← Chapters

မျှတတဲ့ယောက်ဖ

Vol. 63 Ch. 1011

မျှတတဲ့ယောက်ဖ

Vol. 63 Ch. 1011

ရွှေရောင်နယ်မြေ၊ တောင်ဘက် ဆင်ခြေဖုံး၌-

မြေပြင်ပေါ်တွင် သံမဏိကြေးခွံ ဗိုလ်ခြေနှင့် ကျောက်စိမ်းဗိုလ်ခြေမှ စစ်သားများက ခေါင်းကို မော့၍ ကောင်းကင်ကို ကြည့်နေကြသည်။

ကောင်းကင်တွင် ကြီးမားသည့် ပုံရိပ် နှစ်ခု ရှိနေသည်။

ရှားပါးသော သိဒ္ဓိနဂါး နှစ်ကောင်နှင့် ဒဏ္ဍာရီလာ နဂါးစစ်သည်တော် နှစ်ဦးတို့ သူသေကိုယ်သေ တိုက်ခိုက်နေခြင်း ဖြစ်သည်။

စစ်သည်တော်နှစ်ဦး လက်ထဲတွင် သာမန်လက်နက်များ မဟုတ်ဘဲ ၁၀မီတာခန့် ရှည်လျားသော ကြောက်မက်ဖွယ် ဧရာမ လှံတံ တစ်ချောင်း ဖြစ်သည့် နဂါးလှံ ရှိနေလေသည်။

ထိုအရာက နဂါးစစ်သည်တော်၏ အသုံးအများဆုံး လေကြောင်း တိုက်ခိုက်ရေး လက်နက်တစ်ခု ဖြစ်ပြီး တိုက်ရိုက်တိုက်ခိုက်နိုင်သလို ပစ်ပေါက်၍လည်း ရနိုင်သည်။ ထိုလှံတွင် လူသားများ လက် တစ်ဖက်တည်းဖြင့် ကိုင်နိုင်သော အထူးတည်ဆောက်ပုံ တစ်ခု ရှိသော်လည်း သာမန်လူများကတော့ လုံးဝ မကိုင်နိုင်ပေ။ တိုက်ခိုက်ရန် လွှဲဖို့ ပြောစရာပင် မလိုပေ။ ထူးခြားပြီး သေသေချာချာ လေ့ကျင့်ထားသော နဂါးစစ်သည်တော်သာ နဂါးလှံကို လွတ်လပ်စွာ အသုံးပြုနိုင်ပေမည်။

ထိုလက်နက်၏ သေစေနိုင်စွမ်းက အတော်လေး ကြီးမားလှသည်။ အစွမ်းထက် ခုခံမှုရှိသော ဧရာမနဂါးပင် ပြင်းထန်စွာ ဒဏ်ရာရနိုင်၏။ နှစ်ဖက်စလုံးက အကြိမ်များစွာ ရစ်ပတ်ပြီး တိုက်ခိုက်ခဲ့ကြသည်။ ပိုသေးငယ်သော သိဒ္ဓိနဂါးက အန်ဒါလူ ဖြစ်ပြီး သူ့ဝမ်းဗိုက်တွင် ဒဏ်ရာများစွာ ရှိနေသည်။ အနက်ရှိုင်းဆုံး ဒဏ်ရာများက နောက်ကျောအထိ ပျံ့နှံ့နေပြီး အကြေးခွံများ လန်နေ၏။ ဘရက်ကလင်၏ နဂါးကိုယ်ထည်က အန်ဒါလူထက် အများကြီး ပိုမို၍ အားကောင်းသော်လည်း ဒဏ်ရာများစွာ ရှိနေဆဲပင်။ အထင်ရှားဆုံးမှာ ဘေးဘက်တွင် သွေးတွေ ဆက်တိုက် စီးကျနေသော သွေးပေါက် နှစ်ပေါက်ပင်။

အန်ဒါလူက နဂါးငယ် ပါရမီရှင် များထဲမှ တစ်ဦးဖြစ်သော်လည်း သူက အလွန် ငယ်နေသေးသည်။ သူ၏ လက်ရှိစွမ်းအားက သူတော်စင်-ယောင် အဆင့် ထိပ်သီးပိုင်း ဖြစ်ပြီး နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ဖြစ်လေသည်။ ဘရက်ကလင်က အန်ဒါလူထက် အများကြီး ပို၍ အသက်ကြီးပြီး အတော်လေး အစွမ်းထက်သော ခုခံမှု ပါရမီလည်း ရှိသည်။ သူ၏ စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းကို ရောက်ရှိနေပြီ ဖြစ်သည်။ နဂါးစစ်သည်တော် နှစ်ဦးဖြစ်သော ဆမ်မြူရယ်နှင့် ထရီနစ် နှစ်ဦးစလုံးက သူတော်စင် အဆင့် ကနဦးပိုင်းများ ဖြစ်ကြ၏။ ဆမ်မြူရယ်၏ တိုက်ခိုက်ရေး စွမ်းအားက ထရီနစ်ထက် ပိုကောင်းသော်လည်း ထိုကဲ့သို့ ‘လေကြောင်းတိုက်ပွဲ’ တွင် ဆမ်မြူရယ်၏ အရေး အသာဆုံး အရှိန်ကို အသုံးမပြုနိုင်ခဲ့ပေ။ အားလုံးပေါင်းလျှင် ဆမ်မြူရယ်က အများကြီး နိမ့်ကျနေ၏။ သူက အပေးအယူမျှခြင်းနဲ့ သွက်လက်ခြင်းကြောင့်သာ တိုးမရ ဆုတ်မရ အခြေအနေဖြစ်အောင် ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။ အချိန်အ‌တော်လေး ကြာပြီးနောက် သူက တဖြည်းဖြည်း အရေးနိမ့်သော အနေအထားကို ရောက်ရှိလာခဲ့၏။

