← Chapters

အထူးအခွင့်အရေး

Vol. 63 Ch. 1022

အထူးအခွင့်အရေး

Vol. 63 Ch. 1022

ထိုအတည်ပြုချက်ကို ကြားရာတွင် ရာဖယ်ရယ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ‘အာသာ’က အတော်လေး ဉာဏ်ပြေးပြီးတော့ ဆုံးဖြတ်ချက်ကို အမြန်ချခဲ့တယ်။ သူက အနာဂတ်မှာ လေ့ကျင့်ပေးဖို့ ထိုက်တန်တဲ့ ရုပ်သေး တစ်ရုပ် ဖြစ်နိုင်လောက်တယ်။ ရာဖယ်ရယ်က ထိုပုရွက်ဆိတ်က အမြင့်ဆုံး တည်ရှိမှု ဖြစ်သော မိမိကို လှည့်စားရဲမည်ဟု မထင်ခဲ့ပေ။

တစ်ခုခုလုပ်ရန် အဆင်သင့် ဖြစ်နေခဲ့သော ဖိုက်သွန်က ပြန်လည် တည်ငြိမ်သွားသည်။ ထို‘လူသား’က လုံးဝ ထိန်းချုပ်ခံမည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိလေသည်။ သိဒ္ဓိအလင်းတောင်ကို သူလာရတဲ့ ရည်ရွယ်ချက်က သိဒ္ဓိသားတော် ဒါမှမဟုတ် ပုပ်ရဟန်းမင်းကြီးဖြစ်ဖို့ မဟုတ်ဘူး။ ဒီအခြေက တခြား တစ်ခုခုကို ဆိုလိုတာ ဖြစ်မယ်။

အသေအချာပင် ချန်လွေ့က ပြောလိုက်သည်။ “ဒါပေမဲ့ အဲဒီ မတိုင်ခင် ဆာ့ကို တင်ပြစရာ တစ်ခုရှိတယ်။ ကျုပ်က အစက ဆာ့ကို ရှာပြီးတော့ ဒီကိစ္စအကြောင်း တင်ပြချင်ခဲ့တာ။ နောက်တော့ ဆာက ဒီနေ့ ရောက်လာတာပဲ...”

“လိုရင်းကိုပြော...” ရာဖယ်ရယ်၏ တည်ငြိမ်မှုတွင် မခုခံနိုင်သော ဂုဏ်သိက္ခာတစ်ခု ရှိနေသည်။

“ဒီလိုပါ... ကျုပ် ဒီနေ့ သိဒ္ဓိအလင်း တောင်ကို ဝင်ဝင်ချင်း အရှင်သူမြတ် ဗန်တိစ်က ကျုပ်ကို သိဒ္ဓိအလင်းရဲ့ သိဒ္ဓိအမွေအနှစ်ကို ပြသခိုင်းခဲ့တယ်။ ပြီးတော့ သိဒ္ဓိအမွေအနှစ်က ဘုရားသခင်ရဲ့ စွမ်းအားကို ဖြစ်ပေါ် စေခဲ့တယ်။ ဘုရားသခင်ရဲ့ စွမ်းအားက ကျုပ်ကို ခံစားချက်တစ်ခု ပေးခဲ့တယ်... ဒါက အထူးဟိန်းသံ စွမ်းအားတစ်ခုပဲ။ သိဒ္ဓိအမွေအနှစ်နဲ့ ဆက်စပ် နေတယ်လို့ ထင်ရတယ်။ ကြီးမားတဲ့ တုန်လှုပ်ဖွယ် စွမ်းအား ပျောက်ကွယ်သွားပြီးမှာတောင် ဟိန်းသံ ချန်ထားခဲ့တဲ့ စွမ်းအားက ကျုပ်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိနေဆဲပဲ။ အဲဒါက ကြယ်တွေလို ကျယ်ပြန့်ပြီး နက်ရှိုင်းတဲ့ စွမ်းအား တစ်ခုလည်း ဟုတ်တယ်။ စကားလုံးတွေနဲ့တောင် ဖော်ပြဖို့ မတတ်နိုင်ဘူး။”

“မင်းက အဲဒီလို စွမ်းအားမျိုးကို တကယ် ခံစားနိုင်တာပဲ...” ရာဖယ်ရယ်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး ငွေဖြူရောင် မျက်ဆံမှ ချစ်ချစ်တောက် အလင်း ထွက်လာကာ ကြောက်မက်ဖွယ်ရာ အဟန့်အတား တစ်ခု ပါဝင်နေသည်။ ချန်လွေ့က သူ့ကိုယ်သူ မထိန်းနိုင်ဘဲ တုန်လှုပ် သွားခဲ့ပြီး ခေါင်းကို အလျင်အမြန် ငုံ့လိုက်သည်။ သူ၏ ခန္ဓာကိုယ်လည်း အနည်းငယ် တုန်ယင်နေပြီး စကား မပြောနိုင်လောက်အောင် ကြောက်လန့်နေပုံရသည်။

ရာဖယ်ရယ်က ချန်လွေ့ကို ခဏမျှ စိုက်ကြည့်ပြီး အဟန့်အတားကို ဖယ်ရှားလိုက်သည်။ “ဆက်ပြော။”

