← Chapters

အခန်း (၂၁)

Vol. 2 Ch. 21

အခန်း (၂၁)

Vol. 2 Ch. 21

အပိုင်း ၂၁

ရှလင်တို့အမဲလိုက်တော၏အတွင်းပိုင်းသို့စဝင်ပြီးခဏအကြာတွင်လော့စန်းပေါက်၏မာန်ဖီသံကိုကြားလိုက်သဖြင့်ထိုနေ‌ရာသို့အကြည့်များပို့လိုက်ကြသည်။ထိုနေရာတွင်ရှိနေသည်မှာဆယ်နှစ်သက်တမ်းရှိသောအထီးကျန်ဝါးပင်တစ်ပင်သာဖြစ်၍စိတ်ပျက်သွားကြသည်။

ရှလင် သာရှီး၏သိုင်းဝိဉာဉ်လော့စန်းပေါက်အားအထင်သေးစွာကြည့်လိုက်သည်။ထိုလော့စန်းပေါက်သည်အလင်နဂါး၏ချို့ယွင်းထုတ်ကုန်ဖြစ်သော်လည်းနဂါးတစ်ကောင်ဖြစ်ဆဲပင်။ထို့ကြောင့်ထွက်မပြေးနိုင်မတိုက်ခိုက်နိုင်သောဝါးတစ်ပင်ကိုမာန်ဖီနေခြင်းမှာနဂါးတို့၏သိက္ခာကြိချနေခြင်းဖြစ်သည်။

‘ဒီကောင်ကဦးနှောက်ပါချို့ယွင်းနေတာလားဟ ဘာလို့ရန်မပြုနိုင်တဲ့ဝါးပင်ကိုရန်ရှာနေတာလဲ’

‘မင်းကတွေ့ရာမြင်ရာပတ်ဟောင်တတ်တဲ့ခွေးလားဟ’

ထို့နောက်ရှလင်ထိုလော့စန်းပေါက်အားမသိသလိုသာနေလိုက်သည်။အခြားသူတွေသာသူ့ကိုလာမေးလျှင်ထိုအကောင်အား နဂါးတစ်ကောင်ဟုရှလင်ပြောလိမ့်မည်မဟုတ်ချေ။

ဆယ်နှစ်သက်တမ်းရှိအထီးကျန်ဝါးပင်သည်ထန်စန်းအတွက်မသင့်လျော်သောကြောင့်ရှလင်တို့တောအတွင်းပိုင်းတို့ခရီးထပ်ဆက်ကြလေသည်။

ညနေ နေဝင်သွားသည်အထိရှလင်တို့ရှာသော်လည်းထန်စန်းအတွက်လိုက်ဖက်မည့်ဝိဉာဉ်သားရဲကိုမရှာနိုင်သေးချေ။ထို့ကြောင့်သူတို့အမဲလိုက်တောထဲ၌သာညအိပ်ရပေမည်။သို့သော်ထန်စန်း ဝိဉာဉ်ကွင်းမရမည်ကိုရှလင်မစိုးရိမ်။ဇာတ်ကြောင်းများကြိုတင်သိထားသည့်ရှလင်အနေ‌ဖြင့်ထန်စန်း၏ဝိဉာဉ်ကွင်းများအားလုံးကိုသိရှိပေသည်။

အရိပ်ရသောအပင်ကြီးများအောက်တွင်ရှလင်တို့သုံးယောက်အနားယူလိုက်ကြသည်။ရှလင်နှင့် သာရှီးတို့အနားယူနေစဉ် ထန်စန်းကတော့သာရှီးပေးထားသည့်သားရဲနှင်အမှုန့်များကို‌ လိုက်ဖြန်းနေသည်။

အနားယူနေရင်းရှလင်ယနေ့အတွက်လက်မှတ်ထိုးမဝင်ရောက်ရသေးမှန်းရှလင်သတိရသွားသည်။ထို့ကြောင့်ရှလင်စနစ်အားလက်မှတ်ထိုးဝင်ခိုင်းလိုက်သည်။

