← Chapters

ထျန်းယုမျိုးနွယ်၏ ခန့်မှန်းချက်....

Vol. 28 Ch. 425

ထျန်းယုမျိုးနွယ်၏ ခန့်မှန်းချက်....

Vol. 28 Ch. 425

" နဂါးငွေ့တန်းကြယ်သခင်ရှိနေရင်တောင် ငါတို့ဂရုမစိုက်ဘဲနေလို့မရဘူး။ " ပိုင်ယွင်ကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူများကို သတိပေးလိုက်သည်။

နဂါးငွေ့တန်းကြယ်သခင်က သူတို့၏ ဝှက်ဖဲ သူတို့၏ လက်နက်ဖြစ်သည်။ သို့သော် အရုအားလုံးကို နဂါးငွေ့တန်းကြယ်သခင်ကိုသာ အားကိုး၍ မရပေ။

စစ်ပွဲစလျှင် လူသားမျိုးနွယ်က ထျန်းယုမျိုးနွယ်၏ အရင်ဆုံး ဖိနှိပ်ခြင်းကို ခံရလျှင် နဂါးငွေ့တန်းကြယ်သခင်က မည်မျှအင်အားကြီးသည်ဖြစ်စေ အသုံးမဝင်ပေ။ သူတစ်ယောက်နှင့် စစ်မြေပြင်ရှိ အဋ္ဌမအလွှာ အားလုံးကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

အဋ္ဌမအလွှာ တားဆီးမရသူများကို သတိပေးပြီးနောက် ပိုင်ယွမ်ကြယ်သခင်က တွေးလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင်က အခု ဘယ်မှာပါလိမ့်။ "

အမှန်တွင် သူက နဂါးငွေ့တန်းကြယ်သခင်နှင့် ပက်သက်၍ အနည်းငယ်သာ သိလေသည်။ လွန်ခဲ့သော နှစ်နှစ်က သူ့ထံသို့ စာတစ်စောင်ပို့ခဲ့သည်။ သူရောက်နေပြီဖြစ်ပြီး အရေးကြီးသော အခိုက်အတန့်တွင် ဝင်ရောက်လာမည်ဖြစ်ကြောင်း ပြောထားခဲ့သည်။ ကျန်တာ ဘာမှမပြောပေ။

စစ်မြေပြင်၏ အခြားတစ်ဖက်တွင် ထျန်းယုမျိုးနွယ်မှ အဋ္ဌမအလွှာ တားဆီးမရသူများက ဟင်းလင်းပြင်တွင် ရပ်နေကြသည်။

သူတို့ကို ဦးဆောင်သူမှာ ကျောတွင် တောင်ပံခြောက်စုံရှိသော အကြီးအကဲဖြစ်ပြီး သူ၏ အကြည့်က အေးစက်၍ သူ၏ အော်ရာက ကြောက်မက်ဖွယ်ကောင်းနေသည်။

ထျန်းယုမျိုးနွယ်အတွင်း အဆင့်အတန်းများကတော့ ရှင်းလေသည်။ လူတစ်ယောက်၏ အနာဂတ် အလားအလာနှင့် အော်မြင်မှုများကို မွေးကတည်းက သတ်မှတ်ထားသည်။

ထျန်းယုမျိုးနွယ်တွင် တောင်ပံတစ်စုံရှိသူများက သာမန်အရည်အချင်းရှိပြီး သူတို့၏ ဘဝတွင် အမြင့်ဆုံး ပထမအလွှာနှင့် ဒုတိယအလွှာတို့သာ ရောက်နိုင်ကြသည်။ တောင်ပံနှစ်စုံရှိလျှင် သူတို့က အနာဂတ်တွင် တတိယအလွှာကို ရောက်နိုင်လေသည်။ တောင်ပံသုံးစုံရှိလျှင် ပဉ္စမအလွှာအောက် နိမ့်ကျမည်မဟုတ်ဘဲ တောင်ပံလေးစုံဆိုလျှင် သတ္တမအလွှာသို့ ရောက်ရန် မျှော်လင့်နိုင်လေသည်။

ထျန်းယုမျိုးနွယ်ဝင်များ၏ ကျောဘက်ရှိ တောင်ပံများက ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး အထူးသက်ရှိအချို့နှင့် ဆင်တူလေသည်။ ထို့ကြောင့်ပင် ထျန်းယုမျိုးနွယ်က ကြယ်စကြာဝဠာ၏ အထွတ်အထိပ်မျိုးနွယ်များထဲတွင် ပါဝင်နေခြင်းဖြစ်သည်။

