← Chapters

လျို့ဝှက်သတင်း

Vol. 63 Ch. 1025

လျို့ဝှက်သတင်း

Vol. 63 Ch. 1025

“လူတစ်ယောက်လား။ ဘာလို့လဲ။” ချန်လွေ့က ခံစားချက်များကို ထိန်းထားလိုက်ပြီး သိချင်နေသော အမူအရာမျိုး ပြသလိုက်သည်။

ဘာမှမဆိုင်သော လူတစ်ယောက် အကြောင်းကို ပြောနေသလိုမျိုးပင် ယူဒိုရာက ပုံမှန် ပြောလိုက်သည်။ “သူက ရှေးမှော်စက်ဝိုင်းတစ်ခုလုံးရဲ့ အရင်းအမြစ်ပဲ။ အဲဒါကြောင့် အရှင်သူမြတ် အာသာက ဆူးသရဖူရဲ့ စွမ်းအားကို အဆပေါင်းများစွာ ပိုပြီး ထုတ်လွှတ်နိုင်တာပါ။”

ချန်လွေ့၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ သူက ဆက်လက်၍ မေးမည့်အချိန် အစောင့်အရှောက် စစ်သည်တော်တစ်ယောက်က လာရောက် သတင်းပို့ခဲ့သည်။ “အရှင်မ။ ဆာ-ဆာပါလီက ကျုပ်တို့ သတင်းမပို့နိုင်ခင်မှာပဲ ရောက်လာပြီ။”

ယူဒိုရာ မျက်မှောင်ကြုတ်လိုက်ပြီး ‘ကျက်သရေဆောင်ဓားသခင် ပါဆာလီ’က တိမ်တိုက်စင်မြင့် ဝင်ပေါက်သို့ ရောက်လာကြောင်းကို တွေ့လိုက်ရ၏။ အစောင့်အရှောက် စစ်သည်တော်များက အနား မကပ် နိုင်ခင်မှာပင် ထူးဆန်းသော စွမ်းအား တစ်ခုကြောင့် တွန်းလှန်ခံခဲ့လိုက် ရလေသည်။။ ပါဆာလီကို လုံးဝ မတားဆီးနိုင်ခဲ့ကြပေ။

ပါဆာလီ၏ ခြေလှမ်းများတွင် ထူးခြားသော စည်းချက် ရှိနေပြီး အလျင်လိုပုံ မရသော်လည်း မျက်စိ တစ်မှိတ်အတွင်းမှာပင် သူက သိဒ္ဓိ ကျက်သရေစင်မြင့်ဆီ ရောက်လာ၏။

“ကောင်းကင်မိုးကြိုးခန်းမရဲ့ သခင်ဖြစ်တဲ့ ဇာမင်ဒါရဲ့ဆရာ ဆာ-ပါဆာလီလား။” ချန်လွေ့က သိသိနှင့် မေးလိုက်သည်။ “ကျုပ်က ရွှေရောင် နယ်မြေမှာတုန်းက ဆာ-ဇာမင်ဒါရဲ့ စောင့်ရှောက်မှုအောက် ရှိခဲ့ပါတယ်။ ဇာမင်ဒါ အမြဲတမ်းလေးစားခဲ့တဲ့ ဆာ-ပါဆာလီနဲ့ ဒီနေ့ တွေ့ရတာ ဂုဏ်ယူစရာပါ။”

နောက်ဆုံး တစ်ခေါက်က သိဒ္ဓိ အမွေအနှစ် သုံးခု၏ ဟိန်းသံက ပါဆာလီကို တုန်လှုပ် စေခဲ့သည်။ ထို့ကြောင့် သိဒ္ဓိအလင်းတောင်၏ အချစ်တော်အသစ် ဖြစ်သည့် ‘သိဒ္ဓိ သားတော်’ကို သူက အသိအမှတ် ပြုလေသည်။။ သူက ချက်ချင်းပင် အနည်းငယ် ဦးညွှတ်လိုက်၏။ “အရှင်သူမြတ်အာသာ ဒီမှာရှိနေမယ် မထင်ထားခဲ့ဘူး။ ကျုပ်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ။”

ချန်လွေ့က အလျင်အမြန်ပင် ပြန်ဦးညွှတ်လိုက်သည်။ “မဟုတ်ရပါဘူး။ ဆာ-ပါဆာလီက သူတော်စင်အဆင့်ကို ကျော်လွန်ပြီး အထူးအဆင့်ထဲ ရောက်ခဲ့ပြီ ဆိုတာ ကျုပ်ကြားတာ ကြာခဲ့ပြီ။ ဒါက တကယ်ကို ဝမ်းမြောက်စရာပါ။”

ပါဆာလီက စိတ်ထားပြည့်ဝပြီး မျှတသူအဖြစ် လူသိများပေသည်။ သို့သော်လည်း ဘာကြောင့်မှန်းမသိ၊ ယနေ့တွင် သူက အနည်းငယ် ဂနာမငြိမ် ဖြစ်နေပုံရသည်။ ချန်လွေ့ အပေါ် ယဉ်ကျေးမှု သိပ်မပြဘဲ သူက ပြောလိုက်သည်။ “အရှင်သူမြတ် အာသာ။ တောင်းပန်ပါတယ်။ ကျုပ်မှာ အရှင်မယူဒိုရာနဲ့ ဆွေးနွေးဖို့ အရေးတကြီးကိစ္စတစ်ခု ရှိလို့ပါ…”

ချန်လွေ့က တည်ငြိမ်နေသော ယူဒိုရာကို ကြည့်လိုက်ပြီး ဦးညွှတ် လိုက်သည်။ “ဒါဆိုရင်လည်း ကျုပ် သွားပါတော့မယ်။ အရှင်မ ယူဒိုရာ၊ ဆာ-ပါဆာလီ...”

ယူဒိုရာက ပါဆာလီကို မကြည့်ဘဲ ခေါင်းညိတ်လိုက်၏။ “အရှင်သူမြတ် အာသာ။ ယဉ်ကျေးမှု အားနည်းခဲ့တဲ့ အတွက် ကျွန်မ နောက်တစ်ခါ အရှင်သူမြတ်ကို တောင်းပန်ပါ့မယ်။ ဒီနေ့ သိဒ္ဓိကျက်သရေစင်မြင့်ပေါ်က အရှင်သူမြတ်ရဲ့ စွမ်းဆောင်ရည်က သိပ်ကို အံ့သြစရာ ကောင်းပါတယ်။ ဆာ-ရာဖယ်ရယ်ကို ဒီအကြောင်း ကျွန်မ သတင်းပို့လိုက်ပါမယ်။”

ချန်လွေ့ ထိုနေရာ၌ ဆက်မနေဘဲ တိမ်တိုက်စင်မြင့်မှ ‘အလိုက်တသိ’ ထွက်ခွာသွားခဲ့သည်။ သို့သော်လည်း ပါဆာလီနှင့် ယူဒိုရာတို့၏ ခပ်လှမ်းလှမ်းတွင် ရှိနေသော ထောင့်တစ်နေရာတွင် သူက ပုတီး တစ်လုံးကို တိတ်တိတ်လေး အသုံးပြု လိုက်လေသည်။

သိဒ္ဓိအလင်းဝတ်ရုံ၏ [သိဒ္ဓိစိတ်ပုံရိပ်] စွမ်းရည်ပင်။ ၎င်းက စုဆောင်းထားသော အလင်းဒြပ်စင် စွမ်းအားကိုအသုံးချပြီး စိတ်ပုံရိပ်ပုတီး တစ်လုံး ဖန်တီးကာ တိုက်ပွဲအတွက် စိတ်ပုံရိပ်ကို ဆင့်ခေါ်၍ရနိုင်သည်။ စိတ်ပုံရိပ်က မူလ ကိုယ်ခန္ဓာ၏ တိုက်ခိုက်ရေး စွမ်းအား တဝက်နဲ့ အရည်အချင်းအားလုံး ရှိပေသည်။

