← Chapters

အဓိက ယဇ်ပလ္လင်

Vol. 63 Ch. 1013

အဓိက ယဇ်ပလ္လင်

Vol. 63 Ch. 1013

ညက တဖြည်းဖြည်း မှောင်လာပြီး ကောင်းကင်ရှိ ချိတ်ပုံစံ လခြမ်း ပေါ်လာခဲ့သည်။

ရယ်ရိုဒီရှာ၊ နန်းတော်၏ အဓိက ခန်းမဝယ် -

“ဖာဂရပ်စ်ရဲ့ အရင် အစီရင်ခံစာ အရဆိုရင် အာသာက အခုလောက်ဆို ရောက်နေသင့်ပြီ။” မဟာလက်ဇ်က သူ့ရှေ့တွင်ရှိနေသော အင်ပါယာ အစောင့်အဖွဲ့ ခေါင်းဆောင် ယူဆယ်ကို ကြည့်လိုက်သည်။ “ဘာလို့ သူ့ကို မတွေ့ရသေးတာလဲ။”

“ဗိုလ်ချုပ်ဖာဂရပ်စ်က နဂါးစစ်သည်တော် ဗိုလ်ခြေကို သွားပါတယ်။” ယူဆယ်က ပြန်ဖြေ လိုက်သည်။ “မင်းသား အာသာက နန်းတော်ထဲကို တကယ် ဝင်ခဲ့ပါတယ်။ ဒါပေမယ့်… သူ ဝင်သွားတာက ရှီအွန် နန်းတော်ကိုပါ။”

“ရှီအွန် နန်းတော်ကိုလား။” မဟာလက်ဇ်က ထူးဆန်းသော အမူအရာဖြင့် မျက်မှောင်ကြုတ် လိုက်သည်။

မဟာလက်ဇ် မပြောနှင့်၊ ယူဆယ် ကိုယ်တိုင်ပင် ထိုအရာက မယုံနိုင်စရာဟု တွေးမိခဲ့သည်။ ဖာဂရပ်စ်၏ အရင် ထောက်လှမ်းရေး သတင်းအရ ဆိုလျှင် မင်းသား ‘အာသာ’က ရွှေရောင်နယ်မြေတွင် တပ်စွဲထားသော မြို့တော်၏ အမြင့်ဆုံး ဗိုလ်ချုပ် ထရီနစ်ကို သတ်ပစ်ရန် ဆမ်မြူရယ်ကို အမိန့်ပေးခဲ့သည်။ ထရီနစ်ကို နဂါးတောင်ကြား အကြီးအကဲ စတန်ဝဲလ်က သတ်ခဲ့ခြင်းဖြစ်ပြီး ဆမ်မြူရယ်နှင့် ထရီနစ်တို့က တရားမျှတသော တိုက်ပွဲတစ်ခု ရှိခဲ့လျှင်ပင် ထိုဖြစ်ရပ်တစ်ခုလုံး၏ တကယ့် ‘လမ်းကြောင်း’ က ရှင်းပေသည်။ မင်းသား အာသာက ထိုအခွင့်အရေးကို ယူပြီး မြို့တော်ကို သတင်းတစ်ခု လာပေးခြင်းပင်။

ထိုဖြစ်ရပ်၏ သဘောသဘာဝက ထူးခြားလှသည်။ ယခုတွင် မင်းသား ‘အာသာ’က ဖာဂရပ်စ်နှင့် တစ်ယောက်တည်း လိုက်ခဲ့ပြီး မြို့တော်ထဲကို ဝင်လာခဲ့ခြင်းက မဟာလက်ဇ်ကို ကိစ္စများ ရှင်းပြရန် ဖြစ်နိုင်လောက်ပေသည်။

သို့သော် တတိယ မင်းသားက မဟာလက်ဇ်ကို တိုက်ရိုက် မတွေ့ဘဲ ဘုရင်မင်းမြတ်ကို ဘေးချိတ်ထားကာ သူ၏ ‘ချစ်သူဟောင်း’ကို တွေ့ရန် ရှီအွန်နန်းတော်ကို ပေါ်ပေါ်တင်တင် သွားခဲ့လေသည်။

ထို’ချစ်သူဟောင်း’တွင် ဘွဲ့အမည် တစ်ခု ရှိလေသည်။ ထိုအရာက တတိယ မင်းသား၏ ဦးလေး ဖြစ်သူ၏ တရားဝင်ဇနီးပင်!