သို့သော် သူတို့က အင်းဆက်မျိုးနွယ်ထက် နိမ့်ကျလေသည်။ အင်းဆက်မျိုးနွယ်၏ အရေအတွက်မှာ အမှန်တွင် အတော်လေးနည်းပြီး အများအားဖြင့် အစုလိုက်အပြုံလိုက် ထုတ်လုပ်ထားသော အင်းဆက်စစ်သည်များသာ ဖြစ်သည်။

အင်းဆက်မျိုးနွယ်အသိုက်က စစ်လက်နက်တစ်ခုဖြစ်သည်။ အရင်းအမြစ်များ လုံလောက်ခဲ့လျှ် သူတို့က သူတို့၏ အဆင့်တွင် အမှန်တကယ် တားဆီးမရသူများဖြစ်ကြသည်။

" ခေါင်းဆောင် လူသားမျိုးနွယ်ဘက်က အဋ္ဌမအလွှာ တားဆီးမရသူအရေအတွက် တိုးလာတာမရှိပါဘူး။ " တောင်ပံငါးစုံနှင့် ထျန်းယုမျိုးနွယ်ဝင်တစ်ယောက်က ပြောလိုက်သည်။

" အိုး...." တောင်ပံခြောက်စုံရှိသော အကြီးအကဲက မျက်ခုံးများပင့်သွား၏။ " လူသားမျိုးနွယ်က စစ်ကူတွေကို ဖုံးကွယ်ထားတဲ့ပုံပဲ။ "

ထျန်းယုမျိုးနွယ်က လူသားမျိုးနွယ်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ပြီး လူသားမျိုးနွယ်က ပြင်ဆင်မှုမရှိဘဲ နေမည်မဟုတ်သည်ကို သိထားလေသည်။ လူသားမျိုးနွယ်က အနိုင်ရရန် မျှော်လင့်ချက်မရှိလျှင် နောက်ထပ် ဆုံးရှုံးမှုများမရှိအောင် ဆန္ဒအလျောက် ဆုတ်ခွာသွားကြမည်မှာ သေချာလေသည်။

နောက်ဆုံးတွင် လူသားမျိုးနွယ်၏ အခြေအနေနှင့် အလတ်စားစစ်မြေပြင်တစ်ခု၏ ရလဒ်က အလွန်အလေးနက်ထားမည်မဟုတ်ပေ။

အကယ်၍ လူသားများက ယခုကဲ့သို့ တက်ကြွစွာ တိုက်ခိုက်လာသည်ကို ကြည့်ခြင်းဖြင့် သူတို့တွင် ဝှက်ဖဲတစ်ခု ရှိနေပေလိမ့်မည်။ ထိုဝှက်ဖဲက လူသားမျိုးနွယ်ကို သူတို့ မရှုံနိမ့်နိုင်ဟူသော ယုံကြည်မှု ပေးနိုင်သည်အထိ အင်အားကြီးမားပေလိမ့်မည်။

" ကျွန်တော်တို့ရဲ့ ပညာရှင်များအဖွဲ့က ဒီစစ်ပွဲနဲ့ပက်သက်ပြီး ခွဲခြမ်းစိတ်ဖြာမှုအရ ဖြစ်နိုင်ချေ သုံးခုရှိပါတယ်။ " တောင်ပံငါးစုံနှင့် ထျန်းယုမျိုးနွယ်ဝင်က ပြောလိုက်သည်။ " ပထမ လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူတွေက စစ်ပွဲကို ပြောင်းလဲနိုင်တဲ့ နဝမအလွှာ ဒါမမဟုတ် ဒသမအလွှာ လျို့ဝှက်ရတနာတစ်ခုရထားတာဖြစ်နိုင်ပါတယ်။ "

" နဝမအလွှာနဲ့ ဒသမအလွှာ လျို့ဝှက်ရတနာလား။ " တောင်ပံခြောက်စုံနှင့် အကြီးအကဲက ခေါင်းခါလိုက်သည်။

ပုံမှန်အားဖြင့် စစ်မြေပြင်သို့ လာသော လူသားမျိုးနွယ်ဖြစ်စေ ထျန်းယုမျိုးနွယ်ဖြစ်စေ အလွန်တန်ဖိုးကြီးသော ရတနာများကို သယ်ဆောင်လာမည်မဟုတ်ပေ။

အဋ္ဌမအလွှာ တားဆီးမရသူများကို အခြားနေရာများတွင် သတ်ရန် ခက်ခဲသော်လည်း စစ်မြေပြင် B0001 ကဲ့သို့ ရှေးဟောင်းစစ်မြေပြင်များတွင် သေဆုံးမှုနှုန်းက မြင့်မားနေဆဲ ဖြစ်သည်။