စိတ်ပုံရိပ်ပုတီးများ ဖန်တီးခြင်းက မလွယ်ကူသော်လည်း ကုန်ကြမ်းနှင့် ရတနာများ အများအပြား ရှိနေသော သိဒ္ဓိကျောင်းတော်မှ ‘အမြတ်ထုတ်’ နေသည့် ချန်လွေ့ အတွက်မူ ဘာမှမဟုတ်ပေ။

ယခုတစ်ခေါက် [သိဒ္ဓိစိတ်ပုံရိပ်]ကို အသုံးပြုရသည့် ရည်ရွယ်ချက်မှာ တိုက်ခိုက်ရန်အတွက် မဟုတ်ဘဲ စုံစမ်းရန် အတွက်ပင်။

စွမ်းအား ခြားနားလွန်းသည်ဖြစ်ရာ ယူဒိုရာက အာရုံခံ စွမ်းအားများကို ဂရုတစိုက် အသုံးပြုခဲ့ သော်လည်း ချန်လွေ့၏ လှုပ်ရှားမှု အနည်းငယ်ကို သတိမထားမိခဲ့ပေ။ ‘သိဒ္ဓိသားတော်’ သိဒ္ဓိကောင်းချီးတောင်ထွတ်မှ လုံးဝ ထွက်ခွာသွားကြောင်း ခံစားမိသော အခါမှသာ ပတ်ဝန်းကျင်မှ လူများကို ထွက်သွားခိုင်းပြီး ပါဆာလီဘက်သို့ လှည့်လိုက်သည်။

“အာဏာက အတော်များများကို ပြောင်းလဲနိုင်တဲ့ပုံပဲ။ အမြဲတမ်း လူကောင်းတစ်ယောက်ဖြစ်တဲ့ ဆာ-ပါဆာလီက ကျွန်မရဲ့ သိဒ္ဓိကောင်းချီး တောင်ထွတ်ဆီကို အဲဒီ‘အာသာ’ ရှေ့မှာတောင် ခမ်းနားထည်ဝါမှုနဲ့ ဝင်လာခဲ့တာပဲ။” ယူဒိုရာက လှောင်ပြုံး ပြုံးလိုက်သည်။

ထိုအချိန် ပတ်ဝန်းကျင်တွင် တခြားလူ မရှိတော့ပေ။ ပါဆာလီကို ရင်ဆိုင်ရာတွင် ယူဒိုရာက တခြားလူ တစ်ယောက်အဖြစ် ပြောင်းလဲသွားပုံ ရတယ်။ လေထဲတွင် ပျံ့လွင့်နေသော ကျက်သရေရှိ စိတ်နေစိတ်ထားက ပျောက်ကွယ်သွားပြီး အေးစက်ကာ ဒေါသထွက်နေသော ပုံစံမျိုး ပြသ နေခဲ့သည်။

ပါဆာလီက လှောင်ပြောင်မှုကို လျစ်လျူရှုပြီး မေးလိုက်လေသည်။ “အယ်လီဇာ ဘယ်မှာလဲ။”

အယ်လီဇာက ယူဒိုရာ၏ တပည့်ဆိုးမလေး တစ်ယောက်ပင်။ သူသည် တစ်ချိန်က ‘ရစ်ချတ်’ အဖြစ် ချန်လွေ့ ဟန်ဆောင်ခဲ့စဉ် ဝိညာဉ် ဘာသာစကားကို ခိုးယူရန် ကြိုးစား ခဲ့ဖူးသည်။ သို့သော် အသူရာ၏ ပုံရိပ်ယောင် စွမ်းအားကြောင်း သူက လုံးဝ ပြန်ကန်သွားခဲ့သည်။ ယခုတွင် ချန်လွေ့က မီရန်ဒါကိုသာ တွေ့ခဲ့ရပြီး ရူးသွားလောက်သည့် အယ်လီဇာကို မတွေ့ခဲ့ရပေ။ ပါဆာလီ၏ ပထမဆုံး စကားက အယ်လီဇာ မည်သည့်နေရာ ရှိနေကြောင်း မေးခြင်း ဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

[တိတ်တဆိတ်] ပညာရပ်ဖြင့် ခိုးနားထောင်နေသော ချန်လွေ့၏ စိတ်ပုံရိပ်က ဇဝေဇဝါအမူအရာတစ်ခု ဖော်ပြခဲ့လေသည်။ အယ်လီဇာက ယူဒိုရာ အစ်မရဲ့သမီး ဖြစ်ပြီးတော့ သူ့ဦးလေးက ‌ရေဖျန်း ဘုန်းတော်ကြီး သုံးပါးထဲမှ တစ်ပါးဖြစ်တဲ့ ရော်ဂျာပဲ။ အဲဒါက ပါဆာလီနဲ့ ဘာဆိုင်လို့လဲ။

“သူ ဘာမှမဖြစ်ပါဘူး။” ယူဒိုရာက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “စိုးရိမ်မနေပါနဲ့။”

“မင်းဘာလုပ်ဖို့ ကြိုးစားနေလဲ ငါမသိဘူးလို့ မထင်နဲ့။” ပါဆာလီက ဒေါသထွက်နေသော ပုံစံမျိုး ပြသ လိုက်သည်။ “ငါ ဒီနေ့ သူ့ကို ခေါ်သွားဖို့ ဒီကိုလာခဲ့တာ။”

“နှစ်တွေ ဒီလောက် ကြာပြီးတော့မှ နောက်ဆုံးတော့ ဖခင တစ်ယောက်ရဲ့ တာဝန်ကို ယူချင်နေပြီလား။ ကောင်းကင်မိုးကြိုးခန်းမရဲ့ သခင်ဟောင်း။ တစ်သက်လုံး အလင်းကိုပဲ အစေခံမယ်လို့ ကျိန်ဆို ထားခဲ့တဲ့ ဆာ- ကျက်သရေဆောင် ဓားသခင်၊ နတ်ဘုရားကျောင်း စစ်သည်တော်တွေ အားလုံးရဲ့ စံပြပုဂ္ဂိုလ်မှာ တရားမဝင် သမီး တစ်ယောက် ရှိနေမယ်လို့ ဘယ်သူ ထင်ထားခဲ့မှာလဲ။” ယူဒိုရာ၏ အကြည့်က လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

ခိုးနားထောင်နေသော ချန်လွေ့က အံ့အားသင့်သွား၏။ အယ်လီဇာက တကယ်တော့ ပါဆာလီရဲ့ သမီး ဖြစ်နေတာပဲ!

