← Chapters

သိဒ္ဓိသားတော်

Vol. 63 Ch. 1018

သိဒ္ဓိသားတော်

Vol. 63 Ch. 1018

နောက်တစ်နေ့တွင် ထိတ်လန့်စရာ သတင်းတစ်ခု ပျံ့နှံ့သွား၏။

နဂါးလင်းလက်အင်ပါယာမှ တတိယ မင်းသား အာသာရိုလန်က ကြီးလေးသော ပြစ်မှုကို ကျူးလွန်ပြီးနောက် ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ သူ့ကို မဟာလက်ဇ်ကိုယ်တိုင် ဝရမ်းထုတ် ထားခဲ့လေသည်။

အင်ပါယာ၏ ထူးခြားသော ထိုတတိယမင်းသား၊ ရွှေရောင်နယ်မြေသခင်၊ လူသားများထဲ၌ ထိပ်တန်း ယန္တရား မဟာဆရာသခင်က လက်ထပ်ခြင်းကို ငြင်းပယ်ပြီး ပျောက်ကွယ်သွားခြင်းများအပြီးတွင် အလွန်ထူးခြားသော နည်းလမ်းဖြင့် လောက တစ်ဝှမ်းတွင် ထပ်မံ၍ ပြောစရာတစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

‘အာသာ’ ကျူးလွန်ခဲ့သော ပြစ်မှုများကို မကြာမီ လူအများက သိလာကြသည်။ ပထမ တစ်ခုမှာ ‘အာသာ’က လှည့်ကွက် တစ်ခုကို အသုံးပြု၍ ပြိုင်ပွဲ ထောင်ချောက် တစ်ခုကို စီစဉ်ခဲ့သည်။ သူ၏ ရွှေရောင်စစ်သည်တော်နှင့် နဂါးစီးနင်းသူ ဆမ်မြူရယ်အား ထရီနစ်ကို သတ်ရန် လှုံ့ဆော်ခဲ့သည်။ ထရီနစ်သည်လည်း ရွှေရောင်စစ်သည်တော်နှင့် နဂါးစစ်သည်တော်ဖြစ်သည်။ ထရီနစ်တွင် အထူးခြားဆုံး သရုပ် တစ်ခု ရှိသည်။ ၎င်းမှာ မဟာလက်ဇ် ကိုယ်တိုင် ရွှေရောင်နယ်မြေတွင် ခန့်အပ်ထားသော တပ်မှူးပင်

ထိုလျို့ဝှက်ကြံစည်မှုက ‘အာသာ’ နှင့် မဟာလက်ဇ်တို့ အကြား တိုက်ခိုက်မှု ပါဝင်သည်။ မဟာလက်ဇ်သည် ထိန်းချုပ်လိုစိတ်ဖြင့် လူသိများပြီး နှစ်ပေါင်းများစွာ နဂါးလင်းလက် အင်ပါယာကို အကြွင်းမဲ့ အုပ်ချုပ်ခဲ့ လေသည်။ တစ်ချိန်တည်းမှာပင် ၇နှစ်ကြာ ပျောက်ကွယ်သွားခဲ့ပြီး ပြန်လာခဲ့သော မင်းသား ‘အာသာ’က လအနည်းငယ် အတွင်းတွင် သူ ပြသခဲ့သော စွမ်းရည်က လောက တစ်ခုလုံးကို အံ့အားသင့်စေပြီး ပလ္လင်၏ အကောင်းဆုံး ဆက်ခံသူ အဖြစ် အသိအမှတ်ပြု ခံခဲ့ရသည်။ သို့သော် အကောင်းဆုံးအရွယ်တွင် ရှိနေသော မဟာလက်ဇ်အတွက် ၎င်းက အန္တရာယ်ဖြစ်နိုင်ချေကိုလည်း ကိုယ်စားပြုလေသည်။

