← Chapters

ရုံချန်းချင်းလင်ဆန်က ရုံချန်းချင်လင်ဆန်ဖြစ်လာ! ၂

Vol. 66 Ch. 979

ရုံချန်းချင်းလင်ဆန်က ရုံချန်းချင်လင်ဆန်ဖြစ်လာ! ၂

Vol. 66 Ch. 979

အထူးသဖြင့် ချင်းလင်ဝိုင်လုပ်ငန်းကလုပ်စားထားသောကြောင့် ချင်းလင်ကုမ္ပဏီငြိမ်နေသည်ဟုထင်နေသူအားလုံး ကြောင်သွားကြသည်။

ချင်းလင်ကုမ္ပဏီကငြိမ်ပြီးဝန်ခံနေခြင်းမဟုတ်ဘဲ ခြေလှမ်းပြင်နေခြင်းပင်။

ထိုကြေညာချက်က တုံ့ပြန်ခြင်းမဟုတ်သောတုံ့ပြန်ခြင်းဖြစ်သည်။

ရှန်းရွှေက ဘယ်ဝိုင်လုပ်ငန်းကိုမှမရောင်းဟုပြောခဲ့သော်လည်း ချင်းလင်ကုမ္ပဏီက ရှန်းရွှေလက်ဆောင်ဆန်ပျိုးထောင်နိုင်ပြီဖြစ်၍ ဝယ်စရာမလိုတော့။

ဒါရှန်းရွှေဘက်ကပစ်မှတ်လွဲပြီး ကြည့်မကောင်းတဲ့အမှားဖြစ်မသွားဘူးလား?

ဒါပေမဲ့ တစ်ခုခုမှားနေသလိုလို။

ချင်းလင်စံအိမ်ရဲ့ကြေညာချက်မှာ ရှန်းရွှေလက်ဆောင်စပါးမျိုးစေ့ကြောင့် ချင်းလင်ဓာတ်ခွဲခန်းကအောင်အောင်မြင်မြင်စိုက်နိုင်သည်ဟုဆိုထားသည်။

ဒါဆို ချင်းလင်ဝိုင်လုပ်ငန်းမှာ ရှန်းရွှေလက်ဆောင်ဆန်ရှိကြောင်း ရှန်းရွှေကလူတွေသိလိမ့်မည်။

အဲဒီရှန်းရွှေလက်ဆောင်ဆန်က ချင်းလင်ဝိုင်လုပ်ငန်းမှာ?

ရှန်းရွှေကလူတွေက တခြားဝိုင်လုပ်ငန်းကိုပစ်မှတ်ထားတာလား? သူတို့သက်သက်အထင်လွဲတာလား?

ဒါပေမဲ့ ဘယ်ဝိုင်လုပ်ငန်းကမှ သူတို့ဝိုင်ကို ရှန်းရွှေလက်ဆောင်ဆန်နှင့်စိမ်ထားသည်ဟုပြောဖူးသည်မထင်။

တခဏအတွင်း အင်တာနက်ပေါ်မှလူများကြောင်ပြီး စိတ်ရှုပ်သွားကြသည်။

'ကမ္ဘာကြီးက သာယာတယ်' ဟူသော အင်တာနက်ဆယ်လီက ဗီဒီယိုတစ်ပုဒ်မတင်ခင်အထိပင်:

"ဒါ ရှန်းရွှေနဲ့ချင်းလင်ကုမ္ပဏီက ပူးပေါင်းကြော်ငြာတာဖြစ်မလား? ရှန်းရွှေလက်ဆောင်ဆန်အထွက်နှုန်းက အကန့်အသတ်ရှိတယ်... အားလုံးက ဒီလိုဆန်မျိုးကိုအထွက်တိုးအောင်လုပ်ပြီး ပိုက်ဆံပိုရှာချင်ကြတာ''

"ပြီးတော့ ရှန်းရွှေလက်ဆောင်ဆန်ဝိုင်ကို တန်ဖိုးကြီးကြီးနဲ့ရောင်းထားတာဆိုတော့ ရှန်းရွှေနဲ့ချင်းလင်ဓာတ်ခွဲခန်းကပူးပေါင်းထားတာ... ရှန်းရွှေနဲ့ချင်းလင်ဝိုင်လုပ်ငန်းပူးပေါင်းတာတောင်ဖြစ်ရင်ဖြစ်မယ်''

ဗီဒီယိုထွက်သည်နှင့် အားလုံးက အဓိပ္ပါယ်ရှိသည်ဟုထူးထူးခြားခြားတွေးမိကြသည်။

ဘာပဲဖြစ်ဖြစ် ဒါ ချင်းလင်ဓာတ်ခွဲခန်းကစမ်းသပ်ဖို့ ရှန်းရွှေလက်ဆောင်ဆန်ထောက်ပံ့ပေးထားကြောင်း၊ ဘာကြောင့်ကြေညာချက်ထုတ်ပြန်ကြောင်း ရှင်းပြလိုက်သလိုပင်။ ဒါ ပူးပေါင်းပြီးနာမည်ကြီးအောင်လုပ်တာမလား?

