အခန်း (၁၈)
Vol. 2 Ch. 18
အပိုင်း ၁၈
ရှလင်ထိုလူအိုကြီးအားစိတ်တိုနေသော်လည်းထိုလူအိုကြီးနှင့်သူ့တပည့်လေးရှေ့တွင်မငြင်းခုန်ချင်သောကြောင့်နှာခေါင်းရှုံ့ကာအခြားဘက်သို့လှည့်လိုက်လေသည်။
‘ဟမ့်..လူအိုကြီး နောက်မှငါ့အင်အားကိုမြင်ပြီးမလန့်သွားနဲ့”
သာရှီးတစ်ယောက်ရှလင်အားမနိုင်ဘူးဟူသောအဓိပ္ပါယ်ဖြင့်တစ်ချက်ကြည့်လိုက်ကာသူတို့အားကြောင်ကြည့်နေသောထန်စန်းအားစကားစပြောလိုက်သည်။
“ထန်စန်း..မင်းဆရာပြောတာနားမထောင်နဲ့..တကယ်တော့စွမ်းအားကြီးတဲ့ဝိဉာဉ်သားရဲတွေကိုအမဲလိုက်တဲ့အခါမျိုးမှာအလွယ်တကူအနိုင်မရနိုင်ဘူးလေ”
“အဲ့တော့ယာယီအဖွဲ့တစ်ခုကိုစုစည်းဖို့လိုအပ်တယ်...ဒါပေမယ့်ယာယီအဖွဲ့တစ်ခုကိုအဖွဲ့အစစ်တစ်ခုလို့ယူဆလို့မရဘူး”
“ဝိဉာဉ်ဆရာအဖွဲ့အစစ်တစ်ခုမှာအနည်းဆုံးလူငါးယောက်လိုအပ်တယ်”
“အဖွဲ့တစ်ခုလုံးရဲ့ဝိဉာဉ်စွမ်းအားကိုပြန်ဖြည့်တင်းရာမှာတာဝန်ယူရတဲ့ အစားအသောက်ဝိဉာဉ်ဆရာ”
“ကုသရေးကိုတာဝန်ယူရတဲ့ကုသရေးသိုင်းဝိဉာဉ်ဝိဉာဉ်ဆရာ”
“ရန်သူကိုထောက်လှမ်းဖို့ လျင်မြန်ရေးအမျိုးအစားဝိဉာဉ်ဆရာ”
“ခုခံကာကွယ်ရေးအတွက်ခွန်အားအမျိုးအစားဝိဉာဉ်ဆရာ”
“ပြိုင်ဘက်ကိုချေမှုန်းမဲ့ တိုက်ခိုက်ရေးဝိဉာဉ်ဆရာ”
“ဒီလိုဝိဉာဉ်ဆရာငါးယောက်နဲ့ဖွဲ့တဲ့အဖွဲ့မှ အဖွဲ့စစ်တစ်ခုလို့ယူဆလို့ရမှာ”
ထို့နောက်သာရှီးခဏအနားယူလိုက်ပြီးဆက်ပြောလေသည်။
“ဒါပေမယ့်လည်းအဖွဲ့တစ်ခုလိုက်ေလျာညီထွေဖြစ်ဖို့ဆိုတာကလည်းအချိန်တိုအတွင်းလုပ်ဆောင်နိုင်တာမဟုတ်ဘူး”
“အဖွဲ့တစ်ခုလိုက်ေလျာညီထွေဖြစ်ဖို့ဆိုရင်အချင်းချင်းယုံကြည်မှုရှိဖို့လိုအပ်တယ်”
သာရှီး၏စကားအားထန်စန်းကြားဖြတ်မေးလိုက်သည်။
“ယုံကြည်မှု..ဟုတ်လား”
“အင်းးးးး”
“အဲ့တာကြောင့်မင်းနောင်အချိန်အဖွဲ့တစ်ခုထဲဝင်တော့မယ်ဆိုဝိဉာဉ်ဆရာရဲ့ခွန်အားတစ်ခုထဲကိုမကြည့်ဘဲနဲ့”
“ကိုယ့်အတွက်ယုံကြည့်ရမယ့်အဖွဲ့တစ်ခုထဲကိုဝင်”
“အဲ့တာမှတိုက်ပွဲအတွင်းမှာမင်းရဲ့နောက်ကျောဘက်ကိုစိတ်ချထားလို့ရမှာ”
သာရှီး၏စကားကိုထန်စန်းလက်ခံသည့်သဘောဖြင့်ခေါင်းငြိမ့်ကာပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့..”