ရှေးကတည်းက အဟောင်းနှင့် အသစ် အကြား၌ အာဏာ ကူးပြောင်းခြင်းသည် စိတ်ကူး မယဉ်နိုင်သော ရုန်းကန်မှုများနှင့် အမျိုးမျိုးသော ကြိုတင်ခန့်မှန်း၍ မရသည့် ပြောင်းလဲမှုများဖြင့် ပြည့်နှက်နေသော အလွန်အမင်း ထိရှလွယ်သော ခေါင်းစဉ်တစ်ခု ဖြစ်လေသည်။ အထူးသဖြင့် အုပ်စိုးသူတစ်ဦးအတွက် ဆက်ခံသူက အလွန်ကောင်းသည် ဖြစ်စေ၊ အလွန် သာမန်ဖြစ်သည် ဖြစ်စေ၊ ပြဿနာရှိသော အရာ ဖြစ်သည်။ ထိုအခြေအနေတွင် ‘အာသာ’သည် ပွင့်ပွင့်လင်းလင်း ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အမျိုးမျိုးသော ကန့်သတ်ချက်များနှင့် ဖိနှိပ်မှုများကို ခံခဲ့ရပြီး ၎င်းသည် ပွင့်လင်းသော လျှို့ဝှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ ကံမကောင်းစွာဖြင့် ‘အာသာ’က သည်းခံနိုင်သော လူမျိုး မဟုတ်ကြောင်း သိသာသည်။ သူက နောက်ဆုံးတွင် ထရီနစ်၏ ရန်စမှုကို မခံနိုင်တော့ဘဲ ပြိုင်ပွဲ တစ်ခုကို အသုံးချကာ ဆမ်မြူရယ်အား ထရီနစ်ကို သတ်စေခဲ့သည်။

ထရီနစ်ကို သတ်ခြင်းက အဓိပ္ပာယ် ရှိပါက နောက်တစ်ခုမှာ မယုံနိုင်စရာ ဖြစ်သည်။ ‘အာသာ’က ဗာရိုနီကာကို အမှန်တကယ် သတ်ခဲ့လေသည်။

‘အာသာ’၊ ဗာရိုနီကာနှင့် လန်ဘိစ် တို့ကြား သုံးပွင့်ဆိုင်ဆက်ဆံရေးက ယခင် ‘လက်ထပ်မှုငြင်းပယ်ခြင်း’ အဖြစ်အပျက်တွင် တလောကလုံး သိခဲ့ကြလေသည်။ ဗာရိုနီကာက ‘အာသာ’ ၏ ဆရာမဖြစ်ပြီး ‘အာသာ’ အလွန် စွဲလမ်းသော အမျိုးသမီး ဖြစ်သည်။

နောက်ပိုင်းတွင် ဗာရိုနီကာက အာသာ၏ ဦးရီးတော် မင်းသား ဆိုဖေးလ်နှင့် အတင်းအကျပ် လက်ထပ် ခဲ့ရသည်။ ထို့နောက် ဆိုဖေးလ်၏ ထူးဆန်းသော သေဆုံးမှု အပြီးတွင် သူက ကံမကောင်းစွာဖြင့် မုဆိုးမ ဖြစ်ခဲ့သည်။ မကြာသေးမီက စေ့စပ်ပွဲအခမ်းအနား၌ အာသာသည် ၇နှစ်ကြာ စောင့်ခဲ့သော လန်ဘိစ်ကို ဗာရိုနီကာအတွက် အများရှေ့တွင် ငြင်းပယ်ခဲ့သည်။ သို့သော် ယခု ‘အာသာ’သည် သူ၏ အချစ်ဆုံး အမျိုးသမီးကို လက်ဖြင့် ကိုယ်တိုင် သတ်ခဲ့ရာ ထိုထဲတွင် မည်သို့သော မကျေနပ်မှုများ ရှိခဲ့သနည်း။

ထိုအရာ နှစ်ခုအပြင် အာသာသည် နိုင်ငံတော်ဘဏ္ဍာ တစ်ခု ဖြစ်သော နဂါးလင်းလက်အင်ပါယာ၏ သိဒ္ဓိ အမွေနှစ်တစ်ခုကို ခိုးယူသွားကြောင်း ဆိုသည်။

