← Chapters

နဂါးငွေ့တန်းကြယ်သခင် ထွက်ပေါ်လာခြင်း....

Vol. 28 Ch. 427

နဂါးငွေ့တန်းကြယ်သခင် ထွက်ပေါ်လာခြင်း....

Vol. 28 Ch. 427

" ဟားဟားဟား ဒီလိုဆိုမှတော့ မင်းကို ငါ့ရဲ့ နည်းစနစ်အသစ် ပြရသေးတာပေါ့။ " တောင်ပံခြောက်စုံရှိသော အကြီးအကဲက ရယ်လိုက်သည်။ " ဒီလှုပ်ရှားမှုကို ငါတို့မျိုးနွယ်ရဲ့ သွေးမျိုးဆက်အတွင်းကနေ မကြာသေးခင်ကမှ နားလည်ခဲ့တာပဲ။ မင်းခံစားကြည့်လိုက်ပါဦး။ "

တောင်ပံခြောက်စုံရှိသော အကြီးအကဲက သူ၏ ကျောက်ဘက်ရှိ တောင်ပံများကို ဖြည်းညင်းစွာ ဖြန့်လိုက်သည်။ တောင်ပံများက စောင်းကြိုးများ တီးခတ်နေသကဲ့သို့ အရပ်မျက်နှာအားလုံးရှိ လေဟာနယ်ကို လှိုင်းထန်သွားစေသည်။

" ဟင်..." ပိုင်ယွင်ကြယ်သခင်က မျက်ခုံးများ ပင့်သွား၏။ လှိုင်းထန်နေသော လေဟာနယ်က သူ၏ ခန္ဓာကိုယ်ပတ်လည်မှ စကြာဝဠာစွမ်းအားကို တိုက်ခိုက်လာသည်။

အဖြူရောင်တိမ်တိုက်များနှင့်တူသော စကြာဝဠာစွမ်းအားက ထိုလေဟာနယ်လှိုင်းအောက်တွင် ဖြည်းဖြည်းချင်း ပျက်ဆီးသွားပြီး သူ၏ ခန္ဓာကိုယ်ဆီသို့ လျင်မြန်စွာ ပျံ့နှံ့လာသည်။

"ဒါ ဘယ်လိုနည်းစနစ်မျိုးလဲ။ " ပိုင်ယွင်ကြယ်သခင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက စကြာဝဠာစွမ်းအားကို စုစည်းပြီး သူ၏ ခန္ဓာကိုယ်မှ မိုင်အနည်းငယ်အကွာသို့ ရောက်လာသော လေဟာနယ်လှိုင်းကို တားဆီးလိုက်သည်။

" ပြဿနာပဲ။ " ပိုင်ယွင်ကြယ်သခင်က မသက်မသာ ခံစားလိုက်ရသည်။

တောင်ပံခြောက်စုံရှိသော အကြီးအကဲမှ ထုတ်ဖော်လိုက်သော လေဟာနယ်လှိုင်းအောက်တွင် သူက မိုင်အနည်းငယ်အတွင်း အကျဉ်းချခြင်း ခံလိုက်ရသည်။ သူက တိုက်ခိုက်မှုများကို တားဆီးထားနိုင်သော်လည်း ပြင်ပသို့ ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိတော့ပေ။

တောင်ပံခြောက်စုံရှိသော အကြီးအကဲက သူ့ကို ချုပ်နှောင်ထားသောကြောင့် လူသား အဋ္ဌမအလွှာ တားဆိထးမရသော ဆင့်ကဲပြောင်းလဲသူများအား ကိုင်တွယ်ရန် အချိန်ရသွားခဲ့သည်။