ခပ်မိုက်မိုက် PK live လွှင့်သူတွေရဲ့နည်းတွေကိုမှတ်မိတယ်ဟုတ်? အချင်းချင်းအပြစ်တင်ကြိမ်းမောင်းပြီးရင် အမြတ်အတူတူခွဲယူကြတယ်မလား?

ချင်းလင်ကုမ္ပဏီနဲ့ရှန်းရွှေက ခေါင်းပုံမဖြတ်သော်လည်း သူတို့အကြောင်းကနာမည်ကြီး၍ အားလုံးသိကြသည်။

မောက်ထိုက်နှင့်ဖန်းကျိုလိုကုမ္ပဏီများကလည်း ချင်းလင်စံအိမ်ကြေညာချက်အကြောင်း သိကြသည်။ သို့ရာတွင် သတင်းထွက်လာမှသာ ကုမ္ပဏီနှစ်ခု၏သူဌေးများက တိတ်တဆိတ်သက်ပြင်းချလိုက်ကြသည်။

အစက ရှန်းရွှေလက်ဆောင်ဆန်နှင့်ဝိုင်တစ်သုတ်စိမ်ပြီး ချင်းလင်ဝိုင်လုပ်ငန်းနှင့်ယှဉ်နိုင်မယှဉ်နိုင် စမ်းကြည့်ချင်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် နိုင်ငံ့အကောင်းဆုံးဝိုင်ဆိုသောနာမည်ကို ချင်းလင်ဝိုင်လက်ထဲအလကားမပေးလိုက်နိုင်။

အခုတော့ ကြည့်ရတာ သူတို့မှာအခွင့်အရေးလုံးဝမရှိတော့။

တရုတ်သိပ္ပံအကယ်ဒမီ_

ဝန်ကြီးလုလည်း သတင်းတွေ့သည်။ ထိုအကြောင်းသိလျှင် အံ့ဩဝမ်းသာသွားပြီး_

"နောက်ဆုံးတော့ အောင်မြင်သွားပြီ... ချင်းလင်ဓာတ်ခွဲခန်းဆိုတဲ့အတိုင်းပဲ''

ဒါကြောင့်လည်း သူမျှော်လင့်မိသည်။ ချင်းလင်ဓာတ်ခွဲခန်းက ရှန်းရွှေလက်ဆောင်ဆန်ကိုကျယ်ကျယ်ပြန့်ပြန့်စိုက်ထားသည်။ ချင်းလင်စံအိမ်အပြင် ရုံချန်းနေရာအတော်များများနှင့်မင်မြို့တော်စီရင်စုအနှံ့မှာလည်း စိုက်ပျိုးထားသည်။

အဲဒီနေရာတွေက ရှန်းရွှေလက်ဆောင်ဆန်မှည့်ရင် ဘယ်လိုနေမလဲမသိ။

သူတွေးတောနေစဉ် ဖုန်းမြည်လာသည်။ ခေါင်းဆောင်ပင်။

"ခေါင်းဆောင်... တရုတ်သိပ္ပံအကယ်ဒမီအတွက်တာဝန်အသစ်ရှိလို့လား?''

ခေါင်းဆောင်အသံထွက်လာသည်_

"တာဝန်မဟုတ်ပါဘူး... ချင်းလင်စံအိမ်ကသတင်းမှန်မမှန်မေးချင်လို့ပါ... ရှန်းရွှေလက်ဆောင်ဆန်ကို တကယ်အောင်အောင်မြင်မြင်စိုက်ပျိုးနိုင်တာလား? ပြီးတော့ အရည်အသွေးက အရင်ရှန်းရွှေလက်ဆောင်ဆန်ထက်ပိုကောင်းတာလား?''