ဧရာမနဂါး နှစ်ကောင်က လေထဲ ရစ်ပတ်ပြီး ပျံသွားလိုက်ပြန်သည်။ အန်ဒါလူ၏ ကိုယ်က တုန်ခါသွားပြီး လျှို့ဝှက်ပညာရပ်တစ်ခုကို စတင်ပြီး သူ၏ အရှိန် ရုတ်တရက် တိုးလာကာ ဘရက်ကလင်ဆီကို တည့်တည့် တိုးဝင်သွားလိုက်သည်။

ဘရက်ကလင်က သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး ဖျက်ဆီးခြင်း အငွေ့အသက် ပါဝင်နေသော နဂါးအာငွေ့ကို အန်ဒါလူထံ မှုတ်ထုတ်လိုက်၏။ သို့သော် သူက ဘယ်ညာ၊ အထူးသဖြင့် နောက်ဘက် မျက်ကွယ်နေရာများကို ကာကွယ်ရန် အတွက် ပိုင်နက် စွမ်းအားကို စုဆောင်းနေခဲ့သည်။ ထိုအကွက်ကို [ကဏ္ဍပြောင်းရွှေ့] ဟု ခေါ်၏။ ထိုအရာက အန်ဒါလူ၏ ပုံမှန် တိုက်ခိုက်ရေး ပညာရပ် ဖြစ်သည်။ သူ့ရှေ့ကို တိုးဝင်လာတဲ့သူက သူ၏ ခန္ဓာကိုယ် အစစ်အမှန် မဟုတ်ဘဲ အတုအယောင် ဖြစ်သည်။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်က တစ်နေရာရာ၌ ပေါ်လာလိမ့်မည်။

ဘရက်ကလင်က ထိုလှည့်ကွက်ကို ယခင်တိုက်ပွဲများ၌ ကြုံခဲ့ဖူးသည်။ အန်ဒါလူကလည်း ယခင်က အကြိမ်များစွာ သုံးခဲ့ဖူးသောကြောင့် ပထမဆုံး နဂါးအာငွေ့က သူ၏ ခွန်အား ၃၀%ကိုသာ သုံးခဲ့သည်။ ရည်ရွယ်ချက်က အတုအယောင်ကို ဖျက်ဆီးရန်ပင်။ အစစ်အမှန် စွမ်းအားကိုတော့ ဘေး ဒါမှမဟုတ် နောက်မှ ရုတ်တရက် တိုက်ခိုက် လာမည်ကို ကာကွယ်ရန်အတွက် စုဆောင်းထားခဲ့လေသည်။

သို့သော် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်သွားခဲ့လေသည်။ နဂါးအာငွေ့က အန်ဒါလူ၏ ‘အတုအယောင်’ကို မဖြတ်သွားဘဲ အစစ်အမှန်ခန္ဓာကိုယ်ကို ထိမှန် သွားခဲ့သည်။ အန်ဒါလူက နတ်ဆိုးဧကရာဇ် အဆင့်သာရှိပြီး နတ်ဆိုးအရှင်သခင် အဆင့်၏ နဂါးအာငွေ့ကို တည့်တည့် ထိမှန်ခဲ့၏။ ဘရက်ကလင်က သူ၏ စွမ်းအား အကုန်လုံးကို မသုံးခဲ့ဘူး ဆိုလျှင်ပင် ထိခိုက်မှုက မပေါ့ပေ။ သူ့ရင်ဘတ်ပေါ်မှ အကြေးခွံများမှ သွေးများ စိမ့်ထွက် နေခဲ့သည်။ နဂါးလေး၏ တိုက်ခိုက်ရေးပုံစံက သူ့ရဲ့ အတွင်းဆန်သော ပုံစံနှင့် ဆန့်ကျင်ဘက်ပင်။ အသံတစ်ချက် ထွက်လာပြီး သူ့၏အရှိန် မလျော့ဘဲ တိုးလာခဲ့ပြီး ဘရက်ကလင်ဆီကို တည့်တည့် တိုးဝင်သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူက ဘရက်ကလင် ရှေ့ကို ရောက်ရှိ သွားခဲ့သည်။

