← Chapters

စုန်းကဝေညီလာခံ

Vol. 5 Ch. 489

စုန်းကဝေညီလာခံ

Vol. 5 Ch. 489

ချန်းဖန်၏ ပါးစပ်မှ "စုန်းကဝေညီလာခံ" ဟူသော အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်းယုန် နှာခေါင်းပိုင်ရှင် အကြီးအကဲ  တစ်ယောက်၏ ဒေါသတကြီး အော်ဟစ်သံကလည်း ထွက်ပေါ်လာခဲ့၏။  "အကြီးအကဲချုပ် … ခင်ဗျား ကဝေဂိုဏ်းတွေရဲ့ လျှို့ဝှက်ချက်ကို သစ္စာဖောက် ရဲတယ်ပေါ့ …"

"နားငြီးတယ် …"

ချန်းဖန်၏ မျက်လုံးက ဒေါသဖြင့် တောက်ပလာကာ အဇူရာ အလင်းကို ဖော်ထုတ်လိုက်၏။ အလင်းက ထက်ရှသော စွမ်းအားကို သယ်ဆောင်က လင်းယုန်နှာခေါင်း ပိုင်ရှင် အကြီးအကဲထံသို့ တိုးဝင်သည်။

"ဟူး …"

အကြီးအကဲက အနက်ရောင် အကာအကွယ်ကို ဖော်ထုတ်ကာ အဇူရာအလင်းအား တားဆီးရန် ကြိုးစားသည်။

သို့သော်လည်း အဇူရာ အလင်းက အနက်ရောင် အကာအကွယ် အလင်းအား လွယ်ကူစွာ ဖြတ်သန်းပြီး အကြီးအကဲ၏ လည်ပင်းအား ထိုးဖောက်လိုက်၏။

"ဘုန်း …"

ကြမ်းပြင်ပေါ်သို့ လဲကျသွားသော လင်းယုန် နှာခေါင်းပိုင်ရှင် အကြီးအကဲ၏ သက်မဲ့ခန္ဓာကိုယ်ကို ကြည့်ရင်း အခြား အကြီးအကဲများမှာ ပါးစပ်ကိုသာ တင်းတင်းကြပ်ကြပ် ပိတ်လိုက်မိကြ တော့သည်။

"ယုဝမ်ကျင်း ဘယ်မှာရှိလဲ ဆိုတာ ပြောပြရင် မင်းတို့အထဲက အချို့အဝက်ကို ငါ အသက်ချမ်းသာ ပေးမယ် … မဟုတ်ရင်တော့ မင်းတို့ စုန်းတစ္ဆေဂိုဏ်း သွေးချောင်းစီးအောင် လုပ်ပစ်မယ် …"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဆံပင်ဖြူ အကြီးအကဲအား ပြောလိုက်၏။

ခဏမျှကြာအောင် အတွေး လွန်ဆွဲပြီးနောက် ဆံပင်ဖြူ အကြီးအကဲက သက်ပြင်းချရင်း ခေါင်းညိတ်လိုက်သည်။

***

ချန်းဖန် တောင်ခြေဆီသို့ ပြန်လည် ဆင်းသက်လာသည့် အချိန်၌ ကျောက်တုံး ဘုရားကျောင်း အပျက် အတွင်းတွင် အကြီးအကဲများ၏ အလောင်းများ အထပ်လိုက် ကျန်ရစ်နေခဲ့ပြီ ဖြစ်သည်။

သူတို့ လုပ်ခဲ့သော အပြစ်များကား ခွင့်လွှတ်ပေး၍ မရသော အရာများ ဖြစ်သည်။ သို့သော်လည်း ဆံပင်ဖြူ အကြီးအကဲအား ပေးထားသည့် ကတိအတိုင်း ဂိုဏ်း၏ တပည့်များကိုမူ ချန်းဖန် မသတ်ခဲ့ချေ။

"တန်ခိုးရှင် … မိန်းကလေး ယုဝမ်ကျင်းကို တွေ့ရဲ့လား …"

လမ်း၌ ကျင့်ကြံသူရှီက ချန်းဖန်အား မေးလိုက်သည်။

"သူ့ကို စုန်းကဝေညီလာခံကို ခေါ်သွားတယ်တဲ့ …"