“အရှင်မင်းကြီး...” ယူဆယ်က အစမ်းသဘော မေးကြည့်လိုက်သည်။ “တတိယ မင်းသားက ရှီအွန် နန်းတော်ထဲကို ဝင်ပြီးတဲ့နောက်မှာ အကာအကွယ် ပစ္စည်းတစ်ခုကို ဖွင့်လိုက်တဲ့ပုံပဲ။ ပြင်ပလူတွေက အတွင်းထဲမှာ ဘာဖြစ်နေလဲဆိုတာ မသိနိုင်တော့ဘူး။ ကျုပ်လူတွေနဲ့ အတူ ရှီအွန် နန်းတော်ကို သွားလိုက် ရမလား…”

“မသွားနဲ့!” မဟာလက်ဇ်က ချက်ချင်းပင် ခေါင်းခါလိုက်သည်။ “ရှီအွန် နန်းတော်ကို မချဉ်းကပ်နဲ့။ သူ ဘာလုပ်နိုင်လဲဆိုတာ မြင်ချင်တယ်။”

“အမိန့်အတိုင်းပါ။” ယူဆယ်က ရှုပ်ထွေးသွားခဲ့သည်။ သို့သော် သူ ထပ်ပြီး မမေးတော့ဘဲ ချက်ချင်း အရိုအသေပေးကာ နောက်ပြန်ဆုတ် သွားခဲ့သည်။

ရှီအွန်နန်းတော်တွင် နူးညံ့သော လရောင်က ပန်းခြံထဲမှ အရိပ်နှစ်ခုကို ရှည်လျားစွာ ဖြစ်ပေါ်စေခဲ့၏။

ဗာရိုနီကာက ရွှေရောင်ဆံပင်ကို သပ်လိုက်ပြီး သူ၏ ဖန်ခွက်ကို ဖြည့်ပေးလိုက်သည်။ “ဒါက မင်းရဲ့ နည်းလမ်းနဲ့ ငါ ဖျော်ထားတဲ့ လက်ဖက်ရည်ပဲ။ အရသာ ရှိရဲ့လား။”

“ကောင်းပါတယ်။” ချန်လွေ့က အရသာခံပြီး ပြုံးပြလိုက်သည်။ “ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ရင်းနီနဲ့တော့ ကွာဟမှု ရှိနေတုန်းပဲ။ ဆရာမ ပိုပြီး ကြိုးစားရဦးမယ်။”

“ရင်းနီက လှပြီးတော့ ဉာဏ်လည်း ကောင်းတယ်။ ပြီးတော့ ကျွမ်းကျင်မှုလည်း ရှိတယ်။ ဆရာမက သူနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။” ဗာရိုနီကာက ဝမ်းနည်းသော အမူအရာ ပြသပြီး ခေါင်းခါလိုက်သည်။ “စိတ်မကောင်းစရာပဲ။ ဇိုလာက…”

“ဇိုလာ မသေပါဘူး။ ဒါပေမယ့် သူ ဒဏ်ရာ အပြင်းအထန် ရပြီးတော့ ပြန်ကောင်းဖို့အတွက် တစ်နေရာမှာ သွားနေတယ်။” ချန်လွေ့က လျှို့ဝှက်စွာ ပြောလိုက်သည်။ “ဒါက လျှို့ဝှက်ချက် တစ်ခုပဲ။ ဆရာမ ဒါကို လျှို့ဝှက်ထားပေးပါ။”

“တော်သေးတာပေါ့။” ဗာရိုနီကာ သက်ပြင်းချလိုက်၏။ “စိတ်မပူပါနဲ့။ ငါက စကားများတတ်တဲ့လူ မဟုတ်ပါဘူး…”

“ဒါပေမယ့် ဒီတစ်ခေါက် ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ်က တကယ်ပဲ။ ကျွန်တော် သေလုနီးပါး ဖြစ်ခဲ့တယ်။” ချန်လွေ့ ပခုံးတွန့်လိုက်သည်။ “ဆရာမ ကျွန်တော့်ကို မနှစ်သိမ့်ပေးဘူးလား။”

