အခန်း (၁၆)
Vol. 2 Ch. 16
အပိုင်း ၁၆
ရှလင် သာရှီး၏အိမ်အတွင်းသို့ရောက်သည်နှင့်အိမ်အတွင်းသို့လိုက်စပ်စုလိုက်သည်။ထိုအရာမှာအခန်းနှစ်ခန်းသာရှိသောသစ်သားအိမ်လေးတစ်လုံးဖြစ်ပြီးပရိဘောဂအနည်းငယ်သာရှိလေသည်။
ရှလင်အိပ်အားစပ်စုနေစဉ်သာရှီး၏အသံထွက်လာလေသည်။
“ရှလင်...ဒါကမင်းနေရမဲ့အခန်းဘဲ”
ရှလင်အိမ်အတွင်း၌စပ်စုနေတုန်း သာရှီး၏အသံကိုကြားလိုက်သဖြင့်ထိုနေရာသို့ကြည့်လိုက်ရာသာရှီးသည်အခန်းနှစ်ခုအနက်တစ်ခန်း၏ရှေ့တွင်ရပ်ကာသူ့ကိုခေါ်နေခြင်းဖြစ်ကြောင်းသိလိုက်ရသည်။
ထို့ကြောင့်ရှလင်ထိုနေရာသို့အမြန်သွားလိုက်သည်။သာရှီးဝင်သွားသောအခန်းအတွင်းသို့ရှလင်လိုက်ဝင်သွားလိုက်သည်နှင့် စာအုပ်များနှင့်ပြည့်နေသောစာအုပ်စင်တစ်ခု၊စာကြည့်စားပွဲတစ်ခု၊ကုတင်တစ်လုံးနှင့်အခြားပရိဘောကအနည်းငယ်ရှိသောအခန်းအတွင်းပိုင်းကိုတွေ့လိုက်သည်။
“ဒါမင်းနေရမဲ့နေရာဘဲ...ငါကဟိုဘက်အခန်းမှာနေတယ်”
“နေ့လယ်စာစားမယ့်အချိန်ကျရင် ငါမင်းကိုလာခေါ်မယ်”
အခန်းအားစပ်စုနေသောရှလင် သာရှီးအားမကြည့်ဘဲခေါင်းသာငြိမ့်ပြလိုက်သည်။ရှလင်၏တုန့်ပြန်မှုကြောင့်သာရှီးကသူ့အားအခန်းထဲတွင်တစ်ယောက်ထဲချန်ခဲ့ကာထွက်သွားလေသည်။
သာရှီးထွက်သွားသည်နှင့်ရှလင်အခန်းတံခါးအားပိတ်လိုက်ကာအခန်းအတွင်းရှိတစ်ခုတည်းသောကုတက်ပေါ်တွင်ထိုင်လိုက်ပြီးစနစ်အားခေါ်လိုက်သည်။
“စနစ် ထွက်ခဲ့ပါဦးဟ”
“ဒင်!...အမိန့်ရှိပါပိုင်ရှင်”
“ငါဒီနေ့လက်မှတ်ထိုးမဝင်ရသေးဘူးမလား နော်ဒင်အကယ်ဒမီမှာလက်မှတ်ထိုးဝင်ရောက်ပါ”
“ဒင်!...ပိုင်ရှင်သည် ထပ်ခါထပ်ခါလက်မှတ်ထိုးဝင်ရောက်နိုင်သော နော်ဒင်အကယ်ဒမီတွင် လက်မှတ်ထိုးဝင်ရောက်လိုက်ပါသည်”
“ဒင်!....ဂုဏ်ယူပါတယ်...ပိုင်ရှင်သည်ဝိဉာဉ်ကွင်းအားသိုလှောင်နိုင်သော ဝိဉာဉ်သန့်စင်ခြင်းပုလဲတစ်ခုအားရရှိပါသည်”
