← Chapters

ပွဲပြီး မီးသေ

Vol. 5 Ch. 479

ပွဲပြီး မီးသေ

Vol. 5 Ch. 479

"ဘာဖြစ်လို့လဲ …"

မန်နေဂျာရှု့က ပြန်မေးလိုက်သည်။

သူကား အိမ်မှ အိမ်သူ မယားကြီး နှောင့်ယှက်မည် စိုးရိမ် သဖြင့် တစ်ညလုံး ဖုန်းကို ပိတ်ကာ အပျော် ဇနီးလေးနှင့် ချစ်ရည်လူးနေခဲ့ခြင်း ဖြစ်သည်။

"မနေ့ညက …"

မန်နေဂျာဟောင်က ရှင်းပြန်ရန် ပြင်လိုက်စဉ်မှာပင် ရုံးခန်း အတွင်းသို့ အခြား ဒါရိုက်တာများ၊ မန်နေဂျာများ ရောက်ရှိလာကြ၏။ ထိုလူများ၏ မျက်နှာများတွင်လည်း ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေ၏။

"မန်နေးဂျင်း ဒါရိုက်တာဟယ် ဒါရိုက်တာရှောင် မန်နေဂျာဟူ … ခင်ဗျားတို့ ပရောဂျက် အတွက် ပူပန်နေကြတာလား … အဲဒါဆို စိတ်အေးအေးသာ နေကြ … ကျိမိသားစုကို တောင်းပန်ဖို့ ကျုပ် သူဌေးကို တင်ပြလိုက်မယ် … အဲဒါဆို အရာရာ အဆင်ပြေ သွားလိမ့်မယ် …"

မန်နေဂျာရှု့က အခြားလူများကို အကဲခတ်ရင်း ဖျောင်းဖျလိုက်သည်။

သို့သော်လည်း ထူးဆန်းစွာပင် အခြားလူများက သူ့ကို အရူးတစ်ယောက် ကဲ့သို့သာ ကြည့်ကြသည်။

မန်နေဂျာရှု့ကလည်း လုပ်ဖော်ကိုင်ဖက်များကို ထူးဆန်းစွာ ပြန်ကြည့်လိုက်၏။ ထိုလူများတွင် ပယောဂ တစ်ခုခု စွဲကပ်နေခြင်း ဖြစ်ရမည်။

ထိုစဉ်မှာပင် သူတို့ ရှိနေသည့် ရုံခန်း၏ အဝ၌ အလှပဂေး ပုံရိပ်နှစ်ခု ပေါ်လာခဲ့၏။ လူတိုင်းက ထိုင်ရာမှ ထကာ ထိုနှစ်ယောက်ကို ကြိုဆိုလိုက်ကြ၏။

ထိုအလှပဂေး နှစ်ယောက်ကား ကျင်းရှို့ လုပ်ငန်းစု သူဌေး ဝမ်ရှောက်ယွင်နှင့် အန်ရာတို့ပင်။

"အာဟ … ရောက်လာပြီပဲ … ငါ သွားတင်ပြဦးမယ် …"

မန်နေဂျာရှု့က ဝမ်ရှောက်ယွင်တို့ ဆီသို့ သွားရန် ပြင်လိုက်၏။ သို့သော်လည်း အခြား မန်နေဂျာများမှာ သူ့ထက်ပင် တစ်လှမ်းဦးနေခဲ့သည်။

မန်နေဂျာရှု့၏ အကြည့်များ အောက်တွင်ပင် မန်နေးဂျင်း ဒါရိုက်တာဟယ် မန်နေဂျာဟောင်နှင့် အခြားလူများမှာ ဝမ်ရှောင်ယွင်နှင့် အန်ရာတို့ ထံသို့ အပြေးအလွှား သွားကာ ဖားယားနေကြတော့သည်။

"သူဌေးက ဒီနေ့မှ ပိုပြီး လှနေသလိုပဲဗျာ …"

