← Chapters

သတင်းကောင်း? ၂

Vol. 66 Ch. 976

သတင်းကောင်း? ၂

Vol. 66 Ch. 976

ကြီးကြပ်သူ ကြောင်သွားသည်။

ဒီရက်ထဲ သူရှန်းရွှေလက်ဆောင်စပါးကိုကြည့်ထားသည်။ မမှည့်သေး။ နောက် ရက် ၂၀ မှ ၃၅ ရက်အတွင်းမှည့်မည်ဟု သူတွက်ထားသည်။

ဘာတွေဖြစ်နေတာလဲ? ရက်ပိုင်းနဲ့ စပါးကဒီလောက်အထိမှည့်လာတာ။

ဒီနှုန်းက သာမန်မဟုတ်။ ကွမ်ရင်မယ်တော်များ သူ့ပန်းအိုးထဲကရေနဲ့ပက်လိုက်သလား?

ဒီခေတ်ကြီးမှာ ဒါမျိုးတွေဘယ်ရှိမလဲ?

"မန်နေဂျာ... ကျွန်တော်အစီရင်ခံမလို့... ဒီရက်ထဲ ကျွန်တော်လာကြည့်ထားတာ... မှည့်ခါနီးအခြေအနေပါ''

ကြီးကြပ်သူက တန်းပြောသည်။

သူ့အတွက် ဒီနေရာရဖို့မလွယ်။ နောက်ပြီး လစာနှင့်ဆုကြေးကမြင့်သည်။ ရုံချန်းသားအတော်များများ သူ့ကိုအားကျနေကြသည်။

ဟိုတစ်နေ့က စပါးမှည့်ဖို့ ရက် ၂၀ မှ ၃၅ ရက်ကြာဦးမည်ဟု သူတွက်ထားကြောင်းပြောရင် အလုပ်ကိုသေသေချာချာမလုပ်ကြောင်း၊ ပညာရှင်မပီသကြောင်း အထင်ခံရနိုင်သည်။

ဒါ သူ့လစာ၊ရာထူးနှင့်မကိုက်။

ယွီရွှေ့က ကြီးကြပ်သူစကားကိုသံသယမရှိ။ သတိသာပေးလိုက်သည်_

"နောက်တစ်ခါ ဒီလိုအခြေအနေမျိုးကို စောစောစီးစီးပြောပါ''

"ဟုတ်ကဲ့ ဟုတ်ကဲ့ မန်နေဂျာ!''

ကြီးကြပ်သူက ချက်ချင်းခေါင်းညိမ့်ပြီး သက်ပြင်းချလိုက်သည်။

အလျှောက်ကောင်းလို့အထောင်းသက်သာတာ။ မဟုတ်ရင် သူ့အနာဂတ်တော့သွားပြီ။

ယွီရွှေ့ကငုတ်တုတ်ထိုင်ချပြီး စပါးပင်မှတစ်ဆုပ်ခူးလိုက်သည်။ ထို့နောက် အခွံများသပ်လိုက်ရာ သလင်းကျောက်လိုကြည်လင်ပြီး အနှံပြည့်ပြည့်ဆန်များ သူ့လက်ဖဝါးထဲကျလာသည်။

သူအရင်ကမြင်ဖူးတဲ့ရှန်းရွှေလက်ဆောင်ဆန်နဲ့မတူ။

ထို့ကြောင့် ကြီးကြပ်သူက အခြေအနေကိုပြန်ဖာထေးပြန်သည်_

"မန်နေဂျာ... အနှံက ဒီနေ့ပိုပြည့်လာတယ်... ပြီးခဲ့တဲ့ရက်ပိုင်းကကြည့်တော့ ဒီလောက်မပြည့်သေးဘူး''

ယွီရွှေ့ကခေါင်းညိမ့်ပြီး ချက်ချင်း ဆန်ကိုပါးစပ်ထဲထည့်ဝါးလိုက်သည်။

ဂိမ်းထုတ်ကုန်ရှန်းရွှေလက်ဆောင်ဆန်က အရည်အသွေးကောင်းနေသရွေ့ စားကောင်းခြင်း +၁ နှင့် အထိအတွေ့ +၁ ရှိသည်။

