အခန်း (၁၅)
Vol. 2 Ch. 15
အပိုင်း ၁၅
ရှလင်ထိုစကားကိုကြားသည်နှင့်မနေနိုင်ဘဲထန်စန်းတို့ဆီသို့သွားလိုက်ရင်းသာရှီးအားကြားဖြတ်ပြောလိုက်သည်။
“လူအိုကြီး..ကျတော်ခင်ဗျား ပြောတဲ့ကျန်တာတွေကိုလက်ခံပေမယ့်ထန်စန်းရဲ့ငွေပြာမြက်သိုင်းဝိဉာဉ်ကအားနညတယ်ဆိုတာကိုလက်မခံဘူး”
“အမွှာသိုင်းဝိဉာဉ်တစ်ခုဖြစ်တည်ဖို့ဆိုရင် မိဘတွေရဲ့သိုင်းဝိဉာဉ်စွမ်းအားတွေကတန်းတူဖြစ်နေရတယ်”
“အရည်အသွေးအရမ်းကွာခြားဖို့ဆိုတာမဖြစ်နိုင်ဘူး..အဲ့တော့ထန်စန်းရဲ့ငွေပြာရောင်မြက်သိုင်းဝိဉာဉ်မှာ လျှို့ဝှက်ချက်အကြီးကြီးတစ်ခုရှိရမယ်”
ရှလင် သူပြောနေသည့်စကားဆုံးသည်နှင့်သူ့ကိုကြည့်နေသောထန်စန်းရှေ့သို့ရောက်နေပြီဖြစ်ကာထိုကောင်လေးအားပြုံးပြလိုက်သည်။ထို့နောက်ပြုံးပြီးမိတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ကောင်လေး ငါ့နာမည်ကရှလင်ပါ”
ရှလင် ထိုဇာတ်လိုက်အသေးလေးဖြစ်သောထန်စန်းအားနှုတ်ဆက်နေစဉ်တွင်သာ့ရှီး၏အမေးစကားထွက်လာလေသည်။
“အိုးး မင်းကသူ့ငွေပြာရောင်မြက်သိုင်းဝိဉာဉ်က လျှို့ဝှက်ချက်ကြီးတစ်ခုရှိတယ်လို့ဘာလို့ပြောနိုင်ရတာလဲ”
သာ့ရှီး၏ထိုစကားအားကြားသည်နှင့်ရှလင် ထိုလူအိုကြီးနှင့်မျက်နှာချင်းဆိုင်လိုက်ကာယုံကြည့်ချက်ရှိရှိပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ပြောကြားချက်အရဆိုရင် ကျတော်က စတုတ္ထမြောက်အမွှာသိုင်းဝိဉာဉ်ပိုင်ရှင်ဖြစ်လို့ဘဲ”
ရှလင်ထံမှထိုစကားထွက်လာသည်နှင့်သူ့ရှေ့မှလူနှစ်ယောက်သည်သူ့အားကြောင်အကာကြည့်နေလေသည်။သို့သော်ရှလင်သူတို့ကိုဂရုမစိုက်ဘဲဆက်ပြောလိုက်သည်။
“အဲ့တာကြောင့် အမွှာသိုင်းဝိဉာဉ်နဲ့ပတ်သတ်ရင်ငါ့ရဲ့ဗဟုသုတတွေကဒီတုံ့လော်ကုန်းမြေကြီးမှာထိပ်တန်းအဆင့်ရှိတယ်”
“လူအိုကြီး ကျုပ်ကခင်ဗျားလိုသိုင်းဝိဉာဉ်အားလုံးရဲ့ဗဟုသူတတွေမရှိပေမယ့် အမွှာသိုင်းဝိဉာဉ်နဲ့ပတ်သတ်ရင်ကျုပ်ရဲ့ ဗဟုသုတကခင်ဗျားထက်သာပါတယ်ဗျ”