“စနစ်...အမဲလိုက်တောမှလက်မှတ်ထိုးဝင်ရောက်ပါ”

“ဒင်!...နော်ဒင်မြို့မြောက်ဘက်ရှိ ဝိဉာဉ်အမဲလိုက်တောတွင်လက်မှတ်ထိုးဝင်ရောက်နေပါသည်”

“ဂုဏ်ယူပါတယ်..ပိုင်ရှင်သည်..နှစ်သိန်းပိုင်းအောက်သားရဲများအားနှင်ထုတ်နိုင်သော သားရဲနှင်ဆေးမှုန့်×100ကိုရရှိပါသည်”

ရှလင်စိတ်ပျက်သွားမိသည်။သူသည်နှစ်သိန်းပိုင်းသားရဲတစ်ကောင်ဖြစ်၍သူ့အငွေ့အသက်ရှိသောနယ်မြေအတွင်းသို့တော်ရုံနှစ်သိန်းပိုင်းသားရဲများပင်မလာရဲချေ။ထို့ကြောင့်ထိုဆေးမှုန့်သည်သူ့အတွက်အသုံးမဝင်ချေ။

ထို့ကြောင့်ထိုသားရဲနှင်ဆေးမှုန့်များအားထန်စန်းကိုပေးလိုက်သည်။

“ထန်စန်း...မင်းဆရာကမင်းအတွက်ဒီဆေးမှုန့်တွေကိုပေးမယ်”

“ဒီဆေးမှုန့်သာဖြန်းထားရင် မင်းနားကိုနှစ်တစ်သိန်းအောက်မှာရှိတဲ့ဝိဉာဉ်သားရဲတွေမလာရဲ‌ဘူး”

“ကျေးဇူးတင်ပါတယ်...ဆရာ”

ထန်စန်း သူ့ဆရာပေးသည့်လက်ဆောင်ကိုမငြင်းဘဲယူလိုက်သည်။ထိုအရာသည်နောင်တစ်ချိန်တွင်သူ့အတွက်အသုံးဝင်နိုင်သည်။

“ဆရာနဲ့တပည့်ကြားကျေးဇူးတင်စရာမလိုပါဘူးကွာ”

ရှလင်ပြောပြီးနောက်သူ့တပည့်ကိုကြည့်ကာကျေနပ်နေသည်။ဘယ်လောက်တောင်ဆရာအပေါ်သိတတ်ပြီးယဉ်ကျေးလိုက်တဲ့တပည့်လေးလဲ။

ရှလင် ထန်စန်းအားစိတ်ထဲမှချီးကျူးနေစဉ်ရုတ်တရက်သူ့အမူအယာပြောင်းလဲသွားသည်။ရှလင်စိတ်အာရုံဖြင့်ကြည့်လိုက်သောအခါသူတို့ဘက်သို့ဦးတည်လာနေသောဝိဉာဉ်သားရဲအုပ်လိုက်ကြီးကိုတွေ့လိုက်ရလေသည်။ထို့ကြောင့်ရှလင် သာရှီးနှင့်ထန်စန်းတို့ကိုဆွဲခေါ်ပြီးအနီးရှိသစ်ပင်တစ်ပင်ပေါ်သို့တက်လိုက်လေသည်။

ရှလင်တို့သစ်ပင်ပေါ်ရောက်ပြီးခဏအကြာတွင်သူတို့ရှိနေသည့်သစ်ပင်အောက်မှဆယ်နှစ်သက်တမ်းဝိဉာဉ်သားရဲမှစ၍နှစ်ထောင်ပိုင်းသက်တမ်းရှိသောဝိဉာဉ်သားရဲမျာူထိပါသောသာရဲအုပ်ကြီးဖြတ်ကျော်သွားလေသည်။

ရှလင်စိတ်ထဲရှုပ်ထွေးသွားသည်။ဤအမဲလိုက်တောအတွင်းတွင်နှစ်ထောင်ပိုင်းသားရဲများမှာအလွန်ရှားပါးပြီးတောအတွင်းပိုင်း၌သာနေလေသည်။ယခုသူတို့ရောက်နေသည့်နေရာသည်တော၏အပြင်ဘက်ပိုင်းတွင်သာဖြစ်သည်။