“ဟုတ်ကဲ့။ ဆာ။ ဒီစွမ်းအားရဲ့ လှုံ့ဆော်မှုကြောင့် ရှေးအဂ္ဂိရတ် အဖွဲ့အစည်းရဲ့ ဝိညာဉ်အမှတ်အသား စုပ်ယူမှုနှုန်းက ၁၀ကျော် တိုးလာ တယ်လို့ ခံစားရတယ်။ ပြီးတော့ ဒါက ကျုပ်ရဲ့ဝိညာဉ်နဲ့ လုံးဝ ပေါင်းစပ် လုနီးပါး ဖြစ်နေပြီ။ ကျုပ်တို့ အတင်းအကျပ် ဖျက်သိမ်းလိုက်ရင်... ကျုပ် အသက်အန္တရာယ် ရှိနိုင်တယ်။”

ရာဖယ်ရယ် မျက်မှောင်ကြုတ်ပြီး ချန်လွေ့ ဆက်ပြောသည်။ “ဆာ- ရာဖယ်ရယ်။ လူအချို့က တသက်လုံး ဘာမှမဟုတ်တဲ့သူ မဖြစ်ချင်ကြဘူး။ အချို့က လျစ်လျူရှု ခံရတဲ့ အထီးကျန်မှုကို မခံနိုင်ကြဘူး။ ပြီးတော့ တချို့က အဲဒီတောက်ပတဲ့ အခိုက်အတန့်ကို လိုက်စားဖို့ ပိုပြီး နှစ်သက်ကြတယ်။ ကျုပ် တစ်ကြိမ် ကျရှုံးပြီးပြီ။ ကျရှုံးမှုကို ကျုပ် ထပ်ပြီး သည်းမခံတော့ဘူး။ အဲဒါကြောင့် ဒီဘဝကို လောင်းကြေးထပ်ဖို့ ကျုပ် ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ။ ကျုပ် ကောင်းကင်ကို ပျံတက်မသွားနိုင်ရင်.. ပျောက်ကွယ်သွားလိမ့်မယ်။”

“ပြောတာကောင်းတယ်။” ရာဖယ်ရယ်၏ ငွေရောင်မျက်လုံးတွင် အံ့သြမှုတစ်ခု ရှိနေသည်။ “မင်းရဲ့ပြတ်သားမှုကို ငါ မြင်ရတယ်။ နင် ပြောချင်တာကို တစ်ခါတည်း အကုန်ပြော။”

“ကျုပ်ရဲ့အတွေးက... ပထမဆုံး အဲဒီအထူးဟိန်းသံစွမ်းအားကို သုံးပြီး ရှေးအဂ္ဂိရတ် အဖွဲ့အစည်းရဲ့ ဝိညာဉ် အမှတ်အသား စွမ်းအားကို လုံးဝ စုပ်ယူဖို့ပဲ။ ကျုပ်က စွမ်းအား တဝက် နီးပါးကိုပဲ စုပ်ယူနိုင်သေးတယ်။ ဒါက ယန္တရားစွမ်းရည်ရဲ့ အမှတ်အသားပဲ။ အမှတ်အသားကို အပြည့်အဝ စုပ်ယူ နိုင်ရင် ကျုပ်ရဲ့ ဝိညာဉ်စွမ်းအားနဲ့ အရင်ကစုပ်ယူခဲ့တဲ့ ပြင်ပစွမ်းအား အားလုံးက ကျုပ်ရဲ့ ကိုယ်ပိုင်စွမ်းအား ဖြစ်လာလိမ့်မယ်။ ကျုပ်ရဲ့စွမ်းအားက အလိုလို ခုန်ကျော် တိုးလာလိမ့်မယ်။ ထပ်ရှိသေးတယ်။ ကျုပ်က ဆေးရည်မည်းတွေ ဖန်တီးနိုင်မယ့် နည်းလမ်းကိုလည်း ကျွမ်းကျင်လာ လိမ့်မယ်။ အခြေအနေ တစ်ခုကို ရောက်သွားမယ်ဆိုရင် ကျုပ်က ပြန်လည်ရှင်သန်ခြင်း ဆေးရည်နဲ့ အသက်ရှည် ဆေးရည်လိုမျိုး အမြင့်ဆုံး ဆေးရည်မည်းတွေတောင် ဖန်တီးနိုင်လိမ့်မယ်။”

ရာဖယ်ရယ် အနည်းငယ် လှုပ်ရှား သွားသည်။ လက်ရှိ ကျောင်းတော်၌ ဆေးရည် မဟာဆရာသခင် ဖြစ်သော သိဒ္ဓိအလင်းတောင်၏ ဂိုဏ်းအုပ် အချုပ် ပါဗာရို ရှိသည်။ ထာဝရ ဆေးရည်အတွဲ နှစ်မျိုး ဖန်တီးနိုင်ရာ လူသားလောကတွင် အစွမ်းထက်ဆုံး မဟာဆရာသခင်ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ပြန်လည်ရှင်သန်ခြင်း ဆေးရည်နှင့် အသက်ရှည်ဆေးရည် တို့ကို ဖန်တီးနိုင်သော မဟာ့ မဟာဆရာသခင်များနှင့် ယှဉ်လျှင် များစွာ ကွာခြားသည်။ ‘အာသာ’ က ယန္တရားနှင့် ဆေးရည် နှစ်သွယ်- အထူးပြု မဟာဆရာသခင် တစ်ဦး သို့မဟုတ် အဆင့်အမြင့်ဆုံးသော မဟာ့မဟာဆရာသခင် ဖြစ်လာနိုင် ပါက ဂုဏ်သိက္ခာနှင့် အကျိုးအမြတ် နှစ်မျိုးလုံးက ကျောင်းတော်အတွက် အကျိုးရှိမည်မှာ ထင်ရှားပေသည်။

