အဲဒီတုန်းကလူ
Vol. 63 Ch. 1020
အချိန်အတော် ကြာပြီးနောက်တွင် သိဒ္ဓိအလင်းတောင်မှ သို့မဟုတ် ပို၍ တိကျစွာ ဆိုရလျှင် အလင်းခန်းမမှ ကြီးမားသော ဟိန်းသံ စွမ်းအားက နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့၏။ သို့သော် ချန်လွေ့က ဖန်တီးခြင်း ဇစ်မြစ် ‘အထူးအာရုံ’ ရှိသေးကြောင်း ခံစားမိသည်။ ထိုအသိစိတ်ကို သူ ထိန်းထားနိုင်ပါက ဖန်တီးခြင်း ဇစ်မြစ်ကို နားလည်ခြင်းနှင့် အသုံးချခြင်းတို့တွင် ပို၍ပင် နက်ရှိုင်းလာမည်မှာ သေချာသည်။
ဂရာလင်က သူ သိဒ္ဓိ အမွေအနှစ် သုံးခုကို စုဆောင်းပြီး အသိအမှတ်ပြု ခံရသောအခါ သူတော်စင်ထက် သာလွန်သော မယုံနိုင်စရာ အသိအမြင်များနှင့် စွမ်းအားများ ရရှိလိမ့်မည်ဟု တစ်ခါ ပြောခဲ့ဖူး၏။ ထိုစကားသည် ကြွားလုံးထုတ်ခဲ့ခြင်း ဟုတ်ပုံမရပေ။ အကြောင်းမှာ ချန်လွေ့သည် ထို ‘မယုံနိုင်စရာ အသိအမြင်’ကို ယနေ့ အမှန်တကယ် ခံစားခဲ့ရသောကြောင့်ပင်။
ချန်လွေ့ သာမက ဖန်တီးခြင်း ဇစ်မြစ်ကို တောင့်တသော ဖိုက်သွန် အတွက်လည်း သွေးဆောင်မှုက အတော်လေး ကြီးမားသည်။ ခြောက်ထောင့်ကြယ် အမှတ်အသားတွင် ပုန်းကွယ် နေသော ဝိညာဉ်က တုန်ခါနေ တော့သည်။ သို့သော် ဖိုက်သွန်နှင့် ချန်လွေ့ နှစ်ဦးစလုံးက ‘အာသာ’မှာ စစ်သည်တော် အဆင့်သာ ဖြစ်ပြီး ယခုနေရာက ရန်သူ၏ အသိုက်အမြုံ ဖြစ်ကြောင်း ကောင်းကောင်း သိ၏။ ရာဖယ်ရယ်နှင့် မိုက်ကယ်ကဲ့သို့သော ကြောက်မက်ဖွယ်ရာကောင်းသော ရန်သူများ ရှိသည်။ ထို့ကြောင့် ယခု နားလည်ရမည့်အချိန် မဟုတ်ပေ။ အကယ်၍ ဟာကွက် တစ်ခုခုကို မတော်တဆ ပြသမိပါက ယခင်က ကြိုးစားမှုများ အားလုံး အလဟဿ ဖြစ်သွားလိမ့်မည်။
ထို့ကြောင့် ဖိုက်သွန်က သူ၏ အငွေ့အသက်ကို မထွက်စေရန် အာရုံခံနိုင်စွမ်းကို တွန့်ဆုတ်စွာဖြင့် ကာကွယ်ထားလိုက်ရသည်။
ဖိုက်သွန်နှင့်မတူဘဲ ချန်လွေ့တွင် [အထူးစိစစ်မှု]ဟူသည့် ကောင်းမွန်သောအရာ ရှိသည်။ ၎င်းသည် အပေါ်ယံတွင် မူမမှန်ခြင်း မရှိဘဲ နားလည်မှုကို မှတ်ဉာဏ်ထဲသို့ လျင်မြန်စွာ ‘မှတ်တမ်းတင်’ ခဲ့သည်။ သူ့စိတ် အနည်းငယ် လှုပ်ရှားသွားပြီး သိဒ္ဓိအမွေအနှစ် သုံးခုကို ဖယ်ရှား လိုက်သည်။
