← Chapters

လိပ်ပြာအဖြစ် ပြောင်းလဲခြင်း

Vol. 63 Ch. 1016

လိပ်ပြာအဖြစ် ပြောင်းလဲခြင်း

Vol. 63 Ch. 1016

အဖြူရောင်အလင်းက အလွန်ပင် တောက်ပနေ၏။ ဖော်မပြ၍မရသော အားတစ်ခုက မြေအောက်လောကကို ချက်ချင်း လင်းထိန်သွားစေသည်။

အသူရာက အကောင်းဆုံးအချိန်ကို စောင့်နေခဲ့ခြင်းပင်။ ခီလီယာနာက ‘အရှင်သခင်လက်ဆောင်’ ပေးရန် ပြင်ဆင်နေပြီး အရိုးမျှော်စင်များ၏ ခုခံမှု အနိမ့်ဆုံး ရှိနေချိန်တွင် သူ၏ အစွယ်များကို ပြသခဲ့လေသည်။ ခီလီယာနာက အသူရာကို သတ်ရန် ဒေါသတကြီး ထိုးနှက်ချက်က ‘အနုမြူဗုံး’ကို နောက်ထပ် မြှင့်တင် ပေးခြင်းနှင့် တူညီပေသည်။

ခီလီယာနာ၏ မူလခန္ဓာကိုယ်က ထိုနေရာတွင် ရှိနေပါက ‘အလင်း မိုးကြိုးတောက်ပ’ နှင့် ‘စကြဝဠာ ပျက်သုဉ်း’တို့ မည်မျှပင် အစွမ်းထက် စေကာမူ အများကြီး ထိခိုက်မှု မဖြစ်စေနိုင်ပေ။ သို့သော် အဓိက ယဇ်ပလ္လင်တွင် ပေါ်လာခဲ့သည်မှာ သူ၏ စိတ်ပုံရိပ်သာ ဖြစ်၏။

မူလက ခိုင်မာသော ယုံကြည်မှု စွမ်းအားနှင့် သွေးစတေး စွမ်းအား ရှိသော အရိုးမျှော်စင်များက အဓိက ယဇ်ပလ္လင်မှခံရသော ထိခိုက်မှုများကို ခံနိုင်ရည်ရှိပြီး ခွဲဝေနိုင်သည်။ သို့သော် ယခုအခါ ခီလီယာနာကို ခေါ်ယူရန် အဓိက ယဇ်ပူဇော်ပွဲကြောင့် အရိုး မျှော်စင်များ၏ စွမ်းအားအားလုံးကို အဓိကယဇ်ပလ္လင်မှ ဝါးမျိုလိုက်သည်။ မြေအောက်လောက အပြင်ဘက်တွင် အကာအကွယ်များစွာ ရှိသော်လည်း အဓိက ယဇ်ပလ္လင်၏ အတွင်းပိုင်းက အားအနည်းဆုံးဖြစ်ပြီး ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းအားကို မခုခံနိုင်ပေ။

အမှန်တကယ်၌ အလင်း မိုးကြိုး တောက်ပ၏ မြှင့်တင်ထားသော ထိုဗားရှင်းကို ချန်လွေ့သည် သိဒ္ဓိ အလင်းတောင် ခရီးစဉ် အတွက် မူလက ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ရာဖယ်ရယ်သို့ ‘ပြန်ဆပ်ရန်’ ဖြစ်နိုင်ပြီး သူက တစ်ဖနီနှင့် ဖန်တီးခြင်းဇစ်မြစ်အတွက် သိဒ္ဓိအလင်းတောင်သို့ သွားခဲ့မည်ဖြစ်ပြီး ၎င်းက သူ၏ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများ ဖြစ်သည်။ အသူရာချောက်နက်၏ ဆင်းသက်လာခြင်းက သက်ရှိသတ္တဝါ အားလုံးအတွက် ဘေးအန္တရာယ် တစ်ခု ဖြစ်သည်။ ထို့ကြောင့် အကောင်းအဆိုးကို ချိန်ဆပြီးနောက် သူက ထို‘ကြီးမားသောလက်ဆောင်’ ကို ခီလီယာနာထံသို့ နောက်ဆုံးတွင် ပေးအပ်ခဲ့လေသည်။

