← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

“ဒင်!..စနစ်သည်နှစ်တစ်သိန်းသက်တမ်းရှိသောမီးအဆိပ်သားရဲဝိဉာဉ်ကွင်းတစ်ခုအားထောက်လှမ်းမိပါသည် ပိုင်ရှင်စုပ်ယူပါမည်လား”

“ဒင်!..စနစ်သည်နှစ်တစ်သိန်းသက်တမ်းရှိသောမီးအဆိပ်သားရဲ၏ဝိဉာဉ်ရိုးကိုထောက်လှမ်းမိပါသည် ပိုင်ရှင်စုပ်ယူပါမည်လား”

ရှလင်စနစ်၏အချက်ပေးသံကိုကြားပြီးအံ့ဩသွားသည်။

‘စနစ်ကပေးတဲ့ဝိဉာဉ်ကွင်းတို့ဝိဉာဉ်ရိုးတို့မဟုတ်ဘဲပြင်ပကဝိဉာဉ်ကွင်း၊ဝိဉာဉ်ရိုးတွေပါ ကိုယ်တိုင်စုပ်ယူစရာမလိုဘဲနဲ့တိုက်ရိုက်တပ်ဆင်လို့ရတာလားဟ’

‘စနစ်ကလန်းလှချေလားဟ’

ရှလင်၏အပြုံးကြီးကြီးထွားလာလေသည်။အခြားသူများသည်ဝိဉာဉ်ကွင်းကိုအသည်းအသန်စုပ်ယူနေရချိန်တွင်ရှလင်ကတော့စနစ်၏အကူအညီဖြင့်တိုက်ရိုက်တပ်ဆင်လိုက်ရုံပင် အရမ်းအဆင်ပြေမနေဘူးလား။

ထို့နောက်ရှလင်စနစ်အားပြန်ပြောလိုက်သည်။

“စနစ် ဝိဉာဉ်ကွင်းကိုကြာပန်းသိုင်းဝိဉာဉ်မှာတပ်ဆင်ပါ

ဝိဉာဉ်ရိုးကိုတော့မတပ်ဆင်ဘဲထားလိုက်ဦး..”

“ဒင်!....ဟုတ်ကဲ့ပါပိုင်ရှင်”

စနစ်၏အဖြေပြီးဆုံးသည်နှင့်ရှလင်ရှေ့ရှိဝိဉာဉ်ကွင်းသည်သူ၏ကိုယ်အတွင်းသို့ဝင်ရောက်ကာပျောက်ကွယ်သွားလေသည်။

ရှလင်သူ့သိုင်းဝိဉာဉ်ကိုထုတ်ကြည့်လိုက်သည့်အခါသူ့လက်ထဲတွင်ပွင့်ချပ်ကိုးခုကြာပန်းပေါ်လာသည်နှင့်တပြိုင်နက်ရှလင်၏ခန္ဓာကိုယ်တွင်လည်းအနီရောင်ဝိဉာဉ်ကွင်းနှစ်ခုကလည်ပတ်နေလေသည်။

ရှလင်ကျေနပ်စွာခေါင်းငြိမ့်လိုက်ပြီးသူ့သိုင်းဝိဉာဉ်ကိုပြန်သိမ်းကာသူ့ရှေ့ရှိဝိဉာဉ်ရိုးအားစနစ်၏သိုလှောင်ခန်းအတွင်းသို့ထည့်လိုက်လေသည်။ထိုအရာမှာတိထျန်းကိုပြသမည့်သူ၏သက်သေဖြစ်သဖြင့်ရှလင်မတပ်ဆင်သေးဘဲသိမ်းလိုက်ခြင်းဖြစ်သည်။

ရှလင်ဝိဉာဉ်ရိုးအားသိမ်းပြီးသည့်အချိန်တွင်စနစ်အသံကိုထပ်မံကြားလိုက်ရလေသည်။

“ဒင်!...ပိုင်ရှင်သည်ကိုယ်ပိုင်စွမ်းအားဖြင့်ပထမဆုံးဝိဉာဉ်ကွင်းအားရရှိခြင်းအတွက် စနစ်မှအဆင့်မြင့်အဆင့်လက်ဆောင်ထုပ်အားချီးမြှင့်လိုက်ပါသည်”

“လက်ဆောင်အားစနစ်၏သိုလှောင်ခန်းအတွင့်သို့ထည့်ပြီးပါပြီ”

“ဒင်!....စနစ်မှထောက်လှမ်းချက်အရပိုင်ရှင်သည်တာဝန်များထမ်းဆောင်ရန်အရည်အချင်းပြည့်မှီပြီဖြစ်သောကြောင့် မစ်ရှင်လုပ်ဆောင်ချက်အားဖွင့်လိုက်ပါပြီ”

