အခန်း (၂၀)
Vol. 2 Ch. 20
အပိုင်း ၂၀
ရှလင်တို့အမဲလိုက်တောအတွင်းသို့ဝင်ရောက်လိုက်သည်နှင့်တောအတွင်းမှသားရဲများ၏ဟိန်းဟောက်သံကိုကြားလိုက်ရလေသည်။ထို့ကြောင့်သာရှီးကသူ၏သိုင်းဝိဉာဉ်ကိုထုတ်ဖော်လိုက်လေသည်။
အဝါရောင်ဝိဉာဉ်ကွင်းနှစ်ကွင်းနှင့်အတူသာရှီး၏မူကွဲသိုင်းဝိဉာဉ်ဖြစ်သောလော့စန်းပေါက် ထွက်ပေါ်လာလေသည်။ထိုသိုင်းဝိဉာဉ်ထွက်ပေါ်လာသည်နှင့်ရှလင်မူမမှန်မှုကိုခံစားလိုက်သဖြင့်သာရှီး၏သိုင်းဝိဉာဉ်ကိုဂရုတစိုက်ကြည့်လိုက်သည်။
ထိုသိုင်းဝိဉာဉ်အားသေချာစစ်ဆေးလိုက်ပြီးနောက်ရှလင်ဘယ်အရာကမူမမှန်ဖြစ်နေမှန်းသိလိုက်ရသည်။ထိုသိုင်းဝိဉာဉ်မှာအလင်းနဂါးတစ်ကောင်၏ချို့ယွင်းထုတ်ကုန်ဖြစ်နေသောကြောင့်ပင်။
ထိုကဲ့သို့ချို့ယွင်းချက်ဖြစ်ရသည်မှာအလင်းနဂါးအဖြစ်ဖွံ့ဖြိုးရန်သွေးမျိုးဆက်မလုံလောက်မှုကြောင့်ဖြစ်သလိုတုံ့လော်ကုန်းမြေမှဝိဉာဉ်ဆရာများသည်အလင်းနဂါးသိုင်းဝိဉာဉ်ကိုနိုးထရန်အတွက်ပါရမီနည်းခြင်းကြောင့်လည်းဖြစ်နိုင်ပေသည်။
ရှလင်ထိုသိုင်းဝိဉာဉ်ကိုလေ့လာနေစဉ်သာရှီးကထန်စန်းအားသူ၏သိုင်းဝိဉာဉ်အကြောင်းရှင်းပြနေလေသည်။
“ထန်စန်း ဒါကဆရာရဲ့သိုင်းဝိဉာဉ် လော့စန်းပေါက်”
“စန်းပေါက် လို့လည်းမင်းခေါ်လို့ရတယ်”
“ဆရာ..ဆရာ့ရဲ့သိုင်းဝိဉာဉ်ကသိုင်းဝိဉာဉ်သီအိုရီစာအုပ်ထဲမှာမပါဘူးနော်”
“အွန်း..ဆရာရဲ့သိုင်းဝိဉာဉ်ကမူကွဲသိုင်းဝိဉာဉ်ဘဲ..ဟားးး ဒါပေမယ့်သိုင်းဝိဉာဉ်နိုးထတုန်းက ဝိဉာဉ်စွမ်းအားတစ်ဝက်ဘဲနိုးထခဲ့လို့”
“ဆရာရဲ့သိုင်းဝိဉာဉ်ကနောက်တစ်ကြိမ်ဆင့်ကဲ့ပြောင်းလဲခြင်းမလုပ်နိုင်တော့ဘူး”
သာရှီး၏ထိုစကားကိုကြားသည်နှင့်ထန်စန်းအလျင်အြမန်တောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ်..ဆရာရဲ့ဝမ်းနည်းစရာအဖြစ်အပျက်တွေကိုပြန်ဖော်မိလို့”