အဖြစ်အပျက်များအပြီးတွင် ဒေါသထွက်နေသော မဟာလက်ဇ်က မီးတောင်ပံဗိုလ်ခြေအား ‘အာသာ’ကို ဖမ်းဆီးရန် စေလွှတ် ခဲ့ပြီးနောက် အစွမ်းအထက်ဆုံး နဂါးစစ်သည် ဗိုလ်ခြေအား ရွှေရောင် နယ်မြေ တစ်ခုလုံးကို ထိန်းချုပ်ရန် စေလွှတ် ခဲ့သည်။

ရွှေရောင်နယ်မြေကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့သော်လည်း ‘အာသာ’ တည်နေရာကို မသိရပေ။ အာသာ၏ အစောင့်အရှောက်နှစ်ဦး၊ ယုံကြည် ရသော ဆမ်မြူရယ်နှင့် အခြားသူများ ပျောက်ဆုံးနေကြသည်။

ထိုညတွင် ရွှေရောင်နယ်မြေရှိ သိဒ္ဓိကျောင်းတော်တွင် မူလက တပ်စွဲထားသော ကျက်သရေဆောင် စစ်သည်တော်များက ရေဖျန်း ဘုန်းတော် ဂရာလင်၏ ဦးဆောင်မှု အောက်တွင် ညလုံးပေါက် ဆုတ်ခွာ သွားခဲ့သည်။ ယခင်က ‘အာသာ’ နှင့် သိဒ္ဓိကျောင်းတော် အကြားရှိ ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကြောင့် သူက သိဒ္ဓိ ကျောင်းတော်မှ လူများနှင့် အတူ ထွက်ပြေးသွားခြင်း ဖြစ်နိုင်သည်။ ထိုအရာက အပြစ်ကို ကြောက်၍ ထွက်ပြေးတိမ်းရှောင်ခြင်း မဟုတ်ဘဲ စွန့်ခွာခြင်းပင်။

ထိုအကြောင်းရင်းကြောင့် နဂါးလင်းလက်အင်ပါယာက သိဒ္ဓိကျောင်းတော်နှင့် တရားဝင် ညှိနှိုင်းဆွေးနွေးခဲ့ပြီး သိဒ္ဓိကျောင်းတော်အား နဂါးလင်းလက်အင်ပါယာ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်နှင့် အပြစ်ကျူးလွန်သူ ‘အာသာ’ကို လွှဲပေးရန် တောင်းဆိုခဲ့သည်။

မမျှော်လင့်ထားသည်မှာ သိဒ္ဓိကျောင်းတော်သည် နဂါးလင်းလက်အင်ပါယာမှ ‘အာသာ’ကို ကာကွယ်ပေးခဲ့ခြင်းကို ဖုံးကွယ်မထားဘဲ ‘အာသာ’၏ စွန့်ခွာခြင်း အကြောင်းအရင်းအမှန်ကို လူသိရှင်ကြား ကြေညာခဲ့သည်။

ထရီနစ်က သံမဏိကြေးခွံ ဗိုလ်ခြေကို ဦးဆောင်၍ ရွှေရောင် နယ်မြေထဲသို့ ဝင်ရောက်လာပြီး ကတည်းကစပြီး နေထိုင်သူများကို အကြောင်းမဲ့ မကြာခဏ နှောင့်ယှက် ခဲ့သည်။ ဒေသခံ ကျောက်စိမ်း ဗိုလ်ခြေကို ရန်စခဲ့ပြီး တစ်ချိန်က တည်ငြိမ်ပြီး စည်ပင်ခဲ့သော ရွှေရောင် နယ်မြေကို မကျေနပ်မှုများ ပြည့်နှက် စေခဲ့၏။ ထိုပြိုင်ပွဲ အကြောင်းရင်းက သံမဏိကြေးခံဗိုလ်ခြေက လန်းဆန်းပန်း အရက်ဆိုင်တွင် ပြဿနာရှာခဲ့၍ဖြစ်ပြီး ၎င်းတို့သည် သူတို့ကို တားဆီးရန်ရောက်လာသော ကျောက်စိမ်းဗိုလ်ခြေ လုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် အရပ်သားများကိုပါ သတ်ပစ်ခဲ့သည်။