ဘရက်ကလင်က အန်ဒါလူသည် [ကဏ္ဍပြောင်းရွှေ့]ကို မသုံးဘဲ နဂါးအာငွေ့ကို ဆန့်ကျင်ပြီး တိုးဝင်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ ထိုကဲ့သို့ မှားယွင်းသော တွက်ချက်မှုကြောင့် ယခုတွင် ရှောင်တိမ်းရန် အလွန် နောက်ကျ သွားခဲ့လေပြီ။ ဘရက်ကလင်က အံကြိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို စုဆောင်းထားသော တိုင်းပြည်စွမ်းအားဖြင့် ပေါက်ကွဲ ထွက်ရန်အတွက် ဖြူကောင်ကဲ့သို့ အသင့်ဖြစ်နေခဲ့သည်။ အန်ဒါလူက ရှောင်တိမ်းမသွားလျှင် ဆမ်မြူရယ်၏ ထောက်ပံ့မှုရှိနေသည့်တိုင် ပြင်းထန်လျှသော ထိခိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရလျှင်ရ သို့မဟုတ် သေပင် သေသွားနိုင်၏။

မမျှော်လင့်စွာပင် အန်ဒါလူက လုံးဝရှောင်ရန် ရည်ရွယ်မထားဘဲ တည့်တည့် တိုးဝင်သွားခဲ့သည်။ အောက်မှလူတိုင်းက အလင်းရောင် တောက်ပစွာ လင်းလက်နေပြီး ရှင်းရှင်းလင်းလင်းမရှိတဲ့ အော်သံ တစ်ခု ထွက်ပေါ်လာသည်ကိုသာ မြင်လိုက်ရသည်။ တစ်ချိန်တည်းပင် သူတို့၏ မြင်ကွင်းက အပြင်းအထန် ယိုယွင်းသွားခဲ့သည်။ သူတို့ မြင်ကွင်း ပြန်ကောင်းလာသောအခါ လေထဲမှ ကြီးမားသော ပုံရိပ် နှစ်ခုက တစ်ချိန်တည်း ခွန်အားဆုံးရှုံးသွားပုံ ရပြီး ပြုတ်ကျလာခဲ့ကြလေသည်။

“ဝုန်း!”

“ဝုန်း!”

တစ်ဆက်တည်း တုန်ခါမှု နှစ်ခု အပြီးတွင် ဥက္ကာပျံများ ကျလာသလို မြေပေါ်၌ ကြီးမားသော အပေါက် နှစ်ပေါက် ရှိနေ၏။ ပြုတ်ကျသော ထိခိုက်မှုက သာမန်အလေးချိန်ထက် ပိုပြင်းထန်ကြောင်း မြင်နိုင်ပေသည်။

ဇာမင်ဒါက သေသေချာချာကို မြင်နိုင်ခဲ့သည်။ နဂါးကြီး နှစ်ကောင် ထိပ်တိုက်တွေ့သောအခါ အန်ဒါလူ အပြင်းအထန် ထိမှန်သွားပြီး သူ၏ အကြေးခွံများမှ သွေးများ ပန်းထွက် လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆမ်မြူရယ်၏ နဂါးလှံကလည်း ဘရက်ကလင်၏ ခန္ဓာကိုယ်ကို ထိုးဖောက် ဝင်ရောက်ခဲ့သည်။ နာကျင်မှုကြောင့် ဘရက်ကလင်က အန်ဒါလူ၏ လည်ပင်းကို ကိုက်ပြီး အသားတစ်ဖဲ့ကြီး ဆွဲဖြဲပစ်လိုက်၏။ ထရီနစ်၏ တုံ့ပြန်မှုက အနည်းငယ် နောက်ကျသွားခဲ့သည်။ နဂါးလှံက အန်ဒါလူ၏ ရင်ဘတ်ကို ထိုးစိုက် သွားရာ ဆမ်မြူရယ်က ခုတ်ဖြတ် လိုက်သည့်အတွက် အနည်းငယ်သာ ဝင်သွားခဲ့သည်။

ဆမ်မြူရယ်၏ နောက်ထပ် တိုက်ကွက်က [အရုဏ်ဦးကွယ်ပျောက်] ပင်။ ‘မိုးပျံပျက်သုဉ်း’က မရေတွက်နိုင်သော အစအနများအဖြစ် ပေါက်ကွဲထွက်ပြီး ဘရက်ကလင်၏ ကြီးမားသော ခန္ဓာကိုယ်ပေါ်ကို မိုးရွာသလို ကြဲချလိုက်သည်။ ထိုတိုက်ကွက်က အလွန်နီးကပ်ပြီး အစအနများက အလွန်ထက်မြက်သည်။ ထို့ကြောင့် ဖြစ်ပေါ်လာခဲ့သော ထိခိုက်မှုက အတော်လေး ကြောက်စရာ ကောင်းလှပေသည်။ အစွမ်းထက် ခုခံမှုရှိသော ဘရက်ကလင်ပင် ၎င်းကို မခုခံနိုင်ခဲ့ပေ။ သူက ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပြီး သနားစရာ အော်ဟစ်သံနှင့် ပြုတ်ကျသွား၏။

အပြင်းအထန် ဒဏ်ရာရသွားသော အန်ဒါလူလည်း ပြုတ်ကျသွားသည်။ ဘရက်ကလင်က အလျင်အမြန် ထလိုက်သော်လည်း အန်ဒါလူက အားကုန်သွားပုံရပြီး ပြန်မထနိုင် တော့ပေ။

