← Chapters

တကယ့်အင်အားစု

Vol. 5 Ch. 472

တကယ့်အင်အားစု

Vol. 5 Ch. 472

"ချန်းပေ့ရွှမ်း…."

ထိုနာမည်က အတွေးထဲဝင်လာသည်နှင့် ရှောင်ချိုက်မှာ နှလုံးခုန်သံ မြန်လာခဲ့၏။

တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစု ယခုကဲ့သို့ ကျောင်းဟိုင်ကို လွှမ်းမိုးနိုင်ရခြင်း အကြောင်းရင်းမှာ တန်ခိုးရှင် အဆင့် တစ်ယောက် ရှိနေခြင်းကြောင့် ဖြစ်ကြောင်း သူကောင်းစွာ သိသည်။

ယခု ရောက်ရှိနေသည့် လူငယ် ချန်းပေ့ရွှမ်းသည်လည်း အစစ်အမှန် တန်ခိုးရှင် တစ်ယောက် ဖြစ်ကာ စီအိုင်အေ၏ နတ်ဘုရား သတ်မှတ်ချက်တွင်ပင် ဖော်ပြခံရသည်။

ထို့ကြောင့်ပင် ချန်းပေ့ရွှမ်းနှင့် လင်းမိသားစုတို့ ကြားမှ ပွဲမှာ ကြည့်ကောင်း ပေတော့မည်။

"လင်းမိသားစု ခေါင်းဆောင်ကြီးသာ ဒီမှာ မရှိရင် လင်းပို့ကျွင်းတော့ အသတ်ခံရ တော့မှာပဲ"

သခင်ကြီးကျိုးက ရေရွတ်လိုက်သည်။ သူကား ချန်းပေ့ရွှမ်း၏ စွမ်းအား အစစ်အမှန်ကို သိရှိထားသည်။ လင်းပို့ကျွင်းကဲ့သို့သော သူမှာ ချန်းပေ့ရွှမ်းနှင့် ယှဉ်ပါက ပမွှားလေးသာ ဖြစ်သည်။

စားသောက်ပွဲတွင် ရှိသော လူအများစုမှာမူ ချန်းပေ့ရွှမ်း အကြောင်းအား သူ့လောက် မသိကြချေ။ သို့သော်လည်း ချန်းဖန် ဝမ်ချီရှန်းကို သတ်ပြီးသည်နှင့် လူတိုင်းလိုလိုမှာ အလွန် ကြောက်လန့် လာခဲ့တော့သည်။

အဓိက ခန်းမ အတွင်းတွင် ရှိသော လင်းပို့ကျွင်းပင်လျှင် အပြင်ဘက်မှ ဖိအားကို ခံစားလာရသည်။

သူက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

"အပြင်မှာ ဘာတွေဖြစ်နေလဲ တစ်ချက်သွားပြီး ကြည့်ရအောင်…"

သူက ပြောပြီးသည်နှင့် ထိုင်ရာမှ ထကာ အပြင်ဘက်သို့ ဦးတည် လိုက်သည်။

ကျိ၊ တန်၊ နင်း မိသားစု သခင်ကြီးများမှာ တစ်ယောက်ကို တစ်ယောက် ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်ကြမိသည်။ ထို့နောက် အံကို တင်းတင်းကြိတ်ရင်း သခင်လေးလင်း၏ နောက်သို့ လိုက်လိုက်ကြတော့သည်။

"သွားကြည့်ရအောင်ဟေ့… လင်းမိသားစုက ကျားနဲ့ ကျောင်းဟိုင်က နဂါးတစ်ကောင်တော့ ထိပ်တိုက်တွေ့နေပြီ ထင်တယ်… ဒီလိုပွဲမျိုးက ကြုံရခဲတယ်"

အဓိက ခန်းမကြီး အတွင်းတွင် ရှိသော အခြား သူဌေးကြီးများမှာလည်း အပြင်ဘက်သို့ ဦးတည် လိုက်ကြတော့သည်။

လင်းပို့ကျွင်းမှာ အပြင်တွင် ဖြစ်ပျက်နေသည်များကို မြင်သည်နှင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။

