← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

အပိုင်း ၁၉

ရှလင်တို့ဝိဉာဉ်အမဲလိုက်တောအတွင့်သို့ဝင်ပြီးသိပ်မကြာလိုက်ပေသူ၏တပည့်လေးဖြစ်သောမေးခွန်းစက်လေးထန်စန်း၏မေးခွန်းများထပ်ထွက်လာသဖြင့်ရှလင်မျက်လုံးများကိုသာလှည့်လိုက်မိတော့သည်။

“ဆရာ..ဆရာ့ကိုဘာလို့အစောင့်တွေကဂါဝရပြုတာလဲဟင်”

ရှလင်အားဦးတည်ပြီးမေးလာသောထန်စန်း၏မေးခွန်းပင်ဖြစ်သည်။ရှလင်ထိုသိချင်စိတ်အပြည့်ဖြစ်နေသောသူ၏တပည့်ဇာတ်လိုက်ပေါက်စလေးနှင့်သူတို့၏စကားဝိုင်းကိုနားစွင့်နေသောသာရှီးအိုကြီးအားကြည့်ကာစိတ်ထဲတွင်တစ်ချက်ရယ်လိုက်ပြီးရှင်းပြလိုက်သည်။

“သူတို့ဆရာ့ကိုဘာလို့အရိုအသေပေးရတာလဲဆိုတော့ဒီတံဆိပ်ပြားကြောင့်ဘဲ”

ရှလင်ပြောလိုက်ရင်းသူ့သို့လှောင်လက်စွပ်အတွင်းမှတံဆိပ်ပြားကိုထုတ်ပြလိုက်သည်။ရှလင်ထိုတံဆိပ်ပြားကိုထုတ်ပြလိုက်သည်နှင့်သာရှီး၏အံ့ဩနေသောအသံကိုကြားလိုက်ရသည်။

“ပုပ်ရဟန်းမင်းကြီးတံဆိပ်ပြားလား....”

“ပုပ်ရဟန်းမင်းကြီးတံဆိပ်ပြား..ဟုတ်လားအဲ့တာဘာကြီးလဲ”

သာရှီး၏အသံမှာအရင်ထွက်ပေါ်လာပြီးထန်စန်း၏မေးခွန်းမှာလည်းနောက်မှကပ်ပါလာသည်။

“အင်း..ဟုတ်တယ်ပုပ်ရဟန်းမင်းကြီးတံဆိပ်ပြား...အဲ့တံဆိပ်ပြားကဝိဉာဉ်ခန်းမရဲ့ခေါင်းဆောင်ပုပ်ရဟန်းမင်းကြီးကိုကိုယ်စားပြုပြီး”

“အဲ့ဒီတံဆိပ်ကဝိဉာဉ်ခန်းမရဲ့တံဆိပ်၆ခုထဲမှာအမြင့်ဆုံးဘဲ”

“အဲ့တံဆိပ်ပြားကို ကိုင်ဆောင်ထားတဲ့လူကိုဝိဉာဉ်ခန်းမကလူတွေကပုပ်ရဟန်းမင်းကြီး တန်းတူအရိုအသေပေးရတယ်”

သာရှီးသည်ထန်စန်း၏စကားကိုဖြေလိုက်ပြီးနောက်ရှလင်အားရန်အနည်းငယ်လိုသောအသံဖြင့်မေးလိုက်သည်။

“ရှလင်..မင်းကဝိဉာဉ်ခန်းမရဲ့ရွှေရောင်မျိုးဆက်သစ်ထဲကတစ်ယောက်လား”

ရှလင် သာရှီးသူ့အားစွပ်စွဲလိုက်သောရွှေရောင်မျိုးဆက်သစ်ဟူသောနာမ်စားကြောင့်တစ်ခဏကြောင်သွားပြီးမှမကျယ်ကြီးအော်ရယ်လိုက်သည်။

“ဟားးဟားးးဟားးးဟားးးဟားးးးး”

“လူအိုကြီးရယ် ကျုပ်ကဝိဉာဉ်ခန်းမရဲ့ရွှေရောင်မျိုးဆက်ကမဟုတ်သလို ဝိဉာဉ်ခန်းမနဲ့လည်းဘာမှမပတ်သတ်ပါဘူးဟ”