ယွီရွှေ့လည်း အရသာနှင့်အထိအတွေ့ကိုသေချာခံစားမိသည်။

ရှန်းရွှေလက်ဆောင်ဆန်ရဲ့အရသာနဲ့အထိအတွေ့အရ စမ်းသပ်မှုအောင်မြင်ကြောင်း သူသိလိုက်သည်။ ထို့ကြောင့် သူ့မျက်နှာပြုံးရွှင်သွားသည်။

ရှန်းရွှေလက်ဆောင်ဆန်စိုက်ရတာ ဘယ်လောက်ခက်ကြောင်း သူသိသည်။ နိုင်ငံတော်ကတောင် ဒီပရောဂျက်ကိုလက်လျှော့ထားရသည်။

မနှစ်ကမျိုးစေ့ကိုထည့်မတွက်။ ပါမောက္ခလီခိုင်၏စမ်းသပ်မှုဟုသာပြောရမည်။

အခု ကျယ်ကျယ်ပြန့်ပြန့်စိုက်ထားပြီဖြစ်၍ စိုက်ခင်းအောင်မြင်မှသာ စမ်းသပ်မှုအောင်မြင်မည်။

ဒီလိုဆို သေချာပေါက်အုတ်အော်သောင်းတင်းဖြစ်မည်။

စိုက်ပျိုးရေးစာအုပ်များတွင် ဒီအကြောင်းမှတ်တမ်းတောင်ပါချင်ပါလာနိုင်သည်။ သူက ရှန်းရွှေလက်ဆောင်ဆန်စိုက်ခင်းကိုဦးဆောင်ခဲ့သူပင်။

ထို့နောက် သူကလယ်ကွက်ထဲသွားပြီး စပါးများအခွံချွတ်ကာ အရသာခံဝါးကြည့်သည်။

လယ်ကွက်ထဲကဆန်တိုင်းလိုလို အတူတူပင်။ ပုံစံကကြည့်ကောင်းပြီး အရသာနှင့်အထိအတွေ့က အစိမ်းစားရင်တောင်ကောင်းသည်။

ယွီရွှေ့ကလယ်ကွက်ကိုစစ်ဆေးပြီးနောက် အမြန်ထကာ ချင်းလင်အပန်းဖြေစံအိမ်ဘက်ထွက်လာသည်။

စံအိမ်ထဲမှာရှန်းရွှေလက်ဆောင်ဆန်ကိုအောင်အောင်မြင်မြင်စိုက်ပျိုးနိုင်ပြီ။ သူကိုယ်တိုင် ဥက္ကဌချင်ကို ဒီသတင်းကောင်းတင်ပြရမည်။

ယွီရွှေ့က အပန်းဖြေစံအိမ်ထဲအမြန်ဆုံးရောက်လာ၏။

ပတ္တရောင်လှည့်နေသောချန်တပေက သူ့ကိုမြင်ပြီးနှုတ်ဆက်သည်_

"လောင်ယွီ... အလောတကြီးနဲ့ ဘာဖြစ်လို့လဲ?''

"ဥက္ကဌချင်ကို သတင်းကောင်းပြောစရာရှိလို့!''

ယွီရွှေ့ကပြန်ဖြေသည်။

ရုံးခန်းထဲ၌_

ယွီရွှေ့ကိုမြင်သည်နှင့် ဘာဖြစ်နေမှန်းချင်လင်သိသော်လည်း မေးလိုက်သေးသည်_

"မန်နေဂျာယွီ... ချွေးတွေနစ်နေတာပဲ... အရေးကြီးကိစ္စရှိလို့လား?''

ယွီရွှေ့က လောလောနှင့်_

"သူဌေး... အရေးကြီးကိစ္စမဟုတ်ဘူး... သတင်းကောင်းပါ... ကျွန်တော်တို့စံအိမ်စိုက်ခင်းက ရှန်းရွှေလက်ဆောင်ဆန်မှည့်ပြီ... ဆန်အရသာနဲ့အထိအတွေ့က အရမ်းကောင်းတယ်... အောင်မြင်သွားပြီ''

"တကယ်လား? ကျွန်တော့်ကိုလိုက်ပြပါဦး!''