ထို့အပြင် ‘အာသာ’ကို ယန္တရား မဟာဆရာသခင် သရုပ်ကို စွန့်ခိုင်းပြီး သူ့ကို ကိုးကွယ်သူ ဖြစ်စေကာ ‘နှစ်ခြင်း’ စွမ်းအားကို အသက်သွင်း၍ စွမ်းအားကို အတင်းမြှင့်တင်ရန် သူ၏ မူလတောင်းဆိုချက်က ကိုယ်ပိုင် ကိုယ်ပိုင် စွမ်းအားနှင့် ယုံကြည်မှု အစိတ်အပိုင်း ကြီးကြီးမားမးာကို သုံးစွဲရပေလိမ့်မည်။ ‘အာသာ’ က အများကြီး ကြိုးစားစရာ မလိုဘဲ သူ၏ စွမ်းအားကို တိုးမြှင့်နိုင်ပါက ပိုမို၍ ကောင်းပေသည်။ ထိုအချိန်တွင် ‘အာသာ’၏ စွမ်းအားပေါ် မူတည်၍ ယုံကြည်မှု စွမ်းအား အချို့ကို ပေးရန်သာ လိုအပ်သည်။ ထို့နောက် ‘အာသာ’သည် လိုချင်သော သက်ရောက်မှုကို ရရှိရန် ဆူးသရဖူကို အသက်သွင်းနိုင်ပေလိမ့်သည်။

“တကယ်တော့ ဆာ ဒီကို ရောက်မလာခင် ဒီလိုမျိုး စမ်းကြည့် ချင်နေခဲ့တာ။ ကျုပ်က သိဒ္ဓိ အလင်း ခန်းမရဲ့ အပြင်က မှော်စက်ဝိုင်းကို ပြောင်းလဲမှု အချို့ လုပ်ခဲ့တယ်။ ပြီးတော့ ဒါကို အသုံးချပြီး အဂ္ဂိရတ် အဖွဲ့အစည်းရဲ့ အမှတ်အသား ပေါင်းစည်းမှုကို အရှိန်မြှင့်ဖို့ ဟိန်းသံ နားလည်မှုကို ပိုချဲ့ထွင်ချင်ခဲ့တာ။ ဒါပေမဲ့ ရောက်လာတဲ့ အချိန်က တိုတောင်းလွန်းတယ်။ ကျုပ်က မှော်စက်ဝိုင်း လျှို့ဝှက်ချက်ကိုတောင် အပြည့်အဝ မဖြေရှင်း နိုင်သေးဘူး။ အဲဒါကြောင့် ပြောင်းလဲမှုက တစ်စိတ်တစ်ပိုင်းပဲ ပြီးသေးတယ်။ ကျုပ် အမှား တစ်ခုခု လုပ်ခဲ့မိရင် ခွင့်လွှတ်ပေးပါ။ ဘုရားသခင် စွမ်းအားအကူအညီနဲ့တောင် ကျုပ် မအောင်မြင်သေးရင်...”

ထိုသို့ ပြောပြီးနောက် ချန်လွေ့က အံကြိတ်လိုက်ကာ ပြတ်သားသော အမူအရာကို ပြသလိုက်သည်။ “ကျုပ် ရှေးအဂ္ဂိရတ်အဖွဲ့အစည်းရဲ့ ဝိညာဉ် အမှတ်အသားကို အတင်းအကျပ် ဖျက်ပစ်ပြီးတော့ အစွန့်စားရဆုံးကို ပြုလုပ်ဖို့ ဆန္ဒရှိပါတယ်။”

“ငါက မင်းရဲ့ မမျှော်လင့်ထားတဲ့ စွမ်းရည်ထက် လုံးဝ ရိုးသားမှုကို ပိုပြီး လေးစားတယ်။ ငါ့ရှေ့မှာ... ဒီလိုမျိုး လုံးဝ ရိုးသားမှုက ထာဝရ တည်ရှိ နိုင်မယ်လို့ မျှော်လင့်ပါတယ်။” ရာဖယ်ရယ်က မည်သူနည်း။ သူက အပြင်ဘက်ရှိ မှော်စက်ဝိုင်း အပြောင်းအလဲကို တွေ့ရှိခဲ့သည်မှာ ကြာခဲ့လေပြီ။။ ယခု ‘အာသာ’ က ထိုကိစ္စကို အရင် ဝန်ခံခဲ့သည်ဖြစ်ရာ ရာဖယ်ရယ် ပို၍ ယုံကြည်သွားသည်။