“ရပါတယ်..ဆရာ့အတွက်ကရိုးနေပါပြီ”
ရှလင်သူ့ရှေ့ရှိစကားဝိုင်းအားနားထောင်ကာစိတ်ထဲတွင်နည်းနည်းချဉ်သွားမိသည်။
‘ဟမ့် တပည့်စုတ်လေး..ဟောဒီကဆရာရဲ့သိုင်းဝိဉာဉ်ကဘာလဲလို့တောင်မမေးဘူး’
တကယ်တော့ရှလင်သာဆန္ဒရှိလျှင်ထိုချို့ယွင်းအလင်းနဂါးသိုင်းဝိဉာဉ်အားအပြီးနိုးထအောင်ကူညီပေးနိုင်သည်။ သူ၏သွေးမျိုးဆက်ကနဂါးတို့၌အမြင့်ဆုံးသွေးမျိုးဆက်ဖြစ်သည်မဟုတ်လား။သို့သော်သူ၏ယခုသာရဲကျင့်ကြံခြင်းအဆင့်ဖြင့်ကူညီလျှင်ရှလင်အတွက်အသက်အန္တရယ်ရှိနိုင်သည်။
ထို့ကြောင့်သူနောက်တစ်ခါဆင့်ကဲပြောင်းလဲပြီးလျှင်သာရှီးအားသူ၏သွေးအဆီအနှစ်တစ်စက်အားပေးမည်ဟုရှလင်ကြံရွယ်ထားသည်။ရှလင်အတွေးများနေစဉ်ပြင်ပ၌ကြာချိန်မှာတစ်ခဏသာရှိသေးသည်။ထိုအချိန်၌အတွေးများနေသောရှလင်ရောသိုင်းဝိဉာဉ်အကြောင်းရှင်းပြနေသည်သာရှီးတို့ပါလှောင်ရယ်သံများကိုကြားလိုက်ရသည်။
“ဟားဟားဟားး..ငါတို့ကအစွမ်းထက်အစောင့်ရှောက်တွေပါတဲ့ အထက်တန်းစားမိသားစုက လူတွေမှတ်နေတာ”
“အခုတော့ အမှိုက်သိုင်းဝိဉာဉ်နဲ့ အမှိုက်ဝိဉာဉ်ဆရာဖြစ်နေတာကိုး...ဟားဟားဟားဟားဟား”
ရယ်သံအချို့နှင့်အတူရှလင်တို့နှင့်မျက်နှာချင်းဆိုင်ရှိသစ်ပင်များနောက်မှ လူငါးယောက်ထွက်လာလေသည်။ထိုလူငါးယောက်လိုက်လာသည်ကိုကြိုသိထားသည့်ရှလင်မှလွဲ၍သာရှီးနှင့်ထန်စန်းတို့အလန့်တကြားဖြစ်သွားကာသာရှီးကသူ့အနီးရှိထန်စန်းအားသူ့နောက်သို့ပို့လိုက်သည်။
သာရှီး၏သိုင်းဝိဉာဉ်လော့စန်းပေါက်ကလည်းသာရှီးရှေ့တွင်ရပ်ကာသစ်ပင်နောက်မှထွက်လာသောလူငါးယောက်ကိုမာန်ဖီနေလေသည်။ရှလင် အမြောက်စာတို့၏လက်သုံးစကားကိုကိုင်စွဲကာထွက်လာသောလူငါးယောက်အားစိတ်လေသလိုကြည့်လိုက်သည်။
‘မင်းတို့ဒိုင်ယာလော့လေးဘာလေးမပြောင်းတော့ဘူးလားဟ..’