နှိုင်းယှဉ်မရအောင် တောက်ပသော အလင်းဖြူသွားရာ နေရာတိုင်း မရဏနက်နောက်လိုက်များ၊ အရိုး မျှော်စင်များ၊ အလောင်းလမ်း... အားလုံး ချက်ချင်း အမှုန်အဖြစ်သို့ ပြောင်းလဲသွားပြီး ခြေရာလက်ရာမရှိ ပျောက်ကွယ်သွား၏။ ခီလီယာနာ၏ ကိုယ်ပွားက စက္ကန့် အနည်းငယ်သာ ခံနိုင်ပြီး ကြောက်စရာကောင်းသော စွမ်းအားကို ဆက်လက်၍ မခံနိုင် တော့ပေ။ စူးစူးဝါးဝါး အော်သံတွင် သူက အဓိက ယဇ်ပလ္လင်နှင့်အတူ ဗလာနတ္ထိ ဖြစ်သွားတော့သည်။

မီယာစ် အင်ပါယာ တစ်ခုလုံး တုန်ခါနေ၏။ မြေကြီးက ကွဲအက် သွားသည်။ အနီးအနားရှိ ပင်လယ်ရေ ကလည်း ကြောက်စရာကောင်းသော စွမ်းအားကြောင့် ထိခိုက်ခံခဲ့ရသည်။ ဆူနာမီလို ကြီးမားသော ဒီရေလှိုင်း တစ်ခု ပေါ်လာ၏။ ဘာမှမသိသော လူများက ပြင်းထန်သော မြေငလျင် တစ်မျိုး ဖြစ်ပွားခဲ့သည်ဟု ထင်မှတ် ခဲ့ကြသည်။ သူတို့က အိမ်များမှ အလန့်တကြား ပြေးကြတော့သည်။

‘ငလျင်’ ငြိမ်သက်သွားရန် အချိန် အတော် ကြာခဲ့ပြီး တော်ဝင်သင်္ချိုင်း တည်ရှိရာနေရာ ပြိုကျသွားခဲ့သည်။ ကျူးကျော်မှုကို ကာကွယ်ရန် အဓိက ပင်မယဇ်ပလ္လင်မှ ပြင်ဆင်ထားသော ခိုင်မာသော အကာအကွယ်များသာ မရှိပါက ထိုပေါက်ကွဲမှု စွမ်းအားက ကျွန်းအင်ပါယာ တစ်ခုလုံးကို ပင်လယ်ထဲ မြှုပ်စေလောက်သည်။

အဓိကယဇ်ပလ္လင် ပျက်စီးသွားချိန် ရှီအွန် နန်းတော်ရှိ ခီလီယာနာက တုန်လှုပ်သွားခဲ့သည်။ သူ၏စွမ်းအား ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းကို ဖုံးအုပ်ကာ နာကျင်စွာ အော်ဟစ် လိုက်သည်။

“ချီးပဲ! မင်း အဓိကယဇ်ပလ္လင်ကို ဖျက်ဆီးခဲ့ရင်တောင် အသူရာ ချောက်နက်ရဲ့ စိတ်ဆန္ဒက ဖျက်ဆီး ခံရမှာမဟုတ်ဘူး! ငါတို့ ပြန်တွေ့ဖို့ သိပ်လိုမှာ မဟုတ်တော့ဘူး။ အဲဒီ အချိန်ကျရင်...”

စကားပြော မပြီးသေးခင်မှာပင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ မျက်လုံးပြာပြာထဲတွင် ကြောက်စရာ ကောင်းသော သွေးနီရောင်သည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး ကြောက်မက်ဖွယ် ‘ချပ်ကာ’နှင့် ဓားသွားသဖွယ် ချွန်ထက်သော လက်သည်းများက သာမန် မျက်လုံးဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပျောက်ကွယ်သွားကာ ကိုယ်လုံးတီး အမျိုးသမီး ခန္ဓာကိုယ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

သူ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်၌ ကြောက်မက်ဖွယ် ‘ပုံစံကွက်များ’ မရှိတော့ပေ။ သို့သော် သူက သူ၏ စွမ်းအား အားလုံးကို ဆုံးရှုံးသွား သကဲ့သို့ ဖြစ်နေ၏။ သူက ယိုင်နဲ့နဲ့နှင့် ရှေ့သို့ လဲကျသွားခဲ့သည်။