“ဆာ့ရဲ့ ဆန္ဒက ကျုပ် တသက်လုံး လိုက်နာမယ့်အရာပါ။” ချန်လွေ့က ရာဖယ်ရယ်၏ ပေါ့ပါးသွားကြောင်း သိလိုက်ပြီး ယခုတွင် သူက နှိမ့်ချသောအမူအရာ ပြသလိုက်၏။

“ဒီလိုဆိုမှတော့...” ရာဖယ်ရယ်က စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ပြီ ဖြစ်သည်။ “မင်း မျက်လုံးမှိတ်ထား။ ငါ မင်းကို တစ်နေရာရာဆီ ခေါ်သွားမယ်။”

ချန်လွေ့က နှလုံးသား တုန်လှုပ် သွားသည်ကို ခံစားလိုက် ရပြီး ရာဖယ်ရယ် သူ့ကို မည်သည့်နေရာသို့ ခေါ်သွားမည်ကို ဝိုးတဝါး ခန့်မှန်းမိ ခဲ့လေသည်။ သူက ခံစားချက်များကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး မျက်လုံး မှိတ်လိုက်၏။

ခဏ မူးဝေပြီး ရာဖယ်ရယ်၏အသံ ထွက်ပေါ်လာသည်။ “မျက်လုံးဖွင့်လိုက်။”

ချန်လွေ့က သူ၏ မျက်လုံးများကို ဖွင့်လိုက်ရာ ရှေ့တွင် အလင်းရောင် ဖြာထွက်နေပြီး အကန့်အသတ် မရှိသော စွမ်းအား အငွေ့အသက်များ ထွက်နေသည့် ကြီးမားသော ခန်းမ တစ်ခုကို တွေ့လိုက် ရသည်။ ထိုအငွေ့အသက်ထဲတွင် စကြဝဠာရှိ အရာအားလုံး၏ ကြီးထွားမှုနှင့် ပြောင်းလဲမှု၏ အဆုံးမရှိသော လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေသည်။

ထိုအလင်းနတ်ဘုရားကျောင်းကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း မဟုတ်သော်လည်း ထိုအရာက ချန်လွေ့ကို တုန်လှုပ် စေခဲ့သည်။ သူက ပင်လယ်ထဲရှိ သဲပွင့်တစ်ပွင့်လို သေးငယ်သလို ခံစားလိုက်ရသည်။ ယခင်က မြင်ဖူးသော ငွေသေတ္တာထဲရှိ ဇစ်မြစ်ကပင် သူ့ကို ထိုခံစားချက်မျိုး မပေးခဲ့ပေ၊။ အကြောင်းမှာ ၎င်းက ပြီးပြည့်စုံသော ဖန်တီးခြင်း ဇစ်မြစ် ဖန်တီးခြင်းစာအုပ် ဖြစ်၍ပင်။

“ဒါ..ဒါ...ဒါက...” ချန်လွေ့က သူ၏ အံ့အားသင့်မှုကို တိုးမြှင့်လိုက်ပြီး ဗလုံးဗထွေးဖြစ်နေပုံရသည်။ “ဒီမှာ... ဒီလောက်ပြင်းထန်တဲ့ ကောင်းကင် အငွေ့အသက် ရှိနေတာပဲ။”

“ဟုတ်တယ်။ ဒါက သိဒ္ဓိအလင်း တောင်ထိပ်မှာရှိတဲ့ အလင်း နတ်ဘုရားကျောင်းပဲ။ တစ်ချိန်က အလင်းနတ်ဘုရား ဆင်းသက်ခဲ့တဲ့ နေရာ။ ဒါက သိဒ္ဓိအလင်းတောင် တစ်ခုလုံးရဲ့ အကြီးမားဆုံး တားမြစ်ထားတဲ့ နေရာလည်း ဟုတ်တယ်။ ပုပ်ရဟန်းမင်းကြီးနဲ့ ဂိုဏ်းချုပ်နှစ်ဦးတောင် ဒီကို ဝင်ဖို့ အတွက် အထူး ခွင့်ပြုချက်ရဖို့ လိုတယ်။ လမ်းတလျှောက် အန္တရာယ် အများကြီး ရှိတယ်။ ငါက မင်းကို ဒီ မခေါ်လာခဲ့ရင် တောင်အောက်က လှေကားရဲ့ ပထမဆုံး ခြေလှမ်း ကိုတောင် နင်းနိုင်မှာ မဟုတ်ဘူး။ မင်းကို ထားလိုက်ဦး။ သူတော်စင် အဆင့်ကို ကျော်လွန်တဲ့ အထူး အစွမ်းထက်ပုဂ္ဂိုလ်တောင် လမ်းတလျှောက်က ချိပ်ပိတ်စွမ်းအားကို အတင်းအကျပ် ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။”