ထို့ကြောင့်ဤကဲ့သို့သက်တမ်းထောင်ချီသားရဲများကိုတောအပြင်ပိုင်းတွင်တွေ့ဖို့မဖြစ်နိုင်ပေ။ထို့အပြင်သားရဲများသည်တစ်ခုခုကိုကြောက်လနိ့နေသည့်ပုံစံဖြင့်ထွက်ပြေးနေခြင်းဖြစ်ကြောင်းရှလင်သတိထားမိသည်။

‘တောအတွင်းပိုင်းမှာတစ်ခုခုတော့ဖြစ်နေပြီထင်တယ်’

ထန်စန်းနှင့်သာရှီးတို့နှစ်ယောက်အစာပြေစားရန်ပြင်ဆင်နေချိန်တွက်ရှလင်ကသူတို့အားဆွဲ၍သစ်ပင်ပေါ်သို့ဆွဲခေါ်ခြင်းခံလိုက်ရသဖြင့်ကြောင်အကာရှလင်နောက်သို့ပါသွားလေသည်။

သူတို့သတိဝင်လာသောအခါတွင်သူတို့ခြေထောက်အောက်မှသစ်ပင်ကြီးမှာတုန်ခါနေပြီးအဝေးမှလည်းသားရဲအော်သံများကိုကြားလိုက်ရသည်။ထို့နောက်သူတို့ စောနကထိုင်နေသောနေရာသို့သားရဲများအုပ်လိုက်ကြီးဖြတ်ကျော်သွားသည်ကိုမြင်လိုက်ရသဖြက့်နှစ်ယောက်လုံး ခန္ဓာကိုယ်မှ မွှေးညှင်းများထောင်လာသည်ကိုခံစားလိုက်ရသည်။

အကယ်၍သူတို့ကိုသာရှလင်ဆွဲမခေါ်ခဲ့ပါကသူတို့သားရဲများ၏အောက်တွင်စိစိညက်ညက်ကြေသွားနိုင်လေသည်။ထို့ကြောင့်ရှလင်အားသူတို့နှစ်ယောက်ကျေးဇူးတင်ငည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

သို့သော်ရှလင်မှာတော့သူတို့၏အကြည့်အားဂရုမစိုက်အားသေးချေ။ဤသို့သားရဲများထွက်ပြေးနေရသည့်အဓိကအကြောင်းအရာကိုသူသိချင်နေသည်။သို့သော်ထန်စန်းနှင့်သာရှီးကိုလည်း သည်အတိုင်းထားခဲ့လို့မရချေ။

ရှလင်ရုတ်တရက်အကြံတစ်ခုရသွားပြီးထန်စန်းတို့ကိုမှာကာသားရဲအုပ်၏နောက်သို့လိုက်သွားလေသည်။

“လူအိုကြီး..ထန်စန်းကိုသေချာစောင့်ရှောက်ထားလိုက်ဦး”

“ကျုပ် သားရဲအုပ်နောက်ကိုလိုက်သွားဦးမယ်”

“လုံခြုံတဲ့နေရာတစ်နေရာရှာပြီးစောင့်နေပါ ကျုပ်ပေးထားတဲ့ဆေးမှုန့်ကိုလည်းဖြန်းထားဦး”

“နောက်မှကျုပ်...ခင်ဗျားတို့ကိုလာပြန်ရှာမယ်”

ရှလင်ထိုသို့ပြောပြီးနောက်သာရှီးတို့ကိုချန်ကာသားရဲအုပ်၏နောက်သို့လိုက်သွားလေသည်။ရှလင်၏အမြန်နှုန်းကြောင့်သာရှီးတို့အရိပ်တစ်ခုအဖြစ်သာမြင်လိုက်ရပြီးပြန်ကြည့်သောအခါရှလင်မရှိတော့ချေ။