“ဆုလာဒ်အားစနစ်၏သိုလှောင်ခန်းထဲသို့လွှဲပြောင်းပြီးပါပြီ”
“ဝိုးးးးးးး”
နော်ဒင်အကယ်ဒမီသည်အကြိမ်ကြိမ်လက်မှတ်ထိုးဝင်ရောက်နိုင်သောနေရာတစ်ခုဖြစ်လိမ့်မည်ဟုရှလင်မထင်ထားပေ။ထို့အပြင်ရှလင်တစ်ခါမှမရဖူးသေးသောပစ္စည်းတစ်ခုအားရရှိလိုက်လေသည်။
ရှလင်ထိုပစ္စည်းအားစနစ်နေရာလွတ်ထဲမှထုတ်ကာအညွှန်းကိုဖတ်လိုက်သည်။
‘ပစ္စည်းအမည် = ဝိဉာဉ်သန့်စင်ခြင်းပုလဲ
အသုံးပြုပုံ
သင်သည်မစုပ်ယူရသေးသောသာရဲဝိဉာဉ်ကွင်းများကိုဝိဉာဉ်သန့်စင်ခြင်းပုလဲအတွင်း၌သိမ်းဆည်းထားနိုင်ပါသည်။ထို့အပြင်ပိုင်ရှင်သိမ်းဆည်းထားသောဝိဉာဉ်ကွင်းများမှသာရဲများ၏အညိုးအတေးများကိုဝိဉာဉ်သန့်စင်ခြင်းပုလဲမှသန့်စင်ပေးနိုင်ပြီးစုပ်ယူမည့်သူအားလွယ်လင့်တကူဝိဉာဉ်ကွင်းအားသိမ်းယူနိုင်စေပါသည်။
ရှလင်ထိုပစ္စည်း၏အသုံးပြုပုံကြောင့်သူ့ပါးစပ်ထောင့်များသည်အပေါ်သို့ကွေးတက်သွားသည်။သူတန်ဖိုးကြီးပစ္စည်းတစ်ခုကိုရလိုက်သည်မဟုတ်လား။
ဝိဉာဉ်ကွင်းများသည်ဝိဉာဉ်သားရဲများသေဆုံးပြီးသည်နှင့်၂နာရီအတွင်းမစုပ်ယူပါကပျောက်ကွယ်သွားမည်ဖြစ်သည်။ထို့ကြောင်ဝိဉာဉ်ဆရာများသည်ထိုနေရာတွင်သာဝိဉာဉ်ကွင်းများကိုစုပ်ယူရသဖြင့်ဘေးတွင်စောင့်ရှောက်ပေးမည့်သူများမရှိလျှင်ထိုဝိဉာဉ်ဆရာအတွက်အလွန်အန္တရယ်များလှပေသည်။
သို့သော်ဝိဉာဉ်သန့်စင်ခြင်းပုလဲဖြင့်ဆိုလျှင်မတူတော့ချေ။ထိုပုလဲဖြင့်ဝိဉာဉ်ကွင်းများကိုမပျောက်ကွယ်သွားအောင်သိမ်းဆည်းထားနိုင်ပြီးသားရဲများ၏အငြိုးအတေးများကိုသန့်စင်နိုင်ခြင်းလည်းပါသောကြောင့်ဝိဉာဉ်ဆရာများအားဝိဉာဉ်ကွင်းများကိုအလွယ်တကူသိမ်းယူနိုင်လေသည်။
ထို့ကြောင့်ဤဝိဉာဉ်သန့်စင်ခြင်းပုလဲ၏တန်ဖိုးသည်ဝိဉာဉ်ဆရာများအတွက်အဖိုးမဖြတ်နိုင်သောရတနာတစ်ခုကဲ့သို့ပင်ဖြစ်သည်။ရှလင် အကျေနပ်ကြီး ကျေနပ်သွားကာထိုဝိဉာဉ်သန့်စင်ခြင်းပုလဲအား သိုလှောင်လက်စွပ်အတွင်းသို့ထည့်လိုက်လေသည်။