ဗန်တိစ်က အံ့အားသင့်နေသော လေးစားမှုဖြင့် ဖော်ပြလိုက်သည်။ “အရှင်သူမြင် အာသာ။ သိဒ္ဓိအလင်း တောင်ကို ပထမဆုံး ရောက်တဲ့အချိန် ဒီလိုမျိုး အံ့သြဖွယ်ရာ တစ်ခုကို ဖြစ်ပေါ်စေလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ မင်းက ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ရရှိထားပြီးတော့ ‘သိဒ္ဓိသားတော်’ဖြစ်ဖို့ ထိုက်တန်တာ အသေအချာပဲ။ သိဒ္ဓိသားတော်ရဲ့ ဘွဲ့တံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားကို ၃လအတွင်း ကျင်းပ ပါလိမ့်မယ်။ အဲဒီမတိုင်ခင်မှာ မင်းက သိဒ္ဓိအလင်း မြို့မှာရှိတဲ့ သိဒ္ဓိအလင်းတောင်မှာ ခဏတာ နေရလိမ့်မယ်။ ဘွဲ့တံဆိပ် ချီးမြှင့်ပွဲပြီးသွားရင် သိဒ္ဓိအလင်း တောင်ရဲ့ ကောင်းကင်ချပ်ပိတ် တောင်ထွတ်မှာ တရားဝင် အခြေချ နေထိုင်ရလိမ့်မယ်။”
ကောင်းကင်ချိပ်ပိတ်တောင်ထွတ် သည် သိဒ္ဓိအလင်းတောင်၏ အဓိက တောင်ထွတ်သုံးခု၏ ထိပ်သီးဖြစ်ပြီး ပုပ်ရဟန်းမင်း ဗန်တိစ် ကိုယ်တိုင် ရှိနေသောနေရာ ဖြစ်သည်။ ၎င်းသည် သိဒ္ဓိကျောင်းတော်၏ အမြင့်ဆုံး ဝိညာဉ် သင်္ကေတ ဖြစ်သည်။ ဗန်တိစ် လုပ်ရပ်က သူ၏ ရပ်တည်ချက်နှင့် သဘောထားကို ဖော်ပြနေသည်။ ‘အာသာ’ကို လက်ဇ်က နဂါးလင်းလက်အင်ပါယာနေ ‘မောင်းထုတ်’ခဲ့ပြီးတော့ သားအဖ ဆက်ဆံရေးပါ ဖြတ်တောက်ခဲ့ပေမဲ့ သိဒ္ဓိအလင်းတောင်မှာ ငါ ဗန်တိစ်က လက်ဇ်လိုမျိုး အာဏာရှင်ဆန်မှာ မဟုတ်ဘူး။ ‘အာသာ’ဆိုတဲ့ မင်းက နောက်ထပ်ပုပ်ရဟန်းမင်း ဖြစ်လာမှာ အသေအချာပဲ။
အမှန်တကယ်၌ ဗန်တိစ်သည် လက်ဇ်ကဲ့သို့ စိတ်ထဲ ကြောက်ရွံ့မှုနှင့် မလိုလားမှုများ ရှိကောင်းရှိနိုင်သည်။ သူက မိုက်ကယ် မိသားစုကို ကိုယ်စားပြုပြီး ‘အာသာ’ မှာမူ ရာဖယ်ရယ် မိသားစု ဖြစ်သည်မှာ ထင်ရှားသည်။ သို့သော် လက်ရှိတွင် မိုက်ကွယ်က နက်ရှိုင်းစွာ အိပ်ပျော် နေခဲ့ပြီး ဂေဘရီရယ်က နှစ်ပေါင်း များစွာ ပျောက်ကွယ် နေခဲ့သည်။ နိုးထနေသော ရာဖယ်ရယ်သည်သာ အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နေ၏။
‘အာသာ’က ရာဖယ်ရယ်ကိုယ်တိုင် တိုက်ရိုက် မြှင့်တင်ခံခဲ့ရပြီး သူသည် သိဒ္ဓိအမွေအနှစ် သုံးခု၊ အထူးသဖြင့် ဆူးသရဖူမှ အသိအမှတ်ပြုခံခဲ့ရ သောကြောင့် သူ၏အဆင့်အတန်းက မည်သို့မျှ တုန်လှုပ်ဖွယ်ရာ မရှိပေ။ ရာဖယ်ရယ်၏ အဆိုအရ ‘အာသာ’က စိတ်ကူးမယဉ်နိုင်သော ကြီးမားသည့် ပံ့ပိုးမှု တစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။ သူက မရဏနက်နောက်လိုက်များ၏ အဓိက ယဇ်ပလ္လင် သုံးခုအနက်မှ တစ်ခုကို ဖျက်ဆီးခဲ့သည်။