ချန်းဖန်က ပြန်ဖြေရင်း တစ်ဆက်တည်း မေးလိုက်သည်။

"မင်းတို့ အထဲမှာ စုန်းကဝေညီလာခံကို သိတဲ့လူ ရှိလား …"

"စုန်းကဝေ ညီလာခံ …"

တုန်းဟယ်က ခဏမျှ စဉ်းစားရင်း ရှင်းပြလိုက်၏။

"စုန်းကဝေညီလာခံက သိုင်းပညာ ညီလာခံ လိုမျိုးပါပဲ … ဒါပေမဲ့ သူတို့ရဲ့ ညီလာခံက စည်းမျဉ်းတွေ၊ စည်းကမ်းတွေ ပိုများတယ် … အဲဒီပွဲမှာ စုန်းကဝေဂိုဏ်းတွေကို ဦးစီးဖို့ ကဝေဘုရင်ကို ရွေးချယ် တင်မြှောက်ကြတယ် … ဒါပေမဲ့ အမှောင်ကဝေဂိုဏ်း တရုတ်ကနေ ထွက်ပြေးသွားတဲ့ အချိန်က စပြီး ညီလာခံ မလုပ်ခဲ့တာ နှစ်ငါးဆယ်လောက် ရှိပြီ …"

"ဒီတစ်ခါ ညီလာခံကို စုန်းတစ္ဆေဂိုဏ်း  ဝိညာဉ်ကဝေဂိုဏ်း သွေးကဝေဂိုဏ်း ကောင်းကင်ကဝေဂိုဏ်းနဲ့ အခြား ကဝေဂိုဏ်းတွေ စုပေါင်းပြီး လုပ်တာ ဖြစ်ရမယ် … အမှောင်ကဝေဂိုဏ်းတောင် ပါနေမလား မသိဘူး …"

"တန်ခိုးရှင် … စုန်းကဝေ ညီလာခံ လုပ်တဲ့ နေရာကိုရော သိလား …" ကျင့်ကြံသူရှီက ဝင်ရောက် မေးလိုက်သည်။

"သူတို့ ပြောတာတော့ နယ်စပ်နားက ကဝေတောင်မှာတဲ့ …"

ချန်းဖန်က ပြန်ဖြေလိုက်၏။ သူ့အနေဖြင့် ထိုနေရာကို အတိမကျ မသိသော်လည်း ပျံလွှားနီလေးကို ဖုန်းဆက်မေး၍ ရသည်။

"အဲဒီ နေရာကို ကျွန်တော် သိပါတယ် …"

ကျင့်ကြံသူရှီက ဝင်းပသော မျက်နှာဖြင့် မျက်နှာလို မျက်နှာရ ရှင်းပြလိုက်သည်။

"တကယ်တော့ ကဝေတောင် ဆိုတာက တကယ့် တောင်အစစ် မဟုတ်ပါဘူး … အဲဒါက တရုတ်နဲ့ မြန်မာ နယ်စပ်မှာ ရှိတဲ့ နေရာလေး တစ်ခုပါ … လူတွေ ပြောပုံအရဆို အဲဒီ ကဝေတောင်ကို အမှောင်ကဝေ ဂိုဏ်းက ထိန်းချုပ်ထားတယ်တဲ့ … ကဝေတောင်က ရာဇဝတ်သားတွေ ဝရမ်းပြေးတွေရဲ့ သုခဘုံ တစ်ခုပေါ့ …"

"ဒါဆို ငါ ခုချက်ချင်းပဲ သွားလိုက်တော့မယ် …"

လိုအပ်သော အချက်အလက်များ ရရှိသွားပြီ ဖြစ်ရာ  ချန်းဖန် အချိန်ဆွဲ မနေတော့ချေ။ ချက်ချင်းပင် ကဝေတောင် ရှိရာ နေရာသို့ ဦးတည် လိုက်တော့သည်။

အကြီးအကဲ ကဝေနှင့် ယုဝမ်ကျင်းတို့ စုန်းကဝေ ညီလာခံသို့ ထွက်သွားသည်မှာ ရက်အနည်းငယ်မျှ ရှိခဲ့ပြီ ဖြစ်သည်။

အကယ်၍ ချန်းဖန် တစ်မိနစ်မျှ အချိန်ဖြုန်းလျှင် ယုဝမ်ကျင်း၏ အသက်ဘေး အန္တရာယ်သည်လည်း တစ်မိနစ် ပိုမို နီးကပ်လာမည် ဖြစ်သည်။