ကျောက်စိမ်းဗိုလ်ခြေ တပ်မှူး ဆမ်မြူရယ် ကိုယ်တိုင် ရောက်လာ သောအခါ တောင်းပန်ခြင်းနှင့် တာဝန်ရှိသူများကို အပြစ်ပေးခြင်း အစား ထရီနစ်က ဆမ်မြူရယ်ကို ပို၍ပင် ရန်စခဲ့ပြီး နောက်ဆုံးတွင် ပြိုင်ပွဲတစ်ခု ဖြစ်ပေါ် စေခဲ့သည်။ ထိုပြိုင်ပွဲသည် အမှန်တကယ်တွင် ထရီနစ်မှ ဆမ်မြူရယ်ကို သတ်ရန် ရည်ရွယ်ဖန်တီးထားသော ထောင်ချောက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ထရီနစ်သည် နာမည်ကြီး ဒဏ္ဍာရီအဆင့် အဆင်တန်ဆာ ‘ပြာဝတ်စုံ’ကို ကြိုတင်၍ ပြင်ဆင် ထားခဲ့သည်။ ဆေးရည်မည်းများကို သောက်ထားခဲ့ပြီး ပြိုင်ပွဲတွင် လျှို့ဝှက် တိုက်ခိုက်ရန် ဧရာမ နဂါးကိုပင် ဆင့်ခေါ်ခဲ့သည်။ ဝမ်းနည်း စရာမှာ လှည့်ကွက်များက တကယ့် စွမ်းအားနှင့် နှိုင်းယှဉ်လျှင် အားနည်း နေခဲ့၏။ ဆမ်မြူရယ်က နောက်ဆုံး အကြီးမားဆုံးစွမ်းအားကို ပြသခဲ့ပြီး ထရီနစ်ကို အနိုင်ယူခဲ့သည်။ ပြိုင်ပွဲ အနိုင်ရပြီးနောက် ထရီနစ်သည် ထွက်ပြေးရန် ကြိုးစားခဲ့သောကြောင့် ထိုအရာအားလုံးကို မြင်တွေ့ခဲ့သော အကြီးအကဲနဂါးက ဒေါသတကြီး သတ်ပစ်ခဲ့သည်။ ကျက်သရေဆောင် ဓားသခင် ပါဆာလီ၏ တပည့်ကြီး ဖြစ်ပြီး ယခု ကောင်းကင် မိုးကြိုး ခန်းမ၏ သခင်ဖြစ်လာသူ ဇာမင်ဒါက ဒိုင်လူကြီးအဖြစ် ထိုပြိုင်ပွဲ တစ်ခုလုံး မျက်မြင်တွေ့ခဲ့ရသည်။ နတ်ဘုရား တစ်ပိုင်းအကြီးအကဲနှစ်ဦး အပါအဝင် နဂါးလေးကောင်က ထိုကိစ္စမှာ လုံးဝ မှန်ကန်ကြောင်း သက်သေခံခဲ့သည်။

ထရီနစ် သေဆုံးမှုက ထိုက်တန်၏။ ၎င်းသည် ‘အာသာ’ နှင့် လုံးဝ မသက်ဆိုင် ရုံသာမက ‘အာသာ’၏ ညာလက်ရုံး ဆမ်မြူရယ်ကို သတ်ရန် တစ်စုံတစ်ဦးက ညွှန်ကြားထားပုံ ရလေသည်။ အကြီးမားဆုံး သံသယ ရှိသူမှာ ‘အာသာ’ နှင့် ဆမ်မြူရယ် တို့နှင့် အတိတ်က မကျေနပ်မှုများ ရှိသော မင်းသား တစ်ပါးပင်။

ဗာရိုနီကာကို ‘အာသာ’ သတ်ခဲ့ခြင်းမှာ ပို၍ပင် အဓိပ္ပာယ် မရှိလှပေ။ ‘အာသာ’သည် ၇နှစ်ကြာ စောင့်ဆိုင်းခဲ့သော ကျက်သရေပြာ အင်ပါယာ၏ ထိပ်တန်း မိန်းမလှ မင်းသမီး လန်ဘိစ်ကိုပင် စွန့်လွှတ် နိုင်ခဲ့သည်။ သူက ဗာရိုနီကာကို သူ့လက်ဖြင့် သတ်ခဲ့သည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ ဗာရိုနီကာ သေဆုံးခြင်း အကြောင်းရင်းအမှန်မှာ အဆိပ်သင့်ခဲ့ခြင်း ဖြစ်သည်။