ချန်လွေ့၏ ပုံရိပ်က လက်ခနဲ ဖြစ်သွားပြီး ဗာရိုနီကာကို ဖမ်းကိုင် လိုက်ကာ ဖြည်းဖြည်းချင်း ထိုင်ချ လိုက်သည်။

ဗာရိုနီကာ၏ ပင်လယ်ပြာရောင် မျက်လုံးများက ပင်ပန်းနွမ်းနယ်နေပုံ ရသော်လည်း သူ၏ အကြည့်က ထူးထူးခြားခြား ငြိမ်းချမ်းမှုမျိုး ရှိနေ လေသည်။

“နင် လုပ်နိုင်ခဲ့ပြီ။ အာသာလေး။ မဟုတ်ဘူး၊ ငါနင့်ကို အာသာလို့ ခေါ်ရမယ်...”

“နင် ငါ့ကို မျှော်လင့်ချက်မဲ့နေတဲ့ အသူရာချောက်နက် ထဲကနေ လက် နှစ်ဖက်နဲ့ ဆွဲထုတ်ခဲ့တယ်။”

ဗာရိုနီကာ၏ အလှက ဇိုလာနှင့် ကတ်သရင်းတို့ကို နှိုင်းယှဉ်နိုင်ပြီး သူ၏ ရင့်ကျက်ပြီး ပြီးပြည့်စုံသော ကိုယ်တုံးလုံး ခန္ဓာကိုယ်က ဆွဲဆောင်မှုအပြည့် ရှိသည်။ သို့သော် ချန်လွေ့၏ မျက်လုံးထဲ ထိုအချိန် အခြား မည်သည့်အတွေးမှ မရှိနေဘဲ ဝမ်းနည်းမှု အနည်းငယ်သာ ရှိနေ၏။

ယခင် အမုန်းတရားနှလုံးသားကို ကျော်လွန်ခဲ့သည်ဖြစ်စေ၊ ခီလီယာနာ နှင့် ရုန်းကန်ခဲ့သည်ဖြစ်စေ ၎င်းသည် ဗာရိုနီကာ၏ ဝိညာဉ်ကို လောင်ကျွမ်း စေခြင်းဖြင့်သာ ဖြစ်လေသည်။ ခီလီယာနာက ချန်လွေ့ကို သတ်ရန် ဝိညာဉ်မျိုးကွဲ ခန္ဓာကိုယ်၏ စွမ်းအား အကုန်လုံး ကုန်ဆုံးစေခဲ့သည်ကို ဖော်ပြရန်ပင် မလိုအပ်တော့ပေ။

ယခု ဗာရိုနီကာ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ကုန်ခမ်းသွားပြီ ဖြစ်သည်။ ပြန်လည်ရှင်သန်ခြင်း ဆေးရည်ပင် အလုပ်မဖြစ်တော့ပေ။

ဗာရိုနီကာက လက်ကို မြှောက်ပြီး ချန်လွေ့ မျက်နှာကို ဖြည်းဖြည်းချင်း ပွတ်သပ်လိုက်သည်။ “အာသာလေး။ နင် ကြီးပြင်းလာပြီပဲ။ အနာဂတ်မှာ ကိုယ်တိုင်နဲ့ နင့်ရဲ့ ပတ်ဝန်းကျင်က လူတွေကို ဂရုစိုက်နော်။ ငါ့ရဲ့ နှလုံးသားက အမြဲတမ်း နင်နဲ့အတူ ရှိနေမှာပါ။”

ချန်လွေ့ ပြုံးလိုက်ပြီး မျက်ရည်များ ဗာရိုနီကာ၏ မျက်နှာအပေါ်သို့ စီးကျလာသည်။ သူ၏အသိစိတ်တွင် နှိုင်းယှဉ်မရနိုင်အောင် ပြင်းထန်သော ဝမ်းနည်းမှုက နှလုံးသားထဲသို့ တိုးဝင် လာခဲ့သည်။ ၎င်းသည် မူလ ‘အာသာ’ ဝိညာဉ်လား၊ သူ၏ ဝိညာဉ်လား ဆိုသည်ကို မပြောနိုင်တော့ပေ။

“တောင်းပန်ပါတယ်။ ကျုပ်က နဂို အာသာ မဟုတ်ပါဘူး။”

“နင့်ရဲ့မျက်ရည်က နေရောင်လို နွေးထွေးတယ်။” ဗာရိုနီကာက ကောင်းကင်ကို မော့ကြည့်လိုက်၏။ လရောင်သာ ရှိသော်လည်း သူက နေကို မြင်နေရသကဲ့သို့ ဖြစ်နေသည်။ “ငါ နောက်ဆုံးတော့ မျှော်လင့်စရာ မလိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေရောင်ခြည်ထဲမှာ ရောက်နေပြီ မို့လို့ပဲ...”

