← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

အပိုင်း ၁၇

ရှလင်အိပ်ပျော်နေသည်မှာတံခါးခေါက်သံမထွက်လာခင်အထိဖြစ်သည်။

“ဒေါက်~ဒေါက်~”

ရှလင်အိပ်မှုံစုံမွှားဖြင့်တံခါးအားဖွင့်လိုက်သည်နှင့်သူထံသို့ဝင်လာသောအထုပ်တစ်ထုပ်အားအမြန်ဖမ်းလိုက်ရသည်။ရှလင်ထိုအထုပ်လာရာနေရာသို့ကြည့်လိုက်သောအခါအခန်းဝတွင်ရပ်နေသောသာရှီးကိုတွေ့လိုက်သည်။

ရှလင်ဒေါသတကြီးဖြင့်ရန်တွေ့ရန်စဉ်းစားလိုက်သည့်အချိန်တွင်သာရှီးနောက်တွင်ထန်စန်းပါလာသည်ကိုတွေ့လိုက်သည်။ထို့ကြောင့်ရှလင်ကိုယ်ရှိန်သပ်လိုက်ရပြီးထိုလူအိုကြီးအားစိတ်ထဲ၌သာကျိန်ဆဲရတော့သည်။ထိုအချိန်တွင်သာရှီး၏နောက်မှထန်စန်းကထွက်လာပြီးရှလင်အားနှုတ်ဆက်လိုက်သည်။

“ဆရာ..”

“အင်း...မင်းတို့လုပ်စရာရှိတာလုပ်ပါ”

ရှလင်ထိုသို့ပြောပြီးအနီးရှိဆိုဖာပေါ်တွင်ထိုင်ကာသာရှီးသူ့ကိုပစ်ပေးလိုက်သောနေ့လယ်စာအထုပ်ကိုဖြေ၍စစားလိုက်သည်။စားနေရင်းပင်ထန်စန်းအားရှလင်မေးလိုက်သည်။

“ရှောင်စန်း..မင်းရောစားပြီးပြီလား”

“ဟုတ်..စားပြီးပါပြီ ဆရာ”

ရှလင်သိပြီဟူသောသဘောဖြင့်ထန်စန်းအားခေါင့်ငြိမ့်ပြလိုက်ပြီးသူ့နေလယ်စာကိုဆက်စားလိုက်သည်။ဇာတ်ကြောင်းအရဆိုထန်စန်းအားသာရှီးနေ့လယ်စာပေးသည့်နေရာမှာသူနေသည့်ဒီအခန်းမှာဖြစ်သည်။ယခုတော့သူ့ကြောင့်ဇာတ်ကြောင်းပြောင်းသွားပြီးသာရှီးသူ့အခန်းတွင်သာထန်စန်းအားပေးလိုက်ဟန်ရလေသည်။

သို့သော်ရှလင်ဂရုမစိုက်တော့ချေ။ထန်စန်းတစ်ယောက်လုံးအားတပည့်အဖြစ်လက်ခံပြီးမှတော့နေ့လယ်စာလေးနေရာမှားပေးတာကရှလင်အတွက်အသေးအမွှားဖြစ်သွားလေသည်။

ရှလင်နေ့လယ်စာ‌စားနေရင်း သာရှီးနှင့်ထန်စန်းတို့ပြောနေသည့်စကားများကိုနားစွင့်နေလေသည်။သာရှီးကထန်စန်း၏ဒုတိယသိုင်းဝိဉာဉ်ကိုထုတ်ပြခိုင်းလိုက်သည့်အချိန်တွင်ရှလင်ထိုလူအိုကြီးအံ့ဩသွားသည့်မျက်နှာကိုကြည့်ကာကြိတ်ရယ်လိုက်သည်။

‘ဟမ့်..လူအိုကြီး..အရမ်းအံ့ဩသွားတယ်မလား..ငါကထန်စန်းရဲ့နောက်ခံအကြောင်းကိုအကုန်သိပြီးသာကွ..ဟားဟား’

ထန်စန်းသူ့အတွေးများနှင့်အတူကြိတ်ရယ်ပြီးနောက်သာရှီးအိုကြီး၏ငွေပြာရောင်မြက်အပေါ်သူ၏သုတေသနပြုမှုများအကြောင်းထန်စန်းအားပြောပြနေသည်ကိုနားထောင်လိုက်သည်။

သူဤဇာတ်ကွက်ကိုသိပြီးပြီဖြစ်သော်လည်းအပြင်တွင်ကိုယ်တိုင်နားထောင်ရသည်မှာသူ့အတွက်လည်းဗဟုသုတရသည်မဟုတ်လား။ထို့နောက် နောက်တစ်နေ့တွင်ထန်စန်းအားဝိဉာဉ်ကွင်း သွားရှာမည်ဟူသောသာရှီး၏စကားကြားချိန်တွင်ရှလင်ဝင်ပြောလိုက်သည်။