ရှလင်ထိုဆရာတပည့်နှစ်ယောက်၏လေကြောတည့်နေမှုအားမနာလိုစွာစိတ်ထဲ၌တွေးလိုက်သည်။
‘ဒီအတိုင်း ကျင့်ကြံမှုသက်တမ်းနိမ့်တဲ့သားရဲလေးဘဲမလား ထိုးသတ်လိုက်ရုံဘဲဟာ အလုပ်ရှုပ်လိုက်တာ’
သို့သော်ရှလင်မစဉ်းစာမိလိုက်သည်မှာလူတိုင်းသူ့လိုစွမ်းအားမရှိခြင်းကိုပင်ဖြစ်သည်။
ထိုကဲ့သို့စကားတပြောပြောဖြင့်လျှောက်လာလိုက်သည်မှာအစောင့်အကြပ်များချထားသောဝိဉာဉ်အမဲလိုက်တော၏ဂိတ်ဝသို့ရောက်လာခဲ့လေသည်။ဂိတ်ဝသို့ရောက်သည်နှင့်ထန်စန်းအားသာရှီးမှမမောနိုင်မပန်းနိုင်ထပ်ရှင်းပြလေသည်။
“ဒီနေရာကိုဝိဉာဉ်ဆရာတိုင်းဝင်လို့မရဘူး”
“ဝိဉာဉ်ခန်းမရဲ့အသိအမှတ်ပြုလက်မှတ်ကိုရထားတဲ့ဝိဉာဉ်ဆရာတွေဘဲဝင်ခွင့်ရှိတယ်”
“ဒီစစ်သားတွေကဝိဉာဉ်အမဲလိုက်တောရဲ့အပြင်ဘက်ဧရိယာတစ်ခုလုံးကိုတပ်ဆွဲပြီးစောင့်ရှောက်နေတာ”
“ဝိဉာဉ်ခန်းမကအရာရှိတွေကတံဆိပ်ပြားတွေကိုအချိန်တိုင်းစစ်ဆေးနေတာ”
“တံဆိပ်ပြားမပါတဲ့ဝိဉာဉ်ဆရာတွေကိုထောက်ထားညှာတာမှုမရှိအပြစ်ပေးတယ်”
ထို့နောက်ထန်စန်း၏အမေးစကားနှင့်အတူသာရှီး၏အလျင်အမြန်တားဆီးသံတို့ရှေ့နောက်ဆင့်ကာထွက်ပေါ်လာသည်။
“အဲ့တာဆိုဆရာ..ဝိဉာဉ်အမဲလိုက်သစ်တောကိုအင်ပါယာမိသားစုကပိုင်တာလား..ဝိဉာဉ်ခန်းမကပိုင်တာလား”
“ရှူးးးးးးးးး..လူကြားထဲအဲ့အကြောင်းတွေကိုမမေးရဘူး..ဆရာနောက်မှတော်ဝင်မိသားစုနဲ့ဝိဉာဉ်ခန်းမကြားကပတ်သက်မှုကိုရှင်းပြမယ်”
“ဝိဉာဉ်ခန်းမရဲ့တံဆိပ်ရဖို့ကမခက်ပါဘူး..မင်းရဲ့ဝိဉာဉ်စွမ်းအားကဝိဉာဉ်ကွင်းထည့်သွင်းလို့ရပြီဆိုတာသက်သေပြနိုင်တာနဲ့မင်းတံဆိပ်တစ်ခုရလိမ့်မယ်”
ထို့နောက်သာရှီးကထန်စန်းအားတံဆိပ်ပြားတစ်ခုပေးလိုက်ကာပြောလိုက်သည်။
“မင်းဒီတံဆိပ်ကိုမှတ်ထား..ဒါကဝိဉာဉ်ခန်းမရဲ့တံဆိပ်ဘဲ”
“ဝိဉာဉ်ခန်းမမှာတံဆိပ်ပုံစံ၆ခုရှိတယ်”
“အဆင့်အနိမ့်ဆုံးတံဆိပ်ကဓားတစ်ချောင်းဘဲပါတယ်”
“အဲ့ဓားကဝိဉာဉ်ခန်းမရဲ့စီမံခန့်ရေးမှူးတစ်ဦးရဲ့သင်္ကေတဘဲ”
“အဲ့ထက်မြင့်တဲ့တံဆိပ်ပြားမှာတော့ဓားဘေးမှာတူပါတယ်”
“အဲ့တူကတော့ဝိဉာဉ်ခန်းမရဲ့စွမ်းအားကြီးအကြီးအကဲတစ်ယောက်ရဲ့သင်္ကေတကိုကိုယ်စားပြုတယ်”
သာရှီး၏စကားကိုထန်စန်းမှခွန်းတုံ့ပြန်ကာမေးလိုက်သည်။
“ဆရာ..အဲ့တာဆိုရင် အဲ့လူနှစ်ယောက်ကဝိဉာဉ်ခန်းမမှာအရေးကြီးတဲ့လူတွေဘဲဖြစ်မှာပေါ့နော်”