" အခုချိန်ထိ ဘာလျို့ဝှက်ရတနာမှ မသုံးသေးဘူး။ ဒါဆို မင်းရဲ့ ဝှက်ဖဲက ပြင်ပစွမ်းအားမဟုတ်ဘဲ အကူအညီခေါ်ထားတာဖြစ်မယ်ထင်တယ်။ ဟုတ်တယ်မဟုတ်လား။ " တောင်ပံခြောက်စုံရှိသော အကြီးအကဲက ပိုင်ယွင်ကြယ်သခင်ကို အထက်မှကြည့်ပြီး ပြောလိုက်သည်။

" မင်းရဲ့ စစ်ကူတွေကို မြန်မြန်ခေါ်လိုက်စမ်းပါ။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်။ " တောင်ပံခြောက်စုံရှိသော အကြီးအကဲက သူ၏ ဘယ်လက်ကို မြှောက်ပြီး အခြား လူသားအဋ္ဌမအလွှာ တားဆီးမရသူများဆီသို့ ဖိချလိုက်သည်။

ဝုန်း....

လေဟာနယ်လှိုင်းများက မိုင်သန်းပေါင်းများစွာအထိ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထိုအချိန်တွင် လေဟာနယ်က လှောင်အိမ်တစ်ခုကဲ့သို့ ဖြစ်သွားသည်။ လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူများ၊ အဋ္ဌမအလွှာ တားဆီးမရသူများပင် သူတို့၏ အမြန်နှုန်းက သိသိသာသာ လျော့ကျသွားသည်ကို တွေ့လိုက်ရသည်။

" တိုက်ကြ..." တောင်ပံခြောက်စုံရှိသော အကြီးအကဲ၏ စကားဆုံးသည်နှင့် ထျန်းယုမျိုးနွယ်မှ အဋ္ဌမအလွှာ တားဆီးမရသူဆယ်ယောက်ကျော်က လျင်မြန်စွာ ပြေးထွက်သွားကြသည်။

စကြာဝဠာစွမ်းအားအမျိုးမျိုးက ပြင်းထန်စွာ ပေါက်ကွဲလာပြီး လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများထံသို့ ဦးတည်သွားသည်။

" မကောင်းတော့ဘူး။ " တောင်ပံခြောက်စုံရှိသော အကြီးအကဲ၏ ချုပ်နှောင်ခြင်းခံထားရသော ပိုင်ယွင်ကြယ်သခင်၏ အမူအရာက ပြောင်းလဲသွားသည်။

တောင်ပံခြောက်စုံရှိသော အကြီးအကဲက စစ်မြေပြင်ရှိ လူသားအဋ္ဌမအလွှာ တားဆီးမရသူအားလုံး၏ အမြန်နှုန်းက ဖိနှိပ်ပြီး ထျန်းယုမျိုးနွယ်ဝင်များကို တိုက်ခိုက်စေခဲ့သည်။

ထျန်ယုမျိုးနွယ်၏ အဋ္ဌမအလွှာ တားဆီးမရသူအရေအတွက်က လူသားဆင့်ကဲပြောင်းလဲသူများထက် ပိုများပြီး တောင်ပံခြောက်စုံရှိသော အကြီးအကဲက ဘေးမှကြည့်နေပြီး အချိန်မရွေး လှုပ်ရှားနိုင်လေသည်။

" နဂါးငွေ့တန်းကြယ်သခင် နဂါးငွေ့တန်းကြယ်သခင် ကျေးဇူးပြုပြီး လှုပ်ရှားပါတော့။ "

ယခုအချိန်တွင် ပိုင်ယွင်ကြယ်သခင်က သူ၏ မျှော်လင့်ချက်အားလုံးကို လင်းယွမ်အပေါ်တွင်သာ ထားရှိနိုင်တော့သည်။

" စစ်ကူတွေ မရောက်သေးဘူးလား။ " တောင်ပံခြောက်စုံရှိသော အကြီးအကဲက စစ်မြေပြင်ကို သေချာစောင့်ကြည့်နေပြီး လူသားမျိုးနွယ်၏ အဋ္ဌမအလွှာ တားဆီးမရသူများ ထွက်လာမည်ကို သတိထားနေခဲ့သည်။

ဝှစ်...