ဗာရိုနီကာက သူ့ကို စူးစိုက် ကြည့်လိုက်ပြီး ရုတ်တရက် သက်ပြင်း ချလိုက်သည်။ “ငါ ဘယ်လို နှစ်သိမ့် ပေးရမလဲဆိုတာ မသိဘူး။ နင်ကို အများဆုံး နှစ်သိမ့် ပေးသင့်တဲ့သူက မင်းသမီး လန်ဘိစ်ပဲ ဖြစ်သင့်တာ။ သူ ကျောင်းတက်တုန်းက အတော်လေး အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့တာ ငါ မှတ်မိတယ်။ ဘာလို့ နင်က သူ့ကို ဒီလို ထိခိုက်အောင် လုပ်ခဲ့ရတာလဲ။”

“သူ့ကို ကျွန်တော် ထိခိုက်အောင် လုပ်ချင်တာ မဟုတ်ပါဘူး။ ဒါက… သူ့ရဲ့ ကိုယ်ပိုင် တောင်းဆိုမှုပါ။” ချန်လွေ့က သူ၏ နှလုံးသားကို လက်ညှိုးထိုးပြလိုက်၏။ “‘အာသာလေး’ က မင်္ဂလာဆောင်မှာ အမြဲတမ်း ပြောချင်ခဲ့တဲ့ အရာကို လူတိုင်းကို ပြောပြဖို့အတွက် အဲဒီ အခွင့်အရေးကို အချိန်မီ ရခဲ့တာပဲ။”

“လန်ဘိစ် ကိုယ်တိုင် တောင်းဆို ခဲ့တာလို့ ပြောတာလား…” ဗာရိုနီကာ အံ့အားသင့်သွား၏။ သူက ချန်လွေ့ နောက်ပိုင်းပြောတဲ့ စကားများကို တမင်တကာ လျစ်လျူရှုလိုက်သည်။

“လူတွေက ပြောင်းလဲကြတယ်။” ချန်လွေ့က သူနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။ “ဆရာမနဲ့ ကျွန်တော့် လိုပဲပေါ့။”

ဗာရိုနီကာ၏ မျက်လုံးပြာများက မှိန်ဖျော့သော မီးခိုးရောင်များနှင့် ဖုံးလွှမ်းသွားခဲ့သည်။ “ဟုတ်တယ်။ ငါတို့အားလုံး ပြောင်းလဲသွားခဲ့ပြီ။”

“အခြေအနေတွေ… အထူးသဖြင့် အချိန်က လူတွေကို ပြောင်းလဲ နိုင်တယ်။ ဒါပေမယ့်၊ အခြေအနေ ဘယ်လိုပဲ ပြောင်းလဲပါစေ၊ အချို့ အရာတွေကို ပြောင်းလဲလို့ မရဘူး။ ဆရာမ ဘယ်လိုထင်လဲ။”

“ငါမသိဘူး…” ဗာရိုနီကာက အကြည့်ကို အနည်းငယ် လွှဲလိုက်၏။ “ငါ သိတာက အချို့အရာတွေ တစ်ခါ ပြောင်းလဲပြီးရင် ပြန်သွားဖို့ မဖြစ်နိုင် တော့ဘူး ဆိုတာပဲ။”

“အရင်ဆုံးအနေနဲ့ ဒါက တကယ် ပြောင်းလဲမလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်သင့်တယ်။”

ချန်လွေ့က လက်ဖက်ရည်ကို အကုန် သောက်လိုက်သော်လည်း ဗာရိုနီကာက သူ့အတွက် မထည့် ပေးတော့ပေ။ သူက လက်ဖက်ရည် အိုးကို ချလိုက်သည်။ “နင် ဘာလို့ ဒီနေ့ ဒီလောက် နောက်ကျမှ ငါ့ကို လာတွေ့တာလဲ။”

“ကျွန်တော် ဆရာမကို ရုတ်တရက် တွေ့ချင်လို့ လာခဲ့တာပါ။ ပြီးရင် အရှင်မင်းကြီးဆီ လမ်းကြုံသွားမလို့။”

“အရှင်မင်းကြီးဆီကို လမ်းကြုံ သွားမလို့ ဟုတ်လား။” ဗာရိုနီကာက သူ၏ မျက်နှာလွှားကို အသာလေး အုပ်ပြီး ပြုံးလိုက်သည်။ “နင်က အရှင်မင်းကြီးနဲ့ တွေ့ချင်ပြီးတော့ ငါ့ဆီကို လမ်းကြုံ ဝင်လာတာကိုး။ နောက်ကျနေပြီ။ ခန်းမထဲကို အမြန် သွားတော့။ အရှင်မင်းကြီးကို အကြာကြီး မစောင့်ရစေနဲ့။”

