အခန်း (၁၄)
Vol. 2 Ch. 14
ကြယ်တာရာသစ်တောထဲတွင်ရှလင်ပြေးလွှားနေသည်မှာသရဲတစ်ကောင်ကဲ့သို့အရိပ်မျှသာမြင်ရလေသည်။ထိုကဲ့သို့အရှိန်ဖြင့်တောင်ရှလင်လိုရာသို့မရောက်နိုင်သေးပေ။သူကြယ်တာရာသစ်တောအတွင်းပြေးလွှားနေသည်မှာယနေ့ဖြင့်ဆိုလျှင်နှစ်ရက်ရှိပြီဖြစ်သည်။ထိုနေ့ကသူတိထျန်းဂူသို့ပြန်ရောက်ရောက်ခြင်းတိထျန်းကြီးအားရှာကာသူအရည်အချင်းပြည့်မှီကြောင်းပန်းပွင့်သားရဲ၏ဝိဉာဉ်ရိုးကိုထုတ်ပြလိုက်လေသည်။
ထို့ကြောင့်သူ့စကားနှင့်သူတိထျန်းကြီး ရှလင်အားမလွှတ်ချင်လွှတ်ချင်ဖြင့်လူ့လောကသို့လွှတ်လိုက်ရလေသည်။ထို့အပြင်ရှလင်အားသူသတ်ဖြတ်ခဲ့သောဝိဉာဉ်ဆရာတစ်ဦးဆီမှရသောသိုလှောင်လက်စွပ်တစ်ခုကိုလည်းပေးလိုက်သေးသည်။
တိထျန်းတွင်ဝိဉာဉ်စွမ်းအားမရှိ၍ထိုသိုလှောင်လက်စွပ်ကိုမဖွင့်နိုင်သော်လည်းရှလင်ကတော့မတူချေ။ထိုလက်စွပ်မှာတောလယ်သို့ပြသနာလာရှာသောဖုန်းဟောက်တုံ့လော်တစ်ယောက်၏သိုလှောင်လက်စွပ်ဖြစ်ကာထိုလက်စွပ်၏အကျယ်သည်၁၀၀၀စတုရန်းကီလိုမီတာရှိသည်။
ထိုလက်စွပ်ထဲတွင်ရွှေပြားများတောင်လိုပုံနေပြီးဆေးဖတ်ဝင်အပင်များ၊ရှားပါးသတ္ထုများနှင့်အခြားပစ္စည်းများလည်းအများအပြားရှိလေသည်။ထို့အပြင်ထိုလက်စွပ်၏အဓိကတန်ဖိုးမှာသက်ရှိများအားထည့်သွင်းနိုင်ခြင်းပင်။
ရှလင် တိထျန်းကြီးအား အားမနာတော့ဘဲထိုလက်စွပ်ကိုမျက်နှာအရည်ထူထူဖြင့်ယူခဲ့လိုက်လေသည်။ထို့နောက်စနစ်မှရရှိထားသောမြေပုံဖြင့်ထျန်းသုန်အင်ပါယာသို့သွားနေခြင်းဖြစ်သည်။
ရှလင်တောစပ်သို့ရောက်သည်နှင့်သူ၏အရှိန်အားလျော့လိုက်သည်။ထို့နောက်သူ၏ရောင်ဝါကိုချိပ်ပိတ်လိုက်ကာအနီးအနားရှိမြို့သို့ချီတတ်လိုက်သည်။ရှလင်အချိန်အတော်ကြာခရီးသွားပြီးနောက်မြို့ငယ်လေးတစ်မြို့သို့ရောက်လာလေသည်။ထိုမြို့ငယ်လေး၏အဝင်အဝတွင်ရှိသောဆိုင်းဘုတ်အရဤမြို့မှာထန်စန်း၏ဒဏ္ဍာရီများအစပြုရာနော်ဒင်မြို့ဖြစ်ကြောင်းရှလင်သိလိုက်ရသည်။
ရှလင်မြို့ငယ်လေးအတွင်းသို့ဝင်လိုက်သည်နှင့်လူသူများလှုပ်ရှားသွားလာနေသောမြင်ကွင်းများ၊ဈေးသည်များသည်လမ်းသွားလမ်းလာများကိုသူတို့ဆိုင်တွင်ဝယ်ရန်ဆွယ်နေပုံများ၊လမ်းဘေးရှိပန်းပဲဖိုမှသံများအားထုရိုက်နေသံတချွင်ချွင်များကိုတွေဝေငေးမောစွာနားထောင်ပြီးရှလင်၏မျက်ဝန်းမှမျက်ရည်စက်တစ်စက်ကျဆင်းသွားသည်။သူသည်မြင်ကွင်းများကိုမမြင်ရသည်မီာနှစ်ချီနေပြီမဟုတ်လော။