“ကျုပ် ဒီတံဆိပ်ကိုကြယ်တာရာတောရဲ့တစ်နေရာကနေကောက်ရခဲ့တာပါဗျ”

“တကယ်ဆိုရင်ကျုပ်ကလည်းဝိဉာဉ်ခန်းမကိုကြည့်ရတာမဟုတ်ပါဘူး လူအိုကြီးရယ်”

ရှလင် သာရှီးအားပြုံးစိစိဖြင့်ရှင်းပြလိုက်ပြီးသူ့စိတ်ထဲမှကြိတ်၍ရယ်လိုက်သည်။

‘ဟမ့်..လူအိုကြီး ဝိဉာဉ်ခန်းမနဲ့ခင်ဗျားကြားကအဖြစ်အပျက်တွေကို ကျုပ်မသိဘူးထင်လို့လား ဟားဟားဟား’

ထို့နောက်ရှလင်သူ့အားသိပ်မယုံကြည်သေးသောသာရှီးအိုကြီးအားလျစ်လျူရှူလိုက်ကာယခုထိသူတို့နှစ်ယောက်အားဘာမှနားမလည်သည့်ပုံစံဖြင့်ကြည့်နေသောထန်စန်းအားသူ့လက်ထဲမှတံဆိပ်အားပေးလိုက်သည်။

“ရှောင်စန်း မင်းဒီတံဆိပ်ကိုယူထားလိုက် ဆရာကလက်ဆောင်ပေးတယ်လို့သဘောထားလိုက်”

“ဆရာ့လက်ထဲမှာလည်း ဒီတံဆိပ်ကအသုံးမဝင်ဘူး ဒါပေမယ့်မင်းကတော့တစ်ချိန်ချိန်မှာလိုအပ်လိမ့်မယ်”

ထိုသို့ပြောပြီးနောက်ရှလင် ထန်စန်းအားငြင်းခွင်မပေးတော့ဘဲထန်စန်းလက်ထဲသို့တံဆိပ်ပြားအားအတင်းထည့်ကာရှေ့မှထွက်သွားလေသည်။

နောက်၌ကျန်ရစ်ခဲ့သောထန်စန်းသည်သူ့လက်ထဲ၌ရှိသောတံဆိပ်ပြားအားတစ်လှည့်ရှေ့မှထွက်သွားသောသူ့ဆရာရှလင်အားတစ်လှည့်ကြည့်ကာဘာဆက်လုပ်ရမှန်းမသိဖြစ်နေလေသည်။ထိုအချိန်တွင်သာရှီးကထန်စန်းနားရောက်လာပြီး

“သူကပေးတော့လည်းယူထားလိုက်ပါ ဘာဘဲဖြစ်ဖြစ်သူလည်းမင်းဆရာတစ်ယောက်ဘဲ ဆရာဆီကရတဲ့‌လက်ဆောင်လို့ဘဲသဘောထားလိုက်ပေါ့”

“ဟုတ်ကဲ့ပါ ဆရာ..”

“အင်း...သူပြောတာလည်းမှန်တယ်..မင်းဆရာဆီကငါခံစားရတဲ့ဝိဉာဉ်ဖိအားက အတော်အားကောင်းတယ်”

“သူ့အဆင့်ကဘယ်မှာလဲဆိုတာမသိ ပေမယ့် ငါ့ထက်မြက့်တာတော့သေချာတယ်”

“အဲ့တာကြောင့်သူ့အတွက် ဒီတံဆိပ်ပြားကမလိုအပ်ဘူးလို့သူပြောတာမမှာလောက်ဘူး”

ထန်စန်း သာရှီး၏စကားကြောင့်တံဆိပ်ပြားအားလက်ခံလိုက်ကာသူ၏သိုလှောင်ခါးပတ်အတွင်းသို့ထည့်လိုက်လေသည်။ထို့နောက်ထန်စန်းသူသိချင်သောကိစ္စများအားမေးခွနထုတ်လိုက်ပြန်သည်။အကယ်၍ရှလင်သာအနီးနား၌ရှိမည်ဆိုလျှင်သူဧ။တပည့်လေးအားကြည့်ကာမင်းကမေးခွန်းထုတ်စက်လားဟုမေးမိမည်မှာအသေအချာပင်ဖြစ်သည်။