အော်ရာတစ်ခု ဆင်းသက်လာပြီး စစ်မြေပြင်၏ အထက်တွင် စုစည်းသွားသည်။ ထိုနေရာတွင် အဖြူအနက် ယင်ယန် ထိုက်ကျိစွမ်းအားများ စုစည်းသွားပြီး လင်းယွမ်က ပေါ်လာသည်။ သူ၏ အကြည့်များက နက်ရှိုင်းနေပြီး ထိုနေရာတွင် ရပ်နေရုံဖြင့် လေဟာနယ်ကို သက်ရောက်စေသည်။

" ဟင်..." တောင်ပံခြောက်စုံရှိသော အကြီးအကဲက ထူးခြားမှုကို ခံစားမိပြီး လေးနက်သော အမူအရာနှင့် လင်းယွမ်ကို မော့ကြည့်လိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင်.... "

" နဂါးငွေ့တန်းကြယ်သခင် နောက်ဆုံးတော့ ထွက်ပေါ်လာပြီ။ " ပိုင်ယွင်ကြယ်သခင်က နောက်ဆုံးတွင် စိတ်သက်သာရာရသွား၏။

" နဂါးငွေ့တန်းကြယ်သခင် ရောက်လာပြီလား။ "

" ငါတို့က အသုံးမကျဘူး။ ထျန်းယုမျိုးနွယ်က ဝှက်ဖဲတောင် မထုတ်ရသေးဘူး နဂါးငွေ့တန်းကြယ်သခင်က ထွက်လာရပြီ။ "

အဋ္ဌမအလွှာ တားဆီးမရသူများက စိတ်လှုပ်ရှားခြင်းများဖြင့် ပြည့်နှက်နေကြသည်။ နဂါးငွေ့တန်းကြယ်သခင်က အင်အားကြီးမားလှသည်။ အသက်တစ်ရာမပြည့်မီ အဋ္ဌမအလွှာသို့ ရောက်ခဲ့သည့်အပြင် အဆင့်မြင့်စကြာဝဠာစွမ်းအား သုံးမျိုးကို နားလည်ထားပြီး အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကိုလည်း သတ်ဖြတ်နိုင်ခဲ့သည်။

လူသားမျိုးနွယ်၏ သမိုင်းတွင် လင်းယွမ်ကဲ့သို့ အင်အားကြီးမားသူ တစ်ယောက်မှ မပေါ်ထွက်ခဲ့ဖူးပေ။ ကြီးမြတ်သူတစ်ယောက်၏ မျိုးဆက်များသာ အဋ္ဌမအလွှာတွင် အခြားအဋ္ဌမအလွှာ တားဆီးမရသူများကို သတ်နိုင်ပေလိမ့်မည်။ သို့သော် ၎င်းက ကြီးမြတ်သူက ပေးထားသော ရတနာ၏ အကူအညီဖြင့်သာ ဖြစ်နိုင်ပေလိမ့်မည်။

သို့သော် နဂါးငွေ့တန်းကြယ်သခင်ကရော။ သူတွင် အဋ္ဌမအလွှာ တားဆီမရသူဖြစ်သော ချီခွန်ကြယ်သခင်သာ ရှိလေသည်။

ချီခွန်ကြယ်သခင်၏ တပည့်က အခြားသတ္တမအလွှာနှင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက် အရေးပါသော်လည်း အခြားအဋ္ဌမအလွှာ တားဆီးမရသူများအတွက် ၎င်းက သာမန်သာဖြစ်သည်။ နဂါးငွေ့တန်းကြယ်သခင်က သူ၏ နေရာသို့ သူ့ဘာသာသူနီးပါး ရောက်လာခြင်းဖြစ်သည်။