ကျင့်ကြံသူရှီက ကားတစ်စီး ယူသွားရန် ကမ်းလှမ်းသည်ကိုပင် ချန်းဖန် မယူခဲ့ချေ။ မည်မျှပင် တန်ဖိုးမြင့်သော ကားဖြစ်ပါစေ သူ၏ ပြေးလွှားခြင်းကို မီလိမ့်မည် မဟုတ်ပေ။

"အစ်ကိုကြီးရှီ … စုန်းကဝေညီလာခံက ကဝေဘုရင်ကို ရွေးချယ်ဖို့ ကျင်းပကြတာပဲ … အဲဒီပွဲကို အမှောင်ကဝေဂိုဏ်း အပါအဝင် ကဝေဂိုဏ်း အားလုံးက ခေါင်းဆောင်တွေ တက်ကြမှာ … နောက်ပြီး ကဝေတောင်မှာ အစွမ်းထက် အစီအရင်တွေ ရှိသေးတယ် … တန်ခိုးရှင် ဆရာချန်းက သူတို့ကို ကိုင်တွယ်နိုင်ပါ့ မလား …"

ချန်းဖန်နှင့် ယူကီရှီရိုဆာတို့ ပျောက်ကွယ်သွားသည်နှင့် တုန်းဟယ်က သက်ပြင်း တစ်ချက်ချရင်း မေးလိုက်သည်။

"ဟမ့် … အဲဒါက ငါတို့ အလုပ်မဟုတ်ဘူး … သူ သေသွားပြီး ပြန်မလာရင်လည်း ငါတို့ အတွက် ပြဿနာ တစ်ခု ရှင်းသွားတာပေါ့ …"

စူးယွင်ကျစ်က နှာခေါင်းရှုံ့ရင်း ဝင်ပြောသည်။ အခြားလူများကလည်း သူမ၏ စကားကို ခေါင်းညိတ် လက်ခံကြသည်။

ကျင့်ကြံသူရှီကမူ ထိုမြင်ကွင်းအား ကြည့်ရင်း စိတ်ပျက်စွာဖြင့် ခေါင်းကိုသာ ခါလိုက်မိတော့သည်။

***

အနောက်တောင်ပြည်နယ်သည် တောင်ထူထပ်သော ဒေသတစ်ခု ဖြစ်၏။

သို့သော်လည်း ချန်းဖန်နှင့် ယူကီရှီရိုဆာတို့ အတွက်မူ အခက်အခဲ မရှိလှချေ။ သူတို့ နှစ်ယောက် စလုံးမှာ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်များ ဖြစ်ရာ တောင်များ၊ ချောက်များအား အလွယ်တကူ ကျော်ဖြတ်၍ ခရီးဆက်နိုင်သည်။

ထို့ကြောင့် တစ်နာရီခန့် အတောအတွင်းမှာပင် သူတို့ နှစ်ယောက် တရုတ် - မြန်မာ နယ်စပ်သို့ ရောက်ရှိ လာခဲ့ကြသည်။

ကဝေတောင်သည် ပတ်ပတ်လည် တောင်ကုန်း၊ တောင်တန်းများ ဝန်းရံနေသည့် သေးငယ်သော တောင်ကြား ရွာကလေးဖြစ်သည်။

ထိုတောင်ကြား ရွာကလေး အတွင်း၌ အပူချိန်က နွေးထွေး၍ နေသည်။ လှပသော တောရိုင်းပန်း ကလေးများသည်လည်း နေရာ အနှံ့ဖူးပွင့်နေကာ လေယူရာ ယိမ်းနွဲ့နေ၏။

ထိုကဲ့သို့ လှပသာယာသော နေရာသည် ဝရမ်းပြေး ရာဇဝတ်သားများ၏ သုခဘုံ ဖြစ်နေမည်ဟု မည်သူကမျှ ထင်မှတ်မိလိမ့်မည် မဟုတ်ချေ။

ချန်းဖန်နှင့် ယူကီရှီရိုဆာတို့သည် ရွာကလေးနားသို့ ရောက်သည်နှင့် ပြေးလွှားရာမှ ရပ်တန့်ကာ စစ်ဆေးရေး ဂိတ်ဆီသို့ လျှောက်လာခဲ့၏။