ကျောင်းတော်က နှစ်ပေါင်းများစွာ စုံစမ်းခဲ့ သော်လည်း အောင်မြင်မှု မရသော အဓိက ယဇ်ပလ္လင်ကို ‘အာသာ’က ဖျက်ဆီးခဲ့သည်။ ၎င်းက ‘အာသာ’၏ အစောင့်အရှောက်နှင့် ‘အာသာ’ ခေါ်ယူခဲ့သော ရာဖယ်ရယ် တို့ကြောင့် ဖြစ်ခဲ့သော်လည်း ‘အာသာ’၏ ကြီးမားသော ပံ့ပိုးမှုကို သံသယ ဖြစ်စရာ မရှိပေ။
ထိုအရာကို ထည့်သွင်း စဉ်းစား ခြင်းဖြင့် ဗန်တိစ်က သူ၏ အတွေးကို နှိမ်နင်းရပေမည်။ ပုပ်ရဟန်းမင်းက ကျောင်းတော်တစ်ခုလုံး၏ အမြင့်ဆုံး အာဏာကို ပိုင်ဆိုင်ပြီး ကြီးမားသော ဂုဏ်သတင်း ရှိသော်လည်း သူက မိုက်ကယ် ထိန်းချုပ် နေခဲ့သော စစ်တုရင်ရုပ် တစ်ရုပ် သို့မဟုတ် ကောင်းကင်တမန် သုံးပါး၏ မျက်လုံးထဲတွင် ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်သည်။ သူက ရာဖယ်ရယ်ကို အမှန်တကယ် စိတ်အနှောင့်အယှက် ဖြစ်စေပါက ဖျက်ဆီးခံရလိမ့်မည်။ ရာဖယ်ရယ်က မိုက်ကယ်ကို အလွန်ဆုံး ရှင်းပြရုံသာ လုပ်မည်ဖြစ်ပြီး အာဏာရလာမည့် အခြားသူတစ်ဦးကို ရွေးချယ်လိမ့်မည်။
“အမိန့်အတိုင်းပါ။” ချန်လွေ့က လေးစားသောအမူအရာ ပြသခဲ့သည်။ သူက ဗန်တိစ် ကြေညာသော သတင်းများကြောင့်နှင့် ယခင်က ဖြစ်ခဲ့သော ‘အံ့သြဖွယ်ရာ’ ကြောင့် လုံးဝ စိတ်ဓာတ် မြင့်မားနေခြင်းမရှိဘဲ နှိမ့်ချနေပုံရသည်။
ဗန်တိစ်က ခေါင်းညိတ်လိုက်ပြီး ချန်လွေ့အမူအရာကို အတော်လေး ကျေနပ်နေပုံ ရသည်။ သူက ချန်လွေ့ကို သိဒ္ဓိအလင်းခန်းမသို့ ကိုယ်တိုင် ခေါ်သွားသည်။
သိဒ္ဓိအလင်းခန်းမကသိဒ္ဓိအလင်း မြို့တစ်ခုလုံး၏ ကျယ်ပြန့်သော မြင်ကွင်းကို မြင်နိုင်သော ဧရာမ မျှော်စင်ပေါ်တွင် တည်ရှိနေသည်။ ၎င်းက သိဒ္ဓိအလင်းမြို့၏ အဓိက နေရာဖြစ်သည်။ ပုပ်ရဟန်းမင်းနှင့် ဂိုဏ်းချုပ်၏ ခွင့်ပြုချက် မရှိဘဲ ရေဖျန်းဘုန်းတော်ကြီးများပင် ခွင့်ပြုချက်မရှိဘဲ ခြေချ၍ မရပေ။
သိဒ္ဓိအလင်းခန်းမ၏ အတွင်းနှင့် အပြင်တွင် အစွမ်းထက် မှော်စက်ဝိုင်း အကာအကွယ်များရှိပြီး ဝင်ပေါက်ကို ကျက်သရေဆောင် စစ်သည်တော် အများအပြားက စောင့်ကြပ်နေသည်။ သိဒ္ဓိကျောင်းတော်၏ ထိုအခြေစိုက် စခန်းတွင် လုံခြုံရေး ပြဿနာ မရှိဘဲ သင်္ကေတနှင့် အာဏာကို ပို၍ ကိုယ်စားပြုလေသည်။
လောကဝတ်အချို့ အပြီးတွင် ချန်လွေ့က ဗန်တိစ်နှင့် အခြား သူများကို သွားခိုင်းပြီး သိဒ္ဓိအလင်း ခန်းမတွင် အခြေချတော့သည်။