ရှလင် သားရဲအုပ်ကိုမှီသွားသောအခါထိုသားရဲအုပ်သည်နော်ဒင်မြို့ဘက်သို့ဦးတည်နေကြောင်းတွေ့လိုက်ရလေသည်။သားရဲအုပ်၏အင်အားအရနော်ဒင်မြို့ကိုဝင်ရောက်တိုက်ခိုက်လျှင်နော်ဒင်မြို့တစ်မြို့လုံးပျက်စီးနိုင်သည်။မြို့ငယ်လေးတစ်မြို့သာဖြစ်သောနော်ဒင်မြို့တွင်စွမ်းအားအကြီးဆုံးဝိဉာဉ်ဆရာသည်ဝိဉာဉ်ဂရမ်းမာစတာအဆင့်သာရှိလေသည်။

ဝိဉာဉ်ဂရမ်းမာစတာအဆင့်သာမကထိုထက်မြင့်သောဝိဉာဉ်ဘိုးဘေးသည်ပင်ဤသားရဲအုပ်နှင့်တွေ့ပါကထွက်ပြေးရမည်သာ။ထို့ကြောင့်ရှလင် သာရဲများအားလမ်းကြောင်းလွှဲရန် သူ၏နှစ်တစ်သိန်းသားရဲရောင်ဝါအားဖွင့်ချကာ သားရဲအုပ်ရှေ့သို့ခုန်ချလိုက်လေသည်။

“ဝုန်းးးးးးးးးးး”

“ကျိ!!!!!!!!”

“ရွှီးးးးးးး”

ရှလင်သားရဲအုပ်ရှေ့သို့ခုန်ချလိုက်သည်နှင့်ရှလင်၏ရောင်ဝါကြောင့်ကြောက်လန့်ကာအခြားတစ်ဖက်သို့ဦးတည်ချက်ပြောင်းပြီးပြေးကြလေသည်။

ရှလင်ဦးတည်ချက်ပြောင်းသွားသောသားရဲအုပ်အားကြည့်ကာကျေနပ်သွားသည်။လူသားများနှင့်ဝိဉာဉ်သားရဲတို့တိုက်ခိုက်ကြလျှင်နှစ်ဖက်စလုံးသေကြေပျက်စီးကာအထိနာကျလေသည်။လူသားရောသားရဲပါဖြစ်ဖူးသည့်ရှလင်အနေဖြင့်နှစ်ဖက်စလုံးကိုမထိခိုက်စေချင်ပေ။

ရှလင်ပြေးသွားသည့်သားရဲအုပ်အားတစ်ချက်ကြည့်လိုက်သည့်အခါထန်စန်း၏ပထမဝိဉာဉ်ကွင်းဖြစ်လာမည့် မန်ထော်လော်မြွေအားတွေ့လိုက်ရသည်။ထို့ကြောင့် ထိုမြွေအနီးသို့လျှပ်တစ်ပြက်ကူးပြောင်းလိုက်ကာ အသက်မျှင်းမျှင်းလေးကျန်ရုံအထိ အင်အားကိုထိန်းကားထိုးချလိုက်သည်။

ရှလင်၏ထိုးချက်ကြောင့်မန်ထော်လော်မြွေမှာ သူ့အားမည်သူတိုက်ခိုက်လိုက်သည်ကိုပင်မသိလိုက်ရဘဲ အမှောင်ထုထဲကျရောက်သွားလေသည်။

ရှလင်သူ့လက်ဆကိုကြည့်ကာခေါင်းငြိမ့်လိုက်သည်။

‘မဆိုးဘူး..အင်အားထိန်းတာတော်တယ် တစ်စစီဖြစ်မသွားဘူး’

ထို့နောက် တီကောင်သေတစ်ကောင်ကဲ့သို့ဖြစ်နေသောမာန်ထော်လောမြွေအား အမြှီးမှဆွဲကာထန်စန်းတို့ဆီသို့ပြန်လာခဲ့လေသည်။

All Chapters