ထို့နောက်စနစ်၏သိုလှောင်ခန်းအတွင်း၌ရှိနေသေးသောသူ၏မဖောက်ရသေးသောဆုလာဒ်ခရမ်းရောင်အဆင့်လက်ဆောင်ထုပ်ပေါ်သို့ရှလင်၏အကြည့်များကျရောက်သွားတော့သည်။
“စနစ်..ခရမ်းရောင်အဆင့်လက်ဆောင်ထုပ်ကိုဖွင့်ပါ”
“ဒင်!....ခရမ်းရောင်အဆင့်လက်ဆောင်ထုပ်ကိုဖွင့်လိုက်ပ့သည်”
“ဒင်!...ဂုဏ်ယူပါတယ် ..ပိုင်ရှင်သည်..ခရမ်းရောင်အဆင့်လက်ဆောင်ထုပ်မှ မိမိသိုင်းဝိဉာဉ်နှင့်လိုက်ဖက်သောနှစ်နှစ်သိန်းသက်တမ်းရှိဝိဉာဉ်ကွင်းတစ်ကွင်းအားကျပမ်းရရှိနိုင်သည့်ကဒ်ကိုရရှိပါသည်”
“ပိုင်ရှင်ရွေးချယ်ပါမည်လား”
ရှလင်သူဒီနေ့အရမ်းကံကောင်းနေတယ်လို့ခံစားလိုက်ရသည်။ပထမဦီးဆုံးဝိဉာဉ်သန့်စင်ခြင်းပုလဲ အခုကြတော့မိမိနှင့်၁၀၀%လိုက်ဖက်တဲ့ဝိဉာဉ်ကွင်း သူအရမ်းကံကောင်းနေသည်မဟုတ်လား။ထို့နောက်ရှလင်စနစ်အားအဖြေပြန်ပေးလိုက်သည်။
“စနစ် ကျပမ်းရွေးချယ်တဲ့ကဒ်ကိုအသုံးပြုပါ”
“ဒင်!...ကျပမ်းရွေးချယ်သည့်ကဒ်ကိုအသုံးပြုနေပါသည်
ပိုင်ရှင်၏သိုင်းဝိဉာဉ်နှစ်ခုထဲမှတစ်ခုကိုရွေးပါ”
ရှလင်အချိန်အတော်ကြာစဉ်းစားလိုက်ပြီးနောက်သူ၏အဓိကတိုက်ခိုက်ရေးဖြစ်သောကြာပန်းသိုင်းဝိဉာဉ်တွင်တပ်ဆင်ဖို့အတွက်ရွေးချယ်လိုက်သည်။
“စနစ် ပွင့်ချပ်ကိုးခုကြာပန်းအတွက်ရွေးချယ်ပါ”
“ဒင်!...ပွင့်ချပ်ကိုးခုကြာပန်းသိုင်းဝိဉာဉ်အတွက်ရရှိနိုင်မည့်ဝိဉာဉ်ကွင်းများထဲမှကျပမ်းရွေးချယ်နေပါသည်”
“ဂုဏ်ယူပါတယ်..ပိုင်ရှင်သည် အပြင်းစားတိုက်ခိုက်ရေးသားရဲစင်္ကြာမြီးသားရဲ၏ ဝိဉာဉ်ကွင်းကိုရရှိပါသည်”
“ပိုင်ရှင်တပ်ဆင်ပါမည်လား”
“တပ်ဆင်မယ်”
ရှလင်ထိုသို့ပြောလိုက်သည်နှင့်လေထုထဲ၌အနီရောင်ဝိဉာဉ်ကွင်းတစ်ကွင်းဖြစ်တည်လာပြီး ရှလင်ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်ကာပျောက်ကွယ်သွားလေသည်။