ချန်လွေ့က သေသေချာချာကို သိပေသည်။ ရာဖယ်ရယ်၏ စကားက သတိပေးခြင်းသက်သက် မဟုတ်ပေ။ သူက ယခုနေရာတွင် ကြယ်အမှတ် တစ်ခုကို ချန်ထားခဲ့သည်။ သူက ထိုစဉ် အလင်းနတ်ဘုရားကျောင်းမှ အရိပ်လေပြေဘွတ်ဖိနပ်ကို ကံကောင်းကာ ရရှိပြီးနောက် [တိတ်တဆိတ်] ပညာရပ်ကို အသုံးချကာ တစ်ခါပြန်သွားခဲ့သည်။ သို့သော်လည်း အလင်းနတ်ဘုရားကျောင်းကို ယခုကဲ့သို့ အလွယ်တကူ မြင်နိုင်ရန် မဖြစ်နိုင်ပေ။ ပတ်ဝန်းကျင် တစ်ခုလုံး ရှေးမှော်စာ စွမ်းအားများ ဖြစ်နေပြီး အမြင်အာရုံကို ပိတ်ဆို့ထားရုံသာမက နေရာလွတ်လည်း ချိပ်ပိတ်ထား၏။ သူက သတိနှင့် အချိန်မီ ပြန်မဆုတ် ခဲ့လျှင် ထိုနေရာတွင် ပိတ်မိနေ လိမ့်မည်။

“ဆာ-ရာဖယ်ရယ်ရဲ့ ဂရုစိုက်မှုနဲ့ ယုံကြည်မှုက ကျုပ်ကို အရှက်ရမိ စေပါတယ်။ ကျုပ် အသန့်စင်ဆုံး သစ္စာရှိမှုနဲ့ပဲ ပြန်ဆပ်နိုင်ပါတယ်။” ချန်လွေ့ ခေါင်းညိတ်လိုက်သည်။

ရာဖယ်ရယ် ခေါင်းညိတ်လိုက်၏။ ချန်လွေ့က ပင့်သက်ရှိုက်လိုက်ရာ သိဒ္ဓိအမွေအနှစ်သုံးခုက သူ့ကိုယ်ပေါ် တစ်ချိန်တည်း ပေါ်လာသည်။ ယခု တစ်ကြိမ်တွင် သိဒ္ဓိအလင်းတောင်မှ တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် သူ၏ စိတ်ထဲတွင် ထိုဟိန်းသံက ယခင်ထက် ၁၀ဆ ပိုအားကောင်းနေခဲ့သည်။

ချန်လွေ့သည် ယခု ‘အာသာ’၏ သတိစိတ်နှင့် လုံးဝပေါင်းစည်းထားပြီ ဖြစ်သောကြောင့် ဝိညာဉ်စွမ်းအားက သန့်စင်ပြီး အစွမ်းထက် နေသည်။ ထို့အပြင် သိဒ္ဓိအမွေအနှစ် သုံးခု၏ အထူး အကျိုးသက်ရောက်မှုကြောင့် ထိုနေရာတွင် နေ၍ နားလည်နိုင်ပါက သူသည် ဖန်တီးခြင်း ဇစ်မြစ်ကို အပြည့်အဝ နားလည်နိုင်မည်ဟု သူ ယုံကြည်သည်။ သူ လိုအပ်သည်မှာ အချိန်ပိုပင်။

သို့သော် ယခု ရာဖယ်ရယ်က ထိုနေရာတွင် ရှိနေသောကြောင့် မည်သည့် ဟာကွက်ကိုမျှ ဖော်ပြ၍ မရပေ။ သို့မဟုတ်ပါက နီးကပ် နေသော ‘ကောင်းကျိုး’ သည် ကြောက်စရာ အကောင်းဆုံးသော လူသတ်သမား ဖြစ်လာပေလိမ့်မည်။ ဖိုက်သွန်ကလည်း ထိုအရာကို နားလည်ပြီး ပြင်းထန်သော သွေးဆောင်မှုများကို ခုခံကာ သူ၏ စွမ်းအားအားလုံးဖြင့် အငွေ့အသက်ကို ဖုံးလွှမ်းနေ၏။

ချန်လွေ့က [အထူးစိစစ်မှု]ကို အသည်းအသန်သုံး၍ မှတ်ဉာဏ်ထဲ မှတ်တမ်း တင်နေစဉ် သူက စဉ်းစားခန်း ဝင်နေပုံ ဟန်ဆောင် နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ အငွေ့အသက်က ပြောင်းလဲလာပြီး ဆက်တိုက် ပြောင်းလဲနေသည်။

ခဏအကြာ ရာဖယ်ရယ်၏ အာရုံတွင် ချန်လွေ့၏ မူလက စစ်သည်တော်စွမ်းအား တကယ်တမ်း ပြောင်းလဲလာခဲ့သည်။ သူက တစ်ခါတည်းဖြင့် ဆရာသခင်အဆင့် ရောက်ရှိသွားခဲ့သည်။

ရာဖယ်ရယ်၏ မျက်လုံး လင်းလက် သွားခဲ့သည်။ ထိုသို့ စွမ်းအားမျိုးက သူ၏ မျက်လုံးထဲတွင် ဖော်ပြစရာ မဟုတ်သော်လည်း ‘အာသာ’အတွက် အလွန်ပင် ထူးခြားသော အဓိပ္ပာယ် ရှိသည်။ သူက နောက်ဆုံးအကြိမ် ‘အာသာ’ကို အလင်း စွမ်းအား ပေးခဲ့စဉ်က စွမ်းအား မတိုးနိုင်ခဲ့ပေ။ ယခု ဖန်တီးခြင်း စာအုပ် စွမ်းအားက ‘အာသာ’ကို အမှန်တကယ်ပင် အဆင့်တက်နိုင်စေသည်။