" နဂါးငွေ့တန်းကြယ်သခင်လား။ " တောင်ပံခြောက်စုံရှိသော အကြီးအကဲက အတွေးနက်နေသည်။ ထျန်းယုမျိုးနွယ်၏ ပညာရှင်များအဖွဲ့က နဂါးငွေ့တန်းကြယ်သခင်၏ ထွတ်ပေါ်လာနိုင်ချေကိုလည်း ဖော်ပြထားခဲ့သည်။

သို့သော် ထိုကဲ့သို့ ဒဏ္ဍာရီဆန်သော အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ တောင်ပံခြောက်စုံရှိသော အကြီးအကဲက ကြီးမားသော ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။

သူက နဂါးငွေ့တန်းကြယ်သခင်ဖြစ်၏။ သူက အဋ္ဌအလွှာ တားဆီးမရသူများ၏ ဒဏ္ဍာရီကို ချိုးဖျက်ခဲ့ပြီး အဋ္ဌမအလွှာတွင် အမြင့်ဆုံးအဆင့်ကို မြှင့်တင်နိုင်ခဲ့သည်။

နဂါးငွေ့တန်းကြယ်သခင်အပေါ် ပညာရှင်အဖွဲ့၏ အကဲဖြတ်မှုအရ နဝမအလွှာသို့ ဝင်ရောက်နိုင်သည့် အခွင့်အရေး ကိုးဆယ်ရာခိုင်နှုန်းကျော်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ နဂါးငွေ့တန်းကြယ်သခင်က နဝမအလွှာသို့ ရောက်လိမ့်မည်ဟု ပြောခြင်းနှင့် အတူတူပင် ဖြစ်သည်။

" ငါ နဂါးငွေ့တန်းကြယ်သခင်ရဲ့ တည်နေရာကို ဘာလို့သတ်မှတ်လို့မရတာလဲ။ သူက အဲ့ဒီမှာ ရပ်နေပေမယ့် အဆုံးမဲ့ လေဟာနယ်အလွှာတွေရဲ့ အနက်ရှိုင်းဆုံးမှာ ရှိနေသလိုပဲ။ မြင်နိုင်ပေမယ့် ထိတွေ့လို့မရဘူး။ "

တောင်ပံခြောက်စုံရှိသော အကြီးအကဲက တုန်လှုပ်သွားသည်။ သူက လင်းယွမ်ကို စိုက်ကြည့်နေသော်လည်း လင်းယွမ်က ရေပေါ်တွင် ရောင်ပြန်ဟပ်နေသော လတစ်စင်းကဲ့သို့ ဖြစ်နေသည်။

ဝုန်း...

လင်းယွမ်ပေါ်လာသည်နှင့် တပြိုင်နက် ကျယ်ပြန့်သော လေဟာနယ်လှိုင်းများက အရပ်မျက်နှာအားလုံးကို ဖုံးလွှမ်းသွားသည်။

ထိုလေဟာနယ်လှုပ်ရှားမှုအောက်တွင် တောင်ပံခြောက်စုံရှိသော အကြီးအကဲ၏ လေဟာနယ်လှိုင်းများက ပြိုကျသွားပြီး အမြန်နှုန်း၌ ဖိနှိပ်ခံထားရသော လူသားအဋ္ဌမအလွှာ တားဆီးမရသူများက ဖိနှိပ်မှုမှ လွတ်မြောက်လာကြသည်။

ပိုင်ယွင်ကြယ်သခင်ကလည်း အချုပ်အနှောင်မှ လွတ်မြောက်သွားပြီး လူသား အဋ္ဌမအလွှာ တားဆီးမရသူများဘက်သို့ ပြန်ရောက်သွားသည်။

နဂါးငွေ့တန်းကြယ်သခင်ရောက်လာသည်နှင့် စစ်မြေပြင်ရှိ လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများအပေါ် အမိန့်ပေးပိုင်ခွင့်က ပိုင်ယွင်ကြယ်သခင်ထံမှ နဂါးငွေ့တန်းကြယ်သခင်ဆီသို့ ရောက်သွားခဲ့သည်။

