← Chapters

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ.....

Vol. 28 Ch. 433

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ.....

Vol. 28 Ch. 433

လူသားမျိုးနွယ်တွင် ဆင့်ကဲပြောင်းလဲခြင်းမိသားစုများက မရေတွက်နိုင်အောင် များပြားလှပြီး နေ့စဉ်နှင့်အမျှ တည်ထောင်လိုက် ပျောက်ကွယ်လိုက် ဖြစ်နေသည်။ သို့သော် လူသားဟူသော စကားလုံးကို ပေါင်းထည့်ထားသော ဆင့်ကဲပြောင်းလဲခြင်းမိသားစုများက အလွန်ရှားပါးပြီး မည်သည့်အခါမှ ပျောက်ကွယ်သွားခြင်းမရှိပေ။

လူသားဟူသော စကားလုံးပါသည့် ဆင့်ကဲပြောင်းလဲခြင်းမိသားစုများက လူသားမျိုးနွယ်၏ ကာကွယ်မှုအောက်တွင် ရှိပြီး သစ္စာမဖောက်သရွေ့ လူသားမျိုးနွယ်နှင့် ယှဉ်တွဲရှိနေမည်ဖြစ်သည်။

ဆင့်ကဲပြောင်းလဲခြင်းမိသားစုတိုင်း၏ ရည်ရွယ်ချက်မှာ သူတို့၏ မိသားစုနာမည်တွင် လူသားဟူသော စကားလုံးကို ပေါင်းထည့်နိုင်ရန်ဖြစ်သည်။

" အဆင့်ရှစ်နိုင်ငံသားဖြစ်တာက ဒီလိုအခွင့်အရေးမျိုး ရလိမ့်မယ်လို့ မမျှော်လင့်မိဘူး။ " လင်းယွမ်က စိတ်ထဲမှ အံ့ဩသွားသည်။

အဆင့်ရှစ်နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးနှင့် အကျိုးကျေးဇူးများက အထူးလျို့ဝှက်ချက်များဖြစ်ပြီး ထိုအဆင့်သို့ မရောက်မချင်း သိနိုင်မည်မဟုတ်ပေ။

" လူသားဆင့်ကဲပြောင်းလဲခြင်းမိသားစု..."

လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းမိသားစုတစ်ခုကို တည်ထောင်လျှင် ၎င်းကို လူသားလင်းမိသားစုဟု အမည်ပေးနိုင်မည်ဖြစ်သည်။ လူသားစကားလုံးနှင့် ဆင့်ကဲပြောင်းလဲခြင်းမိသားစုများက နတ်ဘုရားသုံးပါး၏ မျက်နှာသာပေးခြင်းကို ခံရလေသည်။

" အခြားအခွင့်အရေးတွေ..." လင်းယွမ်က ဆက်လက်ဖတ်ရှုလိုက်သည်။

အဆင့်ရှစ်နိုင်ငံသားတစ်ယောက်၏ အကျိုးကျေးဇူးများနှင့် အခွင့်အရေးများက အဆင့်ခုနှစ်နိုင်ငံသားကို အဆင့်မြှင့်ထားခြင်းနှင့် တူလှသည်။ ဥပမာ အဆင့်ရှစ်နိုင်ငံသားများက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများနှင့် ဖွဲ့စည်းထားသော အစောင့်တပ်ဖွဲ့များ ရရှိရန် အခွင့်အရေးရှိလေသည်။

သို့သော် ထိုအချက်က လင်းယွမ်အတွက် မရေးမကြီးပေ။ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အစောင့်တပ်ဖွဲ့။ လင်းယွမ်၏ လက်ရှိခွန်အားနှင့် အဋ္ဌမအလွှာ မပြောနှင့် အဋ္ဌမအလွှာ တားဆီးမရသူများကိုပင် အလွယ်တကူ သတ်နိုင်လေသည်။