ဝန်ကြီးလုက ချက်ချင်းဖြေသည်_

"ခေါင်းဆောင်... သူတို့တကယ်စိုက်ထားတာပါ... ရုံချန်းနေရာအတော်များများမှာ စမ်းစိုက်ထားပြီ... အနည်းဆုံးတော့ ချင်းလင်စံအိမ်မှာရိတ်သိမ်းတာက ဒီတစ်သုတ်နဲ့တူမယ်... တခြားနေရာတွေမှာစမ်းစိုက်တာကတော့ မှည့်မှပဲသိရမယ်''

ခေါင်းဆောင်က ချက်ချင်းဖြည့်ပြောသည်_

"ငါ့ကို ရောင်းဝယ်ရေးဌာနကလည်းမေးတယ်... ဒီသတင်းမှန်ရင် ချင်းလင်စံအိမ်ကိုလူလွှတ်လိုက်မယ်တဲ့... မင်းက သူဌေးချင်နဲ့အဆက်အသွယ်ရှိတော့ မင်းလိုက်သွားလိုက်ပါ''

"ကောင်းပါပြီ... ကျွန်တော်နားလည်ပါတယ်''

ဝန်ကြီးလုက ချက်ချင်းပြန်ဖြေလိုက်သည်။

ရောင်းဝယ်ရေးဌာနကဘာကြောင့်လောနေမှန်း သူသိသည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်ဆန်က ရှန်းရွှေလက်ဆောင်ဆန်ထက်အရည်အသွေးကောင်းရင် ပိုပြီးနုပျိုစေမှာသေချာသည်။

သူတို့ခေါင်းဆောင်အတွက် မဖြစ်မနေဝယ်ရမည်။

ဒါဆို ရုံချန်းချင်းလင်ဆန်ကို ရုံချန်းချင်လင်ပဏ္ဏာဆန်ဟုပြောင်းရတော့မည်။

…

ရုံးခန်းတစ်ခုတွင်_

ရှန်းရွှေလက်ဆောင်ဆန်အသစ်တစ်သုတ်ကိုဖြန့်ဝေရန်လျာထားပြီးနောက် လိုင်ကျင်းသက်ပြင်းချလိုက်သည်။

ရှန်းရွှေလက်​ဆောင်ဆန်တစ်သုတ်တစ်သုတ်ဖြန့်ဝေရတာလည်း ခေါင်းခဲစရာပင်။ အရင်ဆုံး အရာရှိတွေမကျန်အောင်၊ နောက် မြို့တော်ကလူတွေရအောင် စီစဉ်ရသည်။

ကျန်တာ အပြင်လူတွေဆီပို့ရန်ချိတ်ဆက်သည်။

သူကကော်ဖီကိုလတ်စသတ်သောက်ပြီးနောက် သူ့လက်ထောက်အပြေးဝင်လာ၏_

"ဥက္ကဌလိုင်... လိုင်းပေါ်ကသတင်းကြည့်ပါဦး... အခုပဲ တက္ကစီကုမ္ပဏီကကြေညာထားတယ်''

"ဘာဖြစ်လို့လဲ? တောင်းပန်တာလား?''

လိုင်ကျင်းကပြုံးပြုံးနှင့်မေးသည်။

"တောင်းပန်တာမဟုတ်ဘူး''

လိုင်ကျင်းက လောလောနှင့်_

"ဥက္ကဌလိုင်... လိုင်းပေါ်ရင်တက်ကြည့်ရင်သိလိမ့်မယ်... အားလုံးက ကျွန်တော်တို့နဲ့ချင်းလင်ကုမ္ပဏီပေါင်းပြီးနာမည်ကြီးအောင်လုပ်တာလို့ထင်နေကြတယ်''

"ဘာ?''

လိုင်ကျင်းကြောင်သွားသည်။ ဟာသပဲ။ သူတို့ကဘယ်လိုလုပ်ပြီး ချင်းလင်ကုမ္ပဏီနဲ့ပေါင်းကြံရမှာလဲ?

သူလည်း အမြန်ဖုန်းထုတ်လိုက်သည်။ Tiktok ဖွင့်ဖွင့်ချင်း ဗီဒီယိုတက်လာသည်။

"ရှန်းရွှေလက်ဆောင်ဆန်တာဝန်ခံက ချင်းလင်ကုမ္ပဏီကိုမကြောက်ဘဲ တာဝန်ယူစိတ်ရှိတဲ့သူလို့ထင်ခဲ့တာ... ငါတို့အထင်လွဲနေတာပဲ... သူတို့ကနှစ်ဖက်ပေါင်းပြီး နာမည်ကြီးအောင်လုပ်တာ... ဒါပေမဲ့ ချင်းလင်ဓာတ်ခွဲခန်းက ရှန်းရွှေလက်ဆောင်ဆန်ပျိုးထောင်နိုင်တာ အံ့ဩစရာကောင်းတာတော့အမှန်ပဲ... တရုတ်သိပ္ပံအကယ်ဒမီက ရှန်းရွှေလက်ဆောင်ဆန်ပရောဂျက်လုပ်ဖူးတယ်လေ... နောက်ဆုံးလက်လျှော့ခဲ့ရတာ''

