← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

အပိုင်း ၂၄

“မင်းကများ အရှင်မင်းကြီးရဲ့ သားရဲကိုလုယူရဲတယ်ပေါ့”

“သေလိုက်စမ်းးးးးးး”

ရှလင်၏ချုပ်နှောင်ထားမှုမှလွတ်မြောက်သွားသည်နှင့် ဂန္ဓမာပန်းတုံ့လော်မှာ ရှလင်အားတိုက်ခိုက်လိုက်သည်။

သို့သော် ဂန္ဓမာပန်းတုံ့လော်၏ တိုက်ခိုက်မှုမှာနောက်ကျသွားပြီဖြစ်သည်။

“လေဟာနယ်ရွှေ့ပြောင်းခြင်း”

ရှလင်၏နောက်ကျောမှပလက်တီနမ်တောင်ပံများ ကဲ့သို့ အဖြူရောင်နဂါးတောင်ပံတစ်စုံထွက်ပေါ်လာကာ လေပေါ်သို့ပျံတက်သွားလေသည်။

“နောက်မှပြန်တွေ့ကြမယ်နော်..bye”

ထို့နောက် ရှလင်၏ပတ်လည်တွင် လေဟာနယ်စက်ကွင်းတစ်ခု ဖြစ်တည်လာကာ လေဟာနယ်ကိုထိုးခွဲ၍ ကာပျံသန်းသွားလေသည်။

နေရာတစ်ခုလုံးတိတ်ဆိတ်သွားသည်။သစ်တောအတွင်းရှိ ဝတ်ရုံနက် ၅ယောက်နှင့်ဂန္ဓမာပန်းတုံ့လော်တို့သည် ရှလင် လေဟာနယ်ကူးပြောင်းသွားသောနေရာသို့ကြည့်ကာငြိမ်သက်နေကြသည်။

ဝတ်ရုံနက်များအနေဖြင့် သူတို့အတွက်ဖြစ်ပျက်သွားသည်များမှာ မြန်ဆန်လှသည်။သူတို့ မြွေဖြူဖြင့် တိုက်ခိုက်ကာ အရေးနိမ့်နေသည့်အချိန်တွင် ဂန္ဓမာပန်းတုံ့လော်၏ တိုက်ခိုက်မှုကြောင့် မြွေဖြူဒဏ်ရာအပြင်းအထန်ရသွားသဖြင့် ထိုမြွေဖြူက သူ့ကိုယ်သူဖောက်ခွဲရန်ကြံလေသည်။

ထို့နောက် လူ‌တစ်ယောက်ပေါ်လာကာ ဂန္ဓမာအကြီးအကဲအား တိုက်ခိုက်ကာ မြွေဖြူအားကယ်တင်ပြီး ထိုလူသည်တောင်ပံများဖွင့်ကာ ပျံထွက်သွားလေသည်။

ထိုဖြစ်စဉ်များသည် တစ်ခဏအတွင်းဖြစ်ပျက်သွားသဖြင့်ဝတ်ရုံနက် လူငါးယောက်မှာလိုက်မမှီနိုင်အောင်ဖြစ်နေသည်။သို့သော် သူတို့ရှေ့ရှိ ဂန္ဓမာအကြီးအကဲ၏စိတ်အခြေအနေကြောင့် မမေးရဲဘဲ ငြိမ်နေရလေသည်။

ထိုအချိန်တွင် သူတို့အားလုံး ခြောက်ကပ်ကာ ဩရှရှနိုင်သောအသံကိုကြားလိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲ ဂန္ဓမာအိုကြီး”

ထိုအသံနှင့်အတူ သေခြင်းအငွေ့အသက်များဖုံးလွှမ်းနေသောလူတစ်ယောက် ဂန္ဓမာအကြီးအကဲ၏ရှေ့တွင်ပေါ်လာသည်။

“သရဲအိုကြီး....မင်းဘာလို့နောက်ကျနေတာလဲ”

ဂန္ဓမာတုံ့လော်အကြီးအကဲ ဒေါသတစ်ကြီးဖြင့် ထိုသေခြင်းအငွေ့အသက်များဖုံးလွှမ်းနေသော လူအားပြောလိုက်သည်။အကယ်၍ ရှလင်သာဤနေရာ၌ ရှိမည်ဆိုလျှင် ထိုသရဲအိုကြီးဆိုသူမှာ ဝိဉာဉ်ခန်းမ၏ ဘယ်ညာလက်ရုံးများမှ တစ်ယောက်ဖြစ်သော သရဲတုံ့လော်ဖြစ်သည်ကို မှတ်မိပေလိမ့်မည်။