သိဒ္ဓိအမွေနှစ် သုံးခုကြောင့် ဖြစ်ပေါ်လာသော ဖန်တီးခြင်း ဇစ်မြစ်၏ ဟိန်းသံက ဖိုက်သွန်၏ စိတ်ကို တက်ကြွစေခဲ့သည်။ ထိုသို့ ခံစားချက်က ဖန်တီးခြင်း စာချုပ်ကို တိုက်ရိုက်ရင်ဆိုင်ရခြင်းနှင့် မနှိုင်းယှဉ် နိုင်သော်လည်း အလွန် ရှားပါးသော ခံစားချက်တစ်ခု ဖြစ်သည်။ ၎င်းသည် သိဒ္ဓိအလင်းတောင်ထိပ်သို့ ခိုးဝင်ခြင်း ထက်လည်း ပိုကောင်းသည်။ အလင်း နတ်ဘုရားကျောင်းက ပို၍ပင် လုံခြုံသည်။ ထို့ကြောင့် ဖိုက်သွန်က ပုန်းကွယ် နေသော ခြောက်ထောင့်ကြယ် အမှတ်အသားမှ ချက်ချင်းထွက်ခွာပြီး ခန်းမတစ်ခုလုံး၏ မှော်စက်ဝိုင်းကို ပြုပြင် ပြောင်းလဲရန် စတင်ခဲ့သည်။ သူက ထိုမှော်စက်ဝိုင်းအား ပြင်ပ စွမ်းအားများကို အဆတိုးပြီး လှုံ့ဆော် နိုင်သော အထူး အခင်းအကျင်းအဖြစ် ပြောင်းလဲလိုသည်။ သူ၏ စွမ်းအား အရဆိုလျှင် ထိုကျက်သရေဆောင် စစ်သည်တော်များက ထိုကဲ့သို့ လှုပ်ရှားမှုများကို လုံးဝ မသိနိုင်ပေ။
“ရင်းနီ။ ဘာဖြစ်လို့လဲ။” ဖိုက်သွန် ထွက်သွားပြီးနောက် ချန်လွေ့က အစ်ဇဘယ်လာကို ချက်ချင်းပင် မေးလိုက်သည်။
မြို့ပြင်ရှိ ယခင် ကြိုဆိုပွဲတွင် သူက အစ်ဇဘယ်လာ၏ ပြင်းထန်သော စိတ်အတက်အကျကို အသေအချာ ခံစားခဲ့ရသည်။ အရင်းအမြစ်မှာ ခေါင်းဆောင်ကြီး သုံးဦးအနက်မှ တစ်ဦးဖြစ်သော သိဒ္ဓိကောင်းချီး ခန်းမမှ သိဒ္ဓိမိန်းမပျို ယူဒိုရာ ဖြစ်ပုံရသည်။
အစ်ဇဘယ်လာက ခါးသက်သက် ပြုံးလိုက်ပြီး ခေါင်းခါကာ ဘာမှ မပြောခဲ့ပေ။
“အပြင်ဘက် ခေါင်မိုးတွေပေါ်က မှော်စက်ဝိုင်းဖွဲ့စည်းပုံက စိတ်ဝင်စား စရာကောင်းတဲ့ပုံပဲ။ ငါ သွားကြည့် လိုက်မယ်။” ဇိုလာက ရုတ်တရက် စကားပြောလိုက်သည်။ မစ်-နတ်မိမယ်နဂါးက ပုံမှန်အားဖြင့် တခြားသူများကို နောက်ပြောင်ရန် အတွက် ဟန်ဆောင် ငေးငိုင်တတ် သော်လည်း ဟန်ဆောင် ငေးငိုင်မည့် အချိန်တွင် သူက အခြေအနေကို ကြည့်တတ်လေသည်။
ဇိုလာ၏ ရည်ရွယ်ချက်ကို ချန်လွေ့ နားလည်သွားပြီး သူက မစ်-နတ်မိမယ်နဂါး ခန်းမမှ ထွက်သွား သည်ကို ကြည့်ရင်း ခေါင်းညိတ် လိုက်သည်။ သူက အစ်ဇဘယ်လာကို ထပ်ကြည့်လိုက်ရာ သူ၏ အပြာရောင် မျက်လုံးများ အနည်းငယ် နီရဲနေ၏။
အသေအချာပင်။ အစပိုင်းတွင် သူက စိတ်ခံစားချက် အချို့ကို ဖိနှိပ်ရန် ကြိုးစားနေခဲ့လေသည်။
“ရင်းနီ..”