အမှန်ပင်။ အတော်များများက ဗီဒီယိုထဲမှအချက်ကိုထောက်ခံကြသည်။ အထူးသဖြင့် သီးနှံသုတေသနအကြောင်းနားလည်သူများပင်။

"ဘလော့ဂါရဲ့စကားကိုထောက်ခံတယ်... ရှန်းရွှေလက်ဆောင်ဆန်ပျိုးထောင်နိုင်တာ တကယ်အံ့ဩစရာပဲ... ငါသိသလောက်တော့ တရုတ်သိပ္ပံအကယ်ဒမီက သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေခေါင်းချင်းဆိုင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး''

"သီးနှံသုတေသနပိုင်းမှာ ရှန်းရွှေလက်ဆောင်ဆန်က သုတေသနလုပ်ဖို့ ပျိုးထောင်ဖို့ အခက်ဆုံးတစ်ခုပဲ... အခုလို စိုက်နိုင်မယ်မထင်မိဘူး''

"ချင်းလင်ဓာတ်ခွဲခန်းက ဩချလောက်စရာလို့ပဲပြောတော့မယ်''

“……”

ဗီဒီယိုကြည့်ပြီး လိုင်ကျင်းကပိုတွေဝေနေသည်။

ချင်းလင်ဓာတ်ခွဲခန်းက ရှန်းရွှေလက်ဆောင်ဆန်ပျိုးထောင်ထားတယ်? မဖြစ်နိုင်တာ။ ဒါ သုတေသနလုပ်ဖို့အခက်ဆုံးသီးနှံ။ တရုတ်သိပ္ပံအကယ်ဒမီကတောင် လက်လျှော့ထားတာ။ ချင်းလင်ဓာတ်ခွဲခန်းက ဘယ်လိုလုပ်ပျိုးထောင်နိုင်တာလဲ?

ပြီးတော့ သူကဘာလို့ ချင်းလင်ကုမ္ပဏီနဲ့ပေါင်းပြီး နာမည်ကြီးအောင်လုပ်ရမှာလဲ?

ပေါက်ပေါက်ရှာရှာ။

သူကချက်ချင်း ချင်းလင်စံအိမ်တရားဝင်အကောင့်ဖွင့်ပြီး နောက်ဆုံးကြေညာချက်ကိုကြည့်လိုက်သည်။

သို့ရာတွင် ချင်းလင်စံအိမ်တရားဝင်အကောင့်မှဗီဒီယိုကိုကြည့်ပြီး လိုင်ကျင်းမျက်နှာပိုပိုတည်သွားသည်။ အထူးသဖြင့် ဗီဒီယိုထဲက စပါးမှည့်ပြီဆိုသောသတင်းနှင့် အခွံချွတ်လိုက်သောအခါ သလင်းကျောက်လိုကြည်လင်သောဆန်ကိုမြင်ရသောအခါပင်။

သူရှန်းရွှေလက်ဆောင်ဆန်တာဝန်ခံလုပ်လာတာ နှစ် ၂၀ နီးပါးရှိပြီဖြစ်၍ ဒါတွေအကြောင်းသိသည်။ မှည့်နေသောစပါးကိုကြည့်ပြီး ရှန်းရွှေလက်​ဆောင်ဆန်မှန်းသိသည်။ ပြီးတော့ အခွံချွတ်ထားတဲ့ဆန်က ရှန်းရွှေလက်ဆောင်ဆန်။ ဆန်ပုံစံက သူတို့ထက်တောင်ပိုလှသည်။

ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ချင်းလင်ဓာတ်ခွဲခန်းနဲ့ပါမောက္ခလီက အဲလောက်စွမ်းလို့လား?

ဒီလိုဆိုရင် သူတို့ငြင်းခုံခဲ့တာ ဘာအဓိပ္ပါယ်ရှိလဲ?

လူပျက်?!

"ဥက္ကဌလိုင်... လိုင်းပေါ်မှာ လူတိုင်းပြောနေကြပြီ... ကျွန်တော်တို့ ဒီအတိုင်းထိုင်နေလို့မဖြစ်ဘူး''

လက်ထောက်ကပြောသည်။

"ဟုတ်တယ်... ငါတို့ဘာမှမလုပ်ဘဲနေလို့မရဘူး... ဟုတ်ပြီ''

လိုင်ကျင်းကခေါင်းညိမ့်ပြီး လက်ထောက်အား_

"အခုချက်ချင်း အသိပေးစာထုတ်ခိုင်း... ငါတို့ရှန်းရွှေက ချင်းလင်စံအိမ်ရဲ့ကောက်ရိတ်သိမ်းပွဲကို အချိန်မီတက်မယ်လို့''

လက်ထောက်ကကြောင်သွားပြီး မေးသည်_

"ဥက္ကဌလိုင်... ပြန်မတိုက်ဘူးလား?''