ဝိဉာဉ်ခန်းမ၏ ပုပ်ရဟန်းမင်းကြီးအမိန့်အရ ဝိဉာဉ်ခန်းမ၏ဘယ်ညာလက်ရုံးများဖြစ်သော ဂန္ဓမာတုံ့လော်အကြီးအကဲနှင့်သရဲတုံ့လော်အကြီးအကဲတို့ နှစ်ဦးသား ကြယ်တာရာတောအတွင်းရှိ နှစ်သိန်းပိုင်းသားရဲများကိုအမဲလိုက်ရန်ထွက်လာခြင်းဖြစ်သည်။

သူတို့၏ကံသည်လည်းကောင်းလှသည်ဟူဆိုရမည်။ကြယ်တာရာတော၏ အတွင်းပိုင်းသို့စစဝင်ခြင်းမှာပင် ဝိဉာဉ်ခန်းမ၏ ဝိဉာဉ်ဆရာငါးယောက်သည် နှစ်တစ်သိန်းသားရဲအဖြစ်ဖွံ့ဖြိုးနေသော သားရဲတစ်ကောင်ကို တွေ့ရှိခဲ့ကြသည်။

ထို့‌ကြောင့် ထိုသားရဲအပြီးတိုင်မဖွံ့ဖြိုးမှီဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။သို့သော်နှစ်တစ်သိန်းသားရဲသည် နှစ်တစ်သိန်းသားရဲသာဖြစ်သည်။သူတို့အနေဖြင့်နိုင်အောင်မတိုက်နိုင်ဘဲ ထိန်းထားနိုင်ရုံသာရှိသည်။

ဤသို့ဖြင့် သူတို့လည်း အကြီးအကဲများကိုအကြောင်းကြားကာ သားရဲနောက်သို့မျက်ခြေမပျက်လိုက်ကာတိုက်ခိုက်ရင်း ဤနေရာသို့ရောက်ကာ ယခုအဖြစ်အပျက်များဖြစ်လာခြင်းပင်။

ယခုအချိန်သို့ပြန်သွားရလျှင်

သရဲတုံ့လော်မှာ ဂန္ဓမာတုံ့လော်၏ဒေါသတကြီး အခြေအနေကြောင့်မျက်မှောင်ကြုတ်သွားရသည်။ဂန္ဓမာတုံ့လော်သည်သူ့အားဒေါသထွက်သည်မှာရှားပါးလွန်း၍ဖြစ်သည်။ထို့ကြောင့် သံသယဖြစ်နေသောအသံဖြင့်မေးလိုက်သည်။

“ဂန္ဓမာအိုကြီး...ဘာတွေဖြစ်နေတာလဲ”

“ဝိဉာဉ်သားရဲကရောဘယ်မှာလဲ”

သရဲတုံ့လော်၏အမေးကြောင့်ဂန္ဓမာပန်းတုံ့လော်သူ၏ဒေါသများအားဖြေလျော့ပြီး ပြန်ဖြေလိုက်သည်။

“ဝိဉာဉ်သားရဲကလွတ်သွားပြီ”

“ဘယ်လို..ဝိဉာဉ်သားရဲကလွတ်သွားတယ်လား...ဘယ်လိုလွတ်သွားတာလဲ”

“တစ်ယောက်ယောက်ကကယ်ထုတ်သွားတာ”

“ဘယ်သူကကယ်ထုတ်သွားတာလဲ”

“ငါလဲမသိဘူး ....ငါသိတဲ့ဖုန်းဟောက်တုံ့လော်တွေထဲမဟုတ်ဘူး”

“သူ့ကြည့်ရတာအတော်လေးငယ်မယ့်ပုံဘဲ”

“ဒီကိစ္စက အရေးကြီးသွားပြီ...အရှင်မင်းကြီးဆီကိုအမြန်လျှောက်တင်ရမယ်”သရဲတုံ့လော်ပြောလိုက်သည်။

“အင်း...အဲ့တာဆိုလည်း ပြန်ဆုတ်ကြမယ်”

