← Chapters

သတ်ဖြတ်မှုစတင်ခြင်း....

Vol. 28 Ch. 430

သတ်ဖြတ်မှုစတင်ခြင်း....

Vol. 28 Ch. 430

" နဂါးငွေ့တန်းကြယ်သခင်..." ထျန်းယုမျိုးနွယ်မှ နဝမအလွှာ ကျွမ်းကျင်သူက နဂါးငွေ့တန်းကြယ်သခင်ကို တဖန်ကြည့်လိုက်သည်။

စစ်ပွဲစတင်ချိန်တွင် ထျန်းယုမျိုးနွယ်၏ ပညာရှင်အဖွဲ့က ထိုစစ်ပွဲကို အနိုင်ရရှိရန် ရှစ်ဆယ်ရာခိုင်နှုန်း အခွင့်အရေးရှိသည်ဟု ခန့်မှန်းခဲ့သညိ။ သို့သော် ယခု ဆုတ်ခွာခြင်းက ရှုံးနိမ့်ခြင်းပင်ဖြစ်သည်။

တစ်ခုတည်းသော အပြောင်းအလဲမှာ နဂါးငွေ့တန်းကြယ်သခင်က စစ်ပွဲတွင် ပါဝင်လာခြင်းဖြစ်သည်။

" အားလုံး ဆုတ်ကြ။ " ထျန်းယုမျိုးနွယ်၏ နဝမအလွှာ ကျွမ်းကျင်သူက အမိန့်များကို ချက်ချင်း ပေးပို့လိုက်သည်။

အလတ်စားစစ်မြေပြင်တွင် နဝမအလွှာများက ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။ သို့သော် ထိုတားမြစ်ချက်က ကိုယ်ပိုင်ဝင်ရောက်စွက်ဖက်ခြင်းကို ဆိုလိုလေသည်။ ဆုတ်ခွာရန် အမိန့်ပေးခြင်းက စည်းမျဉ်းများအတွင်း ရှိလေသည်။

" သူတို့ နဝမအလွှာ ရတနာ နောက်တစ်ခု ယူလာရင် နဂါးငွေ့တန်းကြယ်သခင်ကို တားဆီးထားနိုင်လောက်တယ်။ "

" နဂါးငွေ့တန်းကြယ်သခင်က ရုန်းကန်နေရပြီဆိုတာ ငါသတိထားမိတယ်။ "

ထျန်းယုမျိုးနွယ်၏ အဋ္ဌမအလွှာ တားဆီးမရသူများက သူတို့၏ အမြင်များကို ဖလှယ်နေကြသည်။ ထိုအချိန်တွင် အေးစက်သော အသံက သူတို့၏ နားထဲတွင် ပဲ့တငိထပ်လာသည်။

" အားလုံး ဆုတ်ကြ။ " ထိုအမိန့်က ထျန်းယုမျိုးနွယ်ဝင်များ၏ အမူအရာများကို သိသိသာသာ ပြောင်းလဲသွားစေသည်။

သူတို့က ထိုအသံကို မှတ်မိကြလေသည်။ ၎င်းက စစ်ပွဲကို တာဝန်ယူထားသော ထျန်းယုမျိုးနွယ်မှ နဝမအလွှာ အကြီးအကဲပင်ဖြစ်သည်။

" ဆုတ်ရမှာလား။ "

" ငါတို့မျိုးနွယ်က အနိုင်ရဖို့ မျှော်လင့်ချက်မရှိတော့ဘူးလား။ "

ထျန်းယုမျိုးနွယ်၏ အဋ္ဌမအလွှာ တားဆီးမရသူများက စိတ်ရှုပ်သွားကြသော်လဘ်း စစ်မြေပြင်တွင် အမိန့်များကို လိုက်နာရမည်ဖြစ်ပြီး အထူးသဖြင့် မျိုးနွယ်မှ နဝမအလွှာတစ်ယောက်၏ အမိန့်ဖြစ်သည်။

ချက်ချင်းပင် အဋ္ဌမအလွှာ တားဆီးမရသူများက တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြသည်။

အထက်တွင် လင်းယွမ်က ခဏစောင့်ဆိုင်းနေသော်လည်း နဝမအလွှာ ရတနာတစ်ခုကို ကိုင်ဆောင်ထားသော ထျန်းယုမျိုးနွယ်ဝင်တစ်ယောက်က ပေါ်မလာခဲ့ပေ။ ထို့နောက် သူက ထျန်းယုမျိုးနွယ်၏ အဋ္ဌမအလွှာ တားဆီးမရသူများ ဆုတ်ခွာသွားကြသည်ကို သတိပြုမိသွားသည်။