"သူဌေးရဲ့ ခေါင်းဆောင်မှု အောက်မှာ ကျုပ်တို့ ကျင်းရှို့ လုပ်ငန်းစုကြီး တိုးတက် အောင်မြင်လာမှာ ကျိန်းသေတယ်ဗျာ …"

"လက်ထောက်အန်က အဲဒီ တရုတ် ဝတ်စုံလေးနဲ့ အရမ်း လိုက်ဖက်တယ် … ကျုပ်သမီးတော့ လက်ထောက်အန်ရဲ့ အလှကို ဒီတစ်သက် ယှဉ်နိုင်မှာ မဟုတ်တော့ဘူး …"

"  … "

"ဟုတ်တယ် … လက်ထောက်အန်နဲ့ သူဌေးက ကျောင်းဟိုင်ရဲ့ အလှပဂေးတွေ ပါပဲဗျာ …"

ဒါရိုက်တာရှု့က အားကျမခံ ဝင်ရောက် ဖားယားလိုက်၏။ သို့သော်လည်း သူ၏ စိတ်ကမူ နားမလည်နိုင်သေးချေ။

သူတို့ အားလုံးကား ကျင်းရှို့ လုပ်ငန်းစု၏ ဒါရိုက်တာများ ဖြစ်ကြသည်။ သူဌေးဝမ်ပင်လျှင် သူတို့အား အသိမပေးပဲ တစ်ခုခု လုပ်ရန် အခွင့် မရှိချေ။

ယခုကဲ့သို့ ဝမ်ရှောက်ယွင်အား ဝိုင်း၍ ဖားယားနေခြင်းမှာ တစ်ဆိတ်တော့ အကဲပိုလွန်းနေသည်။

"အားလုံး ကျွန်မနဲ့ လိုက်ခဲ့ပေးပါ … အခု အစည်းအဝေး ရှိတယ် …"

ဝမ်ရှောင်ယွင်က တည်ငြိမ်စွာပင် ကြေညာလိုက်၏။

"ကောင်းပါပြီ …"

ဒါရိုက်တာများ၊ မန်နေဂျာများမှာ အမိန့်နာခံရန် အကြိမ်ကြိမ် လေ့ကျင့်ပေးထားသော စစ်သားများကဲ့သို့ ချောမွေ့စွာပင် အစည်းအဝေး ခန်းမသို့ ဦးတည် လိုက်ကြ၏။

"ဘာကြီးတုံး …"

မန်နေဂျာရှု့က နားမလည်စွာပင် အခြားလူများနှင့် ရောနှောပြီး ငြိမ်သက်စွာ အစည်းအဝေး ခန်းမဆီသို့ လိုက်လာခဲ့၏။

အစည်းအဝေး ခန်းမ အတွင်းသို့ ရောက်ရှိပြီးနောက် ဒါရိုက်တာရှု့က ထိုင်ခုံ တစ်ခုတွင် နေရာယူ လိုက်၏။ သူ၏ စိတ်တွင်မူ ဝမ်ရှောက်ယွင်ကို ဆက်လက် ဖားယားရမည်လား ကျိမိသားစုကို တောင်းပန်ရန် တင်ပြရမည်လား ဝေခွဲမရသေးပေ။

"အဟွတ် အဟွတ် …"

မန်နေဂျာရှု့ ဗျာများနေစဉ်တွင်ပင် မန်နေဂျာရှောင်က ချောင်းဟန့်ရင်း ထိုင်ရာမှ ထရပ်လိုက်၏။

"ဥက္ကဋ္ဌ ခင်ဗျာ … မနက်က အရှေ့ခရိုင် ရုံးချုပ်ဆီက ဖုန်းဆက်လာပါတယ် … သူတို့က ကျွန်တော်တို့ရဲ့ ပရောဂျက် အတွက် ခွင့်ပြုလိုက်ပါပြီ … ကျွန်တော်တို့ ခုချက်ချင်း စရင်တောင် အဆင်ပြေပါတယ်တဲ့ …"