“ဆရာမ မှားနေပြီ။ ကျွန်တော်က ဆရာမကို ကိစ္စ တစ်ခုခုကြောင့် လာတွေ့တာ။ အရှင်မင်းကြီးကိုတော့ တကယ်ပဲ ‘လမ်းကြုံ’ ဝင်မလို့ပါ။” ချန်လွေ့၏ လေသံက အလွန်ပင် ရိုးသားနေသည်။ “ပြီးတော့ ဒီအချိန်ပြီးရင် ကျွန်တော် ဆရာမကို ထပ်တွေ့နိုင်မလားဆိုတာ မသိဘူး။”

ဗာရိုနီကာ အနည်းငယ် တုန်လှုပ် သွား၏။ “ဘာလို့ ဒီလို ပြောရတာလဲ။”

“ဧကရာဇ်က ကျွန်တော့်ကို ပိုပြီး သတိထားလာတယ်။ နည်းလမ်း အမျိုးမျိုး သုံးပြီးတော့ ကျွန်တော့်ကို ကန့်သတ်နေတယ်။ ဒီတစ်ခေါက် ကျွန်တော် သည်းမခံနိုင်တော့ဘဲ သူ ရွှေရောင်နယ်မြေမှာ ထားခဲ့တဲ့ နယ်ရုပ်တစ်ခုကို ဖယ်ရှားပစ်ခဲ့တယ်။ ဒါက သူ့ကို ဒါနဲ့ ပတ်သက်ပြီး ဆက်ကစားဖို့ အကြောင်းရင်းတစ်ခု ပေးလိုက်တာပဲ။ ကျွန်တော် ကံမကောင်းခဲ့ရင်… ဆရာမကို လုံးဝ ထပ်တွေ့နိုင်မှာ မဟုတ်တော့ဘူး”။

“ဘယ်လိုလုပ် ဒီလို လုပ်ရတာလဲ။” ဗာရိုနီကာ တုန်လှုပ်သွားခဲ့သည်။ “ဘယ်လိုပဲဖြစ်ဖြစ် နင်တို့ နှစ်ယောက်က သားအဖတွေပဲလေ။ ပြီးတော့ နင်က သူ့ရဲ့ အချစ်ဆုံးသား ဖြစ်ခဲ့တာပဲ…”

“အချစ်ဆုံးသား ဖြစ်နေတော့ကော ဘာဖြစ်လဲ။ ထီးနန်းနဲ့ အာဏာ အတွက် ညီအစ်ကို မောင်နှမတွေ၊ အဖေနဲ့သားတွေက တစ်ယောက်နဲ့ တစ်ယောက် ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ကြတယ်။ သမိုင်းမှာ ဥပမာတွေ မရေမတွက် နိုင်အောင် ရှိခဲ့တယ်။” ချန်လွေ့က အနည်းငယ် ဝမ်းနည်းနေပုံ ပေါက်နေခဲ့သည်။ ‘ချန်လွေ့’ အတွက် မဟုတ်ဘဲ ‘အာသာ’ အတွက်ပင်။

“အရှင်မင်းကြီးက အာသာလေး ဘာလိုချင်လဲဆိုတာကို မသိတာ စိတ်မကောင်းစရာပဲ။” ဗာရိုနီကာက သက်ပြင်းချလိုက်သည်။ “နင်က အများကြီး ပြောင်းလဲသွားခဲ့ပေမယ့် အရှင်မင်းကြီး စွဲလမ်းနေတဲ့ အရာကို ဂရုမစိုက်တာ ငါ မြင်နိုင်တယ်။”

ချန်လွေ့က မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ “ဆရာမ။ ကျွန်တော် ဘာလိုချင်လဲဆိုတာ သိတာလား။”

“ဒီလိုမျိုး လက်ဖက်ရည် တစ်ခွက်၊ တိတ်ဆိတ်တဲ့ ခြံဝင်း တစ်ခု၊ မျက်နှာဖုံးတွေနဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ချထားပြီး စကားပြောနိုင်တဲ့ တစ်စုံ တစ်ယောက်...” ဗာရိုနီကာ၏ မျက်လုံးပြာပြာက နူးညံ့နေသော အငွေ့အသက်ကို ပြသနေခဲ့သည်။ “အဲဒီတုန်းက အာသာလေးလိုပဲ…”