" ဟင် သူတို့သတိထားမိသွားတာလား။ " လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ထျန်းယုမျိုးနွယ်မှ နဝမအလွှာ ရတနာတစ်ခုကို ကိုင်ဆောင်ထားသော ပါရမီရှင်တစ်ယောက်ကို ဒုတိယအကြိမ် စေလွှတ်လိုက်ကတည်းက လင်းယွမ်က ထိုအကြံကို ရရှိခဲ့ခြင်းဖြစ်သည်။ သူ၏ ခွန်အားကို တမင်ဖိနှိပ်ထားပြီး ထျန်းယုမျိုးနွယ်က သူ့အား တားဆီးထားနိုင်ကြောင့် ယုံကြည်မှုရှိစေရန် ဖြစ်သည်။

ခဏတာ လှည့်စားနိုင်သည်နှင့် စကြာဝဠာသလင်းကျောက် သိန်းချီ တန်ဖိုးရှိသော နဝမအလွှာ ရတနာများကို ရရှိမည်ဖြစ်သည်။ သို့သော် ထျန်းယုမျိုးနွယ်က သတိထားမိသွားပြီး သူတို့၏ လူများကို ဆုတ်ခွာရန် အမိန့်ပေးခဲ့လေသည်။

" ဒီလိုဆိုမှတော့..." လင်းယွမ်က ထွက်ပြေးနေကြသော ထျန်းယုမျိုးနွယ်မှ အဋ္ဌမအလွှာ တားဆီးမရသူများကို ကြည့်လိုက်သည်။

" ငါ့ရဲ့ သတ်ဖြတ်ခြင်းကို စတင်ရတော့မှာပေါ့။ "

လင်းယွမ်က နဝမအလွှာ ရတနာများကို ကိုင်ဆောင်ထားသော ထျန်းယုမျိုးနွယ်၏ အရည်အချင်းအရှိဆုံး ပါရမီရှင်များကို သတ်ရန် နာရီဝက်နီးပါး အချိန်ယူခဲ့ခြင်းမှာ သူ၏ ခွန်အားကို အပြည့်အဝ ထိန်းချုပ်ထားခြင်းကြောင့်ဖြစ်သည်။

ထိုအချိန်တွင် သူက သူ၏ ပြိုင်ဘက်များအား အချိန်မတိုင်မီ ရှူံးနိမ့်သွားမည်ကို စိုးရိမ်သောကြောင့် အလွန်သတိထားနေခဲ့သည်။ သို့သော် လူသားမျိုးနွယ်၏ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက ထိတ်လန့်နေခဲ့သညိ။

" နဂါးငွေ့တန်းကြယ်သခင်က နမဝအလွှာ ရတနာတစ်ခုကို ကိုင်ဆောင်ထားတဲ့ အဋ္ဌမအလွှာ တားဆီးမရသူ နောက်တစ်ယောက်ကို သတ်လိုက်တာလား။ "

" ပြီးတော့ အဲ့ဒါက ထျန်းယုမျိုးနွယ်ရဲ့ အင်အားအကြီးဆုံး အဋ္ဌမအလွှာ ဆယ်ယောက်ထဲက တစ်ယောက်လား။ "

အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။ ထျန်းယုမျိုးနွယ်မှ စေလွှတ်လိုက်သူများက အဋ္ဌမအလွှာ တားဆီးမရသူများထဲမှ အသန်မာဆုံးများဖြစ်ကြပြီး သူတို့က နဝမအလွှာ ရတနာများကိုပင် ကိုင်ဆောင်ထားကြသည်။

သို့သော် နဂါးငွေ့တန်းကြယ်သခင်က သူတို့ကို တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်ခဲ့သညိ။

" တကယ် နဂါးငွေ့တန်းကြယ်သခင်ဖြစ်ထိုက်ပါတယ်။ " ပိုင်ယွင်ကြယ်သခင်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။

လင်းယွမ်က လူသားမျိုးနွယ်ဘက်မှ ဆင့်ကဲပြောင်းလဲသူများကို စိတ်အားတက်ကြွသွားစေခဲ့သည်။ ထိုအခြေအနေအောက်တွင် ပိုင်ယွင်ကြယ်သခင်က စစ်ပွဲကို ရှုံးနိမ့်မည်မဟုတ်ကြောင်း ယုံကြည်လေသည်။

" အခု ပြန်လည်တိုက်ခိုက်ကြ။ " ပိုင်ယွင်ကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူ ဆင့်ကဲပြောင်းလဲသူများကို အမိန့်ပေးရန် ပြင်လိုက်ချိန်တွင် မယုံကြည်နိုင်စရာတစ်ခုကို မြင်လိုက်ရသည်။

အဝေးတွင် ထျန်းယုမျိုးနွယ်ဝင်များက တစ်စုံတစ်ခုကြောင့် နောက်သို့ အပြင်းအထန် ဆုတ်ခွာသွားကြသည်။