“ဘာမှ မဟုတ်ပါဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မိုက်မဲတယ်လို့ ခံစားမိလို့ပါ။” အစ်ဇဘယ်လာက ခေါင်းကို ငုံ့လိုက်သည်။ သူ၏ မျက်နှာလွှားက မျက်ရည်များဖြင့် စိုစွတ်နေ၏။ သူ၏ တုန်ယင်နေသော အသံတွင် နောင်တများဖြင့် ပြည့်နှက် နေသည်။ “ဒါက တကယ် ဖော်ပြလို့ မရနိုင်တဲ့ မိုက်မဲမှုပဲ။”
ချန်လွေ့က ထပ်မမေးတော့ဘဲ သူ၏ လက်ကို ဆွဲယူလိုက်ပြီး မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ အမြဲ တည်ငြိမ်ပြီး စွမ်းရည်ရှိသော အစ်ဇဘယ်လာကို တည်ငြိမ်မှု ဆုံးရှုံးစေနိုင်ခြင်းက သာမန်ကိစ္စ မဟုတ်သည်မှာ သေချာသည်။
အစ်ဇဘယ်လာက ချန်လွေ့၏ သရင်ဘတ်ပေါ်တွင် သူ၏ ခေါင်းကို တင်ထားလိုက်သည်။ သူ၏ ပခုံးက အနည်းငယ် တုန်ယင်နေလေ၏။ ချန်လွေ့ လုပ်နိုင်သည်မှာ သူ၏ ဆံပင်ကို မြတ်နိုးစွာ နမ်းရှိုက်ခြင်းနှင့် ပွတ်သပ်ပေးခြင်းသာ ဖြစ်လေသည်။
ခဏအကြာ အစ်ဇဘယ်လာသည် ငိုကြွေးခြင်းကို နောက်ဆုံး ရပ်တန့် လိုက်ပြီး အသံပြာပြာဖြင့် ပြောလိုက် လေသည်။ “အရိပ်လေပြေဘွတ်ဖိနပ် ဘာဖြစ်လို့ သိဒ္ဓိအလင်းတောင်မှာ ရှိနေလဲ ကျွန်မ နောက်ဆုံးတော့ နားလည်သွားပြီ။”
ချန်လွေ့၏စိတ် လှုပ်ရှားသွား၏။ လွန်ခဲ့သော နှစ်၁၀၀ကျော်က ဘာမှ မသိသော မိန်းကလေး တစ်ဦးသာ ဖြစ်သေးသည့် အစ်ဇဘယ်လာက လူသားလောကမှ အမျိုးသားတစ်ဦး လှည့်ဖြားခြင်းကို ခံခဲ့ရသည်။ သူက ထိုအမျိုးသားကို သစ္စာရှိပြီး နှလုံးသား ပေးအပ်ခဲ့သည်။
သူက မိသားစုကို ဆန့်ကျင်ပြီး ညီမများနှင့် ရန်ဖြစ်ကာ မိသားစု၏ အမြင့်ဆုံး အဆောင်ပစ္စည်းဖြစ်သည့် အရိပ်လေပြေဘွတ်ဖိနပ်ကို ခိုးယူခဲ့ပြီး ထိုအမျိုးသားကို လက်လွှဲပေးခဲ့သည်။ သို့သော် ထိုအမျိုးသားက အဆောင်ပစ္စည်းကို ရရှိပြီးနောက် အစ်ဇဘယ်လာကို ချက်ချင်း စွန့်ပစ်ပြီး သူ့အပေါ် သေစေနိုင်သော [အလင်းချေမှုန်းချိပ်ပိတ်] သုံးကာ နောက်ဆုံး ပျောက်ကွယ်သွားခဲ့သည်။
ထိုအမျိုးသားက အဆောင်ပစ္စည်း အတွက် မိန်းကလေး၏ ခံစားချက် များကို လိမ်ညာခဲ့ရုံသာမက သူ့ကို သတ်ပစ်ရန်လည်း ကြိုးစားခဲ့သည်။ ထိုအမျိုးသားက အလွန် ရက်စက်ပြီး ကောက်ကျစ်သူ ဖြစ်သည်။
ယခင်တစ်ခေါက် ချန်လွေ့က သိဒ္ဓိအလင်းတောင် တိုက်ပွဲတွင် အလင်းနတ်ဘုရားကျောင်းမှ အရိပ်လေပြေဘွတ်ဖိနပ်ကို ပြန်လည် ရရှိခဲ့ပြီး အစ်ဇဘယ်လာထံ ပြန်လည် ပေးအပ်ခဲ့သည်။ လူသားလောကမှ ထိုအမျိုးသားသည် ကျောင်းတော်နှင့် ပတ်သက်နေမည်မှာ သေချာသည်။ ချန်လွေ့က အစ်ဇဘယ်လာ အတွက် လက်စားချေရန် ရည်ရွယ်ချက် ရှိခဲ့သည်။ ထိုသူ မည်သူဖြစ်ကြောင်း ရှာမတွေ့နိုင်သေးသည်မှာ ဝမ်းနည်းစရာပင်။
အစ်ဇဘယ်လာ ခုနက ပြောခဲ့တဲ့ စကားနဲ့ ခုနက စိတ်အပြောင်းအလဲ ကို ကြည့်ရတာ အဲဒီအမျိုးသားက တကယ်ပဲ...