“ကျွန်တော် တကယ် ပြောင်းလဲ မသွားခဲ့တဲ့ အရာတွေ အများကြီး ရှိနေတဲ့ပုံပဲ။” ချန်လွေ့က လျှို့ဝှက်စွာ ပြောလိုက်သည်။ “‘အာသာလေး’ ဒါမှမဟုတ် ‘အာသာ’မှာ အမြဲတမ်း တူညီတဲ့ အရာတစ်ခု ရှိခဲ့တယ်။ အချို့သော တိုက်ဆိုင်မှုတွေက အခွင့်အရေး တစ်ခုထက် ပိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို လက်ဖက်ရည် တစ်ခွက်၊ တိတ်ဆိတ်တဲ့ ခြံဝင်း တစ်ခုနဲ့…”

“အာသာလေး။ တော်လောက်ပြီ..” ဗာရိုနီကာက ဖြတ်ပြောလိုက်သည်။ “အရှင်မင်းကြီးနဲ့ စိတ်ကို ဖွင့်ပြီး စကား ကောင်းကောင်း ပြောလိုက်။ ဘာပဲဖြစ်ဖြစ် သူက နင့်ကို အလိုလိုက်ဆုံး ခမည်းတော်ပဲ။ သူက နင့်ရဲ့ ဆန္ဒကို နားလည်မယ်ဆိုရင် နင့်ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ပါဘူး။”

“မဟုတ်ဘူး။ အခု အချိန်မကျ သေးဘူး။” ချန်လွေ့က ဗာရိုနီကာကို စိုက်ကြည့်လိုက်သည်။ “ဆရာမက ကျွန်တော့်ကို စိတ်ဖွင့်ဖို့ ပြောပြီးတော့ ဆရာမက ဘာလို့ ကိုယ့် နှလုံးသား တံခါးကို တင်းတင်းကျပ်ကျပ် ပိတ်ထားရပြန်တာလဲ။”

“နင် တကယ်ပဲ သွားသင့်ပြီ!” ဗာရိုနီကာက စိတ်ပိုင်းဖြတ်ထားလိုက် သကဲ့သို့ပင် မေးခွန်းကို ရှောင်နေ၏။ “ဒါက ငါတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခြင်းပဲ။ ငါ နင့်ကို ထပ်တွေ့ တော့မှာ မဟုတ်ဘူး။ နင်လည်း ငါ့ကို လာမတွေ့နဲ့တော့။ ဘာပဲဖြစ်ဖြစ် ငါတို့က မတူညီတဲ့ လောကနှစ်ခုက လူတွေပဲလေ။”

ထိုအချိန် အခြားတစ်နေရာ… သို့မဟုတ် အခြားလောကတစ်ခုမှာ၌-

မီအက်စ် အင်ပါယာ၏ နန်းတော် သင်္ချိုင်း မြေအောက်လောကဝယ် -

ယဇ်ပလ္လင်တစ်ခု ရှိနေသည်။ သုံးထပ်သာ ဖြစ်သော်လည်း ခမ်းနားသည့် အရှိန်အဝါ ရှိသည်။ သို့သော် ၎င်းက လူများကို ကြောက်စရာနှင့် ထိတ်လန့်စရာ ကောင်းသော ခံစားချက်မျိုး ပေးခဲ့သည်။ အကြောင်းမှာ ၎င်းကို အလောင်းများဖြင့် တည်ဆောက်ထားသော မျှော်စင်မြင့်များနှင့် အလောင်းလမ်းများက ဝိုင်းရံထားပြီး မြေအောက်လောကတစ်ခုလုံးကို ဖုံးလွှမ်းထား၍ပင်။ ထို ‘အံ့ဩဖွယ်ရာ’ နှင့် ‘ကမ္ဘာမြေပေါ်ကငရဲ’ ဟူ၍ ခေါ်ဆိုနိုင်သော အဆောက်အအုံကို ပြီးမြောက်ရန်အတွက် အသက်မည်မျှ စတေးခဲ့ကြကြောင်းကို မည်သူမှ မသိခဲ့ကြပေ။

ပလ္လင်ပေါ်တွင် အနီရောင်ဝတ်ရုံနှင့် မျက်နှာဖုံးစွပ်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် လူနှစ်ယောက်ဖြစ်သော ကာစီနှင့် ရော့ထ်တို့ ရှိနေကြသည်။ နာမည် နှစ်ခုက နာမည်ဝှက် ဖြစ်သော်လည်း ဝတ်စား ဆင်ယင်မှုက အစစ်အမှန် ကိုယ်ပိုင်သရုပ်တစ်ခု ဖြစ်ပေသည်။ မရဏနက် နောက်လိုက်များ၏ ဂုဏ်းချုပ်များပင်။