“အဲဒါ အရင်တုန်းက ပန်ဇာနဲ့ မတော်တဆ ဖြစ်ခဲ့တဲ့ ကိစ္စပဲ။ ပြီးတော့ သူ စတီဗင်နဲ့ လက်ထပ်ပြီးမှ မွေးလာတဲ့ အယ်လီဇာက ငါ့သမီး ဖြစ်နေမယ်ဆိုတာ ငါ မသိခဲ့ဘူး…” ပါဆာလီက နာကျင်နေသော ပုံစံမျိုး ပြသခဲ့သည်။ “အရင်က ဖြစ်ခဲ့တာတွေက မင်းနဲ့ မင်းအစ်မကို မတရားဖြစ်စေခဲ့တာ ဝန်ခံပါတယ်။”

ယူဒိုရာက ရွံရှာ မုန်းတီးမှု အပြည့်ဖြင့် ဟက်ဟက်ပက်ပက် ရယ်လိုက်လေသည်။

“ကျွန်မကို မတရား လုပ်ခဲ့တာ ရှင် တစ်ယောက်တည်း မဟုတ်ဘူး။ ရှင့် ညီမကောင်းလေး သိဒ္ဓိမိန်းမပျို ဒူရူယာလည်း ပါတယ်။ သူ မရှိရင်၊ ရှင့်ကို ကျွန်မ မယုံကြည်ခဲ့ရင် အဲဒီ နေရာကို ကျွန်မ ဘယ်လိုလုပ် ရောက်သွားပြီးတော့ မမေ့နိုင်စရာ ဒုက္ခတွေ ဘယ်လို ခံစားခဲ့ရမှာလဲ။”

“အရင်တုန်းက ဘာဖြစ်ခဲ့လဲ ဆိုတာကို ငါ တကယ်မသိခဲ့ဘူး။ ဒူရူယာအတွက်က… ခွင့်မလွှတ်တဲ့ ကိစ္စဖြစ်ပေမဲ့ သူက သေသွားပြီလေ။ လွန်ခဲ့တဲ့ နှစ်၁၀၀ အတွင်း ငါ မင်းအတွက် အများကြီး လုပ်ဆောင် ပေးခဲ့တယ်။ စစ်သည်တော် မျှတမှုကို တစ်ကြိမ်မက ချိုးဖောက်ခဲ့ရလို့ ငါ့ရဲ့ စိတ်က ဆင်းရဲဒုက္ခ ရောက်ခဲ့ရတယ်။ ဒါတွေက မင်းကို ဆပ်ဖို့ လုံလောက် နေပြီ။ ငါ ပေါလ်ကို မင်းဆီ ‘မီးအရင်းအမြစ်စွမ်းအား’ ယူသွားဖို့ ပြောခဲ့တုန်းက ငါတို့နှစ်ယောက် ကျေသွားခဲ့ပြီ။”

“ဟွမ့်! ဒါက ရှင့်ရဲ့ တစ်ယူသန် အတွေးပဲ။ ရှင်၊ ရှင့်ရဲ့ညီမနဲ့ ရှင့်ရဲ့ မိသားစုက ကျွန်မနဲ့ ပန်ဇာအပေါ်မှာ အမြဲတမ်း အကြွေး တင်နေမှာပဲ။ အစက ရှင် ကတိပေးခဲ့သလိုမျိုးပေါ့။” ယူဒိုရာ တင်းမာစွာ ပြောလိုက်၏။ “ပြီးတော့ မီးအရင်းအမြစ်စွမ်းအားနဲ့ ဖီးနစ်ဥကို အဲဒီ စုတ်ပြတ်သတ်နေတဲ့ လမ်းမှားဂိုဏ်းကောင် ခိုးသွားခဲ့တာ။ အဲဒီလူကို ရှင့်ရဲ့ တပည့်ကျော် ပေါလ်က မိတ်ဆက် ပေးခဲ့တာ။ ဒါနဲ့ ပေါလ်ကလည်း သေသွားပြီဆိုတော့ ရှင်နဲ့ ဘာမှမဆိုင်ဘူးလို့ ပြောလို့ ရသေးတယ်နော်။”

“ဘယ်လိုပဲဖြစ်ဖြစ် အယ်လီဇာက အပြစ်မရှိဘူး။ သူက ပန်ဇာရဲ့ သမီးအရင်းပဲ။”

“ဒါပေမဲ့ သူက ရှင့်ရဲ့ သမီးလည်း ဟုတ်တယ်လေ။ ပန်ဇာ သေလုနီးနီး ဖြစ်နေတုန်း အပ်နှံခဲ့တာ မဟုတ်ရင် ကျွန်မ သူကို တပည့် တစ်ယောက် အဖြစ် လုံးဝ လက်ခံမှာ မဟုတ်ဘူး။” ယူဒိုရာ အေးစက်စွာ ပြောလိုက်၏။ “အယ်လီဇာက အဲဒီလို မတော်တဆ ထိခိုက်မှုမျိုး ခံစားရပြီးတဲ့နောက်မှာ ရှင့်အနား သူ့ကိုထားထားလိုက်ရင် ဖြည့်တင်းနိုင်ပြီ ထင်နေတာလား။”

“အနည်းဆုံးတော့ ငါက သူကို အခွင့်ကောင်းယူမှာ မဟုတ်ဘူး။” ပါဆာလီက စူးရှသော အကြည့်ဖြင့် ရှေ့ကို လှမ်းလိုက်၏။ “မင်း ဘာကို လုပ်ချင်လဲ ဆိုတာ ငါမသိဘူး မထင်နဲ့။ အယ်လီဇာက မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့ပြီးတော့ သူရဲ့ ဉာဏ်ရည်က သာမန် ကလေး တစ်ယောက်နဲ့ ညီမျှနေပေမဲ့ သူရဲ့ ‘ခိုးယူခြင်း’ ပါရမီကတော့ ရှိနေတုန်းပဲ။ သူ့ရဲ့ ပါရမီကို အသုံးချပြီးတော့ အစွမ်း တစ်ခုကို မင်း ခိုးယူချင်နေတာလေ။”

“ဟုတ်တယ်။” ယူဒိုရာက သူရဲ့ ရည်ရွယ်ချက်ကို မငြင်းခဲ့ပေ။ “အယ်လီဇာက သူ့အမေရဲ့ အထူး ပါရမီဖြစ်တဲ့ တခြားလူတွေရဲ့ အစွမ်းတွေနဲ့ ကျွမ်းကျင်မှုတွေကို ‘ခိုးယူခြင်း’ နဲ့ ‘ပေးအပ်ခြင်း’ လုပ်နိုင်တာ ဆက်ခံထားတယ်လေ။ ကျွန်မရဲ့ ‘ဝါးမျိုခြင်း’နဲ့ မတူဘူး။ အစက ကျွန်မ သူရဲ့ ပါရမီကို သုံးချင်ခဲ့တာ။ ဒါပေမဲ့ အဲဒီပါရမီက အကန့်အသတ် ရှိတယ်…”

ယူဒိုရာက ဆက်မပြောတော့ပေ။ ပါဆာလီက ပို၍ မျက်မှောင်ကြုတ် သွားခဲ့သည်။ “သူရဲ့ ပါရမီနဲ့ မင်းက ဘယ်သူ့ရဲ့ စွမ်းအားကို ခိုးယူဖို့ ကြိုးစားနေတာလဲ။ ဧကန္တ…”

ယူဒိုရာ တိတ်ဆိတ် နေခဲ့သည်။ သို့သော် ပါဆာလီက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သူက ၎င်းကို သဘောပေါက်သွား၏။ “အတင့်ရဲ လိုက်တာ။သူက ဆာ-ရာဖယ်ရယ် တန်ဖိုးထားတဲ့လူ၊ နောက်ထပ် ပုပ်ရဟန်းမင်းအဖြစ် အသိအမှတ် ပြုခံထားရတဲ့သူပဲ။ အာဏလိုချင်တဲ့ ဆန္ဒတွေက မင်းရဲ့ အခြေခံအကျဆုံး ဆုံးဖြတ်ချက်ကိုတောင် ဝေဝါးအောင် လုပ်ခဲ့တာလား။”

ထိုအချိန်မှ ယူဒိုရာ၏ ပစ်မှတ်က အမှန်တကယ် သိဒ္ဓိသားတော် ဖြစ်ကြောင်း ချန်လွေ့ သိလိုက်ရ၏။