‘မင်းတို့ဖြတ်လျှောက်တွေက တစ်ခါလာလည်းမင်းသားကိုဒီစကားတွေပြော ပြီးရင်မင်းသားကိုမနိုင်ဘဲနဲ့သေ’
‘မင်းတို့ကိုယ့်အသက်ကိုယ်မနှမြောကြဘူးလားဟမ်...မင်းတို့ကို မအေးအေးဝင်းစီစဉ်ထားတာလားကွ’
ရှလင်အသေလာခံသောအမြောက်စာတစ်သိုက်အားကြည့်ကာ သူ့နှဖူးကိုသာအုပ်ကိုင်လိုက်သည်။ထို့နောက်ကိုယ့်စကားနှင့်ကိုယ်မည်သည်ကိုသဘောကျ၍ရယ်နေမှန်းမသိသောအုပ်စုခေါင်းဆောင်နှင့်သူတို့ခေါင်းဆောင်၏စကားကိုလိုက်၍ရယ်နေသောလူငါးယောက်အုပ်စုရှေ့သို့ရှလင်လေဟာနယ်လျှောက်လှမ်းခြင်းကိုသုံးကာဖြတ်ကနဲ့နေရာကူးပြောင်းလိုက်သည်။
ထို့နောက်ရှလင်၏လက်သီးသည်ထိုထွားကြိုင်းလှသောခေါင်းဆောင်၏ဝမ်းဗိုက်တည့်တည့်သို့တိုးဝင်သွားသည်။ရုတ်တရက်အဖြစ်အပျက်ကြောင့်ရှလင်၏တိုက်ခိုက်မှုအားမရှောင်တိမ်းလိုက်နိုင်သောထိုအုပ်စု၏ခေါင်းဆောင်သည်ပေ၅၀အကွာသို့လွင့်ထွက်သွားပြီးထိုနေရာရှိသစ်ပင်နှင့်စောင့်မိကာမြေပြင်သို့ပြုတ်ကျပြီးလှုပ်ရှားမှုကင်းမဲ့သွားသည်။
အဖြစ်အပျက်များသည်အလွန်မြန်ဆန်လွန်းသည့်အတွက်အခြားသူများသည်ယခုထိတိုင်မလှုပ်မယှက်ကြောင်အစွာရှလင်အားဝိုင်းကြည့်နေကြသည်။ရှလင်ထိုကြောင်အနေသေးသည့်လူထွားကြီး၏အဖွဲ့သားများအားကြည့်ကာမျက်လုံးလှည့်လိုက်မိသည်။
‘မင်းတို့ခေါင်းဆောင်တောင် သေလားရှင်လားမသိတာကို မင်းတို့ကမပြေးဘဲနဲ့ငါ့ကိုကြည့်နေနိုင်သေးတယ်ပေါ့လေ’
ရှလင်၏လက်များသည်ယခုအခါတွင်အတွေးများထက်မြန်ဆန်နေကာထိုကြောင်အနေသေးသည့်အဖွဲ့သားများထံသို့လျှပ်တပြက်ကူးပြောင်းကာလက်သီးချိုချိုလေးဖြင့်သူတို့အားအရပ်လေးမျက်နှာသို့ပို့ဆောင်ပေးလိုက်လေသည်။
ရှလင်သည်ထိုဝိဉာဉ်ဆရာငါးယောက်အားသင်ခန်းစာပေးပြီသည်နှင့်နောက်ထပ်လှည့်မကြည့်တော့ပေ။သေတာရှင်တာသည်သူတို့၏ကံဖြစ်သည်။
‘ဟမ့် အမြောက်စာလေးတွေ..မင်းတို့ကိုငါဆုံးမလိုက်တာသက်သာသွားတယ်ကွ’
‘ငါရဲ့တပည့်အဓိကဇာတ်ဆောင်လက်ချက်သာမိရင်တစ်ခါထည်းသေကြမှာ’
