← Chapters

စစ်ပွဲ၏ အဆုံးသတ်....

Vol. 28 Ch. 431

စစ်ပွဲ၏ အဆုံးသတ်....

Vol. 28 Ch. 431

လူသားမျိုးနွယ်ဘက်မှ ဆင့်ကဲပြောင်းလဲသူများစွာက လင်းယွမ်၏ ခြေဖဝါးအောက်တွင် ထျန်းယုမျိုးနွယ်ဝင်များ သေဆုံးသွားကြသည်ကို ကြည့်ရှုနေကြသည်။

သူတို့ရှေ့မှ မြင်ကွင်းက အလွန်စိတ်လှုပ်ရှားစရာကောင်းနေသည်။ လင်းယွမ်က နဝမအလွှာ ရတနာများအား ကိုင်ဆောင်ထားသော ထျန်းယုမျိုးနွယ်၏ ပါရမီရှင်များကို သတ်ရန် နာရီဝက် အချိန်ယူခဲ့ရသည်။

နဂါးငွေ့တန်းကြယ်သခင်က အဋ္ဌမအလွှာများကို ကြက်သတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်ခဲ့သည်။ မဟုတ်ပါ ၎င်းက ကြက်သတ်ခြင်းထက်ပင် ပို၍ လွယ်ကူနေသည်။ ကြက်များက မသေမီ အနည်းငယ် ရုန်းကန်ကြသေးသည်။ သို့သော် အဋ္ဌမအလွှာ ထျန်းယုမျိုးနွယ်ဝင်များက မသေမီ ရုန်းကန်နိုင်စွမ်းပင် မရှိခဲ့ကြပေ။

လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများက နဂါးငွေ့တန်း ကြယ်သခင်၏ ဦးဆောင်မှုအောက်တွင် ထျန်းယုမျိုးနွယ်ကို အနိုင်ရရှိမည်ဟု ထင်ခဲ့ကြသည်။ သို့သော် ၎င်းက ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ရမည်ဖြစ်ပြီး လူသားဆင့်ကဲပြောင်းလဲသူအချို့ပင် သေဆုံးနိုင်လေသည်။

သို့သော် ယခုတော့ နဂါးငွေ့တန်းကြယ်သခင်က အားလုံးကို ဖြေရှင်းပေးခဲ့သည်။ အရင်ဆုံးလှုပ်ရှားခဲ့သော ပိုင်ယွင်ကြယ်သခင်မှလွဲ၍ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက ပွဲကြည့်ပရိတ်သတ်များကဲ့သို့ ဖြစ်နေကြသည်။

" နဂါးငွေ့တန်းကြယ်သခင်..."

အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက စိတ်အားထက်သန်နေကြသည်။ သူတို့က နဝမအလွှာများနှင့် တိုက်ခိုက်နိုင်လောက်အောင် အင်အားကြီးမားသော အဋ္ဌမအလွှာတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးကြပေ။ ၎င်းက လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူများအတွက် ရှားပါးသောအရာဖြစ်သည်။

လူသားမျိုးနွယ်က ကြီးမားသော လူဦးရေရှိပြီး ပျမ်းမျှအားဖြင့် ပါရမီနှင့် ပက်သက်လျှင် အထွတ်အထိပ်မျိုးနွယ်များကြားတွင် အောက်၌ရှိနေသည်။ သို့သော် တစ်ခါတစ်ရံ ပါရမီရှင်များလည်း ထွက်ပေါ်လာတတ်သည်။

အခြားအထွတ်အထိပ်မျိုးနွယ်များကလည်း ထူးချွန်သော ပါရမီရှင်များကို မွေးထုတ်နိုင်ကြသည်။ ကြယ်ပင်လယ်ခေတ်၏ နှစ်ပေါင်းနှစ်သန်းကျော်အတွင်း လူသားမျိုးနွယ်၏ ပါရမီရှင်များက အခြာယအထွတ်အထိပ်မျိုးနွယ်မှ ပါရမီရှင်များနှင့် ယှဉ်လျှင် အနည်းငယ် ကွာဟနေတတ်သည်။

သို့သော် ယခု နဂါးငွေ့တန်းကြယ်သခင်က အဋ္ဌမအလွှာတွင် ရှိနေသော်လည်း အခြားအထွတ်အထိပ်မျိုးနွယ်မှ အဋ္ဌမအလွှာများထက် များစွာ သာလွန်နေခဲ့သည်။

လေဟာနယ်အလွှာများ၏ အနက်ရှိုင်းဆုံးနေရာတွင် ထျန်းယုမျိုးနွယ်၏ နဝမအလွှာပ လင်းယွမ်ကို စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