“ကျွန်မက ဆာ-ရာဖယ်ရယ်ရဲ့ ဆန္ဒကို တခြားသူတွေထက် ပိုပြီး ကောင်းကောင်းသိတယ်။ အမြင့်ဆုံး ကောင်းကင်တမန်တွေက ဘုရားသခင်နဲ့နီးစပ်တဲ့ အမြင့်ဆုံး သက်ရှိတွေ ဖြစ်နေပြီးသားပဲ။ သူတို့ရဲ့ မျက်လုံးထဲမှာ အရေးအကြီးဆုံး အရာက ရာထူး မဟုတ်ဘူး။ ကြိုးစား အားထုတ်မှုလည်း မဟုတ်ဘူး။ ‘တန်ဖိုး’ တစ်ခုပဲ။ ‘အာသာ’က ဆူးသရဖူ အသိအမှတ် ပြုခံရတဲ့ ကံကောင်းတဲ့သူ တစ်ယောက်ပါ။ ကျွန်မသာ ‘အာသာ’ရဲ့ စွမ်းအားကို ခိုးပြီး ဆူးသရဖူကို ထိန်းချုပ်နိုင်ရင်…”

“ဒါဆိုရင် မင်းက သူ့နေရာကို ယူနိုင်ပြီပေါ့...” ပါဆာလီက ခေါင်းခါ လိုက်သည်။ “မင်းက တကယ်ကို ကောင်းကောင်း တွေးထားခဲ့တာပဲ။”

“ကျွန်မက သူ့နေရာကို ယူတာ မဟုတ်ဘူး။ သူ့ဆီက ကျွန်မနေရာကို ပြန်ယူတာ။ ဗန်တိစ်က အိုနေပြီ။ ဆာ-မိုက်ကယ်က အိပ်ပျော်နေတယ်။ ဆာ-ဂေဘရီရယ်ကတော့ မရှိနေတာ နှစ်ရာပေါင်းများစွာ ကြာခဲ့ပြီ။ အခု ဆာ-ရာဖယ်ရယ် သိဒ္ဓိအလင်း တောင်ကို ဦးဆောင် နေပြီ။ ဒီ‘အာသာ’သာမရှိခဲ့ရင် နောက်ထပ် ပုပ်ရဟန်းမင်းက ကျွန်မ ဖြစ်ရမှာ။”

ယူဒိုရာ၏ အသံက ပြင်းထန်သော မုန်းတီးမှုများနှင့် ပြည့်နေခဲ့သည်။ “ကျွန်မက ဒူရူယာ လှည့်စားမှုကြောင့် နတ်ဆိုးလောကထဲ ရောက်သွားခဲ့ပြီး သေလုနီးပါးဖြစ်ခဲ့တယ်။ နောက်ဆုံး နတ်ဆိုးလောက အဆောင်ပစ္စည်းကို ကြိုးစားရယူပြီးမှ ပြန်လာနိုင်ခဲ့တယ်။ ကျွန်မက ဒူရူယာနဲ့ တခြား သိဒ္ဓိသားတော်တွေအပြင် သိဒ္ဓိမိန်းမပျိုတွေကို တစ်ချက်တည်း အလဲထိုး အနိုင်ယူခဲ့တယ်။ ကျွန်မက ဂိုဏ်းချုပ် ရာထူးကို တစ်ဆင့်ချင်း ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ တက်လှမ်းခဲ့ရတယ်။ အမြင့်ဆုံးကို ရောက်တော့မယ့် အချိန်မှာ ဒီလိုမျိုး ကောင်စုတ်က ရုတ်တရက်ကြီဂ ပေါ်လာတော့ နှစ်တွေ အကြာကြီး ကြိုးစားအားထုတ်ခဲ့တာတွေက အလကား ဖြစ်ရတာပေါ့။”

ပါဆာလီ တိတ်ဆိတ် သွားခဲ့၏။ ယူဒိုရာရဲ့ အစီအစဉ်နဲ့ ရာဖယ်ရယ်ရဲ့ သိဒ္ဓိအလင်းတောင် ထိန်းချုပ်မှုအရ ဒီပုပ်ရဟန်းမင်း ရာထူးက သူ့အပိုင် ဖြစ်လာဖို့ အခွင့်အရေး အတော်လေး မြင့်မားတယ်။ ဒါပေမဲ့ အခု ‘အာသာ’ ပေါ်လာတဲ့အတွက် ယူဒိုရာ အရင်က ကြိုးစား အားထုတ်မှုတွေ အချည်းနှီး ဖြစ်ခဲ့ရပြီ။ ပြီးတော့ သူရဲ့ ဂိုဏ်းချုပ်နဲ့ သိဒ္ဓိမိန်းမပျိုရာထူးက အတော်လေး အဆင်မပြေ ဖြစ်နေတယ်။ ဘာလို့လဲ ဆိုတော့ ခေါင်းဆောင်ကြီး သုံးဦးရဲ့ ဖွဲ့စည်းပုံက ပြောင်းလဲလို့ မရနိုင်တဲ့ အမြင့်ဆုံး ကောင်းကင်တမန်တော် သုံးပါးကနေ ဆင်းသက် လာလို့ပဲ။ နောက်ပြီး ‘အာသာ’က ရာဖယ်ရယ်ရဲ့ အဖွဲ့ဝင် တစ်ယောက်ပဲ။ ဗန်တိစ် ရာထူးကနေ နုတ်ထွက်သွားပြီးရင် ပုပ်ရဟန်းမင်း ရာထူးကို သူက ယူရင်တောင် ကောင်းကင် ချိပ်ပိတ် တောင်ထွတ်မှာ နေဖို့မဖြစ်နိုင်ဘူး။

သူက ရာဖယ်ရယ်ရဲ့ သိဒ္ဓိကောင်းချီး တောင်ထွတ်မှာ နေရလိမ့်မယ်။ ကောင်းကင်ချိတ်ပိတ် တောင်ထွတ်က တခြားသူတစ်ယောက်ကို ဂိုဏ်းချုပ်ရာထူး တိုးပေးမှာ။

ဒီလိုဆိုရင် ရာဖယ်ရယ် အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ယူဒိုရာက ဂိုဏ်းချုပ်အဖြစ် ဆက်ရှိနေနိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ‘အာသာ’ ကျောင်းတော်ကို လက်လွှဲယူတဲ့အခါ အကြီးမားဆုံး ဒုက္ခသည်က ယူဒိုရာပဲ။ ယူဒိုရာရဲ့ စိတ်နေစိတ်ထားအရဆိုရင် သူက ဘယ်လိုလုပ် ဖယ်ရှားတာကို လက်ခံနိုင်မှာလဲ။

“စိတ်ကူးယဉ်မနေနဲ့။” ပါဆာလီ ခေါင်းခါလိုက်သည်။ “မင်း သိပြီးပြီ ဖြစ်မှာပါ။ အာသာက သိဒ္ဓိအမွေအနှစ် သုံးခုရဲ့ အသိအမှတ်ပြုတာကိုလည်း ရထားတယ်။ ပြီးတော့ သူက ယန္တရား မဟာဆရာသခင်နဲ့ ဆေးရည် မဟာ ဆရာသခင်လည်း ဟုတ်တယ်။ နောက်တော့ သူ့စွမ်းအားကလည်း အမြန်တိုးတက်နေတယ်။ အခုလက်ရှိ အခြေအနေအရဆိုရင်တော့ သူက သူတော်စင်-ယောင် အဆင့်ကို ရောက်သွားပြီ။ တကယ့် သူတော်စင် အဆင့် ရောက်ဖို့က အနှေးနဲ့အမြန်ပဲ။ သာမန် “ခိုးယူခြင်း”ကို ဒီလိုမျိုး ထိတ်လန့်စရာ အရည်အချင်းတွေ ရှိနေတဲ့သူအပေါ်မှာ သုံးလို့ရမှာ မဟုတ်ဘူး။ သူက မင်း အစားထိုးလို့ ရနိုင်တဲ့သူတစ်ယောက် မဟုတ်ဘူး။ မင်း အသက်ကို ရင်းပြီးတော့ ဆာ-ရာဖယ်ရယ်ရဲ့ ဂုဏ်ကျက်သရေကို ရင်ဆိုင်ရဲတာ မဟုတ်ရင်ပေါ့။