" ဘာလဲဟ။ " ပိုင်ယွင်ကြယ်သခင်က အနည်းငယ် ကြောင်သွားသည်။

ထျန်းယုမျိုးနွယ်၏ ဆုတ်ခွာခြင်းကို သူနားလည်လေသည်။ ဆိုလိုသည်မှာ သူတို့က စစ်မြေပြင်ကို စွန့်လွှတ်ပြီး စစ်ပွဲကို အရှုံးပေးလိုက်ခြင်းဖြစ်သည်။

နဂါးငွေ့တန်းကြယ်သခင်က အလွန်အင်အားကြီးမားသော်လည်း အရမ်းတော့မဟုတ်ပေ။ သူက ထျန်းယုမျိုးနွယ်မှ အဋ္ဌမအလွှာ တားဆီးမရသူများကို ကိုင်တွယ်ရန် နာရီဝက်ပင် ကုန်ဆုံးခဲ့လေသည်။

သူတို့က ဘာလို့တိုက်ရိုက်ဆုတ်ခွာသွားကြတာလဲ။

ပိုင်ယွင်ကြယ်သခင်နှင့် လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများကလည်း နားမလည်နိုင်ကြပေ။

သို့သော် ထိုအချိန်တွင် စစ်မြေပြင်၏ အထက်၌ ရပ်နေသော လင်းယွမ်က ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။

လေဟာနယ်အလွှာများ၏ အနက်ရှိုင်းဆုံးတွင် ရှိနေသော ထျန်းယုမျိုးနွယ် နဝမအလွှာ ကျွမ်းကျင်သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

" မကောင်းတော့ဘူး။ " သူက လှုပ်ရှားချင်သော်လည်း နောက်ဆုံးတွင် သူ့ကိုသူ ထိန်းချုပ်လိုက်သည်။

ဝုန်း....

ထိုအချိန်တွင် လင်းယွမ်က ထွက်ပြေးနေသော ထျန်းယုမျိုးနွယ်၏ အဋ္ဌမအလွှာ တားဆီးမရသူများ၏ အထက်တွင် ပေါ်လာသည်။

" သေစမ်း " လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ လေဟာနယ်နိယာမကို စကြာဝဠာစွမ်းအားများနှင့် ပေါင်းစည်းထားသော စွမ်းအားက ချက်ချင်း ထွက်ပေါ်လာသည်။

ထိုစွမ်းအားက အပြည့်အဝ ပေါင်းစည်းထားခြင်းမဟုတ်ဘဲ တစ်ဝက်တစ်ပျက်သာ ရှိလေသည်။ သို့သော် အားစိုက်မှုအချို့ဖြင့် ၎င်းကို အသုံးပြုနိုင်လေသည်။

ဝုန်း....

ပေါင်းစည်းထားသော စွမ်းအားက အရပ်မျက်နှာအားလုံးသို့ တိုက်ခတ်သွားပြီး ထျန်းယုမျိုးနွယ်မှ အဋ္ဌမအလွှာ တားဆီးမရသူများကို အမှုန့်များအဖြစ် ပေါက်ကွဲသွားစေခဲ့သည်။

" မဖြစ်နိုင်ဘူး။ " ရှေ့သို့ ရောက်နေသော ထျန်းယုမျိုးနွယ်ဝင်များ၏ မျက်နှာတွင် ကြောက်လန့်သော အမူအရာများ ပေါ်လာကြသည်။ ထို့နောက် ကြီးမားသော စွမ်းအား၏ တိုက်ခိုက်မှုနှင့်အတူ သူတို့လည်း ပြိုကွဲသွားကြသည်။

အသက်ရှူကြိမ်အနည်းငယ်အတွင်း ထွက်ပြေးနေကြသော ထျန်းယုမျိုးနွယ်၏ အဋ္ဌမအလွှာ တားဆီးမရသူများက အားလုံး သေဆုံးသွားကြသည်။

သူတို့ မူလခန္ဓာကိုယ်များရှိပြီး လုံးဝ သေဆုံးခြင်းမဟုတ်သော်လည်း မူလခန္ဓာကိုယ်၏ ခွန်အားနှင့် နီးစပ်သော ကိုယ်ပွားတစ်ခုဖန်တီးခြင်းက လွယ်ကူသော အရာတစ်ခု မဟုတ်ပေ။

ထို့ကြောင့် အချိန်အတော်ကြာသိအထိ ထျန်းယုမျိုးနွယ်၏ ထိုအဋ္ဌမအလွှာ တားဆီးမရသူများက အခြားစစ်မြေပြင်များကို ထောက်ပံ့နိုင်ဦးမည်မဟုတ်ပေ။

