အခန်း (၂၂)
Vol. 2 Ch. 22
အပိုင်း ၂၂
“ဘုတ်!!!”
ထန်စန်းနှင့်သာရှီးတို့ လုံခြုံမည်ဟုယူဆရမည့်နေရာတစ်ခုတွင် သားရဲနှင်ဆေးမှုန့်များဖြန်းကာ ထိုင်မည်ဟုကြံနေစဉ်တွင် သူတို့ရှေ့သို့ ပြုတ်ကျသံတစ်ခုနှင့်အတူ မြွေတစ်ကောင်ကျလာလေသည်။
ရုတ်တရက်အဖြစ်အပျက်ကြောင့်သာရှီးကသူ့သိုင်းဝိဉာဉ်ကိုဆင့်ခေါ်လိုက်ပြီးတိုက်ခိုက်ရန်အသင့်ဖြစ်နေလေသည်။သို့သော် သူတို့ရှေ့ရှိ မန်ထော်လောမြွေမှာ မြေပြင်ပေါ်တွင်မလှုပ်မယှက်ရှိနေဆဲဖြစ်သည်ကိုတွေ့လိုက်ရသည်။
“ဟားဟားဟား...လူအိုကြီး ခင်ဗျားကအရမ်းကြောက်တတ်တာဘဲ ဟားဟားဟားဟား...”
သူတို့နောက်ရှိသစ်ပင်ပေါ်မှရယ်သံတစ်ချက်ကြားလိုက်ရပြီးရှလင်ထိုသစ်ပင်ပေါ်မှခုန်ဆင်းလာလေသည်။ရှလင်ကိုတွေ့သည်နှင့်ထန်စန်း၏စိတ်သက်သာရနေသောအသံနှင့်ပျော်ရွှင်နေသည့်အသံပေါင်းပြီးထွက်ပေါ်လာလေသည်။
“ဆရာ....ပြန်လာတာကောင်းလိုက်တာ..ဘာမှမဖြစ်ဘူးမလား”
“ဟားဟားဟား..ငါ့တပည့်လေးကအရမ်းသိတတ်တာဘဲကွာ”
“ဆရာဘာမှမဖြစ်ပါဘူးးး...ဆရာ့ကိုထိလိုက်အောင်လုပ်နိုင်မယ့်သူ ဒီနေရာမှာမရှိသေးဘူး”
ထို့နောက်ရှလင် အသက်မြော့မြော့သာကျန်တော့သည့် သူ့ဘေးရှိမြွေကိုလက်ညိုးထိုးပြီးပြောလိုက်သည်။
“ရှောင်စန်း ဒါဆရာမင်းအတွက်ယူလာတဲ့ဝိဉာဉ်ကွင်းဘဲ”
“မြန်မြန်သတ်ပြီး စုပ်ယူလိုက်”
“ဟုတ်ကဲ့ပါ ဆရာ”
ရှလင်၏အပြောကိုထန်စန်းအမြန်တုံ့ပြန်လိုက်သည်။သို့သော်ရှလင်မေ့နေသည်မှာထန်စန်းသည်သူ့လိုစနစ်ဖြင့်ဝိဉာဉ်ကွင်းများတိုက်ရိုက်မတပ်ဆင်နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့်ယခုအခြေအနေသည် ထန်စန်းမှရှလင်အားဝိဉာဉ်ကွင်းမည်သို့စုပ်ယူနည်းသင်ပေးမည်ဟုထင်ကာရှလင်အားမျှော်လင့်တကြီးကြည့်နေပြီး ရှလင်မှလည်းထန်းစန်းအားမြွေကိုသတ်ပြီးဝိဉာဉ်ကွင်းမသိမ်းယူဘဲအဘယ့်ကြောင့်သူ့အားကြည့်နေသနည်းဟုတွေးနေသည်။
ထို့ကြောင့်ရှလင်နှင့်ထန်စန်းကြားရှိလေထုမှာကို့ရို့ကားယားနိုင်နေလေသည်။ရှလင် ဖြစ်ပျက်နေသောအခြေအနေကြောင့် ခဏမျှစဉ်းစားလိုက်ရပြီး တစ်ခုခုကိုသတိရသွားလေသည်။သူသည်စနစ်ကြောင့်ဝိဉာဉ်ကွင်းများကိုအလုပ်အရှုပ်ခံပြီးသိမ်းယူစရာမလိုဘဲ တိုက်ရိုက်တပ်ဆင်နိုင်လေသည်။သို့သော်ထန်စန်းတွင် စနစ်မရှိ၍တိုက်ရိုက်မတပ်ဆင်နိုင်ဘဲ ဝိဉာဉ်ကွင်းသိမ်းယူနည်းအတိုင်းသိမ်းယူရလေသည်။