“သူ ဆူးသရဖူကို အသက်သွင်းပြီး စစ်သည်တော် ၁၀ယောက်ကို အောင်မြင်စွာ ပြောင်းလဲပေးခဲ့တာ ကျွန်မ ကိုယ်တိုင် မြင်ခဲ့ရတယ်… ကျွန်မ သိတယ်။ နောက်ဆုံး မျှော်လင့်ချက်လည်း ဆုံးရှုံးသွားပြီ။” ယူဒိုရာက လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက်၏။ “အခု ကျွန်မအတွက် နည်းလမ်းက တစ်ခုပဲ ကျန်တော့တယ်။ အထူးအဆင့်ကို တက်လှမ်းပြီးတော့ တမန်တော်ဘွဲ့ ရယူဖို့ပဲ။ ဒါကြောင့် ကျွန်မက သူရဲ့ အရည်အချင်းကို အသုံးချပြီးတော့ ကျွန်မအတွက် လူတစ်ယောက်ရဲ့ အရည်အချင်းကို ခိုးဖို့ အယ်လီဇာရဲ့ အစွမ်း ပိုပြီးတော့ လိုအပ်တယ်။ ကျွန်မ ဒါကိုသာ အသုံးချပြီးတော့ နှစ်ပေါင်းများစွာ ဒုက္ခပေးနေခဲ့တဲ့ စွမ်းအားကို ဖယ်ရှားနိုင်ရင် အဆင့် ဖောက်ထွက် ပြီးတော့ တိုင်းပြည် တည်ထောင်ဖို့ ခြေလှမ်းလှမ်းနိုင်ပြီ။”

“မင်းပြောနေတဲ့လူက မင်း ဆာ-ရာဖယ်ရယ်ကို စတေးဖို့ အတွက် ပေးခဲ့တဲ့သူပဲ…” ပါဆာလီ၏ မျက်လုံးက ယူဒိုရာ၏မျက်လုံးကို စိုက်ကြည့်နေ၏။ “ငယ်ငယ်တုန်းက မင်းနဲ့ အတိအကျ တူနေတဲ့ အဲဒီ မိန်းကလေးနဲ့ မင်းရဲ့ ဆက်ဆံရေးက ဘာလဲ။”

ချန်လွေ့ အသာလေး ပြုံးရုံသာ ပြုံးလိုက်သည်။ “မြို့တော် စစ်သူကြီးကိုသတ်၊ ဦးလေးရဲ့ မုဆိုးမကို ပျော်ပါးပြီး ‘သတ်’... ဒါ မလုံလောက် သေးဘူးလား။ ဒါဆို ‘အုပ်စိုးသူကိုလုပ်ကြံတာ’ ထပ်ထည့် လိုက်မယ် ဆိုရင်ကော...”

နောက်ဆုံးစကားကြောင့် မဟာလက်ဇ်၏ မျက်လုံးများ စူးရှိသွားပြီး ချန်လွေ့၏ မျက်လုံးကို တည့်တည့် ကြည့်လိုက်သည်။ သို့သော် ဂရုမစိုက်ခြင်းမှလွဲ၍ အခြား မည်သည့်အရာမှ မတွေ့ရပေ။

“အရှင်မင်းကြီး ဒီလိုမျိုး မလုပ်ချင်ဘူးလား။” ချန်လွေ့က မဟာလက်ဇ်၏ မျက်လုံးကို တည့်တည့် ကြည့်လိုက်သည်။ “ဒါက အရှင်မင်းကြီးကို အားသာချက်ရှိတဲ့ အခွင့်အရေး တစ်ခါတည်း ပေးနေတာပဲ။ ဒါက အုပ်စိုးသူ တစ်ဦးရဲ့ ‘အရေးအကြီးဆုံး’ အရည်အချင်း မဟုတ်ဘူးလား။”

မဟာလက်ဇ်၏ အသက်ရှူနှုန်း အနည်းငယ် မြန်လာသည်။ သူက ပင့်သက်ရှိုက်လိုက်ပြီး တဖြည်းဖြည်း စိတ်ကို အေးအေး ထားလိုက်သည်။ “ဒါဆို မင်းက အစောင့်အရှောက် မပါဘဲ ဒီကိုလာတဲ့အခါ မင်းမှာ ဒီလိုမျိုး အသိစိတ်ရှိပြီးသားလား။”

“ကျုပ် နန်းတော်ကို ရောက်လာတဲ့ အချိန်ကတည်းက... မဟုတ်ဘူး ‘အာသာ’က ဒီနန်းတော်မှာ မွေးဖွားလာတဲ့ နေ့ကတည်းက ကျုပ်မှာ ဒီလိုအသိစိတ်မျိုး ရှိနေတာ ဖြစ်လောက်တယ်။” ချန်လွေ့က အသာလေး ခေါင်းခါလိုက်သည်။ “အရက်စက်ဆုံးက အုပ်စိုးသူ မိသားစုပဲ။ အာဏာနဲ့ အသက် ဆက်ရှင်သန်ဖို့အတွက် ဆွေမျိုးတွေ များလေလေ၊ သေတဲ့အထိ ပိုပြီး တိုက်ခိုက်ရလေလေပဲ။ သစ်ပင်က တိတ်ဆိတ်ချင်ပေမယ့် လေက အမြဲ တိုက်ခတ်နေတယ်။ ပေါ့ပေါ့ပါးပါး ဘဝကို နေထိုင်ဖို့ မဖြစ်နိုင်ဘူး။ တချိန်က အချစ်ဆုံးသားတော်တောင် တစ်နေ့မှာ ပလ္လင်ကို တုန်လှုပ်စေပြီး အာဏာလမ်းမှာ အတားအဆီး ဖြစ်လာနိုင်တယ်။ အဲဒီအချိန် အရှင်မင်းကြီးက သူ့ကို ဖယ်ရှားဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။”

“ဒီလိုဆိုရင် ဘာလို ပြန်လာ ခဲ့တာလဲ။ ပြန်လာပြီးနောက် ဘာလို့ ဒီလိုအံ့သြစရာကောင်းတဲ့ စွမ်းရည်ကို ပြသခဲ့တာလဲ။ အဲဒီ အမျိုးသမီး အတွက်ပဲလား။ မင်း ရှင်းပစ်ခဲ့တဲ့ အမျိုးသမီးလား။ မင်းရဲ့ကြိုးစားမှု အားလုံးက ဒီလိုမျိုး အချစ်ရေးမှာပဲ ပတ်လည်နေပြီး ဒီလိုပဲ အဆုံးသတ် သွားတာလား။”

“ဒါက ကျုပ်ရဲ့ ကိုယ်ပိုင်ကိစ္စပါ။ အများကြီးမဖြေချင်ဘူး။” ချန်လွေ့က တိုက်ရိုက်မဖြေဘဲ စကားလမ်းကြောင်း ပြောင်းလိုက်၏။ “ဒါပေမယ့် ဗာရိုနီကာနဲ့ပတ်သက်ပြီး ကျုပ် သူနဲ့ အပြည့်အဝ ဖြေရှင်းပြီးပြီ ဆိုတော့... ကျုပ်တို့ရဲ့ သဘောတူညီချက်ကို ကတိအတိုင်း ဖြည့်ဆည်းသင့်တယ် မဟုတ်လား။”

“တိမ်စီးနင်းအင်ပါယာရဲ့ အကြွင်းအကျန်တွေကို လုံးဝဖယ်ရှားဖို့လား။ မင်း မပြောရင်တောင် ငါ လုပ်မှာပါ။” မဟာလက်ဇ်က လှောင်ပြုံးပြုံး လိုက်သည်။ “ဒါပေမယ့် ဒီလို အခြေအနေမှာ မင်းက ဒီကိစ္စကို အလေးထားနေသေးတာကို ငါ အံ့သြမိတယ်။ မင်း တကယ် ဘာလိုချင်တာလဲ?”