“အဲ့တာကြောင့်ကျုပ်သေချာတာတစ်ခုကထန်စန်းရဲ့သိုင်းဝိဉာဉ်ငွေပြာရောင်မြက်မှာလျို့ဝှက်ချက်ကြီးတစ်ခုရှိတယ်ဆိုတာဘဲ”
ရှလင်၏စကားများကိုသာ့ရှီးပြန်မငြင်းနိုင်တော့ဘဲသူ့ကိုယ်သူမေးခွန်းထုတ်နေသည်လားရှလင်အားမေးသည်လားမသဲကွဲသောအမေစကားတစ်ခွန်းထွက်လာလေသည်။
“ဒါပေမယ့် ငါလေ့လာဖူးတဲ့ သီအိုရီအရဆိုရင် ငွေပြာရောင်မြက်ကကွဲပြားဖို့ဆိုတာမဖြစ်နိုင်ဘူးလေ”
သာ့ရှီး၏စကားကိုရှလင်နှာခေါင်းရှုံ့ပြီးပြန်ဖြေလိုက်သည်။
“ဟမ့် လူအိုကြီး ခင်ဗျားတုံ့လော်ကုန်းမြေကြီးမှာရှိတဲ့ငွေပြာရောင်မြက်သိုင်းဝိဉာဉ်ပိုင်ရှင်အကုန်လုံးကိုသုတေသနလုပ်ဖူးလို့လား”
ရှလင်၏ထိုစကားထွက်လာသည်နှင့်သာရှီးဉာဏ်အလင်းရသွားသကဲ့သို့ဖြစ်သွားလေသည်။ရှလင်တို့နှစ်ယောက်ငြင်းခုန်ပြီးချိန်တွင်ထန်စန်းပြုလုပ်လိုက်သောအရာကြောင့်နှစ်ယောက်စလုံးအံ့ဩသွားရသည်။အထူးသဖြင့်ရှလင်ဖြစ်လေသည်။
“ဆရာတို့နှစ်ယောက်လုံး ကျွန်တော့ကိုတပည့်အဖြစ်လက်ခံပေးကြပါ”
ထန်စန်းသူတို့နှစ်ယောက်ရှေ့တွင်ရုတ်တရက်ဒူးထောက်ပြီးပြောလိုက်ခြင်းဖြစ်သည်။ရှလင်ခေါင်းကြိမ်းသွားကာထန်စန်းအားငြင်းရန်ပြင်ဆင်လိုက်သည်နှင်စနစ်၏အသံရုတ်တရက်ထွက်ပေါ်လာလေသည်။
“ဒင်!...လျှို့ဝှက်မစ်ရှင်ပွင့်ပါပြီ....ပိုင်ရှင်သည်ဤကမ္ဘာ၏ကံကြမ္မာသားတော်ထန်စန်းအား တပည့်အဖြစ်လက်ခံပါ”
“ဆုလာဒ် - ခရမ်းရောင်အဆင့်လက်ဆောင်ထုပ်တစ်ထုပ်”
ရှလင် စနစ်၏မက်လုံးများကိုကြည့်ကာတွေဝေနေခိုက်တွင်သာရှီးကတော့ထန်စန်းအားထူပေးကာသူ၏တပည့်အဖြစ်လက်ခံလိုက်ပြီဖြစ်သည်။ထို့နောက်ထန်စန်းရောသာရှီးပါရှလင်ဘက်သို့လှည့်ကြည့်လိုက်လေသည်။
ရှလင်၏ဆုံးဖြတ်ချက်ကိုသိချင်ပုံပင်။ထန်စန်းသည်တော့သူ့အားလက်ခံဖို့မျှော်လင့်နေသည့်မကြည့်ဖြင့်ကြည့်နေပြီးသာရှီးကတော့သူ့အားသုတေသနစာတမ်းကြီးအားကြည့်နေသလိုမျိုးစိုက်ကြည့်နေလေသည်။
ရှလင် သူ့ထံသို့ရောက်ရှိလာသောမျက်လုံးနှစ်စုံအားကြည့်ကာအဖြေပြန်ပေးလိုက်ရလေသည်။
“ကောင်းပြီး..ဒီနေ့ကစပြီးမင်းကငါ့တပည့်ဘဲ”