သူ၏ ပုံရိပ်က တဖြည်းဖြည်း ပါးလာပြီး လှပသော အပြုံးမှာမူ ငြိမ်းချမ်းနေဆဲ ဖြစ်သည်။ သူက ရုတ်တရက် ထထိုင်လိုက်ပြီးနောက် ချန်လွေ့၏ နှုတ်ခမ်းကို ညင်သာစွာ နမ်းလိုက်လေသည်။

ချန်လွေ့ အနည်းငယ် တုန်လှုပ် သွားလေသည်။ သူက နူးညံ့သော အထိအတွေ့ကို ခံစားရန် အချိန်မရမီ လက်ထဲရှိ ခန္ဓာကိုယ် ပေါ့ပါးသွားပြီး အလင်းစက်များစွာအဖြစ် ပျံ့လွင့် သွားခဲ့သည်။ နှုတ်ဆက်ရန်အတွက် လိပ်ပြာ တစ်ကောင်က တောင်ပံများ လှုပ်ယမ်းလိုက်သကဲ့သို့ ဖြစ်နေ၏။

သူ ခေါင်းမော့လိုက်ပြီး လေထဲတွင် တဖြည်းဖြည်း ပျံ့လွင့်နေသော အလင်းစက်များကို ကြည့်လိုက်ကာ လက်ကို ညင်သာစွာ ဆန့်လိုက်၏။ အလင်းစက်များက သူ့လက်ထဲတွင် ခဏတာမျှ တွယ်တာစွာ ရစ်သိုင်း နေခဲ့ပြီး ပျောက်ကွယ်စပြုလာသည်။

လေထဲတွင် ငွေဖြူရောင် အရာ တစ်ခု ပေါ်လာပြီး နူးညံ့သော အလင်းဖြူ ထုတ်လွှတ်နေသည်။ အလင်းစက်များအားလုံး ၎င်းထဲသို့ လျင်မြန်စွာ စုပ်ယူခံလိုက်ရ၏။

သိဒ္ဓိခွက်။

တိုက်ပွဲကို ကူညီခဲ့သော [သိဒ္ဓိ အကာအကွယ်] အပြင် သိဒ္ဓိခွက်တွင် အခြားလုပ်ဆောင်ချက်တစ်ခု ရှိ၏။ ထိုအရာက [သိဒ္ဓိဝိညာဉ်] ပင်။

မူလက ချန်လွေ့၏ အစီအစဉ်မှာ အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်သည့် ဖိုက်သွန် တည်ငြိမ်စေရန် သိဒ္ဓိဝိညာဉ်၏ စွမ်းရည်ကို အသုံးချမည်ဟူ၍ ဖြစ်သည်။ သို့သော် ၎င်းက ဗာရိုနီကာကို ကယ်တင်ရန် နောက်ဆုံးသော မျှော်လင့်ချက် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

[သိဒ္ဓိဝိညာဉ်]သည် ပျက်စီး သွားသော ဝိညာဉ် ဖြစ်တည်မှုကို ပြန်လည် ကောင်းမွန်လာသည် အထိ သိဒ္ဓိခွက်တွင် ထည့်ထားပြီး ပြုစု ပျိုးထောင်နိုင်သည်။ [သိဒ္ဓိဝိညာဉ်] ၏ အာနိသင်ကို အလင်းစွမ်းအား တစ်မျိုး ပေးဆပ်၍ မြှင့်တင်နိုင်၏။ သို့သော် [သိဒ္ဓိဝိညာဉ်] က အကြွင်းမဲ့ မဟုတ်ပေ။ ပြန်လည်ကောင်းမွန်မှု အဆင့်နှင့် အချိန်က ဝိညာဉ် ဖြစ်တည်မှု၏ ပျက်စီးမှု အဆင့် အပေါ်တွင် မူတည်၏။ ဗာရိုနီကာ၏ ဝိညာဉ်က လုံးဝနီးပါး ပြိုလဲသွားပြီး ဖိုက်သွန်၏ ပျက်စီးမှုနှင့် လုံးဝ ကွဲပြားလေသည်။ ပြန်လည် ကောင်းမွန်ရန် အချိန်မည်မျှ လိုအပ်သည်၊ သူ မည်သည့်အချိန်တွင် ပြန်လည် ကောင်းမွန်လာမည်ကို မည်သူမှ မသိနိုင်ပေ။