မူလက သနားစရာအမျိုးသမီးက နှစ်ပေါင်းများစွာ စိတ်ကျရောဂါ ခံစားခဲ့ရပြီး ဆိုးသွမ်းသော မင်းသား တစ်ပါး၏ နှောင့်ယှက်ခြင်းကိုလည်း ခံခဲ့ရသည်။ ထို့ကြောင့် သူသည် ကြောက်လန့်ပြီး အိပ်ရာထဲ လဲနေခဲ့၏။ ယခုတစ်ကြိမ်တွင် အာသာက ရှီအွန်နန်းတော်သို့ ရည်ရွယ်ချက်ရှိရှိ မျှားခေါ်ခံခဲ့ရပြီး ဗာရိုနီကာ အဆိပ်သင့်၍ သေလုနီးပါး ဖြစ်နေကြောင်း တွေ့ခဲ့ရသည်။ နောက်ဆုံး မိန်းမလှက ကွယ်လွန် သွားခဲ့သည်။

ဗာရိုနီကာ၏ဘဝက သနားစရာ ကောင်းလှသည်။ သူ၏ ချစ်သူကို စွန့်ခွာရန် အတင်းအကျပ် ခိုင်းစေ ခံခဲ့ရပြီး အဖေအရွယ်ရှိ အမျိုးသား တစ်ဦးနှင့် လက်ထပ်ခဲ့ပြီး အစောကြီး မုဆိုးမ ဖြစ်ခဲ့ရသည်။ နန်းတော် အတွင်းထဲတွင် သူက အကြိမ်ကြိမ် အနိုင်ကျင့်ခံရပြီး နှိပ်စက်ခံခဲ့ရသည်။ နောက်ဆုံးတွင် သူ့ချစ်သူ၏ လက်ထဲ သေဆုံးခဲ့သော်လည်း ထိုကိစ္စသည် ‘အာသာ’ကို ကြီးကြီးမားမား ထိခိုက် စေခဲ့သည်။ စိတ်ပျက်အားငယ်ရင်း မင်းသားက စီမံခန့်ခွဲမှု အားလုံးကို စွန့်လွှတ်ကာ နဂါးလင်းလက် အင်ပါယာမှ ထွက်ခွာသွားခဲ့သည်။

‘အာသာ’ ယူသွားသော နိုင်ငံတော် ဘဏ္ဍာနှင့် သိဒ္ဓိအမွေအနှစ် အတွက်မူ ကျောင်းတော်၏ အသံသည် ပို၍ပင် ပြင်းထန်သည်။ အကြောင်းမှာ ၎င်းကို ကောင်းကင်တမန် သုံးဦး ထိုစဉ်က နဂါးလင်းလက် အင်ပါယာထံ ပေးအပ်ခဲ့သည့် “သဒ္ဓိအလင်းဝတ်ရုံ” ဖြစ်နေ၍ပင်။ ယခု “သိဒ္ဓိသားတော်” အာသာကို ကောင်းကင်တမန်တော် သုံးပါးက ပြန်ယူခိုင်းလိုက်ခြင်းသာ ဖြစ်လေသည်။

သိဒ္ဓိကျောင်းတော်၏ တုံ့ပြန်မှုကို ကြားလိုက်ရာတွင် တလောကလုံး တုန်လှုပ်သွားခဲ့သည်။

ပထမ နှစ်ခုမှာ နဂါးလင်းလက် အင်ပါယာ၏ ပြည်တွင်းရေးကိစ္စများ သို့မဟုတ် ကိုယ်ရေးကိုယ်တာ မကျေနပ်မှုများသာ ဖြစ်ပေသည်။ သို့သော် တတိယ ရှင်းလင်းချက်က အလွန် အရေးကြီးသော သတင်း အချို့ကို ဖော်ပြနေသည်။

‘သိဒ္ဓိသားတော်’!