"ဘာကြီး …"

မန်နေဂျာရှု့၏ မျက်ခုံး နှစ်ဖက်မှာ အံ့အားသင့်မှုကြောင့် မြောက်တက်သွား၏။

ထိုစဉ်မှာပင် ဒါရိုက်တာဟယ်၏ တင်ပြသံ ပေါ်ထွက်လာပြန်သည်။

"ဥက္ကဋ္ဌ ခင်ဗျာ … အရှေ့ခရိုင် ရုံးချုပ်ရဲ့ အရာရှိတွေက ကျွန်တော့်ကို ဆက်သွယ်ပြီး ပြောပါတယ် … ကျွန်တော်တို့ရဲ့ ပရောဂျက်က  ကျိမိသားစုရဲ့ တားဆီးမှုကြောင့် အနည်းငယ် ကြန့်ကြာသွားရတာပါ တဲ့ … အဲဒီ အတွက် သူတို့ ဘက်ကနေ ဥက္ကဋ္ဌနဲ့ လူချင်းတွေ့ပြီး တောင်းပန်ချင်ပါတယ် တဲ့ …"

"ဘယ်လို … အရှေ့ခရိုင် ရုံးချုပ်ရဲ့ အရာရှိတွေက တောင်းပန်မယ် …"

မန်နေဂျာရှု့က သူ၏ နားကိုပင် ပြန်ကိုင်လိုက်မိသည်။

သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်၏။

"ဥက္ကဋ္ဌ ခင်ဗျာ … တုန်းချန် လုပ်ငန်းစုရဲ့ သူဌေးက ကျွန်တော့်ကို လူကိုယ်တိုင် ခေါ်တွေ့ပြီး ပြောပါတယ် … ကျင်းရှို့ လုပ်ငန်းစုနဲ့ စီးပွားရေးအရ ပူးပေါင်းချင်ပါတယ်တဲ့ …"

"သူတို့က ကျွန်တော်တို့ ခုလုပ်မယ့် ပရောဂျက် အတွက် ငွေကြေး စိုက်ထုတ်ပေးဖို့ ဆန္ဒ ရှိတယ် … ပရောဂျက် ပြီးဆုံးတဲ့ အခါမှာလည်း အကျိုးအမြတ် သုံးဆယ် ရာနှုန်းကိုပဲ ယူပါမယ်တဲ့ …"

"ဥက္ကဋ္ဌ ခင်ဗျာ … ဟောင်ဟိုင် လုပ်ငန်းစုရဲ့ ရှီဟောင်ရီက ဥက္ကဋ္ဌကို ပုဂ္ဂိုလ်ရေးအရ တွေ့ချင်နေပါတယ် … သူ အပြင်မှာ စောင့်နေတာ နှစ်နာရီလောက် ရှိနေပါပြီ"

"ဥက္ကဋ္ဌ ခင်ဗျာ … သခင်ကြီးကျိုးက ဥက္ကဋ္ဌကို ညစာ လာစားဖို့ ဖိတ်ခေါ်ထားပါတယ် … မြို့တော်ဝန်နဲ့ လက်ထောက် မြိုတော်ဝန်တို့လည်း တက်ရောက်မှာပါတဲ့"

မန်နေဂျာရှု့ တစ်ယောက်ကား လောကကြီး ဆန့်ကျင်ဘက် စီးဆင်းနေသလိုပင် ခံစားနေရ၏။

တုန်းချန် လုပ်ငန်းစု၊ ရှီဟောင်ရီ၊ သခင်ကြီးကျိုး တို့ကား ကျောင်းဟိုင်၏ ထိပ်ဆုံး နေရာတွင် ရပ်တည်နေကြသူများ ဖြစ်သည်။ သူတို့၏ လွှမ်းမိုးမှုက တရုတ် တစ်ပြည်လုံး အထိပင် ဖြန့်ကြက်ထားသည်။