“ကျုပ် ယူသွားချင်တဲ့ အရာ တစ်ခုခုရှိရင် အဲဒါက သိဒ္ဓိအလင်း ဝတ်ရုံပဲ။” ချန်လွေ့က ခေါင်းကို လက်ညှိုးထိုးပြလိုက်၏။ “ဒါပေမယ့် ‘အာသာ’ တကယ် လိုချင်တာက ဒါမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျုပ်ထက် ပိုပြီး ရိုးသားပြီး နူးညံ့တယ်။ မိုက်မဲတဲ့သူ... ဒါပေမယ့် အခုပြောနေလည်း ဘာမှ မထူးတော့ ပါဘူး။ အခုက ကျုပ် ဘာလိုချင်လဲ မဟုတ်ဘူး။ အရှင်မင်းကြီး ဘာလိုချင်လဲ ဆိုတာပဲ။”

ပလ္လင်ပေါ်ရှိ အုပ်စိုးသူက တိတ်ဆိတ်နေပြီး သူ၏လက်ညှိုးဖြင့် လက်တင်ကို ခေါက်နေလိုက်သည်။ ထိုတိတ်ဆိတ်သောခန်းမတွင် ၎င်းက အလွန် ကျယ်လောင်နေပုံရသည်။

လေထုက ခဏတာ တင်းမာနေ၏။ ခဏအကြာ လက်ဇ်က ဆုံးဖြတ်ချက် တစ်ခုခုကို ချလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ နေရာလွတ် လက်စွပ်တစ်ကွင်း ထွက်လာပြီး ချန်လွေ့ အရှေ့တွင် ပျံ့သွားသည်။

“ဒါက မင်း ယူသွားချင်တဲ့အရာပဲ။”

ချန်လွေ့က သူ၏ အသိစိတ်ဖြင့် စူးစမ်းကြည့်လိုက်ရာ အတွင်း၌ အရာ တစ်ခုတည်းသာ ရှိနေသည်။ ငွေဖြူရောင် တောက်ပနေသော ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာသော အဖြူရောင်ဝတ်စုံ တစ်စုံပင်။ သူသည် အသိစိတ်ဖြင့် ထိတွေ့ရုံဖြင့် သန့်စင်သော အလင်း အငွေ့အသက်ကို ခံစားနိုင်သည်။ ၎င်းသည် ဆူးသရဖူနှင့် သိဒ္ဓိခွက် အဆင့်ထက် မနိမ့်ပေ။

နဂါးလင်းလက်အင်ပါယာ၏ အမြင့်ဆုံး သိဒ္ဓိအမွေနှစ် ဖြစ်သော နောက်ဆုံး သိဒ္ဓိအမွေနှစ် သိဒ္ဓိအလင်း ဝတ်ရုံပင်။

ချန်လွေ့ အံ့အားသင့် သွားသည်။ သူ အမြဲတမ်း လိုချင်နေခဲ့သော သိဒ္ဓိအလင်းဝတ်ရုံကို လွယ်လွယ်နှင့် ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လက်ဇ်သည် ထိုကဲ့သို့ ဇဝေဇဝါ ဖြစ်နေသောအကြည့်ကို သတိပြုမိပြီး ဖော်ပြ၍ မရအောင် စက်သက်သာရာ ရသွားခဲ့ပြီး အေးစက်စက်နှင့် ပြောလိုက်သည်။ “ဘာလို့လဲ။ ဒါက မင်းလိုချင်တာ မဟုတ်ဘူးလား။”

“ဟုတ်ပါတယ်။ နည်းနည်း မမျှော်လင့်ထားတာ ဖြစ်သွားလို့ပါ။” အံ့အားသင့်သော်လည်း ချန်လွေ့က သူ့ကို ပေးသော ပစ္စည်းကောင်းကို လုံးဝ ငြင်းပယ်မည် မဟုတ်ပေ။ သူက နေရာလွတ် လက်စွပ်ကို သိုလှောင် ဂိုဒေါင်ထဲတွင် သိမ်းဆည်းလိုက်၏။ “ဒါဆို အရှင်မင်းကြီး... နောက်တော့ ကျုပ်က မင်းသားတစ်ပါး အနေနဲ့ ဘာလုပ်ရမှာလဲ။”

“မင်း ဟိုးအရင်ကတည်းက စီစဉ် ထားပြီးပြီ မဟုတ်လား။” လက်ဇ်က သရော်ပြုံး ပြုံးလိုက်သည်။ “ငါ အခု နောက်ဆုံးတော့ သေချာသွားပြီ။ မင်းပြန်လာတဲ့ အချိန်ကတည်းက မင်း ဒီမှာနေဖို့ လုံးဝ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ရွှေရောင်နယ်မြေ၊ မှော်ဂိမ်း၊ နဂါးဝါဝိုင်တွေက မင်းရဲ့ အပေးအယူ လုပ်စရာတွေပဲ။”

“အိုး...” ချန်လွေ့က မျက်ခုံးပင့် လိုက်သည်။ “ဒီမှာ တခြား ပူးပေါင်းကြံစည်မှုတွေ မရှိဘူးဆိုတာ အရှင်မင်းကြီး သေချာရဲ့လား။”

“ဟမ့်! ကိုယ့်ကိုယ်ကိုယ်က လွဲပြီး တခြားလူတိုင်းကို ငတုံးလို့ မထင်နဲ့။ မင်း ဘာလိုချင်လဲ ဆိုတာကို ငါ မသိပေမယ့် မင်း ဘာမှ မလိုချင်ဘူး ဆိုတာတော့ ငါသိသွားပြီ။” လက်ဇ် ချန်လွေ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ “ငါ သက်ပြင်း ချရမလား။ ဒါမှမဟုတ် ဝမ်းနည်း ရမလား မသိတော့ဘူး။ ငါ ဝန်ခံပါတယ်။ ငါက အမွေဆက်ခံ သူတွေနဲ့ ငါထိန်းချုပ်ထားတဲ့ ပလ္လင် ကြားမှာ လှည့်ပတ်နေခဲ့တယ်။ ဒါပေမယ့် သမိုင်းထဲက ဘယ်လောက် ကြီးမြတ်တဲ့ အုပ်စိုးသူ ဖြစ်ဖြစ်၊ ဒီလို တုံ့ဆိုင်းမှု အမြဲတမ်း ရှိနေခဲ့တယ်။ လူအများစုက ထင်တဲ့အတိုင်း မင်းက ဒီအင်ပါယာအတွက် အကောင်းဆုံး ဆက်ခံသူပဲ။ ဘာလို့ မင်းက အဲဒါကို ဂရုမစိုက်ရတာလဲ။”