နဂါးငွေ့တန်းကြယ်သခင် ပြသခဲ့သော ခွန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သူပင် ထိတ်လန့်ခဲ့ရသည်။ ထိုသို့သော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် အသက်ရှင်နေလျှင် အနာဂတ်တွင် ထျန်းယုမျိုးနွယ်အတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပေလိမ့်မည်။

" ဘိုးဘေး..." ထျန်းယုမျိုးနွယ်၏ နဝမအလွှာက သူ၏ ဘိုးဘေးကို ချက်ချင်း ဆက်သွယ်လိုက်သည်။

ထျန်းယုမျိုးနွယ်က လူသားမျိုးနွယ်၊ အင်းဆက်မျိုးနွယ်တို့နှင့်အတူ စကြာဝဠာ၏ အထွတ်အထိပ်တွင် ရပ်တည်နေပြီး မျိုးနွယ်အများအပြားကို အုပ်ချုပ်နေသော အထွတ်အထိပ်မျိုးနွယ်တစ်ခုဖြစ်သည်။

ထျန်းယုမျိုးနွယ်တွင် ဘိုးဘေးခုနှစ်ယောက်ရှိပြီး အားလုံးက ကြီးမြတ်သူများဖြစ်သကဲ့သို့ ပြင်ပကိစ္စများနှင့် ကင်းကွာနေကြသည်။ သို့သော် ထျန်းယုမျိုးနွယ်၏ နဝမအလွှာက နဂါးငွေ့တန်းကြယ်သခင်နှင့်ပက်သက်၍ ဘိုးဘေးများကို အသိပေးရန် လိုအပ်သည်ဟု ယူဆခဲ့သည်။

မကြာမီ ဘိုးဘေး၏ တုန့်ပြန်မှုက သူ၏ စိတ်ထဲသို့ ရောက်လာသည်။

" လူသားမျိုးနွယ်ရဲ့ ကြီးမြတ်သူတွေကလည်း စောင့်ကြည့်နေကြတယ်။ "

ထျန်းယုမျိုးနွယ်၏ နဝမအလွှာက အနည်းငယ် ကြောင်သွားပြီး နဂါးငွေ့တန်းကြယ်သခင်ကို သူဘာမှလုပ်မရကြောင်း နားလည်သွားသည်။

ဘိုးဘေးများ ဝင်ရောက်စွက်ဖက်လျှင်တောင် လူသားမျိုးနွယ်၏ ကြီးမြတ်သူများက တားဆီးကြမည်ဖြစ်ပြီး နဂါးငွေ့တန်းကြယ်သခင်ကို ဖယ်ရှားနိုင်မည့်အစား စစ်ပွဲကို ပိုမိုပြင်းထန်သွားစေပေလိမ့်မည်။

အခြားတစ်နေရာတွင် လူသားမျိုးနွယ်၏ နဝမအလွှာ ရှီလန်ကလည်း စိုးရိမ်နေခဲ့ပြီး လူသားမျိုးနွယ်၏ ကြီးမြတ်သူကို ကြိုတင်ဆက်သွယ်ထားခဲ့သည်။ လင်းယွမ်က ထျန်းယုမျိုးနွယ်မှ အဋ္ဌမအလွှာ ဆယ်ယောက်ကျော်ကို အသက်ရှူကြိမ်အနည်းငယ်အတွင်း သတ်ပစ်လိုက်ပြီးနောက် သူက အခြေအနေ၏ အရေးကြီးမှုကို နားလည်သွားခဲ့သည်။

နဂါးငွေ့တန်းကြယ်သခင်၏ ပါရမီက မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေခဲ့သည်။ နဝမအလွှာတစ်ယောက်တည်းနှင့် ထျန်းယုမျိုးနွယ်၏ သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ရန် ခက်ခဲလိမ့်မည်ဖြစ်သောကြောင့် သူက ကြီးမြတ်သူတစ်ယောက်ကို ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

ကြီးမြတ်သူ၏ တုန့်ပြန့်မှုမှာ သူတို့က အချိန်တိုင်းစောင့်ကြည့်နေပြီး စိတ်မပူရန် ပြောကြားခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင်ရဲ့ ကြောက်စရာကောင်းတဲ့ပါရမီက ငါတို့ လူသားမျိုးနွယ်က ကြီးမြတ်သူအချို့ရဲ့ အာရုံကို ဖမ်းစားထားပြီးသားဖြစ်ပုံပဲ။ " ရှီလန်က စိတ်ထဲမှ တွေးလိုက်သည်။