ပုံရိပ် နှစ်ခုက လေထဲမှာ ရစ်ပတ် နေဆဲ ဖြစ်ပြီး လျှပ်စီးလို ဓားအလင်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာ ခဲ့သည်။ ပုံရိပ်တစ်ခုက မြေပေါ် ဖုန်းခနဲ ပြုတ်ကျလာပြီး သူက သတိလစ်သွားပုံ ရသည်။ ထိုသူက ထရီနစ်ပင်။

ထရီနစ်ကို သတိလစ်စေပြီးနောက် ဆမ်မြူရယ်က လက်ခနဲ ဖြစ်သွားပြီး ချက်ချင်းပင် အန်ဒါလူ ဘေးနားကို ရောက်သွားခဲ့သည်။ သူက ဓားရှည်ကို ကန့်လန့်ဖြတ်ကိုင်ပြီး ရှေ့မှ ဖြည်းဖြည်းချင်း လျှောက်လာသော ဘရက်ကလင်ကို စူးစိုက်ကြည့်ပြီး မေးလိုက်သည်။ “အန်ဒါလူ! မင်း အဆင်ပြေရဲ့လား။”

ခုနက အနီးကပ် တိုက်ခိုက်မှုတွင် ဆမ်မြူရယ်က အန်ဒါလူကို ကာကွယ်ရန် စွမ်းအားအချို့ကို သုံးခဲ့ရသောကြောင့် ဘရက်ကလင်၏ တိုက်ခိုက်မှုကို အပြင်းအထန် ခံခဲ့ရ၏။ ခုနက ဘရက်ကလင်၏ အလစ်တိုက်ခိုက်မှုမှ ခံခဲ့ရသော ဒဏ်ရာအပြင် သူလည်း ဒဏ်ရာ အပြင်းအထန် ရခဲ့လေသည်။

“မသေသေးဘူး…” အန်ဒါလူက အားပျော့စွာ ပြန်ဖြေလိုက်သည်။ သူ ခေါင်းလှည့် မကြည့်နိုင်ခဲ့သော်လည်း သူ၏ မျက်လုံးများက ရှေ့ကို ရွေ့လျားလာသော ဘရက်ကလင်ထံ ရွေ့သွားခဲ့သည်။ “တကယ်တော့ အဲဒီကောင်လည်း ငါ့ထက် မသာဘူး။”

“အန်ဒါလူလေး။ မင်းက အရူးပဲ! လူမိုက်ကောင်!” ဘရက်ကလင်က အံကြိတ်လိုက်သည်။ “လူသား တစ်ယောက်အတွက် မင်း ဘာလို့ ဒီလောက် အပြင်းအထန် တိုက်ခိုက် ရတာလဲ။”

“ဘာဖြစ်လို့လဲဆိုတော့… နဂါးစစ်သည်တော်က ဧရာမနဂါးရဲ့ မိတ်ဖက် ဖြစ်လို့ပဲ။”

“မိတ်ဖက်ဟုတ်လား။” ဘရက်ကလင်က ဖြတ်ပြောလိုက်၏။ “အဲဒီလူကြီးတွေ သင်ပေးခဲ့တာတွေနဲ့ မင်း ရူးသွားပြီလား။”

“ဆမ်မြူရယ်က ကျုပ်ရဲ့ မိတ်ဖက်။ အဲဒီလူက ခင်ဗျားရဲ့ မိတ်ဖက် မဟုတ်ဘူး။”

“အရူးကောင်! မင်းကို ငါ အသိစိတ် ပြန်ဝင်အောင် ကူညီရဦးမယ်!”

“နောက်တစ်လှမ်း ထပ်လှမ်းရဲရင် လှမ်းကြည့်။ အသေပဲ။” ဆမ်မြူရယ်၏ ခန္ဓာကိုယ်က နာကျင်မှုကြောင့် အနည်းငယ် တုန်ခါနေသော်လည်း ဓားကို ကိုင်ထားတဲ့လက်က ခိုင်မာနေဆဲပင်။ ‘မိုးပျံပျက်သုဉ်း’ အစအနအများစုက ဘရက်ကလင်၏ ခန္ဓာကိုယ်ထဲ ရှိနေသည်။ အလိုအလျောက် ပြန်ယူနိုင်သော လုပ်ဆောင်ချက် ရှိနေလျှင်ပင် သိဒ္ဓိနဂါး၏ ကန့်သတ် စွမ်းအားအောက် ပြန်ယူ၍ မရနိုင် တော့ပေ။ သူ ကိုင်ထားသည်က အပိုဓားရှည်တစ်လက်ဖြစ်ပြီး သူက ထရီနစ်ကို ခုနက အနိုင်ယူရန် အသုံးပြုခဲ့လေသည်။

