← Chapters

အန္တရာယ်များသော ရိုက်ချက်

Vol. 5 Ch. 471

အန္တရာယ်များသော ရိုက်ချက်

Vol. 5 Ch. 471

ထိုအချိန်၌ အဓိက ခန်းမကြီး အတွင်းတွင်မူ စီးပွားရေး မဟာမိတ် အဖွဲ့ကြီး အတွက် အကြိတ်အနယ် ဆွေးနွေး ပြောဆိုနေကြသည်။

တစ်ဖက်တွင် ကျိ၊ တန်၊ နင်း၊ ရှန်း မိသားစုများနှင့် တရုတ် အရှေ့တောင်ပိုင်းမှ မိသားစု ကလန်ကြီးများ ရှိပြီး အခြား တစ်ဖက်တွင်မူ ကျောင်းဟိုင်၏ ဒေသခံ အင်အားစုများ ရှိသည်။

"စီးပွားရေး မဟာမိတ်ဂိုဏ်းနဲ့ဆို ကျောင်းဟိုင်မှာ ငါလည်း နေရာတစ်ခု ရပြီလို့ ဆိုနိုင်တယ်"

ကျိလော့ချန်းက အေးဆေးစွာပင် တွေးနေခဲ့သည်။ သခင်ကြီးတန်နှင့် သခင်ကြီး နင်းတို့ကမူ ပြုံးဖြီးရင်း ကျေနပ်တော့သည်။ သူတို့ကား သခင်လေးကို အမာခံ ထောက်ပံ့ခဲ့သူများ ဖြစ်ကြသည်။ ထို့ကြောင့်ပင် သူတို့၏ သစ္စာရှိမှု အတွက် ဆုလာဘ် ကြီးကြီးမားမား ပြန်လည် ရရှိပေလိမ့်မည်။

ထိုအချိန်န်၌ ရှမိသားစု၊ ကောမိသားစု နှင့် ချူမိသားစု အစရှိသော အခြား မိသားစုများမှာမူ အခက်တွေ့နေကြပုံ ရှိသည်။

လင်းမိသားစု၏ ရည်ရွယ်ချက်က ရှင်းသည်။ သူတို့က ကျောင်းဟိုင်၏ မိသားစု ကလန် အားလုံးကို သူတို့၏ လက်အောက်သို့ ခိုဝင် ပူးပေါင်း စေလိုသည်။ အကယ်၍ သူတို့က ပူးပေါင်းရန် ငြင်းလိုလျှင်ပင် တန်၊ နင်း၊ ကျိ၊ ရှန်း စသည့် ထိပ်တန်း အင်အားစုကြီးများက ပူးပေါင်း ဖိနှိပ်မည်မှာ သေချာသည်။

"ဒီဟာက သတ်မှတ်ပြီးပြီ ဆိုတော့ … ငါတို့ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး"

သခင်ကြီးရှ, ရှလင်းဖန်က သက်ပြင်းချလိုက်သည်။

ရှမိသားစုမှာ ကျောင်းဟိုင်မြို့၌ ထိပ်တန်း မိသားစု တစ်ခု ဖြစ်ရာ ကျိမိသားစုကိုပင် ယှဉ်နိုင်သော အဆင့်အတန်း ရှိသည်။ သို့သော်လည်း လင်းမိသားစုကိုမူ ရင်ဆိုင်ရန် သူတို့၌ အခွင့်အရေး မရှိချေ။

"တကယ်လို့ ကျိမိသားစု ဒါမှမဟုတ် ရှီဟောင်ရီလောက် ဆိုရင်တောင် ငါတို့မှာ လက်မခံဖို့ အခွင့်အရေး ရှိသေးတယ်… ဒါပေမဲ့ အခု လင်းမိသားစု ပါဝင်လာတာ ဆိုတော့ …"

သခင်ကြီးချူကလည်း ခေါင်းခါလိုက်သည်။

"ချန်းပေ့ရွှမ်းကိုပဲ ဥပမာကြည့်… သူက သူ့အမိန့်ကို မနာခံတဲ့သူ အားလုံးကို သွေးချောင်းစီးစေခဲ့တယ်… တကယ်လို့ ငါတို့သာ လင်းမိသားစုကို ဆန့်ကျင်ခဲ့မယ် ဆိုရင် ငါတို့ အားလုံး သေသွားလိမ့်မယ်"

"အင်း… အခု ငါတို့ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး… သခင်ကြီးဟွာက ငါတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ"