အဓိက ဂိုဏ်းချုပ်နှစ်ပါး အပြင် နယ်ပယ် အသီးသီးမှ ဂိုဏ်းအုပ် အချုပ်များနှင့် ခေါင်းဆောင်ချုပ်များ အပါအဝင် ကျောင်းတော်၏ အစွမ်း အထက်ဆုံး ဖျက်းဆီးခြင်း သံတမန် များလည်း ရှိကြပေသည်။

ဖျက်ဆီးခြင်း သံတမန် အမြင့်ဆုံး အဆင့်က ဖျက်ဆီးခြင်းသံတမန်ချုပ် ဖြစ်ပြီး နှစ်ယောက်သာ ရှိသည်။ သူတို့၏ စွမ်းအားက နတ်ဘုရား တစ်ပိုင်း အဆင့်တွင် ရှိပြီး သာမန် ဖျက်ဆီးခြင်း သံတမန် (၆)ဦး ရှိ၏။ အနိမ့်ဆုံးသည်ပင် တိုင်းပြည်အဆင့် ကနဦးပိုင်းတွင် ရှိနေပြီး အစွမ်း အထက်ဆုံး ဖျက်ဆီးခြင်း သံတမန်ဟု ခေါ်ဆိုနိုင်သော အသူရာလည်း ပါဝင်ပေသည်။

ထိုအရာက အနှစ်(၁၀၀)လျှင် တစ်ကြိမ်သာ ကျင်းပသော အဓိက ယဇ်ပူဇော်ပွဲ ဖြစ်သည်။ နာမည်သာ သိကြသော ပုပ်ရဟန်းမင်းကြီးမှလွဲ၍ လျှို့ဝှက် ဘာသာရေးဂိုဏ်း၏ လက်ရွေးစင် အားလုံးနီးပါး ဤနေရာ စုဝေးလာခဲ့ကြသည်။

ရွှေရောင်လင်းလက် မြေအောက် နန်းတော်ရှိ ပျက်စီးသွားခဲ့သော ‘အကြောက်တရား’ အဓိက ယဇ်ပလ္လင်နှင့် နှိုင်းယှဉ်လျှင် ထို’အမုန်းတရား’ အဓိက ယဇ်ပလ္လင်က အတော်လေး ပြည့်စုံ နေခဲ့သည်။ အပြင်ပန်းပုံသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် သမိုင်းက အတော်လေး အိုဟောင်းနေကြောင်း မြင်နိုင်ပေသည်။

အဓိက ယဇ်ပူဇော်ပွဲတွင် ပါဝင် ကြသူများက မရဏနက်နောက်လိုက် အတွင်းလူများ ဖြစ်ကြပေသည်။ ဝင်ရောက်သောအခါ ထိုလူများက စစ်ဆေးမှု အဆင့်ဆင့်နဲ့ အယုံကြည်ရဆုံး ယုံကြည်မှု စစ်ဆေးမှုကို ဖြတ်သန်းရသည်။ အစစ်အမှန် ဖျက်ဆီးခြင်း ယုံကြည်မှု မရှိတဲ့သူများက လုံးဝ ဖြတ်နိုင်မည် မဟုတ်ပေ။

ရွှေ‌ရောင်လင်းလက် မြေအောက် နန်းတော်ရှိ ‘အကြောက်တရား’ အဓိက ယဇ်ပလ္လင် ပျက်စီးခဲ့သော သင်ခန်းစာများကြောင့် မူလက ပိုအားကောင်းသော ‘အမုန်းတရား’ အဓိက ယဇ်ပလ္လင်က ၎င်း၏ ကာကွယ်ရေးကို တစ်ဖန် ပြန်လည် အားတိုးစေခဲ့သည်။ အပြင်ဘက် အစွန်တွင် မရေမတွက်နိုင်သော အငြိုးဝိညာဉ်များ၏ အစွမ်းထက် အတွေးများကို စုဆောင်းထား၏။ ထိုကဲ့သို့သော လက်ရွေးစင်များ ဖြစ်ကြသည့် ဖျက်ဆီးခြင်း သံတမန် များနှင့်အတူ အရိုးမျှော်စင် တောအုပ်၏ အင်အားနှင့် ‘အမုန်းတရား’ ယုံကြည်မှုကို နေရာတိုင်း လက်ခံနိုင်သော အဓိက ယဇ်ပလ္လင်ကိုယ်တိုင်၏ စွမ်းအားများ ပေါင်းစပ်လိုက်ရာ နတ်ဘုရား-ယောင် အဆင့်တစ်ဦးပင် အကာအကွယ်ကို ဖြတ်ကျော်ရန် အတော်လေးကို ခက်ခဲပေလိမ့်မည်။