“ဒါက မင်းနဲ့ ထရီနစ်ရဲ့ သူသေ ကိုယ်သေ တိုက်ပွဲပဲ။ ငါနဲ့ အန်ဒါလူရဲ့ တိုက်ပွဲ မဟုတ်ဘူး။” ဘရက်ကလင် သရော်ပြုံး ပြုံးလိုက်သည်။ “မင်းမှာ စွမ်းအား ဘယ်လောက် ကျန်သေးလဲ ဆိုတာ အသာထားဦး။ ငါ့ဦးလေးက နဂါးတောင်ကြားက နတ်ဘုရား တစ်ပိုင်းအဆင့် အကြီးအကဲ စတန်ဝဲလ်ပဲ။ မင်းက သာမန်လူသား တစ်ယောက်။ အလေးစားရဆုံး သိဒ္ဓိနဂါးကို မင်း ဘယ်လို သတ်ရဲမှာလဲ။”

ဆမ်မြူရယ်က စကား အပိုများ ပြောမနေခဲ့ပေ။ သူ၏ လက်ထဲမှ ဓားရှည်က အားကောင်းသော အလင်းဖြင့် တောက်ပ နေခဲ့သည်။ သူ၏ အင်အား အကုန်လုံးကို ထိုအဆုံးသတ် တိုက်ကွက်ထဲတွင် စုစည်းထားပုံရသည်။

ဘရက်ကလင်က ဆမ်မြူရယ်ကို ခဏတာ စိုက်ကြည့်လိုက်ပြီး ရှေ့ကို မတိုးခဲ့ပေ။ သူက ရုတ်တရက် ခန္ဓာကိုယ်ကို ခါလိုက်ရာ မရေမတွက်နိုင်သော အစအနများက သွေးများနှင့်အတူ မျက်စိတစ်မှိတ် အတွင်း ပျံထွက် သွားခဲ့သည်။ နဂါးက လူ့ပုံစံကို ပြန်ပြောင်း သွားခဲ့သည်။ သူက ဒဏ်ရာများနှင့် ပွန်းပဲ့နေပုံ ရသည်။ သူက မြေပြင်ပေါ် ထိုင်ချလိုက်သည်။ “ဟမ့်! အန်ဒါလူ။ မင်းနိုင်ပါတယ်။ ဒါပေမယ့် ငါ မင်းကို ရှုံးတာ မဟုတ်ဘူး။ ဒီကောင်ကြောင့် ရှုံးတာ…”

ထိုသို့ ပြောပြီးနောက် ဘရက်ကလင်က ‘သတိလစ်’ နေသော ထရီနစ်ကို လက်ညှိုးထိုး လိုက်သည်။ “ဒီကောင်က တိုက်ပွဲကို ရှုံးသွားပြီးတော့ မြေပြင်ပေါ်မှာ သေချင်ယောင်ဆောင်နေတာ! ဒီကောင်က အခုလေးတင် ငါနဲ့အတူ တိုက်ခိုက်ခဲ့တာ။ ဒါက ငါ့အတွက် အရှက်ရစရာပဲ။ မင်း မထသေးရင် ငါ မင်းကို အပိုင်းပိုင်း စုတ်ဖြဲပစ်မယ်!”

နောက်ဆုံး စကားက ထရီနစ်ကို အသေအချာ ပြောနေခြင်းပင်။ သူ တုန်ယင်သွားပြီး နောက်ဆုံးတွင် ‘နိုးလာခဲ့’ လေသည်။

သူ လုံးဝ အရှက်ရသွား၏။ သံမဏိကြေးခွံဗိုလ်ခြေမှ စစ်သည်များပင် ပုံမှန် မဟုတ်သော အမူအရာများ ပြသနေကြသည်။

“ပြာဝတ်စုံ၊ ပြီးတော့ ခင်ဗျားရဲ့ အရင်က စွမ်းအား… နဲ့ အနက်ရောင် ဆေးရည်တွေရဲ့ အာနိသင်...” ဆမ်မြူရယ်၏ ဓားရှည်က ထလာသော ထရီနစ်ကို ချိန်လိုက်ပြီး အထင်သေးသော အမူအရာမျိုး ပြသလိုက်သည်။ “မင်းက ပြင်ပ အင်အားကိုပဲ အားကိုးနိုင်တဲ့ လူပဲ။ မင်းလိုလူနဲ့ တိုက်ပွဲဝင်တာကလည်း ငါ့အတွက် အရှက်ရစရာပဲ။ မင်းက ရှုံးသွားပြီဆိုတော့ မင်းရဲ့ အသက်က အခု ငါ့အပိုင် ဖြစ်သွားပြီ။”

ထရီနစ်က သိမ့်သိမ့်တုန်သွားပြီး သူ့မျက်နှာပေါ်မှ ချွေးစက်များ စီးကျလာခဲ့သည်။ “ခဏလေး၊ ငါ ပြောစရာတစ်ခု ရှိတယ်…”

ဆမ်မြူရယ်က သူ့ကို အခွင့်အရေး မပေးခဲ့ပေ။ သူက ဓားရှည်ကို လွှဲရမ်းပြီး ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ထရီနစ်က ကြောက်လန့်တကြား နောက်ပြန်လှမ်းရာ မတော်တဆ ခြေချော်ပြီး ပြုတ်ကျသွားခဲ့သည်။ သူက ကြောက်လန့်တကြားနှင့် ပြောလိုက်သည်။ “မင်း ငါ့ကို သတ်လို့မရဘူး!”