ချန်လွေ့က မျက်လုံးများကို မှိတ်လိုက်ပြီး ပတ်ပတ်လည်တွင် ရှိနေသေးသကဲ့သို့ ဖြစ်နေသော နွေးထွေးမှုကို ခံစားနေလိုက်သည်။ ဝိညာဉ် စွမ်းအား တစ်ခုလုံးက အထူး ပြောင်းလဲမှု တစ်မျိုးမျိုးကို ခံစားနေ ရလေသည်။ သူ၏ နှလုံးသား နက်နက်ထဲရှိ မူရင်း‘အာသာ’၏ မသိစိတ်က တဖြည်းဖြည်း ပျံ့လွင့် သွားပြီး သူ၏ဝိညာဉ်ထဲ ပေါင်းစည်း သွားခဲ့သည်။ သူ၏ ဝိညာဉ် စွမ်းအားကလည်း တဖြည်းဖြည်း သန့်စင်လာကာ ခိုင်မာလာခဲ့သည်။

အတော်လေး ကြာပြီးနောက်တွင် နောက်ဆုံး မျက်လုံးများကို ဖွင့်ပြီး လှမ်းထွက်သွားလိုက်သည်။

ချန်လွေ့သည် ရှီအွန်နန်းတော်သို့ မဝင်ခင် ပြင်ဆင်ထားခဲ့သော ပစ္စည်းများကို အသုံးပြု၍ အစွမ်း အထက်ဆုံး ရှေးမှော်စာများကို ပတ်ပတ်လည်တွင် ဖြန့်ကျက်ခဲ့ပြီး အတွင်းဘက်မှ လှုပ်ရှားမှုများနှင့် စွမ်းအားကို ပိတ်ဆို့ထားခဲ့သည်။ ခုနက တိုက်ပွဲက အလွန် ပြင်းထန် သော်လည်း အပြင်ဘက်၌ မည်သည့် အသံမှ မကြားရပေ။ ထိုတိုက်ပွဲက ကြီးမားသော ယုံကြည်မှု စွမ်းအားနှင့် ချန်လွေ့၏ မူရင်း ခန္ဓာကိုယ်တို့ ပေါင်းစပ်မှု ဖြစ်သည်။ ခီလီယာနာကို သူ ရှုံးနိမ့်ပါက အခင်းအကျင်း ပျက်စီး သွားပေလိမ့်မည်။

ချန်လွေ့ ထွက်သွားသော အခါတွင် အခင်းအကျင်းကို တိုက်ရိုက်မပိတ်ဘဲ အချိန်အတိုင်းအတာတစ်ခုအထိ မှော်စာလုပ်ဆောင်ချက်ကို ဖွင့်ထားခဲ့သည်။ အချိန်အတိုင်းအတာတစ်ခု ကုန်ဆုံးသွားပြီးနောက် ၎င်းက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လုံးလုံးလျာလျာ ပြိုပျက်နေခဲ့သော ရှီအွန်နန်းတော်၏ စစ်မှန်သောပုံစံကို ဖော်ပြပေလိမ့်မည်။

ချန်လွေ့က လမ်းတလျှောက်လုံး ရပ်တန့်မနေဘဲ နန်းတော်ခန်းမထဲသို့ တည့်တည့် လျှောက်သွားလိုက်သည်။

ယခုတစ်ခေါက် သူက ရီရိုဒီရှာသို့ ထို “ခမည်းတော်” နှင့် တွေ့ဆုံရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

မမျှော်လင့်ထားသည်မှာ ညနက် သော်လည်း မဟာလက်ဇ်က သူ့ကို အဓိက ခန်းမတွင် စောင့်နေခဲ့ပြီး လမ်းတလျှောက်တွင် မည်သူမျှ သူ့ကို မတားဆီးခဲ့ပေ။

