← Chapters

စစ်ပွဲစတင်ခြင်း....

Vol. 28 Ch. 426

စစ်ပွဲစတင်ခြင်း....

Vol. 28 Ch. 426

" ဒီနှစ်နှစ်အတွင်းမှာ ငါက နိယာမပေါင်းစည်းခြင်း၊ လေဟာနယ်နိယာမ၊ ထိုက်ကျိစွမ်းအားနဲ့ အခြားစကြာဝဠာစွမ်းအားတွေကို အာရုံစိုက်ခဲ့တယ်။ နိယာမတွေကို ပေါင်းစည်းပြီးသွားရင် စွမ်းအားအသစ်တွေကို အသုံးချနိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ပထမအနေဖြင့် နိယာမများကို ပေါင်းစည်းနေခြင်းမှ ဖြစ်ပေါ်လာသော စွမ်းအားက မပေါင်းစည်းရသေးသည်ထက် သာလွန်လေသည်။ ဒုတိယမှာ စကြာဝဠာစွမ်းအားများနှင့် လေဟာနယ်နိယာမတို့ ပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာသော စွမ်းအားအသစ်က လင်းယွမ်အတွက် စကြာဝဠာစွမ်းအားများစွာကို နားလည်ထားခြင်းအား ဖုံးကွယ်ပေးနိုင်လေသည်။

" စစ်ပွဲက မစသေးဘူးလား။ " လင်းယွမ်က စစ်မြေပြင်၏ အလယ်သို့ ကြည့်လိုက်သည်။

" လှုပ်ရှားဖို့ အချိန်ကျခါနီးပြီ။ " လင်းယွမ်က ထရပ်လိုက်သည်။ မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် နေရာပြောင်းရွှေ့ခြင်းက ခက်ခဲသောကြောင့် သူက တတ်နိုင်သမျှ စောစော သွားခြင်းက ပိုကောင်းလေသည်။

ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများ စုဆောင်ခြင်းနှင့်ပက်သက်၍ ထျန်းယုမျိုးနွယ်ကိုသာ အနိုင်ရလျှင် လင်းယွမ်က ထိုနေရာတွင် စုဆောင်ရန် အချိန်များစွာ ရရှိပေလိမ့်မည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က ထိုင်နေပြီး သူ၏ ရှေ့တွင် ကြည်လင်သော အစိတ်အပိုင်းတစ်ခု လွင့်မျောနေသည်။

အဋ္ဌမအလွှာ သို့မဟုတ် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်သာ ထိုနေရာတွင်ရှိလျှင် ထိုအစိတ်အပိုင်းအတွင်း အမျိုးမျိုးသော နိယာမများက မှေးမှိန်စွာ စီးဆင်းနေသည်ကို မြင်နိုင်လေသည်။ နိယာမအမျိုးမျိုး၏ စွမ်းအားများက လင်းလက်သွားပြီး တဖန်ပြန်ခွဲမထွက်သွားမီ အပြည့်အဝ ပေါင်းစည်းသွားကြသည်။

" အဲ့ဒီဖရိုဖရဲသလင်းကျောက်က တကယ် အံ့ဩစရာကောင်းတယ်။ နိယာမအမျိုးမျိုးကို ဘယ်လိုလုပ် ဒီလောက်ထိ ပြည့်စုံအောင် ပေါင်းစည်းနိုင်ရတာလဲ။ " လင်းယွမ်က စိတ်ဝင်စားမှုများ ပြည့်နှက်နေသည်။

ဖရိုဖရဲသလင်းကျောက်က ထိုအစိတ်အပိုင်း၏ နာမည်ပင် ဖြစ်သည်။ လင်းယွမ်က အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်ကို ဖြတ်ကျော်ပြီးနောက် ကျောက်ရုပ်တုရှန်းကျိက ဆုလာဘ်များထဲမှ ဂရုတစိုက် ရွေးချယ်ပေးခဲ့သော ရတနာတစ်ခုလည်း ဖြစ်သည်။

ထိုဖရိုဖရဲသလင်းကျောက်က လွန်ခဲ့သော နှစ်များတွင် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ဆန်းကြယ်သော နေရာတစ်ခုကို ဖြတ်သန်းသွားရင်း မတော်တဆ တွေ့ခဲ့ခြင်းဖြစ်သည်။

ထိုနေရာက အမြဲတမ်း ဖရိုဖရဲ အခြေအနေတွင် ရှိနေပြီး မရေတွက်နိုင်သော နိယာမများက အဆက်မပြတ် ပေါင်းစည်းခြင်းနှင့် ခွဲထွက်ခြင်းများ ဖြစ်ပေါ်နေသည်။