"ဘာဖြစ်နေတာလဲ … ငါရူးသွားတာ ဟုတ်ရင်ဟုတ် မဟုတ်ရင် သူတို့ ရူးနေတာပဲ ဖြစ်ရမယ် …"

မန်နေဂျာဟူမှာ ထိုင်ခုံတွင်ပင် ရုပ်တု တစ်ခုကဲ့သို့ ထိုင်ရင်း ငေးငိုင် နေမိတော့သည်။

"အင်း …"

ဝမ်ရှောက်ယွင်က ညွှန်ကြား စရာရှိသည်များကို ညွှန်ကြားလိုက်၏။

အစည်းအဝေး အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီးနောက် ဝမ်ရှောက်ယွင်နှင့် ရှောင်ရာတို့မှာ အစည်းအဝေး ခန်းမ အတွင်းမှ ထွက်ခွာ သွားတော့သည်။

"ဟူး … ဥက္ကဋ္ဌတို့တော့ သွားပြီ …"

"အဘိုးကြီးဟောင် ကျုပ်တော့ နှလုံးရောဂါ ရမတတ်ပဲဗျာ …"

"ကျုပ်တို့ ကျင်းရှု့ လုပ်ငန်းစုတော့ ဥက္ကဋ္ဌရဲ့ စီမံခန့်ခွဲမှုနဲ့ သခင်လေးချန်းတို့ရဲ့ ကာကွယ်မှု အောက်မှာ ကျိန်းသေ တိုးတက်လာမှာ အသေအချာပဲ …"

လူတိုင်းက သက်ပြင်းချရင်း တီးတိုး ရေရွတ်လိုက်သည်။

မန်နေဂျာရှု့က မန်နေဂျာ ဟောင်ထံသို့ ကပ်ရင်း နားမလည်စွာ မေးလိုက်၏။

"ဘာတွေ ဖြစ်ပျက် နေကြတာလဲဗျ … သခင်ကြီးဝမ်က သူဌေးဝမ်ကို သမီးအဖြစ် ပြန်ပြီး အသိအမှတ် ပြုလိုက်တာလား …"

"ဟဲ ဟဲ … ဝမ်မိသားစုနဲ့ ဘာမဆိုင်ဘူးဗျ … သခင်လေးချန်းကြောင့် အခြေအနေတွေ ပြောင်းသွားခဲ့တာ … မနေ့ညက ဟွာမိသားစုမှာ ဖြစ်သွားတာတွေကို မသိဘူးလား … ခင်ဗျားက တကယ့် ပွဲကြီး ပွဲကောင်းကို လွတ်ခဲ့တာပဲ …"

မန်နေဂျာဟောင်က ခေါင်းခါရင်း ဆိုလိုက်၏။

"သူဌေးရဲ့သားလား …"

မန်နေဂျာရှု့က နားမလည်စွာ ရေရွတ်လိုက်သည်။

"အဲဒီနှာဘူးလေးက ဘာလုပ်နိုင်မှာလဲ … သူ လုပ်တတ်တာ ဆိုလို့ သူဌေး အရှိန်အဝါနဲ့ နှာဘူးထဖို့ပဲ မလား …"

"ဟဲ ဟဲ …"

မန်နေဂျာဟောင်က အနည်းငယ် ရယ်ရင်း ဖြစ်ပျက် သမျှ အလုံးစုံကို ရှင်းပြလိုက်၏။

"ထန်လုံရဲ့ ဗိုလ်ချုပ် …"

"ဂန္ထဝင်ကြီး …"

"စီအိုင်အေရဲ့ နတ်ဘုရား သတ်မှတ်ချက် …"

"သူက လူရော ဟုတ်သေးရဲ့လား …"

မန်နေဂျာရှု့ကား အံ့ဩမှုကြောင့် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တော့သည်။