VR ကမ္ဘာ၊ ဆန်းကြယ်သော နေရာတစ်ခုတွင် ကြီးမြတ်သူရှချင်၊ ကြီးမြတ်သူကုလီ၊ ကြီးမြတ်သူယုတိုင်တို့အပါအဝင် ကြီးမြတ်သူငါးယောက်က ထိုင်နေကြသည်။

" ဟဲဟဲ အဲ့ဒီထျန်းယုမျိုးနွယ်က အရူးတွေ ငါတို့လူသားတွေကို အခွင့်အရေးယူပြီး တိုက်ခိုက်ကြတာပဲ..." ကြီးမြတ်သူရှချင်က လှောင်ပြောင်လိုက်သည်။

လူသားမျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်တို့က အထွတ်အထိပ် မျိုးနွယ်များဖြစ်ကြသည့်အတွက် ကြီးမြတ်သူများအချင်းချင်း တိုက်ခိုက်ဖူးကြပြီး ကြီးမြတ်သူရှချင်က သူတို့ကို အထင်သေးလေသည်။

အကြောင်းမှာ ထိုငှက်လူသားများက သူ့ကို တိုက်ရိုက်ရင်ဆိုင်ရဲခြင်းမရှိဘဲ သူတို့၏ ဆင့်ကဲပြောင်းလဲခြင်း အခွင့်အာဏာကို အသုံးပြုပြီး အမြဲတမ်း တိုက်ခိုက်လိုက် ထွက်ပြေးလိုက်နှင့် ပြုလုပ်ခဲ့ကြလေသည်။

" ထျန်းယုမျိုးနွယ်က ဒီတစ်ခါ တကယ် အထိနာသွားတာပဲ။ " ကြီးမြတ်သူယုတိုင်က ပြုံး၍ ပြောလိုက်သည်။

စစ်မြေပြင် B0001တွင် ဖြစ်ပျက်သမျှက သူတို့၏ အမြင်အာရုံအတွင်း ရှိလေသည်။ သူတို့က ထျန်းယုမျိုးနွယ်၏ ဘိုးဘေးများ ဒေါသထွက်ပြီး စစ်မြေပြင်သို့ ဝင်ရောက်လာသည်ကို တားဆီးရန် ဖြစ်သည်။

လင်းယွမ်က တမင်တကာ အားနည်းချင်ဟန်ဆောင်ကာ ထျန်းယုမျိုးနွယ်၏ ပါရမီရှင်များကို သူတို့ကိုယ်တိုင် သူ့ဆီသို့ သေဆုံးရန် လာရောက်စေခဲ့သည်။ ထိုပါရမီရှင်များက ကိုယ်ပွားများဖြစ်လျှင်တောင် သူတို့က မျက်နှာပျက်ရလေသည်။

အထူးသဖြင့် ကြယ်စကြာဝဠာကို လွှမ်းမိုးနိုငိသော ကြောက်ရွံ့ခြင်းမရှိသော မရှုံးနိုင်သော ကြီးမြတ်သူတစ်ယောက်အတွက် သူတို့ဂရုစိုက်သည့်အရာများစွာ မရှိသော်လည်း သူတို့၏ မျက်နှာကတော့ ထိုအထဲတွင် သေချာပေါက် ပါဝင်လေသည်။

" ဒါနဲ့ အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်ဆိုတဲ့ကလေးက တကယ်သန်မှာတာပဲ။ ရှားပါးတဲ့ အထူးသက်ရှိတွေအပြင် လူသားမျိုးနွယ်ရဲ့ အဋ္ဌမအလွှာနဲ့ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတွေကိုတောင် ဖိနှိပ်ထားနိုင်လောက်တယ်။ " ကြီးမြတ်သူကုလီက မပြောဘဲ မနေနိုင်ပေ။