" ငါ့ရဲ့ နည်းစနစ်ကို ဒီလို လွယ်လွယ်လေးနဲ့ ချိုးဖျက်လိုက်တာလား။ " တောင်ပံခြောက်စုံရှိသော အကြီးအကဲ၏ အမူအရာက လေးနက်နေသည်။

သူ၏ လေဟာနယ်လှိုင်းနည်းစနစ်က သူ၏ သွေးမျိုးဆက်အတွင်းမှ နားလည်ခဲ့ခြင်းဖြစ်ပြီး သူ၏ စကြာဝဠာစွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ ကြောက်စရာကောင်းအောင် အင်အားကြီးမားသွားသည်။

အဋ္ဌမအလွှာ တားဆီးမရသူ ပိုင်ယွင်ကြယ်သခင်ကို ဖိနှိပ်နိုင်ခဲ့သော်လည်း နဂါးငွေ့တန်းကြယ်သခင်၏ ရှေ့တွင်မူ ပါးလွှာသော စက္ကူကဲ့သို့ ပျက်စီးလွယ်နေသည်။

" နဂါးငွေ့တန်းကြယ်သခင်..." တောင်ပံခြောက်စုံရှိသော အကြီးအကဲက နောက်မဆုတ်ပေ။ သူက နဂါးငွေ့တန်းကြယ်သခင်ကို မယှဉ်နိုင်လျှင်တောင် သူ့ကို အလွယ်တကူ သတ်နိုင်မည်မဟုတ်ဟု ယုံကြည်လေသည်။

နဂါးငွေ့တန်းကြယ်သခင်၏ လက်ချက်ဖြင့် သေဆုံးခဲ့သော ထိုအဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်နှင့် ယှဉ်လျှင် အထွတ်အထိပ်မျိုးနွယ်မှ တောင်ပံခြောက်စုံရှိသော အကြီးအကဲက အသက်ကယ်နည်းလမ်းများစွာကို ပိုင်ဆိုင်ထားပြီး သူနားလည်ထားသည့် စကြာဝဠာစွမ်းအားကလည်း အဆင့်မြင့်ဖြစ်လေသည်။

လင်းယွမ်က တောင်ပံခြောက်စုံရှိသော အကြီးအကဲကို ကြည့်ပြီး ပြုံးလိုက်သည်။ " ငါ မလှုပ်ရှားရတာ တော်တော်လေးကြာပြီ။ မင်းသယ်လာတဲ့ ရတနာတွေက တန်ဖိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် မင်းကို သတ်ရတာ ပျင်းစရာကောင်းနေလိမ့်မယ်။ "

၎င်းကို ကြားသောအခါ တောင်ပံခြောက်စုံရှိသော အကြီးအကဲ၏ မျက်နှာက မဲမှောင်သွားသည်။ " နဂါးငွေ့တန်းကြယ်သခင် မင်းက ငါ့ကိုသတ်နိုင်မယ်လို့ ဒီလောက်တောင် သေချာနေတာလား။ "

နှစ်ယောက်လုံးက အဋ္ဌမအလွှာ တားဆီးမရသူများဖြစ်ကြသည်။ နဂါးငွေ့တန်းကြယ်သခင်က အဆင့်မြင့်စွမ်းအား သုံးမျိုးကို ကျွမ်းကျင်ထားသော်လည်း သူလည်း အဆင့်မြင့် စကြာဝဠာစွမ်းအားတစ်မျိုးကို ကျွမ်းကျင်ထားလေသည်။ သူ၏ သွေးမျိုးဆက်ကို နက်နက်ရှိုင်းရှိုင်း လေ့လာပြီးနောက် သတ်ဖြတ်ခြင်းလှုပ်ရှားမှုများကို နားလည်ထားခဲ့သည်။

နဂါးငွေ့တန်းကြယ်သခင်က သူ့ကို သာမန်အဋ္ဌမအလွှာ တားဆီးမရသူအဖြစ် တကယ်ပဲ သတ်မှတ်နေတာလား။

All Chapters