‘အာသာ’ ခုနက ပြောခဲ့တာ မှန်တဲ့ပုံပဲ။ ဖန်တီးခြင်း ဇစ်မြစ်က သူ့ရဲ့ ပေါင်းစည်းမှု အရှိန်ကို ကြီးကြီးမားမား တိုးစေတယ်။

ချန်လွေ့ နတ်ဆိုးဘုရင်အဆင့်ကို ‘ဖြတ်ကျော်’ ပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သိဒ္ဓိအမွေအနှစ် သုံးခုကို ထပ်မံ၍ ဖယ်ရှားလိုက် သော်လည်း သူက ရာဖယ်ရယ်နှင့် ဘာမှ မပြောခဲ့ပေ။ ထိုအစား သူက အခြေအနေ တစ်ခုသို့ ရောက်သွားပုံ ရသည်။ သူ၏ရှေ့တွင် ဆေးဖော်စပ် စမ်းသပ်ခုံတစ်ခု ပေါ်လာပြီး သူက ဆေးရည်ဖော်စပ်ခြင်းကို လျင်မြန်စွာ စတင်တော့သည်။

အစပိုင်း သူ့ပညာရပ် အနည်းငယ် ကြမ်းတမ်းနေပုံရသည်။ တစ်ခုခုကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်နေသကဲ့သို့ ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် လှုပ်ရှားမှုများက စီးဆင်းနေသောရေကဲ့သို့ ဖြစ်နေပြီး အတိုင်းအဆ မသိသော အရှိန်အဟုန် ပုံစံမျိုး ဖြစ်နေသည်။ ဆေးရည် တစ်ပုလင်းပြီးတစ်ပုလင်း လျင်မြန်စွာ အောင်မြင်ပြီးစီးသွားခဲ့သည်။

အနီရောင် ကုသဆေး၊ အစိမ်းရောင် ဝိညာဉ် စွမ်းအားဆေး၊ လိမ္မော်ရောင် အဆိပ်ဖြေဆေး...

ကျွမ်းကျင်မှုနှင့်အတူ နောက်ဆုံး ဆေးရည် အရောင်က အဖြူရောင် ဖြစ်နေသည်။

‌ဆေးရည်ဖြူက ဆေးရည်ပညာရှင် သင်္ကေတ ဖြစ်သည်။ ထိုကဲ့သို့ တိုတောင်းသော အချိန်အတွင်း မူလက ယန္တရား မဟာဆရာသခင် ဖြစ်သော ‘အာသာ’က ဆေးရည် ပညာရှင်တစ်ဦး ဖြစ်လာပုံရသည်။

အသိပညာများစွာရှိသော ရာဖယ်ရယ်ပင်လျှင် တိတ်တဆိတ် အံ့အားသင့်ခဲ့သည်။ ယန္တရားပညာနှင့် ဆေးဝါးပညာက အဂ္ဂိရတ်ပညာ၏ အဓိက ဘာသာနှစ်ခု ဖြစ်သော်လည်း ၎င်းတို့က လုံးဝကို ကွဲပြားသော အသိပညာ နယ်ပယ်နှစ်ခု ဖြစ်သည်။ နှစ်သွယ် ဆရာသခင်များက အဂ္ဂိရတ် သမိုင်းတွင် အလွန် ရှားပါးသည်။ မဟာဆရာသခင်ဆိုလျှင် ပို၍ရှား၏။ ယခုတွင် ‘အာသာ’က ဆေးရည် ပညာရှင် အဆင့်ကိုသာ ရောက်ရှိနေ သေးသော်လည်း ခုနက ‘အချက် အလက်များ’ကို ကြည့်လျှင် သူက ‘အာသာ’သည် ဆေးရည်ပညာနှင့် ယန္တရားပညာ နှစ်မျိုးကျွမ်းကျင်သော မဟာဆရာသခင် ဖြစ်လာနိုင်ပြီး မကြံစဖူး နှစ်သွယ်အထူးပြု မဟာ့ မဟာဆရာသခင် ဖြစ်လာနိုင်ရန် ယုံကြည်နိုင်သော အကြောင်းရင်းများ ရှိနေ၏။ တကယ် ကံကောင်းခြင်းပဲ။

“ဟားဟား!” ‘အာသာ’က သူ ဖန်တီးထားခဲ့သော ဆေးရည်ဖြူကို ကိုင်ထားပြီး စိတ်အားထက်သန်စွာ ရယ်မောလိုက်သည်။ သူ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားပြီး စိုးရိမ် ထိတ်လန့်သော အမူအရာကို အမြန်ဖော်ပြလိုက်သည်။ “ဆာ- ရာဖယ်ရယ်။ ကျုပ်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ။ ကျုပ် အတော်လေး စိတ်လှုပ်ရှားသွားလို့ပါ...”