"ဘယ်လိုလုပ်ပြန်တိုက်မှာလဲ?''

လိုင်ကျင်းက ဒေါသသံနှင့်ပြောသည်။

"ဟိုဘက်က ရုံချန်းနဲ့မင်မြို့တော်အရာရှိတွေကိုဖိတ်မှာ... အဲဒီတော့ ရှန်းရွှေလက်ဆောင်ဆန်သုတေသနက အတုမဖြစ်နိုင်ဘူး''

"မဟုတ်ရင် ထိန်းမနိုင်သိမ်းမရဖြစ်ကုန်မယ်... အရှုပ်ထုပ်ကိုရှင်းနိုင်မှာမဟုတ်ဘူး''

သူကဖြည့်ပြောသည်_

"ငါတို့အရင်ကြေညာချက်က ချင်းလင်ဝိုင်လုပ်ငန်းကိုရည်ရွယ်တာမဟုတ်ကြောင်းရှင်းမယ်... ဝိုင်လုပ်ငန်းတချို့က ငါတို့ရှန်းရွှေလက်ဆောင်ဆန်ကိုဝယ်မရဘူးဆိုတာ သတင်းရတယ်... သူတို့က သာမန်ဆန်သုံးပြီး ငါတို့ရှန်းရွှေလက်ဆောင်ဆန်နဲ့ဝိုင်လုပ်တယ်လို့လိမ်ချင်တာ... အားလုံးအရူးလုပ်မခံရပါစေနဲ့လို့''

"ဥက္ကဌလိုင်''

လက်ထောက်ကပြောသည်_

"ဒီလိုဆိုရင် ကျွန်တော်တို့က ချင်းလင်နဲ့ပေါင်းပြီး နာမည်ကြီးအောင်လုပ်တာလို့ထင်လိမ့်မယ်''

"ငါတို့ဘာတတ်နိုင်သေးလဲ?''

လိုင်ကျင်းက မတတ်သာပုံနှင့်_

"သူတို့ထင်ချင်ရင် ထင်စမ်းပါစေ... အခုချင်းလင်ဓာတ်ခွဲခန်းက ပိုကောင်းတဲ့ရှန်းရွှေလက်ဆောင်ဆန်စိုက်ထားပြီ... ငါတို့စဉ်းစားရမှာက ချင်းလင်ဓာတ်ခွဲခန်းကို ဘယ်လိုမျက်နှာချိုသွေးပြီး မျိုးစေ့အသစ်ရအောင်လုပ်ရမလဲဆိုတာပဲ... မဟုတ်လို့ ပိုကောင်းတာတွေနဲ့ဆို ရှေ့လျှောက် ငါတို့ရှန်းရွှေလက်ဆောင်ဆန်က ဘာအဆင့်ရှိတော့မလဲ?''

လိုင်ကျင်းကစိတ်ငြိမ်ငြိမ်ထားပြီး အကောင်းဆုံးနည်းကိုရွေးချယ်ထားသည်။

"ကျွန်တော်သိပါပြီ''

ဒီတော့မှ လက်ထောက်က အခြေအနေအတိမ်အနက်ကိုမြင်လာပြီး အမြန်ခေါင်းညိမ့်ကာ ဖြေရှင်းရန်ထွက်သွားသည်။

လိုင်ကျင်းက သက်ပြင်းချလိုက်သည်။

နိုင်ငံတော်က ရှန်းရွှေလက်ဆောင်ဆန်သုတေသနပရောဂျက်မအောင်မြင်သည့်နောက်ပိုင်း ဘယ်သူမှရှန်းရွှေလက်ဆောင်ဆန်မထုတ်နိုင်ဟု သူအမြဲထင်ခဲ့သည်။

ချင်းလင်ဓာတ်ခွဲခန်းနဲ့ပါမောက္ခလီခိုင်က ဒီလောက်ဖောက်ထွက်နိုင်မယ်လို့ဘယ်ထင်မလဲ?

နိုင်ငံတော်ကတောင် သုတေသနလုပ်ပြီး မပျိုးထောင်နိုင်တဲ့သီးနှံကို သူတို့က တကယ်အောင်မြင်သွားသတဲ့!

All Chapters