ရှလင်သည်ယခုအချိန်တွင်လူတစ်ယောက်မဟုတ်တော့ဘဲနဂါးတစ်ကောင်ဖြစ်နေပြီဖြစ်သော်ငြားသူ၏ဝိဉာဉ်သည်လူသားစစ်စစ်တစ်ယောက်ဖြစ်လေသည်။ထို့ကြောင့်လူသူကင်းမဲ့သောတောကြီးထဲတွင်နေရသည်မှာရှလင်အတွက်အလွန်ပျင်းစရာကောင်းသည့်အတွက်တိထျန်းတားနေသည့်ကြားမှလူ့လောကသို့ရှလင် မရ ရအောင်လာခဲ့ခြင်းဖြစ်သည်။
ရှလင်နော်ဒင်မြို့အားလှည့်ပတ်ကြည့်နေရင်းငြင်းခုန်သံတစ်ချို့အားကြားလိုက်သည့်အတွက်ထိုနေရာသို့လှည့်ကြည့်လိုက်လေသည်။ထိုနေရာသည်သင်တန်းကျောင်းတစ်ခုဖြစ်ပုံရပြီးငြင်းခုန်သံများသည်တံခါးစောင့်နှင့်နွမ်းပါးသောအဝတ်အစားတို့ဝတ်ထားသောအဖိုးကြီးတစ်ယောက်တို့ထံမှဖြစ်သည်။
အဖိုးကြီး၏ဘေးတွင်အသက်၆နှစ်ခန့်ရှိသောအဖိုးကြီး၏မြေးဖြစ်ဟန်ကောင်လေးတစ်ယောက်ရှိပြီးထိုကောင်လေးသည်တံခါးစောင့်အားဒေါသတကြီးကြည့်နေလေသည်။ထိုအချိန်တွင်တံခါးစောင့်ပြောလိုက်သောစကားကြောင့်ရှလင်စိတ်ထဲတွင်အချက်ပေးသံများမြည်သွားပြီးသူ၏ဦးဏှောက်ထဲတွင်ချောင်ထိုးခံထားရသောမှတ်ဉာဏ်များထွက်လာလေသည်။
“ဟမ့် ဝိဉာဉ်သူတော်စင်ရွာဟုတ်လား..ငါ့အထင်သူတောင်စားရွာလို့နာမည်ပြောင်းလိုက်တာမှပိုလိုက်ဦးမယ် “
ထိုစကားကိုရှလင်ကြားလိုက်သည်နှင့်ရှလင်အစောင့်အားဒေါသတကြီးဖြင့်ရန်တွေ့နေသောအဖိုးအိုနှင့်ထိုအဖိုးအို၏ဘေးတွင်ရပ်ကာအစောင့်အားလူသတ်ချင်သောမျက်လုံးများဖြင့်ကြည့်နေသောကောင်လေးကိုတစ်လှည့်ကြည့်ကာရှလင်၏မှတ်ဉာဏ်အတွင်းမှအကြောင်းအရာများနှင့်ပြင်ပမှဖြစ်ပျက်နေသည်များတတစ်ထပ်ထဲကျသွားလေသည်။
နောက်ဆုံးတွင်ရှလင်မှတ်မိသွားချေပြီ ထိုအဖိုးအိုမှာထန်စန်းတို့သားအဖေနေထိုင်ရာဝိဉာဉ်သတော်စင်ကျေးရွာ၏ရွာသူကြီးဂျက်အဖိုးကြီးဖြစ်ပြီးသူ့ဘေးရှိကောင်လေးမှာတုံ့လော်ကုန်းမြေကြီး၏ဇာတ်ဆောင်ကျွန်ုပ်တို့၏MCကြီးထန်စန်းဖြစ်လေသည်။
ရှလင်ထန်စန်းတို့အားမှတ်မိသွားချိန်တွင် ဝုန်း ဟူသောအသံကိုကြားလိုက်ရ၍သူသတိပြန်ဝင်ကာထန်စန်းတို့ရှိရာသို့ကြည့်လိုက်ချိန်တွင် တံခါးစောင့်သည် ကျောင်း၏တံခါးဖြင့်တိုက်မိပြီးဆယ်ပေအကွာသို့လွင့်ထွက်သွားသည်ကိုတွေ့လိုက်ရသည်။တံခါးစောင့်အားထိုးလိုက်သူမှာဇာတ်ကြောင်းအတိုင်ပင်ကျွန်ုပ်တို့၏mcကြီး ထန်စန်းပင်ဖြစ်လေသည်။
ထန်စန်းအထိုးခံလိုက်ရသောတံခါးစောင့်သည်ဒေါသထွက်သွားပြီးမြေပြင်မှကုန်းထကာထန်စန်းတို့ဆီသို့လက်သီးစုပ်ကာပြေးဝင်လာလေသည်။ရှလင်ထိုတံခါးစောင့်အတွက်အမွှေးတိုင်သုံးချောင်းပူဇော်ပေးလိုက်သည်။
‘မင်းအသက်ကိုမနှမြောဘူးလားကွာ တံခါးစောင့်ရယ်’