သို့သော် ခိုင်မာသော ရဲတိုက်က အတွင်းထဲမှ အမြဲတမ်း ဖျက်ဆီး ခံရပေသည်။ ယုံကြည်မှု စစ်ဆေးခြင်း ဟူသောအရာက အမှားကင်းစင်ခြင်း မရှိပေ။ ‘ဖျက်ဆီးခြင်း’ ခန္ဓာကိုယ် ရှိနေသော အသူရာက နဂိုဆန္ဒကို သုံးပြီး ‘ဖျက်ဆီးခြင်းယုံကြည်မှု’ စစ်ဆေးခြင်းကို အလွယ်တကူ ဖြတ်သန်းနိုင်ခဲ့သည်။ သူ၏ အလွန် သန့်စင်သော ဖျက်ဆီးခြင်း အငွေ့အသက်ကိုလည်း ထို’အရှင်သခင်ဆင်းသက်ခြင်း’ ယဇ်ပူဇော်ပွဲတွင် အရှင်သခင်၏ မျက်နှာသာပေးမှုကို ရရှိနိုင်ဖွယ် အများဆုံးသော လျှောက်ထားသူများ ထဲက တစ်ဦးအဖြစ် သတ်မှတ် ခံခဲ့ရလေသည်။

ယဇ်ပူဇော်ပွဲ စတင်ပြီ ဖြစ်သည်။ မရေမတွက်နိုင်သော သွေးနှင့် အသက်များ၏ အနှစ်သာရကို ပလ္လင်ထဲ လောင်းထည့်ခဲ့ကြသည်။ ရှုပ်ထွေးသော အစီအရင်အခမ်းအနား များစွာ ပြီးစီးသွားသော အခါတွင် အရိုးမျှော်စင်အားလုံးက အားကောင်းသော ဖျက်ဆီးခြင်း အငွေ့အသက်ဖြင့် လင်းလက်လာပြီး မရေမတွက်နိုင်သော သွေးမြူများက မျှော်စင်များပေါ် တဝဲဝဲ လည်နေ၏။ ယုံကြည်မှုနှင့် ပေါင်းစပ်ထားသော အထူးရင်းမြစ်စွမ်းအားက အလယ်၌ ရှိနေသော အဓိက ယဇ်ပလ္လင်ဆီကို လှိုင်းလုံးများကဲ့သို့ ရောက်ရှိလာခဲ့၏။

နာရီဝက်ခန့် ကြာပြီးနောက်တွင် အရိုးမျှော်စင်အုပ်စု ပတ်လည်မှ သွေးမြူများ တဖြည်းဖြည်း ပါးလာပြီး အနီရင့်ရောင် အဓိက ယဇ်ပလ္လင် တစ်ခုလုံးက အနီရောင် တောက်ပ လာခဲ့သည်။ အလယ်ရှိ ချိုင့်ခွက် ယဇ်ပူဇော်ပွဲတွင်းထဲရှိ နေရာလွတ်က စတင် ပုံပျက်လာခဲ့ပြီး ဝဲကတော့ ကဲ့သို့ ဝင်ပေါက်တစ်ခု ပေါ်လာခဲ့ပြီး သွေးနီရောင် အလင်းဖြင့် လင်းလက် နေခဲ့လေသည်။

ထိုသွေးနီရောင် အလင်းအောက် စုစည်းသွားသော အနှစ်သာရများက သွေးနီရောင်စက်လုံး တစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့ပြီး မှိန်ဖျော့ဖျော့ အနက်ရောင် ရောင်ခြည်တစ်ခုကို ဖော်ထုတ်ခဲ့သည်။

ယဇ်ပလ္လင်ကို စောင့်ကြပ်နေသော အသူရာက သွေးပုတီးကို မြင်သော အခါ မျက်လုံးထဲ အံ့အားသင့်သော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားပြီး ရင်းနှီးသော နာမည်တစ်ခုက စိတ်ထဲ ပေါ်လာခဲ့သည်။