“ကျတော်ကြားတာတော့သားရဲဝိဉာဉ်ဆရာတွေကလက်နက်ဝိဉာဉ်ဆရာတွေထက်သန်မာတာဆို”
“အခု..ဒီအကြီးအကဲနှစ်ယောက်ကလက်နက်ဝိဉာဉ်ဆရာတွေမဟုတ်လား”
ထိုအခါတွင်တော့ရှလင်မနေနိုင်တော့ဘဲထိုသိချင်စိတ်ပြင်းပြလှသောသူ၏တပည့်လေးအားဝင်ပြောပြလိုက်တော့သည်။မဟုတ်လျှင်သာရှီးရှင်းပြရင်းအသက်ထွက်သွားနိုင်သည်လေ။
“တပည့်လေးမှတ်ထား...သိုင်းဝိဉာဉ်တစ်ခုစွမ်းအားကြီးမကြီးဆိုတာသိုင်းဝိဉာဉ်နိုးထတုန်းကရရှိတဲ့ဝိဉာဉ်စွမ်းအားနဲ့လည်းဆိုင်သလိုခက်ခက်ခဲခဲလေ့ကျင့်ပြီးရလာအကျိုးအမြတ်ကြောင့်လည်းစွမ်းအားကြီးနိုင်တယ်”
“အဲ့တာကြောင့်မလို့ သားရဲသိုင်းဝိဉာဉ်ကလက်နက်သိုင်းဝိဉာဉ်ထက်စွမ်းအားကြီးတယ်လို့ပြောနေတဲ့လူတွေကသိုင်းဝိဉာဉ်အကြောင်းဘာမှမသိတဲ့အရူးတွေဘဲ”
“ခွန်အားအစစ်အမှန်ဆိုတာကိုယ်ရဲ့ကြိုးစားမှုအပေါ်မူတည်တယ်ဆိုတာသူတို့မသိဘူးလေ”
ထို့နောက်ထန်စန်းအားမေးခွင့်မပေးတော့ဘဲသာရှီးအားအမဲလိုက်ရန်တောထဲသို့ဝင်ဖို့တိုက်တွန်းလိုက်သည်။
“လူအိုကြီး..သွားကြရအောင်”
ထို့နောက်ရှလင်သူ့နောက်ရှိလူနှစ်ယောက်အားမစောင့်တော့ဘဲရှေ့မှထွက်သွားကာတံခါးအနီးမှအစောင့်ခေါင်းဆောင်အားသူ၏သိုလှောင်လက်စွပ်အတွင်းမှတံဆိပ်အားထုတ်ပြလိုက်သည်။
ထိုတံဆိပ်မှာသိုလှောင်လက်စွပ်၏အရင်ပိုင်ရှင် ဖုန်းဟောက်တုံ့လော်တစ်ယောက်၏တံဆိပ်ဖြစ်သည်။ထိုဖုန်းဟောက်တုံ့လော်မှာဝိဉာဉ်ခန်းမ၏ထိပ်ပိုင်းအကြီးအကဲတစ်ယောက်ဖြစ်ဟန်ရှိသည်။ထို့ကြောင့်တံဆိပ်ပြားမှာလည်းတံဆိပ်ခြောက်မျိုးအနက်အမြင့်ဆုံးဖြစ်သောသင်္ကေတခြောက်ခုပါတံဆိပ်ပြားဖြစ်သည်။
အစောင့်ခေါင်းဆောင်နှင့်အနီးအနားရှိစစ်သားများမှာရှလင်လက်ထဲမှတံဆိပ်ပြားကိုမြင်သည်နှင့်အလျင်အမြန်ဒူးထောက်ကာအရိုအသေပေးလိုက်ပြီးနောက်သံတံခါးအားအလျင်အမြန်ဖွင့်ပေးလိုက်လေသည်။
အစောင့်များ၏လုပ်ရပ်ကြောင့်အနီးအနားရှိဝိဉာဉ်ဆရာများသည်ရှလင်အားဝိုင်းကြည့်လိုက်ကြသည်။သို့သော်ရှလင်သည်တော့သူ့အပေါ်ကျရောက်နေသောအကြည့်များအားဂရုမစိုက်ဘဲယခုအချိန်ထိကြောင်အနေသေးသောထန်စန်းနှင့်သာရှီးအားဆွဲကာအမဲလိုက်တောအတွင်းသို့ဝင်ရောက်လာခဲ့သည်။
ရှလင်တို့သွားပြီးခဏအကြာတွင်ထွားကြိုင်းသောလူတစ်ယောက်ဦးဆောင်သောဝိဉာဉ်ဆရာငါးယောက်အဖွဲ့သည်ရှလင်တို့သုံးယောက်ထွက်သွားသောဘက်သို့နောက်မှလိုက်လာခဲ့လေသည်။