“လူတိုင်း လိုချင်တာက မတူညီ ကြဘူး။ ကျုပ်မှာလည်း ကိုယ်ပိုင် လိုချင်တာတွေ ရှိတာပေါ့။ ဒါပေမယ့် ပလ္လင်နဲ့ အာဏာက အဲဒီထဲမှာ မပါဘူး။ ပြီးတော့ ကျုပ်မှာက အချို့သော အတားအဆီးတွေကို ကျော်လွန်ပြီးတော့ လိုချင်တာကို တကယ်ရယူနိုင်တဲ့ စွမ်းရည်မျိုး ရှိတယ်လို့ ယုံကြည်တယ်။”

လက်ဇ်က ခဏတာ တိတ်ဆိတ် သွားခဲ့သည်။ “မင်း ဘာတွေ လိုချင်သေးလဲ။”

လိုချင်တာလား။ ချန်လွေ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ “ဖရီယာ။ သူ ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ပေမယ့် အရှင်မင်းကြီး စီစဉ်ပေးတဲ့ နိုင်ငံရေး လက်ထပ်မှုအပေါ် သူ မလိုလားတာ မြင်ရတယ်။ အနာဂတ်မှာ သူက အိမ်ထောင်ဖက်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်။”

“အဓိပ္ပာယ်မရှိတာ!” လက်ဇ်က မထီမဲ့မြင် ပြောလိုက်သည်။ “သူက မင်းသမီးတစ်ပါး ဖြစ်လို့ အင်ပါယာ အတွက် အသက်ကို စတေးဖို့ အမြဲတမ်း အဆင်သင့် ဖြစ်နေရမှာ။ လက်ထပ်မှုတစ်ခုလေးကို ပြောနေစရာတောင် မလိုဘူး။”

“အားနည်းတဲ့ အင်ပါယာတွေပဲ သူတို့ အမျိုးသမီးတွေရဲ့ ပျော်ရွှင်မှုကို ယာယီတည်ငြိမ်မှုအတွက် စတေးဖို့ လိုတာ။ နဂါးလင်းလက်အင်ပါယာနဲ့ အရှင်မင်းကြီး ဒီလိုလုပ်ဖို့ လိုတယ်လို့ ကျုပ် မထင်ဘူး။ တကယ်လို့... အရှင်မင်းကြီးက ဖရီယာကို တကယ် ချစ်ရင်ပေါ့။”

လက်ဇ် မဖြေခဲ့ပေ။ သို့သော် သူက ရုတ်တရက် မေးလိုက်၏။ “သိဒ္ဓိခွက် မင်းလက်ထဲမှာ ရှိနေတာလား။”

ချန်လွေ့က လက်ဇ်၏ မျက်လုံးကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။

“ဒီလိုဖြစ်နေတာကိုး...” လက်ဇ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး အများကြီး နားလည်သွားသကဲ့သို့ ဖြစ်သွားသည်။ “ကျက်သရေပြာ အင်ပါယာမှာ လက်ထပ်ဖို့ ငြင်းဆို ခဲ့တာက လန်ဘိစ်နဲ့ အပေးအယူ တစ်ခုပဲ။”

“ဒါက သူ ကိုယ်တိုင်ရွေးချယ်တဲ့ အပေးအယူ တစ်ခုပဲ။”

“အခု ငါတို့ကြားမှာ လိုပဲလား။”

“အရှင်မင်းကြီးက... အဲဒီလို ထင်ရင်ပေါ့။” ချန်လွေ့က လက်ဇ်ကို ခဏတာ စိုက်ကြည့်လိုက်ပြီးနောက် ပခုံးတွန့်လိုက်သည်။ “တခြားဘာမှ မရှိရင် ကျုပ် အရင် ထွက်သွားလိုက် ပါတော့မယ်။”

“မင်း ဒီလိုပဲ နှုတ်ဆက်မှာလား။” လက်ဇ်က ‘နှုတ်ဆက်ခြင်း’ ဟူသော စကားကို ‘နှုတ်ဆက်စကား’ အစား အသုံးပြုခဲ့သည်။

“ဟုတ်ကဲ့။” ချန်လွေ့ ပင့်သက် ရှိုက်လိုက်သည်။ “ကျုပ် အဆင်သင့် ဖြစ်နေပြီ။”

“မင်းမှာ ကိုယ်ပိုင်ရွေးချယ်မှုတွေ ရှိနေတယ်။ ငါ မင်းကို မတားနိုင်ဘူး။” လက်ဇ် ခဏတာ တိတ်ဆိတ်နေ၏။ “ငါ စကား တစ်ခွန်းပဲ ပြောမယ်။ မင်း စိတ်ကို ပြောင်းရင် နောက်မကျ သေးဘူး။ ဒါက ယဉ်ကျေးမှုအရ မဟုတ်ဘူး။ မင်း သိမှာပါ။”

“ ‘အာသာ’ က နောင်တရမှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်။ သူ ဘာကိုပဲ လုပ်ချင်လုပ်ချင်၊ သူ့ကို နှလုံးသားထဲမှာ အမြဲ ထည့်ထားတဲ့ ခမည်းတော် တစ်ယောက် ရှိနေ တာပဲလေ။” ချန်လွေ့က လက်ဇ်ကို လေးလေးနက်နက် ဦးညွတ်လိုက်ပြီး လှည့်ထွက်သွားလိုက်သည်။

သူ့နောက်တွင် လက်ဇ်၏ အသံ နိမ့်နိမ့် ထွက်ပေါ်လာခဲ့သည်။ “မင်း မင်းကိုယ်မင်းနဲ့ ပျောက်ဆုံးသွားတဲ့ ‘အာသာ’ကို လူ နှစ်ယောက်အဖြစ် ခွဲခြားဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် မင်း ဘယ်လိုပဲ ပြောင်းလဲပါစေ၊ မင်းရဲ့ စွမ်းရည်တွေ၊ မင်းရဲ့သရုပ်တွေ ဘယ်လိုပဲ ဖြစ်ပါစေ၊ ရိုလန် မိသားစုရဲ့သွေးက မင်းရဲ့ခန္ဓာကိုယ်ထဲ အမြဲတမ်း စီးဆင်းနေမှာပဲ။ မင်း ဘာပဲလုပ်လုပ် ဇစ်မြစ်ကို ငြင်းဆန်လို့ မရနိုင်ဘူး။”

“ဒါဆို ကျုပ် ဒီလိုမျိုး နှုတ်ဆက် ခဲ့ပါတယ်။” ချန်လွေ့က ဘာကိုမှ မရှင်းပြခဲ့ပေ။ သူက ခေါင်းလှည့်ပြီး ပလ္လင်ပေါ်တွင် မတ်တပ်ရပ်နေသော ပုံရိပ်ကို ကြည့်လိုက်သည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ရောထွေးနေသော ပုံရိပ်တစ်ခုနှင့်အတူ သူ့နှလုံးသားထဲ အကြာကြီး ပျောက်ဆုံးနေခဲ့သော ခံစားချက် တစ်ခုကို ခံစားလိုက်မိ၏။ “နှုတ်ဆက်ပါတယ်။ ခမည်းတော်။”

ထိုအချိန် ချန်လွေ့က ‘အာသာ’ ၏ နောက်ဆုံး အသိစိတ်လည်း ပျံ့လွင့် သွားကြောင်း ခံစားလိုက်မိသည်။ သို့မဟုတ် ၎င်းက ဟာကွက်နှင့် အားနည်းချက်မရှိဘဲ သူ့ဝိညာဉ်ထဲသို့ လုံးဝပေါင်းစည်းသွားခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်က သီးခြား ဖြစ်မနေ တော့ပေ။ ဝိညာဉ် စွမ်းအားသည် ထူးထူးခြားခြား သန့်စင်ပြီး ကြွယ်ဝ လာခဲ့သည်။ အရည်အသွေးနှင့် အရေအတွက် နှစ်ခုလုံး အလွန်ပင် တိုးတက်လာခဲ့သည်။

[ဓူဝံကြယ်နီအသွင်ပြောင်းခြင်း] သို့ အဆင့်မတက်ခင် ကဲ့သို့ပင် ထိုသို့ တိုးတက်မှုက နောက်အဆင့်သို့ တက်ရောက်ရန်အတွက် ခိုင်မာသော အုတ်မြစ်ကို ချပေးခြင်းနှင့် တူညီ၏။ ထို့နောက် သူက အရည်အသွေး ပြောင်းလဲမှုကို ဖြစ်ပေါ်စေမည့် အခွင့်အရေး တစ်ခုသာ လိုအပ်သည်။

ထိုအခွင့်အရေးက ဖန်တီးခြင်း ဇစ်မြစ်ပင်!