သခင်လေးချိုးမှာ သေသွားပြီ ဖြစ်သလို ရီချန်းနှင့် လင်းထျန်းရှု့တို့မှာလည်း ဒူးထောက် နေခဲ့ရ၏။ ထို့အပြင် တုတ်တုတ်မျှ မလှုပ်သော ဝမ်ချီရှန်း သေသည် ရှင်သည်ကိုလည်း မသိရသေးချေ။

ထိုလူငယ်၏ လုပ်ရပ်က သူ၏ ပါးအား ရိုက်ချလိုက်သလိုပင်။ အခြား ရှမိသားစု၊ ချူမိသားစုများမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့် သွားတော့သည်။

"ဘုရားရေ… ဒီလူငယ်ကတော့ တကယ်ပဲ…"

"ပြဿနာကတော့ နောက်ပြန်လှည့်လို့ မရတော့ဘူး… နေပါဦး… ဒီလူငယ်ကို ငါတွေ့ဖူးသလိုပဲ… သူ့ရဲ့ ဘေးမှာ ထိုင်နေတာက ကျင်းရှု့က အန်ရာမလား… ဒါဆို…"

မိသားစု သခင်ကြီးများစွာမှာ ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်မိ ကြတော့သည်။

ထိုအခိုက်မှာပင် လင်းပို့ကျွင်းက ချန်းဖန်ထံသို့ လျှောက်လာရင်း ယဉ်ကျေးစွာပင် မေးလိုက်၏။

"ကျွန်တော်က လင်းမိသားစုက လင်းပို့ကျွင်းပါ … ခင်ဗျားက ဘယ်သူလဲ မသိဘူး… နောက်ပြီး လင်းမိသားစု ခင်ဗျားကို ဘယ်လို အပြစ်တွေများ လုပ်မိလို့ ခုလို တိုက်ခိုက်ရတာလဲ"

သူ့အနေဖြင့် သခင်လေးချိုးနှင့် ဝမ်ချီရှန်းတို့၏ သေဆုံးမှုကို ဂရု မစိုက်ချေ။ ဤမျှ အစွမ်းထက်သော တိုက်ခိုက်ရေး သမား တစ်ယောက်ကိုသာ သူတို့ အဖွဲ့ထဲ ဆွဲခေါ်နိုင်ခဲ့လျှင် သူ့အတွက် အကျိူး မယုတ်ချေ။

ချီဝမ်ရှန်းမှာ တရုတ် အရှေ့တောင်ပိုင်း လင်းမိသားစုတွင်ပင် ထိပ်ဆုံး ဆယ်ယောက် စာရင်းဝင်သူ ဖြစ်သည်။ ယခု သူ့ရှေ့ရှိ လူငယ်မှာ လင်းပို့ကျွင်းကိုပင် သတ်နိုင်ရာ အလွန် အစွမ်းထက်ကြောင်း သိသာနေသည်။

"ခင်ဗျားတို့က ရန်တောင်ရဲ့ မိသားစုကလား… ဒါမှမဟုတ် ခွန်းလွန်ကလား… ကောင်းကင် သခင်ဂိုဏ်းကလား…"

လင်းပို့ကျွင်းမှာ ယူကီရှီရိုဆာအား သတိထားမိသည်နှင့် စိတ်ဝင်စားမိ သွားသည်။ ထိုမိန်းကလေး၏ ကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များကား သန့်စင်သော ဓားသမား တစ်ယောက် ဖြစ်ကြောင်း ထင်ရှားနေသည်။ သို့သော်လည်း လူငယ်ထံမှမူ မည်သည့် အငွေ့အသက်ကိုမျှ သူ မခံစားရပေ။

"ငါ လူငယ်တွေဆီက မေးခွန်းကို မဖြေနိုင်ဘူး… မင်းတို့ လင်းမိသားစုက ငါ့ကို မေးခွန်းထုတ်ချင်တယ် ဆိုရင် လင်းရှု့မင် ကိုယ်တိုင်လာဖို့ ပြောလိုက်"

ချန်းဖန်က ပျင်းရိစွာ အဖြေပေးလိုက်၏။ သူ၏ မျက်လုံးများကမူ ဘယ်ဘက်လက်ရှိ ဝိုင်ခွက်နှင့် ညာဘက်လက်ရှိ အမဲသားတုံးကင် အကြား၌ ဗျာများ နေတုန်းပင်။