“အရှင်မင်းကြီး အချိန်အကြာကြီး စောင့်နေခဲ့တာပဲ။” ချန်လွေ့က ပလ္လင်အောက်ရှိ လှေကားများသို့ ရောက်လာပြီး ရပ်တန့်ကာ ဦးညွတ် လိုက်သည်။

“ငါ အကြာကြီး ‘စောင့်နေတာ’ ကို မင်း သိတာလား။” မဟာလက်ဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “မင်း ရှီရွန်နန်းတော်မှာ အတော်လေး သက်တောင့်သက်သာ ရှိခဲ့တဲ့ပုံပဲ။”

‘သက်တောင့်သက်သာ’ ဟူသော စကားကို ကြားသောအခါ ချန်လွေ့ ဘာမှမပြောဘဲ ပခုံးတွန့်လိုက်၏။

“မင်းနဲ့ သေသွားပြီဖြစ်တဲ့ မင်းရဲ့ ဦးရီးတော် ဆိုဖေးလ်ရဲ့ဇနီးက...” မဟာလက်ဇ်က တမင်တကာပင် ထိုကဲ့သို့ အငြင်းပွားဖွယ်ရာဘွဲ့ကို အသုံးပြုခဲ့လေသည်။

ချန်လွေ့ ခေါင်းခါပြီး ပြောလိုက်၏။ “ဒီလောကမှာ ‘ဆိုဖေးလ်ရဲ့ဇနီး’ ဆိုတာ မရှိတော့ဘူး။”

“မင်း သူကို ဘယ်လိုပဲဖြစ်ဖြစ် ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့တာလား။”

“မဟုတ်ဘူး၊ ကျုပ်ရဲ့စကား မဆုံးသေးဘူး။ ဒီလောကမှာ ‘ဆိုဖေးလ်ရဲ့ဇနီး’ တင်မကဘူး။ ‘ဗာရိုနီကာ’ လည်း မရှိတော့ဘူး။”

မဟာလက်ဇ်က ထိုစကား၏ အဓိပ္ပာယ်ကို နားလည်သွားပြီး သူ၏ မျက်နှာတွင် အံ့အားသင့်သော အမူအရာတစ်ခု ပြသလိုက်သည်။ သူက ရှေ့တွင် ရှိနေသော ‘သားတော်’ ကို ပထမဆုံးအကြိမ် သိကျွမ်းရ သကဲ့သို့ ဖြစ်နေ၏။ “အာသာ။ ငါ မင်းကို တကယ် အထင်သေးခဲ့မိတယ်။ မင်း ဒီလောက် ရက်စက်နိုင်တာပဲ... ငါ ဝန်ခံရမယ်။ အုပ်စိုးသူ တစ်ဦးမှာ ရှိသင့်တဲ့ အရေးအကြီးဆုံး အရည်အသွေး မင်းမှာ ရှိနေပြီ။”

“အရေးအကြီးဆုံး အရည်အသွေး... ရက်စက်တာလား။” ချန်လွေ့က ဂရုမစိုက်ဘဲ ပြောလိုက်သည်။ “အဲဒီ လမ်းရှေ့က အတားအဆီးအားလုံး၊ လူတိုင်းကို မတုံးဆိုင်းဘဲ ဖယ်ရှား ပစ်ရမယ်။ ဟုတ်တယ်မလား။ အရှင်မင်းကြီး။”

မဟာလက်ဇ်က မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်သည်။ “မင်း သိရက်နဲ့ မေးနေတာလား။”

“ဟုတ်လား။” ချန်လွေ့သည် ဂရု မထားသော အမူအရာ တစ်ခုကို ပြသလိုက်သည်။ “ကျုပ် မိုက်မဲတဲ့ မေးခွန်းတစ်ခုကို မေးမိသွားတယ်နဲ့ တူပါတယ်။”

“ဒီမေးခွန်းကြောင့် မင်း မိုက်မဲတာ မဟုတ်ဘူး။ အဲဒါက...” မဟာလက်ဇ်က စက္ကူတစ်ရွက်ကို ကိုင်ထား၏။ ၎င်းကို ချန်လွေ့က သူ့ဆီ အစကတည်းးက ပေးခဲ့ခြင်း ဖြစ်သည်။ “ငါ အခုထိ နားမလည် သေးဘူး။ ဒါက မယုံနိုင်စရာ ကောင်းလောက်အောင် မိုက်မဲတာပဲ။”