ချန်လွေ့၏ နောက်ဆုံးစကားစုသည် ကျယ်လောင်ခြင်းမရှိသော်လည်း လက်ဇ် သည် ၎င်းကို ကြားနေရသေးသည်။ သူ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်သွားပြီး တစ်ယောက်တည်း လမ်းလျှောက်သွားသောသူ၏နောက်ကျောကို စိုက်ကြည့်ရင်း သူ၏အမြင်အာရုံသည် ရုတ်တရက် ဝေဝါးသွားသည်ဟုသာ ခံစားမိသည်။

လက်ဇ်က အင်ပါယာ တစ်ခုလုံးကို ထိန်းချုပ်ထားသော ဧကရာဇ် ဖြစ်၏။ ယခင်က သူ၏ အမြင်အာရုံသည် ‘အာသာ’၏ အရည်အချင်းနှင့် ဂုဏ်သတင်းကို အမြဲ သတိထား နေခဲ့သောကြောင့် အမှောင်ဖုံး နေခဲ့သည်။ သို့သော် ယခု ထိုဘောင်မှ ခုန်ထွက် လိုက်သောအခါတွင် သူက အရာများစွာကို အမှန်ပင် မြင်တွေ့ ခဲ့ရသည်။

‘အာသာ’က ရွှေရောင်နယ်မြေကို သူ၏ ကြီးမားသောအရည်အချင်းဖြင့် ဝင်ငွေကောင်းသော အရင်းအမြစ် အဖြစ် ပြောင်းလဲခဲ့ပြီးနောက် ၎င်းကို ထိုနည်းဖြင့် သူ့ဆီ လက်ဆင့်ကမ်း ခဲ့ခြင်း ဖြစ်သည်။

ရွှေရောင် နယ်မြေ၊ မှော်ဂိမ်း၊ နဂါးဝါဝိုင်..၎င်းတို့က အပေးအယူများ မဟုတ်ဘဲ လက်ဆောင် တစ်ခု ဖြစ်သည်။

ခမည်းတော် အတွက် လက်ဆောင် တစ်ခုပင်။

ထို့နောက် ‘အာသာ’ ဆက်လုပ်မည့် လုပ်တော့မည့်အရာက အလွန်အမင်း အန္တရာယ်ရှိရမည်။ သိဒ္ဓိခွက်နှင့် သိဒ္ဓိဝတ်ရုံကိုကြည့်လျှင် ၎င်းသည် သိဒ္ဓိကျောင်းတော်နှင့် သက်ဆိုင်ဖွယ် ရှိသည်။ ထို့ကြောင့် ၎င်းမတိုင်မီ နဂါးလင်းလက်အင်ပါယာနှင့် သူ၏ ဖခင်နှင့် စည်းတစ်ခု ခြားထားရန် လိုအပ်သည်။ ထို့ကြောင့် အာသာက ထိုအချိန်တွင် သူ့ကို စက္ကူတစ်ရွက် ပေးခဲ့ခြင်း ဖြစ်၏။ နောင်ဖြစ်လာမည့် အရာကို စက္ကူပေါ်တွင် စီစဉ်ထားခဲ့ပြီး ၎င်းက အာသာ၏ နှုတ်ဆက်ရန် အကောင်းဆုံးသော ရွေးချယ်မှုလည်း ဖြစ်သည်။

လက်ဇ်က နောက်ဆုံးတွင် သူ လုပ်ခဲ့သော ရွေးချယ်မှု အတွက် ရုတ်တရက် ကျေးဇူးတင်မိသည်။ ‘အာသာ’ နှုတ်ဆက်တော့မည် ဖြစ်ပြီး သူပင် ခန့်မှန်းမရသော လမ်းကြောင်း တစ်ခုသို့ သွားတော့မည် ဖြစ်သော်လည်း သူက သားဖြစ်သူကို မဆုံးရှုံးခဲ့ပေ။

“ကြည့်ပါဦး။ အီခရီနာ၊ ငါတို့ရဲ့ သားလေး...”

အတော်ကြာပြီးနောက် ဝေဝါးသော အမြင်အာရုံက တဖြည်းဖြည်း ကြည်လင်လာပြီး ပလ္လင်ပေါ်တွင် ဖြည်းဖြည်းချင်း ထိုင်လိုက်သည်။

“ယူဆယ်!”

တစ်နေရာရာတွင် အဆင်သင့် အနေအထားဖြင့် စောင့်ဆိုင်းနေသော တော်ဝင်အစောင့်အဖွဲ့ ခေါင်းဆောင် ယူဆယ်က ချက်ချင်းပင် အဓိက ခန်းမတွင် ပေါ်လာခဲ့သည်။

“အရှင်မင်းကြီး...”

“အာသာ ထွက်သွားပြီလား။”

“မှန်လှပါ အရှင်မင်းကြီး။ မင်းသား အာသာ နန်းတော်ကနေ ထွက်သွား ပါပြီ။ ဒါပေမယ့် ထူးဆန်းတာက သူက ရုတ်တရက်ကြီး ပျောက်ကွယ် သွားသလိုပါပဲ။ ဂတ်စ်ရဲ့ အာရုံခံ နိုင်စွမ်းကတောင် မင်းသား အာသာရဲ့ တည်နေရာကို မသိနိုင်ပါဘူး။”

မဟာလက်ဇ်က တည်တည်ငြိမ်ငြိမ်နှင့် ခေါင်းညိတ်လိုက်သည်၊ “တစ်မြို့လုံးကို ချက်ချင်း အသိပေးလိုက်။ တတိယမင်းသား အာသာက ကွယ်လွန်သွားပြီဖြစ်သော မင်းသားဆိုဖေးလ်ရဲ့ဇနီး ဗာရိုနီကာကို သတ်ခဲ့ပြီးတော့ ရွှေရောင်နယ်မြေက မြို့တော်စစ်သူကြီး ထရီနစ်ကို လုပ်ကြံခဲ့တယ်။ ယခု သူ ထွက်ပြေး နေတယ်။ သူ့ကို ညလုံးပေါက် လိုက်ဖမ်းဖို့ မီးတောင်ပံဗိုလ်ခြေကို အမိန့်ပေးလိုက်။ အာသာကို မြို့တော်ဆီ ပြန်ပြီး ဖမ်းလာရမယ်! နဂါးစစ်သည်‌တော် ဗိုလ်ခြေကို ရွှေရောင်နယ်မြေက သံမဏိကြေးခွံ ဗိုလ်ခြေနဲ့ပူးပေါင်းပြီးတော့ ရွှေရောင်နယ်မြေတစ်ခုလုံးကို ချက်ချင်း ထိန်းချုပ်ဖို့ အမိန့်ပေး။ မနာခံတဲ့သူတိုင်းကို သတ်ပစ်!

“အမိန့်အတိုင်းပါ!” ယူဆယ်က အမိန့်ကို မဆိုင်းမတွ ခံယူလိုက်၏။

All Chapters