“ဆမ်မြူရယ်!” ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ချန်လွေ့နှင့် တခြားသူများက မြင်းများနှင့်အတူ အပြေးအလွှား ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

ထရီနစ်က အော်ပြောလိုက်သည်။ “မင်းသား အာသာ! ဆမ်မြူရယ်က ကျုပ်ကို သတ်တော့မယ်!”

ချန်လွေ့က မြင်းပေါ်မှ ဆင်းလိုက်သည်။ သူက တိုက်ပွဲ ရလဒ်တွေကို မြင်ပြီးသား ဖြစ်သည်။ သူက မည်သည်မှ မမေးရသေး ခင်မှာပင် ဇာမင်ဒါ အပြေးအလွှား ရောက်လာပြီး ခုနက ဖြစ်ပျက် ခဲ့သည်များကို ‘သိဒ္ဓိသားတော်’ထံ အစီရင်ခံ တင်ပြခဲ့သည်။

ထိုအချိန် အလင်းစီးကြောင်း သုံးခု ကောင်းကင်ပေါ်တွင် လက်ခနဲ ဖြစ်သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းပင် လူ သုံးယောက်က ကွင်းထဲ၌ ပေါ်လာခဲ့သည်။

“ဆာ-ဖာဂရပ်စ်!” ထရီနစ်၏ တင်းမာနေသော အာရုံကြောများ နောက်ဆုံး လုံးဝ ပြေလျော့သွား၏။ “ကယ်ပါဦး!”

ရောက်လာသူများထဲမှ တစ်ဦးက နဂါးလင်းလက်အင်ပါယာ၏ နဂါး စစ်သည်တော် ဗိုလ်ခြေမှ တပ်မှူး ဖာဂရပ်စ် ဖြစ်သည်။ ဖာဂရပ်စ်က တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး သူ့၏ တူမက ဒုတိယမင်းသား ဂါဖီးလ်၏ဇနီး ဖြစ်သည်။ ထိုဆက်ဆံရေးကြောင့် နှစ်ယောက်စလုံးက အတော်လေး ရင်းနှီးကြ၏။ ရှီအွန်နန်းတော်တွင် ဗာရီုနီကာကို ‘နှောင့်ယှက်’ခဲ့သော ဂါဖီးလ်ကို ဆမ်မြူရယ် ဒဏ်ရာရအောင် လုပ်ခဲ့သောအခါ သူက သတင်းကြားပြီး ဆမ်မြူရယ်ကို လာဖမ်းခဲ့သူ ဖြစ်သည်။

သို့သော် ဖာဂရပ်စ်က ဒုတိယ မင်းသားဘက်ကို လုံးဝ မပါခဲ့ပေ။ သူ၏ အစောပိုင်းနှစ်များ၌ လက်ဇ်၏ မျက်နှာသာပေးမှုကို အကြီးအကျယ် ခံခဲ့ရပြီး သူ၏ မိသားစုတစ်ခုလုံးက ၎င်းကြောင့် အသက်ရှင်ခဲ့ရသည်။ သူက လက်ဇ်ကို သစ္စာစောင့်သိ မည်ဟု ကတိသစ္စာ ပြုခဲ့သည်။ ယခု သူ၏ စွမ်းအားက အထူးအဆင့် ဖြစ်သွားသော်လည်း သာမန် အထူး အစွမ်းထက် ပုဂ္ဂိုလ်များကဲ့သို့ လေ့ကျင့်ရန် အနားမယူဘဲ လက်ဇ်ကို ဆက်လက် အမှုထမ်းခဲ့သည်။

ထရီနစ်၏ ပုံစံကို မြင်သောအခါ ဖာဂရပ်စ်က မျက်မှောင်ကြုတ် လိုက်သည်။ “ဆမ်မြူရယ်! မင်း ဘာလုပ်ချင်တာလဲ။”

“ဒါက သူသေကိုယ်သေ တိုက်ပွဲရဲ့ ရလဒ်ပဲ။” ချန်လွေ့၏ အသံက ထွက်ပေါ်လာခဲ့၏။ “ဒီ ဆာ-ထရီနစ် ရှုံးသွားတာ အသိအသာကြီးလေ။”

“တစ်ယောက်က ကျောက်စိမ်း ဗိုလ်ခြေရဲ့ တပ်မှူးဖြစ်ပြီး နောက် တစ်ယောက်က သံမဏိကြေးခွံ ဗိုလ်ခြေရဲ့ တပ်မှူးပဲ။ မင်းတို့က တစ်ဦးချင်းကို ကိုယ်စားပြုတာ မဟုတ်ဘူး။ ရွှေရောင်နယ်မြေနဲ့ အင်ပါယာတစ်ခုလုံးကို ကိုယ်စားပြုတာ။ ဘာ သူသေကိုယ်သေ တိုက်ပွဲလဲ။ ဒါက လုံးဝ အဓိပ္ပာယ်မရှိတဲ့ စကားပဲ။” ဖာဂရပ်စ်က သူတို့ကို ချက်ချင်းပင် အရေးကြီးသော အရာများနှင့် ဆက်စပ်ပြီး နှစ်ယောက်စလုံးကို ဆူပူကြိမ်းမောင်းလိုက်၏။ သူက တိုက်ပွဲရလဒ်ကို အသိအမှတ် မပြုသည်မှာ ထင်ရှားပေသည်။