"မင်းက ငါတို့ ခေါင်းဆောင်ကြီးရဲ့ နာမည်ကို ခေါ်ရဲတယ်ပေါ့…"

လင်းပို့ကျွင်းမှာ ရုတ်တရက် ဒေါသများ ထွက်လာခဲ့သည်။

လင်းရှု့မင်ကား လွန်ခဲ့သည့် နှစ်ရာချီကပင် တရုတ်၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သလို လင်းမိသားစု အတွက် နတ်ဘုရားကဲ့သို့ တည်ရှိမှု ဖြစ်သည်။ တရုတ်၏ ထိပ်တန်း ခေါင်းဆောင်များပင် သူနှင့် စကားပြောပါက ယဉ်ကျေးရသည်။

"ခွေးကောင်လေး… မင်းစကားပြောနေတာ ဘယ်သူလဲ ဆိုတာရော သိရဲ့လား…"

"မင်းက ငါတို့ သခင်လေးကို ခုလို ဆက်ဆံရဲတယ်ပေါ့…"

"အရူးကောင်ပဲ… ကျောင်းဟိုင်ကနေ ကန်ထုတ် ခံချင်နေတာ ထင်တယ်"

လင်းပို့ကျွင်း အနားရှိ လူငယ်များစွာက ချန်းဖန်အား ဒေါသတကြီး ကြည့်ရင်း ဆိုကြသည်။ သို့သော်လည်း သခင်ကြီးတန်နှင့် သခင်ကြီးနင်း တို့ကမူ တိတ်ဆိတ်နေခဲ့သည်။ သူတို့က ချန်းဖန်အား သရဲ တစ္ဆေ တစ်ကောင်ကဲ့သို့ ကြောက်ရွံ့စွာ ကြည့်နေ ခဲ့ကြသည်။

"သခင်လေး… သူက ချန်းဖန်ပါ…"

ကျိလော့ချန်းက ကပျာကယာ လင်းပို့ကျွင်း အနားသို့ လျှောက်လာကာ ပြောလိုက်၏။

"သူက… ချန်းပေ့ရွှမ်း…"

ကျိလော့ချန်းက မျက်မှောင်ကြုတ်ရင်း ချန်းဖန်အား အကဲခတ်လိုက်သည်။ သူ၏ စိတ်ထဲ၌ အနည်းငယ် ထိတ်လန့် လာသည့်တိုင် အပြင်ပန်းကမူ တည်ငြိမ်နေသေး၏။

"ချန်းပေ့ရွှမ်း… ကျိမိသားစုက မင်းကို ဘာမှ မလုပ်ခဲ့ဘူး… ဒါတောင် မင်းက ကျောင်းဟိုင် အထိ လိုက်လာပြီး ငါတို့ကို နှောက်ယှက် လိုက်သေးတယ်… မင်းက ငါတို့ မိသားစုကို ဘာထင်နေတာလဲကွ" ကျိလော့ချန်းက လင်းပို့ကျွင်း၏ အားကိုးဖြင့် ချန်းဖန်အား ကြည့်ကာ အော်ဟစ် လိုက်သည်။

"သခင်လေး… ကျွန်တော်တို့ကို ချန်းပေ့ရွှမ်းရဲ့ ရန်က ကာကွယ်ပေးမယ် ပြောထားတယ် မဟုတ်လား… အခု သူရောက်နေပြီ… သခင်လေး ကျွန်တော်တို့ အတွက် တရားမျှတမှုကို ယူပေးပါ"

ကျိလော့ချန်းက လင်းပို့ကျွင်း ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မင်းဖင်ကြီးကို တရားမျှတ ရမှာလား…"

လင်းပို့ကျွင်းက စိတ်ထဲမှ ကြိတ်၍ ကျိလော့ချန်းကို ကျိန်ဆဲ လိုက်သည်။ ယခု သူရှိနေသော နေရာမှာ လင်းမိသားစု မဟုတ်ချေ။ အကယ်၍ ချန်းပေ့ရွှမ်းကပါ သူ့ကို စိတ်ပေါက်ပြီး ထသတ်ပါက ဘုအသိ၊ ဘမသိ အသက်ထွက်ရ ဦးမည်။

သူက ရိုသေသော အမူအရာဖြင့် လက်သီး နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း….