“ဟမ့်..လူအိုကြီး ထန်စန်းကခင်ဗျားတစ်ယောက်ထဲရဲ့တပည့်မဟုတ်ပါဘူး”

“ကျုပ်တပည့်လည်းဟုတ်တယ်..အဲ့တော့မနက်ဖြန်ကျရင်ကျုပ်လည်းလိုက်ခဲ့မယ်”

ရှလင်၏စကားကိုတုံ့ပြန်သောအနေဖြင့်သာရှီးခေါင်းသာငြိမ့်ပြလိုက်သည်။ထို့ကြောင့်ယခင်ဇာတ်ကြောင်းမှသာရှီနှင့်ထန်စန်းတို့သာသွားမည့်ခရီးတွင်ရှလင်ပါကြာညှပ်၍ပါလာလေသည်။

နောက်တစ်နေ့မနက်တွင်ရှလင် သာရှီးနှင့်ထန်စန်းတို့သုံးယောက်မြင်းလှည်းတစ်စင်းငှါးကာနော်ဒင်မြို့မြောက်ဘက်ရှိဝိဉာဉ်အမဲလိုက်တောသို့ထွက်လာခဲ့လိုက်သည်။လှည်းအတွင်းတွင်အိပ်ရေးပျက်နေသောအနေအထားဖြင့်ထန်စန်းအားသာရှီးမှဝိဉာဉ်ကွင်းနှင့်ပတ်သတ်သည့်အကြောင်းအရာများကိုရှင်းပြနေသည်။

ရှလင်လည်းလှည်းစီးရသည်မှာပျင်းစရာကောင်းသဖြင့်သာရှီတို့စကားဝိုင်းအားနားထောင်နေလိုက်သည်။ဝိဉာဉ်သားရဲများအားသတ်ဖြတ်သည့်အကြောင်းပြောနေသော်လည်းရှလင်ဘယ်လိုမှမနေချေ။နဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီးနောက်ရှလင်ဗီဇအရထိုဝိဉာဉ်သားရဲများအားအထင်သေးလေသည်။

သူအရင်တုန်းကသူတစ်ပါးကိုအထင်အမြင်သေးသည့်စိတ်မျိုးမရှိသော်လည်းယခုတွင်တော့မတူတော့ချေ။ဘယ်သူကသူ့ကိုနဂါးတစ်ကောင်အဖြစ်ပြန်ဝင်စားခိုင်းလို့လဲ။ရှလင်နဂါးတစ်ကောင်ဖြစ်လာသည်မှာကြာလာသည်နှင့်အမျှနဂါးခန္ဓာကိုယ်နှင့်သူ၏ဝိဉာဉ်တို့တဖြည်းဖြည်းအသားကျလာပြီးနဂါးတို့၏ဗီဇကလည်းသူ့ဝိဉာဉ်အပေါ်လွှမ်းမိုးလာလေသည်။

ရှလင်အပြင်တွင်သာသူ၏အထင်အမြင်သေးမှုကိုမထုတ်ပြသော်လည်းစိတ်ထဲတွင်တော့နဂါးမျိုးနွယ်မှလွဲ၍အခြားသားရဲများကိုအထင်အမြင်သေးမှုကိုထိန်းမရချေ။ထို့ကြောင့်သာရှီးတို့၏စကားများသည်သူ့အပေါ်သို့မသက်ရောက်ချေ။

သာရှီး ဝိဉာဉ်သားရဲများနှင့်ပတ်သတ်ပြီးပြောစရာအကြောင်းများပြီးဆုံးသည်နှင့်ထန်စန်းအားသိုလှောင်ခါးပတ်တစ်ခုထုပ်ပေးလိုက်သည်ကိုရှလင်မြင်လိုက်လေသည်။ထို့ကြောင့်ရှလင်လည်းစနစ်၏နေရာလွတ်အတွင်းမှသူလက်မှတ်ထိုးဝင်ရာမှရရှိထားသောသိုလှောင်အိတ်တစ်ခုအားထုပ်ကာထန်စန်းအားပေးလိုက်သည်။

“ရော့..တပည့်လေး..ဟောဒီကဆရာကလည်းတပည့်လေးကိုသိုလှောင်အိတ်တစ်ခုလက်ဆောင်ပေးတယ်”

ရှလင်၏လက်ဆောင်အားငြင်းချင်နေသောထန်စန်းအားကြည့်ကာရှလင်စကားတစ်ခွန်းထပ်ဖြည့်လိုက်လေသည်။

“ဘာလဲ..တပည့်လေးကဆရာပေးတာကိုမလိုချင်ဘူးလား..ဒီသိုလှောင်အိတ်ကနယ်နယ်ရရမဟုတ်ဘူးနော်”

“သက်ရှိအရာတွေကိုပါထည့်ထားနိုင်တယ်”

ရှလင်၏ထိုစကားထွက်လာသည်နှင့်သာရှီးရောထန်စန်းပါသူ့အားကြည့်လာလေသည်။အထူးသဖြင့်မျက်လုံးတောက်တောက်များဖြင့်သူ့အားကြည့်နေသောထန်စန်းဖြစ်သည်။ထို့ကြောင့်ရှလင် ထန်စန်းအားစလိုက်သည်။