“ကိစ္စမရှိပါဘူး။” ရာဖယ်ရယ်က တိတ်ဆိတ်စွာ မေးလိုက်သည်။ “စိတ်ဝိညာဉ်အမှတ်အသားက ဘယ်လိုနေလဲ။”

“စိတ်ဝိညာဉ်အမှတ်အသားက တဝက်ကျော် ပေါင်းစပ်သွားပြီ။ ထူးဆန်းတာက ဒါက လုံးဝပေါင်းစပ် သွားတာ မဟုတ်ပေမဲ့ အထူးစွမ်းအား တစ်ခုရဲ့ လုပ်ဆောင်ချက်အောက်မှာ ကျုပ်ရဲ့ စွမ်းအားက အရည်အသွေး ပိုင်းဆိုင်ရာ တိုးတက် လာခဲ့တယ်။ ဒီထူးဆန်းတဲ့ အငွေ့အသက်ထဲမှာ စိတ်နှစ်ထားရုံနဲ့တင် နားလည်မှု အရှိန်ကို အများကြီး မြှင့်တင်ပေး နိုင်တယ်။ ဒါက ဖော်ပြလို့ မရတဲ့ ခံစားချက်တစ်ခုပဲ။ တစ်ခုခု ‘မွေးဖွား’ လာသလိုပဲ... အဟမ်း ဘယ်လို ပြောရမလဲ... ‘ပြုလုပ်’ တာလား၊ မဟုတ်ဘူ။ အဲဒါက...”

“ဖန်တီးခြင်းပဲ...” ရာဖယ်ရယ်က အသာလေး ပြောလိုက်သည်။

“ဟုတ်တယ်! ‘ဖန်တီးခြင်း’ပဲ!” ချန်လွေ့က ရာဖယ်ရယ် ကိုယ်တိုင် ပြောစေရန် တမင်တကာ ဦးဆောင် ခဲ့ပြီး သူက နောက်မှလိုက်ခဲ့သည်။ “ဒီနေ့က အရင်က ဆက်လုပ်ခဲ့တဲ့ နားလည်မှုကို ချေဖျက်ရုံပဲ။ နောက်ပိုင်း အရှိန်က အတော်လေး ပိုနှေးလာလိမ့်မယ်။ ဒါပေမယ့် ကျုပ် ‘ဖန်တီးခြင်း’စွမ်းအားကို ဆက်ပြီး လက်ခံမယ်ဆိုရင် အများဆုံး ၂ လ၊ မဟုတ်ဘူး။ ၁ လပဲ ကြာမယ်။ ကျုပ် ဝိညာဉ်အမှတ်အသားနဲ့ အပြည့်အဝ ပေါင်းစည်းနိုင်လိမ့်မယ်။ အဲဒီအချိန် အဂ္ဂိရတ် နဲ့ စွမ်းအား နှစ်ခုစလုံးက ထူးထူးခြားခြားအဆင့်ကို ရောက်ရှိ လာလိမ့်မယ်။”

ရာဖယ်ရယ်က တိတ်တိတ်လေး ခေါင်းညိတ်လိုက်၏။ ငါက မျက်လုံးနဲ့ မမြင်ရရင် ဖန်တီးခြင်းစာအုပ်မှာ ဒီလို အခန်းကဏ္ဍမျိုး ရှိတယ်ဆိုတာ လုံးဝ ယုံမှာမဟုတ်ဘူး။ ဒါပေမဲ့ ‘အာသာ’ရဲ့ စွမ်းရည် ပိုပြီး အားကောင်းလေလေ သိဒ္ဓိကျောင်းတော်အတွက်နှင့် ယုံကြည်မှုကို ထိန်းချုပ်ဖို့ ကောင်းကင်တမန်သုံးပါးအတွက် ပိုကောင်းလေလေပဲ။ ရွှေရောင် နယ်မြေက ဒီမင်းသားရဲ့ စွမ်းရည်ကို ကြည့်ရတာ သိဒ္ဓိကျောင်းတော်က အနာဂတ်မှာ အဆင့်သစ်တစ်ခုကို တက်လှမ်းသွားနိုင်လောက်တယ်။

တစ်လှမ်း ပြန်ဆုတ်မယ်ဆိုရင် သူ ကျရှုံးရင်တောင် နောက်၂လနေရင် နောက်ဆုံး နည်းလမ်းကို အသုံးပြုဖို့ အချိန်ရှိသေးတာပဲ။

“ကျုပ် အောင်မြင်ခဲ့ရင် နောက်၃လ နတ်ဘုရားကျောင်း စစ်သည်တွေကို ပြောင်းလဲပေးတဲ့ အခမ်းအနားပြီးရင် အဲဒီလက်ဇ် အပါအဝင် လူတိုင်းရဲ့ အရှေ့မှာ ကျုပ်ကို နှစ်ခြင်း ပြုလုပ်ပြီး ဆာ့ရဲ့ အသစ္စာအရှိဆုံး ကိုးကွယ်သူ ဖြစ်ခွင့်ပြုပါ...” ချန်လွေ့က ရာဖယ်ရယ်ကို နက်နက်ရှိုင်းရှိုင်း ဦးညွတ်လိုက်သည်။ ၎င်းက နောက်ဆုတ်ပြီး ရှေ့တိုးခြင်းဖြစ်ကာ ကိုးကွယ်သူ ဖြစ်ရမည့် အချိန်ကို နောက်၃လ အချိန်ဆွဲလိုက်ခြင်းပင်။