“ငါကမင်းကိုအမွှာသိုင်းဝိဉာဉ်အကြောင်းကလွဲပြီးဘာမှမသင်ပေးနိုင်ပေမယ့်မင်းကိုအနိုင်ကျင့်ရဲတဲ့သူမှန်သမျှကိုမင်းဆရာကရိုက်ပေးမယ်”
“ဟုတ်ကဲ့ပါ ဆရာ “
ရှလင် ထန်စန်းအားတပည့်အဖြစ်လက်ခံလိုက်သည်နှင့်စနစ်၏အချက်ပေးသံကိုကြားလိုက်ရသည်။
“ဒင်!...လျှို့ဝှက်မစ်ရှင်ကိုပြီးမြောက်သွားသည့်အတွက်ပိုင်ရှင်အား ဆုလာဒ် ခရမ်းရောင်အဆင့်လက်ဆောင်ထုပ်ကိုချီးမြှင့်လိုက်ပါသည်”
“လက်ဆောင်ထုပ်အားစနစ်သိုလှောင်ခန်းအတွင်းသို့ထည့်ပြီးပါပြီ”
ရှလင်စနစ်၏အချက်ပေးသံဆုံးသည်နှင့်လက်ဆောင်ထုပ်အားဖောက်ချင်စိတ်တဖွားဖွားဖြစ်နေလေသည်။သို့သော်သူ့ရှေ့တွင်ယခုမှအသစ်စက်စက်လက်ခံထားသော သူ့တပည့်အသစ်လေးနှင့်သူ့အားကျားချောင်းချောင်းနေသောလူအိုကြီးတို့အားကြည့်ကာသူ့စိတ်ကိုဖိနှိပ်လိုက်ရသည်။
ထို့နောက်သာရှီးကထန်စန်းအားကျောင်းအပ်ရန်ခေါ်သွားသဖြင့်ရှလင်လည်းသူတို့နှင့်အတူလိုက်ရတော့သည်။ရုံးခန်းသို့သူတို့ရောက်သောအခါသာရှီးကထိုအခန်းအတွင်းရှိဆရာတစ်ယောက်အားထန်စန်း၏ထောက်ခံစာပေးကာထန်စန်းအားကျောင်းအပ်ပေးလိုက်ပြီးထန်စန်းအားမှာစရာရှိသည်များမှာကာရုံးခန်းမှရှလင်တို့နှစ်ယောက်ထွက်လာလေသည်။
သေချာသည်ပေါ့ထန်စန်း၏သူတို့ကိုဆရာလို့ခေါ်သည်ကြောင့်သာရှီးအားရုံးခန်းအတွင်းမှဆရာများလှောင်နေကြလေသည်။ဒီတစ်ခါတွင်တော့သူပါရောပြီးအလှောင်ခံနေရလေသည်။သို့သော်ရှလင်ဂရုမစိုက်ချေ။
‘ဟမ့်..ဖြတ်လျှောက်ဇာတ်ကောင်လေးတွေအတွက်နဲ့ ငါရှလင်ကစိတ်မဆိုးတတ်ဘူးကွ’
ရှလင်ထိုသို့တွေးပြီးနောက်သူ့ဘေးရှိသာရှီးအားစကားစလိုက်သည်။
“လူအိုကြီး...ခင်ဗျားအိမ်မှာအခန်းပိုလေးဘာလေးရှိသေးလား”
ရှလင်၏ထိုသို့မေးသံကိုကြားသည်နှင့်သာရှီးကသူ့ဘက်သို့’အခန်းပိုရှိတော့မင်းကဘာလုပ်မလို့လဲ’ဟုမေးသောအကြည့်ဖြင့်ကြည့်လိုက်လေသည်။ရှလင်ထိုလူအိုကြီး၏မေးခွန်းထုတ်နေသောအကြည့်အားတွေ့လိုက်သဖြင့်ထပ်ပြောလိုက်သည်။
“ကျုပ်ကဒီနေ့မှနော်ဒင်မြို့ကိုစရောက်တာလေ..အဲ့တော့နေစရာမရှိဘူး”