သိဒ္ဓိကျောင်းတော် တစ်ခုလုံး၏ အမြင့်ဆုံး စိတ်ဝိညာဉ် ခေါင်းဆောင်က ပုပ်ရဟန်းမင်း ဖြစ်သည်။ မဟာဘုန်းတော်ကြီး ဟူ၍လည်း လူသိများသည်။ ပုပ်ရဟန်းမင်း အလောင်းအလျာကို ‘သိဒ္ဓိသားတော်’များထဲမှ ရွေးချယ် လေသည်။ လက်ရှိ သိဒ္ဓိအလင်း ပုပ်ရဟန်းမင်းမှာ ဗန်တီစ် ဖြစ်သည်။ ဂိုဏ်းချုပ် ‘သိဒ္ဓိမိန်းမပျို’ ယူဒိုရာမှလွဲ၍ ‘သိဒ္ဓိသားတော်’ ကို အတည်ပြုခဲ့ခြင်း မရှိပေ။ ယခုတွင် ‘အာသာ’က သိဒ္ဓိကျောင်းတော်၏ သိဒ္ဓိသားတော် ဖြစ်လာခဲ့သည်။

ယုံကြည်ရသော သတင်းအရ ‘အာသာ’သည် ကောင်းကင်တမန် သုံးပါးအနက် တစ်ပါးဖြစ်သော ရာဖယ်ရယ် ခန့်အပ်ထားသည့် သိဒ္ဓိ သားတော် ဖြစ်လေသည်။ သူသည် နောက်ထပ် ပုပ်ရဟန်းမင်း ဖြစ်လာ ပေလိမ့်မည်။

လူတိုင်းသိကြသည်မှာ ရွှေရောင် နယ်မြေနှင့် သိဒ္ဓိကျောင်းတော်ကြား ဆက်ဆံရေး အလွန်ရင်းနှီးခြင်းပင်။ သို့သော် ၎င်းက ထိုမျှအထိ ရောက်ရှိ လိမ့်မည်ဟု မည်သူမျှ မတွေးခဲ့မိပေ။

နဂါးလင်းလက်အင်ပါယာကနေ ထွက်သွားခဲ့သော မင်းသားက သိဒ္ဓိကျောင်းတော်ရဲ့ ပုပ်ရဟန်းမင်း အလောင်းအလျာလား။?

နှစ်ခုကြားမှာ တူတာ တစ်ခုခု ရှိလို့လား။

‘သိဒ္ဓိသားတော်’ ဟူသော သရုပ်က အလွန် တောက်ပနေသည်။ သာမန် မင်းသားများ၊ တော်ဝင်တိုင်းပြည် ဆက်ခံသူများနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့က ‘မှုန်မှုန်မှိုင်းမှိုင်း’ ဟူသော စကားလုံးများဖြင့်သာ ဖော်ပြနိုင်၏။ သိဒ္ဓိသားတော် ဖြစ်သောကြောင့် ‘အပြစ်အနာအဆာ’ ရှိ၍ မရနိုင်ပေ။ မဟာလက်ဇ်သာမက သာမန်လူများပင် ထိုအရာကို နားလည်လေသည်။

အစွမ်းထက်ပြီး ရန်လိုသော သိဒ္ဓိကျောင်းတော်ကို ရင်ဆိုင်ရသော အခါ နဂါးလင်းလက်အင်ပါယာက သည် သိဒ္ဓိအင်ပါယာ နှစ်ခုအနက် တစ်ခု ဖြစ်ပြီး နောက်ကွယ်တွင် နဂါးများ ရှိနေသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကို ဆက်လက်၍ မဆွဲကိုင်နိုင်တော့ပေ။ ‘အာသာ’ က သိဒ္ဓိသားတော် ဖြစ်သောကြောင့် ထိုကိစ္စက နဂါးလင်းလက်အင်ပါယာ ပြည်တွင်းရေးကိစ္စ တစ်ခုသာ မဟုတ်တော့ပေ။