“ဆာ-ဖာဂရပ်စ်။ ဒါက စစ်သည် အားလုံး သက်သေရှိတဲ့ နဂါး စစ်သည်တော်တွေရဲ့ တရားမျှတတဲ့ တိုက်ပွဲတစ်ခုပါ။ ဒိုင်လူကြီး တစ်ယောက်အနေနဲ့ ဒါက အဓိပ္ပာယ်မရှိတဲ့ စကားလို့ ကျုပ် မထင်ပါဘူး။” ဇာမင်ဒါ၏ အသံက ထွက်ပေါ်လာခဲ့သည်။

“ဒီမှာ မင်း စကားပြောခွင့် မရှိဘူး။” ဖာဂရပ်စ်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဒါက အင်ပါယာရဲ့ ပြည်တွင်းရေးပဲ။ မင်းရဲ့ ဆရာ ပါဆာလီ ဒီမှာ ရှိနေရင်တောင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိဘူး။”

“ကျုပ်က တရားမျှတတဲ့ တိုက်ပွဲ တစ်ခုကို သက်သေခံတဲ့ စစ်သည် တစ်ယောက်ပါ…” ဇာမင်ဒါ ပြောနေရင်း ရုတ်တရက် ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ခံစားမိလိုက်ပြီး သူက ခဏတာ စကားမပြောနိုင်တော့ပေ။

“ဘရက်ကလင်!” နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ မှုန်မှိုင်းနေသော မျက်နှာ ရှိနေသည့် လူတစ်ယောက်က ဘရက်ကလင်၏ ဘေးနားကို လျှောက်လာခဲ့သည်။ “ဘယ်သူက ဒီလောက် အတင့် ရဲပြီးတော့ မင်းကို ဒီလို ထိခိုက်အောင် လုပ်ရတာလဲ။”

“ဦးလေး…” ဘရက်ကလင်က ရှက်ရွံ့စွာ ပြောလိုက်၏။ “ဒါက လေ့ကျင့်ရေး ပွဲစဉ်တစ်ခုပါ”။

ဇာမင်ဒါ အံ့သြသွားခဲ့သည်။ ထိုလူက ဘရက်ကလင် ခုနက ပြောခဲ့သော နဂါးတောင်ကြားမှ အကြီးအကဲဖြစ်သူ နတ်ဘုရား တစ်ပိုင်းအဆင့် စတန်ဝဲလ်ပင်!

“လေ့ကျင့်ရေး ပွဲစဉ် ဟုတ်လား။ ပီလင် မိသားစုက အန်ဒါလူလေးမှာ ဒီစွမ်းရည်မျိုး မရှိဘူး။” စတန်ဝဲလ်က အန်ဒါလူကို ကုသပေးနေသော ဆမ်မြူရယ်ကို လှမ်းကြည့်ပြီး သူက ကြောက်မက်ဖွယ် ပြောလိုက်သည်။ “အဲဒီကောင် လုပ်ခဲ့တာလား။”

ဆမ်မြူရယ်က အခြားတစ်ဖက်မှ သူ့ကို စိတ်ကူးတစ်ခုတည်းနဲ့ ဖျက်ဆီး ပစ်နိုင်သကဲ့သို့ပင် အလွန် ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်တစ်ခုဖြင့် သူ့ကို ချုပ်နှောင်ထားသလို ခံစားလိုက်ရ၏။

“ခင်ဗျားက ဘယ်သူ့ရဲ့ ဦးလေး… လဲ။”

ထိုအသံ ထွက်ပေါ်လာသောအခါ ဆမ်မြူရယ်က ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်ကို အင်အား တစ်ခုခုက ဖယ်ရှားပစ် လိုက်သလို ရုတ်တရက် ခံစားလိုက်ရ၏။

ပြောလိုက်သူက ချန်လွေ့ ဖြစ်၏။ သူက ဆမ်မြူရယ်၏ အရှေ့ကို လျှောက်သွားလိုက်သည်။

ထိုအခေါက်တွင် ဖာဂရပ်စ်နှင့် တခြားသူများပင် အံ့သြသွားခဲ့ကြ၏။ စတန်ဝဲလ်က နဂါးတောင်ကြား၏ နတ်ဘုရားတစ်ပိုင်းအဆင့် အကြီးအကဲ တစ်ဦး ဖြစ်ပြီး မူလက နဂါးဧကရာဇ် ပါဂရစ်ဇ်၏ အယုံကြည်ရဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ သူက မာရီယာကို အစားထိုးပြီး မဟာအကြီးအကဲ ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် မသိရသော အကြောင်းအရင်း တစ်ခုကြောင့် သူက တဖြည်းဖြည်း မျက်နှာသာပေးခြင်း မခံရတော့သော်လည်း သူက အကြီးအကဲကောင်စီ၏ အရေးကြီး အဖွဲ့ဝင်တစ်ဦး ဖြစ်နေဆဲပင်။ ‘အာသာ’က စတန်ဝဲလ်ကို ထိုမျှ ရိုင်းရိုင်းစိုင်းစိုင်း စကားပြောခြင်းက ရိုးရိုး ပြောရလျှင် အသိဥာဏ် မရှိခြင်း ဖြစ်ပေသည်။