သခင်ကြီးကောကလည်း လေသံဖြင့် ရေရွတ်လိုက်သည်။

သို့သော်လည်း မည်သူကမျှ သခင်ကြီးဟွာ၏ အကူအညီကို မမျှော်လင့်ရဲကြပေ။ ဤပွဲ၏ အိမ်ရှင်က သခင်ကြီးဟွာ ဖြစ်သည်။ ထို့ကြောင့်ပင် သခင်ကြီးဟွာမှာ လင်းပို့ကျွင်း၏ ဘက်မှ ဖြစ်ကြောင်း ထင်ရှားနေ၏။

"ကောင်းပြီလေ ပူးပေါင်း ရတော့မှာပေါ့ … ဒီကစားပွဲမှာ ငါတို့က မစခင်တည်းက ရှုံးနေတာ"

ဒုတိယ အထပ်တွင် ထိုင်နေသော သခင်ကြီးကျိုးက ထိုင်ရာမှ ထလိုက်တော့သည်။

သူကား ထိပ်တန်း သူဌေး တစ်ယောက် ဖြစ်ပြီး ဟောင်ကောင်၏ သူဌေးကြီးများ ကြားတွင်ပင် သာမန် မဟုတ်သော လွှမ်းမိုးနိုင်စွမ်းနှင့် ဩဇာအာဏာ ရှိသည်။ သို့သော်လည်း ယခုတွင်မူ သူကား ခေါင်းခါရင်း အရှုံးကို ဝန်ခံနေခဲ့ပြီ ဖြစ်သည်။

ရှောင်ချိုက်မှာ သခင်ကြီးကျိုးပင် အရှုံးပေးသည်ကို မြင်ရရာ မျှော်လင့်ချက်များ အားလုံး ကုန်ဆုံးသွားခဲ့တော့သည်။

သခင်ကြီးကျိုး ထိုင်ရာမှ ထကာ လင်းပို့ကျွင်းထံသို့ သွားရန် ဟန်ပြင် လိုက်စဉ်မှာပင် အဓိက ခန်းမ အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ ဖြစ်သံများ ပေါ်ထွက်လာသည်။

"ဘာများလဲ…"

လင်းပို့ကျွင်းက မျက်မှောင် ကြုတ်လိုက်သည်။

"သခင်လေး သခင်လေး… လူတစ်ယောက်က သခင်လေးချိုးကို သတ်ပစ်လိုက်တဲ့ အပြင် အကို ထျန်းရှု့တို့ကိုလည်း ဒူးထောက်ခိုင်း ထားတယ်… အဲဒီလူက သခင်လေးနဲ့ စကားပြောချင်နေပုံ ရတယ်"

လူငယ် တစ်ယောက်က ခန်းမ အတွင်းသို့ အပြေးဝင်လာရင်း ဆိုလိုက်သည်။

"ဘာလဲ…"

ခန်းမ အတွင်းရှိ လူများစွာမှာ ကြားရသော အသံကြောင့် ဆွံ့အ သွားကြတော့သည်။

လင်းပို့ကျွင်းကား လင်းမိသားစု နောက်ခံဖြင့် ကျောင်းဟိုင်၏ အဆင့် အမြင့်ဆုံး နေရာကို ရယူတော့မည့်သူ ဖြစ်သည်။ မည်သူက သူ့အား စိန်ခေါ်ရဲသနည်း။

လင်းပို့ကျွင်းမှာ ထိုသတင်းကို ကြားရသည့်တိုင် တည်ငြိမ်နေဆဲပင်။ သို့သော်လည်း သူ၏ မျက်လုံးများ အတွင်းမှ အဖြူရောင် အလင်းမှာမူ ပိုမို လင်းလက် ထွန်းတောက် လာခဲ့သည်။

"ဘယ်သူက လုပ်ရဲတာလဲ…"

လင်းပို့ကျွင်းနှင့် တစ်စားပွဲထဲ ထိုင်နေသည့် လူငယ် တစ်ယောက်က စားပွဲကို ရိုက်ရင်း မေးလိုက်သည်။

"အဲဒီကောင်က ဘယ်သူလဲ … သူက သခင်လေးကိုတောင် စိန်ခေါ်ရဲတယ်ပေါ့… လင်းမိသားစုကို သူက ဆန့်ကျင်ချင် နေတာလား"

ထိုလူငယ်မှာ ယန်ကျန့်ဖန်း ဖြစ်ပြီး လင်းထန်းရှု့ အတွက် အလုပ်လုပ်ပေးသူများ အနက်မှ တစ်ယောက် ဖြစ်သည်။

"ဦးလေးချီ… အဲဒီလူကို ကျွန်ဝောာ့်ဆီ ခေါ်လာခဲ့ပါ"

လင်းပို့ကျွင်းက တည်ငြိမ်စွာပင် လက်ဘက်ရည် ခွက်ကို ကောက်ကိုင်ရင်း ပြောလိုက်သည်။

"ကောင်းပါပြီ သခင်လေး…"