ဂန္ဓမာတုံ့လော်၏အပြောကိုသရဲတုံ့လော်ထောက်ခံလိုက်ကာသူတို့နောက်ရှိဝိဉာဉ်ဆရာငါးယောက်အားလှည့်ကာပြောလိုက်သည်။

“မင်းတို့တွေ ကျန်တဲ့အဖွဲ့တွေနဲ့ပြန်ပေါင်းပြီး...ပြန်လာခဲ့ကြ”

“ငါတို့အရင်သွားနှင့်မယ်”

“ဟုတ်ကဲ့ပါအကြီးအကဲတို့”

ဝိဉာဉ်ဆရာများ၏ပြန်ဖြေသံပြီးသည်နှင့် ဂန္ဓမာတုံ့လော်နှင့်သရဲတုံ့လော်တို့ဖြတ်ကနဲ့ပျောက်ကွယ်သွားလေသည်။

အကြီးအကဲများမရှိတော့သည်နှင့် ဝိဉာဉ်ဆရာငါးယောက်မှာ နဖူးမှချွေးများကိုသုတ်လိုက်သည်။တော်သေးသည် သူတို့အားအကြီးအကဲများမှအပြစ်မပေးချေ။

ထို့နောက် ဝတ်ရုံနက်ဝိဉာဉ်ဆရာငါးယောက်သည်လည်းထိုနေရာမှထွက်ခွာသွားလေသည်။

ဝတ်ရုံနက်များထွက်သွားပြီးသည်နှင့် တိုက်ပွဲဖြစ်ပွားရာနေရာသို့ အစောင့်ရဲမက်ဝတ်စုံများဝတ်ထားသော လူတစ်စုသည် မြန်မာဇာတ်လမ်းထဲမှ ရဲများဇာတ်သိမ်းမှရောက်လာသကဲ့သို့ပင် ရောက်ရှိလာကြသည်။သူတို့ရောက်လာသည့်အချိန်တွင် တိုက်ပွဲဖြစ်ပွားသည့်နေရာ၌မည်သူမျှမရှိတော့ချေ။

ရှလင်ဘက်တွင်

ရှလင်တစ်ယောက် ပထမဦးဆုံးလေဟာနယ်ရွှေ့ပြောင်းခြင်းကိုအသုံးပြုခြင်းဖြစ်သည်။ထို့ကြောင့် သူ၏ဝိဉာဉ်စွမ်းအားကိုမချိန်ဆနိုင်ဘဲ အားကုန်နီးပါးထုတ်သုံးမိလေရာ မည့်သည့်နေရာသို့ရောက်ရှိလာသည်ကို သူမခန့်မှန်းနိုင်တော့ပေ။

ရှလင်ရောက်ရှိနေသည့် နေရာသည်သားရဲများ ကင်းမဲ့နေပြီး အဆိပ်များဖုံ့လွှမ်းနေသော သစ်တောတစ်ခုဖြစ်သည်။

နဂါးတစ်ကောင်အနေဖြင့်ရှလင်သည့် ထိုအဆိပ်များအားခုခံနိုင်သော်လည်း ကြာရှည်လာလျှင် မကောင်းချေ။

ထို့ကြောင့် လေခြေလှမ်းများကိုအသုံးပြုကာ ဤအဆိပ်သစ်တောမှထွက်ပေါက်ရှာရတော့သည်။

ရှလင် နာရီဝက်ခန့်ရှာဖွေပြီးနောက် အဆိပ်ကင်းမဲ့နေသည့် သဘာဝဂူကြီးတစ်ခုကိုတွေ့လိုက်ရသည်။ထို့ကြောင့်ထိုဂူကြီးအတွင်းသို့ရှလင် ဝင်လိုက်သည်နှင့် ရှလင်၏သားရဲနှာခေါင်းသည် ပြင်းထန်သောဆေးပင်များ၏ရနံ့ကို ဂူ၏အတွင်းပိုင်းမှရရှိလိုက်သည်။

ထို့ကြောင့် ရှလင်ဂူအတွင်းပိုင်းသို့တဖြည်းဖြည်း ဝင်ရောက်သွားကာ ဂူကြီး၏အဆုံးတွင်မြင်လိုက်ရသည့်အရာများကြောင့်ရှလင် ပါးစပ်သည်အိုပုံသဏ္ဍာန်ဖြစ်သွားရသည်။

All Chapters