားကို နှစ်ဆနီးပါး တိုးတက်သွားစေသည်။

ဝုန်း ဝုန်း....

လင်းယွမ်က သတ္တဝါများ တစ်ကောင်ပြီးတစ်ကောင် ဖျက်ဆီးပြီး ရှေ့သို့ လျှောက်လှမ်းသွားသည်။

ကျောက်ရုပ်တုရှန်းကျိကလည်း အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်ကို အာရုံစိုက်နေသည်။

" သူ အဲ့ဒါကိုပဲ အားကိုးနေရင် ဒုတိယအထပ်ကို ဖြတ်ကျော်ဖို့ ခက်ခဲလိမ့်မယ်။ "

ခက်ခဲသည်က မဖြစ်နိုင်တာတော့ မဟုတ်ပေ။ လင်းယွမ်က လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ပြီးနောက် ကျောက်ရုပ်တုရှန်းကျိက အကြောင်းအရာတစ်ခုကို သေချာမပြောရဲတော့ပေ။

" ဒုတိယအထပ်ရဲ့ နောက်ဆုံးအပိုင်းက ဖိအားတွေ ပိုတိုးလာလိမ့်မယ်။ "

ကျောက်ရုပ်တုရှန်းကျိက တွေးလိုက်သည်။ နဝမအလွှာများစွာက အကွာအဝေး၏ သုံးပုံနှစ်ပုံအား ဖြတ်ကျော်နိုင်ကြသည်ကို မြင်ဖူးလေသည်။ သို့သော် နောက်ဆုံးအပိုင်းသို့ ရောက်ချိန်တွင် သူတို့အားလုံးက ကျရှုံးခဲ့ရလေသည်။

လင်းယွမ်ပြသနေသော စွမ်းရည်အရ သူက ထိုနဝမအလွှာများကဲ့သို့ အဆုံးသတ်သွားနိုင်ဖွယ်ရှိလေသည်။

လင်းယွမ်က တဖြည်းဖြည်းနှေးလာပြီး အကွာအဝေး၏ သုံးပုံတစ်ပုံသို့ ရောက်သောအခါ ထိတ်လန့်စရာကောင်းသော ဖိအားက အစစ်အမှန်ကဲ့သိုလ ပြောင်းလဲသွားပြီး လေဟာနယ်၏ လက်မတိုင်းကို ပြည့်နှက်သွားစေသည်။

" အားဖြည့်ခြင်းနတ်စွမ်းရည်ကို အသုံးမပြုဘဲ ဒုတိယအထပ်ကို ဖြတ်ကျော်နိုင်ဖို့ အရမ်းခက်ခဲတယ်။ "

လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

အနက်ရောင်မျှော်စင်၏ ဒုတ်ယအထပ်က နဝမအလွှာများအတွက် အထူးပြင်ဆင်ထားကြောင်း သက်သေပြနေသည်။ သူကလေဟာနယ်နိယာမကို ကျွမ်းကျသွားပြီး စကြာဝဠာစွမ်းအားများစွာကို ပိုင်ဆိုင်ထားသော်လည်း ဖြတ်ကျော်ရန် မျှော်လင့်ချက်မရှိပေ။

" ဆက်ကြည့်ရအောင်။ အချိန်ကျရင် အားဖြည့်ခြင်းနတ်စွမ်းရည်ကို အသုံးပြုလိုက်မယ်။ " လင်းယွမ်က တွေးလိုက်၏။

ထိုနတ်စွမ်းရည်က အသက်ဆယ်ကြိမ်ရှူစာသာကြာသောကြောင့် အဆိုးဆုံးအခြေအနေများတွင်သာ အသုံးပြုရပေလိမ့်မည်။ သူက တတ်နိုင်သမျှ အနီးဆုံးသို့ သွားရမည်ဖြစ်ပြီး မဟုတ်လျှင် နတ်စွမ်းရည်၏ အချိန်ကုန်ဆုံးပြီး ဖြတ်ကျော်ရန် အနည်းငယ်သာ လိုအပ်ပါက နှမြောစရာကောင်းလှသည်။

ဝုန်းဝုန်းဝုန်း...

လင်းယွမ်က နာကျင်စွာ လျှောက်လှမ်းနေသည်။

နာရီဝက်ကြာပြီးသောအခါ သူက လှေကားနက်မှ မီတာငါးဆယ်အကွာသို့ ရောက်လာသည်။ ထိုနေရာတွင် လင်းယွမ်က နောက်ထပ် မလှမ်းနိုင်သလောက် ဖြစ်နေပြီး ပြင်းထန်သော ဖိအားက သူ့ကို ခိုင်မြဲစွာ ချုပ်နှောင်ထားသည်။

သီခြားလေဟာနယ်နှင့် စကြာဝဠာစွမ်းအားများစွာက သူ့ကို ကာကွယ်မထားလျှင် လင်းယွမ်က ချက်ချင်း ပေါက်ကွဲသွားပေလိမ့်မည်။

" မီတာငါးဆယ်ပဲ ကျတော့တယ်။ ဒီလောက်ဆို လုံလောက်ပြီ။ " လင်းယွမ်က သူ၏ စိတ်ကို တည်ငြိမ်စေပြီး မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။

ဝုန်း....