ရှလင်သူ့လုပ်ရပ်ကအမြောက်စာများအတွက်သက်ညှာသည့်လုပ်ရပ်ဟုတွေးကာသူ့လက်ချက်ဖြင့်မြေပြင်ပေါ်တွင်မလှုပ်မယှက်လှဲနေကြသောအဖွဲ့အားထားကာထန်စန်းနှင့်သာရှီးဆီသို့ပြန်လာလိုက်သည်။
ရှလင်သူ့နဂိုရပ်နေသောနေရာသို့ပြန်ရောက်သည်နှင့်သူ့အားဦးတည်လာသောသာရှီးနှင့်ထန်စန်းတို့၏အကြည့်အားမြက်လိုက်ရသည်။သာရှီးမှာသူ့အားအနညးငယ်အံ့ဩကာစူးစမ်းသောအကြည့်ဖြင့်ကြည့်နေပြီးထန်စန်းကမူသူ့အားဘလင်းဘလင်းထနေသောမျက်လုံးများဖြင့်စူပါအိုင်ဒေါတစ်ယောက်ကဲ့သို့ကြည့်နေလေသည်။
သာရှီးအနေဖြင့်ရှလင်သည်သူ့ထက်သန်မာသည်ကိုသတိထားမိသော်လည်းအဆင့်၃၀ကျော်ဝိဉာဉ်ဂရမ်းမာစတာတစ်ယောက်ဦးဆောင်သောအဖွဲ့တစ်ခုအားအလွယ်တကူအနိုင်ယူနိုင်လိမ့်မည်ဟုမထင်ထားပေ။သူရှလင်၏သန်မာမှုကိူပြန်လည်တွက်ချက်ရမည့်ပုံစံပင်။
ထန်စန်း၏အတွေးများကတော့ရိုးရှင်းပါသည်။သူ၏တစ္ဆေအရိပ်ခြေလှမ်းများထက်မြန်ဆန်သောလှုပ်ရှားမှုကိုရှလင်မှအသုံးပြုလိုက်သဖြင့်ရှလင်ထံမှထိုပညာအားသိချင်စိတ်ဖြင့်ရှလင်အားကြည့်နေခြင်းဖြစ်သည်။
ရှလင်ထိုအကြည့်နှစ်စုံအားမြင်းလိုက်သည့်နှင့်သူ့ကိုယ်သူမလုံမလဲဖြင့်ခန္ဓာကိုယ်အားစစ်ကြည့်လိုက်သည်။တစ်ခုခုများပေနေသည်လားဟူ၍ပင်။
သူ့ကိုယ်တွင်မည်သည့်မှမှားနေသည်ကိုမတွေ့သည့်အပြင်ယခုအချိန်ထိသူ့အားစူးစိုက်ကြည့်နေသေးသောသာရှီးတို့အားကြည့်ကာရှလင်အနည်းငယ်ကျောတွန့်သွားပြီးသာရှီးတို့အားဂရုမစိုက်တော့ဘဲရှေ့မှဦးဆောင်သွားလေသည်။
‘မင်းတို့နှစ်ယောက်ကငါ့ကိုဘာလို့လာကြည့်နေတာလဲကွ...ယောက်ျားလေးအချင်းချင်းအဲ့လိုကြီးလာကြည့်နေလို့မရဘူးဆိုတာမသိဘူးလားကွ....’
ရှလင်ရှေ့မှဦးဆောင်ထွက်သွားသည်နှင့်သူ့အားမေးခွန်းများမေးရန်စောင့်နေသောသာရှီးနှင့်ထန်စန်းတို့လည်းသူတို့မေးခွန်းများအားပြန်မျိုချကာရှလင်နောက်သို့မှီအောင်လိုက်ရတော့သည်။
ထိုသို့ဖြင့်ရှလင်တို့သုံးယောက်လမ်းလျှောက်လာသည်မှာအမဲလိုက်တောအပြင်စည်း၏သုံးပုံတစ်ပုံခန့်သို့ရောက်ချိန်တွင်သာရှီး၏သိုင်းဝိဉာဉ်လော့စန်းပေါက်သည်တော၏တစ်နေရာသို့ကြည့်ကာမာန်ဖီလိုက်သည်ကိုတွေ့လိုက်ရသည်။