“အရှင်မင်းကြီးလည်း ဒီလိုမျိုး လုပ်နေတာပဲ မဟုတ်ဘူးလား။ အရှင်မင်းကြီးက အခုထိ သတိထား နေတုန်းဖြစ်ရင်ဖြစ်မယ်။ ထောင်ချောက်ထဲ ကျမသွားအောင်လို့ပေါ့။” ချန်လွေ့ ပြုံးလိုက်သည်။ “အရှင်မင်းကြီးမှာ ဒီလိုစိတ်ကူး တစ်ခါမှ မရှိခဲ့ဘူးလို့ ကျုပ်ကို မပြောပါနဲ့။ ကျုပ်က လုံးဝ မမေးခဲ့ရင်တောင် အနှေးနဲ့အမြန်ပါပဲ။”

ထိုစက္ကူထဲရှိ အကြောင်းအရာမှာ ရွှေရောင်နယ်မြေ ထိုကာလအတွင်း ဝိုင်းပယ်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းနှင့် အတင်းအကျပ် ခိုင်းစေခံရခြင်း၏ အကြောင်းရင်း အမှန်ပင် ဖြစ်သည်။ အရာအားလုံး၏ အဓိက တရားခံမှာ အမှန်တကယ်၌ ‘အာသာ’ ကိုယ်တိုင် ဖြစ်လေသည်။

“မင်း ဒီအရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိတာလား။ ဒါမှမဟုတ် မင်းရဲ့ ကြိုးပမ်းမှု အားလုံးကို အစောကြီး ကတည်းက စွန့်လွှတ်ဖို့ အသင့်ပြင် ထားတာလား။” မဟာလက်ဇ်က ခေါင်းခါလိုက်သည်။ “သိဒ္ဓိအလင်း ဝတ်ရုံ အတွက်ပဲလား။ အဲဒါက သင်္ကေတပစ္စည်းတစ်ခု သက်သက်ပဲ။ အဲဒါက သိဒ္ဓိကျောင်းတော်အတွက် အထူးအဓိပ္ပာယ်ရှိရင်တောင် မင်းကို တကယ့်လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေ ပေးမှာမဟုတ်ဘူး။ မင်းမှာ ကျောင်းတော်ရဲ့ ထောက်ပံ့မှု ရှိနေတယ်။ ပြီးတော့ ဒီလိုစွမ်းရည်မျိုး ပြသခဲ့တယ်။ ဒီလို ပြတ်သားတဲ့ စိတ်ဆန္ဒနဲ့ နည်းလမ်းတွေ ရှိတယ်။ မင်း အခု ငါ့ကို တော်လှန်ရင်တောင် ဒီပလ္လင်ပေါ်မှာ ထိုင်ရဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး။ မင်း ဘာလို့ ဒီလို ဆုံးဖြတ်ချက်မျိုး ချခဲ့တာလဲ။”

“အရှင်မင်းကြီး ပျော်ရွှင်သင့်တာ မဟုတ်ဘူးလား။ ဒီနေ့ ကျုပ် လာတာ၊ မြို့တော် စစ်သူကြီးကို သွယ်ဝိုက် သတ်ခဲ့တာ၊ ဦးရီးတော်ရဲ့ မုဆိုးမလို့ ခေါ်တဲ့သူနဲ့ ပျော်ပါးတာ။ မင်းကြီး အတွက် အကောင်းဆုံး အခွင့်အရေး ဖန်တီးပေးတာ မဟုတ်ဘူးလား။” ချန်လွေ့က တိတ်ဆိတ်နေသော ခန်းမ ပတ်လည်ကို ကြည့်လိုက်၏။ “ဒါပေမယ့် အရှင်မင်းကြီးက ကျုပ် တကယ် ဘာလိုချင်လဲ သိရဲ့လား။”

“ငါ မသိဘူး။” လက်ဇ်၏ လက်ချောင်းများက လက်တင်ခုံကို ဖြည်းဖြည်းချင်း ခေါက်နေ၏။ “မင်း ဒီနေ့ တယောက်တည်း မလာသင့်ဘူး ဆိုတာတော့ သိတယ်။”

All Chapters