"ကဝေတောင်ကို ဧည့်သည်တွေ ဝင်ခွင့် မရှိဘူး … လာရာလမ်းကို ပြန်လှည့်သွားပါ"

စစ်ဆေးရေး ဂိတ်ရှိ အစောင့်များက ချန်းဖန်တို့ကို ကြည့်ရင်း တင်းမာစွာ ပြောလိုက်သည်။ သူတို့၏ မျက်လုံးများက စူးရှတောက်ပပြီး ကြည်လင်နေရာ တာအို ရရှိခြင်း အဆင့်များ ဖြစ်ကြောင်း သိသာနေ၏။

"ဘယ်သူက ငါ့ကို တားရဲလဲ …"

ချန်းဖန်က ယင်ချီအား ဖြန့်ကြက်ကာ နတ်ဆိုးသခင် တစ်ယောက်၏ အရှိန်အဝါမျိုး ထုတ်ဖော်လိုက်၏။

"ခွင့်လွှတ်ပေးပါ စီနီယာ … ဝင်လို့ရပါပြီ …"

အစောင့်များက တောင်းပန်ရင်း နောက်သို့ ဆုတ်ကာ လမ်းဖွင့်ပေးလိုက်ကြ၏။

ချန်းဖန်တို့ ပျောက်ကွယ်သွားသည်နှင့် အစောင့်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း မေးငေါ့လိုက်မိကြသည်။

"အဲဒီ စီနီယာက ဘယ်သူလဲ သိလား …"

"ငါ ဘယ်လိုလုပ် သိမှာလဲ … ဒီရက်ထဲ တစ်ကမ္ဘာလုံးက ကဝေ ပညာရှင်တွေ လာနေကြတာကို …"

"အင်း ဟုတ်တယ် … ခုနက စီနီယာဆို အမှောင်ကဝေဂိုဏ်းက မဟာကဝေလောက် အနည်းဆုံး အစွမ်းထက်မယ် ထင်တယ် …"

စုန်းကဝေ လောကသည် သိုင်းလောကနှင့် များစွာ ခြားနား၏။ စည်းကမ်း ကင်းမဲ့ပြီး နိုင်သူ စားစတမ်း လောကမျိုး ဖြစ်သည်။ အမှားတစ်ခုကပင်လျှင် ဆာလောင်နေသော တစ္ဆေများ၏ အစာ ဖြစ်သွားနိုင်သည်။

ချန်းဖန်နှင့် ယူကီရှီရိုဆာတို့သည် အေးဆေးစွာပင် ကဝေတောင် ရှိရာသို့ လျှောက်လာခဲ့ကြ၏။

"ဆရာ … ဘာလို့ စစ်ဆေးရေးဂိတ်ကနေ ဖြတ်ပြီး ဝင်လာတာလဲ … တောင်ကနေ ကျော်တက်ပြီး သူတို့ အားလုံးကို သတ်ပစ်လို့ ရနေတာပဲဟာ …"

ယူကီရှီရိုဆာက နားမလည်စွာ မေးလိုက်သည်။

"ငါတို့ ဒီကို လာရတဲ့ ရည်ရွယ်ချက်က ယုဝမ်ကျင်းကို ကယ်ဖို့ပဲလေ … အဲဒါကို အရင် လုပ်ကြတာပေါ့"

ချန်းဖန်က အဖြေပေးရင်း နတ်ဘုရား စိတ်အာရုံကို ကဝေတောင် တစ်ခုလုံးဆီသို့ ဖြန့်ကြက် လိုက်၏။

"… "

နတ်ဘုရား စိတ်အာရုံက တောင်ကြား ရွာကလေးကို သိမ်မွေ့စွာ ဖြန့်ကြက်သွားသည်နှင့် အမျိုးမျိုးသော မြင်ကွင်းများက ချန်းဖန်၏ အမြင်အာရုံ အတွင်း ဝင်ရောက်လာသည်။

"တစ် …"

"နှစ် …"

"သုံး …"

"…"

"ခုနစ် …"

"ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ ခုနစ်ယောက် သိုင်းပညာရှင် တစ်ရာကျော် …"

ချန်းဖန် တစ်ချက် ပြုံးလိုက်မိ၏။

ထိုအင်အားစုကား တကယ် ဖြုံလောက်သော အင်အားစုပင်။

"ဒါက မီးကြာပန်း မျိုးစေ့ … သူက စုန်းတစ္ဆေဂိုဏ်းက ကဝေ အကြီးအကဲ ဖြစ်ရမယ် …"