ချိန်ဆပြီးနောက် မဟာလက်ဇ်က နောက်ဆုံးတွင် အလျှော့ပေးလိုက်ပြီး ‘အာသာ’အတွက် ဝရမ်းထုတ်ခြင်းကို ဖျက်သိမ်းခဲ့ပြီး ထရီနစ်၏ ပြိုင်ပွဲနှင့် ဗာရိုနီကာ၏ အဆိပ်သင့်ခဲ့သော နောက်ကွယ်မှ အဓိက တရားခံကို စုံစမ်းရန် အမိန့်ပေးခဲ့သည်။

ပထမဆုံး ထိခိုက်ခံရသူမှာ ဒုတိယမင်းသား ဂါဖီးလ် ဖြစ်သည်။ ဂါဖီးလ်က ၎င်းကို လုံးဝ မတွေးမိ ခဲ့ပေ။ မူလက သူသည် မဟာလက်ဇ်ကို အသုံးချ၍ ထရီနစ်အား ဆမ်မြူရယ်ကို ထောင်ချောက်ဆင်ခိုင်းခဲ့ခြင်းသာ ဖြစ်သော်လည်း ၎င်းက သူ့ကို ပို၍ပင် သေစေနိုင်သော ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့သည်။

ဗာရိုနီကာ အဆိပ်သင့်ခြင်းနှင့် ပတ်သက်၍ သူနှင့် လုံးဝ မဆိုင်ပေ။

ဂါဖီးလ်နှင့် ‘အာသာ’၏ ဆက်ဆံရေးမှာ အဆိုးဆုံး ဖြစ်သည်။ သူသည် ရွှေရောင်နယ်မြေကို သူ၏ ညီတော်ထံ ပြန်လည် ပေးအပ်ရန် အတင်းအကျပ် ခံခဲ့ရပြီး လက်လွှဲ ပေးသည့် အချိန်အတွင်း ဆိုးရွားသော လှည့်ကွက်များစွာ အသုံးပြုခဲ့သည်။ ရလဒ်အနေဖြင့် ရွှေရောင်နယ်မြေ၏ လျင်မြန်သော တိုးတက်မှုကြောင့် သူက ရယ်စရာ ဖြစ်ခဲ့သည်။ ပို၍ အရေးကြီးသည်မှာ ဂါဖီးလ်သည် ဗာရိုနီကာ၏ အလှကို တစ်ချိန်က လိုချင်ခဲ့ပြီး အနိုင်ကျင့်ရန် ကြိုးစား ခဲ့ခြင်းပင်။ ၎င်းသည် ‘အာသာ’နှင့် သူ၏ ဆိုးရွားသော ဆက်ဆံရေး အတွက် အရေးအကြီးဆုံး အကြောင်းရင်း ဖြစ်လာခဲ့သည်။

အဖြစ်အပျက် တစ်ခုလုံးတွင် အကြီးမားဆုံး သံသယရှိသူမှာ ကံမကောင်းသည့် ဒုတိယမင်းသား ဖြစ်လေသည်။

မူလက ဂါဖီးလ်သည် ‘အာသာ’၏ ‘ရှုံးနိမ့်မှု’ကို အားပေးနေဆဲ ဖြစ်ပြီး မဟာလက်ဇ်ရှေ့တွင် စကားပြောရန် စီစဉ်ခဲ့သည်။ အကျိုးအမြတ် ရှိသော ရွှေရောင်နယ်မြေကို အခွင့်အရေး ယူကာ ဝါးမျိုရန်ပင်။ မမျှော်လင့်ဘဲ သူ၏ မျှော်လင့်ချက်များ ပျက်စီးသွား ရုံသာမက သူပါ အကျဉ်းချခံခဲ့ရသည်။ ထရီနစ်နှင့် ပူးပေါင်းခြင်းအပြင် သူ၏ ညစ်ပတ်သော လုပ်ငန်းများကိုလည်း တူးဆွခံခဲ့ရသည်။ သူ၏ အဖွဲ့ဝင် များစွာ ပြိုကွဲကာ ခွဲထွက်သွားကြပြီး အချို့လူများ သေဒဏ်ပေးခံခဲ့ရသည်။