ဖရိုဖရဲသလင်းကျောက်က ထိုဆန်းကြယ်သော နေရာကို ပုံတူကူးထားခြင်းဖြစ်သည်။ သစ်သား၊ မီး၊ မြေကြီး၊ သတ္တု၊ ရေ၊ အလင်း၊ မိုးကြိုး၊ အအေး၊ အသက်၊ လေဟာနယ်၊ အချိန် စသည်ဖြင့် နိယာမအမျိုးမျိုးက တစ်ခါတစ်ရံပေါင်းစည်းသွားပြီး တစ်ခါတစ်ရံ ပြန်ခွဲထွက်သွားသည်။

ဒုတိယအထပ်နှင့် တတိယအထပ်မှ ဆုလာဘ်များကို အချိန်ကြာ စောင့်ကြည့်ပြီးနောက် လင်းယွမ်က ကျောက်ရုပ်တုရှန်းကျိ၏ အကြံပြုချက်အရ ထိုဖရိုဖရဲသလင်းကျောက်ကို ရွေးချယ်ခဲ့သည်။

လင်းယွမ်က ထိုဖရိုဖရဲသလင်းကျောက်ကို လေ့လာခြင်းဖြင့် ထိုက်ကျိစွမ်းအားနှင့် စကြာဝဠာစွမ်းအားအမျိုးမျိုးကို လေဟာနယ်နိယာမနှင့် ပေါင်းစည်းရာတွင် အလွန်အထောက်အကူဖြစ်စေခဲ့သည်။

သာမန် အဋ္ဌမအလွှာနှင့် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက ဖရိုဖရဲသလင်းကျောက်မှ အသိအမြင်များရရှိရန် အလွန်ခက်ခဲပေလိမ့်မည်။ သို့သော် လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး သူ၏ နားလည်မှုက စိတ်ကူသည်ထက် ကျော်လွန်လေသည်။

နှစ်နှစ်အတွင်း လင်းယွမ်၏ နိယာမပေါင်းစည်းခြင်းက ဆယ်ပုံတစ်ပုံမှ တစ်ဝက်အထိ ပြီးမြောက်သွားခဲ့သည်။ အားလုံးက ထိုဖရိုဖရဲသလင်းကျောက်ကြောင့် ဖြစ်သည်။

စိတ်ဝိညာဉ်ကမ္ဘာတွင် လင်းယွမ်က ပေါင်းစည်မှု၏ ကနဦး ဆယ်ပုံတစ်ပုံကို ပြီးမြောက်ရန် နှစ်ပေါင်းရာချီ အချိန်ယူခဲ့ရလေသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော သလင်းကျောက်ကို လေ့လာပြီး နိယာမများပေါင်းစည်းခြင်းအပေါ် အသိအမြင်များ ပိုမိုနက်ရှိုင်းလာပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော သလင်းကျောက်ကို လေ့လာပြီး နိယာမများပေါင်းစည်းခြင်းအပေါ် အသိအမြင်များ ပိုမိုနက်ရှိုင်းလာပါပြီ။ ]

လင်းယွမ်က ဖရိုဖရဲသလင်းကျောက်ကို လေ့လာခြင်းတွင် နစ်မြုပ်နေခဲ့သည်။ ထိုဖရိုဖရဲသလင်းကျောက်ကို ရွေးချယ်ခြင်းက သူ၏ ကိုယ်ပိုင်နိယာမများပေါင်းစည်းမှုအတွက် လမ်းညွှန်တစ်ခုဖြစ်ခြင်းအပြင် အနာဂတ်တွင် နဝမအလွှာ သို့မဟုတ် ဒသမအလွှာသို့ ဝင်ရောက်ခဲ့လျှင်တောင် ထိုဖရိုဖရဲသလင်းကျောက်က သက်ရောက်မှုရှိဦးမည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။

ဖရိုဖရဲသလင်းကျောက်၏ နိယာမများစွာကို ပေါင်းစည်းခြင်းက လေဟာနယ်နိယာမနှင့် သာမန်နိယာမများကို ပေါင်းစည်းခြင်းထက် ကျော်လွန်နေပြီး အသက်နိယာမနှင့် အချိန်နိယာမတို့ပင် ပါဝင်နေသည်။

အချိန်နိယာမက ဒသမအဆင့်နှင့် အထက်အဆင့်များသာ နားလည်နိုင်သော အဓိကနိယာမတစ်ခုဖြစ်သည်။ အချိန်နိယာမကို ကျွမ်းကျင်သွားလျှင် ကြီးမြတ်သူအဆင့်သို့ မရောက်လျှင်တောင် အဆုံးမဲ့သက်တမ်းကို ရရှိနိုင်လေသည်။