သူကိုယ်တိုင်က ကြီးမြတ်သူတစ်ယောက်ဖြစ်နေသော်လည်း ပြန်စဉ်းစားကြည့်လျှင် သူအဋ္ဌမအလွှာတွင် ရှိစဉ်က တိုက်ခိုက်ရေးစွမ်းအားမှာ လင်းယွမ်နှင့် အနီးစပ်ဆုံးပင် မရှိခဲ့ပေ။

" ငါတစ်ချက်ကြည့်လိုက်ဦးမယ်။ " ကြီးမြတ်သူရှချင်က ရှေ့သို့ ကြည့်လိုက်သည်နှင့် စစ်မြေပြင်တွင် လင်းယွမ် လုပ်ဆောင်ခဲ့သော မြင်ကွင်းများက တစ်ခုပြီးတစ်ခု ပေါ်လာသည်။

" လေဟာနယ်နိယာမကို အပြည့်အဝနားလည်ပြီး ပေါင်းစပ်နိယာမတွေက တစ်ဝက်ပဲ အောင်မြင်ထားပေမယ့် စွမ်းအားက တကယ်ပဲ တော်တော်အားကောင်းတယ်။ " ကြီးမြတ်သူရှချင်က ခေါင်းညိမ့်လိုက်သည်။

လင်းယွမ်က အဆင့်မြင့် စကြာဝဠာစွမ်းအား သုံးမျိုးနှက့် လေဟာနယ်နိယာမတို့အား နားလည်ထားပြီး ၎င်းတို့အား ပေါင်းစည်းမှုက အစွမ်းထက်လိမ့်မည်ဟု သူသိထားသော်လည်း ယခုက နည်းနည်းလွန်လေသည်။

" အဲ့ဒီကောင်လေးက ထူးခြားတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံထားတာလား။ " ကြီးမြတ်သူယုတိုင်က ပြုံး၍ ပြောလိုက်သည်။ " ဒါပေမယ့် သူ ပိုပြီးအားကောင်းလာတာက ပိုကောင်းတဲ့အရာမဟုတ်လား။ ငါတို့လူသားမျိုးနွယ်မှာ ဒီလိုပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်မှ အနာဂတ်မှာ ပိုပြီး အင်အားကြီးလာမှာပဲ။ "

" အမှန်ပဲ။ " ကြီးမြတ်သူ ရှချင်နှင့် ကြီးမြတ်သူကုလီတို့က ခေါင်းညိမ့်လိုက်ကြသည်။

" အချိန်ပြည့်ခါနီးပြီ။ အဲ့ဒီစကြာဝဠာလျို့ဝှက်နယ်မြေက ပွင့်တော့မှာမဟုတ်လား။ " ကြီးမြတ်သူယုတိုင်က ရုတ်တရက် ပြောလိုက်သည်။

" အဲ့ဒီစကြာဝဠာလျို့ဝှက်နယ်မြေ..." ကြီးမြတ်သူရှချင်က မျက်မှောင်ကြုတ်သွား၏။

စကြာဝဠာလျို့ဝှက်နယ်မြေဆိုသည်မှာ အခြေခံအားဖြင့် ပင်မကမ္ဘာကို မှီခိုနေသော ကမ္ဘာငယ်တစ်ခုဖြစ်သည်။ ၎င်းတို့က မူလတွင် လေဟာနယ်အလွှာများစွာ၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေကြသော်လည်း အကြောင်းတစ်ခုခုကြောင့် ပင်မလေဟာနယ်အလွှာနှင့် ထိတွေ့မှုဖြစ်ပေါ်ခဲ့သည်။

ဥပမာ အင်းဆက်မျိုးနွယ်မဟာမိတ်မှ ဟေးယွမ်မျိုးနွယ်ကလည်း ဟေးယွမ်လျို့ဝှက်နယ်မြေမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဟေးယွမ်လျို့ဝှက်နယ်မြေရှိသော လေဟာနယ်အလွှာကို စကြာဝဠာ၏ ပင်မလေဟာနယ်အလွှာနှင့် လမ်းကြောင်းတစ်ခုဖန်တီးခဲ့ပြီး အင်းဆက်မျိုးနွယ်၏ ကြီးမြတ်သူများက ဟေးယွမ်လျို့ဝှက်နယ်မြေကို ပင်မလေဟာနယ်အလွှာထိ အတင်းအကျပ် ဆွဲယူခဲ့ကြသည်။