စစ်မြေပြင်များတွင် ပတ်ဝန်းကျင်က ထူးခြားပြီး အဆင့်တူများစွာရှိသောကြောင့် အဋ္ဌမအလွှာ တားဆီးမရသူများပင် အလွယ်တကူ အသက်ဆုံးရှုံးနိုင်လေသည်။

ကိုယ်ပွားတစ်ခု သေဆုံးသွားလျှင် အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး ကိုယ်ပွားက တန်ဖိုးရှိသော ရတနာများကို သယ်ဆောင်ခဲ့လျှင် ဆိုးရွားသော ကပ်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။

နဝမအလွှာ၊ ဒသမအလွှာ လျို့ဝှက်ရတနာများက အလွန်တန်ဖိုးကြီးပြီး ၎င်းက အဋ္ဌမအလွှာ တားဆီးမရသူများ၏ တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်သော်လည်း ထိုရတနာ၏ ပိုင်ရှင်သေဆုံးသွားလျှင် ရတနာက ရန်သူလက်ထဲ ရောက်သွားပေလိမ့်မည်။

ထို့ကြောင့် မလိုအပ်လျှင် လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူများနှင့် ထျန်းယုမျိုးနွယ်မှ အင်အားကြီးသူများက ထိုသို့သော ရတနာများကို အသုံးပြုမည်မဟုတ်ပေ။

သို့သော် လက်ရှိစစ်ပွဲတွင် လူသားမျိုးနွယ်က အားနည်းချက်ရှိသောကြောင့် ထျန်းယုမျိုးနွယ်မှ ပညာရှင်အဖွဲ့၏ ခွဲခြမ်းစိတ်ဖြာမှုအရ ၎င်းက ဖြစ်နိုင်လေသည်။

" လူသားမျိုးနွယ်က အဆင့်မြင့် လျို့ဝှက်ရတနာတွေကို အသုံးပြုနိုင်ရင် ထျန်းယုမျိုးနွယ်က ဘာလို့ မသုံးနိုင်ရမှာလဲ။ " တောင်ပံခြောက်စုံနှင့် အကြီးအကဲက ပြောလိုက်သည်။

" ဒုတိယက လူသားမျိုးနွယ်ဘက်မှာ အဋ္ဌမအလွှာ တားဆီးမရသူအဖွဲ့တစ်ဖွဲ့ကို ဖိတ်ထားပေမယ့် သူတို့က ပုန်းအောင်းနေကြတယ်။ " တောင်ပံငါးစုံနှင့် ထျန်းယုမျိုးနွယ်ဝင်က ဆက်ပြောလိုက်သည်။

" အဲ့ဒါက အဓိပ္ပါယ်မရှိဘူး။ " တောင်ပံခြောက်စုံရှိသော အကြီးအကဲက တည်ငြိမ်စွာ ပြောလိုက်သည်။

" တတိယကတော့..." တောင်ပံငါးစုံနှင့် ထျန်းယုမျိုးနွယ်ဝင်က ခဏရပ်ပြီး ဆက်ပြောလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင်ကို ဖိတ်ကြားထားပြီး သူက စစ်မြေပြင်ကို ရောက်နေနိုင်ပါတယ်။ "

၎င်းကို ကြားသောအခါ တောင်ပံခြောက်စုံရှိသော အကြီးအကဲ၏ အမူအရာက လေးနက်သွားသည်။ သူလည်း နဂါးငွေ့တန်းကြယ်သခင်၏ ဂုဏ်သတင်းကို ကြားဖူးလေသည်။

ထိုလူက ပြင်ပစွမ်းအားများမပါဘဲ အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို လက်ဗလာနှင့် သတ်ဖြတ်ပြီး အဋ္ဌမအလွှာ တားဆီးမရသူများ၏ ဒဏ္ဍာရီကို ချိုးဖျက်ခဲ့သူ ဖြစ်သည်။

ထိုအဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်က အဆင့်မြင့် မျိုးနွယ်မှ လာခြင်းမဟုတ်သော်လည်း အဋ္ဌမအလွှာ တားဆီးမရသူဖြစ်နေဆဲပင် ဖြစ်သည်။

ရိုးသားစွာ ပြောရလျှင် သူ၏ ခွန်အားနှင့် တောင်ပံခြောက်စုံရှိသော အကြီးအကဲက အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို ဖိနှိပ်နိုင်သော်လည်း သတ်ဖြတ်ရန်အတွက် အဆင့်မြင့်ရတနာတစ်ခုကို လိုအပ်ပေလိမ့်မည်။