ရှလင် အခန်းအတွင်း၌ဖြစ်ပျက်နေသည်များကိုအပြင်လူမသိအောင်ဖုံးကွယ်ထားခိုင်းလိုက်သည်မှာအလွန်ပင်မှန်လေသည်။မဟုတ်လျှင်နှစ်နှစ်သိန်းကွင်းမှထွက်ပေါ်လာသောအရှိန်အဝါမှာနော်ဒင်မြိုတစ်မြို့လုံးအားတုန်လှုပ်သွားစေနိုင်လေသည်။
ရှလင်သူ၏ပွင့်ချပ်ကိုးခုကြာပန်းသိုင်းဝိဉာဉ်ကိုထုတ်လိုက်သည့်အခါသူချိပ်ပိတ်ထား၍အဝါရောင်ဖြစ်နေသောနှစ်တစ်သိန်းကွင်းနှစ်ကွင်းနှင့်အတူအနီရောင်ဝိဉာဉ်ကွင်းတစ်ကွင်းတို့ထွက်ပေါ်လာလေသည်။
ရှလင်အရင်ဦးဆုံးနှစ်နှစ်သိန်းဝိဉာဉ်ကွင်းအားခရမ်းရောင်ဝိဉာဉ်ကွင်းအဖြစ်သို့ချိပ်ပိတ်လိုက်ပြီးနောက်သိုင်းဝိဉာဉ်၏အချက်အလက်များကိုစစ်ဆေးကြည့်လိုက်သည်။
“စနစ် ပွင့်ချပ်ကိုးခုကြာပန်းသိုင်းဝိဉာဉ်ရဲ့အချက်အလက်ကိုပြပါ”
“ဒင်!..ဟုတ်ကဲ့ပါပိုင်ရှင်”
‘သိုင်းဝိဉာဉ်အမည် = ပွင့်ချပ်ကိုးခုကြာပန်း
တပ်ဆင်ထားသောဝိဉာဉ်ကွင်း = သုံးကွင်း
ပထမဝိဉာဉ်ကွင်း = နှစ်တစ်သိန်းဆူးတစ်ရာနဂါး
ဝိဉာဉ်ကွင်းစွမ်းရည်များ = ကြာပန်းပစ်လွှတ်ခြင်း
ကြာပန်းပေါက်ကွဲခြင်း
(ချိပ်ပိတ်ထား)
ဒုတိယဝိဉာဉ်ကွင်း = နှစ်တစ်သိန်းမီးအဆိပ်ပန်းပင်
ဝိဉာဉ်ကွင်းစွမ်းရည်များ = မီးအဆိပ်ဆူးပစ်လွှတ်ခြင်း
တတိယဝိဉာဉ်ကွင်း = နှစ်နှစ်သိန်းစင်္ကြာမြီးသားရဲ
ဝိဉာဉ်ကွင်းစွမ်းရည်များ = ဖျက်စီးရေးစင်္ကြာများ’
(A/N ..ပထမဝိဉာဉ်ကွင်းမှာစွမ်းရည်နှစ်ခုရှိပြီးကျန်ဝိဉာဉ်ကွင်းတွေမှာတစ်ခုဘဲရှိတာလဲဆိုရင် သွေးမျိုးဆက်ကွာလို့ပါ။ ရှလင်ကိုအခုတစ်ယောက်ယောက်ကသတ်လိုက်မယ်ဆိုရင်ရွှေဝိဉာဉ်မှာပါတဲ့စွမ်းရည်နှစ်ခုရှိတဲ့နှစ်တစ်သိန်းဝိဉာဉ်ကွင်းရမှာပါ)
ရှလင်သူ့ရဲ့ဝိဉာဉ်ကွင်းစွမ်းရည်တွေကိူကြည့်ပြီးကျေနပ်သွားလေသည်။ထို့နောက်မွှေ့ယာပေါ်တွင်အပြင်းကြောဆန့်လိုက်ကာအိပ်ရန်ပြင်လိုက်သည်။သူယခုလိုမအိပ်ရသည်မှာကူးပြောင်းလာပြီးကတည်းကဖြစ်သည်မဟုတ်လော။ထို့နောက်ရှလင်၏မျက်လုံးများစင်းလာကာအိပ်စက်ခြင်းဆီသို့ဝင်ရောက်သွားလေသည်။