" အဲ့ဒီစကြာဝဠာလျို့ဝှက်နယ်မြေ နောက်ဆုံးပွင့်ခဲ့တာ နှစ်ပေါင်းနှစ်သိန်းကြာသွားပြီ။ ငါတို့လူသားမျိုးနွယ်က အကျိုးအမြတ်အများကြီး ရခဲ့တယ်။ " ကြီးမြတ်သူကုလီက ပြောလိုက်သည်။

" ဒါပေမယ့် ငါတို့လည်း ရခဲ့တာပဲ။ " ကြီးမြတ်သူယုတိုင်က ပြောလိုက်သည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က ဖရိုဖရဲသလင်းကျောက်ကို လေ့လာရာတွင် နစ်မြှုပ်နေသည်။ ထိုရတနာက နတ်ဆိုးကျောက်စိမ်းမျှော်စင်သလင် မတော်တဆရရှိခဲ့ခြင်းဖြစ်ပြီး လင်းယွမ်၏ ပေါင်းစပ်နိယာမအတွက် အလွန်အထောက်အကူဖြစ်လေသည်။ အထူးသဖြင့် အခြေခံနိယာမ သို့မဟုတ် အဓိကနိယာမများကြား ပေါင်းစည်းမှုများကို မြင်တွေ့ရခြင်းဖြစ်သည်။

" လေဟာနယ်နိယာမကို ထိုက်ကျိနိယာမ၊ ပြီးတော့ စကြာဝဠာစွမ်းအားတွေနဲ့ ပေါင်းစည်းပြီးသွားရင် ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်လာလိမ့်မယ်။ " လင်းယွမ်က နက်ရှိုင်းစွာ လေ့လာဆင်ခြင်နေသည်။

ပေါင်းစည်းမှုက တစ်ဝက်ကျော်သွားပြီးနောက် လင်းယွမ်က ပို၍ ခက်ခဲလာသည်ကို ခံစားခဲ့ရသည်။ သို့သော် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း၊ ဖရိုဖရဲသလင်းကျောက်နှင့် လေဟာနယ်အနက်ဖွင့်ဆိုချက်တို့ကို လေ့လာခြင်းဖြင့် လင်းယွမ်၏ ပေါင်းစည်းမှုအရှိန်က သာမန်အဋ္ဌမအလွှာများထက် လျင်မြန်နေဆဲ ဖြစ်သည်။

တစ်ရက်တွင် လင်းယွမ်က ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။

" ဆရာ ငါ့ကို ရှာနေတာလား။ " ခဏစဉ်းစားပြီးနောက် လင်းယွမ်က ချီခွန်ကြယ်သခင်နှင့် တွေ့ဆုံရန် သူ၏ စိတ်အသိမျှင်တစ်ခုကို ခွဲထုတ်ပြီး VRကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။

VR ကမ္ဘာ ကိုယ်ပိုင်နေရာတွင် လင်းယွမ်က သူ၏ ရှေ့မှ ဝိုက်ခွက်ကို မော့သောက်ပြီး ချီခွန်ကြယ်သခင်ကို ကြည့်လိုက်သည်။ လင်းယွမ်၏ ခွန်အားက ချီခွန်ကြယ်သခင်ထက် ကျော်လွန်နေသော်လည်း လင်းယွမ်က သူ့အပေါ်တွင် လေးစားမှု အပြည့်ရှိလေသည်။