ချန်လွေ့က အစ်ဇဘယ်လာ ဘရော့ခ်ကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး သေလုနီးပါး ဖြစ်နေသောအချိန်၌ ပြောခဲ့သည်ကို ရုတ်တရက် သတိရမိသွားသည်။ “အဲဒီလူက သူ့မျက်လုံးထဲမှာ အဆောင်ပစ္စည်းပဲ ရှိတာ။ ကျွန်မ ကိုယ့်ကိုယ်ကို ပေးအပ်တာတောင် သူက လုံးဝ ထိန်းချုပ်ထားခဲ့တယ်။ သူက အဆောင်ပစ္စည်းကို ရပြီးတော့ ကျွန်မကို ရက်ရက်စက်စက် စွန့်ပစ် ခဲ့တယ်။ နောက်မှ သူက မိန်းမတွေကို မုန်းတီးပြီးတော့ ယောက်ျားတွေကို ကြိုက်တယ်ဆိုတာ သိခဲ့ရတယ်။”
အစ်ဇဘယ်လာ၏ ရင်သပ် ရှုမောဖွယ် ဆွဲဆောင်မှုကို ခံနိုင်ရည် ရှိပြီး ခန္ဓာကိုယ် ပေးအပ်ခြင်းကိုပင် အထင်သေးကာ အမျိုးသားများကို ကြိုက်ခြင်းတို့ကြောင့် ချန်လွေ့က ထိုအမျိုးသားကို ‘ဂေး’ တစ်ဦး ဖြစ်မည်ဟု တွေးမိထားခဲ့သည်။
ယခုမူ အခြေခံ သဘောတရား တစ်ခုမှာ ယခင်က လမ်းမှားခဲ့ပုံ ရသည်။
“အမျိုးသားတစ်ယောက်”!
မိန်းမကို မကြိုက်ဘဲ ယောက်ျားကို ကြိုက်တဲ့သူတွေက ဂေးတွေတင် မကဘူး၊ မိန်းမတွေလည်း ရှိတယ်။
သိဒ္ဓိ မိန်းမပျိုက မိန်းမ တစ်ယောက်ပဲ။
ဟုတ်တယ်။ ကြယ်အလင်း ကောလိပ် ကြယ်မျှော်စင် စမ်းသပ် တိုက်ပွဲမှာ ငါ ‘စူးစမ်းရှာဖွေခြင်း နတ်ဘုရား’လို့ လူသိများတဲ့ တောင်ပံ ၄ခုပါတဲ့ တမန်တော် ဇီဟုန်အန်ကို အနိုင်ယူခဲ့ဖူးတယ်။ ‘လေတံဆိပ်’က အမျိုးသမီး တစ်ဦးနဲ့ ဆက်စပ် နေတယ်လို့ သူ ပြောခဲ့ဖူးတယ်...
လက်စသတ်တော့ ဒါ အဲဒီတုန်းက အမှန်တရားကိုး!