“ဆရာ ဝိဉာဉ်ခန်းမရဲ့တံဆိပ်ပြားမှာသင်္ကေတအဖြစ်အသိအမှတ်ပြုခံရတဲ့ဝိဉာဉ်ဆရာတွေက “

“ဝိဉာဉ်သူတော်စင်တွေလား ၊ဝိဉာဉ်တုံ့လော်တွေလား ၊ဖုန်းဟောက်တုံ့လော်တွေလား”

“ဖုန်းဟောက်တုံ့လော်တွေဘဲ”

ထန်စန်း၏အမေးကိုသာရှီးပြန်ဖြေလိုက်သည်။

“သင်္ကေတ ၆ ခုလုံးကတူညီတဲ့အဆင့် ၊မတူညီတဲ့ဝိဉာဉ်ကွင်းတွေနဲ့ ကွဲပြားတဲ့သိုင်းဝိဉာဉ်တွေကိုပိုင်ဆိုင်ထားတဲ့ စွမ်းအားကြီးဖုန်းဟောက်တုံ့လော်တွေဘဲ”

“စွမ်းအားအကြီးဆုံး???”

ထန်စန်း၏အမေးကိုသာရှီးဆက်ဖြေလိုက်သည်။

“အင်း စွမ်းအားအကြီးဆုံးဖုန်းဟောက်တုံ့လော်တွေ”

“ဖုန်းဟောက်တုံ့လော်အဆင့်မှာလည်း အားနည်းတဲ့သူအားကြီးတဲ့သူဆိုတာရှိတယ်”

သာရှီးနှင့်ထန်စန်း၏အမေးအဖြေဂဏ္ဍအားဆက်လက်ထုတ်လွှင့်နေစဉ် အရှေ့မှဦးဆောင်သွားနေသောရှလင်ရုတ်တရက်သွားနေသည်ကိုရပ်လိုက်သည်။အဘယ်ကြောင့်ဆိုသော်သူ၏စိတ်ဝိဉာဉ်ထောက်လှမ်းထားသည့်နယ်ပယ်အတွင်းသို့ဝိဉာဉ်ဆရာ၅ယောက်ဝင်လာခြင်းကြောင့်ဖြစ်သည်။

ရှလင်ထိုလူ၅ယောက်၏စွမ်းအားအဆင့်ကိုခန့်မှန်းချက်အရအဆင့်၃၀ကျော်ရှိသောဝိဉာဉ်ဂရမ်းမာစတာဦးဆောင်သည့်အဖွဲ့တစ်ခုဖြစ်ကြောင်းသိလိုက်ရသည်။ထို့ကြောင့်ရှလင်ထိုပုရွက်ဆိတ်များအားအာရုံမထားတော့ဘဲယခုအချိန်ထိအမေးအဖြေဂဏ္ဍအစီအစဉ်အားဆက်လက်ထုတ်လွှင့်နေသောထန်စန်နှင့်သာရှီးတို့အားကြည့်ကာကျိန်ဆဲမိလိုက်သည်။

‘သက်ကြားအိုကြီး မင်းတို့ကိုအခြားလူတွေနောက်ယောင်ခံလိုက်နေတာတောင် အမေးအဖြေလုပ်နေနိုင်သေးတယ်ပေါ့လေ’

‘မင်းတို့သေမှာမကြောက်ဘူးလားကွ ဟမ်’

သို့သော်ရှလင်၏အတွေးများကိုသာရှီးတို့မကြားနိုင်သဖြင့်သူတို့အနားသို့သာရှလင်ပြန်သွားလိုက်ရသည်။

“လူအိုကြီး..တောထဲစဝင်တော့မယ်..သတိထားဦး”

ထိုသို့သတိပေးပြီးနောက်ရှလင်သူတို့နားတွင်ကပ်၍လျှောက်လိုက်သည်။သူ့အတွက်ဆိုလျှင်နောက်မှလိုက်လာသောဝိဉာဉ်ဆရာများမှာပုရွက်ဆိတ်များသာဖြစ်သော်လည်းထိုအမေးအဖြေစက်တစ်စုံအတွက်တော့မဟုတ်ချေ။ထို့ကြောင့်မတော်တဆမဖြစ်အောင်ရှလင်သူတို့အနား၌ကပ်နေခြင်းဖြစ်သည်။