ရှလင် ဝိဉာဉ်ကွင်းသိမ်းယူသည့်နည်းလမ်းကိုမသိသောကြောင့် သူ့ဘေးရှိအသုံးမဝင်သောလူအိုကြီးသာရှီးအားလှည့်ကြည့်လိုက်သည်။ရှလင်၏အကြည့်ကိုဖတ်တတ်သကဲ့သို့သာရှီး တစ်ယောက်သက်ပြင်းချကာ ထန်စန်းကိုမန်ထော်လောမြွေရှိရာသို့ ခေါ်လိုက်ပြီး သိမ်းယူနည်းစနစ်ကိုပြောပြရတော့သည်။
မန်ထော်လေမြွေရှေ့တွင် ထန်စန်းကိုသာရှီးကဓားမြှောင်တစ်ခုထုတ်ပေးပြီး မြွေကိုကုယ်တိုင်သတ်ခိုင်းလေသည်။ရှလင်လည်းဝိဉာဉ်ကွင်းသိမ်းယူမှုနှင့်ပတ်သတ်ပြီး အနည်းငယ်တော့သိလေသည်။ဝိဉာဉ်သားရဲများသည်အလွန်မာနကြီးကာသူတို့၏ဝိဉာဉ်ကွင်းများကိုအလွယ်တကူသိမ်းယူခွင့်မပြုချေ။
တစ်ခါတစ်လေ လွတ်လမ်းမရှိတော့လျှင် သူတို့၏ဝိဉာဉ်ကွင်းများကိုဖောက်ခွဲပစ်ကာရန်သူကိုပါအပါခေါ်တတ်ကြသည်။ထို့ပြင်ဝိဉာဉ်သားရဲကိုဝိဉာဉ်ကွင်းသိမ်းယူမည့်ဝိဉာဉ်ဆရာကိုယ်တိုင်ကိုယ်ကျသတ်ရသည်။ထိုသို့မဟုတ်လျှင်ဝိဉာဉ်သားရဲ၏အကြွင်းအကျန်စိတ်ဆန္ဒမှအပြင်းအထန်တွန်းကန်မှုကိုခံရပေလိမ့်မည်။ဝိဉာဉ်သားရဲအားကိုယ်တိုင်သတ်ရခြင်းသာ်ဝိဉာဉ်ဆရာတို့အတွက်စမ်းသပ်မှုတစ်ခုဆိုလျှင်လည်းမမှားချေ။
“ထန်စန်း...မင်းသိမ်းယူမယ့်ဝိဉာဉ်သားရဲကို မင်းကိုယ်တိုင်သတ်ရမယ်ဆိုတာ မှတ်ထားပါ”
“ရော့..ဒီဓားကိုယူပြီးသတ်လိုက်”
“ဟုတ်ကဲ့ပါ..ဆရာ”
ကူးပြောင်းလာသူတစ်ယောက်ဖြစ်သည့်ထန်စန်းအနေဖြင့်လူတောင်သတ်ဖူးသည်ဖြစ်ရာဝိဉာဉ်သားရဲတစ်ကောင်ကိုသတ်ဖို့ဆိုသည်မှာအလွယ်လေးပင်ဖြစ်သည်။သူသာရှီးဆီမှဓားမြှောင်ကိုယူလိုက်ပြီးမြွေကိုသတ်ရန်ပြင်လိုက်သည်။
“ရှောင်စန်း...မြွေရဲ့အားနည်းချက်ကသူ့မျက်လုံးဘဲ “
သာရှီး၏စကားကိုထန်စန်းတုံ့ပြန်သည့်အနေဖြင့်ခေါင်းငြိမ့်ပြလိုက်ပြီး မြွေ၏မျက်လုံးကိုဓားမြှောင်ဖြင့်ထိုးချလိုက်သည်။
ထန်စန်း၏ဓားချက်ကြောင့်အသက်မြော့မြော့သာကျန်တော့သောမြွေမှာတစ်ခါနှစ်ခါလောက်တွန့်သွားပြီးနောက်ငြိမ်ကျသွားလေသည်။မန်ထော်လောမြွေသေသွားသည်နှင့်မြွေ၏ကိုယ်မှအဝါရောင်အလင်းတန်းများနှင့်အတူ အဝါရောင်ဝိဉာဉ်ကွင်းတစ်ခုထွက်ပေါ်လာလေသည်။
ဝိဉာဉ်ကွင်းထွက်ပေါ်လာသည်နှင့်သာရှီး၏ညွှန်ကြားချက်များကလည်းတစ်ဆက်ထည်းထွက်ပေါ်လာသည်။