လင်းပို့ကျွင်း၏ ဘေးတွင် ထိုင်နေသည် အသက်လတ်လူ တစ်ယောက်က ထိုင်ရာမှ ထလိုက်၏။ သူကား လင်းပို့ကျွင်း၏ ယဉ်မောင်းပင် ဖြစ်သည်။

"သူက အနည်းဆုံး အထွတ်အထိပ်ကို ရောက်နေတဲ့ ပညာရှင် တစ်ယောက် ဖြစ်ရမယ် … သူ့ရဲ့ လယ်သာလို အရေပြားကို ကြည့်ကြည့် … ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်မှာ အနိမ့်ဆုံး အထွတ်အထိပ် အဆင့်ကို ရောက်နေတဲ့ လက္ခဏာပဲ…"

အချို့ အတွင်းအား ပညာရှင် အချို့က ထိုလူကြီးကို ကြည့်ရင်း ရေရွတ် လိုက်ကြသည်။

"သခင်လေး ကျွန်တော် သူနဲ့ လိုက်သွားလိုက်မယ်…"

ကျိလော့ချန်းက ပြောလိုက်သည်။ ထို့နောက် လင်းပို့ကျွင်း၏ ခွင့်ပြုချက် ရသည်နှင့် ကျိလော့ချန်းမှာ အခန်း အပြင်ဘက်သို့ ထွက်လာခဲ့တော့သည်။

ထိုအချိန်၌ အဓိက ခန်းမ အပြင်ဘက်တွင်မူ တိတ်ဆိတ်ခြင်းက လေထုကို ပွေ့ဖက်ထား၏။ လင်းနန်မှ လာသော လူငယ်များစွာမှာလည်း ချန်းဖန်၏ ရှေ့၌ ဒူးထောက် နေကြတုန်းပင်။

ချန်းဖန်ကမူ နေရာတွင်ပင် ထိုင်ကာ အန်ရာနွှင်ပေးသော အသားများကို စားနေခဲ့သည်။ သူကား ထိုအဖြစ်အပျက်နှင့် လုံးလုံး မသက်ဆိုင်သူလိုပင်။

"ဒီကောင်လေးက တော်တော် မောက်မာတဲ့ ပုံပဲ… လင်းမိသားစုက ကိုလိုနီတွေကို သူ တကယ်ပဲ သတ်ပစ်နိုင်မလား မသိဘူး"

လူအများ တွေးတော နေတုန်းမှာပင် အဓိက ခန်းမ၏ တံခါး ပွင့်ဟ လာကာ လူတစ်စု ထွက်ပေါ်လာခဲ့၏။

ထိုအုပ်စု၏ ခေါင်းဆောင်ကား အရပ်ရှည်ရှည် အသက်လတ် လူကြီး ဖြစ်သည်။ သူက ချန်းဖန်ထံသို့ လျှောက်လာကာ တိုက်ရိုက်ပင် မေးလိုက်သည်။

"ငါ့နာမည်က ဝမ်ချီရှန်း… တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစုက အိမ်တော်ထိန်း တစ်ယောက်ပဲ… မင်းနာမည်က ဘယ်သူလဲ…"

လင်းထျန်းရှု့ကား အတွင်းအား ပညာရှင် တစ်ယောက် ဖြစ်ရာ သူ့ကို အတင်းအကြပ် ဒူးထောက်စေမည် ဆိုလျှင် အနည်းဆုံး အထွတ်အထိပ် အဆင့်ရှိမှ ဖြစ်ပေလိမ့်မည်။

ထိုအချိန်၌ ကျိလော့ချန်း၏ မျက်နှာမှာမူ သရဲတစ္ဆေ တစ်ကောင်ကို တွေ့ရသည့် အလား ဖြူရော်နေခဲ့ပြီ ဖြစ်သည်။

"ငါ ခွေးတွေနဲ့ စကားမပြောဘူး … မင်း သခင်ကို ခေါ်လိုက်စမ်း"

ချန်းဖန်က ဝမ်ချီရှန်းကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ဆိုလိုက်သည်။

"ဘယ်လောက်တောင် မောက်မာလိုက်လဲ…"

ဝမ်ချီရှန်းမှာ မျက်မှောင်ကြုတ်သွားသည်။

"ဦးလေးချီ… သူက ချန်း…"

ကျိလော့ချန်းက သတိပေးရန် ကြိုးစားသော်လည်း ဝမ်ချီရှန်းကမူ ကြားဟန် မရချေ။

"ခွေးကောင်လေး… မင်းကို ရိုက်နှက်ပြီး သခင်လေးဆီကို အပြစ်ပေးဖို့ ခေါ်သွားရမယ်"