" အံ့ဩစရာပဲ။ ဒါက လေဟာနယ်နိယာမကို ပေါင်းစည်းပြီး ဖြစ်ပေါ်လာတဲ့ စွမ်းအားပဲ။ " လင်းယွမ်က ညာလက်ကို မြှောက်လိုက်ပြီး လေဟာနယ်စွမ်းအားမျှင်များက ထိုက်ကျိစွမ်းအားများနှင့် ရစ်ပတ်သွားပြီး နောက်ဆုံးတွင် ပေါင်းစည်းသွားသည်။

သို့သော် ပေါင်းစည်းမှုတစ်ဝက်သို့ ရောက်သောအခါ ၎င်းက ရုတ်တရက် ပြိုကွဲသွားပြီး လေဟာနယ်စွမ်းအားနှင့် ထိုင်ကျိစွမ်းအားအဖြစ် ပြန်လည်ဖြစ်ပေါ်လာသည်။

သို့သော် လင်းယွမ်က စိတ်ပျက်မသွားပေ။ ထိုခဏတာပေါင်းစည်းမှုက သူ၏ လမ်းကြောင်းကို ပို၍ ရှင်းလင်းသွားစေခဲ့သည်။

" အခြားစကြာဝဠာစွမ်းအားတွေလည်း ရှိသေးတယ်။ " လင်းယွမ်က ၎င်းတို့ကို တစ်ခုပြီးတစ်ခု စမ်းသပ်ကြည့်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားသည်။

" ဟင် " လင်းယွမ်က တစ်နေရာသို့ ကြည့်လိုက်သည်။

" ထျန်းယုမျိုးနွယ်က စစ်ပွဲ စလိုက်ပြီလား။ " လင်းယွမ်က ရေရွတ်လိုက်သည်။

ယခုအချိန်တွင် သူ၏ ထိုက်ကျိမူလစိတ်ဝိညာဉ်က စစ်မြေပြင်၏ အလယ်သို့ ရောက်လုနီးပါးဖြစ်နေပြီး အဋ္ဌမအလွှာ တားဆီးမရသူများ၏ တိုက်ခိုက်မှုများကို ခံစားမိနေသည်။

" ငါ ထျန်းယုမျိုးနွယ်ကို တားဆီးနိုင်ရင် ကောင်းမှုအမှတ် ဆယ်သန်းလောက် ရနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ခိုက်နေသော အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ပင် ထိုမျှများပြားသော ကောင်းမှုအမှတ်များကို စုဆောင်နိုင်ရန် အလွန်ခက်ခဲလေသည်။

လင်းယွမ်ကဲ့သို့ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်အတွက် သိုင်းတာအိုနဝမအလွှာကို တင်ပြခြင်းဖြင့်သာ ထိုကဲ့သို့ များပြားသော ကောင်းမှုအမှတ်များကို ရရှိနိုင်လေသည်။ အခြားနည်းလမ်းများအတွက်မူ လုပ်ဆောင်နိုင်စွမ်းက နိမ့်ကျပြီး လိုအပ်သော အချိန်က နှစ်သန်းပေါင်းများစွာ ကြာနိုင်လေသည်။

ထို့အပြင် ထျန်းယုမျိုးနွယ်မှ အင်အားကြီးသူများနှင့် တိုက်ခိုက်နေချိန်တွင် သူက ပြိုင်ဘက်အဋ္ဌမအလွှာ တားဆီးမရသူများကို သတ်နိုင်သမျှ စစ်ပွဲမှရရှိသော ဆုလာဘ်အားလုံးက သဘာဝအတိုင်း လင်းယွမ်၏ ပိုင်ဆိုင်မှု ဖြစ်ပေလိမ့်မည်။

မကြာသေးမီက နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်သတ်ခဲ့သော အဋ္ဌမအလွှာ တားဆီးမရသူ နှစ်ယောက်ထံမှ စကြာဝဠာသလင်းကျောက် ငါးသိန်းနီပါးရှိသော စစ်ပွဲဆုလာဘ်များကို ရရှိခဲ့သည်။ အမှန်တွင် ထိုမျိုးနွယ်ခြားနှစ်ယောက်က သေမည်ဟု မမျှော်လင့်ထားသောကြောင့် သူတို့နှင့်အတူ ရတနာများစွာ ယူဆောင်လာခဲ့သောကြောင့် လင်းယွမ်က အကျိုးအမြတ်များ ပိုမိုရရှိခဲ့သည်။

သို့သော် စစ်မြေပြင်ရှိ အဋ္ဌမအလွှာ တားဆီးမရသူအရေအတွက်က နှစ်ယောက်ထက် ပိုများလေသည်။ အရည်အသွေးမလုံလောက်လျှင် အရေအတွက်နှင့် ဖြည့်ပေးပေလိမ့်မည်။