“ရပါတယ်..တပည့်လေးကမလိုချင်တော့လည်း..ဆရာဘယ်တတ်နိုင်မလဲ”

ရှလင်စကားဆုံးသည်နှင့်ထန်စန်း၏အလောတကြီးအသံထွက်လာလေသည်။

“မဟုတ်တာ..ဆရာကလည်း တပည့်ကဆရာပေးတာကိုမလိုချင်ဘဲနေပါ့မလား”

“ဟားးး ဟားးး ဟားးး ဟားးး”

ထန်စန်း၏စကားကိုကြားသည်နှင့်ရှလင်အကျယ်ကြီးအော်ရယ်လိုက်သည်။ထို့နောက်သူပြန်သိမ်းသွားမည်ကိုကြောက်နေသောသူ့တပည့်လေးအားကြည့်ကာရှလင်သိုလှောင်အိတ်ကိုပစ်ပေးလိုက်သည်။

သူပစ်ပေးလိုက်သည်နှင့်သိုလှောင်အိတ်အားဖမ်းကာသိုလှောင်ခါးပတ်ထဲသို့အမြန်ထည့်လိုက်သောထန်စန်းအားကြည့်ကာရှလင်မနိုင်ဘူးဟူသောအဓိပ္ပါယ်ဖြင့်ခေါင်းခါလိုက်သည်။ရှလင်၏အမူအယာကိုမြင်လိုက်သည်နှင့်ထန်စန်းရှက်ကိုရှက်ကန်းဖြင့်သူ့ခေါင်းအားကုတ်နေလေသည်။

ထန်စန်း၏ရှက်နေသောအမူအရာကိုမြင်သည်နှင့့်ရှလင်အကျယ်ကြီးအော်ရယ်လိုက်သည်။သာရှီကလည်းပြုံးစိစိအမူအရာဖြင့်ထန်စန်းအားကြည့်နေလေသည်။ထို့ကြောင့်ဝိဉာဉ်အမဲလိုက်တောသို့သွားရာလမ်းတစ်လျှောက်တွင်ရထားလုံးအတွင်းမှရယ်သံများအဆက်မပြတ်ကြားနေရသည်မှာဝိဉာဉ်အမဲလိုက်တောအဝင်ဂိတ်သို့‌မရောက်ခင်အထိဖြစ်လေသည်။

ဝိဉာဉ်အမဲလိုက်တော၏ဂိတ်ဝနှင့်ခပ်လှမ်းလှမ်းတွင်မြင်းလှည်းရပ်လိုက်သည်နှင့်ရှလင်တို့သုံးယောက်မြင်းလှည်းအတွင်းမှဆင်းလာလေသည်။သူတို့ဆင်းလာသည်နှင့်အရင်ဆုံးတွေ့လိုက်သည်မှာ ဝိဉာဉ်သားရဲအမဲလာလိုက်သောဝိဉာဉ်ဆရာအများစုနှင့်ထိုဝိဉာဉ်ဆရာများအားတောအတွင်းသို့ဝင်ရာတွင်လိုအပ်သောပစ္စည်းများလာရောက်ရောင်းချနေသောသာမာန်လူတို့ဖြင့်ပြည့်နေသည့်ဈေးအသေးတစ်ခုဖြစ်သည်။

ရှလင်တို့သုံးယောက်ဈေးအတွင်းသို့ဖြတ်လျှောက်ရာတွင်တစ်နေရာအရောက်၌ယာယီအဖွဲ့ဖွဲ့ရန်အော်ဟစ်ကာလူခေါ်နေသည်အားတွေ့လိုက်သဖြင့်ထန်စန်းကသူနှင့်သာရှီးအားမေးလိုက်သည်။ထန်စန်း၏အမေးအားရှလင်နှာခေါင်းရှုံ့ပြီးပြန်ဖြေလိုက်သည်။

“ဟမ့်..သူတို့ကအရူးတွေလေ..ဝိဉာဉ်သားရဲအမဲလိုက်တာများဘာလို့အဖွဲ့ဖွဲ့လိုတာလဲ”

“ဒီအတိုင်း..ထိုးသတ်လိုက်ရင်ရပြီမဟုတ်ဘူးလား”

ရှလင်အထင်သေးသည့်အသံဖြင့်ထပ်ပြောရန်ကြံလိုက်သည့်အချိန်တွင်လူအိုကြီးသာရှီး၏စကားဖြတ်ပြောခြင်းခံလိုက်သည်။

“တော်ပြီ..ရှလင်..မင်းကလေးကိုမဟုတ်တာတွေမသင်ပေးနဲ့”

စကားဖြတ်ပြောခံလိုက်ရသောကြောင့်ရှလင်မကျေမနပ်ဖြစ်ကာလူအိုကြီးသာရှီးအားမကျေမနပ်ကြည့်လိုက်သည်။

All Chapters