အဋ္ဌမအလွှာသို့ မရောက်မီ ချီခွန်ကြယ်သခင်၏ ကာကွယ်မှုနှင့် အထောက်အပံ့များမရှိလျှင် လင်းယွမ်၏ ကျင့်ကြံခြင်းလမ်းကြောင်းက ယခုလောက် ချောမွေ့နေမည်မဟုတ်ပေ။

နတ်ဘုရားသုံးပါးက ဖိနှိပ်ခြင်း သို့မဟုတ် အန္တရာယ်များကို ကာကွယ်ပေးသော်လည်း ပို၍ များပြားသော အရင်းအမြစ်များကို လိုအပ်လေသည်။ ချီခွန်ကြယ်သခင်က ၎င်းတို့ကို ကိုယ်ကျိုးမဖက်ဘဲ ထောက်ပံ့ပေးခဲ့သူဖြစ်သည်။

" အဲ့ဒီတုန်းက ကောင်လေးက ဒီလောက်မြန်မြန် ကြီးထွားလာလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့မိဘူး။ " ချီခွန်ကြယ်သခင်က ဝမ်းနည်းသော အမူအရာနှင့် ပြောလိုက်သည်။

လင်းယွမ်က ထျန်းယုမျိုးနွယ်အား အင်အားကြီးစွာဖြင့် တိုက်ခိုက်ခဲ့သည်ကို ချီခွန်ကြယ်သခင်က သိထားသည်မှာ သေချာလေသည်။ ထိုသတင်းက လူသားမျိုးနွယ်အတွင်း ပျံ့နှံ့သွားပြီး ချီခွန်ကြယ်သခင်က ထပ်မံတုန်လှုပ်ခဲ့ရလေသည်။

" ဒါတွေအားလုံးက ဆရာရဲ့ လမ်းညွှန်မှုကြောင့်ပါ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

" ငါ့ရဲ့လမ်းညွှန်မှုလား။ " ချီခွန်ကြယ်သခင်က မျက်ဖြူလှန်သွားသည်။

လင်းယွမ် ရှစ်စန်းတောင်ထိပ်သခင်ဖြစ်လာခဲ့သည့် အချိန်မှစ၍ သူတို့က အကြိမ်ရေများစွာ တွေ့ဆုံခဲ့ခြင်းမရှိပေ။ ချီခွန်ကြယ်သခင်က လင်းယွမ်အတွက် အဆင့်တက်ရန် ပြင်ဆင်နေချိန်တွင် လင်းယွမ်က အဆင့်တက်သွားပြီဖြစ်သည်။

ချီခွန်ကြယ်သခင်က သင်ကြားရန်ပင် အချိန်မရခဲ့ပေ။

သူတို့က စကားခဏပြောပြီးနောက် ချီခွန်ကြယ်သခင်က အဓိကအကြောင်းအရာကို ဆက်လိုက်သည်။

" တပည့်လေး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက မကြာခင်ပွင့်တော့မယ်။ " ချီခွန်ကြယ်သခင်က လေးနက်စွာ ပြောလိုက်သည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ..." လင်းယွမ်က စဉ်းစားလိုက်သည်။

" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လား..."

လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုတ်ခင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ခဲ့သောကြောင့် ချီခွန်ကြယ်သခင်က တပည့်အဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။

လင်းယွက ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရင်းနှီးပြီး ၎င်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။ ထို့နောက် သူက ထိုလမ်းစဉ်မှာ ပြည့်စုံမှုမရှိဘဲ တစ်ဝက်တစ်ပျက်သာ ဖြစ်သည်ကို သိခဲ့ရသည်။

လင်းယွမ်နားလည်ခဲ့သော ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာထိသာ ရောက်နိုင်လေသည်။ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က စစ်မှန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုမဟုတ်ဘဲ အခြေခံ သို့မဟုတ် သော့ချက် တစ်ခုနှင့် ပိုတူလေသည်။

" ဟုတ်တယ်။ " ချီခွန်ကြယ်သခင်က ပြန်ဖြေလိုက်သည်။

All Chapters