ချန်လွေ့သည် အစ်ဇဘယ်လာ၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ “သူဆိုတာ သေချာလား။”
အစ်ဇဘယ်လာက ချန်လွေ့ နားလည်သွားကြောင်း သိလိုက်ပြီး ခေါင်းကို ညိတ်လိုက်သည်။ “သူရဲ့ အသွင်အပြင်ကို ဖုံးကွယ်ထားပေမယ့် သူရဲ့စရိုက်နဲ့ အလိုလိုသိစိတ်ကို... သူ ပြာဖြစ်သွားရင်တောင် ကျွန်မက မှတ်မိတယ်။ ပြီးတော့ ရှိသေးတယ်။ အဲဒီတုန်းက ဘယ်ဖီဂေါ တော်ဝင် မိသားစုရဲ့ လျို့ဝှက်ရတနာ ဖြစ်တဲ့ ‘လျှပ်စီးမီးတောက်နှလုံးသား’နဲ့ ကျွန်မရဲ့ ကိုယ်ပိုင်စွမ်းအားကိုလည်း သူက လျို့ဝှက်ပညာရပ် သုံးပြီးတော့ ဝါးမျိုခဲ့တယ်။ အခု သူ့မှာ အပြည့်အဝ မစုပ်ယူထားရသေးတဲ့ လျို့ဝှက် ရတနာရဲ့ အငွေ့အသက် ရှိနေတယ်။ ‘မိစ္ဆာမျက်ရည်ပြာ’ ကနေ တဆင့် ကျွန်မ သေသေချာချာ ခံစားရတယ်။”
အသေအချာပဲ။ အဲဒီတုန်းက အရိပ် လေပြေဘွတ်ဖိနပ်ကို လုယူသွားတဲ့ သူက ယောက်ျားတစ်ယောက်လိုမျိုး ဟန်ဆောင်ထားတဲ့ သိဒ္ဓိမိန်းမပျို ယူဒိုရာ ဖြစ်နေတယ်။
ချန်လွေ့ တုန်လှုပ်သွားခဲ့သည်။ “အဲဒီတုန်းက မင်းရဲ့ စွမ်းအားကို သူက ဝါးမျိုသွားခဲ့တာလား။ မင်း ဘာလို့ ကိုယ့်ကို တစ်ခါမှ မပြောခဲ့တာလဲ။”
“တောင်းပန်ပါတယ်။” အစ်ဇဘယ်လာ ခေါင်းငုံ့လိုက်၏။
“ကိစ္စမရှိပါဘူး။” ချန်လွေ့က သက်ပြင်းချကာ ခေါင်းခါလိုက်သည်၊ “ကိုယ်က ကိုယ့်ကိုယ်ကိုပဲ အပြစ်တင် နေခဲ့တာ။ မင်း ဒီလောက်တောင် ခံစားနေရတာကို ကိုယ် မသိခဲ့ဘူး။”
အရိပ်လေပြေဘွတ်ဖိနပ် ကိစ္စက အစ်ဇဘယ်လာ၏ နှလုံးသားထဲတွင် သေစေနိုင်သော ဒဏ်ရာ တစ်ခုကို ချန်ထားခဲ့ပြီး သူ၏ စရိုက်တစ်ခုလုံး သည် ၎င်းကြောင့် သိသိသာသာ ပြောင်းလဲ သွားခဲ့သည်။ သူက အမုန်းတရားဖြင့် သေဆုံးလုနီးပါး ဖြစ်ခဲ့သည်။ စစ်မှန်သော ချစ်ခြင်း မေတ္တာဖြင့် နှစ်သိမ့်ပေးမှု အပြီးတွင် သူသည် တဖြည်းဖြည်း ကောင်းမွန် လာခဲ့သော်လည်း သူက ထိုအမာရွတ်ကို ဖော်ထုတ်ရန် လုံးဝ ဆန္ဒမရှိပေ။
အစ်ဇဘယ်လာက ခန္ဓာကိုယ် တစ်ခုလုံးကို ချန်လွေ့၏ ရင်ခွင်ထဲသို့ မှီလိုက်ပြီး ခါးသက်သက် ပြုံး၏။ “ကျွန်မအတွက် အားလုံး ထိုက်တန် ပါတယ်။ ကျွန်မ အဖေ၊ ဆာဘရီနာနဲ့ အဲဒီလူတွေကို သတ်ခဲ့တယ်။ အားလုံး ကျွန်မကြောင့်ပဲ... ရှင်နဲ့ မတွေ့ခင် နှစ်၁၀၀အတွင်း ကျွန်မက လူတိုင်းကို မုန်းတီးခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုတော့ အမုန်းဆုံးပဲ။”
“ဒါတွေအားလုံးက အတိတ်က အရာတွေပါ။ အဲဒီအမုန်းတရားတွေနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေကို မေ့လိုက်တော့။ ဟုတ်ပြီလား။” ချန်လွေ့က ရင်ခွင်ထဲမှ တုန်ယင် နေသော ကိုယ်ခန္ဓာကို ပွေ့ဖက် ထားလိုက်သည်။ “ကိုယ်တို့မှာ ပိုကောင်းတဲ့ ဘဝတွေနဲ့ ပိုပြီးတော့ မျှော်လင့်ချက်ရှိတဲ့ အနာဂတ်တွေ ရှိနေတာပဲ။”