မဟာလက်ဇ် ကိုယ်တိုင်က ‘အာသာ’ ကိစ္စ နောက်ကွယ်တွင် မရှိနိုင်သော်လည်း ထိုကဲ့သို့ အာရုံစိုက် နေကြသော အချိန်တွင် ဂါဖီးလ်သည် အလိုလိုပင် ‘ပြစ်ဒဏ်ခံရသူ’ ဖြစ်ခဲ့သည်။ သူက နောက်ဆုံး ထိုအဖြစ်အပျက်မှ ဘေးကင်းကင်းနှင့် ရုန်းထွက်နိုင် ခဲ့လျှင်ပင် စိတ်ကူး မယဉ်နိုင်သော အမည်းစက်ကြီးတစ်ခု ဖြစ်စေခဲ့ပြီး ပလ္လင်ကို ဆက်ခံရန် အရည်အချင်း လုံးဝ ဆုံးရှုံးသွားစေနိုင်သည်။

ထိုအရာအားလုံးကို လုပ်ဆောင် ပြီးနောက် မဟာလက်ဇ်က ‘အာသာ’ နှင့် သားအဖ ဆက်ဆံရေးကို ဖြတ်တောက်သော အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်တစ်ခုကို လူသိရှင်ကြား ကြေညာခဲ့သည်။

ထိုအချိန်မှစ၍ ‘အာသာ’သည် ‘အာသာရိုလန်’ မဟုတ်တော့၊ နဂါး လင်းလက်အင်ပါယာ မင်းသားလည်း မဟုတ်တော့ဘဲ ကျောင်းတော်၏ သိဒ္ဓိသားတော် ‘အာသာ’ သာ ဖြစ်တော့သည်။ ၎င်းက မဟာလက်ဇ်၊ နဂါးလင်းလက်အင်ပါယာနှင့် ‘အာသာ’ တို့ကြား ဆက်ဆံရေးကို ဖြတ်တောက်လိုက်ခြင်းပင်။

မဟာလက်ဇ်သည် ယခင်က အလျှော့ပေး လိုက်လျောပြီး ဆုံးရှုံးမှုများ ဖြစ်ခဲ့ရသော်လည်း အခြားနည်းလမ်းဖြင့် သူ၏ခိုင်မာမှုကို ပြသခဲ့သည်။ ဤသည်မှာ သားအဖ အကြား မိသားစုကိစ္စ ဖြစ်သည်။ သိဒ္ဓိကျောင်းတော်ပင် ဝင်ရောက် စွက်ဖက်၍ မရနိုင်ပေ။

ထိုဆုံးဖြတ်ချက်ကို မဟာလက်ဇ် ကြေညာပြီး ခဏအကြာ သိဒ္ဓိ ကျောင်းတော်က နောက်ထပ် ၃လ အကြာတွင် ‘သိဒ္ဓိသားတော်’၏ ဘွဲ့တံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားကို သိဒ္ဓိအလင်းတောင်တွင် ကျင်းပမည် ဖြစ်ကြောင်း တရားဝင် ကြေညာပြီး အင်ပါယာ ခေါင်းဆောင်များကို အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားမည် ဖြစ်သည်။

အထူးဖိတ်ကြားခံရသော ဧည့်သည်များအနက် တစ်ဦးမှာ မဟာလက်ဇ် ဖြစ်သည်။ ၎င်းကို ဓလေ့ထုံးတမ်း ရှုထောင့်မှ နားလည် နိုင်သော်လည်း ပါးဖြတ်ရိုက်ခြင်း ဆိုသည်မှာ အသေအချာပင်။

၎င်းက လမ်းများနှင့် လမ်းကြားရှိ လူများကို နောက်ထပ် ပြောစရာ ခေါင်းစဉ်တစ်ခု ပေးလိုက်ခြင်းပင်။ လူအများအပြားက ၃လအကြာတွင် ပြသမည့် ပွဲကြီးပွဲကောင်း အတွက် မျှော်လင့်ချက်များ ပြည့်နေခဲ့သည်။

All Chapters