{အဓိကမစ်ရှင်- နတ်ဘုရားအဆင့်သို့တက်လှမ်းပါ

ဆုလာဒ် - နတ်ဘုရားအဆင့် လက်ဆောင်ထုပ်တစ်ခု}

(အရံမစ်ရှင် - သားရဲကျင့်ကြံမှုအားနှစ်နှစ်သိန်းသို့မြှင့်တင်ပါ

ဆုလာဒ် - ခရမ်းရောင်အဆင့်လက်ဆောင်ထုပ်တစ်ခု)

(အသေးစားမစ်ရှင် - မရှိသေး)

ရှလင်စနစ်၏လုပ်ဆောင်ချက်အသစ်ကိုကြည့်လိုက်ပြီးစိတ်ဓာတ်ကျသွားသည်။စနစ်မှမစ်ရှင်များထုတ်ပြန်ထားသော်လည်းသူတစ်ခုမှလုပ်လို့မရသေးပေ။သားရဲကျင့်ကြံမှုအားနှစ်နှစ်သိန်းပြည့်ရန် သူဝိဉာဉ်သားရဲတွေဘယ်လောက်များသတ်ရဦးမလဲမသိနိုင်တော့ချေ။နတ်ဘုရားအဆင့်တတ်ရန်မစ်ရှင်ကတော့ပိုတောင်ဆိုးသေးသည်။

ရှလင်စိတ်ဓာတ်ကျစွာစနစ်၏မျက်နှာပြင်အားပိတ်လိုက်ပြီးစနစ်သိုလှောင်ခန်းရှိလက်ဆောင်ထုပ်အားကြည့်လိုက်သည်။စနစ်၏ပြောကြားချက်အရလက်ဆောင်ထုပ်များကိုသာမာန်၊အလယ်လတ်၊အဆင့်မြင့်၊အဝါရောင်၊ခရမ်း‌၊အနက်ရောင်၊အနီရောင် နှင့်ရွှေရောင်(နတ်ဘုရား)အဆင့်လက်ဆောင်ထုပ်ဟူ၍ခွဲခြားထားလေသည်။ထိုပြင်အထူးလက်ဆောင်ထုပ်များလည်းရှိသည်။

သာမာန်အဆင့်လက်ဆောင်ထုပ်နှစ်ခုသည်သူ့အားအစွမ်းထက်သိုင်းဝိဉာဉ်နှစ်ခုပေးထားသောကြောင့်အဆင့်မြင့်အဆင့်ကိုရှလင်မျှော်လင့်နေမိသည်။

“စနစ် လက်ဆောင်ထုပ်ကိုဖွင့်ပါ”

“ဒင်!...အဆင့်မြင့်အဆင့်လက်ဆောင်ထုပ်အားဖွင့်နေပါသည်”

“ဂုဏ်ယူပါတယ် ပိုင်ရှင်သည် ချိပ်ပိတ်ခြင်းအတတ်ကိုရရှိပါသည်”

ရှလင်စနစ်ဆီမှဆုလာဒ်ကိုရင်ခုန်စွာစောင့်မျှော်နေ‌တုန်းစနစ်မှရလာသောဆုလာဒ်ကြောင့်ကြောင်သွားလေသည်။

‘ဘာဆုကြီးတုန်းဟ....ဘာချိပ်ပိတ်ခြင်းတုန်း ငါကဘာကိုချိပ်ပိတ်ရမှာလဲဟ’

ရှလင်ဒေါသထွက်ထွက်ဖြင့်ဆုလာဒ်အားကြည့်လိုက်သည်။ထိုစွမ်းရည်၏အညွှန်းကိုဖတ်ပြီးသည်နှင့်ရှလင်မျက်နှာတွင်အပြုံးကြီးတစ်ခုဖြစ်တည်လာလေသည်။လူ့လောကသို့သွားမည့်ရှလင်အတွက်ထိုနည်းစနစ်သည်မရှိမဖြစ်လိုအပ်လေသည်။

ရှလင်သည်နဂါးတစ်ကောင်ဖြစ်သည့်အတွက်သူလူပုံစံသို့တစ်ထပ်ထည်းတူအောင်ပြောင်းထားသော်လည်းသူ့တွင်သားရဲရောင်ဝါများရှိသည်။ထိုရောင်ဝါများကိုရှလင်လည်းဘာမှမလုပ်နိုင်ချေ။အဆင့်နိမ့်ဝိဉာဉ်ဆရာများသည်ရှလင်၏ရောင်ဝါကိုမမြင်နိုင်သော်လည်းဖုန်းဟောက်တုံ့လော်များသည်တော့မတူချေ။