သို့သော်ရှလင်ဝင်တားဖို့အစီအစဉ်မရှိချေ။soul land၏အရူးအမူးဖန်တစ်ယောက်အနေဖြင့်ထိုဇာတ်ကွက်အားကြားဝင်မည့်ဇာတ်ကောင်တစ်ကောင်ရှိကြောင်းသိထားသည်မဟုတ်လော။ထိုအချိန်တွင်ရှလင်၏အတွေးများကိုအတည်ပြုပေးလိုက်သောအသံတစ်သံနှင့်တံခါးစောင့်၏အသံတို့ရှေ့နောက်ဆင့်ပြီးထွက်လာလေသည်။
“ဟုတ်ပြီ..တော်လောက်ပြီ “
“သာရှ်ီး ပြန်လာပြီလားး”
ဟုတ်ပါသည်ထိုအရာကတော့soul landတွင် နာမည်ကြီးဇာတ်ကောင်တစ်ခုဖြစ်သောထန်စန်း၏ဆရာဖြစ်လာမည့်သူ ဂရမ်းမာစတာ ခေါ် သာ့ရှီး ယွီရှောက်ဂန်း ဖြစ်လေသည်။ရှလင်တစ်ယောက်သူ၏ဘဝတွင်သူအကြိုက်ဆုံးသောanime series၏ဇာတ်ကွက်များကိုမျက်မြင်ကိုယ်တွေ့ကြုံတွေ့ရလိမ့်မည်ဟုမတွေးမိဘူးချေ။
ရှလင်သူ၏အတွေးများမှရုန်းထွက်ပြီးကျောင်းဂိတ်ဝသို့ပြန်လှည့်ကြည့်လိုက်သောအခါခပ်ကုတ်ကုတ်ဖြစ်နေသောအစောင့်မှလွဲ၍မည်သူမှမရှိတော့ချေ။ထို့ကြောင့်ရှလင် ထန်စန်းတို့နောက်ကိုအလျှင်အမြန်လိုက်သွားလိုက်သည်။တခါးစောင့်သည်လည်းရှလင်၏အထက်တန်းစားသခင်လေးအသွင်အပြင်ကြောင့်မတားဆီးရဲပေ။
ရှလင် ထိုနှစ်ယောက်အားလိုက်၍မှီသွားသောအခါ သာရှီး၏ထန်စန်းအားအမွှာသိုင်းဝိဉာဉ်နှင့်ပတ်သတ်သည်အားပြောနေသည်ကိုကြားလိုက်ရသည်။
“ငါဘာလို့ မင်းမှာအမွှာသိုင်းဝိဉာဉ်ရှိလဲဆိုတာ သိရတာလဲဆိုပြီး မင်းထူးဆန်းနေတယ်မလား”
“ငါဘာလို့သိတာလဲဆိုတော့ ဟောဒီကမင်းရဲ့ထောက်ခံစာကြောင့်ဘဲ”
“ငါငွေပြာရောင်မြက်သိုင်း ဝိဉာဉ်ပိုင်ရှင် ၆၄၇ယောက်ကိုသုတေသနလုပ်ဖူးတယ်”
“အဲ့အထဲမှာမှ ၁၆ယောက်ဘဲစွမ်းအားရှိတယ် အဲ့တာတောင်အဲ့၁၆ယောက်ထဲမှာဝိဉာဉ်စွမ်းအား အဆင့်၁ထက်ကျော်တဲ့လူတစ်ယောက်မှမရှိဘူး”
“ဒါပေမယ့် မင်းရဲ့ ဝိဉာဉ်စွမ်းအားကအဆင့်၁၀ ငါသုတေသနလုပ်ထားတဲ့ကြီးမြတ်တဲ့ သိုင်းဝိဉာဉ်သီအိုရီ (၁၀)ခုထဲကတစ်ခုအရဆိုရင်”
“မင်းရဲ့ဝိဉာဉ်စွမ်းအားပမာဏနဲ့ သိုင်းဝိဉာဉ်အရည်အသွေးကိုယှဉ်လိုက်ရင် ငွေပြာမြက်က ဒီလိုဝိဉာဉ်စွမ်းအားပမာဏမျိုးမရှိနေနိုင်ဘူး”
“ဒါကြောင့် မင်းမှာ နောက်ထပ်သိုင်းဝိဉာဉ်တစ်ခုရှိဦးမယ်လို့ခန့်မှန်းမိသလိုအဲ့သိုင်းဝိဉာဉ်ကလည်း အရမ်းသန်မာတယ်”
ရှလင်ထိုစကားကိုကြားသည်နှင့်မနေနိုင်ဘဲထန်စန်းတို့ဆီသို့သွားလိုက်ရင်းသာရှီးအားကြားဖြတ်ပြောလိုက်သည်။
“လူအိုကြီး..ကျတော်ခင်ဗျား ပြောတဲ့ကျန်တာတွေကိုလက်ခံပေမယ့်ထန်စန်းရဲ့ငွေပြာမြက်သိုင်းဝိဉာဉ်ကအားနညတယ်ဆိုတာကိုလက်မခံဘူး”