“အဲ့တာကြောင့်...ခင်ဗျားအိမ်မှာလိုက်နေမလို့လေ”
ရှလင်စကားကြောင့်သာရှီးသွားနေရာမှရပ်လိုက်ပြီးတစ်ခုခုကိုစဉ်းစားနေပုံရလေသည်။ရှလင်သူ့အားလက်မခံဘူးထင်သောကြောင့်မဲဆွယ်စည်ရုံးရန်ကြံလိုက်သည့်အချိန်တွင်သာ့ရှီး၏စကားသံထွက်လာလေသည်။
“ကောင်းပြီ ..မင်းငါနဲ့နေလို့ရတယ်..ဒါပေမယ့်”
ရှလင် သာရှီး၏စကားကြောင့်သူစောနကပြောမည့်စကားများကိုပြန်မြိုချလိုက်ပြီး သာရှီးအားအလောတကြီးမေးလိုက်သည်။
“ဒါပေမယ့်....ဘာဖြစ်လဲ”
ရှလင်၏အမေးကြောင့်သာရှီးသူ့စကားကိုပြန်ဆက်လိုက်သည်။
“ဒါပေမယ့်..မင်းအလကားနေလို့မရဘူးး..နေထိုင်စရိတ်အနေနဲ့ မင်းသိထားတဲ့အမွှာသိုင်းဝိဉာဉ် သီအိုရီတွေကိုငါ့ကိုပြောရမယ်”
“ဘယ်လိုလဲ...မင်းလက်ခံနိုင်လား”
သာ့ရှီး၏စကားကိုရှလင်အမြန်ပြန်ဖြေလိုက်သည်။
“ရတာပေါ့...ရတယ်”
အဲ့တာကဒီအတိုင်းသီအိုရီတွေဘဲလေ။သူပြောပြလိုက်လို့သူ့အတွက်ဆုံးရှုံးစရာဘာမှမရှိပေ။ထို့ကြောင့်ရှလင်အမြန်သဘောတူလိုက်ခြင်းဖြစ်သည်။
“ဟားဟား²...ကောင်းပြီး..အဲ့တာဆို..လာငါ့အိမ်ကိုသွားကြမယ်”
သာရှီးကထိုသို့ပြောပြီးနောက်ရှေ့မှအရင်ထွက်သွားသဖြင့်ရှလင်ထိုလူအိုကြီးနောက်သို့လိုက်သွားရတော့သည်။တစ်နေရာအရောက်တွင်ရှလင်သူတို့ကိုတစ်ယောက်ယောက်မှစောင့်ကြည့်နေသည်ဟုခံစားလိုက်ရသဖြင့် ရှလင်သွားနေသည်ကိုရပ်လိုက်ကာဘေးပတ်ဝန်းကျင်ကိုစစ်ဆေးလိုက်သည်။
သို့သော်ရှလင်စစ်ဆေးလိုက်သည်နှင့်ထိုစောင့်ကြည့်နေမှုသည်ပျောက်ကွယ်သွားလေသည်။ရှလင်တစ်ခုခုကိုဉာဏ်အလင်းရသွားသကဲ့သို့ခေါင်းသာခါလိုက်ရသည်။
‘ရောက်လာရမဲ့ သူကတော့ရောက်နှင့်နေပြီဘဲ..”
ရှလင်အတွေးများမှရုန်းထွက်ကာ သာရှီးအားကြည့်လိုက်တော့ခပ်လှမ်းလှမ်းသို့ပင်ရောက်နေပြီဖြစ်သည်။သူထိုလူအိုကြီးအားကြည့်ကာစိတ်လေသွားသည်။
‘သာရှီးရေသာရှီး...မင်းကိုသတ်ချင်တဲ့လူမရှိလို့သာဒီအချိန်ထိအသက်ရှင်နေတယ်လို့ပြောရလိမ့်မယ်ကွ’
ထို့နောက်ရှလင် သာရှီးနောက်သို့အော်ဟစ်ကာလိုက်သွားရတော့သည်။
“လူအိုကြီး...ကျုပ်ကိုစောင့်ဦးဗျ”