သူတို့၏ရှေ့တွင်ရှလင်၏ရောင်ဝါများမှာလယ်ပြင်မှာဆင်သွားသလိုထင်ရှားနေပါလိမ့်မည်။စဦးအဆင့်ဖုန်းဟောက်တုံ့လော်များကရှလင်အားဘာမှမလုပ်နိုင်သော်လည်းအဆင့်မြင့်ဖုန်းဟောက်တုံ့လော်များ၊အထွဋ်ထိပ်ဖုန်းဟောက်တုံ့လော်များနှင့်demi godများကတော့ရှလင်အားသတ်နိုင်လေသည်။

ထို့ကြောင့်ရှလင်ဒီရက်ပိုင်းခေါင်းကိုက်နေရခြင်းဖြစ်သည်။ယခုတော့ထိုပြသနာကြီးအားဖြေရှင်းနိုင်လိုက်ပြီဖြစ်သည်။ရှလင်ထိုစွမ်းရည်ကိုအသုံပြု၍ချိပ်ပိတ်လိုက်လျှင်နတ်ဘုရားအဆင့်မှလွဲ၍သူ့အားမည်သူမှဖြတ်မမြင်နိုင်တော့ချေ။ထို့ပြင်ထိုချိပ်ပိတ်ခြင်းသည်သူ့အပေါ်တွင်သာမကာသူ့ဝိဉာဉ်ကွင်းများအပေါ်တွင်လည်းအသုံးပြုနိုင်သည်။ထိုအရာမှာရှလင်အတွက်အလွန်အဆင်ပြေလေသည်။မဟုတ်လျှင်သူ့ကြာပန်းသိုင်းဝိဉာဉ်အားထုတ်သုံးရန်အဆင်မပြေဖြစ်နိုင်သည်မဟုတ်လား။

ချိပ်ပိတ်ခြင်းအတတ်ကိုအခြားနေရာများတွင်လည်းသုံးနိုင်သေးသည်။မိမိကိုယ်ကိုချိပ်ပိတ်ရုံသာမကအခြားသူများကိုလည်းချိပ်ပိတ်နိုင်လေသည်။ဖုံးကွယ်ရာတွင်လည်းမိမိ၏အသက်အော်ရာကိုချိပ်ပိတ်နိုင်သည်အထိစွမ်းလေသည်။

ရှလင်သူ့၏ကြာပန်းသိုင်းဝိဉာဉ်အားဆင့်ခေါ်လိုက်လေသည်။နှစ်တစ်သိန်းကွင်းနှစ်ကွင်းနှင့်အတူကြာပန်းသိုင်းဝိဉာဉ်သည်ရှလင်၏လက်ထဲတွင်ပေါ်လာလေသည်။ထို့နောက်ရှလင်သူ၏ဝိဉာဉ်ကွင်းများအပေါ်တွင်ချိပ်ပိတ်ခြင်းအတတ်ကိုသုံးလိုက်လေသည်။

ရှလက်ချိပ်ပိတ်ခြင်းအတတ်ကိုသုံးလိုက်သည်နှင့်သူ၏ဝိဉာဉ်ကွင်းအရောင်များသည်တဖြည်းဖြည်းကျဆင်းလာလေသည်။အနီမှအနက် အနက်မှခရမ်း ခရမ်းမှအဝါရောင်သို့ပြောင်းသွားချိန်တွင်ရှလင်ချိပ်ပိတ်ခြင်းအားရပ်လိုက်သည်။

ချိပ်ပိတ်ခံလိုက်ရခြင်းကြောင့်သူ့၏ဝိဉာဉ်ကွင်းစွမ်းအားများကို၄ပုံ၁ပုံသာအသုံးပြုနိုင်သော်လည်းရှလင်အတွက်ဘယ်လိုမှမနေ သူအချိန်မရွေးတစ်စက္ကန့်အတွင်းပြန်ဖြေနိုင်သည်မဟုတ်လား။ဝိဉာဉ်ကွင်းစွမ်းရည်နှစ်ခုတွင်တစ်ခုစီချိပ်ပိတ်ခံလိုက်ခြင်းမှာတော့အနည်းငယ်ဝမ်းနည်းစရာပင်။

ထို့နောက်ရှလင်သူ့သိုင်းဝိဉာဉ်အားပြန်သိမ်းလိုက်ပြီးနေမဝင်ခင်တိထျန်းဂူအားပြန်ရန်ပြင်လိုက်သည်။သူ့ရောင်ဝါကိုတော့မချိပ်ပိတ်ထားသေးပေ။ကြယ်တာယာတောရဲ့အလယ်ကိုdemi godအဆင့်တောင်လာခဲသည်မဟုတ်လား။ထို့နောက်ရှလင်လေဟာနယ်လျှောက်လှမ်းခြင်းနှင့်လေခြေလှမ်းများကိုတွဲသုံးကာတိထျန်းဂူဆီသို့ပြန်လိုက်လေသည်။

All Chapters