ရာဖယ်ရယ်က အသာလေး ခေါင်းညိတ်လိုက်သည်။ “မင်းရဲ့ တောင်းဆိုမှုကို ငါ သဘောတူတယ်။ မင်းရဲ့ သစ္စာရှိမှုက တူညီစွာနဲ့ အကျိုးအမြတ် ရရှိလိမ့်မယ်။ အခု ငါက မင်းကို အထူး အခွင့်အရေး တစ်ခု ပေးမယ်။ အဲဒါက ဒီအလင်း နတ်ဘုရားကျောင်း အရှေ့မှာ အာရုံခံ ဖို့ပဲ။ ဝင်ဖို့အတွက် အထူး တံဆိပ်ပြား ရှိတယ်။ ငါမင်းကို သင်ပေးတဲ့နည်း အတိုင်း လိုက်လုပ်ရုံနဲ့ မင်းက ဒီကို လွတ်ကင်းတဲ့ နေရာလွတ်လမ်းကနေ လာနိုင်တယ်။ တစ်ကြိမ်ကို ၂ နာရီပဲ။ ၂နာရီပြီးရင် မင်းက လာခဲ့တဲ့နေရာကို ပြန်ရောက်သွားလိမ့်မယ်။ ဒါပေမယ့် မင်း အချက် နှစ်ချက်ကို မှတ်ထား ရမယ်။ ပထမအချက်ကတော့ အဲဒီ နေရာလွတ်လမ်းကြောင်းကို မင်းတစ်ယောက်တည်းပဲ ဝင်လို့ရမယ်။ ဒုတိယ အချက်ကတော့ မင်းက နေရာမှာပဲ နေရမယ်။ အလင်းနတ်ဘုရားကျောင်းကို မချဉ်းကပ်ရဘူး၊ ဝင်မကြည့်ရဘူး။ ဒီအချက်တွေထဲက တစ်ခုခုကို မင်း ချိုးဖောက်ရင် အကျိုးဆက် တစ်ခုပဲ ရှိမယ်။ အဲဒါက သေခြင်းပဲ။”

“ဆာ့ရဲ့ မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်။” ချန်လွေ့က စိတ်ထဲရှိ ပျော်ရွှင်မှုကို ဖိနှိပ်ပြီး ဝင်ခွင့် တံဆိပ်ပြားကို လက်နှစ်ဖက်ဖြင့် လေးစားစွာ လက်ခံလိုက်သည်။

“ငါ့ကို စိတ်မပျက်စေနဲ့။” ရာဖယ်ရယ်က သူ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ “စိတ်ဝိညာဉ် အမှတ်အသား ပေါင်းစည်းပြီးသွားရင် သိဒ္ဓိကောင်းချီးခန်းမဆီမှာ ယူဒိုရာကို သွားရှာပြီးတော့ သူတို့ ပြင်ထားတဲ့ စွမ်းအားကို စမ်းသပ်ကြည့်လိုက်။ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်၃လ ဘွဲ့တံဆိပ် ချီးမြှင့်ပွဲ အခမ်းအနားမှာ ဘယ်လိုအမှားအယွင်းမှ မရှိရဘူး။”

အကယ်၍ သူ့ရှေ့မှလူက ဖိုက်သွန် ကဲ့သို့ ထူးခြားလျှင် ရာဖယ်ရယ်က သူ့ကို ထိုမျှ လွယ်လွယ်ကူကူ ယုံကြည်မည် မဟုတ်ပေ။ သို့သော် မဟာလက်ဇ်က သားအဖ ဆက်ဆံရေးကို ဖြတ်လိုက်ကြောင်း ပြောပြီးကတည်းက သိဒ္ဓိအလင်းတောင်မှာ ‘အာသာ’ အတွက် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်ခဲ့လေသည်။

ဆူးသရဖူ မရှိပါက စွမ်းအား လုံးဝ မရှိသော ရာဖယ်ရယ် အချိန်မရွေး ဖျက်ဆီးပစ်နိုင်သော ထိုအဆင့်နိမ့် တည်ရှိမှုကို သူ၏ မျက်လုံးများတွင် လုံးဝ ထားရှိမည် မဟုတ်ပေ။ သူက ကောင်းကင်တွင် ပျံသန်းနေသော ဝိုင်ဗန်တစ်ကောင်ဟု ယူဆထားရာ မြေပေါ်ရှိ ပုရွက်ဆိတ်များ၏ အတွေးကို စဉ်းစားနေရင်း ဦးနှောက် အခြောက်ခံပြီး အဘယ်ကြောင့် စဉ်းစားရမည်နည်း။

ထို့ကြောင့် ရာဖယ်ရယ်၌ သံသယ လုံးဝ မရှိခြင်းပင်။

“နားလည်ပါပြီ။ ဆာ။”

လေထဲတွင် တဖြည်းဖြည်းနှင့် ပျောက်သွားသော ရာဖယ်ရယ်၏ ပုံရိပ်က ကြည့်နေရင်း ချန်လွေ့က ချက်ချင်းပင် သူ့ အရှေ့မှ အလင်း နတ်ဘုရားကျောင်းဆီသို့ လှည့်ကြည့် လိုက်သည်။ ထိုအကြည့်က ရွှေငါး ကြည့်ချင်သော ကလေး တစ်ယောက်ကို မြင်လိုက်သည့် စိတ်ပျက်စရာကောင်းပြီး ထူးဆန်းသော ဦးလေးကြီး တစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။

All Chapters