" သိုလှောင်လက်ကောက်တွေ..." လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်သည်နှင့် ထျန်းယုမျိုးနွယ်ဝင်များ၏ သိုလှောင်ရတနာများက သူ၏ လက်ထဲသို့ ကျရောက်သွားသည်။

ထိုအဋ္ဌမအလွှာ တားဆီးမရသူများက သူတို့နှင့်အတူ အလွန်တန်ဖိုးကြီးသော ရတနာများကို ယူဆောင်လာမည်မဟုတ်သော်လည်း သူတို့ကိုယ်ပွားများ၏ ခွန်အားကို လုံလောက်စေရန် အဋ္ဌမအလွှာရတနာများကို အနည်းဆုံး ယူဆောင်လာကြပေလိမ့်မည်။

ထိူရတနာများ၏ တန်ဖိုးက တစ်ခုချင်းအနေဖြင့် များစွာမမြင့်မားသော်လည်း အားလုံးပေါင်းလိုက်သောအခါ စကြာဝဠာသလင်းကျောက်အချို့တော့ ရရှိနိုင်လေသည်။

" အဲ့ဒါက..."

ထျန်းယုမျိုးနွယ်၏ နယ်မြေတွင် အဋ္ဌမအလွှာ တားဆီးမရသူများ၏ မူလခန္ဓာကိုယ်များက မျက်လုံးများ ဖွင့်လိုက်ကြသည်။ ယခု သူတို့၏ ကိုယ်ပွားများ ဆုံးရှုံးသွားပြီး သူတို့၏ မျက်နှာတွင် ထိတ်လန့်သော အမူအရာများ ပေါ်နေကြသည်။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

" အဲ့ဒီနဂါးငွေ့တန်းကြယ်သခင် သူက အရမ်းကြောက်စရာကောင်းတယ်။ "

" နဝမအလွှာ သူက နဝမအလွှာဖြစ်ရမယ်။ လူသားမျိုးနွယ်က နဝမအလွှာ ဆင့်ကဲပြောင်းလဲသူကို လွှတ်ပြီး စည်းမျဉ်းတွေ ချုးဖောက်ခဲ့တယ်။ "

" နဝမအလွှာမဖြစ်နိုင်ဘူး။ မဟုတ်ရင် ငါတို့နဝမအလွှာလည်း လှုပ်ရှားနေပြီပေါ့။ ဒါပေမယ့် နဂါးငွေ့တန်းကြယ်သခင်က နဝမအလွှာမဟုတ်ရင်တောင် အဋ္ဌမအလွှာကို ကျော်လွန်နေပြီ။ မဟုတ်ရင် ငါတို့ကို ဒီလိုမျိုး အဆုံးသတ်နိုင်မှာမဟုတ်ဘူး။ "

ထျန်းယုမျိုးနွယ်၏ အဋ္ဌမအလွှာ တားဆီးမရသူများက စိတ်နှလုံးများ တုန်ယင်နေကြသည်။

နဝမအလွှာ အစောပိုင်းအဆင့်တွင် ရှိသော လူတစ်ယောက်က လေဟာနယ်နိယာမကို အပြည့်အဝ နားမလည်ထားလျှင် အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို သတ်ရန် ခက်ခဲလေသည်။

သို့သော် နဂါးငွေ့တန်းကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူအဖွဲ့တစ်ဖွဲ့ကို အလွယ်တကူ သတ်ဖြတ်ခြင်းက သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သာမန်နဝမအလွှာများထက် ကျော်လွန်နေပြီဖြစ်သည်။

" အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က သူ့ရဲ့ ခွန်အားကို တစ်ချိန်လုံး ဖုံးကွယ်ထားတာပဲ။ "

" အခုမှ ငါတို့နဝမအလွှာက ဘာလို့ ဆုတ်ခွာဖို့ အမိန့်ပေးခဲ့လဲဆိုတာ ငါနားလည်သွားပြီ။ "

ထျန်းယုမျိုးနွယ်၏ အဋ္ဌမအလွှာတားဆီးမရသူများက ထတ်လန့်စွာ ပြောနေကြပြီး လင်းယွမ်ကိုပင် အနည်းငယ် လေးစားနေကြသည်။ အဋ္ဌမအလွှာ ခန္ဓာကိုယ်နှင့် သူက နဝမအလွှာ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်ခဲ့လေသည်။

နဂါးငွေ့တန်းကြယ်သခင်က ၎င်းကို မည်သို့လုပ်ခဲ့သည်ကို မသိသော်လည်း ဆင့်ကဲပြောင်းလဲခြင်းရှုထောင့်မှကြည့်လျှင် လင်းယွမ်က သူတို့ထက် သာလွန်သည်မှာ ပြောစရာပင်မလိုပေ။

All Chapters