“ထန်စန်း..မင်းရဲ့သိုင်းဝိဉာဉ်ကိုထုတ်ဖော်လိုက်”
“ပြီးရင်သိုင်းဝိဉာဉ်အပေါ်မှာအာရုံစိုက်ထားပြီး မင်းရဲ့ဝိဉာဉ်စွမ်းအားနဲ့ ဝိဉာဉ်ကွင်းကိုဆွဲယူလိုက်”
ထန်စန်းကလည်းမနှေးချေ။သာရှီး၏ညွှန်ကြားချက်ကိုအမှီလိုက်လုပ်လေသည်။ထန်စန်း ခြေချိတ်ကာထိုင်ချလိုက်ပြီးသူ၏သိုင်းဝိဉာဉ်ငွေပြာရောင်မြက်ကိုထုတ်ဖော်ကာသာရှီး၏စကားအတိုင်လုပ်ဆောင်နေပြီဖြစ်သည်။
“အသက်ကိုမှန်မှန်ရှူ ပြီးတော့ဝိဉာဉ်ကွင်းကိုသိမ်းယူလိုက်”
“မင်းရဲဝိဉာဉ်ကွင်းကဘယ်လိုတိုက်ခိုက်မှုတွေပေးပါစေ အာရုံမပျက်စေနဲ”
သာရှီး၏ညွှန်ကြားချက်များပြီးသည်နှင့်ထန်စန်းဝိဉာဉ်ကွင်းသိမ်းယူနေသည့်အခြေအနေသို့ရောက်ရှိကာငြိမ်သက်သွားလေသည်။
ရှလင် သူ့ရှေရှိနှစ်လေးရာကျော် သာသက်တမ်းရှိသည့်ဝိဉာဉ်ကွင်းအား သေရေးရှင်ရေးအခြေအနေဖြင့်သိမ်းယူနေသောသူနှင့်အဆက်မပြတ်ညွှန်ကြားနေသောသူနှစ်ယောက်အားကြည့်ကာ စိတ်မောသွားရသည်။သူသာထိုကဲ့သို့ဝိဉာဉ်ကွင်းများကိုသိမ်းယူရမည်ဆိုလျှင် မတွေးရဲစရာပင်။
ထန်စန်း၏အခြေအနေတည်ငြိမ်သွားသည်နှင့်သာရှီး ရှလင်အနားသို့ပြန်ရောက်လာကာရှလင်ဘေးရှိနေရာလွတ်တွင်ဝင်ထိုင်လိုက်သည်။
“မင်းငါ့ကိုပြောစရာရှိသေတယ်မလား”
“ပြီးတော့ဝိဉာဉ်သားရဲအုပ်နဲ့လည်းဆိုင်တယ်မလား”
ရှလင်၏စိတ်အားခန့်မှန်းနိုင်သကဲ့သို့သာရှီး၏စကားသံထွက်ပေါ်လာသည်။သို့သော်ရှလင်မအံ့ဩပေ။ဤကဲ့သို့မပါးနပ်လျှင်သာရှီးသည်ထန်စန်း၏ဆရာဖြစ်လာစရာမရှိပေ။ရှလင် ဟုတ်မှန်ကြောင်းခေါင်းငြိမ့်ကာတုန့်ပြန်လိုက်သည်။
“ဟုတ်တယ်..ခင်ဗျားလည်းသိပါတယ် ဒီလိုသက်တမ်းရင့်သားရဲတွေက အမဲလိုက်တောအတွင်းပိုင်ကနေအပြင်ကိုမထွက်ဘူးဆိုတာကို”
“ကျုပ် စိတ်ထင် တောအတွင်းပိုင်းမှာတစ်ခုခုဖြစ်နေပြီထင်တယ်”
“အဲ့တာကြောင့် ကျုပ်သွားစုံစမ်းမလို့”
“အကယ်၍ ထန်စန်းနိုးလာလို့ကျုပ်ပြန်မရောက်သေးရင် ခင်ဗျားထန်စန်းကိုခေါ်ပြီး အကယ်ဒမီကိုပြန်နှင့်ပါ”
“ကောင်းပြီ”
“ဂရုစိုက်ပါ” သာရှီး၏ပြန်ဖြေသံထွက်လာသည်။
ရှလင်သာရှီးအားခေါင်းငြိမ့်ပြလိုက်ပြီး လေဟာနယ်ခြေလှမ်းများကိုသုံးကာ ဝိဉာဉ်အမဲလိုက်တော၏အတွင်ပိုင်းဒေသသို့ဦးတည်ကထွက်လာလိုက်သည်။