“ဒါက မျှတတဲ့ တိုက်ပွဲတစ်ခုပါပဲ။” ချန်လွေ့က ပြုံးလိုက်သည်။ ဖာဂရပ်စ် မျက်လုံးထဲတွင်တော့ ထိုအပြုံးက သေချင်နေသော စည်းချက်တစ်ခုသာ ဖြစ်နေသည်။

ထိုသူက ရွှေရောင်နယ်မြေ၏ မင်းသား ဖြစ်လောက်သည်။ သူက စတန်ဝဲလ်ကို ထူးဆန်းသော ခံစားချက်တစ်ခု ပေးနေခဲ့သည်။ ထိုသူက ဆမ်မြူရယ် အပေါ် သူ၏ ဖိနှိပ်မှုကို မည်သို့ ဖယ်လိုက်မှန်း သူသိခဲ့ပေ။ (ပစ္စည်းတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်၏) အခြားတစ်ဖက်က လူက ထိုမျှ ရိုင်းရိုင်းစိုင်းစိုင်း ရှိနေတာကို ကြားသောအခါ မျက်ခုံးပင့်လိုက်ပြီး ထိုအသိဥာဏ် မရှိသော လူကို မမေ့နိုင်စရာ သင်ခန်းစာ တစ်ခု ပေးတော့မယ့်ဆဲဆဲ အနည်းငယ် ရင်းနှီးသော အသံတစ်ခုက သူ့နားထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ “မဟုတ်ဘူးလား။ ယောက်ဖ...”

‘ယောက်ဖ’ဟူသော စကားလုံးကို ကြားသောအခါ စတန်ဝဲလ်၏ နှလုံးခုန်နှုန်း မြန်သွားခဲ့သည်။ မင်းသားက ရုပ်မတူသော်လည်း ထိုအပြုံးက ကြည့်လေလေ ပိုမို၍ ရင်းနှီးလာလေ ဖြစ်သည်။ သူက နဂါးတောင်ကြားတွင် အငယ်များ အရှေ့၌ အနိုင်ကျင့် ခံခဲ့ရသော မြင်ကွင်းကို ပြန်သတိရ သွားခဲ့ပြီး ကျောမှ ကြက်သီးများ ထလာ၏။

ဟုတ်တယ်။ ဒီကောင်! မာရီယာရဲ့ သမက်! ငါ့ကို တစ်စက္ကန့် အတွင်း သတ်နိုင်တဲ့ ကြောက်စရာ လူသား!

နဂါးတောင်ကြားနဲ့ ရွှေရောင် နယ်မြေမှာ ပူးပေါင်းဆောင်ရွက်မှု ရှိနေတာ မှန်ပါတယ်။ ဒါပေမယ့် ဒီကောင်က ရွှေရောင်နယ်မြေရဲ့ သခင်နဲ့ နဂါးလင်းလက်အင်ပါယာရဲ့ တတိယမင်းသား ဖြစ်နေမယ်လို့ ငါ မတွေးမိခဲ့ဘူး။ မတရားလိုက်တာ။

ဒါကြောင့် နဂါးဘုရင် ပါဂရစ်ဇ်က ဒီလူသားနဲ့ ပတ်သက်တဲ့ ဘယ်အရာမဆို နဂါးတောင်ကြားမှာ မပျံ့နှံ့စေဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားတာကိုး။ ဂွယ်ရိုအက်စ်က ဒါကြောင့် ဒီမှာ အချိန်ပြည့် နေနေတာပဲ… စတန်ဝဲလ်က သူနှင့်အတူ ရောက်လာသော ဂွယ်ရိုအက်စ်ကို လှည့်ကြည့်လိုက်သည်။

ဂွယ်ရိုအက်စ်က ခေါင်းညိတ်ပြီး သူ့ရဲ့ သံသယများကို အတည်ပြုခဲ့၏။

“လူငယ်တွေက ကြီးပြင်းလာဖို့ အတွက် လေ့ကျင့်ဖို့ လိုအပ်တယ်။ ဟုတ်တယ်! ဒါက တိုက်ပွဲတစ်ခုပဲ။” အလျင်အမြန် တုံ့ပြန်လိုက်သော စတန်ဝဲလ်က အကြည့်တစ်ခုဖြင့် ပြောလိုက်သည်။ “ဒါက မျှတတဲ့ တိုက်ပွဲတစ်ခု ပါပဲ။”

ထိုအချိန်တွင် ဖာဂရပ်စ်နှင့် တခြား သူများသာမက ဘရက်ကလင်ပင် အံ့အားသင့်သွားခဲ့သည်။ ဒါက ငါ့ရဲ့ လက်စားချေတတ်တဲ့ ဦးလေးရော ဟုတ်ရဲ့လား။ သူ ဘယ်တုန်းက ဒီလောက် “မျှတ” သွားတာလဲ။

All Chapters