" နဂါးငွေ့တန်းကြယ်သခင်က... တကယ်ပြဿနာ တစ်ခုပဲ။ " တောင်ပံခြောက်စုံရှိသော အကြီးအကဲက စဉ်းစားနေသည်။ " ဒါပေမယ့် အခြေအနေတစ်ခုလုံးကိုတော့ မသက်ရောက်နိုင်ပါဘူး။ အများဆုံး ငါတို့မျိုးနွယ်က အဋ္ဌမအလွှာ တားဆီးမရသူအချို့ကို ထိန်းချုပ်ထားရုံပဲ။ "

နဂါးငွေ့တန်းကြယ်သခင်က သူ၏ ခွန်အားကို တစ်ခါမှထုတ်မပြဘဲ သူတို့ကို ရုတ်တရက် တိုက်ခိုက်ခဲ့လျှင် ထျန်းယုမျိုးနွယ်က အဋ္ဌမအလွှာ တားဆီးမရသူအချို့ သေဆုံးသွားမည်ကို စဉ်းစားရပေလိမ့်မည်။

သို့သော် ယခုအခါ နဂါးငွေ့တန်းကြယ်သခင်က အဋ္ဌမအလွှာ တားဆီမရသူများအား သတ်နိုင်သည်ကို ကြိုသိထားပြီး သူ့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ အဆိုးဆုံးအနေဖြင့် သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ရိုက်မရင်ဆိုင်ဘဲ တားဆီးထားရုံသာ ဖြစ်သည်။ လူသားမျိုးနွယ် ကျရှုံးသွားသည်နှင့် နဂါးငွေ့တန်းကြယ်သခင်က အခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။

မီတာသုံးသောင်းရှည်သော ထာဝရလေဟာနယ်အက်ကြောင်း၏ အောက်တွင် ထိုက်ယန်မူလစိတ်ဝိညာဉ်က မျက်လုံးများ ဖွင့်လိုက်သညိ။

" နှစ်နှစ်အတွင်း ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ငါးမျှင်၊ ဒီတစ်ခါတော့ တကယ်မှန်ကန်တဲ့ ရွေးချယ်မှုပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။

စစ်မြေပြင် B0001 မှ ထာဝရလေဟာနယ်အက်ကြောင်းက ရက်ပေါင်း ၁၅၀အတွင်း တစ်မျှင် စုဆောင်းနိုင်သည့်အထိ မြှင့်တင်ပေးခဲ့သည်။

" ဟမ်..." လင်းယွမ်က အဝေးသို့ ကြည့်လိုက်သည်။

ထိုက်ယင်စွမ်းအားများစုစည်းလာပြီး ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်ပင် ဖြစ်၏။

ထာဝရလေဟာနယ်အက်ကြောင်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို စုဆောင်းရာတွင် အခြားအလတ်စားစစ်မြေပြင်များထက် ပိုမိုမြင့်မားသည်ကို အတည်ပြုပြီးနောက် လင်းယွမ်က ထိုက်ယင်မူလစိတ်ဝိညာဉ်ကို ထိုက်ယန်မူလစိတ်ဝိညာဉ်ဆီသို့ စေလွှတ်ခဲ့သည်။

" လုံးဝ သေချာဖို့အတွက် မူလစိတ်ဝိညာဉ်နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး ထိုက်ကျိမူလစိတ်ဝိညာဉ်ကို ဖန်တီးတာ ပိုမှန်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ထျန်းယုမျိုးနွယ်မှ အင်အားကြီးသူများကို တိုက်ခိုက်ရန် ပိုင်ယွင်ကြယ်သခင်နှင့် သဘောတူထားသောကြောင့် သူက သဘာဝအတိုင်း သတိထားရပေလိမ့်မည်။

ထိုက်ယင်နှင့် ထိုက်ယန်တို့ကို ပေါင်းစည်းထားသော ထိုက်ကျိမူလစိတ်ဝိညာဉ်က သူ၏ မူလခန္ဓာကိုယ်လောက် အင်အားကြီးမားခြင်းမရှိသော်လည်း နဝမအလွှာများကို ယှဉ်နိုင်ဆဲ ဖြစ်သည်။

လေဟာနယ်နိယာမကို အပြည့်အဝ ကျွမ်းကျင်သွားပြီးနောက် လင်းယွမ်၏ ခွန်အားက သိသိသာသာတိုးတက်လာပြီး ၎င်းက မူလစိတ်ဝိညာဉ်အပေါ်လည်း သက်ရောက်မှုရှိခဲ့သည်။ လေဟာနယ်နိယာမနှင့် စကြာဝဠာစွမ်းအားများစွာတို့က အခြားအဋ္ဌမအလွှာ တားဆီးမရသူများကို အလွယ်တကူ ရင်ဆိုင်နိုင်လေသည်။

All Chapters