သွေးနီရောင် အော်ရာမျှင်များက တစ်ခုနှင့်တစ်ခု ရစ်ပတ်ပြီး ရှုပ်ထွေးသော နတ်စွမ်းရည်တံဆိတ်တစ်ခုကို ဖြစ်ပေါ်လာစေသည်။

ထိုနတ်စွမ်းရည်တံဆိပ်က လင်းယွမ်၏ ခန္ဓာကိုယ်နှင့် လျင်မြန်စွာ ပေါင်းစည်းသွားပြီး ချက်ချင်း သူ၏ အသက်စွမ်းအားက ဆယ်ဆ တိုးတက်လာသည်။ ရုပ်ခန္ဓာက စိတ်ဝိညာဉ်ကို တွန်းအားပေးပြီး စိတ်ဝိညာဉ်က စိတ်စွမ်းအားကို တွန်းအားပေးကာ ခဏအတွင်း လင်းယွမ်၏ အရာအားလုံးက ဆယ်ဆခုန်တက်သွားသည်။

အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်တွင် လင်းယွမ်၏ ခွန်အားကလည်း ဆယ်ဆ ခုန်တက်သွားသည်။ ရလဒ်အနေဖြင့် သူ၏ သီးခြားလေဟာနယ်နှင့် စကြာဝဠာစွမ်းအားများကလည်း တပြိုင်နက် မြင့်တက်လာသည်။

အားဖြည့်ခြင်းနတ်စွမ်းရည်က လင်းယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် စသည်တို့ကိုသာ ဆယ်ဆတိုးတက်စေသော်လည်း စိတ်စွမ်းအားတိုးလာခြင်းက အခြားအရာများကိုလည်း သက်ရောက်စေခဲ့သည်။

စိတ်စွမ်းအားက အခြေခံဖြစ်သည်။ ဥပမာ လေဟာနယ်နိယာမ နည်းစနစ်တစ်ခုကို အဋ္ဌမအလွှာတစ်ယောက်နှင့် နဝမအလွှာတစ်ယောက်တို့ အသုံးပြုသောအခါတွင် စွမ်းအားက လုံးဝ ကွဲပြားပေလိမ့်မည်။

သူ၏ စိတ်စွမ်းအားက ဆယ်ဆတိုးတက်ပြီးနောက် လင်းယွမ်က သူ့ကို လှုပ်ရှား၍မရအောင် ဖိနှိပ်ထားသော စွမ်းအားက ချက်ချင်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

" အချိန်မီလှုပ်ရှားရမယ်။ " လင်းယွမ်က ချက်ချင်းပင် ရှေ့သို့ တက်လှမ်းသွားသည်။

ယခုအချိန်တွင် အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်မှ ဖိအားက လင်းယွမ်အတွက် မည်သည့်အတားအဆီးမှ မဖြစ်တော့ပေ။ သူက ငါးမီတာအကွာတွင် ခနရပ်ရုံမှလွဲ၍ အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်ကို ဖြတ်ကျော်ရန် အသက်လေးကြိမ်ရှူသည့် အချိန်သာ လိုအပ်ခဲ့သည်။

" သူ တကယ်ပဲ ဖြတ်ကျော်နိုင်သွားတာလား။ " အနက်ရောင်မျှော်စင်၏ အပြင်ဘက်တွင် ကျောက်ရုပ်တု ရှန်းကျိက တဖန် တိတ်ဆိတ်သွားပြန်သည်။

လင်းယွမ်က လေဟာနယ်နိယာမကို ကျွမ်းကျင်သွားပြီး အဋ္ဌမအလွှာတစ်ယောက်အနေဖြင့် အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်ကို ဖြတ်ကျော်နိုင်ခြင်းက မဖြစ်နိုင်ခြင်းမဟုတ်ပေ။

သို့သော် မြင်ကွင်းက သူ၏ ရှေ့တွင် ဖြစ်ပျက်လာသောအခါ ကျောက်ရုပ်တုရှန်းကျိက အံ့အားသင့်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

" သူ့ရဲ့အသက်ရှူနှုန်းက နောက်ဆုံးမှာ အကြီးအကျယ်မြင့်တက်သွားခဲ့တယ်။ သူက ပေါက်ကွဲနိုင်တဲ့ လျို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုခဲ့တာပဲ။ " ကျောက်ရုပ်တုရှန်းကျိက စဉ်းစားနေသည်။

စိန်ခေါ်မှုအတွင်း ပြင်ပစွမ်းအားများအား အသုံးပြုခြင်းကို နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က တားမြစ်ထားသည်ကို သူသိလေသည်။ သို့သော် စွမ်းအားပေါက်ကွဲမှုကို ဖြစ်ပေါ်စေသော နည်းစနစ်များက မိမိကိုယ်ပိုင်စွမ်းအားမှ ထုတ်ယူခြင်းဖြစ်ပြီး ပြင်ပစွမ်းအားအဖြစ် သတ်မှတ်၍ မရပေ။

ထို့ကြောင့် လင်းယွမ်၏ အနက်ရောင်မျှော်စင်ဒုတိယအထပ်ကို ဖြတ်ကျော်နိုင်ခြင်းက စည်မျဉ်းများအတွင်း ရှိနေသည်။

All Chapters