စစ်မြေပြင်၏ အလယ်တွင် ပိုင်ယွင်ကြယ်သခင်နှင့် ထျန်းယုမျိုးနွယ်မှ တောင်ပံခြောက်စုံရှိသော အကြီးအကဲတို့က မျက်နှာချင်းဆိုင် ရပ်နေကြသည်။ သူတို့က ကွဲပြားသော စကြာဝဠာစွမ်းအားနှစ်ခုဖြင့် အဆက်မပြတ် ရင်ဆိုင်တိုက်ခိုက်နေကြသည်။

" ပိုင်ယွင် မင်းက အရင်လိုပဲ။ မင်းရဲ့ လှုပ်ရှားမှုတွေက လုံးဝမပြောင်းလဲသေးဘူး။ မင်းနဲ့ တိုက်ရတာ တကယ်ပျင်းဖို့ကောင်းတယ်။ " တောင်ပံခြောက်စုံရှိသော အကြီးအကဲက လှောင်ပြောင်လိုက်သည်။

" ဟုတ်လား...." ပိုင်ယွင်ကြယ်သခင်၏ အမူအရာက မပြောင်းလဲပေ။ စကြာဝဠာစွမ်းအားကို ထိန်းချုပ်မှုအရ သူက တောင်ပံခြောက်စုံရှိသော အကြီးအကဲထက် နိမ့်ကျလေသည်။

ပိုင်ယွင်ကြယ်သခင်က အထူးစကြာဝဠာစွမ်းအားကို ပိုင်ဆိုင်ပြီး တောင်ပံခြောက်စုံရှိသော အကြီးအကဲကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

" ပိုင်းဖြတ်စမ်း " တောင်ပံခြောက်စုံရှိသော အကြီးအကဲက ညာလက်ကို မြှောက်ပြီး ပိုင်ယွင်ကြယ်သခင်ကို ခုတ်ပိုင်းလိုက်သည်။

ကြောက်စရာကောင်းသော စကြာဝဠာစွမ်းအားက စုစည်းလာပြီး အလွန်ထက်ရှသော နတ်လက်နက်တစ်ခုကဲ့သို့ ပိုင်ယွင်ကြယ်သခင်ကို ပိုင်းဖြတ်ချလိုက်သည်။

တောင်ပံခြောက်စုံရှိသော အကြီးအကဲ၏ စကြာဝဠာစွမ်းအားက ဟင်လင်းပြင်က ကြွေမွသွားပြီး လေဟာနယ်မုန်တိုင်းများ ဆင်းသက်လာသည်။ အဆုံးမဲ့လေဟာနယ်က ဓားများအဖြစ် ပြောင်းလဲသွားပြီး အရာအားလုံး ဖျက်ဆီးပစ်နေသည်။

" မင်းလည်းမပြောင်းလဲသေးပါဘူး။ အရင်လှုပ်ရှားမှုတချို့ပါပဲ။ " ပိုင်ယွင်ကြယ်သလင်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ ပတ်ပတ်လည် မိုင်သန်းတစ်ရာအတွင်း ရုတ်တရက် အဖြူရောင်တိမ်တိုက်များ စုဝေးလာသည်။

တိမ်တိုက်များက တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားပြီး တောင်ပံခြောက်စုံရှိသော အကြီးအကဲ၏ ပိုင်းဖြတ်မှုမှ စကြာဝဠာစွမ်းအားများနှင့် ရင်ဆိုင်မိသွားသည်။

အသက်ရှူကြိမ်အနည်းငယ်အတွင်း စကြာဝဠာစွမ်းအားနှစ်ခု၏ ကြီးမားသော အစိတ်အပိုင်းတစ်ခု ပျောက်ကွယ်သွားပြီး ကျန်ရှိသော အပိုင်းများက ဟင်းလင်းပြင်ထဲသို့ ပျံ့နှံ့သွားသည်။

" ပိုင်ယွင်ကြယ်သခင်က တားလိုက်နိုင်ပြီ။ "

" အနည်းဆုံးတော့ သူဒဏ်ရာမရသွားဘူး။ "

အောက်တွင်ရှိသော အဋ္ဌမအလွှာ တားဆီးမရသူ ဆင့်ကဲပြောင်းလဲသူများက သက်ပြင်းချလိုက်ကြသည်။ ပိုင်ယွင်ကြယ်သခင်က သူတို့ထဲတွင် အင်အားအကြီးဆုံးဖြစ်သည်။ နဂါးငွေ့တန်းကြယ်သခင်က စောင့်ကြည့်နေသော်လည်း သူတို့က ဘာမှမလုပ်ဘဲ နဂါးငွေ့တန်းကြယ်သခင် ကယ်တင်မည့်အချိန်ကို စောင့်နေ၍မရပေ။

All Chapters