သာမန်အခြေအနေများတွင် ကြီးမြတ်သူတစ်ယောက်က စစ်မြေပြင်ကို သတိပြုမိလျှင်တောင် သူတို့၏ စိတ်အသိမှ အရေးမပါသော အစိတ်အပိုင်းတစ်ခုကိုသာ ပို့ဆောင်ပေးလိမ့်မည်ဖြစ်သည်။ သို့သော် ယခု ကြီးမြတ်သူ၏ တုန့်ပြန်မှုက သူတို့လည်း တိုက်ပွဲကို စောင့်ကြည့်နေသည်ဟူ၍ ဖြစ်၏။

ဝှစ်....

လင်းယွမ်က ပျောက်ကွယ်သွားပြီး လူသားဆင့်ကဲပြောင်းလဲသူများ၏ ဘေးတွင် ပေါ်လာသည်။

" စစ်မြေပြင်ရှင်းလင်းဖို့ကတော့ မင်းတို့ကိုပဲ အပ်ထားလိုက်မယ်။ " လင်းယွမ်က ပိုင်ယွင်ကြယ်သခင်ကို ကြည့်ပြီး ပြောလိုက်သည်။ " ငါသွားတော့မယ်။ "

" ကျေးဇူးတင်ပါတယ် နဂါးငွေ့တန်းကြယ်သခင်..." ပိုင်ယွင်ကြယ်သခင်နှင့် အခြာယအဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။ သူတို့ထဲမှ အသက်ငယ်ဆုံးပင် နှစ်တစ်သိန်းရှိသော်လည်း အားလုံးက လင်းယွမ်ကို လေးစားကြလေသည်။

" နဂါးငွေ့တန်းကြယ်သခင် မင်းရဲ့ ခွန်အားက နဝမအလွှာကို ကျော်လွန်သွားပြီလား။ " ပိုင်ယွင်ကြယ်သခင်က မနေနိုင်ဘဲ မေးလိုက်သည်။

" နဝမအလွှာကို ကျော်လွန်တာလား။ " လင်းယွမ်က ပြုံးလိုက်သည်။

ထိုက်ကျိမူလစိတ်ဝိညာဉ်၏ ခွန်အားက သာမန်နဝမအလွှာများထက် ကျော်လွန်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် သူ၏ အကြီးမားဆုံး တိုက်ခိုက်ရေးစွမ်းအားက မူလခန္ဓာကိုယ်တွင်သာ ရှိလေသည်။

" အားလုံးပဲ စစ်ပွဲကို အဆုံးသတ်လိုက်တော့။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။

အဋ္ဌမအလွှာ တားဆီးမရသူဆယ်ယောက်ကျော်ကို ဆုံးရှုံးခဲ့သောကြောင့် ထျန်းယုမျိုးနွယ်က ထိုစစ်မြေပြင်သို့ စစ်ကူများ ဆက်ပို့နိုင်မည်မဟုတ်ပေ။ စစ်ကူများကို လင်းယွမ်သတ်ရန် ထပ်ပို့ရမှာလား။

ထျန်းယုမျိုးနွယ်က အရင်းအမြစ်များ ပေါများလေသည်။ အဋ္ဌမအလွှာ တားဆီးမရသူများစွာကို ဆုံးရှုံးလိုက်ရခြင်းက သိသာသော သက်ရောက်မှုမရှိသော်လည်း သူတို့က လူမိုက်များမဟုတ်ပေ။

လင်းယွမ်ပြသခဲ့သော စွမ်းအားက ကြောက်စရာကောင်းလှသည်။ အဋ္ဌမအလွှာ တားဆီးမရသူများ ထပ်ရောက်လာလျှင်တောင် သေဆုံးရန် ကံကြမ္မာပါလာပြီးသားဖြစ်သည်။ ၎င်းကို စဉ်းစားပြီး စစ်မြေပြင် B0001 ကို လက်လျှော့လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

လင်းယွမ်က နေရာမှာပင် ရပ်နေပြီး ဆ့င်ကဲပြောင်းလဲသူများ စစ်မြေပြင်အား ရှင်းလင်းသည်ကို ကြည့်နေခဲ့သည်။ ထျန်းယုမျိုးနွယ်များ ထပ်မရှိတော့သည်ကို သေချာမှ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။