ထို့အပြင်ယခင်ဇာတ်ကြောင်း၌ထန်စန်းတို့တောထဲသို့အမဲလိုက်လာရာတွင်မည့်သည့်ဝိဉာဉ်ဆရာမှသူတို့နောက်မလိုက်ခဲ့တာကိုရှလင်သိနေ၍သံသယလည်းဝင်နေခြင်းဖြစ်သည်။

‘ငါ့‌ကြောင့်များဇာတ်ကြောင်းတွေပြောင်းသွားတာလား’

ဤအရာသည်အဖြစ်နိုင်ဆုံးဟုရှလင်ခံစားလိုက်ရသည်။သူ့ကြောင့်မှမဟုတ်လျှင်ရှလင်အခြားဘာကိုမှမတွေးနိုင်တော့ချေ။တစ်ဖက်ရှိသာရှီးတို့သည်လည်းရှလင်၏သတိပေးသံကြောင့်ပြောနေသည့်စကားများအားရပ်လိုက်ကာသတိအပြည့်ဖြင့်ရှလင်နောက်သို့လိုက်သွားလေသည်။

ရှလင်တို့တောအတွင်းသို့ဝင်သွားသည်နောက်မှထပ်ကြပ်မကွာလိုက်လာခဲ့သောဝိဉာဉ်ဆရာငါးယောက်သည်လည်းအရှိန်မြှင့်ကာရှလင်တို့နောက်ကိုလိုက်သွားလေသည်။

(A/N..မသိတဲ့လူလေးတွေရှိမှာစိုးလို့ရှင်းပြပါရစေ ဝိဉာဉ်သားရဲတွေကို နှစ်ဆယ်ပိုင်းသားရဲ၊နှစ်ရာပိုင်းသားရဲ၊နှစ်ထောင်ပိုင်းသားရဲ၊နှစ်သောင်းပိုင်းသားရဲ၊နှစ်သိန်းပိုင်းသားရဲဆိုပြီးခွဲခြားထားပါတယ်။သူတို့ကိုကိုယ်စားပြုတဲ့ဝိဉာဉ်ကွင်းအရောင်တွေကတော့အဖြူ၊အဝါ၊ခရမ်း၊အနက်၊အနီဆိုပြီးဖြစ်ပါတယ်။နောက်ပြီးဝိဉာဉ်ဆရာအဆင့်တွေမှာဆိုရင်

အဆင့် ၁၀-၁၉ (ဝိဉာဉ်ကျောင်းသား)

အဆင့်၂၀-၂၉ (ဝိဉာဉ်မာစတာ)

အဆင့် ၃၀-၃၉ (ဝိဉာဉ်ဂရမ်းမာစတာ)

အဆင့် ၄၀-၄၉ (ဝိဉာဉ်ဘိုးဘေး)

အဆင့် ၅၀-၅၉ (ဝိဉာဉ်ဘုရင်)

အဆင့် ၆၀-၆၉ (ဝိဉာဉ် ဧကရာဇ်)

အဆင့် ၇၀-၇၉ (ဝိဉာဉ်သူတော်စင်)

အဆင့် ၈၀-၈၉ (ဝိဉာဉ်တုံ့လော်)

အဆင့် ၉၀-၉၄ (ဖုန်းဟောက်တုံ့လော်)

အဆင့် ၉၅-၉၇ (အဆင့်မြင့်ဖုန်းဟောက်တုံ့လော်)

အဆင့် ၉၈ (အဆင့်လွန်ဖုန်းဟောက်တုံ့လော်)

အဆင့် ၉၉ (အထွဋ်ထိပ်ဖုန်းဟောက်တုံ့လော်)

Quasi demi god

Demi god

Quasi god

Godအဆင့်

ဆိုပြီးခွဲထားပါတယ်။အဆင့်တစ်ခုစီမှာဝိဉာဉ်ကွင်းတစ်ကွင်းစီထည့်လို့ရပြီးဖုန်းဟောက်တုံ့လော်တစ်ယောက်မှာဝိဉာဉ်ကွင်း၉ကွင်းရှိပါတယ်။အဆင့်၉၉နဲ့Godအဆင့်ကြားကအဆင့်တွေကအခေါ်အဝေါ်သက်သက်ပါဘဲနော်တကယ်ဆိုgodအဆင့်ကအဆင့်၁၀၀ဖြစ်တဲ့မတွက်ကြားထဲကအဆင့်တွေအတွက်ဝိဉာဉ်ကွင်းမရပါဘူး)

All Chapters