ချင်လင်က သရုပ်ဆောင်စွမ်းရည်ထုတ်သုံးပြီး အံ့ဩနေသောမျက်နှာဖြစ်သွားသည်။

သူ့အရည်အချင်းက ခွန်း၊ ထင်၊ ဘေဘီတို့လို ဆယ်လီများ ရှက်သွားနိုင်လောက်သည်။

ယွီရွှေ့ကချက်ချင်း ချင်လင်ကိုရုံးခန်းအပြင်ခေါ်ပြီး ရှန်းရွှေလက်ဆောင်ဆန်စိုက်ထားသောလယ်ကွက်ထဲတန်းသွားသည်။

"ဥက္ကဌချင်.. ကြည့်ပါဦး... ရှန်းရွှေလက်ဆောင်ဆန်တွေအကုန်မှည့်နေပြီ''

ယွီရွှေ့ကရောက်ရောက်ချင်း စိတ်လှုပ်ရှားသံနှင့်ပြောသည်။

ချင်လင်ကခေါင်းညိမ့်ပြီး ငုတ်တုတ်ထိုင်ချကာ စပါးစေ့တချို့ကိုအခွံချွတ်လိုက်သည်။

ဆန်စေ့က သလင်းကျောက်လိုကြည်လင်ပြီး ပြီးပြည့်စုံသည်။

သူက ဆန်စေ့ကိုပါးစပ်ထဲထည့်ဝါးကြည့်သည်။ အရသာနှင့်အထိအတွေ့ကို သူခံစားမိသည်။ သူ့အတွေ့အကြုံအရ အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်မှန်း သူသိသည်။

"ဒါနဲ့... ရှန်းရွှေလက်ဆောင်ဆန်တာဝန်ခံက ဘယ်သူလဲ?''

ချင်လင်က ထပ်မေးပြန်သည်။

မနေ့ညက ကမ္ဘာ့စမ်းရေကိုသူလောင်းထည့်ခဲ့သည်။ ဒီနေ့ ရှန်းရွှေလက်ဆောင်ဆန်ကမှည့်လာပြီ။ ရှန်းရွှေလက်ဆောင်ဆန်ကိုနေ့တိုင်းလာမကြည့်ရင်တောင် သတိထားမိပါက သံသယဝင်ကြလိမ့်မည်။

ချင်လင်စကားကြောင့် ကြီးကြပ်သူကချက်ချင်း မတ်မတ်ရပ်လိုက်ပြီး_

"ဥက္ကဌချင်... ဒီရှန်းရွှေလက်ဆောင်ဆန်တာဝန်ခံက ကျွန်​တော်ပါ... ကျွန်တော် မကြာခဏလာကြည့်ပါတယ်... ဟိုတစ်နေ့က လာစစ်ဆေးခဲ့သေးတယ်... အဲဒီတုန်းက ရှန်းရွှေလက်ဆောင်ဆန်က မှည့်ခါနီး အနှံပြည့်ခါနီးပါ... ဒီနေ့ကျ လုံးလုံးမှည့်နေရော''

ချင်လင်သာ ဒီအခြေအနေကိုမသိထားရင်၊ မနေ့ညက ကမ္ဘာ့စမ်းရေလောင်းထည့်တာသူမဟုတ်ရင် ဒီကြီးကြပ်သူရဲ့စကားကိုယုံမိလိမ့်မည်။

ဒီလူက မရိုး။ သူ့ခေါင်းဆောင်နှင့်သူဌေးကိုလိမ်သည်။

သို့သော် သူကပြုံးပြီး မန်နေဂျာအား_

"ကောင်းတယ်... ခင်ဗျားနဲ့ရှန်းရွှေလက်ဆောင်ဆန်တာဝန်ခံက ဒီလအပိုဆုကြေးသုံးလစာရမယ်''

"ကျေးဇူးတင်ပါတယ် ဥက္ကဌချင်!''

ကြီးကြပ်သူ အပျော်လွန်သွားသည်။

သူ့ကိုယ်သူဉာဏ်ကောင်းသည်ဆိုပြီး ဝမ်းသာခြင်းပင်။ မဟုတ်ရင် ဆုကြေးရမှာမဟုတ်သလို သူဌေးချီးကျူးတာခံရမှာလည်းမဟုတ်။ အလုပ်ကိုသေသေချာချာမလုပ်ဟူ၍အပြောခံရနိုင်သည်။

All Chapters