"တွေ့ရတာ ဝမ်းသာပါတယ် တန်ခိုးရှင် ဆရာချန်း… ကျွန်တော်တို့ ခေါင်းဆောင်ကြီးက ဆရာ့ကို အမြဲတမ်း ချီးမွမ်း နေတာပါ… ဆရာနဲ့ ကျိမိသားစု ကြားမှာ မပြေလည်မှုလေး အချို့ ရှိတယ်လို့ ကျွန်တော် ကြားပါတယ်… တကယ်လို့ ဆရာကသာ အဲဒီ ကိစ္စကို ခွင့်လွှတ်…"

လင်းပို့ကျွင်း၏ စကား မဆုံးခင်မှာပင် ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်သည်။

"ချွင်…"

ရုတ်တရက် အဇူရာဓားချီ တစ်ခု ပေါ်ထွက်လာကာ ကျိလော့ချန်း၏ ခန္ဓာကိုယ်အား ထက်ဝက် ပိုင်းဖြတ် လိုက်တော့သည်။

"ခွင့်လွှတ်… လွှတ်… လွှတ်…"

လင်းပို့ကျွင်း၏ စကားက တစ်ပိုင်းတစ်စဖြင့် အထစ်ထစ် အငေါ့ငေါ ရပ်သွား၏။

"ပါးစပ် ပိတ်ထားစမ်း… လင်းရှု့မင်တောင် ငါ့ဆီက တစ်ခုခု မတောင်းဆိုရဲဘူး…"

ချန်းဖန်က လင်းပို့ကျွင်းအား အော်ငေါက်လိုက်၏။ သူကား လင်းပို့ကျွင်း၏ ရိုသေ လေးစားမှုကို ဂရုပင် စိုက်ပုံ မရချေ။

"အရမ်း ကောင်းတယ် အရမ်း ကောင်းတယ်"

လင်းပို့ကျွင်းမှ ဒေါသကြောင့် တုန်ခါ လာခဲ့သည်။

ယခုတစ်ကြိမ်ကား သူ၏ ဘဝ၌ ပထမဆုံး အရှက်ခွဲ ခံရသော အချိန်ဖြစ်သည်။ ချန်းပေ့ရွှမ်းမှာ သူ ကာကွယ် ပေးထားသည့် လူများကို သတ်ပစ်လိုက်သည့် အပြင် သူ၏ လေးစားမှုကိုပါ မထေမဲ့မြင် ပြုသည်။ ထိုအရာက သူ၏ ပါးကို ဖြတ်ရိုက် လိုက်ခြင်းနှင့် မကွာခြားပေ။

"ချန်းပေ့ရွှမ်း… ဒါက မင်းရွေးချယ်တဲ့ ဘက်လား… ငါတို့ လင်းမိသားစုမှာလည်း တန်ခိုးရှင် အဆင့်ရှိတယ် ဆိုတာ မင်းကို သတိပေးချင်တယ်… နောက်ပြီး ကျောင်းဟိုင်ရဲ့ တစ်ဝက်လောက်ကလည်း ငါ့လူတွေ ချည်းပဲ… မင်း တကယ်ပဲ ငါတို့နဲ့ ရန်သူ ဖြစ်ချင်တာလား…"

လင်းပို့ကျွင်းကား မောက်မာသော သခင်လေး အဖြစ်သို့ ပြန်လည် ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

"ရန်သူ ဟုတ်လား… ဟမ့်"

ချန်းဖန်က နှာခေါင်းရှုံ့ရင်း လင်းပို့ကျွင်း၏ ဘေးနားမှ လူများအား ကြည့်လိုက်သည်။

"မင်းတို့ထဲမှာ ငါနဲ့ ရန်သူ ဖြစ်ချင်တဲ့သူ ရှိလား…"

ချန်းဖန်၏ အေးစက်သော အကြည့်ကြောင့် များစွာသော လူများမှာ တစ်ချက် တုန်ခါ သွားကြသည်။ သူတို့ကား ကျောင်းဟိုင်၏ ထိပ်တန်း သူဌေးကြီးများ ဖြစ်ကြရာ ချန်းပေ့ရွှမ်း အကြောင်း ကြားဖူးနားဝ ရှိသည်။