***

ထိုအချိန်၌ ချန်းဖန်မှာ ယူကီရှီရိုဆာနှင့်အတူ ဟွာမိသားစုမှ ထွက်ခွာရန် ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။

"နှုတ်ဆက်ပါတယ် ဆရာ …"

ဟွာရန်ဖန်းက ဦးညွှတ်ရင်း နှုတ်ဆက်လိုက်၏။

"နှုတ်ဆက်ပါတယ် ဆရာ …"

ချမ့်တန့်ချင်နှင့် ဟွာချင်ရှုံးတို့ကလည်း ဟွာရန်ဖန်း၏ ညွှန်ကြားမှုဖြင့် မြေပြင်ပေါ်၌ ဒူးထောက်ကာ နှုတ်ဆက် လိုက်ကြ၏။

ဟွာရန်ဖန်းကား ချန်းဖန် ပျောက်ကွယ် မသွားချင်း ခေါင်းအား ပြန်မမော့ခဲ့ချေ။

ချန်းဖန်တို့ ပျောက်ကွယ် သွားသည်နှင့် ဟွာချင်ရှုံးက မြေပြင်ပေါ်မှ ဖုန်ခါကာ ထလိုက်၏။ ထို့နောက် သူက ဟွာရန်ဖန်းကို မကျေမနပ် ပြောလိုက်သည်။

"အဖေ … သူက ဂန္ထဝင် ပုဂ္ဂိုလ်ကြီး ဆိုရင်တောင် ကျွန်တော်တို့ ခုလောက်ထိ ရိုသေစရာ မလိုဘူး ထင်တယ်နော် … အနည်းဆုံးတော့ အဖေလည်း ကောင်းကင်စာအုပ် နံပါတ်လေးပဲ မလား …"

"အရူးကောင် … တန်ခိုးရှင် ဆရာချန်းက တန်ခိုးရှင် သူတော်စင်ကွ … မင်းက သူ့ကို ပေါ့ပေါ့တန်တန် ပြောရဲတယ်ပေါ့ … အဲဒီအတွက် မင်း အပြစ်ပေးခံရမယ် … သွား ရှေးဟောင်း ဘုရားကျောင်း ရှေ့မှာ တစ်ရက်လုံး ဒူးထောက်ပြီး အပြစ်ကို ဆင်ခြင်စမ်း …"

ဟွာရန်ဖန်းက ဟွာချင်ရှုံးအား ဆူလိုက်၏။

"ဟုတ်ကဲ့ …"

ဟွာချင်ရှုံးက မကြည်မသာဖြင့် ခေါင်းငုံ့လိုက်သည်။

သားဖြစ်သူ၏ နားမလည်မှုကို သတိထားမိသည်နှင့် ဟွာရန်ဖန်းက မျက်မှောင်ကြုတ်ကာ အစေခံများကို ပြန်လွှတ်လိုက်သည်။ ထို့နောက် ဟွာချင်ရှုံးတို့ကို ခေါ်ဆောင်ကာ တောင်ထိပ်ရှိ အဆောက်အဦငယ်လေးသို့ တက်လာခဲ့သည်။

"မင်းကြည့်ရတာ ငါပေးတဲ့ အပြစ်ကို သဘောမတူဘူး ထင်တယ် …"

ဟွာရန်ဖန်းက မေးလိုက်သည်။

"မဟုတ်ပါဘူး …"

ဟွာချင်ရှုံးက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။

"ဟမ့် …"

မည်သို့ပင် ဆိုစေ ဟွာရန်ဖန်းမှာ သားဖြစ်သူ၏ မကျေနပ်မှုကို တွေ့မြင်သည်။

တောင်ထိပ်သို့ လူမမြင် ကွယ်ရာသို့ ရောက်သည်နှင့် ဟွာရန်ဖန်းမှာ လေထုအား နင်းကာ ကောင်းကင်သို့ ပျံတက်လိုက်၏။

"တစ်လှမ်း …"

"နှစ်လှမ်း …"