ဝမ်ချီစန်းက တင်းမာစွာ ပြောရင်း သူ၏ ခန္ဓာကိုယ်အား စတင် လှုပ်ရှားလိုက်သည်။

"ဘုန်း…"

သူက မီတာ ဒါဇင်ခန့် အကွာအဝေးကို ခဏအတွင်း ရွေ့လျားသွားကာ ချန်းဖန်ထံသို့ အရှိန်ပြင်းသော ရထားတစ်စင်း အလား တိုးဝင်လာတော့သည်။

"သူက ခန္ဓာကိုယ် သန့်စင်ခြင်းမှာ အထွတ်အထိပ် ရောက်နေသလို သိုင်းပညာ လမ်းစဉ်မှာလည်း အထွတ်အထိပ်ကို ရောက်နေပြီပဲ"

ချန်းဖန်က တိုက်ခိုက်လာသူကို ကြည့်ရင်း မှတ်ချက် ချလိုက်သည်။ သို့သော်လည်း ထိုပညာရှင် မည်မျှပင် အစွမ်းထက်စေကာမူ သူ့ကိုမူ ယှဉ်နိုင်မည် မဟုတ်ချေ။

"ဒူးထောက်စမ်း…"

ချန်းဖန်က လက်တစ်ဖက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်းရင်း အမိန့်ပေးလိုက်သည်။

"ဘုန်း…"

ရုတ်တရက် လေထဲတွင် အဇူရာရောင် ချီလက်ဝါး ဖြစ်ပေါ်လာကာ ဝမ်ချီရှန်းအား အပေါ်မှ ရိုက်ချသည်။ ထိုရိုက်ချက်က သူ၏ အရိုးများ အားလုံးကို ကျိုးကြေစေကာ မြေပေါ်သို့ ပုံရက် ကျစေသည်။

"သူက ပညာရှင် တစ်ယောက်ကို တကယ်ကြီး အနိုင်ယူလိုက်တာပဲ"

လူများစွာမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အ သွားကြသည်။

လွန်ခဲ့သည့် စက္ကန့်ပိုင်းကပင် ဝမ်ချီရှန်းကား မောက်မာကာ လူငယ်ကို ရိုက်နှက်ရန် ပြောဆို ကြွားဝါနေသေးသည်။ သို့သော်လည်း ယခုတွင်မူ သူကား မြေပြင်ပေါ်၌ လဲကျနေခဲ့ပြီ ဖြစ်သည်။

"သူက ချန်းဖန်ပဲ…"

ကျိလော့ချန်းက တုန်တုန်ရီရီဖြင့် ပြောလိုက်၏။

သူ၏ စကားကြောင့် အခန်းတစ်ခုလုံး ဆိတ်ငြိမ် သွားတော့သည်။ လူတိုင်းကား ထိုင်လျှင်ပင် ရှိနေသေးသည့် လူငယ်ကို ကြောက်ရွံ့စွာ ကြည့်လိုက် ကြသည်။

သူကား လင်းမိသားစုကို တိုက်ရိုက်ပင် စိန်ခေါ်ခဲ့သည်။

ယနေ့ည၌ ထိုလူငယ်နှင့် လင်းမိသားစု တစ်ခုသာ ကျန်ရစ် ပေလိမ့်မည်။

သခင်ကြီးကျိုးမှာ အောက်၌ ဖြစ်ပျက်နေသော အရာများကို သတိထားမိသည်နှင့် မျက်လုံးများ လင်းလက်သွားသည်။

"အိုး… အခုမှ ပြည့်စုံသွားတာပဲ… သူရောက်လာပြီ ဆိုတော့ လင်းပို့ကျွင်းရဲ့ အစီအစဉ်တော့ ပျက်ပြီထင်တယ်"

"သခင်ကြီးကျိုး… သူက ဘယ်သူလဲ"

ရှောင်ချိုက်က မေးလိုက်သည်။

"သူက ငါတို့ကို လင်းပို့ကျွင်းရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်မယ့် တစ်ယောက်ပဲ… သူက လွဲပြီး ဘယ်သူမှ တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစုကို မယှဉ်နိုင်ဘူး"

သခင်ကြီးကျိုးက ရယ်မောရင်း ပြောလိုက်သည်။

"လင်းပို့ကျွင်း ဆိုတာ သူနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး"

"ဒါဆို … သူက …"

ရှောက်ချိုက်မှာ တစ်ခုခုကို နားလည်သွားဟန် ရသည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်က မထိန်းချုပ် နိုင်အောင် တုန်လှုပ်လာခဲ့၏။

"ချန်းပေ့ရွှမ်း … သူ ဒီကို ရောက်လာတာလား…"

***

All Chapters