ချန်းဖန်က မျက်ခုံးအား ပင့်လိုက်သည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က ချန်းဖန် စုန်းတစ္ဆေဂိုဏ်းအား လီ ရွှေရောင် မျက်လုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။ ထိုပေါက်ကွဲမှုက မသေဆုံးခဲ့သူများကိုလည်း မီးကြာပန်း မျိုးစေ့စည်းများ မှတ်သားပေးနိုင်သည်။

"ယုဝမ်ကျင်းက ဘယ်မှာလဲ … သူ့ရဲ့ အငွေ့အသက်ကို ငါ ဘယ်လိုမှ ရှာမတွေ့ဘူး … သေတာတော့ မဖြစ်နိုင်ဘူး … သူသေသွားရင်တောင် အာရုံခံလို့ ရမှာပဲလေ …"

ချန်းဖန် မျက်မှောင်ကြုတ်လိုက်မိသည်။

"သူ ဒီမှာ မရှိတာလား … ဒါမှမဟုတ် အစီအရင် တစ်ခုခုနဲ့ သူ့ကို ဖုံးကွယ်ထားတာလား … မဖြစ်နိုင်ပါဘူး … ဒီကမ္ဘာမှာ ငါ့ကို ဖုံးကွယ်နိုင်တဲ့ အစီအရင်မှ မရှိတာ …"

ချန်းဖန်က ခေါင်းကို ခါယမ်းလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ယုဝမ်ကျင်း ဒီမှာ မရှိဘူး ဆိုတော့ ငါ ထိန်းထိန်းသိမ်းသိမ်း လုပ်စရာ မလိုတော့ဘူးပေါ့ …"

ရွာငယ်ကလေးသို့ ရောက်ချိန်၌ လှုပ်ရှား သွားလာနေကြသည့် လူများစွာကို ချန်းဖန်တို့ တွေ့ရသည်။ ထိုအထဲတွင် ကဝေ ဂိုဏ်းခေါင်းဆောင်များမှ အစ ဝရမ်းပြေးများ အဆုံး အလွှာပေါင်းစုံ ပါဝင်နေသည်။

ရွာငယ် ကလေး၌ ချန်းဖန်နှင့် ယူကီရှီရိုဆာတို့သည် လူအများ၏ အာရုံ စူးစိုက်မှုကို လျင်မြန်စွာပင် ဆွဲဆောင်နိုင်ခဲ့၏။ ယူကီရှီရိုဆာ၏ အလွန်အမင်း လှပသော ရုပ်ရည်နှင့် ချန်းဖန်၏ အားနည်းပုံ ရသော ခန္ဓာကိုယ်တို့က ပြစ်မှုများကို ဖိတ်ခေါ်နေသယောင်ပင် ရှိသည်။

"လတ်ဆတ်လိုက်တဲ့ အသားတွေပါလား …"

များစွာသော ယောက်ျားကြီးများက ယူကီရှီရိုဆာအား မျက်စိ ကျွတ်ကျမတတ် ကြည့်ကြသည်။

ကဝေတောင်တွင် အင်းအားသည် တစ်ခုတည်းသော စိုးမိုးသူ ဖြစ်သည်။ အင်အား မရှိပါက ထိုလူ၏ အသက်သည်လည်း တန်ဖိုး မရှိချေ။

"ရပ်စမ်း … ဒီနေရာက ကဝေဂိုဏ်းတွေရဲ့ ပိုင်နက်ပဲ … သေချင်လို့လား …"

ချန်းဖန်တို့ စုန်းကဝေ ညီလာခံ ကျင်းပနေသည့် အဆောက်အဦ ရှေ့သို့ ရောက်သည်နှင့် လူတစ်စုက တားလိုက်၏။ ထိုလူများ၏ ခန္ဓာကိုယ်မှ တာအို ရရှိခြင်း ကျင့်ကြံသူများ၏ အဆင့်၏ စွမ်းအားများ ထွက်ပေါ်နေသည်။

"ငါ လူတစ်ယောက်ကို ရှာနေတာ …"

ချန်းဖန်က တုန်လှုပ်မှု မရှိပဲ ဆိုလိုက်၏။

***

All Chapters