“သွေးမြေကျစက်လုံး!” ခါစီက အံ့အားသင့်သော အမူအရာ ပြသပြီး ရော့ထ်နှင့် အကြည့်ချင်း ဖလှယ် လိုက်သည်။ ယခုတစ်ခေါက်တွင် အရှင်သခင်၏ ဆင်းသက်ခြင်း စွမ်းအားက အရင်ကထက် အများကြီး ပိုများပုံရသည်။ ရောက်မလာခင် အငွေ့အသက်ကူးစက်မှုက မရေမတွက်နိုင်သော အသက်များကို စတေးခြင်းဖြင့်သာ ရရှိနိုင်သည်။ ထိုအရာက အဆောင်ပစ္စည်း တစ်ခုနှင့် ညီမျှသော ရတနာတစ်ခု ကဲ့သို့ ဖြစ်ပေသည်။

အရိုးမျှော်စင်များ၏ ပတ်လည်မှ သွေးမြူများက ပို၍ ပျောက်ကွယ်လာ ခဲ့သည်။ အနှစ်သာရ စွမ်းအားက အဓိက ယဇ်ပလ္လင်ကို စုစည်းလာ သည်နှင့်အမျှ အရိုးမျှော်စင်များ၏ စွမ်းအားက သိသိသာသာ ကျဆင်းစ ပြုလာခဲ့သည်။

အဓိကယဇ်ပလ္လင် တုန်ခါသွားခဲ့ပြီး အလယ်ရှိ သွေးနီရောင် ဝဲကတော့က အလင်းရောင်ခြည် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေအောက် လောက အပေါ်ပိုင်းကို တက်သွား၏။ သွေးနီရောင်အလင်းက အင်အားကြီး ဖျက်ဆီးခြင်း အငွေ့အသက်နှင့် အတူ ထွက်ပေါ်လာခဲ့လေသည်။

အနီးအနားတွင် ရှိနေကြသော မရဏနက်နောက်လိုက်များက ‘နတ်ဘုရား’၏ အရှိန်အဝါကို သေသေချာချာ ခံစားနေကြပြီး အားလုံးက စိတ်အားထက်သန်သော အကြည့်များ ပြသနေကြသည်။

နဂါးလင်းလက်အင်ပါယာ ရှီအွန် နန်းတော်ဝယ် -

ဗာရိုနီကာက တစ်စုံတစ်ခုကို ခံစား မိသွားသကဲ့သို့ပင် တုန်လှုပ်သွား၏။

“ဆရာမ။ ဘာဖြစ်လို့လဲ။” ချန်လွေ့က စိုးရိမ်စွာ မေးလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး။” ဗာရိုနီကာ၏ အသံထဲတွင် စိုးရိမ်နေသော အငွေ့ အသက်တစ်ခု ပါဝင်နေခဲ့သည်။ “သွား။ ဒီနေရာကနေ ဝေးဝေးသွား။ နဂါးလင်းလက်အင်ပါယာကနေ ထွက်သွားတော့!”

“ကောင်းပါပြီ! ဗာရိုနီကာ။” ချန်လွေ့က ထိုတစ်ခေါက် သူ့ကို ‘ဆရာမ’ ဟူ၍ မခေါ်တော့ဘဲ ထရပ်လိုက်သည်။ “ကျုပ် ခင်ဗျားကို ခေါ်သွားပါရစေ။ ကျုပ်တို့ ဒီကနေ အတူတူ ထွက်သွားကြမယ်၊ နေရာ အသစ် တစ်ခုကို သွားပြီး ဘဝကို ပြန်စကြမယ်။ အစ်မ၊ ဆရာမ ဒါမှမဟုတ် တခြား…ခင်ဗျား ဘယ်လို အဆင့် အတန်းပဲ လိုချင်ပါစေ၊ ခင်ဗျားက ကျုပ်ရဲ့ အဖော်ပြုမှုကို ပင်ပန်းနေပြီဆိုရင် လုံးဝ လွတ်လပ်မှု ကိုလည်း ရွေးချယ်လို့ရတယ်။ ဒါက ‘အာသာလေး’ရဲ့ နောက်ဆုံးဆန္ဒနဲ့ အကြီးဆုံးဆန္ဒပဲ။”

ထိုကဲ့သို့ ရိုးသားသော မျက်လုံးများကို ကြည့်နေရင်း ဗာရိုနီကာ၏ လက်များက တစ်ခုခုကို ထိန်းချုပ်ရန် ကြိုးစားနေသကဲ့သို့ပင် အနည်းငယ် တုန်ခါလာသည်။

All Chapters