သူကား တန်ခိုးရှင် အဆင့် ပညာရှင်ဟု ဆိုသည်။ ထိုဖြစ်တည်မှုက အလွန်ပင် ကြောက်စရာ ကောင်းလွန်းသည်။

"ချန်းပေ့ရွှမ်း အချိန်ဖြုန်း မနေနဲ့… မင်း အစွမ်းထက်တယ် ဆိုပေမဲ့ ငါတို့ လင်းမိသားစုကလည်း မင်းထက် အားမနည်းဘူး…"

လင်းပို့ကျွင်းက အကြောက်အလန့် ကင်းမဲ့စွာ ပြောလိုက်သည်။ ထိုအချိန်မှာပင် လူကြီး တစ်ယောက်က ရှေ့သို့ လှမ်းထွက်ရင်း ချန်းဖန်ကို ဦးညွှတ်လိုက်၏။

"ကျွန်တော်က ကျောင်းဟိုင် ရှမိသားစုက ရှလင်းဖန်ပါ… တွေ့ရတာ ဂုဏ်ယူပါတယ် ဆရာချန်း…"

ချန်းဖန်မှာ ထန်လုံ တပ်ဖွဲ့၏ ဗိုလ်ချုပ်ဖြစ်ရာ သူ့ကို များသောအားဖြင့် ဗိုလ်ချုပ်ချန်းဟုသာ ခေါ်ကြသည်။

"ရှမိသားစု ခေါင်းဆောင်…."

လင်းပို့ကျွင်း၏ မျက်လုံးများ ကျည်းမြောင်းသွား၏။ အနာဂတ်တွင် ထိုတစ်ယောက်ကို သူ ကောင်းကောင်းကြီး နှိပ်ကွပ်ပစ်ရမည်။ သို့သော်လည်း အံ့အားသင့်စွာပင် သခင်ကြီးရှကား တစ်ယောက်တည်း သမား မဟုတ်ချေ။

"ကျွန်တော် ကောမိသားစု ကောချမ်ရှုံးက ဗိုလ်ချုပ်ချန်းကို တွေ့ရတာ ဂုဏ်ယူပါတယ်…"

"ကျောင်းဟိုင် ယွဲ့မိသားစု…"

" … "

များစွာသော မိသားစုများက ချန်းဖန်အား လေးစားစွာ လာရောက် နှုတ်ဆက်ကြသည်။

လင်းပို့ကျွင်း၏ မျက်မှာကား ဒေါသဖြင့် မည်းမှောင်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ယခုထိ ချန်းဖန်အား နှုတ်ဆက်သူများက ဆဲမသွားသေးချေ။

"ကျောင်းဟိုင် တန်မိသားစုက နှုတ်ဆက်ပါတယ် … ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ ဗိုလ်ချုပ်ချန်း ခင်ဗျာ…"

"ကျောင်းဟိုင် နင်းမိသားစုကလည်း ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် ခင်ဗျာ…"

"ကျောင်းဟိုင် ရှန်းမိသားစု…"

" … "

မျက်စိတ် တစ်မှိတ် အတွင်းမှာပင် ကျောင်းဟိုင်၏ မိသားစု အားလုံးနီးပါးမှာ ချန်းဖန်၏ ရှေ့၌ ဒူးထောက်နေခဲ့ကြပြီ ဖြစ်သည်။

"မင်းတို့… မင်းတို့…"

လင်းပို့ကျွင်းကား သွေးအန်တော့မလိုပင် ဖြစ်နေခဲ့သည်။ သူက ဒေါသတကြီးဖြင့် ဒူးထောက်နေသော လူများအား ကျိန်ဆဲရန် ပြင်လိုက်၏။ ထိုအချိန်မှာပင် ကြည်လင်သော အသံတစ်ခု ပေါ်ထွက်လာပြန်တော့သည်။

"ကျောင်းဟိုင် ဟွာမိသားစုရဲ့ ဟွာရန်ဖန်းက ခင်ဗျားကို ကြိုဆိုပါတယ်… တန်ခိုးရှင် ဆရာချန်း…"

***

All Chapters