"သုံးလှမ်း …"

"…"

ဟွာရန်ဖန်း၏ ခန္ဓာကိုယ်ကား တိမ်တိုက်များ အလွန် မိုးကုပ်စက်ဝိုင်းကိုပင် ကျော်လွန်ကာ ပျံသန်းသွား၏။

"လေထဲမှာ လမ်းလျှောက် … ဒါ … ဒါက …"

ဟွာချင်ရှုံးကား မျက်လုံး အဝိုင်းသားဖြင့် ကောင်းကင်သို့ ငေးမော ကြည့်နေမိသည်။

"ဟုတ်တယ် … ဆရာက တန်ခိုးရှင် အဆင့်ကို မနေ့ညမှာ တက်လှမ်းနိုင်ခဲ့ပြီ … အခုဆို သူက ဂန္ထဝင် ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်လာခဲ့ပြီလေ …"

ချမ့်တန့်ချင်က ဟွာချင်ရှုံး၏ ရင်ထဲမှ သံသယကို အတည်ပြု ပေးလိုက်၏။

"ဂုဏ်ယူပါတယ် အဖေ … ကျုပ်တို့ ဟွာမိသားစု ပြန်ခေါင်းမော့ နိုင်တော့မှာပေါ့ …"

ဟွာချင်ရှုံးက ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်၏။ သူ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီ၍ပင် နေခဲ့သည်။

"ဆရာက ငါနှစ်တစ်ရာလောက် ရှာဖွေနေတဲ့ အရာကို တစ်ညတည်းနဲ့ လမ်းပြပေးခဲ့တယ် … အခု ငါ သူ့ကို ဘာလို့ အရမ်းလေးစား ရိုသေတာလဲ ဆိုတာ မင်း နားလည်ပြီလား …"

ဟွာရန်ဖန်းက မေးလိုက်၏။

"ဘယ်လို …"

ဟွာချင်ရှုံးက နားမလည်စွာဖြင့် ဟွာရန်ဖန်းအား ကြည့်လိုက်သည်။

"ဆရာသခင်က သေမျိုး ကမ္ဘာမှာ မွေးဖွားလာခဲ့တဲ့ နတ်ဘုရား တစ်ပါးပဲ … သူ့တပည့် ဖြစ်တဲ့ ငါက သူ့ရဲ့ သင်ကြားမှုကို လိုက်နာရမှာ ဖြစ်သလို သူ့ကို ရိုသေလေးစား ရမှာ သဘာဝပဲ …"

ဟွာရန်ဖန်းက လက်ကို ခါရင်း ဆက်ပြောလိုက်၏။

"ဒါကြောင့်မလို့ သူ့ကို သံသယ ဖြစ်ခဲ့တဲ့ မင်းကို အပြစ်ဆင်ခြင်ဖို့ အမိန့်ပေးခဲ့တာပဲ … နားလည်ရဲ့လား …"

"ဟုတ်ကဲ့ နားလည်ပါပြီ အဖေ …"

ဟွာချင်ရှုံးက အဖြေပေးလိုက်၏။

သူ၏ စိတ်ထဲတွင်မူ စိတ်လှုပ်ရှားများဖြင့် ပြည့်နှက် နေခဲ့၏။

မည်သို့ပင်ဆိုစေ ဟွာမိသားစုတွင် တန်ခိုးရှင် တစ်ယောက် ရှိနေခဲ့ပြီ ဖြစ်သည်။ တန်ခိုးရှင်၏ ပံ့ပိုးမှုဖြင့် ဟွာမိသားစု ကျိန်းသေ ပြန်လည် ဦးမော့ လာပေတော့မည်။

လင်းမိသားစု သူတို့ထံသို့ ရောက်လာလျှင်ပင် တန်ခိုးရှင် အဆင့်၏ မျက်နှာဖြင့် ထင်တိုင်းကြဲ၍ ရတော့မည် မဟုတ်ချေ။

***

All Chapters