လင်းယွမ်က စစ်မြေပြင်တွင် ထျန်းယုမျိုးနွယ်၏ အသန်မာဆုံး အဋ္ဌမအလွှာ ခြောက်ယောက်အပါအဝင် အဋ္ဌမအလွှာ တားဆီးမရသူများစွာကို သတ်ဖြတ်ခဲ့သည်။ ထိုသတင်းက အခြားစစ်မြေပြင်များအထိ မုန်တိုင်းသဖွယ် ပျံ့နှံ့သွားခဲ့သည်။

အလတ်စားစစ်မြေပြင်တွင် ရှိနေသော မျိုးနွယ်ခြားများက ကြောက်ရွံ့သွားကြသည်။ အကြောင်းမှာ စစ်မြေပြင် B0001 တွင် ပေါ်လာသော လင်းယွမ်က သူတို့ရှိသော စစ်မြေပြင်များသို့ ရောက်လာနိုင်သောကြောင့် ဖြစ်သည်။

အဋ္ဌမအလွှာ တားဆီးမရသူများစွာကို သတ်ဖြတ်နိုင်သော နဂါးငွေ့တန်းကြယ်သခင်ကို ဘယ်သူက ခုခံနိုင်မှာလဲ။

အထွတ်အထိပ်မျိုးနွယ်များအပေါ် ဖိအားတစ်ခု ကျရောက်လာခဲ့သည်။ ဖိအားများအောက်တွင် မျိုးနွယ်ခြားများ၏ လှုပ်ရှားမှုများက လျော့နည်းသွားခဲ့သည်။ သူတို့က မလိုအပ်ဘဲ ခံတပ်မှ အလွယ်တကူ ထွက်မသွားကြတော့ပေ။

စစ်မြေပြင်အားလုံးရှိ လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများက သူတို့ပေါ်မှ ဖိအားများ လျော့နည်းသွားသည်ကို ခံစားလိုက်ရပြီး အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့သည်။

အထွတ်အထိပ်မျိုးနွယ်များက နဂါးငွေ့တန်းကြယ်သခင်၏ ရောက်ရှိလာမှုကို တားဆီးရန် အဆင့်တစ်ဆယ် ရတနာများကိုပင် ပေးပို့ထားကြသည်။

လူသားမျိုးနွယ်၏ သမိုင်းတွင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အလတ်စားနှင့် အသေးစား စစ်မြေပြင်အားလုံးကို လွှမ်းမိုးပြီး မျိုးနွယ်ခြားများအား ထိတ်လန့်စေခြင်းမျိုး မဖြစ်ခဲ့ဖူးပေ။ ၎င်းက ကြီးမြတ်သူတစ်ယောက်သာ လုပ်ဆောင်နိုင်သော အရာဖြစ်သည်။

ထိုအဖြစ်အပျက်ပြီးနောက် လင်းယွမ်က မီတာသုံးသောင်းရှည်သော ထာဝရလေဟာနယ်အက်ကြောင်းဆီသို့ ပြန်သွားပြီး ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို ဆက်လက်စုဆောင်းနေခဲ့သည်။

" စိတ်မကောင်းစရာပဲ။ စစ်မြေပြင်ကို ဒီလိုရှင်းလင်းတာက တစ်ခါပဲ လုပ်လို့ရတယ်။ ဒုတိယအကြိမ်ဆိုရင် အန္တရာယ်က တိုးလာလိမ့်မယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

ဤတစ်ကြိမ်တွင် သူက စစ်မြေပြင် B0001 သို့ ဝင်ရောက်ပြီး ထျန်းယုမျိုးနွယ်ကို ထိတ်လန့်စေခဲ့သည်။ ထျန်းယုမျိုးနွယ်က လင်းယွမ်၏ စွမ်းအားမှာ ထိုမျှ ကြောက်စရာကောင်းပြီး အဋ္ဌမအလွှာ တားဆီးမရသူများကို အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော် ထိုအဖြစ်အပျက်ပြီးနောက် အခြားစစ်မြေပြင်မှ မျိုးနွယ်ခြားများက သတိထားလာကြပြီး လင်းယွမ်အတွက် ထောင်ချောက်များ ကြိုတင်ပြင်ဆင်ထားမည်မှာ သေချာလေသည်။

အဆင့်တစ်ဆယ် ရတနာများက အဋ္ဌမအလွှာ တားဆီးမရသူ၏ လက်ထဲတွင် ၎င်း၏ စွမ်းအားကို တစ်ရာခိုင်နှုန်းပင် မထုတ်လွှတ်နိုင်ပေ။ သို့သော် ၎င်းတို့က ဒသမအလွှာ အင်အားကြီးသူများ၏ သတ်ဖြတ်ခြင်းလက်နက်များဖြစ်သောကြောင့် လင်းယွမ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိလေသည်။

All Chapters