“ရှင်က ကတိတွေကို လုပ်ရပ်နဲ့ သက်သေ ပြခဲ့ပြီးသားပါ။ ကျွန်မ ဘဝရဲ့ အကြီးမားဆုံး ကံဆိုးခြင်းက ‘ယောက်ျားတစ်ယောက်’နဲ့ တွေ့တာ ဖြစ်မယ်ဆိုရင် အကြီးမားဆုံးသော ကံကောင်းခြင်းက နောက်ထပ် ယောက်ျား တစ်ယောက်နဲ့ တွေ့တာပဲ။။” အစ်ဇဘယ်လာက မျက်နှာကို ချန်လွေ့၏ ရင်ဘတ်ပေါ် တင်လိုက်သည်။ “ကျွန်မက တန်ဖိုးရှိတာတွေကို ဆုံးရှုံးသွားမှ သိခဲ့ရတာ။ ရှင် ဘာကို ပြောချင်လဲ ဆိုလိုကို ကျွန်မ နားလည်ပါတယ်။ ယောက်ျား။ ရှင့်ရဲ့ စကားတိုင်းကို ကျွန်မ နားထောင်ပါ့မယ်။”
ချန်လွေ့ ခေါင်းညိတ် လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒီအတွက် လက်စားချေမယ်။ အစ်ဇဘယ်လာကို အလကားသက်သက် ဒုက္ခံခံခိုင်းလို့ မဖြစ်ဘူး။
“တကယ်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီတုန်းက ကျွန်မ မိုက်မဲခဲ့တာပါ။” အစ်ဇဘယ်လာက ပင့်သက်ရှိုက်ပြီး ဖြည်းဖြည်းချင်း စိတ်တည်ငြိမ်သွားခဲ့သည်။ “သူက နဂိုတုန်းက သိပ်အစွမ်းမထက်ဘူး။ ကျွန်မစွမ်းအားနဲ့ လျို့ဝှက်ရတနာကို ဝါးမျိုပြီးမှပဲ သူ့ရဲ့စွမ်းအား တိုးတက် လာခဲ့တာ။ ရုပ်ဖျက်တဲ့ နေရာမှာ သူက ကျွမ်းကျင်တာ သေချာတယ်။ သူရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားတယ်။ အားနည်းတဲ့ အမျိုးသမီး တစ်ဦး အနေနဲ့ အန္တရာယ်ရှိတဲ့ နတ်ဆိုးဘုံကို တစ်ယောက်တည်း သွားတဲ့သူအနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဒါက တကယ်ကောင်းတဲ့ နည်းလမ်းပဲ။ သူရဲ့ ဝါးမျိုတဲ့ လျှို့ဝှက်ပညာရပ်က သူရဲ့ နှလုံးသားလိုပဲ ဆိုးရွားတယ်။ ဒါပေမယ့် ဘယ်ဖီဂေါ တော်ဝင် မိသားစုရဲ့ လျှို့ဝှက်ရတနာက ဝါးမျိုဖို့ မလွယ်ဘူး။ မီးစွမ်းအား အပြင် ‘လျှပ်စီးမီးတောက်နှလုံးသား’မှာ အစွမ်းထက်တဲ့ လေစွမ်းအား ရှိတယ်။ သူ အဲဒီတုန်းက ကျွန်မဆီကနေ အရိပ်လေပြေဘွတ်ဖိနပ် ရပြီးတော့ အဲဒါတွေ ဆုံးရှုံးသွားမှာ စိုးတဲ့အတွက် အတင်းအကျပ် ဝါးမျိုခဲ့ပြီးတော့ အတွင်းဒဏ်ရာ ရခဲ့တယ်။ ခုနက ခံစားရတဲ့ အငွေ့အသက်ကို ကြည့်ရင် လေစွမ်းအား တန်ပြန်သက်ရောက်မှု ရှိနေသေးတယ်။ သူက ကိုယ်ပိုင် မီးစွမ်းအားကို လုံးဝ ကြီးမားတဲ့ ‘ပမာဏ’အဖြစ် ချဲ့ထွင်ဖို့ အထူး စွမ်းအားအချို့ကို မသုံးနိုင်ဘူးဆိုရင် လေစွမ်းအားကို လုံးဝ ပေါင်းစည်း နိုင်မှာ မဟုတ်ဘူး။”
“သော်သော်!” ချန်လွေ့ လွှတ်ခနဲ ပြောလိုက်မိသည်။ ယခု သူသည် ယူဒိုရာက မည်သည့်အတွက်ကြောင့် ဇာမဏီငှက်၏ စွမ်းအားကို စုပ်ယူရန် ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးကို ရှာဖွေနေခဲ့ကြောင်းကို အပြည့်အဝ နားလည် သွားခဲ့သည်။ ၎င်းမှာ ‘လျှပ်စီး မီးတောက် နှလုံးသား’၏ တန်ပြန်မှုကို လုံးဝ ပယ်ဖျက်ရန် ဖြစ်လေသည်။